ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Kensuke's Kingdom (2023) ⭐IMDB: 7.0/10 (648 Votes) 🎬 #Adventure #Animation #Drama #Family 🗓 2023 🎞 movie 🌎 #UnitedKingdom #Luxembourg #France ⏰ 1 နာရီ 24 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း +++++++++++ မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ .. (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်)...
All Suspects (2024) ⭐TMDB: 40% User Score 🎬 #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုံထောက်ရုပ်ရှင်ကို တစ်နေရာတည်း တစ်ထိုင်တည်း အစအဆုံးအမှုစစ်သွားတဲ့ရုပ်ရှင်မျိုးကြိုက်တဲ့သူဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- စုန့်ကျစ်ဝိန်ဟာ စုံထောက်အရည်အချင်းမရှိပေမဲ့ သူရှိနေရင် သူ့အနားကလူတွေက တွေးတောနိုင်စွမ်းမြင့်လာတဲ့အတွက် သူ့ကိုယ်သူ “ဟွာရှန်းအစွမ်း”ရှိသူလို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ သူရှိပြီးနောက်ပိုင်းမှာသူတို့ ဌာနက အမှုဖြေရှင်းနိုင်စွမ်း ရာနှုန်းပြည့်ဖြစ်တဲ့အတွက် ဆုချီးမြှင့်ခံရပါတယ်။ အားလပ်ရက်ကို အေးချမ်းစွာဖြတ်သန်းဖို့ စုန့်ကျစ်ဝိန်တစ်ယောက်ဝူကျီးရှန်း တည်းခိုခန်ူကို အပန်းဖြေခရီးထွက်လာပါတယ်။တည်းခိုခန်းမှာ တည်းခိုသူတွေထဲမှာ စုံထောက်ဝတ္ထုစာရေးဆရာမမုံ့ကျူ၊စန္ဒရားဆရာနဲ့ ခြေတစ်လုံးအိမ်တိုင်တစ်ယောက်လည်း ပါပါတယ်။ ဝင်ဝင်ခြင်းညမှာပဲ လူသတ်မှုဖြစ်ပြီး ဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းမလေး၂ ယောက်လုံး သေသွားတဲ့အခါမှာတော့ တည်းခိုခန်းမှာရှိနေတဲ့ သူတို့ ၄ ယောက်လုံးက သံသယရှိစရာ ဖြစ်လာပါတယ်။ သူတို့ ၄ ယောက်လုံးက အပေါ်ယံ မြင်ထားသလိုပဲလား……သူတို့နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ……လူသတ်တရားခံကရော ဘယ်သူဖြစ်လိမ့်မလဲ……ဆိုတာကို ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။...
A Holiday for Harmony (2024) ⭐IMDB: 4.4/10 (16 Votes) 🎬 #Family #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်နှစ်တာလုံးရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်ကာလဖြစ်တဲ့ ခရစ္စမတ်ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ချစ်ခင်ရသူတွေနဲ့ အတူတူကြည့်ဖို့ A Holiday For Harmony ဆိုတဲ့ခရစ္စမတ် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။အိမ်နဲ့ဝေးနေတဲ့ မိသားစုနဲ့ဝေးကွာနေတဲ့သူတွေလည်း ဒီကားလေးကိုကြည့်ပြီး အလွမ်းတွေပြေနိုင်ပြီး ကိုယ်ချစ်တဲ့ လူတွေကိုပိုတန်ဖိုးထားမိလာမှာလည်းအမှန်ပါပဲ။လူ့ဘ၀ဆိုတာ တိုတိုလေးမလို့ ရရှိတဲ့အချိန်လေးအတွင်းမှာ ချစ်ရတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဂျက်ဇ်နဲ့တီနာတို့ကမောင်နှမတွေဖြစ်ကြပြီး ငယ်ငယ်လေးကတည်းက မောင်နှမတွေရဲ့ထုံးစံအတိုင်း သူတို့တွေက မတည့်အတူနေ အမြဲတမ်းကိုက်နေကြတာပါပဲ။ဂျက်ဇ်ကဗီဒီယိုဂိမ်းတွေကစားရတာကို သဘောကျသူဖြစ်ပြီး တီနာကတော့သီချင်းဆိုတာကိုအရမ်းဝါသနာပါတဲ့ အပြင် အသံလည်းအရမ်းကောင်းသူဖြစ်ပါတယ်။ ဒီလိုနဲ့အသက်တွေကြီးလာကြတဲ့အခါမှာတော့မောင်နှမနှစ်ယောက်လည်း တစ်ယောက်တစ်လမ်းသွားကြပြီး ဂျက်ဇ်ကဘားနဲ့ဂိမ်းဆိုင်လေးတွဲဖွင့် ထားခဲ့ကာ တီနာကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာ ခဲ့ပါတော့တယ်။ အကြောင်းတစ်ခုကြောင့် မောင်နှမနှစ်ယောက်စကားမပြောဖြစ်တာ ကြာပေမဲ့ တီဗီမှာတွေ့လိုက်ရတဲ့သတင်းတစ်ခုကြောင့်ဂျက်ဇ်ဘ၀ကြီး ပျက်သလိုဖြစ်သွားပါတော့တယ်။အဲ့ဒီသတင်းကတော့သူ့ညီမတီနာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားပြီဆိုတဲ့သတင်းပါပဲ။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ညီမဖြစ်သူရဲ့သမီး သူ့တူမရောက်ရှိလာပြီး သေတမ်းစာမှာသူ့ကိုအုပ်ထိန်းသူအဖြစ်လွှဲပြောင်းပေးထားခဲ့ကြောင်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူနဲ့သူ့တူမတို့နှစ်ယောက် ဒီနှစ်ခရစ္စမတ်ကို အတူတူဖြတ်သန်းကြရင်းနဲ့ လွမ်းမောစရာ ၅၂၈ ဒရာမာလေးတွေကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Dasavatharam (2008) ⭐TMDB: 65% User Score 🎬 #Action #Adventure #Bollywood #Drama #Thriller #SciFi 🗓 2008 🎞 movie 🌎 #India ⏰ 3 နာရီ 4 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dasavatharam (2008)“ဇီဝလက်နက်” IMDb 7.3 နာမည်ကျော်မင်းသား ကာမယ်ဟာဆန် ပါဝင်ထားတဲ့တမီးလ်ဇာတ်ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေချီးကျူးခဲ့တဲ့ သိပ္ပံရုပ်ရှင်ဖြစ်ပြီးတမီးလ်ရုပ်ရှင်ထဲမှာ ရုံဝင်ငွေရူပီး ၂၀၀ ကုဋေရရှိခဲ့တဲ့ပထမဆုံးတမီးလ်ရုပ်ရှင်ဆိုလည်း မမှားပါဘူး ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဒေါက်တာဂိုဗင်ကUS မှာရှိတဲ့သုတေသနအဖွဲ့အစည်းလက်အောက်ကဇီဝသိပ္ပံပညာရှင်တစ်ယောက် တစ်နေ့ သူတို့ရဲ့စမ်းသပ်ခံမျောက်လေးက သူတို့စမ်းသပ်ထားတဲ့ဆေးပုလင်းကို သောက်လိုက်မိပြီး အားလုံးရှေ့မှာတင်ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရတယ် ဒီရလဒ်ကြောင့် သူ့အထက်လူက အကြမ်းဖက်တွေကိုဇီဝလက်နက်အဖြစ်ရောင်းချဖို့ ကြံရွယ်လာတဲ့အခါဒေါက်တာဂိုဗင်တစ်ယောက် မဖြစ်မနေတားဆီးဖို့ ဖြစ်လာပါတော့တယ် ဘယ်လိုစွန့်စားခန်းတွေနဲ့ ဘယ်လိုသီအိုရီတွေနဲ့ရိုက်ကူးတင်ဆက်ထားလဲဆိုတာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Winter's Tale (2014) ⭐IMDB: 6.1/10 (58 k Votes) 🎬 #Drama #Fantasy #Mystery #Romance 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Winter’s Tale (2014)IMDb Rating (6.1) စာရေးဆရာကြီး Mark Helprin ရဲ့1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Winter’s Tale ဝတ္တုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတာပါ။မင်းသားကြီး Will Smith, Colin Farrell, Russell Crowe တို့အပြင် မင်းသမီး Jessica Brown Findlay နဲ့ Jennifer Connelly တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ပီတာ လိတ်ခ်ဆိုတဲ့ မိဘမဲ့ ပါရမီရှင်သူခိုးက သူ့ရဲ့ သူဌေးဟောင်း ပါလီ ဆုမ်းစ်နဲ့ ပြဿနာတက်ပြီးနယူးယော့ခ်မြို့ကနေထွက်မသွားခင် နောက်ဆုံးအနေနဲ့ အိမ်ကြီးတစ်အိမ်ကို ဝင်ခိုးဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်း အိမ်ပိုင်ရှင်ကြီးရဲ့ သမီးဖြစ်သူ ဘီဗာလီရဲ့ စန္ဒရားလက်သံကိုနားထောင်ရင်း ချစ်မိသွားခဲ့ပါတယ်။ဘီဗာလီကတော့ အဆုတ်ရောဂါသည်ဖြစ်ပြီး အချိန်သိပ်မကျန်တော့ဘူးဆိုပြီး ဆရာဝန်တွေက ပြောထားကြတာပါ။ ဒါပေမဲ့လည်း ပါလီ ဆုမ်းစ်ရဲ့ နှောက်ယှက်မှုကနေ ဘီဗာလီနဲ့ ပီတာတို့ ချစ်မိသွားခဲ့ကြပြီးဘယ်လိုမှော်ဆန်တဲ့ ချစ်ခြင်းမျိုးတွေဖြစ်လာမလဲဆိုတာ...
