ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Tiku Weds Sheru (2023)
⭐IMDB: 3.7/10 (2 k Votes)
🎬 #Bollywood #Comedy #Drama #Romance #Family
🗓 2023 🎞 movie
📺 #1080p #720p
💿 2.4 GB ⦿ 1.0 GB
🌎 #India
⏰ 1 နာရီ 53 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tiku Weds Sheru (2023)IMDb-3.7/10ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက်အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်
မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင်ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ..ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲတောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့|ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ်
မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ်ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာကြာပါပြီ တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီးကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ်
ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့
တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကိုတယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့….။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်)...
Deadloch (2023- )
⭐IMDB: 6.6/10 (3 k Votes)
🎬 #Comedy #Crime
🗓 2023- 🎞 tv series
📺 #1080p
🌎 #Australia #UnitedStatesofAmerica
⏰ 1 နာရီ 3 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Deadloch (2023)Deadloch (2023)
=========
Comedy, Crime
IMDB 6.6/10ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ Comedy , Crime ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်
Deadloach ဆိုတဲ့ မြို့လေးက လူနေနည်းပြီး အေးဆေးတိတ်ဆိတ်တဲ့ ခရိုင်မြို့ငယ်လေးဖြစ်ပါတယ်
တစ်နေ့တော့ သူ့တို့မြို့ရဲ့ လူသိများပြီး ဖော်ရွေတဲ့ ထရန့်လေသန်ဆိုတဲ့ လူတစ်ယောက် ကမ်းခြေမှာ ကိုယ်တုံးလုံးနဲ့ သေနေပါတယ်….
နယ်ခံရဲတွေကတော့ ဒါကို မူးရူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ယူဆရင်း သာမန်လူသေမှုအဖြစ် သတ်မှတ်လိုက်ပါတယ်
ဒါပေမယ့် မကြာခင်မှာပဲ ထရန့်ရဲ့ အစ်ကိုဖြစ်သူ ဂါဗင်လေသန်ကလည်း သူ့ညီလိုပဲ သေဆုံးရင်း လျှာပါ နှုတ်ယူခံလိုက်ရပါတယ်
ညီအစ်ကိုနှစ်ယောက်လုံး လျှာဖြတ်ခံရပြီးသေသွားတဲ့ အမှုဟာ သာမန်သွေးရိုးသားရိုး မဟုတ်ဘဲ
ကွင်းဆက်လူသတ်သမားတစ်ယောက် ဒက်လော့ချ်မှာရှိနေပြီဆိုတာကို သိလိုက်ရပါတယ်…
ဒီအမှုကို ဦးဆောင်ဖြေရှင်းဖို့အတွက် လစ်စ်ဘွန်းမြို့က စုံထောက် အက်ဒီရက်ကလစ်ဖ်နဲ့ နယ်ခံရဲမေ ဒေါ်စီကော်လင်းတို့ တာဝန်ဖြစ်လာပါတယ်…
နှစ်ယောက်လုံးက Lesbian တွေဖြစ်ပြီး အမြဲတမ်းသဘောထားကွဲလဲနေတဲ့ ဘုနဲ့ဘောက်ဖြစ်တာကြောင့်
ဒီကွင်းဆက်လူသတ်သမားအမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်
အညွှန်းကိုတော့ Thiha Yan Naing က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Thiha Yan Naing နဲ့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre….. Comedy, Crime...
The Days (2023-2023)
⭐IMDB: 7.3/10 (4 k Votes)
🎬 #Drama #History #Thriller
🗓 2023-2023 🎞 tv mini series
📺 #1080p
🌎 #UnitedStates #Japan
⏰ 54 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
THE DAYS (2023)ပရိသတ်ကြီးအတွက် ဂျပန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ ဖြစ်ရပ်မှန်ဖြစ်တဲ့အတွက် တကယ်လည်းကြည့်ကောင်းတဲ့ ကားကောင်းလေးပါပဲ ၂၀၁၁ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ၉.၁ ရစ်ချ်တာစကေးရှိတဲ့ ဂျပန်နိုင်ငံရဲ့ သမိုင်းတလျောက် အပြင်းထန်ဆုံး နဲ့ ကမ္ဘာ့ စတုတ္ထမြောက်အပြင်းထန်ဆုံး တိုဟူကူ ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ် အဲဒီလို ပြင်ထန်းလှတဲ့ ငလျင်ကြီးက သမုဒ္ဒရာကြမ်းပြင်ကို ဗဟိုပြုတိုက်ခိုက်ခဲ့တာကြောင့် ၁၃-၁၄ မီတာလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေနဲ့ ဆူနာမီကပါ နောက်ဆက်တွဲ တိုက်ခတ်ပါလေရော ဂျပန်နိုင်ငံမှာကလည်း လျှပ်စစ်ဓာတ်အားပေးတာက ရေအားလျှပ်စစ်အပြင် နူကလီယားဓာတ်ပေါင်းဖိုတွေနဲ့ပါ ပေးနေတော့ ဖူကူရှီးမားဒိုင်နီစက်ရုံကြီးထိ ရေတွေကတက်ခဲ့တာပါ သဘာဝနိယာမအရ အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်ဆိုသလိုပဲ ဓာတ်ပေါင်းဖိုကရတဲ့ လျှပ်စစ်ဓာတ်အားနဲ့ လိုသလိုအသုံးချလို့ရခဲ့ပေမဲ့ အဲဒီ ဓာတ်ပေါင်းဖိုကြီးကို ထိန်းသိမ်းရတာကလည်း အရမ်းခက်ခဲသလို အရမ်းလည်း အန္တရာယ်များတာပါ ငလျင်လှုပ် ရေတွေကြီးတော့ ဓာတ်ပေါင်းဖိုကြီးမှာ လျှပ်စစ်ဓာတ်အားက ပြတ်တောက်သွားပါလေရော အဲဒါနဲ့ အရန်မီးစက်နှိုးတော့လည်း ပင်လယ်ရေတွေကြောင့် ထပ်ပျက်စီးတော့ လုံးဝကို အမှောင်ကျသွားတာပါ ပြဿနာက အဲဒီလို ရေကြီးလာရင် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာကို သူတို့က မပြင်ဆင်ထားမိတော့ အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းတွေကိုသာ ရွေးချယ်ရင်း အတတ်နိုင်ဆုံး အပျက်စီးနည်းအောင်ကြိုးစားကြပုံတွေပါ ရိုက်ပြထားတာပါ ဒါပေမဲ့လည်း ချာနိုဘိုင်း နီးပါး ပြင်းထန်တဲ့ ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကြီးကတော့ တားဆီးမရနိုင်ခဲ့ပါဘူး ကံကောင်းသွားတာကတော့ အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်သေကြေမှုအရေအတွက်က ဆူနာမီတို့ ငလျင်လှုပ်တာတို့နဲ့ ယှဉ်လိုက်ရင် အရမ်းကို နည်းပါးခဲ့တာပါပဲ အဲဒီတော့ အဲဒီလိုနည်းပါးအောင် သူတို့ ဘယ်လို စီမံနိုင်ခဲ့လဲ ကိုယ့်ပြည်သူတွေကို ဘယ်လိုဂရုစိုက်တတ်လဲ ဘယ်လောက်စနစ်တကျလုပ်နိုင်ခဲ့လဲ ဆိုတာတွေကို ကြည့်ရင်း ရင်သပ်ရှုမော ခံစားလိုက်ကြပါဦးလို့…………….File size…(937 MB)/(482 Mb)Quality….Webrip 1080p / 720p...
My Lovely Teacher (MIDE-582 ) (2023)
⭐⁉️
🎬 ##Adult #Asian
🗓 2023 🎞 Movie
📺 #1080p #720p
💿 2.9 GB ⦿ 1.6 GB
🌎 #⁉️
⏰ 3 နာရီ 15 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချစ်စဖွယ်မျက်နှာလေးဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်အားထက်သန်လှတဲ့မျက်နှာပေးလေးနဲ့ ရှိုကိုလေးကို ဆရာမလေးနေရာကနေကြည့်ရှုရမှာဖြစ်ပါတယ်
တည်ငြိမ်ရင့်ကျက်တဲ့နေရာတစ်ခုနေ အလှကြောင့် ကံဆိုးသွားပုံကိုရှိုကိုလေးရဲ့ ချစ်စဖွယ်အလှတွေနဲ့အတူ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်
ငယ်ငယ်ကတည်းက ဆရာမတယောက်ဖြစ်ချင်ခဲ့တဲ့ Shoko Takahashiတယောက်ဆရာမတယောက်အနေနဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကိုလည်းစိတ်ပူ။အိမ်ကမိဘတွေစကားကို နားမထောင်ပဲသူ့အိပ်မက်ဖြစ်တဲ့ ဆရာမဆက်လုပ်ဖို့အရေးကိုဘယ်လိုတွေကြိုးစားပြီး ဆိုးမိုက်နေတဲ့ကျောင်းသားတွေကို ပညာသင်ကြားပေးသွားမလဲဆိုတာကိုတော့…....
Unseen (2023)
⭐IMDB: 5.6/10 (1 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 1.3 GB ⦿ 732.3 MB ⦿ 366.2 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 5.6/10 ထိရရှိထားပြီးHorror & thriller အမျိုးအစားဖြစ်ပါတယ် ရည်းစားနဲ့လမ်းခွဲတဲ့အခါကိုယ့်ရည်းစားကစိတ္တဇဟုတ်မဟုတ်အရင်စစ်ဆေးကြည့်တာမမှားပါဘူး မှန်ကြောင်မလေးအမ်မလီကတော့သူ့ကိုမမေ့နိုင်တဲ့စိတ္တဇရည်းစားဟောင်းချာလီပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် အမ်မလီကချာလီ့လက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မျက်မှန်မရှိတော့လို့ဘာကိုမှကောင်းကောင်းမမြင်ရတော့ပါဘူး အဲဒီအချိန်မှာအမ်မလီတစ်ယောက်ဖုန်းဆက်ရင်းဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကိုအကူအညီလှမ်းတောင်းရပါတော့တယ် မမြင်ရတဲ့အမ်မလီနဲ့အကူအညီပေးတဲ့သူတို့ပူးပေါင်းပြီးချာလီရဲ့လက်ကလွှတ်မြောက်နိုင်မလား၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာပါ။...
