ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Burden (2022)
⭐IMDB: 5.8/10 (171 Votes)
🎬 #Drama #Romance
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 268.3 MB ⦿ 547.4 MB ⦿ 1.5 GB
🌎 #Canada
⏰ 1 နာရီ 36 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Burden (2022)
ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။
သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။
ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။
ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ?အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Poantပါ။)...
The Legend of Fei (2021)
⭐TMDB: 0.0% User Score
🎬 #Action #Romance
🗓 2021 🎞 Movie
📺 #480p #1080p
💿 538.1 MB ⦿ 1.0 GB
🌎 #China
⏰ 1 နာရီ 31 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။
၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူLi Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီးကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီးနှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်းသူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။
အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲစိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန်ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာသူမဟာအမှန်တရားကိုသိလိုက်ရတယ်။အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။...
Incantation (2022)
⭐IMDB: 6.2/10 (17 k Votes)
🎬 #Horror #Mystery
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 493.2 MB ⦿ 1014.9 MB ⦿ 2.9 GB
🌎 #Taiwan
⏰ 1 နာရီ 52 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Incantation (2022)
Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။
လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။
စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း …
ဇာတ်လမ်းကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို့ သာမာန်သရဲကားတွေထက်တော့ သေချာပေါက်ပိုမဲ့ Horror ကားကောင်းတစ်ကားပါပဲ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Moe Layပါ။)...
My Blue Summer (2022)
⭐IMDB: 6.0/10 (62 Votes)
🎬 #Drama #Romance
🗓 2022 🎞 movie
📺 #480p #1080p
💿 463.2 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 42 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
” ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာလူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖို့အလွယ်ဆုံးနဲ့ဖျက်ဆီးဖို့အလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာသူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖို့ပဲ။ ” (လော့ကျီ)
“ငါတို့အတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီကငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ ” (ရှန့်ဟွိုင်နန်)
တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့အထက်တန်းကျောင်းသူလေးလော့ကျီကရှန့်ဟွိုင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုတစ်ဖက်သတ်ချစ်နေခဲ့တယ်။ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။
အထက်တန်းပြီးသွားတော့ သူတို့နှစ်ယောက်ကတက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီးရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတို့ရဲ့အချစ်တွေကဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကိုပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။...
First Love (2022)
⭐IMDB: 4.8/10 (1 k Votes)
🎬 #Romance #Drama
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 276.3 MB ⦿ 658.8 MB ⦿ 1.3 GB
🌎 #Japan #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
First Love (2022)
“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။
“ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann)
“အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg)
ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲသူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာတစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ဒါကတော့ Jim ရဲ့ First Love အစပေါ့။ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်းရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ ..
တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်းအသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့်စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်တွေကျနေတာပါ။တစ်သက်လုံးကြိုးစားခဲ့သမျှအားလုံးပျက်စီးသွားပြီး လက်မှိုင်ချစိတ်ဓာတ်ကျနေတဲ့ Greg နဲ့နောက်အလုပ်တစ်ခုကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပြီး ယောက်ျားကိုပံ့ပိုးဖို့သာ အားသန်နေတဲ့ Kay တို့အယူအဆ သဘောထားတွေကွဲလွဲပြီး အချစ်ကိုချစ်စရာရယ်လို့ သတိပါမရနိုင်ကြတော့တဲ့အခါ ..
ဆယ်ကျော်သက်လူငယ်တွေရဲ့ ကြည်နူးစရာအချစ်နဲ့ အခက်အခဲတွေအပြင်အိမ်ထောင်ကျပြီး သက်တမ်းတွေကြာနေပြီဖြစ်တဲ့ အချစ်တို့ကိုနှိုင်းယှဉ်ပြထားတာမို့romance dramaကြိုက်သူတွေအဖို့တော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။...