Rage (2014) ⭐IMDB: 5.0/10 (26 k Votes) 🎬 #Action #Crime #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rage (2014) IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာ ရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။ အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။ သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Emilia Pérez (2024) ⭐IMDB: 6.9/10 (12 k Votes) 🎬 #Comedy #Crime #Musical #Thriller #Drama 🗓 2024 🎞 movie 🌎 #France #Belgium #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံး စောင့်မျှော်နေကြတဲ့ Emilia Perez ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Musical Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ နာမည်ကျော် Cannes Film Fesitval နဲ့ Europe Film Award ပွဲတွေမှာ ဆုတွေ Nomination တွေ တစ်သီကြီး ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ နောက်ပြီးတော့ နာမည်ကြီး ဂါမိုရာမင်းသမီး Zoe Saldaña အပြင် Selena Gomez နဲ့ Karla Sofía Gascón တို့ ပါဝင်သရုပ်ဆောင် ထားလို့ ဇာတ်လမ်းကို ကြည့်မှပဲ သေချာခံစားလို့ရအောင် အရမ်း မပြောတော့ဘူးနော်။ ဇာတ်လမ်းအကျဉ်း++++++++++ မက္ကဆီကိုက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ ငယ်စဉ်ကတည်းက မျိုသိပ်ထားတဲ့ဆန္ဒကို ရှေ့နေမတစ်ယောက်ရဲ့ အကူအညီနဲ့ ရယူနိုင်ခဲ့ပြီး ဘဝဟောင်းကို စွန့်ခွာကာ ဘဝသစ် စတဲ့အခါမှာ ဘဝအဟောင်းရဲ့ သံယောဇဉ်တွေက ဘဝအသစ်ကို ဘယ်လိုလာရိုက်ခတ်မှာလဲ ဘဝအသစ်မှာရော ဘဝအဟောင်းရဲ့ ကြွေးတွေ ဆပ်ခွင့်ရနိုင်မလား အဆုံးသတ်မှာ ဘဝ ၂ ခု ပြန်ပေါင်းစပ် သွားတဲ့အခါ ဘယ်လိုအဆုံးသတ်သွားမှာ စတာတွေကို အရမ်းကောင်းတဲ့ musical songs တွေ dialogues တွေနဲ့ ခံစားစီးမျှောသွားနိုင်မဲ့ ဇာတ်ကားကောင်းမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။...
Catwalk: Tales from the Cat Show Circuit (2018) ⭐IMDB: 6.3/10 (662 Votes) 🎬 #Documentary 🗓 2018 🎞 movie 🌎 #Canada ⏰ 1 နာရီ 15 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဒိုကူမန်ထရီကတော့ ကြောင်ချစ်သူတွေအတွက် ဦးတည်ပါတယ်။ ကနေဒါက ပြိုင်ဆိုင်မှုပြင်းထန်းတဲ့ ကြောင်အလှပြိုင်ပွဲတွေအကြောင်းကို ရိုက်ပြထားတာပါ။ ဒီပွဲတွေမှာ ဒိုင်ပေါင်းစုံ ကြောင်ပေါင်းစုံ ကြောင်အမျိုးအစားအလိုက် ပြိုင်ပွဲဝင်ရတဲ့ တန်းပေါင်းစုံနဲ့ ပြိုင်ကြတာဖြစ်ပြီး ဒီလိုပွဲတွေအများကြီး လိုက်ပတ်ပြိုင်ပြီး ပွဲပေါင်းစုံက ရတဲ့ ရမှတ်စုစုပေါင်းကိုပါ ပြိုင်ကြပါတယ်။ တစ်နှစ်တစ်နှစ်ကို ကြောင်ပွဲတွေလည်း မနည်းပါဘူး။ တစ်ပွဲမှာလည်း အခါခါပြိုင်ရတယ်။ ဒီလိုပြိုင်တဲ့နေရာမှာ တစ်ချို့ကြောင်တွေက အရမ်းကြီးဂရုစိုက်ပေးစရာမလိုပေမဲ့ တစ်ချို့ကြောင်တွေကတော့ ရေနည်းနည်းထိလို့တောင် မရတဲ့ကြောင်တွေရှိတော့ တော်တော်ဂရုစိုက်ပေးရတယ်။ ဒီတော့ ကြောင်ပိုင်ရှင်တွေရဲ့ သူတို့ကြောင်တွေကို ချစ်ကြပုံဂရုစိုက်ကြပုံတွေကိုလည်း မြင်ရမှာပါ။ ဒီဒိုကူမန်ထရီရဲ့ အဓိကဇာတ်လိုက်ကျော်တွေကတော့ အိုလာလာနဲ့ ဘော်ဘီဆိုတဲ့ကြောင်၂ကောင်ပါ။ ဒီဒိုကူမှာ အဓိကအားဖြင့်တော့ သူတို့သခင်နှစ်ယောက်နဲ့ သူတို့နှစ်ကောင်ရဲ့ ပြိုင်ဆိုင်မှုတွေကို အဓိကထားပြထားပါတယ်။ ကြောင်တွေအပေါ် ကြောင်ချစ်သူတွေရဲ့ အမြင်တွေကိုလည်းပြထားပါတယ်။ ကြောင်ချစ်သူတွေအနေနဲ့ ချစ်စရာကောင်းတဲ့ကြောင်ပေါင်းစုံကို ဒီဒိုကူမန်ထရီမှာ မြင်ကြရမှာပါ။...