Midsommar (2019)
⭐IMDB: 7.1/10 (357 k Votes)
🎬 #Drama #Horror #Mystery #Thriller
🗓 2019 🎞 movie
📺 #720p
💿 1.3 GB
🌎 #UnitedStates #Sweden #UnitedStatesofAmerica
⏰ 3 နာရီ 5 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unicode
====================ဒါကတော့စောင့်ကြည့်သူများပြားပြီး ထွက်ထားတာမကြာသေးတဲ့
rating ကောင်းတွေနင်းကန်ရထားတဲ့
Drama/Thrillerကားတစ်ကားပါ
မနှစ်က Hereditaryနဲ့ပွဲ ထွက်ပြီး
အကောင်း’နဲ့ ဝေဖန်မှုတွေရခဲ့တဲ့
ဒါရိုကတာာ Ari Asterရဲ့ ဒုတိယမြောက်ကားပါ
မိသားစုကိစ္စကြောင့် စိတ်အားငယ်နေတဲ့
ဒန္နီဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်
သူ့ကိုအာရုံနောက်နေပြီး ဆက်ဆံရေး သိပ်အဆင်မပြေတဲ့
သူ့ရည်းစားခရစ်ရွန်ရယ်၊ စာတမ်စာတမ်းပြုစုဖို့အားသန်နေတဲ့
သာသာယာယာနေတတ်တဲ့ ကောလိပ်ကျောင်းသားတွေ
သူတို့သူငယ်ချင်း ရဲ့အိမ်ကို နွေရာသီ မှာ လိုက်လည်ကြပါတော့တယ်ပလ္လင်ရဲ့အိမ်ပေမယ့် ဆွီဒင်နိုင်ငံရဲ့ ဝေးလန်တဲ့နေရာမှာရှိပြီး
ကိုယ့်ယဉ်ကျေးမှု ကိုယ့်ယုံကြည်မှု နဲ့သီးခြားရှိနေတဲ့
အုပ်စုတစ်ခုဖြစ်နေပြီး ထူးဆန်းတဲ့ပွဲတော် ကို ကိုးရက်ကြာ ကျင်းပတဲ့နေရာတစ်ခုပါ
အစကတော့သူတို့တွေအဲ့ပွဲတော်ကို ဆင်နွှဲ ဖ်ု့သွားကြပေမယ့်
နေရာတိုင်းမှာထူးးဆန်းပြီး ခြောက်ခြားစရာတွေကြုံလာရပါတယ်
လှပမှုတွေ မသတီစရာတွေနဲ့ ထိတ်လန့်မှုတွေကို
တစ်ပြိုင်တည်းခံစားကြည့်ရှုရမယ့်
Ari Asterရဲ့ masterpieceလက်ရာဇာတ်ကားတစ်ကားပါပဲ
ဒီဇာတ်ကားက ဒါရိုက်တာရဲ့ထုံးစံအတိုင်း နည်းနည်းစားလို့ ကြည့်ပြီးရင်
spoilers alertတွေ ပြန်ရှင်းပြတာတွေကို
googleမှာရှာကြည့်လို့ရပါတယ်...
Southern Mao and Northern Ma (2023)
⭐TMDB: 0.0% User Score
🎬 #Thriller
🗓 2023 🎞 Movie
📺 #1080p #480p
💿 898.0 MB ⦿ 488.8 MB
🌎 #China
⏰ 1 နာရီ 33 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် စိတ်ဝင်စားစရာplot twist တွေနဲ့ ပြည့်နက်နေတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
မင်ကော်ခေတ်မှာ ထူးဆန်းတဲ့ တောင်နတ်ကျောင်းက လူသတ်မှုကရှန်းဟိုင်ဂိတ်အပြင်က ကျီဆွေမြို့ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။မြို့စားရဲ့ သခင်လေးတို့အဖွဲ့ ခရီးထွက်လာရာမှာ သခင်လေးတစ်ယောက်ထဲရူးသွပ်ပြီး ပြန်လာတာက လွဲရင် ကျန်လူအားလုံး သေဆုံးခဲ့ရပါတယ်။မြို့ပေါ်မှာလည်း ဒီလူသတ်မှုက သရဲမ လုပ်တာလို့ပြောနေကြပြီး အားလုံးက စိုးရိမ်နေကြပါတယ်။
မြို့ထဲက ဦးလေးရင်းဟာ ဆေးပညာဖြင့် သခင်လေးရဲ့ရောဂါကို ကုသပေးခဲ့ပေမယ့်လဲ အမြစ်ပြတ်မပျောက်နိုင်ပဲမကြာခဏ ရောဂါပြန်ဖောက်နေပါတယ်။
ပိုင်လျိုဟွေး ဆိုတဲ့ ဆာ့မန်ပညာရှင်အဖွဲ့က ကျီဆွေမြို့ကိုရောက်လာပြီး သခင်လေးအတွက် တရားပွဲလုပ်ပေးပြီးမိစ္ဆာနှင်ပေးမှပဲ သခင်လေးမှာ ချက်ချင်းသက်သာသွားခဲ့ပါတယ်။သူတို့ ၃ ယောက်ကိုလည်း နတ်အဖြစ် ပူဇော်ခဲ့ကြပါတယ်။
အဲ့နောက်မှာတော့ မြို့ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေထွက်ပေါ်လာပါတော့တယ်။ ရေကန်ထဲမှ သရဲမ၊ မိစ္ဆာတပ် လမ်းဖြတ်ခြင်း စတဲ့ဒီလိုကိစ္စတွေမှာ ပြည်သူတွေကလည်း နတ်သား ၃ ပါးကို အကူအညီတောင်းကြပါတော့တယ်။