Rip in Time (2022)
⭐IMDB: 6.8/10 (1 k Votes)
🎬 #Comedy #Drama #Fantasy #TVMovie #Romance
🗓 2022 🎞 tv movie
📺 #720p #1080p
💿 571.7 MB ⦿ 1.5 GB
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rip in Time (2022)
~ IMDb rating – 6.8/10 ~
အချိန်ကွဲကြောင်းကို ဖြတ်ပြီး ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းပေါ့။ ဆုံကိုဆုံလာရမယ့် ဖူးစာကို အချိန်လိုစွမ်းအားကြီးတဲ့ အရာကတောင် မတားနိုင်ဘူးလို့ ပြောထားတဲ့ Comedy, Fantasy, Drama ဇာတ်ကားလေးပါ။
နယ်မြို့လေးမှာ အေးအေးချမ်းချမ်းနေကြတဲ့ ဆာရာတို့ မိသားစုလေးဆီကို မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာရာက စပါတယ်။ ထူးထူးဆန်းဆန်း အဝတ်အစားတွေနဲ့ စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ ရစ်ပ်ဆိုတဲ့ သူစိမ်းကို သဘောကောင်းတဲ့ ဆာရာတို့မိသားစု လက်ခံထားပါတယ်။ နောက်တော့ သူစိမ်းရဲ့နာမည်က နာမည်ကျော်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်ဖြစ်နေပြီး ၁၈ ရာစု လောက်က ဖြစ်ခဲ့တဲ့ အကြောင်းကို စိတ်ကူးယဉ်ဝတ္ထုအနေနဲ့ ရေးထားတဲ့ ဇာတ်လမ်းက သူ့အဖေရဲ့ အကြောင်းကို ရေးထားတာလို့ ပြောလာပါတယ်။ ပြီးတော့ သူ့ကို မွေးတာက ၁၈ ရာစုတုန်းက မွေးတာဖြစ်ပြီးတော့ အမေရိကန်ရဲ့တော်လှန်ရေး စစ်ပွဲမှာ ပါခဲ့ပါတယ်တဲ့။ အဲဒီတော့ ထူးဆန်းတဲ့ သူစိမ်းရဲ့အကြောင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့……
အချိန်ခရီးသွားဇာတ်လမ်းများစွာရှိတဲ့ထဲ မှုခင်းဆန်ဆန်ကားတွေများပေမဲ့ အချိန်ခရီးသွား အချစ်ကားတွေကတော့ မများလှပါဘူး။ ဒီရုပ်ရှင်ကတော့ ရှားရှားပါးပါး အချိန်ခရီးသွားအချစ်ကားတွေထဲက တစ်ကားပါပဲ။ The Time Traveler’s Wife နဲ့ ခပ်ဆင်ဆင်ပုံစံမျိုးဖြစ်ပြီး ရိတ်တင်လည်း မနိမ့်တဲ့ ရုပ်ရှင်ဆိုတော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေ သဘောကျကြမှာပါ။
ဒီရုပ်ရှင်ဟာ တီဗီမူဗီတစ်ကားဖြစ်တာမို့ ဘတ်ဂျက်များများစားစားမသုံးထားပေမဲ့လည်း ဇာတ်လမ်းပိုင်းရော သရုပ်ဆောင်ပိုင်းရော ချီးကျူးခံထားရသလို ရိတ်တင်လည်းမြင့်တဲ့ ရုပ်ရှင်ကောင်းပေါ့။ အချိန်ခရီးသွားရုပ်ရှင်တွေကို သဘောကျတဲ့ ကျွန်တော့်လို လူတွေအတွက် စိတ်ဝင်တစားကြည့်ရမယ့် ရှားရှားပါးပါး အချိန်ခရီးသွားရိုမန့်ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Fast & Feel Love (2022)
⭐IMDB: 6.8/10 (1 k Votes)
🎬 #Action #Comedy #Drama #Romance #Sport #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 1.1 GB ⦿ 2.3 GB
🌎 #Thailand
⏰ 2 နာရီ 12 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျေ အဖြစ် YaYa Urassayaဂေါင်ဝ် အဖြစ် Nat Kitcharit
ဇာတ်လမ်းအကျဉ်း
ပညာရေးစနစ်အရ အထက်တန်းပြီးတာနဲ့ တက္ကသိုလ် မေဂျာရွေးနိုင်ဖို့ ဝင်ခွင့်စာမေးပွဲတွေ ဖြေရလေ့ရှိတယ်
အားလုံးနဲ့မတူဘဲ Sport stacking ကိုမှ စိတ်ဝင်စားတဲ့ ကျောင်းသား ဂေါင်ဝ် နဲ့ အိပ်မက်ရယ်လို့ မရှိတဲ့ သာမန်ဘဝနဲ့ပဲ နေထိုင်ချင်တဲ့ ကျောင်းသူလေး ဂျေတို့ ခင်မင်ခဲ့ကြတယ်
ဂျေအနေနဲ့ သူမရဲ့ ထူးခြားစွမ်းအင်က စိတ်ထားကောင်းမှုလို့ ပြောခဲ့တဲ့ ဂေါင်ဝ်အပေါ် ငြိတွယ်ခဲ့ပြီး သူဝါသနာပါတဲ့ sport stackingကို ကစားနိုင်ဖို့ ပါရမီ ဖြည့်ခဲ့ပါတော့တယ်
အချိန်တွေကြာလာတာနဲ့ အမျှ ဂျေ့ဘက်ကို မကြည့်ဘဲ ဝါသနာကိုပဲ ရှေးရှုလုပ်နေခဲ့တဲ့ ဂေါင်ဝ်ကို ဂျေတစ်ယောက် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်
ဂျေမပါဝင်တော့တဲ့ ဘဝကြီးမှာ ပတ်ဝန်းကျင်နဲ့နေသားကျအောင် ကြိုးစားနေရတဲ့ ဂေါင်ဝ် တစ်ယောက် sport stacking ချန်ပီယံနေရာကို ချိိန်းခြောက်နိုင်တဲ့ သူတစ်ယောက် ပေါ်လာချိန်မှာတော့….