About Cannabis and Cancer (2019) ⭐IMDB: 7.4/10 (67 Votes) 🎬 #Documentary 🗓 2019 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 17 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Documentary လေးကတော့ ကင်ဆာကို ဆေးခြောက်နဲ့ကုမယ်ဆိုတဲ့ နည်းကိုဆေးပညာရှုထောင့်ကနေပြောသွားတာဖြစ်ပါတယ်။ ဆေးခြောက်ဆိုတာ မကောင်းတဲ့အရာလို့တော်တော်များများက မှတ်ယူထားကြတာကို သိမယ်ထင်ပါတယ်။ တကယ်လည်း မကောင်းသလိုသုံးရင်တော့ မကောင်းပါဘူး။ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားလည်းရှိပါတယ်။ ဒါပေမယ့် ဆေးပညာရှုထောင့်ကနေကြည့်လိုက်ရင် မော်ဖင်းနဲ့ ဆေးခြောက်ကဲ့သလို့ မူးယစ်ဆေးဝါးတွေက ကမ္ဘာဦးအစ စစ်ပွဲတွေကစလို့ ဆေးပညာနယ်ပယ်မှာအသုံးပြုနေတာဖြစ်ပါတယ်။ ဒီ Documentary မှာတော့ ကင်ဆာရောဂါကို ဆေးခြောက်သုံးပြီး ဘယ်လိုများ ကုသသွားမလဲ၊ အရှင်းကြီးပျောက်တာမျိုးမဟုတ်ရင်တောင်မှ သက်သာအောင်ဘယ်လိုများလုပ်နိုင်မလဲဆိုတာကို အကျယ်တဝင့် ရှင်းပြသွားမှာဖြစ်ပါတယ်။...
Ayni Ipte Asili (2024) ⭐IMDB: 5.5/10 (39 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #India #Turkey ⏰ 1 နာရီ 54 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ayni Ipte Asili (2024) CM ပရိသတ်ကြီးအတွက် တူရကီဒရာမာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ညီလေးဖြစ်သူ အီဖီရဲ့အိမ်နားကို လုပ်ငန်းကိစ္စနဲ့လမ်းကြုံဝင်ပြီး လာလည်ခဲ့တဲ့ အစ်ကိုဖြစ်သူစီနန်၊ညီဖြစ်သူ အီဖီရဲ့အိမ်မှာတော့ အီဖီရဲ့ သူငယ်ချင်းတွေအုပ်လိုက်ကြီးပဲ အတူတူနေထိုင်နေတာကို တွေ့လိုက်ရပါတယ်။ လူတွေအများကြီး အတူတူနေလို့ အဆင်ပြေကြလားဆိုတော့ အဆင်ပြေဖို့ နေနေသာသာတစ်ယောက်တစ်ပေါက်နဲ့ ဖြစ်ချင်တိုင်းတွေ ဖြစ်လို့နေပါတော့တယ်။ အီဖီကတော့ အိုင်ဆက်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေနေတာဖြစ်ပြီးတော့နှစ်ယောက်လုံး ရုပ်ရှင်ပညာကို လေ့လာနေကြသူတွေလည်းဖြစ်ပါတယ်။အီဖီရဲ့အိမ်မှာ အတူတူနေကြတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အာလီ၊သူကတော့ မွေးမြူရေးအကောင်တွေကို ဝယ်ရောင်းလုပ်ရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတာဖြစ်ပြီးအိမ်ထောင်ကျပြီးလို့ ကလေးတစ်ယောက်ရနေပြီဖြစ်ပါတယ်။ အီဖီရဲ့အိမ်ကို မွေးမြူရေးအကောင်တွေကိစ္စနဲ့ ခဏလာနေတာလို့ ပြောပေမယ့်ဒီကိစ္စကြောင့် ဟုတ်မနေခဲ့ပါဘူး။ နောက်တစ်ယောက်ကတော့အမြဲ အရက်မူးနေတဲ့ ဘူစရာ၊ အာလီရဲ့ ပိုက်ဆံတွေနဲ့အမြဲ အရက်ဝယ်သောက်ပြီးတော့ သူတို့နှစ်ယောက်ကြားမှာလည်းပိုက်ဆံကိစ္စနဲ့ ပတ်သတ်ပြီးတော့ ပြဿနာလေးတွေရှိနေပါတယ်။ စီနန်လာလည်တဲ့နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် အာလီနဲ့ ဘူစရာတို့ပြဿနာတက်ကြရင်း အိမ်လေးထဲမှာ လူတွေအများကြီးနဲ့ ပွက်လောတွေ ရိုက်ကုန်ပါတော့တယ်။ ဒီလိုနဲ့ ဒီအိမ်လေးထဲက လူတွေကြားမှာ ဘယ်လိုပြဿနာတွေရှိနေတာလဲ ……နောက်ကွယ်က လျှို့ဝှက်ချက်တွေကရော ဘာလဲ ……သူတို့တွေ အကုန် ပြန်ပြီးတော့ အဆင်ပြေသွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)...
