ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Eagle (2024) ⭐IMDB: 8.2/10 (3 k Votes) 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Eagle (2024) “လင်းယုန်”IMDb – 8.3/10 စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
True Story (2015) ⭐IMDB: 6.3/10 (73 k Votes) 🎬 #Biography #Crime #Drama #History #Mystery 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုး နာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့ နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင် သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကား တစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက် တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့ သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေ သွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေက လက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့ သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ် ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါ တော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာ ကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းက သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုပြီးတော့ နှစ်ယောက်သား စာအုပ်ထုတ်ဖို့ အတူတူလုပ်ကြရင်းနဲ့ ကြုံတွေ့လာရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။...
An American in Austen (2024) ⭐IMDB: 6.6/10 (549 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Ireland #Canada #Bulgaria #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ပရိသတ်ကြီးကို ဖျော်ဖြေပေးမယ့် ရွှေရင်အေး Romance ကားလေးကတော့ “အချစ်ကို နားလည်သွားသော မိန်းကလေးတစ်ယောက်” အကြောင်းပဲ ဖြစ်ပါတယ် Harriot က စာကြည့်တိုက်မှူးမလေးတစ်ယောက်ဖြစ်ပြီး သူမကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ ချစ်သူကောင်လေး Ethan ကို ပိုင်ဆိုင်ထားပေမဲ့ စာကြမ်းပိုးလေး သူမ အကြိုက်ဆုံးဝတ္ထုဖြစ်တဲ့ “Pride and Prejudice” ထဲက မစ္စတာဒါစီလို ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ကိုပဲ စိတ်ကူးယဉ်ပြီး ချစ်သူကောင်လေး Ethan လက်ထပ်ခွင့်တောင်းတာကို “MayBe” လို့ ကြိုးရှည်ရှည်နဲ့ လှန်ထားလိုက်ပါတယ် ဒါကို ဒဏ်ခတ်မဲ့ ကံကြမ္မာက သူမကို “Pride and Prejudice” စာအုပ်ထဲက ၁၈၀၀ များကာလ အင်္ဂလန်ကို ပို့ပေးလိုက်ပြီး ဘန်းနက် ညီအစ်မတွေဆီ အလည်လာတဲ့ အမေရိကန်က ဝမ်းကွဲအစ်မ Harriet ဘဝကို အဆန်းတကြယ် ပြောင်းလဲသွားပါတော့တယ် သူရဲ့အိပ်မက်သတို့သား မစ္စတာဒါစီနဲ့ တွေ့ခွင့်ရတဲ့အချိန် တကယ်တမ်းလက်တွေ့က သူ့ရဲ့ စိတ်ကူးအိပ်မက်ထဲကလို ထပ်တူကျပါ့မလား ၁၈၀၀ ခု အင်္ဂလန်က ဘန်းနက် ညီအစ်မတွေရဲ့ အချစ်ရေးက သူဝင်လာမှ ကပြောင်းကပြန်တွေဖြစ်ကုန်ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ ဝတ္ထုစာအုပ် ကမ္ဘာထဲ ပိတ်မိနေရာကနေ Harriet တစ်ယောက် ချစ်သူ Ethan ရှိရာ လက်တွေ့ကမ္ဘာကို ပြန်လာနိုင်ပါ့မလားဆိုတဲ့ ဟာသ အချစ် အလွမ်း စိတ်ခံစားချက် တိုးတက်ပြောင်းလဲခြင်းဆိုတဲ့ ရသမျိုးစုံကို ပရိသတ်ကြီး ခံစားရမှာပါ...
