ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Red Planet (2000) ⭐TMDB: 57% User Score 🎬 #Action #ScienceFiction #Thriller 🗓 2000 🎞 video movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Planet (2000) IMDb Rating (5.7) / Rotten Tomatoes (14%) 2000 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Red Planet ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Antony Hoffman  ကရိုက်ကူးတင်ဆက်ထားကာ IMDb Rating 5.6 ရရှိထားပါတယ်။ သိပ္ပံအက်ရှင်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်ဖို့သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲ့ဇာတ်ကားဟာ Las Vegas Film Critics Society Awards ပွဲမှာ ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်တေး “The Tower That Ate People”. သီချင်းအတွက် Best Song Award အတွက်လည်းလျာထားခြင်းခံခဲ့ရပါတယ်။ သရုပ်ဆောင်တွေအဖြစ်  Val Kilmer, Carrie-Anne Moss, Tom Sizemoreစတဲ့သရုပ်ဆောင်တွေက ပါဝင်ထားကြပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lotus Black ဖြစ်ပါတယ်။)
...

Kang Mak (2024) ⭐IMDB: 6.5/10 (485 Votes) 🎬 #Comedy #Horror #Romance #War 🗓 2024 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 3 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kang Mak (2024)**************** Pee Mak ကို remake ပြန်ရိုက်ထားတဲ့ Pee Mak အင်ဒိုနီးရှားဗာရှင်း Kang Mak ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ… အင်ဒိုဗားရှင်းမှာရော ဘယ်လိုအခွီတွေနဲ့ ဘယ်လိုတွေ တင်ဆက်သွားဦးမှာလဲဆိုတာကို ရှုစားကြပါဦး… ဇာတ်လမ်းအကျဉ်း————- ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည်အတွက် စစ်တိုက်ဖို့ ထွက်လာခဲ့ရတဲ့ မက်မူရ်… ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာရီ…သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး… ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန်ပြန်လာချင်… အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာမှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်း… မိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံးသွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ်လွန်းအားကြီးပြီး… မကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတို့ရွာမှာတော့ စေတန်ဆာရီဆိုရင်ကို… နာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မထွက်ရဲလောက်အောင်ထိ… ဖြစ်နေပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ စစ်ပွဲကြီးလည်း ပြီးဆုံးကာ ယောက်ျားဖြစ်သူ မက်မူရ်တစ်ယောက်… မိန်းမဆီကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပြန်လာခဲ့ပါတော့တယ်… ဘဝခြားနေကြပြီဖြစ်တဲ့ သူတို့နှစ်ယောက် … ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်
...

Broken Lance (2024) ⭐IMDB: 5.7/10 (101 Votes) 🎬 #Action #Animation #Horror #ScienceFiction #Short 🗓 2024 🎞 video movie 🌎 #UnitedKingdom ⏰ 29 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Broken Lance (2024) မိသားစု၊ အာဏာနှင့် စိတ်ဝင်စားဖွယ်ရာ ကြမ်းတမ်းမှုများကို ရောနှောထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေရဲ့ အကြောင်းအရာတွေကိုကောင်းကောင်း ဖော်ပြထားနိုင်ပါတယ်။ ဇာတ်ကားကို နာမည်ကျော် animator တစ်ဦးဖြစ်တဲ့ John Smith မှ ဒါရိုက်တာလုပ်ပြီး ၊ ရုပ်ရှင်ရဲ့ ပုံစံတွေ နှင့် အလှတရားတွေကတော့ အထူးသဖြင့်ပိုမိုစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဇာတ်လမ်းတွင် အဖေကြီးရဲ့ အာဏာကြောင့် သူ့ရဲ့ သားသမီးများနှင့် ဆက်ဆံရေးများ ပျက်ကွက်ပြီးတော့၊ အကြမ်းဖက်မှုနှင့် မုန်းတီးမှုများကြား ငြိမ်းချမ်းမှု ရှာဖွေဖို့ကြိုးစားကြပါတယ် ။ Broken Lance ရဲ့ ရုပ်ရှင်အကြောင်းအရာနှင့် ပုံစံတွေကြောင့် 2024 ခုနှစ်အတွင်းမှာ နာမည်ကြီးတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပြီးတော့ ၊ အာဏာနှင့် မိသားစုအကြောင်း စိတ်ဝင်စားသူများအတွက် မဖြစ်မနေ ကြည့်သင့်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

The Gangs, the Oscars, and the Walking Dead (2019) ⭐IMDB: 6.6/10 (261 Votes) 🎬 #Comedy #Crime 🗓 2019 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 41 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gangs, the Oscars, and the Walking Dead (2019)************************************************** ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ် ဟာသကားလေးတစ်ကားကို… တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဝါသနာကြီးတဲ့ လူမိုက်တွေရဲ့ အဖြစ်အပျက်တွေကို ဒီဇာတ်လမ်းမှာ ဟာသမြောက်အောင် ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း————- ငယ်ငယ်ကတည်းက ဝါသနာတူပြီး အတူကစားပြီးကြီးပြင်းလာကြတဲ့ သူငယ်ချင်း(၂)ယောက်… တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီးနေလာရာကနေ အသက်လေးရလာတော့… ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်… ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်… အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်… သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ… အဲဒီဂိုဏ်းထဲရောက်မှ ငါးပါးမှောက်တော့တာပဲ…သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး… ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… ဇာတ်လမ်းအညွှန်းကို MiMi မှ ရေးသားပေးထားပါတယ်။
...