အပြောင်းအလဲတွေဖြစ်လာတဲ့ နှလုံးသားရေးရာ ၊ တွယ်တာနေရတဲ့ အားကစား ၊ မက်မောခဲ့ရတဲ့ ချန်ပီယံနေရာကြား ဂေါင်ဝ် တစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင်ပါ ။
( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )...
Cracked (2022)
⭐IMDB: 5.1/10 (445 Votes)
🎬 #Horror #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 413.0 MB ⦿ 1.2 GB
🌎 #Thailand
⏰ 1 နာရီ 33 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cracked (2022)
ထင်မ် အဖြစ် Nichkhunရုကျ အဖြစ် Pat Chayanitရေချယ် အဖြစ် Nina Nutthatcha
ဇာတ်လမ်းအကျဉ်း
ရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာသမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ်တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့်ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖို့ငွေလိုအပ်လာပါတော့တယ်ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို့ မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို့ဖခင်ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို့ ပြန်လာခဲ့ရပါတော့တယ်ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို့သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ပန်းချီကားတွေမှာ အက်ရာတွေရှိနေတာမို့ မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို့ ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်
ရုကျအနေနဲ့ ဘာလို့ ဖခင်ဖြစ်သူပကွန်ကို ဘာလို့မုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလို့ကြောက်ရွံ့နေရတာလဲပန်းချီကားကို ပထမအကြိမ်ရောင်းချခဲ့စဥ်က သေဆုံးမှုတွေဘာလို့ဖြစ်ခဲ့ရတာလဲပန်းချီဆရာပကွန် ၊ ရုကျနဲ့ ဒီစတူဒီယိုကြီးမှာ ဘာအဖြစ်ဆိုးတွေဖြစ်ခဲ့တာလဲဆိုတာကို စိတ်လှုပ်ရှားမှုများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့Kyi Nue Zinပဲ ဖြစ်ပါတယ်...
Frivolous Lola (1998)
⭐IMDB: 5.1/10 (4 k Votes)
🎬 #Adult #Comedy #Romance
🗓 1998 🎞 movie
📺 #720p #1080p
💿 965.4 MB ⦿ 2.3 GB
🌎 #Italy
⏰ 1 နာရီ 45 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။
လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါမြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။
လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့်သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေတစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။
ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကိုပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။
Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေမနည်းမနောရှိလို့ပါပဲ။...
Last the Night (2022)
⭐IMDB: 4.5/10 (8 k Votes)
🎬 #Horror #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 785.5 MB ⦿ 1.5 GB
🌎 #UnitedStates
⏰ 1 နာရီ 27 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pacerville (2022)
၂၀၂၂ ထွက် ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ လူတစ်ယောက်ရဲ့စိတ်က အရာတစ်ခုကို တရားမျှတတယ်လို့ထင်ပေမဲ့ အခြားသူတွေအတွက် မဟုတ်ခဲ့တာမျိုးတွေ ရှိတတ်တဲ့အကြောင်းပါ။ လူတွေဟာ ကိုယ့်လိပ်ပြာဘက်ကနေ ကိုယ်တိုင်လုံနေတတ်တဲ့သူတွေဖြစ်လို့ သူတကာကို လက်ညိုးမထိုးခင်မှာ ကိုယ့်ဘက်ကို အရင်ပြန်ထိုးဖို့ လိုပါလိမ့်မယ်။
ခက်ခဲတဲ့ဘဝတစ်ခုကို အလူးလူးအလိမ့်လိမ့် ရင်ဆိုင်လာခဲ့ရတဲ့ သမိုင်းဆရာတစ်ဦး။ အိမ်ထောင်ကလည်းကွဲ၊ သူ့အလုပ်မှာလည်း စိတ်မပါ၊ အခြားရွေးစရာကမရှိ။ နောက်လူရင်ခွင်ထဲက သူ့ဇနီးဟောင်းကို ပြန်တမ်းတမိတဲ့ညတွေ။ သူ့ရဲ့ နှလုံးသည်းပွတ် သမီးလေးကိုလည်း အုပ်ထိန်းခွင့်မရရှာ။ အကုသိုလ်က အဖော်အပေါင်းနဲ့ အိမ်လာလည်တာ ခံရသူ။
ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုမြင့်နိုင်ကြီး နှိပ်စက်လို့ တကမ္ဘာလုံး တစ္ဆေမြို့တွေလို ခြောက်ကပ်သွားကြတယ်။ ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်။ အိပ်ရာပေါ်မှာပဲ အချိန်ကုန်လာရတဲ့ ပျင်းလို့သေတော့မယ်ဆိုတဲ့ ကျောင်းသားတစ်စု။ သူတို့ သမိုင်းဆရာရဲ့ အတင်းတွေ zoom meeting မှာ မြိန်ရေယှက်ရေ ပြောကြရင်း အပျင်းဖြေကြသတဲ့။ ဒီလိုနဲ့ ပျော်စရာတစ်ခုကို အတူဖန်တီးဖို့ စိတ်ကူးရကြတယ်။ အဲဒီအပျော်ကပဲ အပျက်တွေ ဖြစ်ခဲ့ရပုံကို ရှုစားကြရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAnonymousမှ ပြန်ဆို ရေးသားထားပါတယ်)...