The Bridge Curse: Ritual (2023) ⭐TMDB: 59.0% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 41 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Horror ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်CM ကနေ ထိုင်ဝမ်သရဲကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ။တရုတ်ပြည်သူ့သမ္ပတနိုင်ငံတည်ထောင်ပြီး နှစ် ၅၀ ပြည့်နှစ် ထိုင်ဝမ်ကယဉ်ကျေးမှုတက္ကသိုလ်မှာ တာ့ရမ်လို့အမည်ရတဲ့အဆောက်အဦးတစ်ခုတည်ဆောက်ခဲ့ပါတယ် ။ အဲဒီအဆောက်အဦးကို မူလကတော့ တစ္ဆေသရဲတွေမလာနိုင်အောင်အတိတ်နမိတ်ကောင်းအောင် ယင်ဓာတ်ယန်ဓာတ်ဆုံတဲ့နေရာမှာရှစ်ထောင့်မှော်စက်ဝန်းပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ဖို့လုပ်ခဲ့ပါတယ် ။ဒါပေမဲ့အဆောက်အဦးရဲ့ ဗိသုကာပညာရှင်က ကျောင်းနဲ့ငွေရေးကြေးရေးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီးမူလက သရဲတစ္ဆေတွေမကပ်အောင်ဒီဇိုင်းဆွဲထားတဲ့ရှစ်ထောင့်မှော်စက်ဝန်းပုံစံအဆောက်အဦးကို သရဲတစ္ဆေတွေကိုဆွဲဆောင်တဲ့ရှစ်ထောင့်မှော်စက်ဝန်းပြောင်းပြန်ပုံစံတည်ဆောက်ပေးခဲ့ပါတော့တယ် ။ အဲဒီနောက်ပိုင်းကစပြီး ကျောင်းမှာ သဘာလွန်မတော်တဆမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီးဘယ်လိုမတော်တဆမှုတွေဖြစ်မလဲ ဘာတွေနဲ့သက်တိုင်နေမလဲကျိန်စာသင့်နေတဲ့အဆောက်အဦးမှာရော ဘယ်လိုကပ်ဆိုးတွေဖြစ်လာမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး...
A Town Called Panic (2009) ⭐TMDB: 76.0% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2009 🎞 movie 🌎 #Belgium #France #Luxembourg ⏰ 1 နာရီ 18 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပြင်သစ်စကားပြော stop motion animated ဇာတ်ကားလေးဖြစ်ပါတယ်။ သမားရိုးကျ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်းတည်ဆောက်ရာမှာလည်း ပုံမှန်မဟုတ်တဲ့ non sensical storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy လို့ခေါ်တဲ့ လှုပ်ရှားမှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အင်ဒီးယန်း၊ ကောင်းဘွိုင်နဲ့ မောင်မြင်းဆိုတဲ့ ပလတ်စတစ်ရုပ်ကလေးသုံးရုပ်က ကျေးလက်ဒေသက ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်မြင်းရဲ့မွေးနေ့မှာ အင်ဒီးယန်းနဲ့ ကောင်းဘွိုင်တို့က မွေးနေ့လက်ဆောင်မဝယ်ရသေးမှန်းသတိရပြီး အများနဲ့မတူတဲ့ လက်ဆောင်တစ်ခုပေးဖို့ ရေးကြီးသုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်အဖြစ် ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီး လိုတဲ့အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်းကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့ အမှားအယွင်းဖြစ်ပြီး အုတ်ချပ်၅၀ အစား သန်း၅၀ ရောက်လာရာက အစပြုပြီး ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်းသုံးယောက် တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Adventure/Comedy အပြင် Farce လို့ခေါ်တဲ့ ဗရုတ်သုတ်ခဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိနည်းမကျတဲ့ Non sensical ဟာသတွေကို အသုံးပြုထားတာကြောင့် ပုံမှန်နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ မြင်းအိမ်နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိမရှိပေမဲ့ ကြည့်လို့ကောင်းအောင် ပုံဖော်ထားတာမျိုး၊ ခေါင်းပြောင်သိပ္ပံပညာရှင်နှစ်ယောက်က ဧရာမပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမနှင်းလုံးကြီးတွေနဲ့ မဆီမဆိုင် ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့် သမားရိုးကျ Animated ရုပ်ရှင်တွေလို ယုတ္တိမတန်ဘူးလို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ဇာတ်လမ်းကို အသေးစိတ်ပြင်ဆင်တည်ဆောက်ထားလို့ ဇာတ်အိမ်က ပေါ့ပါးပြီးပြေပြစ်ပါတယ်။ ခြုံပြောရရင် stop motion ဖြစ်တဲ့အပြင် ပလတ်စတစ်အရုပ်အစစ်တွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကလေးကိုမှ ငယ်ငယ်လေးတွေပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်အရွယ်အားလုံးကြည့်ရှုနိုင်ပါတယ်။ ပရိသတ်အားလုံးအတွက်တော့ မဟုတ်ပေမဲ့ stop motion ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းကလည်း တစ်နာရီစွန်းစွန်းစာပဲရှိတာကြောင့် ဥရောပ Animated ဇာတ်ကားတွေကိုမြည်းစမ်းလိုသူများလည်း ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။...