Futureless Things (2014) ⭐IMDB: 6.0/10 (216 Votes) 🎬 #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Futureless Things (2014)************************ ဒီဇာတ်ကားလေးကတော့ ကုန်စုံဆိုင်လေးက အလုပ်သမားတွေ ကြုံတွေ့ရလေ့ရှိတဲ့အဖြစ်အပျက်လေးတွေနဲ့ … အခက်အခဲလေးတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ သရုပ်ဆောင်မင်းသားချောလေး… ဂုံမြောင်နဲ့ ရှင်းဂျယ်ဟာတို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးဂျောင်ဟယ်အင်းတို့လည်းပါဝင်ပါတယ်… လူမှုပတ်ဝန်းကျင်မှာတွေ့ရလေ့ရှိတဲ့ လူမှုဆက်ဆံရေးအကြောင်းကို ဟာသ သဘောလေးလည်းနှောပြီး… ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ကုန်စုံဆိုင်လေးမှာအလုပ်လုပ်နေတဲ့သူလေးတွေရဲ့ … နေ့စဉ်ဖိအားပေးမှုတွေကို ရင်ဆိုင်ကြရင်း သူတို့ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေနေကြတာကို တွေ့ရမှာပါ… ဒီဇာတ်ကားလေးဟာ ဟာသအမြင်တခုတည်းမဟုတ်ဘဲ တကယ့်နေ့စဉ်ဘဝမှာရော လူတွေဘယ်လိုခံစားနေရလဲဆိုတာကို… မြင်အောင်ပုံဖော်ပြထားပါတယ်။ ဒါဆိုရင် သူတို့လေးတွေ ဘယ်လိုပြဿနာလေးတွေကိုရင်ဆိုင်ရပြီး… ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ကြည့်လိုက်ရအောင်ပါနော်… ဇာတ်လမ်းအညွှန်းကို Hom မှ ရေးသားပေးထားပါတယ်
...

A Matter of Interpretation (2014) ⭐IMDB: 6.6/10 (89 Votes) 🎬 #Drama #Life 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Matter of Interpretation (2014)********************************* အိပ်မက်တွေဟာ ကိုယ်ချိုးနှိမ်ဖိနှိပ်ထားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့နေရာလို့ လူတွေ ပြောလေ့ရှိတယ်။ ခံစားချက်တွေ၊ နက်ရှိုင်းစွာ တည်ရှိနေတဲ့ အာသီသတွေကို ထုတ်ဖော်ပေးတဲ့ နေရာတစ်ခုပေါ့… ပြဇာတ်မင်းသမီး ယွန်းရှင်းဟာ အိပ်မက်တွေအပေါ် အယုံအကြည်သိပ်မရှိပါဘူး။ လက်တွေ့ဆန်လွန်းလှတဲ့… သူမရဲ့ဘဝကြောင့် စိတ်ကူးယဉ်နိုင်စွမ်းတွေလည်း ကင်းမဲ့နေခဲ့တာ ကြာပါပြီ။ တစ်နေ့ သူမရဲ့ပြဇာတ်ကို… ပရိသတ်တစ်ဦးမှ မလာတဲ့အခါ ဘဝကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ သူမအနေနဲ့ တစ်ခါကချစ်ခဲ့ရတဲ့ ပြဇာတ်ရုံထဲကနေ… ဒေါသမာန်နဲ့ ထွက်လာခဲ့တော့တယ်။ အဲဒီနောက် စိတ်မကြည်မလင်နဲ့ အနီးအနားက ပန်းခြံတစ်ခုကိုသွားပြီး… ဆေးလိပ်ဖွာနေတုန်း အိပ်မက်အဓိပ္ပာယ်ဖော်တတ်တဲ့ စုံထောက်တစ်ဦးနဲ့ တွေ့ဆုံတော့တယ်။ ဒီလိုနဲ့ ပြဇာတ်သရုပ်ဆောင်… ယွန်းရှင်းဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူမရဲ့စိတ်ပြင်းပြမှုတွေ၊ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ စိတ်ရဲ့အနက်ရှိုင်းဆုံးထဲက… ခံစားချက်တွေကို ပိုနားလည်သဘောပေါက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာတော့တယ်။ အူကြောင်ကြောင်နဲ့… ဟာသလေးတွေနှောထားတဲ့ လွမ်းဆွေးစရာ ဒရမ်မာရုပ်ရှင်လေးဖြစ်တာမို့ ကြည့်တဲ့အချိန်… အထူးအဆန်းလေးဖြစ်နေမှာ သေချာပါတယ်။ Indie films တွေ နှစ်ခြိုက်သူအဖို့တော့ ဒါက hidden gem ပါပဲ။ ဇာတ်လမ်းအညွှန်းကို Esther Oo မှ ရေးသားပေးထားပါတယ်
...