Peter Pan (2003)
⭐IMDB: 6.8/10 (78 k Votes)
🎬 #Adventure #Family #Fantasy #Romance
🗓 2003 🎞 movie
📺 #480p #720p #1080p
💿 858.7 MB ⦿ 1.1 GB ⦿ 2.2 GB
🌎 #UnitedKingdom #UnitedStates #Australia
⏰ 1 နာရီ 53 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။
လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။
မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77%...
Broker (2022)
⭐IMDB: 7.2/10 (13 k Votes)
🎬 #Drama #Comedy #Crime
🗓 2022 🎞 movie
📺 #480p #720p #1080p
💿 240.5 MB ⦿ 855.1 MB ⦿ 2.3 GB
🌎 #SouthKorea
⏰ 2 နာရီ 9 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Broker(2022) အညွှန်း ****************** IMDb…7.5 ဒီကိုရီးယားရုပ်ရှင်ဟာ Box Office စာရင်းဝင်ခဲ့ပြီး ဆုကြီ:တွေလည်းရရှိခဲ့ပါတယ်… မင်းသားကြီး Song Kang-ho , Dong-won Gang နဲ့ မင်းသမီး IU တို့ရဲ့ Drama ဆိုတော့ လုံးဝကိုလက်မလွှတ်သင့်ဘူးလို့ ဆိုရမှာဖြစ်သလို အညွှန်းဖတ်စရာတောင် မလိုဘဲ ဒေါင်းသင့်တဲ့ ကားမျိုးပါ… ဒီဇာတ်ကားလေးကတော့ Baby box လို့ခေါ်တဲ့ ကလေးအိပ်ရာဘူးထဲမှာ ကလေးတွေကိုစွန့်ပစ်သွားတာကို အခြေခံထားပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်… Sang Hyun(Song Kang Ho) နဲ့ Dong Soo(Kang Dong Won) ဆိုတဲ့သူတွေက အဲ့ဒီဘူးထဲမှာ ထည့်ထားခဲ့တဲ့ကလေးတွေကိုခိုးပြီး တခြားမွေးစားမယ့် မိဘတွေဆီ ကလေးတွေကိုရောင်းစားတဲ့သူတစ်ယောက်ပါ…သူ့တို့ကိုယ်သူတို့ Broker လို့ခေါ်ပါတယ် တစ်နေ့ So Young(Lee Ji Eun) ကသူမရဲ့ကလေးကို အဲ့ဒီ Baby box ထဲထည့်ထားပြီးစွန့်ပစ်ထားခဲ့ပါတယ် … So Young ရဲ့ကလေးကို ဟို Broker နှစ်ယောက် ကယူသွားပြီး မွေးစားဖို့တခြားမိဘတွေဆီရောင်းဖို့လုပ်တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ So Young ကရော ဘာလို့ကလေးကို စွန့်ပစ်တာလဲဆိုတာ သိချင်ရင်တော့🤩 ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး IU ပါဝင်တဲ့ကားလေးမိို့ ကလေးအမေအနေနဲ့ ဘယ်လိုသရုပ်ဆောင်ထားလဲ သူ့ရဲ့ Character ကရော ဘယ်လိုရှိမလဲဆိုတာကြည့်ကိုကြည့်သိပါတယ်နော် 🥳❤️ File Size : (2.3GB)(855MB) and (240 MB)Quality : WEB-DL 1080P, 720pFormat…mp4Duration…02:09:00Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Song Song,So Ri & Nan D LinEncoded by Phyo Pyae
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
The Lost Leonardo (2021)
⭐IMDB: 7.5/10 (2 k Votes)
🎬 #Documentary #Mystery #History
🗓 2021 🎞 movie
📺 #720p #1080p
💿 823.8 MB ⦿ 1.7 GB
🌎 #Denmark #France #Canada #Sweden #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lost Leonardo (2021)
~ IMDb – 7.5/10, Rotten Tomatoes – 97% ~
ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။
လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကိုSalvator Mundiလို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။
ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား တွေ့ရှိခဲ့ရတဲ့ထဲ လီယီုနာဒိုရဲ့ နောက်ဆုံးပန်းချီကားလို့ ဆိုကြတာကို လူအများစုကတော လက်မခံနိုင်ခဲ့ပါဘူး။
သို့ပေမဲ့ ဒီကားကို ပြတိုက်တွေကတော့ လီယိုနာဒိုကားအနေနဲ့ပဲ ပြသခဲ့ပါတယ်၊ လေလံဆွဲတင်ရာမှာလည်း ဈေးအမြင့်ဆုံး အနုပညာပစ္စည်းအဖြစ် သန်း၄၅၀အထိ ရခဲ့ပါတယ်။ သို့ပေမဲ့ ဒီဖြစ်ရပ်တွေဟာ ဒီလောက်ရိုးရှင်းနေခြင်းမရှိဘဲ နောက်ကွယ်မှာအာဏာ နိုင်ငံရေး ငွေ စတာတွေ ဝင်ပတ်သက်နေပါတယ်။
အနုပညာပစ္စည်းတွေကို ကျွန်တော်တို့မြင်တဲ့အမြင်ကတော့ ရိုးရှင်းပေမဲ့ တကယ်တမ်းမှာ ဒီလောက်ရိုးရှင်းမနေဘဲ အနုပညာပစ္စည်းတွေဟာ ဘိန်းနဲ့ ညဉ့်ငှက်ဈေးကွက်ပြီးရင် မသမာဆုံးဈေးကွက်ကို ပိုင်ဆိုင်ထားတယ်တောင် ဆိုကြတဲ့အထိ နောက်ကွယ်မှာ ရှုပ်ထွေးပွေလီပါတယ်။
ဒီရုပ်ရှင်ကတော့ လီယိုနာဒိုရဲ့ နောက်ဆုံးပန်းချီကားနဲ့တကွ အနုပညာအရောင်းအဝယ်အမည်ခံ မသမာမှုတွေ ရှုပ်ထွေးပွေလီမှုတွေအကြောင်း ကျွန်တော်တို့ကို အလင်းဖွင့်ပြပေးမယ့် ရုပ်ရှင်ပါပဲ။ ဗဟုသုတအနေနဲ့ရော ပန်းချီတွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ရော ကြည့်သင့်တဲ့ ၁၀၀ရာခိုင်နှုန်းဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Nymphomaniac: Vol. II (2013)
⭐IMDB: 6.6/10 (96 k Votes)
🎬 #Adult #Drama #Mystery
🗓 2013 🎞 movie
📺 #480p #720p #1080p
💿 343.3 MB ⦿ 834.1 MB ⦿ 2.0 GB
🌎 #Denmark #Germany #Belgium #UnitedKingdom #France #Sweden
⏰ 2 နာရီ 04 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[21+] Nymphomaniac Vol.2 (2013)
Rating အမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည် းရထားတဲ့ Adult Art flim တစ်ခု ဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ကားဖြစ်ပြီး ရှည်လွန်းလို့ နှစ်ကား ခွဲထားရတဲ့Nymphomaniac Vol-1ပထမကားရဲ့ အဆက် Volume 2 ပါ။
Volume 1 နောက်ဆုံးမှာ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေ ပျောက်သွားတဲ့ ကာမစိတ်လွန်ကဲနေတဲ့ ဂျိုးတစ်ယောက် သူ့ရဲ့ ကာမခံစားမှုတွေနဲ့ orgasm ကို ပြန်ရဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရင်း ဖြစ်လာခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တွေ၊ ခံစားချက်တွေကို အဘိုးကြီးကို ပြန်ပြောင်းပြောရင်း ရင်ဖွင့်လိုက်ပါတယ်။
သိုင်းချတဲ့အခန်းတွေတော့ အများကြီးမပါတော့ပေမဲ့ ဇာတ်လမ်းကတော့ အရမ်းကိုကောင်းသထက်ကောင်းရင်း ပြီးသွားတဲ့အထိကို ဇာတ်ရှိန်ကျမသွားတဲ့ တကယ်ကိုကောင်းမွန်တဲ့ Art Film တစ်ခုပါပဲ။
ဂျိုးနဲ့အဘိုးကြီးရဲ့စကားဝိုင်းကလည်း တချိန်လုံးနီးပါး စကားလုံးအမြင့်တွေကိုပဲ သုံးထားပြီး လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံတွေကို ချိုးဖောက်တဲ့ အယူအဆတွေ၊ ရှုထောင့်တွေကို သေသေသပ်သပ် ထည့်သွင်းနိုင်တာကလည်း ဇာတ်လမ်းကို ပိုတောင်ကြွသွားစေပါတယ်။
နာမည်ကျော်မင်းသားကြီး William Dafoe တောင်မှ scene နှစ်ခုလောက် ပါဝင်အားဖြည့်ထားပါတယ်။ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ သိပ်ကောင်းတဲ့ 21+ကားလေးကိုတော့ လက်လွှတ်မခံဘဲကြည့်ရှုလိုက်ပါတော့။...