ဦးလေးရင်းက ဖြစ်ရပ်မှန်တွေကို လိုက်လဲစုံစမ်းပြီးဒီအရာအားလုံးက ပိုင်လျိုဟွေးတို့ လုပ်တာမှန်းသေချာသလောက် ဖြစ်နေစဉ် ထို နတ်သား ၃ ပါးထဲကဟွေးဝူချန်နဲ့ ပိုင်စစ်ရဲတို့ သေဆုံးသွားခဲ့ပါတယ်။
ဦးလေးရင်းတစ်ယောက် အမှန်တရားကို ဘယ်လို ဖော်ထုတ်မလဲ…..နောက်ကွယ်က ကြိုးကိုင်နေတဲ့ တရားခံအစစ်ကရော ဘယ်သူ ဖြစ်နေမလဲ…..ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်လိုက်ရအောင်နော်။...
Kunlun Kingdom (2023)
⭐TMDB: 90.0% User Score
🎬 #Action #Fantasy
🗓 2023 🎞 Movie
📺 #1080p #480p
💿 1.1 GB ⦿ 489.1 MB
🌎 #China
⏰ 1 နာရီ 33 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ တောင်ပေါ်မှာရှာဖွေလေ့လာရင်းမိစ္ဆာနဂါးကျောက်ဖြစ်ရုပ်ကြွင်းအသက်ဝင်လာတာနဲ့ကြုံခဲ့ရပြီးလေ့လာရေးတစ်ဖွဲ့လုံးဒုက္ခရောက်ခဲ့ကြပါတယ်
အဖွဲ့ထဲမှာ လီရှန်းရဲ့မိဘနှစ်ပါးလုံးပါဝင်ခဲ့တာဖြစ်ပြီးနှစ်အတော်ကြာအောင်ထိ လီရှန်းဟာမိဘတွေရဲ့ဘာသတင်းအစနမှပြန်မကြားခဲ့ရပါဘူး
တခြားအဖွဲ့ဝင်များရဲ့ မိသားစုတွေကလည်းလီရှန်းရဲ့မိဘနှစ်ပါးကို လူသတ်တရားခံဆိုပြီးစွပ်စွဲခဲ့ကြပါတယ်
မတရားစွပ်စွဲခံရတာကို သက်သေပြနိုင်ဖို့လီရှန်းတစ်ယောက် ဘယ်လိုစူးစမ်းရှာဖွေမှုတွေလုပ်ရင်း ဘာတွေသိလာရမလဲ
ငယ်ငယ်ကတည်းကအတူတူကြီးပြင်းခဲ့တဲ့ လုယောင်နဲ့လောင်ယွီကရော သူငယ်ချင်းအတွက်ဘယ်လိုအသက်စွန့်ပြီးကာကွယ်ကြမလဲဆိုတာကိုစိတ်ဝင်တစားနဲ့ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။...
War of the Worlds: The Attack (2023)
⭐IMDB: 3.7/10 (2 k Votes)
🎬 #Uncategorized #ScienceFiction #Mystery #Thriller #SciFi
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 1.3 GB ⦿ 571.2 MB ⦿ 336.2 MB
🌎 #UnitedKingdom
⏰ 1 နာရီ 28 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
War of the Worlds: The Attack (2023)==========================Genre: Horror, Sci-fi, Thriller
ဟတ်ရယ် ဟန်နာရယ် အိုဂီရယ် နက္ခတ္တဗေဒပညာရှင် သူငယ်ချင်း၃ ယောက် ရှိကြပါတယ်။ တစ်ရက်တော့ ကမ္ဘာမြေပေါ်ကို အာကာသထဲကနေ အစိမ်းရောင် အလင်းတန်းတွေ ပြုတ်ကျလာပါတယ်။ဒီမှာ သူငယ်ချင်း ၃ ယောက်သား ဥက္ကာခဲကြွေတယ်ဆိုပြီး လိုက်ပြီးစူးစမ်းလေ့လာဖို့လုပ်တုန်း ဒါတွေဟာ ဥက္ကာခဲမဟုတ်ပဲ အင်္ဂါဂြိုလ်ပေါ်က ဂြိုလ်သားတွေ ရောက်လာတယ်ဆိုတာ သိလိုက်ရပါတယ်။
အဲဒီမှာ ရန်သူလား မိတ်ဆွေလားမသိရတုန်း ဂြိုလ်သားတွေက အလျင်အမြန်ပဲ တိုက်ခိုက်ကြတဲ့အခါ အိမ်ကိုထွက်ပြေးလာပါတယ်။ သူတို့ဘာဆက်လုပ်ရမလဲ စဉ်းစားနေကြတုန်း စစ်တပ်အမြှောက်တပ်ထဲကစစ်သားတစ်ယောက်က သူတို့ဆီ ဂြိုလ်သားတွေလက်ကနေ ထွက်ပြေးရောက်ရှိလာပါတယ်။ အဲဒီမှာ သူငယ်ချင်း ၃ ယောက်ရယ် စစ်သားကြီးရဲ့အကူအညီနဲ့ ဒီလို ဂြိုလ်သားခေတ်ပျက်ကြီးမှာ ဘယ်လိုအသက်ရှင်အောင်လုပ်ကြမလဲ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ သိပ္ပံဆန်ဆန် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...