Set Me Free (2014) ⭐IMDB: 6.6/10 (202 Votes) 🎬 #Drama #Youth 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Set Me Free (2014)****************** ဒီကားလေးမှာတော့ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာနဲ့ ပင်ပန်းမှုဆီက လွတ်မြောက်ဖို့ ထွက်ပေါက်ရှာချင်နေတဲ့… လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးပြထားပါတယ်။ အဓိကဇာတ်ဆောင်ယောင်ဂျေအဖြစ်နဲ့ … မင်းသားချွဲဝူရှစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှင်းဂျယ်ဟာနဲ့ ဂန်ရှင်းချောတို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးမှာ လွတ်မြောက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းရိုက်ကူးထားတာတွေ့ရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း————– ယောင်ဂျေဟာ အသက် ၁၇ နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်ပြီး အီစက်လို့အမည်တွက်တဲ့… ခရစ်ယာန်အသင်းတော်အိမ်မှာ နေထိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အီစက်ကနေ ထွက်သွားဖို့ကြိုးစားနေပြီး… သူ့ရဲ့တာဝန်မဲ့တဲ့အဖေဖြစ်သူကြောင့် အိမ်ကိုလည်းမပြန်ချင်ဖြစ်နေပါတယ်။ လူအများရှေ့မှာဆိုရင်တော့… ဘုန်းတော်ကြီးတစ်ပါးဖြစ်လာဖို့ပဲ စိတ်ဝင်စားတဲ့ စံပြကျောင်းသားတစ်ယောက်အနေနဲ့ ဟန်ဆောင်နေထိုင်ပြီး… နောက်ကွယ်မှာတော့ အသင်းတော်အိမ်ကနေ ဖိနပ်တွေခိုးယူ ရောင်းစားလေ့ရှိပြီး သူငယ်ချင်းတွေကိုလိမ်ညာလေ့ရှိပါတယ်။ အီစက်အိမ်ကနေထွက်သွားဖို့ကြိုးစားနေရင်းပဲ သူ့အဖေက ရောက်လာခဲ့ပြီး ညီဖြစ်သူကိုပါ… သူ့လက်ထဲအပ်ခဲ့ဖို့လုပ်လိုက်တဲ့အခါမှာတော့…ယောင်ဂျေတစ်ယောက် ဘယ်လိုတုံ့ပြန်မှာလဲ… ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်
...

My Next Doll (2023) ⭐TMDB: 40% User Score 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 45 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Next Doll (2023)******************* Sex robot ဖြစ်တဲ့ အန်နာကိုချစ်မိသွားပြီး လက်ထပ်ခဲ့တဲ့ အစ်ဆိုတဲ့ကောင်လေးက… အန်နာနဲ့သူ့ကြားက အချစ်ဆိုတာကိုယုံကြည်ချက်ရှိနေသူဖြစ်ပါတယ်။ အန်နာရဲ့ program မှာ… ထည့်သွင်းမထားတဲ့ ခံစားချက်တွေကြောင့် စက်ချို့ယွင်းမှုဖြစ်ပြီး အန်နာ့ကို reset ချဖို့ဖြစ်လာပေမဲ့… အန်နာက သူနဲ့အစ်တို့အတူကုန်ဆုံးခဲ့ရတဲ့အမှတ်တရတွေကို မေ့မပစ်ချင်တာကြောင့်… သူ့ကိုယ်သူပဲဖျက်ဆီးပစ်ခဲ့ပါတယ်။ အစ်ကတော့ အန်နာဆီကနေ move on မလုပ်နိုင်သေးဘဲရှိနေပေမဲ့… သူ့ဦးလေးက မာရီယာဆိုတဲ့ ဆက်ဆီကျတဲ့ သူနာပြုစက်ရုပ်မလေးကို သူ့ဆီပို့လာပါတယ်။ အစ်က‌ မာရီယာ့ကိုဘယ်လောက်ပဲ တွန်းထုတ်နေပါစေ မာရီယာကတော့ အစ်ကိုဂရုစိုက်မြဲစိုက်ဆဲပါပဲ။ အစ်တစ်ယောက် မာရီယာ့ကိုထပ်ပြီးချစ်မိသွားမှာလား။ ဒါမှမဟုတ် အန်နာ့အပေါ်သစ္စာရှိနေဦးမှာလားဆိုတာ… ဒီအရုပ်မဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ်
...