Nayanthara: Beyond the Fairy Tale (2024) ⭐TMDB: 40% User Score 🎬 #Bollywood #Documentary #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 23 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nayanthara: Beyond the Fairy Tale (2024) အိန္ဒိယတောင်ပိုင်းရုပ်ရှင်နယ်ပယ်က လေဒီစူပါစတားလို့နာမည်ကြီးတဲ့မင်းသမီးနာယန်သာရာအကြောင်းကို Netflixကနေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာပါ။ အင်တာဗျူးသိပ်မဖြေတဲ့ မင်းသမီးတစ်ယောက်က ဘာလို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့လက်ခံခဲ့တာလဲဆိုတော့ လူတိုင်းကို နည်းနည်းလောက်ဖြစ်ဖြစ် ပျော်စေချင်လို့ပါတဲ့။ တခြားသူတွေပျော်နေတာကိုမြင်ရတဲ့ ပျော်ရွှင်မှုလေးရစေချင်လို့တဲ့။အဓိကကတော့ မင်းသမီးနာယန်သရာ တမီးလ်ရုပ်ရှင်ဒါရိုက်တာဗစ်ဂ်နက်ရှီဗန်နဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်ကြပုံတွေနဲ့၊ နာယန်သရာရယ်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
The Girl with the Fork (2024) ⭐IMDB: 3.9/10 (153 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေကအတိတ်မှာအပြစ်တွေလုပ်ထားပြီးရင် မသိသလိုဟန်ဆောင် မေ့ပျောက်လိုက်ကြတာများပါတယ်။အဲ့ဒီနည်းနဲ့မှရှေ့ဆက်လို့ရမှာကိုး။ အဲ့လိုမေ့ပျောက်လိုက်တဲ့အခါမှာ ဘာပြဿနာတွေဖြစ်လာလဲဆိုတော့ ကိုယ်ကသာမေ့သွားပေမဲ့ ကိုယ့်အပြစ်ကြောင့်နစ်နာခဲ့တဲ့လူတွေကတော့ မမေ့နိုင်ပဲ အငြိုးဆိုတာထားတတ်လာကြပါတယ်။ကိုယ်ကအဲ့ဒီအရာတွေကို မေ့ပျောက်ပြီးပျော်ပျော်နေလေလေ ခံစားရသူဖက်မှာတော့ပိုဒေါသ ထွက်စရာကောင်းလာလေလေပါပဲ။အဲ့ဒါကြောင့်တစ်ခါတစ်လေမှာတော့ အပြစ်ပြုဖူးတဲ့လူတွေကိုပြန်မှတ်မိလာအောင် သင်ခန်းစာပေးဖို့ လိုအပ်လာပါတယ်။အဲ့ဒီအကြောင်းတွေကိုမြင်သာအောင်ရိုက်ကူးထားတဲ့ IMDb Rating 6.2 အထိရရှိထားတဲ့ The Girl with the Fork ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အန်နာနဲ့မိုက်ခ်ဆိုတဲ့လင်မယားနဲ့ စီလီယာနဲ့ ပေါလ်ဆိုတဲ့သားအဖေတွေမှာ လျှို့ဝှက်ထားတဲ့အပြစ်တွေကိုယ်စီ ရှိကြပါတယ်။သူတို့ကတော့အဲ့ဒီအပြစ်တွေကိုမေ့ပျောက်ထားကြပေမဲ့ လျှို့ဝှက်တဲ့အဖွဲ့အစည်းတစ်ခုကသူတို့ဆီကိုဖုန်းတွေနဲ့ဆက်သွယ်လာပြီး သူတို့ရဲ့အတိတ်ကိုပြန်မှတ်မိလာအောင်လုပ်ပေးပုံတွေနဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမဲ့ပုံတွေကို ရင်ဖိုစိတ်လှုပ်ရှားအောင် ရှင်းရှင်းလင်းလင်းနဲ့ မရှင်းတရှင်းရိုက်ကူးထားတဲ့အတွက် တစ်မျိုးလေး ကြည့်ရှုခံစားရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
New Gods: Yang Jian (2022) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Adventure #Animation #Fantasy #Comedy #Action 🗓 2022 🎞 movie 🌎 #China #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင်တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲမမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကိုဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ – “ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီးနှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံစည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီးလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီးငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲအဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်းမတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီးမိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -” ❐ ဘာတွေဆက်ဖြစ်ကြမှာလဲ❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲ❐ အခက်အခဲတွေကို အတူတူကျော်လွှားနိုင်ပါ့မလားဆိုတာစိတ်ဝင်တစားကြည့်ရှုရမဲ့ တရုတ်ကာတွန်းဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ရှင် အခုပဲကြည့်ရှုလိုက်ရအောင်လားနော်...