Nymphomaniac: Vol. I (2013)
⭐IMDB: 6.9/10 (128 k Votes)
🎬 #Adult #Drama
🗓 2013 🎞 movie
📺 #480p #720p #1080p
💿 437.2 MB ⦿ 924.4 MB ⦿ 2.9 GB
🌎 #Denmark #Germany #Belgium #UnitedKingdom #France #Sweden #UnitedStates
⏰ 2 နာရီ 28 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[21+] Nymphomaniac Vol.1 (2013)
Ratingအမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည်းရထားတဲ့ Adult Art film တစ်ခုဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ကားဖြစ်ပါတယ်။
လမ်းထဲမှာ ဒဏ်ရာတွေနဲ့လဲကျနေတဲ့ မိန်းကလေးတစ်ယောက်ကို ဦးလေးကြီးတစ်ယောက်က ကူညီပြီးသူ့အိမ်ကိုခေါ်သွားရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလဲလို့မေးတဲ့အခါ မိန်းကလေးက သူ့ဘဝဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြပါတော့တယ်။ (သူ့ဇာတ်လမ်းကို chapter 8ခန်းခွဲထားပြီး ဒီvol 1မှာတော့ 4ခန်းပါဝင်ပြီး နောက်4ခန်းကိုတော့ vol2မှာ ကြည့်ရှုရမှာပါ။)
သူ့နာမည်ကတော့ ဂျိုးဖြစ်ပြီး ငယ်ငယ်ကတည်းက ကာမစိတ် လွန်ကဲနေသူဖြစ်လို့ ကိုယ့်ကိုယ်ကို အပျက်မ၊ အပြစ်ရှိသူလို့ ခံယူထားတာပဲဖြစ်ပါတယ်။
သူရဲ့ ငယ်ဘဝကတည်းက ဘယ်လိုထန်ခဲ့ပုံ …ယောင်္ကျားတွေနဲ့ ဘယ်လိုကစားခဲ့ပုံ …သူရဲ့ အထီးကျန်လှတဲ့ ဘဝကို ယောက်ျားတွေနဲ့ ဖြေသိမ့်နေရပုံ …တစ်ညတစ်ည ၁၀ ယောက်လောက်နဲ့ အလှူပေးပုံတို့ကို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားပါတယ်။
ကိုးရီးယား 18+ တွေလို အားတိုင်းကြဲနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဆန်ဆန် ကြည့်ချင်သူများ ဒီလိုကားမျိုးကို လက်မလွှတ်ကြဖို့ အကြံပေးချင်ပါတယ်။ အားတိုင်းကြဲနေတာမျိုးမဟုတ်ပေမဲ့ ပါလိုက်တဲ့ အခန်းတိုင်းကလည်း ဘာဆင်ဆာမှ မပါတဲ့အထိကို ကြမ်းလွန်းတာကြောင့် Dark Side ကတော့ 21+ အနေနဲ့ သတ်မှတ်ပေးထားပါတယ်။...