Baieti Destepti (2023) ⭐IMDB: 3.3/10 (241 Votes) 🎬 #Action #Comedy #Romance 🗓 2023 🎞 movie 🌎 #Romania ⏰ 1 နာရီ 35 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baieti Destepti (2023) ရုပ်ရှင်ကြည့်ပရိသတ်တို့ကို အရသာတစ်မျိုး ပေးစွမ်းနိုင်မဲ့ရိုမေးနီးယားအက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (လီယို)မိန်းမသေသွားပြီးကတည်းက အရက်ပဲနေ့စဉ်သောက်နေလို့ ဆိုင်းငံ့ခံထားရတဲ့သူ။(ကိုစတီ)ဒေါသတအားကြီးပြီး ရုံးမှာ မိတ္တူစက်ထဲက စာရွက်ထွက်မလာလို့ သေနတ်နဲ့ ပစ်ချလိုက်တဲ့အတွက် ဆိုင်းငံ့ခံထားရတဲ့သူ။(အက်လက်စ်)အဆဲတအားသန်ပြီး ရဲကားထဲမှာ အိပ်ပျော်နေတုန်း ရေဒါခိုးခံလိုက်ရလို့ ဆိုင်းငံ့ခံထားရတဲ့သူ။သူတို့အကုန်လုံးကို ပြန်စုစည်းစေတာက အရာရှိမအယ်လ်နာ။ နာဆစ်ဆိုတဲ့ မူးယစ်ကုန်သည်တစ်ဦးက ဘယ်လိုမှဖမ်းမရတာကြောင့်နာဆစ်နဲ့ အနီးစပ်ဆုံးထိရောက်ဖူးတဲ့ သူတို့သုံးဦးကို အထူးအဖွဲ့အဖြစ် ပြန်လည်စုစည်းပြီးနာဆစ်ရဲ့ ကိုကင်းအချီကြီးကူးမဲ့ကိစ္စကို လိုက်ကြပါတယ်။အလွဲလွဲအချော်ချော်တွေနဲ့ ဟာသ-အက်ရှင်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
Blue (2003) ⭐TMDB: 59.0% User Score 🎬 #Drama #Romance 🗓 2003 🎞 movie 🌎 #Japan ⏰ 1 နာရီ 56 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ ငါတို့နှစ်ယောက် အတူတူနေကြမှာလား…တကယ့်အတွဲတွေလိုပေါ့” လို့မေးတဲ့သူနဲ့ “ငါတို့က တကယ့်အတွဲတွေပဲလေ” လို့ပြန်ဖြေတဲ့သူ… ဘယ်သူက ပိုလေးနက်တာလဲ ? ၂၄ ကြိမ်မြောက် မော်စကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မင်းသမီးဆုရရှိခဲ့တဲ့ ဂျပန်ဒရာမာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ ။ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ခင်မင်မှုအကြောင်းကို အသားပေးရိုက်ကူးထားပြီး သူတို့ရဲ့သဘာဝ၊ စိတ်ခံစားချက်၊ ခံယူချက်တွေကို အကွက်ကျကျရိုက်ပြထားပါတယ်။ ကီရိရှီးမားကတော့ ကျောင်းမှာ အေးအေးဆေးဆေးနေတတ်ပြီး သူငယ်ချင်းအများကြီးမရှိပါဘူး။ အန်ဒိုဆိုတဲ့ နှစ်ကျကျောင်းသူနဲ့ တစ်တန်းတည်းတက်နေပြီး တစ်ဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့ကြပါတယ်။ အန်ဒိုကလည်း ကျောင်းတစ်နှစ်နားထားတဲ့သူဆိုတော့ အတန်းတူသူငယ်ချင်းမရှိသေးသလို ကီရိရှီးမားကလည်း အပေါင်းအသင်းမများတော့ အတန်းထဲမှာ တတွဲတွဲဖြစ်လာခဲ့ပါတယ်။ သူ့အိမ်ကိုယ့်အိမ်အထိသွားလည်ပြီးနောက် ရင်းနှီးမှုတွေ နောက်တစ်ဆင့်တက်ခဲ့ကြပြီးမှ နွေရာသီကျောင်းပိတ်ရက်မှာ အန်ဒိုတစ်ယောက် ပျောက်သွားခဲ့ပါတယ်။ အန်ဒိုဘာလို့ပျောက်သွားရတာလဲ ? အန်ဒိုဘာလို့ ကျောင်းနားခဲ့ရတာလဲ ? အန်ဒိုနဲ့ကီရိရှီးမားတို့နှစ်ယောက်ကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်...
Big Fish & Begonia (2016) ⭐IMDB: 7.0/10 (7 k Votes) 🎬 #Adventure #Animation #Drama #Fantasy #Family #Romance 🗓 2016 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။...