You Will Die in 6 Hours (2024) ⭐IMDB: 5.0/10 (126 Votes) 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 You Will Die in 6 Hours (2024) ******************************* IMDb… 7.6 NCT အဖွဲ့ဝင် Jaehyun နဲ့ Mouse ၊ Perfect Family တို့မှ မင်းသမီး Park Ju-Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလာပါပြီ။ တစ်ချိန်က အသက် ၃၀ ပြည့်ရင်တော့ တစ်ခုခုပြောင်းလဲသွားတဲ့ ဘဝမှာ နေရလိမ်မယ်လို့ ထင်ထားခဲ့တဲ့ အီဂျောင်ယွန်း…(Park Ju-Hyun) အသက် ၃၀ ပြည့်မွေးနေ့ဖြစ်တဲ့ ယနေ့မှာလည်း ဘာမှမထူးခြားလာဘဲ ဒုံရင်းကဒုံရင်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဂျောင်ယွန်းက သူ့သူငယ်ချင်းကို တွေ့ဖို့အသွား လမ်းဖြတ်ကူးစဉ်မှာ ဂင်ဂျွန်အူ (Jaehyun) က ဂျောင်ယွန်းနားကပ်လာပြီး ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက “မင်း နောက် ၆ နာရီကြာရင် သေရမယ်”တဲ့… အဓိပ္ပာယ်မရှိတဲ့စကားမို့ ဂျောင်ယွန်းလည်း အစက မယုံနိုင်ဖြစ်နေခဲ့ပေမဲ့ သူ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဂျွန်အူနဲ့နှစ်ယောက်အတူ သူ့ကိုသတ်မဲ့ လူသတ်သမားကို အတူလိုက်ရှာကြတဲ့အခါမှာတော့….. ဂျောင်ယွန်းက သူ့ကံကြမ္မာကို ပြောင်းလဲလိုက်နိုင်မလား… ဂျွန်အူက ဂျောင်ယွန်းရဲ့ကံကြမ္မာကို ကြိုမြင်နိုင်ရတာရဲ့ နောက်ကွယ်မှာလည်း ဘယ်လိုအကြောင်းအရင်းတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။)...
Meet Me Next Christmas (2024) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ်အချိန်ကာလရောက်တိုင်း မရိုးရအောင်ကြည့်ကောင်းနေကျ ခရစ္စမတ်အချစ်ကားတွေထဲမှာ ၂၀၂၄ အတွက်အသစ်ထွက်ရှိလာတာ ကတော့ Meet Me Next Christmas ပဲဖြစ်ပါတယ်။ လေဆိပ်ဧည့်စောင့်ခန်းမှာဆုံရင်း စိတ်ချင်းဆက်သွယ်မိခဲ့ကြတဲ့ လေလာနဲ့ဂျိမ်းစ်ဟာ နောက်နှစ်ခရစ္စမတ်မှာ လူလွတ်တွေဖြစ်ခဲ့ကြရင် သူတို့ကြိုက်တဲ့အဆိုတော်အဖွဲ့ရဲ့ရှိုးပွဲမှာပြန်ဆုံတွေ့ကြမယ်လို့ ချိန်းဆိုခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ ခရစ္စမတ်မတိုင်ခင်နှစ်ရက်အလိုမှာ လူလွတ်ဖြစ်သွားခဲ့တဲ့လေလာဟာ ဂျိမ်းနဲ့သွားတွေ့ချင်ပေမယ့် ရှိုးပွဲလက်မှတ်က ဝယ်လို့မရတော့ပါဘူး။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်တာတောင်မရတဲ့အခါမှာတော့ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုကိုအကူအညီတောင်းခံခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့ ဝန်ဆောင်မှုပေးသူတတ်ဒီဟာ လေလာနဲ့အတူ လက်မှတ်ရအောင် လိုက်ကြိုးစားပေးရင်း ချစ်ကြိုးသွယ်မိသွားခဲ့တာကြောင့် လေလာတစ်ယောက် တတ်ဒီနဲ့ဂျိမ်းစ်ကြားမှာတစ်ယောက်ကိုပဲ ရွေးချယ်ရဖို့ ဖြစ်လာခဲ့ပါတော့တယ်။...