A Beautiful Curse (2021)
⭐IMDB: 4.7/10 (204 Votes)
🎬 #Drama #Fantasy
🗓 2021 🎞 movie
📺 #720p #1080p
💿 495.4 MB ⦿ 927.5 MB
🌎 #Denmark #France
⏰ 1 နာရီ 31 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Beautiful Curse (2021)
ပဟေဠိဆန်ဆန် ရိုမန့်တစ်ဆန်ဆန်ကားကိုမှ မင်းသမီးချောချောလေးနဲ့ တွဲဖက်ထားတာဆိုတော့ အားလုံးကြိုက်ကြမယ့် ကားကောင်းပါပဲ။ Sleeping Beauty ဒဏ္ဍာရီကို တစ်ခေတ်ဆန်းထားတာမို့ အားလုံးငြိကြမယ့် ကားကောင်းလည်း ဟုတ်ပါတယ်။
ရိုမန့်တစ် အရမ်းဆန်တာမို့ စော်မရှိဘဲမရှိများတော့ မကြည့်စေချင်ပါဘူး။
တစ်မြို့လုံးထူးဆန်းစွာ အိပ်ပျော်သွားကြတဲ့ မြို့ကလေးတစ်မြို့ရှိတယ်။ အဲဒီမြို့ကလေးကို ဓာတ်ပုံဆရာတစ်ယောက်ရောက်လာပြီး အဲဒီမြို့လေးမှာ ဘာတွေဖြစ်နေလဲ မှတ်တမ်းတင်ဖို့လုပ်တယ်။ ထူးတာကတော့ အိပ်နေတဲ့လူတွေဟာ ထူးခြားစွာ နေရာပေါင်းစုံ ပတ်ရွေ့နေကြတာပါပဲ။ ဒီအဖြစ်အပျက်ဟာ သေစေနိုင်တယ်လို့ အစိုးရက သတ်မှတ်ပြီး အဲဒီမြို့ကလေးကိုပိတ်ချလိုက်ပေမဲ့ ဘာရောဂါလဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ မြို့လေးကရောဂါတွေဟာ ပဟေဠိဆန်စွာ မြို့သားတွေကို ဝါးမျိုသွားခဲ့တယ်။ဓာတ်ပုံဆရာဟာ အိမ်တစ်အိမ်ကို ခိုး၀င်ရင်း အိပ်ပျော်နေတဲ့ မိန်းမလှလေးကို တွေ့သွားရာက ကျိန်စာလှလှလေး ဘယ်လိုဖြစ်လာမလဲ ရှု့စားကြရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)...
The Sea Beast (2022)
⭐IMDB: 7.0/10 (53 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2022 🎞 movie
📺 #720p #1080p
💿 1.3 GB ⦿ 2.9 GB
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 59 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။
ဇာတ်လမ်းထဲမှာတော့
မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီးသူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲကနာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသားလက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ…....
The World of Kanako (2014)
⭐IMDB: 6.5/10 (6 k Votes)
🎬 #Drama #Mystery #Thriller #Crime
🗓 2014 🎞 movie
📺 #480p #720p #1080p
💿 474.6 MB ⦿ 871.4 MB ⦿ 3.0 GB
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The World of Kanako (2014)=====================IMDb Rating – 6.5/10
ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်းတတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာအားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်းဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက်မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင်တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်းစုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။
ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆိုတော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင်ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Underthe Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို MemoirsOf A Geisha , Tampopo , Cure တိုလို မာစတာပိစ်ကားတွေမှာ သရုပ်ဆောင်ဖူးပါတယ်။ အာရှရုပ်ရှင်ဆုပေးပွဲမှာ 2019 မှာ Excellence inAsian Cinema Award ဆုကိုရထားတဲ့ ဂျပန်မင်းသားကြီးပါ။ ဒီဆုကိုရထားတဲ့သူ လက်ရှိမှာ ၇ယောက်ပဲရှိပြီး မင်းသား၃ယောက် မင်းသမီး၄ယောက်ပဲရထားပါတယ်။ ကျန်တဲ့မင်းသား၂ယောက်ကတော့ အီဗြောင်ဟွန်း၊ koreeda လက်စွဲ Hiroshi Abeတို့ပါပဲ။ နောက်အကြောင်းရင်းကတော့ ခုနောက်ပိုင်းဂျပန်ရုပ်ရှင်အသစ်တွေမှာ တွေ့ရတာများတဲ့ ဂျပန်ကားသစ်ပရိသတ်တွေ ကြိုက်ကြတဲ့ Nana Komatsuပါပဲ။ My Tomorrow,Your Yesterday ,The Last 10 Years , After the Rainတို့မှာ သရုပ်ဆောင်ဖူးပါတယ်။ သူလည်း ဂျပန်ရဲ့ လက်ရှိနာမည်အကြီးဆုံးမင်းသမီးထဲပါပါတယ်။ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမှာမှ ဂန္တဝင်မင်းသားနဲ့ နာမည်ကျော်မင်းသမီးကို တွဲမြင်ရမှာဆိုတော့ အာရှစီနီမာကိုကြိုက်တဲ့လူတွေ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ပါပဲ။ အနည်းဆုံးတော့ ဒီကားကြည့်လိုက်ရင်Koji Yakushoဟာ ဘာလို့ Excellence in AsianCinema Awardဆုရထားလဲတော့ ကောင်းကောင်းကြီး သဘောပေါက်သွားကြမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)...