Timescape (2022) ⭐IMDB: 4.8/10 (137 Votes) 🎬 #SciFi #ScienceFiction #Adventure #Family 🗓 2022 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်း လူသားမျိုးနွယ်တွေဖြစ်တည်လာတဲ့သမိုင်းကို ပြန်ကြည့်ရင် ရှေးနှစ်သန်းပေါင်း ၆၅ သန်းကာလ၊ ဒိုင်နိုဆောတွေကို ကမ္ဘာကြီးကနေ ရက်ပိုင်းအတွင်း မျိုးတုန်းပျောက်ကွယ်သွားစေခဲ့တဲ့ ဂြိုလ်သိမ်ကြီးတစ်ခုရဲ့ရိုက်ခတ်မှုကလည်း သမိုင်းမှာ ထူးခြားတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါပဲ။ အကယ်၍ ရုပ်ရှင်ကြည့်ပရိတ်သတ်ကသာ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကိုစီးနင်းခွင့်ရခဲ့ရင် အဲ့ခေတ်ကာလကို သွားကြည့်ဖို့ စိတ်ကူးယာဉ်ကြည့်ဖူးပါသလား။ ဒီဇာတ်ကားထဲမှာတော့ ၂၀၂၀ ခုနှစ်က ‘ဂျေဆင်’ လို့ခေါ်တဲ့ လူငယ်ကောင်လေးတစ်ယောက်ဟာ ကားအက်ဆီးဒင့်ဖြစ်ပြီး သေသလားရှင်သလား မသိသေးတဲ့ သူ့မိဘတွေကို တောထဲမှာ သွားရှာရင်း ဂြိုလ်သားတွေစီးနင်းလာတယ်လို့ ယူဆရတဲ့ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကို ရုတ်တရက်ရောက်ရှိသွားပြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်း ၊ ဒိုင်နိုဆောတွေ ကြီးစိုးတဲ့ကာလဖြစ်တဲ့ ‘ခရီတေးရှပ်ခေတ်’ ဆီကို မရည်ရွယ်ပဲ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်တော့ သူရောက်သွားတဲ့ အချိန်ကာလဟာ ‘ခရီတေးရှပ်ခေတ်’ ရဲ့ အဆုံးသတ်နေ့ ဖြစ်ခဲ့ပါတယ်။ ယာဉ်ပေါ် ကိုရောက်တဲ့အခါ ယာဉ်ပေါ်ကိုစောစောကတည်းက ပါလာတဲ့ အနာဂတ်က ရွယ်တူကောင်မလေး ‘လာရာ’ နဲ့ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ယာဉ်ပျံကြီးက ဒိုင်နိုဆောတွေခေတ်ကို ဆင်းသက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ ဘယ်လိုအန္တရယ်တွေကြုံတွေ့ရပြီး ဘယ်လိုတွေဒုက္ခရောက်ကြသလဲ… ပြီးတော့ ဂြိုလ်သိမ်ရိုက်ခတ်မှုကြီးကနေ သူတို့ လွတ်မြောက်အောင် ကြိုးစားနိုင်ပါ့မလား… သူတို့ရဲ့ နဂိုအချိန်ကာလကိုရော ပြန်ရောက်နိုင်ပါဦးမလား…စတာတွေကို စိတ်လှုပ်ရှားစွာကြည့်ရမယ့် ကနေဒါ သိပ္ပံစွန့်စားခန်း ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ကနေဒါ ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ Fantasia Film Festival မှာ ပြသခဲ့ပြီး Best Qubece Feature အတွက် The Silver Audience Award ကိုလည်း ဆွတ်ခူးထားပါသေးတယ်။ ဒါရိုက်တာ Aristomenis Tsirbas က ဇာတ်ညွှန်းကိုယ်တိုင်ရေးကာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကလေးသရုပ်ဆောင်အနေနဲ့ Sofian Oleniuk နဲ့ Lola Rossignol-Arts တို့က လွတ်လပ်၊ တက်ကြွပြီး ဉာဏ်ကောင်းတဲ့ ကလေးများအဖြစ် အတွဲညီညီသရုပ်ဆောင်ထားကြပါတယ်။...