Road Kill (2019)
⭐IMDB: 5.8/10 (136 Votes)
🎬 #Crime #Horror #Mystery #Thriller
🗓 2019 🎞 movie
📺 #1080p #720p #480p
💿 1.3 GB ⦿ 577.9 MB ⦿ 330.8 MB
🌎 #UnitedStates #SouthKorea
⏰ 1 နာရီ 36 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Road Kill (2019)
ဒီ korea ကားလေးကတော့ အိုဝန်းဆိုတဲ့လူတစ်ယောက်က နယ်ဘက်ခရီးသွားရင်း လမ်းမှာ မတော်တဆဖြစ်တဲ့အကြောင်းပါ။
တောင်တက်လမ်းပေါ်ကားမောင်းနေတုန်း သူလူတစ်ယောက်ကို ဝင်တိုက်မိတယ် ဒါမဲ့ ကားရပ်ကြည့်လိုက်တော့ ရိုးရိုးစာခြောက်ရုပ်ဖြစ်နေတယ် ဒါနဲ့ဆက်မောင်းရင်းမှ သူကိုယ်တိုင် ကားအက်စီးဒန့်ဖြစ်ရော …
သတိရလာတော့ သူ့ကို မိသားစုတစ်ခုက ကယ်ထားကြတယ်။ သဘောကောင်းကောင်း ရိုးသားတဲ့တောင်ယာသမားတွေဆိုတော့ အကုန်ကူညီပေးတယ်။ဒါပေမဲ့ ပြန်မရတာ တစ်ရက်ကနေ ၂ရက်ဖြစ် ထူးဆန်းတာတွေလည်း တွေ့ရတော့ ဘာဆက်ဖြစ်ကြမလဲ?
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Mal Eiပါ။)...
Mavka: The Forest Song (2023)
⭐IMDB: 7.4/10 (2 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 2.5 GB ⦿ 1022.8 MB ⦿ 597.5 MB
🌎 #Ukraine #UnitedStates
⏰ 1 နာရီ 39 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mavka: The Forest Song (2023)======================IMDb Rating – 7.4/10
ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ်ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်းအညွှန်းလေး စလိုက်ကြရအောင်။
ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင်တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက်နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင်ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီးလေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ်သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုးမသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ်ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကိုအပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။
အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေစတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ်ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင်လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကိုအဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြားဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...
Suzume (2022)
⭐IMDB: 7.8/10 (19 k Votes)
🎬 #Action #Adventure #Animation #Drama #Fantasy
🗓 2022 🎞 movie
📺 #1080p #720p
💿 1.8 GB ⦿ 789.3 MB
🌎 #Japan
⏰ 2 နာရီ 1 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့
WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)
IMDb 7.8/10MyAnimeList 8.5/10
နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်ကျော်anime filmsတွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incကနေပဲ ထုတ်လုပ်ပေးတာပါ။ ဝတ္ထုအနေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်ဝေခဲ့ပါသေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အကောင်းဆုံးဖြစ်နေမယ်ဆိုတာကို ပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီးတွေထွက်ရင်း လူမရှိတဲ့နေရာတွေ၊ အဆောက်အဦးတွေကိုမြင်ခဲ့ရာကနေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီတွေအကြောင်းပါထည့်သွင်းခဲ့ပါသေးတယ်။
ဇာတ်ဝင်တေးကိုလည်း Your nameနဲ့weathering with youတို့က သီချင်းတွေကိုသီဆိုပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူပေးထားတာမလို့ ရှေ့နှစ်ကားက သီချင်းတွေကြိုက်ခဲ့တဲ့သူတွေအတွက် အချိုပေါ်သကာလောင်းသလိုဖြစ်နေမှာသေချာပါတယ်။ ဝင်ငွေပိုင်းအနေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အမေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားအနေနဲ့ရပ်တည်နေသလို anime filmsတွေထဲမှာ အဌမမြောက်ဝင်ငွေအကောင်းဆုံးကားအဖြစ်လည်း တည်ရှိနေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်ငွေအကောင်းဆုံးကားတွေထဲမှာ ၁၄နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ)
ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့Suzumeဟာ အဒေါ်နဲ့အတူနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ပါ။ သူငယ်စဥ်တုန်းက အမေသေချိန်မှာ အမေကိုလိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တနေ့မှာတော့ ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့နေရာကိုလိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အကြောင်းမေးသွားခဲ့ပါတယ်။ နောက်တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွားလောက်တဲ့လူမရှိတဲ့နေရာဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကိုတွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာတော့……...