The Six Triple Eight (2024) ⭐IMDB: 6.7/10 (15 k Votes) 🎬 #Drama #History #War 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 RT – 53% ဒုတိယကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန် ဇာတ်ကားသစ်တစ်ခုဖြစ်ပါတယ်။ လူမည်းနီဂရိုးတွေကို အစဉ်အလာနှိမ်တတ်တဲ့ အမေရိကန် ပြည်ထောင်စု၊ အမျိုးသမီးများကို ဖိနှိပ်ထားချင်တဲ့ အမေရိကန် ပြည်ထောင်စုမှာ လူမည်းအမျိုးသမီးချည်းပါတဲ့ တပ်ရင်းတစ်ရင်းဖြစ်လာဖို့ဆိုတာ အတော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဖြစ်လာပြီးရင်တောင်မှ တာဝန်ပေးခံရဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ ဒါကိုမှ သူများမလုပ်နိုင်တဲ့ တာဝန်ကို အောင်မြင်အောင်ထမ်းဆောင်နိုင်ခဲ့တဲ့ အမှတ် ၆၈၈၈ နီဂရိုးအမျိုးသမီးတပ်ရင်းအကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်မှာ အမေရိကန်စစ်သည်တွေအပြင် အမေရိကန်ပြည်သူတွေမှာပါ ရန်သူတစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ စစ်မြေပြင်ကနေ အိမ်ကို စာအဆက်အသွယ်လုပ်လို့မရသလို အိမ်ကနေလဲ စစ်မြေပြင်ဆီကို ဆက်သွယ်မရပါဘူး။ အဆက်အသွယ်မရလေ အိမ်က မိသားစုဝင်များက စိတ်ပူလေ…စစ်ဌာနချုပ်ကို စောဒကတွေတက်လေ၊ စစ်ဌာနချုပ်မှာလည်း စစ်ရေးရည်မှန်းချက်တွေရှိလေတော့ မဖြည့်ဆည်းပေးနိုင်၊ နောက်ဆုံး သမ္မတကတော်နားပေါက်ကြားသွားလေမှ သမ္မတကပါ ဖိအားပေးတောင်းဆိုရပါတော့တယ်။ ဒီအခါ နီဂရိုး အမျိုးသမီးတပ်ဖွဲ့ကို ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ ဒီ ‌စာဝေရေးတာဝန်ကို ပေးအပ်ခဲ့ပါတယ်။ ဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ ပေးအပ်ကြတာဖြစ်ပြီး လေယာဉ်ရုံကြီးတွေနဲ့ အပြည့် စာ‌အစောင်ပေါင်း ၁၇သန်းကို ခြောက်လအတွင်း နီဂရိုးအမျိုးသမီးတပ်ရင်းဟာ အခက်အခဲတွေကြားက အောင်မြင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ရှုစားရမှာပါ။ Kerry Washington, Ebony Obsidian, Shanice Williams တို့က အဓိက ဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပြီး Director ကတော့Tyler Perry ဖြစ်ပါတယ်။ လောလောဆယ် Hollywood Music in Media Awards မှာ တေးဂီတဆု၊Critics choice award Celebration of Cinema and TV မှာ ဒါရိုက်တာ ဆု၊ African American Film Critics Association မှာ Beacon award စပြီး ဆုသုံးဆုရထားပြီး Nominees ၅ဆု ဝင်ထားပါတယ်။
...

The Last House on the Left (1972) ⭐TMDB: 60% User Score 🎬 #Crime #Horror #Thriller 🗓 1972 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (လိင်မှုဆိုင်ရာ အကြမ်းဖက်မြင်ကွင်းများ၊ ပွင့်လင်းမြင်သာသော ပြကွက်များ ပါဝင်သောကြောင့် မိသားစုနှင့် ကြည့်ရှုရန် မသင့်တော်ပါ) ဒေါက်တာကြီး ဂျွန်တို့ရဲ့ သမီးတော်ကလေး မယ်ရီ ၁၇ နှစ် ပြည့်လေပြီ။ မြီးကောက်ပေါက် ဆယ်ကျော်သက်ဖြစ်သူပီပီ မြို့ထဲကို ရှိုးပွဲသွားကြည့်ချင်နေတော့ လွှတ်လိုက်ရတာပေါ့။ သိတဲ့အတိုင်း မယ်ရီနဲ့အတူတူ ပေါင်းသင်းနေတဲ့ကလေးမလေးက အသွက်တစ်လိုင်းဖြစ်ပြီး နေတာလည်း မြို့ဆင်ခြေဖုံးရပ်ကွက်ဆိုတော့ ရှိုးပွဲမကြည့်ခင်လေး ဆေးခြောက်သောက်ချင်ရာကနေ လိုက်ရှာကြရော။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တကယ့်အာဂ လူသတ်သမား လူဆိုးလူမိုက်ကြီး ၂ ယောက်ကို ခပ်ငယ်ငယ်လူရွယ်လေးရယ် အမျိုးသမီးတစ်ဦးရယ်က ထောင်ဖောက်ပြေးတာ ကူညီပေးပြီး လွတ်မြောက်နေတဲ့အချိန်။ ဆယ်ကျော်သက်သမီးပျိုလေး နှစ်ယောက်ရယ် ဒီ ဝရမ်းပြေးတွေရယ် ဘယ်လို ဆုံတွေ့ကြမလဲ မိဘနှစ်ပါးကရော ဘယ်လိုအရေးကြီးတဲ့နေရာကနေ ပါဝင်လာမလဲ ရဲတွေကရော ဘာလုပ်မလဲ စသဖြင့် တင်ဆက်ထားတဲ့ ခေတ်ဟောင်းရုပ်ရှင်ကားလေး ဖြစ်ပါတယ်။
...