Animal (2014) ⭐IMDB: 4.7/10 (7 k Votes) 🎬 #Action #Adventure #Drama #Thriller #Horror #Mystery #SciFi 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောလိပ်ကျောင်းသားငါးယောက်ဖြစ်တဲ့ အလီဆာ၊သူ့ချစ်သူ မတ်၊ သူ့အဖေတူမအေကွဲအစ်ကို ဂျက်ဖ်နဲ့ ဂျက်ဖ်ကောင်မလေးမန်ဒီ၊ အားလုံးရဲ့သူငယ်ချင်း ရှောင် တို့ဟာ တောအုပ်ထဲကိုခြေလျင်တောင်တက် အပျော်ခရီး ထွက်ခဲ့ကြပါတယ်။ အလီဆာနဲ့ဂျက်ဖ်တို့ငယ်စဉ်က သူ့အဖေနဲ့အတူသွားလေ့ရှိခဲ့တဲ့ ရေတံခွန်ကိုရှာရင်း အဲ့ဒီမှာတင် မိုးချုပ်သွားတဲ့အတွက် ကားဆီကိုလမ်းလျှောက်ပြန်လာချိန်မှာ တောရိုင်းတိရိစ္ဆာန်တစ်ကောင် ကိုက်ဖြတ်စားသောက်ထားတဲ့အလောင်းတစ်လောင်းရဲ့ အကြွင်းအကျန်တွေနဲ့အတူ အဲ့ဒီသတ္တဝါကြီးကိုပါ ရင်ဆိုင်တိုးမိချိန်မှာတော့..။ သူတို့အားလုံး ခြေဦးတည့်ရာပြေးရင်းက တောအုပ်ထဲမှာ သစ်သားအိမ်တစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအိမ်ထဲမှာလည်း သူတို့ထက်ကြိုရောက်နှင့်သူတွေရှိနေပြီး သူတို့ကိုယ်တိုင်ဟာလည်း ဒီသတ္တဝါရဲ့ရန်က လွတ်အောင်ပုန်းအောင်းနေတာဖြစ်တဲ့အတွက် အားလုံးစုပေါင်းပြီးအမည်မသိသတ္တဝါကြီးရဲ့ အန္တရာယ်ကလွတ်အောင် ကြိုးစားကြရတော့မှာပါ။ creature feature ဇာတ်ကားတွေရဲ့ ဖော်မျူလာအတိုင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သတ္တဝါကြီးကိုပုံဖော်ထားတာတွေ၊ suspense တွေအားလုံး သေသပ်စနစ်ကျပြီး ဇာတ်လမ်းရော လှည့်ကွက်ပါမိုက်ပါတယ်။...
The Shortcut (2009) ⭐TMDB: 47.0% User Score 🎬 #Horror #Mystery #Thriller 🗓 2009 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၄၅ ၀န်းကျင် ဆယ်ကျော်သက်စုံတွဲတစ်တွဲဖြစ်တဲ့ ဒေါ်ဂီနဲ့အိုင်ရင်းန်တို့ဟာ homecoming dance ကနေ အပြန်တောအုပ်တစ်ခုကို ဖြတ်သန်းသွားရတဲ့ဖြတ်လမ်းတစ်ခုကနေ ဖြတ်ပြန်ခဲ့ပါတယ်။ လူရှင်းတဲ့တောထဲမှာ ဒေါ်ဂီကနမ်းရာကနေ တစ်ဆင့်တက်ဖို့ကြိုးစားချိန်မှာ အိုင်းရင်းက လက်မခံတဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း ဒေါ်ဂီက သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာ အနားကိုကလေးလေးတစ်ယောက်ရောက်လာတဲ့အတွက် အိုင်းရင်းက အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီကလေးဟာ သူ့မျက်နှာတည့်တည့်ကိုလေးခွနဲ့ပစ်သတ်ပါတော့တယ်။ လက်ရှိခေတ်ကာလမှာတော့ ဒဲရက်ခ်တို့ညီအစ်ကိုဟာ မြို့ငယ်တစ်မြို့ကိုအခုမှပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကျောင်း၊ ပတ်ဝန်းကျင် အသစ်နဲ့နေသားကျဖို့ကြိုးစားနေဆဲကာလဖြစ်ပါတယ်။တစ်နေ့တော့ ဒဲရက်ခ်ညီတိုဘီကို ကျောင်းက ရွယ်တူချင်း ချောက်ချလိုက်တဲ့အတွက် တိုဘီလေး ဖြတ်လမ်းတစ်ခုကဖြတ်ပြန်တဲ့အချိန်မှာ တောအုပ်ထဲမှာ ခုတ်သတ်ခံထားရတဲ့ ခွေးသေတစ်ကောင်ကို တွေ့ရှိခဲ့သလို အဘိုးကြီးတစ်ယောက်က ခြောက်လှန့်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ ဒီအကြောင်းကို ဒဲရတ်ခ်ပြန်သိချိန်မှာ အဲ့ဒီဖြတ်လမ်းအကြောင်းကိုစုံစမ်းရင်း မြို့ခံလူတွေပြောကြတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုသိလာရပါတော့တယ်။ သူတို့အတန်းဖော် တေလာကလည်း ခွေးပျောက်ထားတာ ရှိတဲ့အတွက် အဲ့ဒီဖြတ်လမ်းနဲ့အဲ့ဒီထဲကနေထိုင်သူတွေကို သွားပြီးအကဲခတ်မယ့်အချိန်မှာ တစ်ခြားသူငယ်ချင်းတွေပါ ဝင်ပါလာရာကနေ သူတို့အုပ်စုကြမ္မာဆိုးတွေဆီကို တည့်တည့်ဝင်တိုးမိဖို့ဖြစ်လာပါတော့တယ်။ Rated R ဖြစ်သင့်တဲ့ ကားကို pg-13 ယူထားလို့ တစ်ချို့အခန်းတွေနည်းနည်းပေါ့နေတာထက်စာရင် ဇာတ်လမ်းကောင်းလှည့်ကွက်ကောင်း၊ suspense လည်းဖြစ်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။...