Great Yarmouth: Provisional Figures (2022)
⭐IMDB: 6.9/10 (157 Votes)
🎬 #Drama
🗓 2022 🎞 movie
📺 #4K #480p #720p #1080p
💿 448.2 MB ⦿ 678.8 MB ⦿ 1.8 GB
🌎 #Portugal #France #UnitedKingdom
⏰ 1 နာရီ 53 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Great Yarmouth: Provisional Figures (2022)===============================IMDb Rating – 6.9/10
ဒီဇာတ်ကားလေးကတော့ ၂၀၂၂ ခုနှစ်ကထွက်ခဲ့ပြီး ဒါရိုက်တာMarco Martins ရိုက်ကူးခဲ့တဲ့ဇာတ်ကာင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Brexit အရေးမတိုင်ခင် ၂၀၁၉ခုနှစ် အောက်တိုဘာမှာ UK ရဲ့ Norfolk စီရင်စု Great Yarmouthမြို့ထဲကို ပေါ်တူဂီရွှေ့ပြောင်းအလုပ်သမားတွေအများကြီး၀င်လာကြပါတယ်။ အဲဒီအလုပ်သမားတွေက ကြက်ဆင်စက်ရုံတွေမှာအလုပ်ရှာကြပါတယ်။
ပေါ်တူဂီအလုပ်သမားတွေရဲ့ ဆရာမကြီးဖြစ်တဲ့ Tânia ကတော့အရင်ကအဲဒီ ကြက်ဆင်မွေးမြူထုတ်လုပ်တဲ့စက်ရုံတွေမှာအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး ဟိုတယ်ပိုင်ရှင် အင်္ဂလိပ်လူမျိုးကိုလက်ထပ်ထားသူပါ။ သူ(မ)ကဗြိတိန်နိုင်ငံသားဖြစ်ဖို့နဲ့ သူ(မ)ယောက်ျားရဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ဟိုတယ်တွေကိုလည်း ပြန်လည်မွမ်းမံပြီး senior citizens home တည်ဆောက်ဖို့အိမ်မက်ရှိသူပါ။
ဒီဇာတ်ကားလေးမှာဆိုရင် ပေါ်တူဂီအလုပ်သမားတွေရဲ့ဘ၀တွေ၊ သူတို့လုပ်နေရတဲ့ စိတ်ပျက်စရာအလုပ်တွေနဲ့ လူတွေရဲ့စိတ်ဓာတ်ယုတ်ညံ့ပုံတွေကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Kat ဖြစ်ပါတယ်)...
5 Days of War (2011)
⭐IMDB: 5.6/10 (14 k Votes)
🎬 #Action #Drama #War
🗓 2011 🎞 movie
📺 #480p #720p #1080p
💿 566.9 MB ⦿ 978.8 MB ⦿ 2.4 GB
🌎 #Georgia #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
5 Days of War (2011)===============
ရုရှား- ဂျော်ဂျီယာတိုရဲ့ ၅ရက်ကြာစစ်ပွဲကြားက သတင်းထောက်တွေနဲ့စစ်ဘေးဒုက္ခသည်တိုရဲ့ဘဝကို ရိုက်ကူးတင်ဆက်ထားတာပါ။ရုရှားတွေရဲ့နယ်မြေပြန်လည်ရယူလိုတဲ့ဆန္ဒနဲ့ ဂျော်ဂျီယာရဲ့ အနောက်နိုင်ငံတွေနဲ့ပူးပေါင်းလိုတဲ့ဆန္ဒတို့ ထိပ်တိုက်တွေ့လာတဲ့အခါ မလိုလားအပ်တဲ့အကျည်းတန်စရာ စစ်မြေပြင်ဖြစ်လာခဲ့တယ်။ ရွာတွေကိုမီးရှို့ အကြောင်းမဲ့လူသတ်ဖြတ်တာတွေက တကယ့်ကို ကြေကွဲ၊ဒေါသထွက်စရာပါပဲ။
ရုရှားတွေ ဂျော်ဂျီယာနယ်စပ်ကိုကျော်ပြီးလုပ်လာတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အမေရိကန်သတင်းထောက်နှစ်ယောက်တို့က ဖော်ထုတ်ဖို့ဖြစ်လာခဲ့တယ်။ အမေရိကန် သတင်းဌာနတွေကလည်း အိုလံပစ်ကာလကြောင့် သူတို့ပေးတဲ့သတင်းကို လိုလိုလားလားမရှိခဲ့ကြဘူး။ဒီလိုနဲ့ ဂျော်ဂျီယာနယ်ခံအမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီး သူတိုရိုက်ကူးလာတဲ့ဗီဒီယိုဖိုင်ကို ကမ္ဘာကြီးသိအောင်ချပြဖို အစွမ်းကုန်ကြိုးစားရပါတော့တယ်။ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ပြထားတာဖြစ်လို ၅ရက်ကြာစစ်ပွဲမှာ ဘယ်လိုအကြောင်းအရာတွေမြင်တွေ့ရမလဲဆိုတာဆက်လကကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