Thumbelina (1994) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Family #Fantasy #Musical #Romance #Music 🗓 1994 🎞 movie 🌎 #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thumbelina (1994) IMDb Rating (6.2) ဒီကားလေးကတော့ ကလေးဘ၀က ကာတွန်းကားကောင်းလေးတွေထဲက တစ်ကားပါ။ နတ်သူငယ်လေးတွေ တိရစ္ဆာန်လေးတွေနဲ့ လူသေးသေးလေးတွေကို အရမ်းသဘောကျတဲ့သူတွေအတွက်ဆို ကွက်တိပါပဲ။ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တယ်ဆို ကြည့်မိလို့ နောင်တရမယ့်ကားမျိုးမဟုတ်ပါဘူး။အချိန်ပေးရတန်ပါတယ်နော်။ ဇာတ်လမ်းလေးက တမ်ဘလီနာဆိုတဲ့ ပန်းပွင့်လေးထဲက မွေးဖွားလာတဲ့ လက်မဆိုဒ်လောက်ပဲရှိတဲ့ ကောင်မလေးသေးသေးလေးပေါ့။ သူက သူ့လိုလူသေးသေးလေးတွေနဲ့မတွေ့မှာကို အရမ်းကြောက်ရှာတယ်။ တစ်နေ့ကျ နတ်သူငယ်မင်းသားလေးကိုနီးလီးယပ်စ်က လှည့်လည်နေရင်း တမ်ဘလီနာသီချင်းဆိုနေတာလေးကိုတွေ့သွားတော့ သူတို့နှစ်ယောက်အချင်းချင်းနှစ်သက်မိသွားကြတယ်။ မင်းသားလေးက မိဘနှစ်ပါးကိုပြောပြီး မနက်ကျ ပြန်လာပါ့မယ်ဆိုတဲ့ စကားလေးကို တွေးရင်း အိပ်ပျော်နေတဲ့ တမ်ဘလီနာကို ဖားမတစ်ကောင်က ခိုးသွားတဲ့အခါမှတော့ သေးသေးလေးဖြစ်နေတဲ့ တမ်ဘလီနာတစ်ယောက် ဘယ်လိုအခက်အခဲတွေကို တွေ့ရမလဲ အိမ်ကိုကော ပြန်ရောက်နိုင်မှာလား သူချစ်ရတဲ့ နတ်သူငယ်မင်းသားလေးနဲ့ကော ပြန်ဆုံနိုင်မှာလားဆိုတာ ကြည့်ကြည့်လိုက်ကျနော်။ စကားမစပ် နတ်သူငယ်မင်းသားလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်။ကလေးဘ၀ရဲ့ စိတ်ကူးယဥ်မင်းသားလေးတွေထဲက တစ်ယောက်ပါပဲနော်။ ဒီကားလေးကို အရမ်းကြိုက်လွန်းလို့ နာမည်သိဖို့တောင် မနည်းရှာထားရတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့PhuThet Khinဖြစ်ပါတယ်။)...