Cherry Falls (2000) ⭐TMDB: 53.0% User Score 🎬 #Horror #Mystery #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။ အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။ Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။...
The Core (2003) ⭐TMDB: 58.0% User Score 🎬 #Action #Adventure #SciFi #Thriller #ScienceFiction 🗓 2003 🎞 Series 🌎 #UnitedStatesofAmerica #Canada #Germany ⏰ 2 နာရီ 15 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။ အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ရုတ်တရက် ရပ်တန့်သွားပြီး ကမ္ဘာကိုလွှမ်းခြုံထားတဲ့ သံလိုက်စက်ကွင်းကြီး ပျက်ပြယ်သွားပါတယ်။ အဲဒီမှာတင် ပရမ်းပတာအဖြစ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး ကမ္ဘာပျက်တော့မယ့် အရိပ်အယောင်တွေ ထွက်ပေါ်လာတာပေါ့။ အဲဒီမှာတင် သက်ဆိုင်ရာ သိပ္ပံပညာရပ်နယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ ယာဉ်ထိန်းချုပ်မောင်းနှင်ရေး အတော်ဆုံးပိုင်းလော့များ၊ စုစုပေါင်း လူခြောက်ယောက်က ကမ္ဘာ့အူတိုင်ကို သွားနိုင်မယ့် ယာဉ်တစ်ခုကို စီးနင်းလို့ အူတိုင်အထိ အရောက်သွားကြရမယ်။ ပြီးရင် ရပ်တန့်နေတဲ့ ချော်ရည်စီးကြောင်းကို ပြန်လည်ပတ်အောင် လုပ်ကြရမယ်။ သူတို့တွေ ဘယ်လိုလုပ်ဆောင်မှာလဲ?သူတို့တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေက ဘာဖြစ်မလဲ?ဒီဂရီ ၉၀၀၀ ရှိတဲ့ ကမ္ဘာ့အူတိုင်မှာ သူတို့ အသက်ရှင်နိုင်မှာလား?ချော်ရည်စီးကြောင်းကြီးကရော ပြန်လည်ပတ်ပြီး သံလိုက်စက်ကွင်းကို ပြန်ရယူနိုင်မှာလား? လူကြီးမင်းတို့အတွက် ဟောင်းပေမဲ့ ကောင်းနေသေးတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ကြောင်းပါဗျာ။...
Double Blind (2023) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Horror #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #Ireland ⏰ 1 နာရီ 30 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Double Blind ဆိုတာက သုတေသနလုပ်ရာမှာ စမ်းသပ်တဲ့သူရော စမ်းသပ်ခံရတဲ့သူပါ စမ်းသပ်မှုမပြီးမချင်း သိရှိခြင်းမရှိဘဲ စမ်းသပ်တာကိုခေါ်တာပါ…. ဒီကားလေးထဲမှာတော့ ဘလက်ခ်ဝုဒ်ဆိုတဲ့ ဆေးကုမ္ပဏီက စမ်းသပ်မှုတစ်ခုလုပ်ဖို့အတွက် ကျန်းမာတဲ့သူတွေကို အခကြေးငွေပေးပြီး ခေါ်ယူခဲ့တော့ စုစုပေါင်း ၈ယောက် စမ်းသပ်ခံခဲ့ပါတယ်…..အဲဒီထဲမှာ ပတ်ပြီးစမ်းသပ်ခံနေတဲ့သူတွေရော ပိုက်ဆံလိုလို့လာတဲ့သူတွေရော အဲဒီ ဘလက်ခ်ဝုဒ် ကုမ္ပဏီမှာပဲ အလုပ်သင်ဆင်းချင်လို့ မျက်နှာရအောင်လာတဲ့ ဆေးကျောင်းသားရော ပါလာခဲ့ပါတယ်…… ဒီလိုနဲ့ ၅ရက်တာ စမ်းသပ်ရမဲ့ စမ်းသပ်မှုမှာ စမ်းသပ်ခံတွေက နည်းနည်းလေး မသင်္ကာလည်းဖြစ်လာရော ကုမ္ပဏီအနေနဲ့ ဘယ်လို ထပ်ဆွယ်မလဲ……သူတို့က ဘာကို စမ်းသပ်မှာလဲ……စမ်းသပ်ချက် အောင်မြင်ရင်ရော ဘယ်လိုအကျိုးပြုနိုင်တဲ့ ဆေးဝါးမျိုး ထုတ်လုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့...