Fear of Ring (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေတစ်ခုသားတစ်ခုဘဝနဲ့ အစွန့်ပစ်ခံဘဝမှာနေလာခဲ့ရတဲ့ယန်ကျန့်မင်ကMBတစ်ညမှာ ဘားတစ်ခုရှေ့မှာလက်ဝှေ့သမားတစ်ယောက်နဲ့ ရန်ဖြစ်နေတဲ့အချိန်လက်ဝှေ့နည်းပြတစ်ယောက်တွေ့သွားခဲ့တယ်။ အဲဒီညမှာသူကအလဲထိုးခံလိုက်ရပေမယ့်သူ့ရဲ့လက်ဝှေ့ပါရမီနဲ့ အလားအလာကိုမြင်နေတဲ့ နည်းပြကသူ့ကိုလေ့ကျင့်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။ သူ့ရဲ့ပထမပွဲစဉ်ကို ဘားရှေ့မှာသူ့ကိုအလဲထိုးခဲ့တဲ့ လက်ဝှေ့သမားကိုဂလဲ့စားချေအနိုင်ယူရင်း စတင်လိုက်ပါတယ်။ယန်ကျန့်မင်က လက်ဝှေ့ပညာရှင်တစ်ယောက်ရဲ့တရားမဝင်သားဖြစ်ပြီးတော့လက်ဝှေ့ချန်ပီယံ လက်ဝှေ့ဘုရင်တစ်ယောက်ဖြစ်တဲ့သူရဲ့အဖေတူအမေကွဲအစ်ကိုက သူ့ကိုစိန်ခေါ်ပွဲထိုးဖို့ကမ်းလှမ်းလာပါတယ်။ညီအစ်ကိုနှစ်ယောက်ရဲ့ အငြှိုးအတေးတွေ၊ မကျေနပ်ချက်တွေ၊ကိုယ့်ကိုယ်ကိုယ်သက်သေပြချင်တာတွေအားလုံးကိုလက်ဝှေ့ကြိုးဝိုင်းထဲမှာ ချပြသွားမှာပဲဖြစ်ပါတယ်။
...

Holiday in the Vineyards (2023) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Holiday in the Vineyards (2023) IMDb Rating (6.2) နာမည်းကြီး၀ိုင်ထုတ်လုပ်တဲ့ Baldwyn Wines လုပ်ငန်းဟာ သူတို့မပိုင်သေးတဲ့ Los Santos ကို စပျစ်ခြံတစ်ခုကို၀ယ်ယူဖို့ကြိုစားနေပါတယ်။ ဒီခြံဟာ လေလံတင်ထားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Margo Baldwyn က သူ့သားဖြစ်တဲ့ Carter ကို စေလွှတ်ပြီး တိတ်တဆိတ်သတင်းတွေ နှိုက်ဖို့စေလွှတ်ခဲ့ပါတယ်။ ဒီတော့ Carter လည်း Los Santos ကိုရောက်ရှိသွားခဲ့ပြီး သူ့အလုပ်ကို အတွင်းလူအဖြစ်စတင်လှုပ်ရှားပါတော့တယ်။ သူကတော့ Val လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်အေဂျင့်ရဲ့အိမ်မှာ လက်သမားဆရာအဖြစ်၀င်ရောက်လုပ်ကိုင်ပြီး သူတို့နဲ့ရင်းနှီးမှုယူခဲ့ပါတယ်။ Los Santos ရောက်တော့ Carter ဟာ ဒီလူအဖွဲ့အစည်းရဲ့ ၀ိုင်အပေါ်ကိုထားရှိတဲ့ စိတ်အားထက်သန်မှုတွေ, ကောင်းမွန်တဲ့၀ိုင်ထုတ်လုပ်မှုတွေကို တွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပြောင်းလာပါတယ်။ Baldwyn Wines လုပ်ငန်းဟာ နာမည်သာရှိပြီး ကောင်းတဲ့၀ိုင်တွေမထုတ်လုပ်နိုင်ပါဘူး။ အဲဒါကြောင့်ဒီအကြံဟာ မသင့်တော်မှန်းအမြင်မှန်ရပြီးတဲ့နောက်မှာ သူအမေရဲ့အကြံကိုဆန့်ကျင်လာပါတော့တယ်။ စီပွားရေးကို စိတ်အားထက်သန်တဲ့သူ့အမေကို Carter နဲ့ Los Santos က ၀ိုင်ထုတ်လုပ်သူတွေက Baldwyn Wines လုပ်ငန်းကို ဘယ်လိုတွန်းလှန်မလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)
...