Verónica (2017)
⭐IMDB: 6.2/10 (44 k Votes)
🎬 #Drama #Horror
🗓 2017 🎞 movie
📺 #720p
💿 902.4 MB
🌎 #Mexico #Spain
⏰ 1 နာရီ 45 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖြစ်ရပ်မှန်သရဲကားမျိုးကြည့်ချင်တဲ့သူများရိွမလားမသိဘူး။
ဖြစ်ရပ်မှန်သရဲဇာတ်လမ်းတွေကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကိုသာလက်မလွတ်တမ်းကြည့်လိုက်ပါ။
စပိန်နိုင်ငံ၊မက်ဒရစ်မြို့မှာ 1991၊ဇွန်လ ၂၅ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အမှုတွဲတစ်ခုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သရဲဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သလို Horrorခန်းတွေလည်းအများအပြားပါဝင်တာမို့ Horrorပရိတ်တွေလည်းလက်မလွတ်သင့်ဇာတ်ကားမျိုးပါ။
မက်ဒရစ်မြို့မှာ ဗာရိုနီကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့အဖေသေဆုံးပြီးနောက်ပိုင်း၊ အမေဖြစ်သူ အန်နာနဲ့ မွေးချင်သုံးယောက်ဖြစ်တဲ့ ညီကိုမောင်နှမတွေနဲ့အတူတူနေထိုင်ကြပါတယ်။
ဖခင်မရိွတဲ့နောက်ပိုင်း သားသမီးလေးယောက်ကိုရှာဖွေကျွေးနိုင်ဖို့ အမေဖြစ်သူမှာ နေ့မနားညမနား အိမ်တောင်မပြန်နိုင်ပဲစားသောက်ဆိုင်တစ်ခုမှာအလုပ်လုပ်ရရှာပါတယ်။
ဒီတော့ မိသားစုရဲ့ကိစ္စရေးရာတွေက အကြီးဆုံးဖြစ်သူ ဗာရိုနီကာ အပေါ်ကျရောက်လာပါတော့တယ်။
ဗာရိုနီးကာမှာ မွေးချင်းတွေဖြစ်တဲ့ ညီမနှစ်ယောက်နဲ့ အငယ်ဆုံးလေးဖြစ်တဲ့မောင်လေး အန်သိုနီတို့ရဲ့ကိစ္စအဝအဝကိုဆောင်ရွက်ပေးပြီးမှ မောင်နှမလေးယောက်တို့ကျောင်းအတူတူသွားကြပါတယ်။
ဒီလိုနဲ့ 1991ခုနှစ်၊ဇွန်လ ၁၂ရက်မှာ မက်ဒရစ်မြို့မှာ နေအပြည့်ကြတ်တာနဲ့ကြုံရပြီး စာသင်ကျောင်းတွေမှာ နေကြတ်ခြင်းသင်ခန်းစာကိုသင်ကြားပြီး၊နေကြတ်တာကိုလေ့လာကြပါတယ်။
ကျောင်းသားတွေအားလုံး နေကြတ်တာကိုထွက်ကြည့်နေကြချိန်မှာ ဗာကိုနီကာက သူ့သူငယ်ချင်းတွေနဲ့ ဝိဥာဏ်ခေါ်ကားချပ်ပြားကို ကစားမိခဲ့ကြပါတယ်။
ဗာရိုနီကာကတော့ သေဆုံးသွားတဲ့သူ့အဖေနဲ့စကားပြောလိုတာကြောင့် ဝိဥာဏ်ခေါ်ကားချပ်ပြားနဲ့ကစားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီမှာတင်ပဲ ဝိဥာဏ်တစ်ကောင်ရောက်လာပြီး သူနဲ့အတူတူအိမ်ကိုကပ်ပါလာပါတော့တယ်။
အဲ့အခါမှာ ဝိဥာဏ်ကောင်က ဗာကိုနီကာနဲ့သူရဲ့မောင်နှမတစ်သိုက်ကိုစတင်ခြောက်လှန်႔ပါတော့တယ်။
အဲ့အခအကြီးဆုံးလည်းဖြစ်တဲ့ ဗာရိုနီကာဟာ သူ့ရဲ့ညီမလေးတွေ၊မောင်လေးတွေ ဘေးကင်းဖို့အတွက် တာဝန်ယူရပါတော့တယ်
ဗာရိုနီကာအတူတူကပ်ပါလာတဲ့ ဝိဥာဏ်ဟာ သူ့အဖေပဲဖြစ်နေမလာ၊တခြားသူစိမ်းသူပဲဖြစ်နေမလား……။
ဗာရိုနီကာကလည်း သူ့မောင်လေး၊ညီမလေးတွေကို ဘေးကင်းအောင်ဘယ်လိုကာကွယ်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းကလေးမှာ စိတ်ဝင်စားဖွယ်ရာဆက်လက်ကြည့်ရှု့ရမှာဖြစ်ပါတယ်။...