Billy Lynn's Long Halftime Walk (2016) ⭐IMDB: 6.2/10 (24 k Votes) 🎬 #Drama #War #Action #Sport #Thriller 🗓 2016 🎞 movie 🌎 #China #USA #UnitedKingdom #UnitedStates #Taiwan #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Billy Lynn’s ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်… ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်… Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာ သူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ် မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာ ရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်… သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့ နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာ သူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်…. ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူး ဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူး အမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့ Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး… အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကို ပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစု သူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်… ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ရပ်နားပါရစေ ဒီစာကို ဖတ်တာ ရပ်ပြီး Download ဆွဲကြည့်စေချင်ပါတယ်… စစ်ပွဲ ရဲ့ သဘောသဘာ၀ တွေ တပ်ရဲ့ အမိန့်အာဏာ တွေ နဲ့ စစ်သားဆိုရင် တာဝန်အရ စစ်တိုက်နေရတယ်လို့ ထင်နေတဲ့ အပြင်လူတွေ ရဲ့ အမြင် စစ်သား ဘ၀ ကို မခံစားတက်တဲ့ အပြင်လူတွေ နဲ့ အတော်များများဟာ ဆန့်ကျင်ဘက်တွေ ရယ်… အပြင်လူတွေ ထင်နေတာ တစ်မျိုး အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ စစ်သားတွေက ဘ၀ တစ်မျိုး ဟာ နှိုင်းယှဉ်ပြထားတာတွေက ရင်ထဲထိ ရောက်စေတဲ့ ဇတ်လမ်းပါပဲ… . ဘာပဲ ဖြစ်ဖြစ် စစ်ကား မကြိုက်တဲ့ ကျနော်တောင် ကြိုက်မိတဲ့ ရုပ်ရှင်တစ်ခု အဖြစ်အမွှန်းတင်ပါရစေ… ဒီဇတ်ကားမှာ နာမည်ကျော်မင်းသားကြီး Vin Diesel ပါဝင်သလို အခြား နာမည်ကြီးများဖြစ်တဲ့ Twilight ဇတ်ကား နှင့် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော Kristen Stewart က Lynn ရဲ့ အစ်မ အနေဖြင့် ပါဝင်သရုပ်ဆောင်ထားသလို ဟာသမင်းသား လို့ လူတိုင်းသိတဲ့ Chris Tucker နှင့် Pink Panther ကားတွေ ရဲ့ စုံထောက်သရုပ်ဆောင် မင်းသားကြီး Steve Martin တို့ ပါဝင်ပါတယ်.. ကဲ ပိတ်ကားထက်မှာ ဆက်ကြည့်လိုက်ရအောင်…. ရုပ်ရှင်ကား Review ကို Thit San Khant မှ ရေးထားပြီး Htet Aung Lwin မှ ဘာသာပြန်ပေးထားပါတယ်။...
Taste of Cherry (1997) ⭐TMDB: 76.0% User Score 🎬 #Drama 🗓 1997 🎞 Series 🌎 #France #Iran ⏰ 1 နာရီ 39 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာ ပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာ အဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင် အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင် အောက်ကို ရွေးချယ်ထားတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို ကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေး အမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကို သူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာ ချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ် ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့ အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းက လှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာ စစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီး ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့် တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့ သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာ လမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့် မစ္စတာဘာဒီးရဲ့ သတ်သေလိုတဲ့အကြောင်းရင်းနဲ့ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကို မေးခွန်းများစွာနဲ့ အတွေးများစွာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
The Other Boleyn Girl (2008) ⭐TMDB: 67.0% User Score 🎬 #Biography #Drama #Romance #History 🗓 2008 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့ သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီး မြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့ မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီ းနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့ အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊ မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာ စိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊ စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေက တကယ်အံ့ဩဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့် လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။...