Your Vice Is a Locked Room and Only I Have the Key (1972) ⭐TMDB: 66% User Score 🎬 #Horror #Mystery #Thriller 🗓 1972 🎞 movie 🌎 #Italy ⏰ 1 နာရီ 37 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ ၁၉၇၂ က ထွက်ရှိထားတဲ့ horror/crime အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ တစ်နာရီနှင့်သုံးဆယ့်ခြောက်မိနစ်ခန့်ကြာမြင့်ပြီး IMDb 6.6 ရရှိထားပါတယ်။ Rotten tomatoes 100% အထိလည်းရရှိထားပါတယ်။ Nude အခန်းများလည်းပါဝင်တာကြောင့် မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ အရက်စွဲနေတဲ့စာရေးဆရာ အိုလီဗီယိုက မကောင်းတဲ့အပေါင်းသင်းတွေအိမ်ခေါ် ပါတီပေးပြီး မိန်းမဖြစ်သူကို အရှက်ခွဲရတာ သဘောကျသူပါ။ မိန်းမ‌တွေလည်း ပွေရှုပ်တတ်ပြီး incest လည်း ခုံမင်သူဖြစ်ပါတယ်။ သူဟာ မိခင်ရင်းနှင့်လည်း သတင်းများထွက်ထားပြီး စာအုပ်ဆိုင်မှ တပည့်ဟောင်းတစ်ယောက်နဲ့ဒိတ်ရာမှ လူသတ်မှုများ ဆက်တိုက်ကြုံဆုံလာပါတော့တယ်။ ဒီလိုလူသတ်မှုတွေဖြစ်လာတော့ စုံစမ်းစစ်ဆေးခံရပါတော့တယ်။ ၁၉၇၀ ကထွက်ရှိထားပေမယ့် ရင်တထိတ်ထိတ်နှင့် horror ဇာတ်လမ်းသဘောကို ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် channelmyanmar ပရိတ်သတ်ကြီးတို့ တစ်မူဆန်းသစ် ခံစားစေရမယ့် ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။
...

Ghost of Spring (2024) ⭐TMDB: 0% User Score 🎬 #Comedy #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းစုံထောက်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ၁၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ နိုင်ငံတော်ကန်တော့ပူဇော်ပွဲတော်ကြီးရောက်ရှိလာချိန်မှာ ကန်တော့အိုးဖြစ်တဲ့ “တင်” ကို သွန်းလုပ်သူတွေဆက်တိုက် ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ သွေးကြောက်ရောဂါရှိတဲ့အမှုစုံစမ်းစစ်ဆေးရာမှာ ထူးချွန်လှတဲ့ စုံထောက်နဲ့ သိုင်းပညာကျွမ်းကျင်ပြီးအတွေးရိုးအလှတဲ့ လက်ထောက်မလေးတို့က နှစ်ပေါင်းများစွာဖုံးကွယ်နေခဲ့တဲ့ အမှန်တရားတစ်ခုကို အဖြေရှာဖို့ ပူးပေါင်းခဲ့ကြပါတယ်။ ရက်စက်စွာ သေဆုံးသွားတဲ့ တင်သွန်းလုပ်သူတွေကလွန်ခဲ့တဲ့ ၁၂ နှစ်က ချွင်းညန်နဲ့ ပတ်သက်နေကြောင်း သိရတဲ့အခါ……ချွင်းညန်ရဲ့ ဝိညာဉ်ကပဲ ပြန်လာပြီး ကလဲ့စားချေနေသလား……တရားခံအစစ်က ဘယ်သူဖြစ်မလဲ……ဘာဖြစ်လို့ ဒီလိုအမှုတွေ ဆက်တိုက်ဖြစ်နေရသလဲ……ဆိုတာကို အကူအညီမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကံကြမ္မာကြမ်းတမ်းရပုံကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

The Hills Have Eyes 2 (2007) ⭐TMDB: 56% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့ အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်‌လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။ အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ (သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များ ပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။)
...

Wild Agent 2: Peach Assassination (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Miss Agent (2020) ရဲ့အဆက်ပဲဖြစ်ပါတယ်ပထမကားကိုဒီမှာရှာလို့ရပါတယ်ဒီတစ်ခါ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့မမက အာရှပစိဖိတ်ဒေသရဲ့ငွေကြေးစနစ်ကို လုံးဝဖျက်ဆီးပစ်မယ့်ရန်ကနေပြီးတော့လောကကြီးကိုကယ်တင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အတိတ်ရဲ့ဖြစ်ရပ်ဆိုးကြောင့် အထူးအေးဂျင့်ဖြစ်တဲ့မမက အလုပ်ကထွက်ပြီးသူ့ကိုချစ်တဲ့ယောင်္ကျားနဲ့အိမ်ထောင်ပြုပြီး သာမန်ဘဝလေးနဲ့နေထိုင်နေခဲ့တယ်။ဖြစ်ချင်တော့ သူ့ယောင်္ကျားက AI နည်းပညာပညာရှင်ဖြစ်နေတဲ့အတွက်မသမာလူဆိုးဂိုဏ်းက ပြန်ပေးဆွဲတာကိုခံရတယ်။ ကမ္ဘာပေါ်မှာရှိသမျှဘဏ်တွေကနေပြီးပိုက်ဆံတွေကိုလိုသလိုလုပ်နိုင်တဲ့ AI Program တစ်ခုရဲ့ချို့ယွင်းချက်ကို ပြင်ခိုင်းဖို့ပဲဖြစ်တယ်။ ပြန်ပေးဆွဲခံရတဲ့ယောင်္ကျားကိုကယ်ဖို့ တစ်ယောက်ထဲ ဥပဒေမဲ့တဲ့နယ်မြေမှာစွန့်စားပြီးတော့ ကယ်တင်သွားမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
...