Skelly (2024) ⭐IMDB: 5.5/10 (71 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Skellyဆိုတဲ့ ဇာတ်ကားလေးကတော့. Rating 5.6ရှိပြီး ကလေးသရုပ်ဆောင်တွေပါတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးလေးရဲ့အစမှာတော့ Jonah ဟာ သူကလေးတွေနဲ့ သူရဲ့အဖေအတွက် ကြိုးစားပြီးရေးထားတဲ့ သူငယ်ဘဝအကြောင်း စာအုပ်ကို ကလေးတွေကိုဖတ်ပြတာကနေ အစချီထားပါတယ်။ Jonah ကလေးဘဝရဲ့ အမှတ်ရစရာအားလပ်ရပ်ဟာ ပုံမှန်ခရစ်စမတ်စ် အားလပ်ရက်မဟုတ်ဘဲ ဟောလိုးဝင်းအားလပ် ရက်ပဲ ဖြစ်နေပါတယ်။ ဟောလိုးဝင်းမှာ သူနဲ့ သူ့သူငယ်ချင်းတို့ဟာ Jonah ရဲ့အဖေနဲ့အဖိုး အကူအညီနဲ့ သရဲအိမ်ကိုနှစ်တိုင်းဆောက်ကြပြီး အမှတ်တရတွေဖန်တီးကြပါတယ်။ တစ်ခုသောနှစ်မှာတော့ သူ့အဖိုးရဲ့နောက်ဆုံးအချိန်ရောက်လာခဲ့ပြီး Jonah ရဲ့အဖေဟာ စိတ်ဓာတ်ကျကာ Jonah တို့အတွက် သရဲအိမ်ကိုကူဆောက်ပေးဖို့ ခွန်အားမရှိတော့ပါဘူး။ သို့သော်လည်း.Jonahနဲ့သူ့သူငယ်ချင်းတို့က ကိုယ်တိုင်ရုန်းကန်ကြရင်း သရဲအိမ်ကိုဆောက်ဖို့ကြိုးစားကြပါတော့တယ်။ သူတို့က သရဲအိမ်ကိုအောင်မြင်စွာဆောက်လုပ်နိုင်ကြမလား ဘယ်လိုအလှည့်အပြောင်းလေးတွေရှိလာမလဲ Jonahအဖေကလည်း စိတ်ပြောင်းသွားမလား ဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။ ဒီကားထဲမှာတော့… ဆုံးရှုံးမှုတွေနဲ့ကြုံလာရတဲ့အခါ ဘာဆက်လုပ်ရမလဲ ဘာကပိုအရေးကြီးလဲဆိုတာကို ပြောပြပေးတဲ့ကားဖြစ်ပြီး မိသားစု သူငယ်ချင်း အမှတ်တရတွေ ရဲ့နွေးထွေးမှုကို တွေ့မြင်နိုင်ရမယ် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Skellyဆိုတဲ့နာမည်အတိုင်း Skelly gameအကြောင်းလေးပါ လေ့လာလို့ရမယ့် အပြင် မိသားစုလိုက်ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။...
Hot Frosty (2024) ⭐IMDB: 5.4/10 (9 k Votes) 🎬 #Comedy #Fantasy #Romance 🗓 2024 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့ 2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ ကားလေးရှိနေတယ်နော်။ ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။ Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါး သွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲ အလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကို သူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။ အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင် ရှင်သန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ…. ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…. နှင်းလူသားကလဲအရည်ပျော်သွားမှာလား…. Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကို ကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီး ကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။...
Kudi Haryane Val Di (2024) ⭐IMDB: 6.2/10 (275 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kudi Haryane Val Di 2024 ဖူးစာရွာလည် Imdb 6.2ပန်ချာပီကားတွေမှာဆိုရင် လူတိုင်းနဲ့မစိမ်းတဲ့မင်းသားကြီး Ammy Virk ပါဝင်ထားတဲ့ဒရာမာကားလေးတင်ဆက်ပေးထားပါတယ် နပန်းမိသားစုရဲ့တစ်ဦးတည်းသောသားလေး ဗီဇကတော့ စော်ပွေချင်တာပေါ့သူငယ်ချင်းတွေဆီက အသိမိန်းကလေးဖုန်းတွေပတ်တောင်းပြီးတစ်လုံးချင်းထိုင်ဆက်ပြီး ရည်းစားရှာတတ်တဲ့သူပါ နပန်းမိသားစုထဲ တစ်ဦးတည်းသောသားဖြစ်ပေမဲ့ နပန်းကိုစိတ်မဝင်စားဘဲကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ ဖြစ်ချင်တော့ သူထိုင်ဆက်တဲ့ဖုန်းတွေထဲတောင်ပိုင်းပန်ဂျပ်ရဲ့သေမင်းလို့တင်စားကြတဲ့လူရဲ့ သမီးဆီပါဆက်မိထားတာပါ ကံကမကောင်းတော့ သူဖုန်းဆက်တဲ့အချိန်မှာ တစ်ဖက်မိန်းကလေးကခိုးရာလိုက်ဖို့ပြင်ဆင်နေချိန်ပေါ့ သူနဲ့ဖုန်းပြောပြီးပြီးချင်းမှာပဲလင်နောက်တန်းလိုက်သွားတော့ ဒီကောင်နဲ့ခိုးပြေးတာပဲဆိုပြီးသူ့ကိုမြေလှန်ရှာပါတော့တယ် ဇာတ်လမ်းကသဘာဝကျကျနဲ့ ဟာသနှောထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Peranmai (2009) ⭐TMDB: 70% User Score 🎬 #Action #Adventure #Bollywood #Drama 🗓 2009 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peranmai ( 2009 ) “သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ” ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက်တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက်အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ်ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။ မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီးတောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။ လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်းသူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)...