It Could Happen to You (1994) ⭐TMDB: 65.0% User Score 🎬 #Drama #Comedy #Romance 🗓 1994 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb-6.4 ~ Rt-71% ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ ပါဝင်သရုပ်ဆောင်ထားပြီး old but gold ရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာ မျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရော တာပွန်ကျေပွန်တဲ့ ရဲအရာရှိတစ်ယောက်အနေနဲ့ပါ နယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင် မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ် အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြား အမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့ သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ယောင်္ကျားဖြစ်သူ အက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကို အကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီး ဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကို ထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက် အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။ အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့် တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေ ပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကို တစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။ နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေ ဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီး သူပေးခဲ့တဲ့ ကတိကိုတည်ဖို့ လုပ်တဲ့အခါမှာ ချာလီ၊ မျူရီရယ်နဲ့ အီဗွန်းတို့ရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
A Senior Female Manager – Nene Yoshitaka (Decensored – FSDSS-070) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 16 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ မင်းသမီးလေးကိုတော့ ထွေထွေးထူးထူး မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်ကြီးနဲ့ ရင်းနှီးပြီးသားပါပဲ……ချစ်စရာမျက်နှာဘေးလေးနဲ့ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်လှလှ မင်းသမီးလေး Nene Yoshitaka ပဲဖြစ်ပါတယ်….. FSDSS-070 ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ သူက မန်နေဂျာမမကြီးပေါ့ ပထမဆုံး သူ့လက်အောက်က လူပျိုလေးကို နည်းစနစ်တွေသင်ကြားပြသပေးလိုက်တာကနေ သတင်းပျံ့ပြီး လူပျိုလေးတွေ သူ့ဆီမှာအပူလာကပ်တဲ့အကြောင်း တင်ဆက်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ…. ဝါရင့်လာတာနဲ့အမျှ သရုပ်ဆောင်ချက်တွေပါ ကောင်းလာပြီး ပိုပါလှလာတဲ့ ဒီမင်းသမီးလေးကိုလည်း အားပေးကြည့်ရှုလိုက်ကြပါဦးလို့….. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
X.X.X: Uncensored (2018) ⭐TMDB: 44.0% User Score 🎬 #Comedy 🗓 2018 🎞 Series 🌎 #India ⏰ 14 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 X.X.X: Uncensored (2018)XXX: Uncensored (2018)အခုတစ်ခါမှာတော့ လူငယ်တွေအကြိုက်အချစ်ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဒီဇာတ်လမ်းတွဲလေးရဲ့ထူးခြားချက်ကတော့ anthology အမျိုးအစားဖြစ်နေတာပါပဲ။ အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေတဲ့ ကောင်လေးတစ်ယောက်ကို မိန်းမလှလေးတစ်ယောက်က သူ့ကားပျက်နေလို့ လမ်းကြုံလိုက်ရာကနေစပြီး ဇာတ်လမ်းလေးတွေဖြစ်ခဲ့ပါတယ်။ ကောင်မလေးဟာလည်း လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပြီး ရင်ဖိုစရာကောင်းပါတယ်။ ဒီကောင်လေးကလည်း အချစ်ကံခေလွန်းနေသူမို့ အချစ်ငတ်နေတဲ့ အချစ်ရူးသမားလေးဟာ ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသွားပါတော့တယ်။လမ်းခရီးတလျှောက်လုံးမှာလည်း သူတို့ကြားသိရသမျှ ဗဟုသုတတွေကိုမျှဝေသွားခဲ့ပါတယ်။အဲ့ဒီဇာတ်လမ်းလေးတွေကလည်း စိတ်ဝင်စားစရာလူငယ်အကြိုက်အချစ်ဇာတ်လမ်းလေးတွေမို့ သူမတူသောရသပေါင်းများစွာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်နော်။နောက်ဆုံးတော့ ဒီကောင်လေး သူလိုချင်တဲ့အချစ်ကို ရပါ့မလား…။ဘာတွေဆက်လက်ပြီး ကြုံရဦးမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်နိုင်ပါပြီနော်။မိသားစုနဲ့ကြည့်ရန် မသင့်တော်သော အခန်းများပါဝင်သဖြင့် အသက်ပြည့်မှကြည့်ဖို့ တို်က်တွန်းလိုက်ပါတယ်နော်။...