The Return (2024) ⭐IMDB: 6.3/10 (4 k Votes) 🎬 #History #Drama #Adventure 🗓 2024 🎞 movie 🌎 #UnitedKingdom #Italy #Greece #France #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Return (2024) IMDb Rating (6.4) / Rotten Tomatoes (78%) ဂရိဒဏ္ဍာရီထဲကထရိုဂျန်စစ်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အီသာကာတိုင်းပြည်ရဲ့ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ရဲ့ စစ်ပွဲအပြီးအိမ်အပြန်ခရီးအကြောင်းရိုက်ကူးထားတဲ့ “The Return”ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အင်္ဂလိပ်မင်းသားကြီး Ralph Fiennes နဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche တို့ပါဝင်သရုပ်ဆောင်ထားပြီး IMDB rating-6.4/10ရရှိထားပါတယ်။ ထရိုဂျန်စစ်ပွဲကြီးအပြီး နှစ် (20) ကြာပြီးနောက် ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ဟာ သူ့ရဲ့အီသာကာတိုင်းပြည်ကိုပြန်လာခဲ့ပါတယ်။ အဲ့ကိုရောက်တဲ့အခါ သူ့ရဲ့တိုင်းပြည်ကြီးက သူထွက်သွားတဲ့အချိန်ကလိုမဟုတ်ဘဲ အရာရာအဆိုးဘက်ကိုပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။ အီသာကာကို ကျန်ရှိခဲ့တဲ့ဇနီးဖြစ်သူဘုရင်မကြီးပန်နယ်လိုဖီနဲ့သားတော်တို့ကဆက်လက်အုပ်ချုပ်နေပေမဲ့ ဘုရင်မရဲ့ဘေးမှာခင်ပွန်းမရှိတာကြောင့် ထိုနေရာကိုလိုချင်သူတွေအများအပြားဟာ မိုင်ထောင်ချီဝေးတဲ့နေရာတွေကပါလာပြီး ရွေးချယ်ခံရဖို့စောင့်စားလျက်ရှိပါတယ်။ သစ္စာရှိပြီးခေါင်းမာသူဘုရင်မကြီးကတော့ သူမယောက်ျားကလွဲရင်ကျန်တဲ့လူကိုမရွေးချယ်ချင်တာကြောင့် အကြောင်းအမျိုးမျိုးပြအချိန်ဆွဲထားပါတယ်။ ထိုလူတွေဟာ နောက်ပိုင်းမှာ သားတော်မင်းသားလေးရဲ့အသက်ကိုရန်ရှာလာပါတော့တယ်။ နှစ် 20ကြာပြီးမှပြန်ရောက်လာတဲ့ အော်ဒီးဆီးယပ်စ်တစ်ယောက် သူ့ရဲ့ဇနီး/သားတော်နဲ့ တိုင်းပြည်တစ်ခုလုံးဒုက္ခတွေကြုံတွေ့နေရတာကိုပြန်လည်ကယ်တင်ဖို့ကြိုးစားရပါတော့ာတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)
...

Year of the Fox (2023) ⭐IMDB: 4.3/10 (58 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Year of the Fox (2023) IMDb Rating (4.2) ဇာတ်လမ်းလေးက အက်စ်ပန်မြို့က ဘီလျံနာကြီးတစ်ယောက်ရဲ့သမီးဖြစ်သူ အိုင်ဗီရဲ့ ဆယ်ကျော်သက်အရွယ်ဘဝအကြောင်းပဲဖြစ်ပါတယ်။ အိုင်ဗီရဲ့မိဘတွေက ကွာရှင်းသွားပြီးတဲ့နောက် အိုင်ဗီက အမေဆီမှာနေလိုက် အဖေဆီမှာနေလိုက်နဲ့ နေခဲ့ရတယ်။ အိုင်‌ဗီရဲ့အဖေက အထက်တန်းလူတွေပဲခေါ်ပြီး သီးသန့်ပါတီကျင်းပလေ့ရှိတယ်။ အဲ့ပါတီပွဲမှာ သူဌေးသားသမီးတွေက အိုင်ဗီ့ကို ဆေးတွေဘာတွေသုံးကြည့်ဖို့ဆွယ်တော့ အိုင်ဗီလည်း လိုက်လျောပေးလိုက်ရော။ နောက်တော့မှ တဖြည်းဖြည်းနဲ့သိလာရတာက ဒီပါတီပွဲရဲ့နောက်ကွယ် အရမ်းမှောင်မိုက်တဲ့ကိစ္စတစ်ခုကို ဖုန်းကွယ်ထားတယ်ဆိုတာပါပဲ။ အဲဒါကို အိုင်ဗီတစ်ယောက်ဘယ်လိုသိသွားပြီး ဖော်ထုတ်မလဲဆိုတာကြည့်ရမဲ့ ဒရာမာကား‌လေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)
...