Suzume (2022)
⭐IMDB: 7.8/10 (19 k Votes)
🎬 #Action #Adventure #Animation #Drama #Fantasy
🗓 2022 🎞 movie
📺 #720p
💿 789.3 MB
🌎 #Japan
⏰ 2 နာရီ 1 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့
WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)
IMDb 7.8/10MyAnimeList 8.5/10
နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်ကျော်anime filmsတွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incကနေပဲ ထုတ်လုပ်ပေးတာပါ။ ဝတ္ထုအနေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်ဝေခဲ့ပါသေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အကောင်းဆုံးဖြစ်နေမယ်ဆိုတာကို ပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီးတွေထွက်ရင်း လူမရှိတဲ့နေရာတွေ၊ အဆောက်အဦးတွေကိုမြင်ခဲ့ရာကနေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီတွေအကြောင်းပါထည့်သွင်းခဲ့ပါသေးတယ်။
ဇာတ်ဝင်တေးကိုလည်း Your nameနဲ့weathering with youတို့က သီချင်းတွေကိုသီဆိုပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူပေးထားတာမလို့ ရှေ့နှစ်ကားက သီချင်းတွေကြိုက်ခဲ့တဲ့သူတွေအတွက် အချိုပေါ်သကာလောင်းသလိုဖြစ်နေမှာသေချာပါတယ်။ ဝင်ငွေပိုင်းအနေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အမေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားအနေနဲ့ရပ်တည်နေသလို anime filmsတွေထဲမှာ အဌမမြောက်ဝင်ငွေအကောင်းဆုံးကားအဖြစ်လည်း တည်ရှိနေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်ငွေအကောင်းဆုံးကားတွေထဲမှာ ၁၄နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ)
ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့Suzumeဟာ အဒေါ်နဲ့အတူနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ပါ။ သူငယ်စဥ်တုန်းက အမေသေချိန်မှာ အမေကိုလိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တနေ့မှာတော့ ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့နေရာကိုလိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အကြောင်းမေးသွားခဲ့ပါတယ်။ နောက်တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွားလောက်တဲ့လူမရှိတဲ့နေရာဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကိုတွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာတော့……...
Sanctuary (2022)
⭐IMDB: 6.5/10 (2 k Votes)
🎬 #Drama #Thriller
🗓 2022 🎞 movie
📺 #1080p #720p
💿 1.9 GB ⦿ 825.8 MB
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sanctuary (2022)
~ IMDb – 6.5/10, Rotten Tomatoes – 90% ~
ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။
အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။
ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။
အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ သူဌေးသားလေးရဲ့ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို ရေဗက္ကာဆိုတဲ့ ဒိတ်ဂဲလ်လေးတစ်ယောက်က ခွာချပစ်ဖို့ကြိုးစားခဲ့ပုံကိုပြထားတာပါ။
ဟယ်လ်မှာက လိင်စိတ်တစ်မျိုးရှိတယ်။ ဆူနေဆဲနေဟောက်နေတာမျိုးမှ စိတ်ထတာမျိုးပေါ့။ ရေဗက္ကာကလည်း အဲဒီအပိုင်းမှာ ဒေါက်တာဘွဲ့ပါပေးရလောက်အောင်ကိုကျွမ်းတယ်။
အစပိုင်းမှာ ဟယ်လ်အနေနဲ့ ဇာတ်ညွှန်းပေးပြီး သူ့ဇာတ်ကြောင်းအတိုင်း ရေဗက္ကာကိုပြောစေ လုပ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကိုသွေဖည်ရမယ်ဆိုပြီးပါ ထည့်ထားတယ်။ အဲဒီတော့ တချို့ဇာတ်ကွက်တွေက သရုပ်ဆောင်နေသလား အတည်ပြောနေကြလား မသဲမကွဲဖြစ်သွားတာမျိုးတွေပါနေပါတယ်။ ဇာတ်ညွှန်းကနေ လက်တွေ့ဘဝကို ယိမ်းသွားသလိုပေါ့။
ဟယ်လ်က လူကြောက်တတ်တယ်၊ သူ့ကိုယ်သူမုန်းတယ်၊ သူ့အဖေလိုဖြစ်ချင်စိတ်ကလည်း ရှိနေသေးတယ်။ အဲဒါတွေကို သူ့ရဲ့ Sexual Fantasy ကနေတဆင့် ရေဗက္ကာက ဘယ်လိုပြုပြင်ပေးသွားမလဲဆိုတာကို ဟိုတယ်ခန်းလေးတစ်ခုတည်းကနေ ရိုက်ပြသွားတာပါ။ ဒီဇာတ်လမ်းမှာ အဓိကသဘောကျမိတာက ဇာတ်ညွှန်းရယ် ဒိုင်ယာလော့ခ်တွေရယ် Margaret Qualley ရဲ့ သရုပ်ဆောင်ချက်တွေရယ်ပါ။