Dance Rivals (2024) ⭐IMDB: 5.7/10 (49 Votes) 🎬 #Drama #Family 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dance Rivals (2024) IMDb Rating (5.6) Dance Rival ဟာ Sofia Reynolds ရဲ့ ရိုက်ကူးမှု အကနှင့် အချစ်ရဲ့ ပေါင်းစပ်မှုကို ဖော်ပြထားတဲ့ ဇာတ်လမ်းပါ။ Ethan Carter နဲ့ Mia Torres တို့က အဓိကဇာတ်ကောင်တွေဖြစ်ပြီး သူတို့ရဲ့ အကကျွမ်းကျင်မှု ကို အဓိကဖော်ပြပါတယ်။ ဒါပေမယ့် သူတို့အပြင်မှာတော့ ပြိုင်ဘက်တွေဖြစ်ကြပြီး အပြိုင်အဆိုင်နဲ့ အပြောအဆိုတွေက ပရိသတ်တွေကို တစ်ခါတစ်လေ ရယ်မိစေတတ်ပါတယ်။ ဇာတ်လမ်းက ပြိုင်ဘက်အကကျောင်းတွေက လူငယ်နှစ်ဦး ဘယ်လို အကပြိုင်ပွဲကြီးမှာ ရင်ဆိုင်ပြီး ဘယ်လို ပုံစံတွေနဲ့ သူတို့ရဲ့ သဘောထားတွေ ပြောင်းလဲလာမလဲဆိုတာကို ရိုက်ကူးပြထားတာပါ။ Mia ရဲ့ “ကျွန်မရဲ့ ခြေထောက်က သူ့ထက် ကောင်းတယ်” ဆိုတဲ့ စကားနဲ့ Ethan ရဲ့ “ဒါဆို ကျွန်တော့်ရဲ့ လက်တွေက အကောင်းဆုံးပေါ့” ဆိုတဲ့ ပြန်ဖြေပုံတွေက ပရိသတ်တွေကို ရယ်မိစေမှာ အမှန်ပါပဲ။ အကရဲ့ စွမ်းအား၊ အချစ်ဟာ အချိန်တစ်ချို့မှာ ဘယ်လို အရာတွေကို ပြောင်းလဲနိုင်သလဲဆိုတာကို အလွယ်တကူ ရင်ထဲထိစေပါတယ်။ Dance Rival ဟာ ရယ်စရာလေးတွေနဲ့ အတူ စိတ်ထဲမှာ ကျန်ရစ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ဖို့ လုံးဝ အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

Following Yonder Star (2024) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Following Yonder Star (2024) IMDb Rating (7.3) TV show မှာ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အနေနဲ့ အချိန်အကြာကြီး လူသိများခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Abby က အားလပ်ရက်မတိုင်ခင်မှာပဲ သူ့ရဲ့အရင်ခင်ပွန်းဟောင်း သရုပ်ဆောင်အမျိုးသားက နောက်အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတယ်။ မထင်မှတ်ထားတဲ့သတင်းကြောင့် စိတ်ညစ်နေတဲ့ Abby က အပေါက်ဆိုးတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကို မရည်ရွယ်ဘဲ အော်လိုက်မိပြီး အဲဒီဗီဒီယိုက အွန်လိုင်းပေါ်မှာ ပြန့်သွားလေရဲ့။ ပြန့်သွားတဲ့ ဗီဒီယိုကြောင့် နာမည်ပျက်ကိန်းကြုံနေတဲ့ သရုပ်ဆောင်မင်းသမီး Abby က ခရစ္စမတ်ပိတ်ရက်အတွင်း Vermont ဆိုတဲ့မြို့လေးမှာ သတင်းသမားတွေကိုပုန်းပြီး လူမသိသူမသိနေရင်း အနားယူဖို ခရီးထွက်လာခဲ့တယ်။ ဒါပေမဲ့ သူတည်းဖို့ပြင်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်က ဘိုကင်ပြည့်နေခဲ့ပြီး မြို့ရဲ့ တည်းခိုခန်းအသေးလေးမှာ မထင်မှတ်ဘဲ တည်းလိုက်ရတဲ့အဖြစ်ကို ကြုံပြန်လေရဲ့။ တည်းခိုခန်းပိုင်ရှင် Nick က သိပ္ပံဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့ သမီးလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး Abby က Nick ဦးစီးနေတဲ့ ခရစ္စမတ် ကလေးပြဇာတ်ကို ကူညီရာကနေ သူတိုနှစ်ဦးကြားက သံယောဇဥ်တွေ ဘယ်လိုတွယ်လာမလဲဆိုတာကိုတော့ ဒီခရစ္စမတ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...