ရေဗက္ကာနေရာမှာ သရုပ်ဆောင်တဲ့ Margaret Qualley က သူ့ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်ထားနိုင်ပါတယ်။ Once Upon A Time in Hollywood ထဲမှာ ဘာမှအဖက်မလုပ်တတ်တဲ့ သွေးအေးအေးဇာတ်ကောင်မျိုးကို သရုပ်ဆောင်ခဲ့တဲ့အတွက် ဒီဇာတ်ရုပ်နဲ့လည်းလိုက်ဖက်မယ်လို့ ဒါရိုက်တာ Zachery Wigon က ကြိုသိခဲ့ပုံပါပဲ။ Sex Scenes အနည်းငယ်ပါဝင်ပြီး ရှင်းရှင်းဘွင်းဘွင်းမဟုတ်ပေမဲ့ အသက်မပြည့်သူများကြည့်ရှုဖို့မသင့်တော်ပါဘူး။ Dark Joke တွေကိုလည်း ပေါတောတောမဟုတ်တဲ့ပုံမျိုးနဲ့ သုံးထားပါတယ်။ Psychological Thriller ကြိုက်နှစ်သက်တဲ့ပရိသတ်ဖြစ်စေ မဖြစ်စေ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Surrounded (2023)
⭐IMDB: 5.6/10 (420 Votes)
🎬 #Action #Drama #Western
🗓 2023 🎞 movie
📺 #1080p #720p #480p
💿 1.3 GB ⦿ 793.7 MB ⦿ 379.3 MB
🌎 #UnitedStates #Canada #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb rating – 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh …အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။...
The Devil Wears Prada (2006)
⭐IMDB: 6.9/10 (437 k Votes)
🎬 #Comedy #Drama #Romance
🗓 2006 🎞 movie
📺 #1080p #720p #480p
💿 1.9 GB ⦿ 1014.7 MB ⦿ 516.3 MB
🌎 #UnitedStates #France
⏰ 1 နာရီ 49 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Pradaဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။
လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ “ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား”မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို “မိုးဖွဲလေးကျနေတာပါ”လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် “ဒါပဲ”ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)...
The Notebook (2004)
⭐IMDB: 7.8/10 (590 k Votes)
🎬 #Drama #Romance
🗓 2004 🎞 movie
📺 #1080p #720p
💿 2.4 GB ⦿ 1.1 GB
🌎 #UnitedStates
⏰ 2 နာရီ 5 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Notebook (2004)
IMDb Rating (7.8 )
Romantic ရုပ်ရှင်ဆိုတာနဲ့ အရင်ဆုံးပြေးမြင်ကြမှာကတော့ The Notebook ဆိုတဲ့ဇာတ်ကားပါပဲ။
ဒီဇာတ်ကားက အမေရိကန် ရိုမန့်တစ် စာရေးဆရာကြီး Nicolas Sparks ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပြီး
မင်းသား Ryan Gosling နဲ့ မင်းသမီး Rachel McAdams တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
အချစ်ဆိုတာ တကယ်ရှိတယ်ပြဖို့လိုအပ်လာရင် ဒီရုပ်ရှင်ကို ထိုးပြလိုက်ယုံပါပဲ…
“ငါတို့ချစ်ခြင်းက ငါတို့ ဖြစ်ချင်တာ အကုန်လုပ်ပေးနိုင်တယ်လို့ ငါထင်တယ်”
ချစ်ခြင်းနဲ့ဖန်ဆင်းထားတဲ့ကမ္ဘာကြီးဟာ ဘယ်လောက်ထိလှပလဲဆိုတာ ခံစားကြည့်ကြပါဦး။...
Hitman: Agent Jun (2020)
⭐IMDB: 6.4/10 (2 k Votes)
🎬 #Action #Comedy
🗓 2020 🎞 movie
📺 #720p
💿 1.0 GB
🌎 #SouthKorea
⏰ 1 နာရီ 50 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ ပရိတ်သတ်တွေ အတွက် နောက်ထပ်ဟာသ အက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာမိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့်
သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ထူးခြားတဲ့ ကလေးတစ်ယောက်ပါ
တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်
အဲ့လိုကနေ ဂင်ဘုံဂျွန်က လုပ်ကြံသူဂျွန်အဖြစ်နဲ့အဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် လုပ်ကြံသူအလုပ်ကို ငြီးငွေ့လာတဲ့
ဂျွန်က အဲ့လောက ကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်
၁၅ နှစ်အကြာမှာ သူ့ရဲ့လုပ်ကြံသူ ဘဝအကြောင်းကို ကာတွန်းဆွဲရင်း နာမည်ကြီးလာခဲ့ပါတယ်လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်ကဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာ
ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါနော်...
Hobo with a Shotgun (2011)
⭐IMDB: 6.1/10 (48 k Votes)
🎬 #Action #Comedy #Horror #Crime #Thriller
🗓 2011 🎞 movie
📺 #1080p #720p #480p
💿 4.1 GB ⦿ 1.3 GB ⦿ 536.2 MB
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hobo with a Shotgun (2011)
သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။
သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ …
ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Zwel Zan Aungပါ။)...
