ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
City on Fire (2023- )
⭐IMDB: 6.0/10 (667 Votes)
🎬 #Drama #Mystery #Crime
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 56 မိနစ် 8 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
City on Fire (2023)MDB rating 6.1/10 ရရှိထားတဲ့ အသစ်ထွက် ongoing Crime/Drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၀၃ခုနှစ်ကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ အပိုင်း ၈ ပိုင်းထွက်ရှိမှာပါ။ မင်းသမီးချောလေး Chase Sui Wonders (Bodies Bodies Bodies/Generation)၊ မင်းသားချောလေး Wyatt Oleff (I Am Not Okay With This/IT-Stanley Urisဇာတ်ကောင်)နဲ့ မင်းသမီးချော Jemima Kirke (Girls/Conversations with Friends)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆမ်က လွတ်လပ်ပြီး ပျော်ပျော်နေတတ်တဲ့၊ ဂီတကိုရူးသွပ်တဲ့ ပေါ့ပေါ့ပါးပါးတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်ရက်မှာ အထက်တန်းကျောင်းတုန်းတူတူတက်ခဲ့တဲ့ ချာလီနဲ့ အမှတ်မထင်တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။
အဲဒီလိုနဲ့ ရှက်တတ်ပြီး အဖေဆုံးပါးသွားလို့ စိတ်ဒဏ်ရာရနေတဲ့ လူငယ်လေး ချာလီက ဆမ့်ကို တွယ်တာသွားမိတယ်ဆိုပါတော့လေ။ ဆမ်က ချာလီနဲ့မတွေ့ခင်က အိမ်ထောင်သည်ယောက်ျားတစ်ယောက်နဲ့ ပတ်သက်ခဲ့ပြီး အရှုပ်အထွေးတွေဖြစ်ခဲ့တာကိုတော့ ချာလီတစ်ယောက် မသိနိုင်ခဲ့ဘူးပေါ့။ တစ်ရက်မှာတော့ ဆမ်က အိမ်ထောင်သည်ကိသ်ကို ဖုန်းခေါ်ပြီး အရေးကြီးကိစ္စတစ်ခု ပြောချင်တာကြောင့် သူနဲ့မဖြစ်မနေလာတွေ့ဖို့ ချိန်းဆိုခဲ့ပါတယ်။ အဲဒီညမှာပဲ ဆမ်က သူအားပေးတဲ့တီးဝိုင်းအဖွဲ့ကို ကလပ်မှာ လိုက်အားပေးဖို့ ချာလီ့ကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကလပ်ရောက်တော့ သူအရေးကြီးကိစ္စတစ်ခုရှိလို့ အမြန်ပြန်လာပါ့မယ်ဆိုပြီး ချာလီ့ကို ကလပ်မှာ တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားခဲ့တာမို့ ချာလီတစ်ယောက် ယောင်လည်လည်နဲ့ ကလပ်မှာ ကျန်ခဲ့ရင်း တီးဝိုင်းအဖွဲ့က လူတွေနဲ့သိကျွမ်းသွားခဲ့တယ် ဆိုပါတော့လေ။ တော်တော်နဲ့ ဆမ်ပြန်မလာလို့ ချာလီက သူပေးခဲ့တဲ့လိပ်စာအတိုင်း သွားရှာခဲ့တဲ့အချိန်မှာတော့ ဆမ်တစ်ယောက် သေနတ်အပစ်ခံရလို့ သွေးအိုင်ထဲလဲနေပါပြီ။ အဲဒါကို မြင်ပြီး ချာလီတစ်ယောက် သွေးပျက်ချောက်ချားစွာ ထွက်ပြေးသွားခဲ့ပါတော့တယ်။ ချာလီက ဘာလို့ ဆမ့်ကို သွေးအိုင်ထဲတစ်ယောက်တည်းထားခဲ့တာလဲ.. ဆမ့်ကို ဘယ်သူက သေနတ်နဲ့ပစ်သွားတာလဲ.. အိမ်ထောင်သည်ကိသ်ကို ဆမ်ပြောချင်တဲ့ အရေးကြီးကိစ္စဆိုတာရော ဘာများလဲ.. အဲဒီကိစ္စနဲ့ ဆမ် သေနတ်ပစ်ခံရတာရော ပတ်သက်နေမလား.. အိမ်ထောင်သည်ကိသ်ကရော ဆမ်ချိန်းတဲ့နေရာကို ရောက်လာခဲ့ပြီး ဆမ်နဲ့ တွေ့ဆုံခဲ့သေးလား.. ဘယ်သူက ဘာအကြောင်းကြောင့် ဆမ့်ကို သေနတ်နဲ့ပစ်သွားတာလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းကို စောင့်ကြည့်ရင်း အဖြေရှာကြည့်လိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ)File size…(1 GB)/ (540 Mb)Quality….Webrip 1080p / 720p
Marry F*** Kill (2023)
⭐IMDB: 3.6/10 (166 Votes)
🎬 #Horror #TVMovie
🗓️ 2023 🎞️ Movie
📺 #720p #480p
💿 586.87 MB ⦿ 306.63 MB
🌎 #Canada
⏰ 1 နာရီ 28 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ကတော့ ပဟေဠိဆန်ဆန် ဟော်ရာကားလေးပါပဲ။ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်စုဟာ သူငယ်ချင်းတစ်ယောက် သေကြောင်းကြံသွားလို့ ဈာပနမှာ ဆုံစည်းမိကြပါတယ်။ နောက်ပြီးတော့ လူငယ်တွေကြားမှာ နာမည်ကြီးဖြစ်တဲ့ လက်ထပ်၊ အတူအိပ်၊ သတ် ဆိုတဲ့ ဂိမ်းကို ကစားကြပါတယ်။ အဲဒီဂိမ်းကိုယ်တိုင်ကိုက စိတ်ဝင်စားစရာကောင်းတဲ့အပြင် တကယ်ထူးဆန်းတာတွေ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ… မင်းသားကလည်း Sabrina တို့ Lagacies စီးရီးတို့ထဲက မင်းသား edidiah Goodacre ပါပဲ။
Side Effects (2013)
⭐IMDB: 7.1/10 (193 k Votes)
🎬 #Crime #Drama #Thriller #Mystery
🗓️ 2013 🎞️ Movie
📺 #1080p #720p #480p
💿 1.48 GB ⦿ 635.03 MB ⦿ 357.55 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး Jude Law အဓိကပါဝင်သရုပ်ဆောင်ထားပြီး Channing Tatum နဲ့ မင်းသမီး Ronney Maya ပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် rating ကောင်းကောင်းရရှိထားတဲ့ Thriller/Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးက ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာအမျိုးမျိုးခံစားခဲ့ရတဲ့ စိတ်ကျရောဂါဝေဒနာရှင်တစ်ယောက်ပေါ့ ချစ်ရတဲ့ယောက်ျားဖြစ်သူကထောင်ကျ ရောဂါကပိုဆိုးလာပြီး Suicide လုပ်ခဲ့မိတဲ့အချိန်မှာ အသက်မသေခဲ့ပဲ ဆေးရုံရောက်သွားခဲ့ပါတယ် အဲ့အချိန်မှာ ဒေါက်တာဘန်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က စမ်းသပ်ဆဲပဲရှိသေးတဲ့ ဆေးတစ်မျိုးကိုသောက်ခိုင်းလိုက်တဲ့အခါ……
ဘာတွေဆက်ဖြစ်လာမှာလဲ ရောဂါကတကယ်ရောသက်သာမှာလား ဘေးထွက်ဆိုးကျိုးတွေကရောဘယ်လိုတွေရှိမလဲ ဒေါက်တာဘန်ကရောဒီကိစ္စတွေထဲမှာ ဘယ်လိုပတ်သတ်နေတာလဲ ဒီကိစ္စတွေအားလုံးကဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူတွေပါဝင်ပတ်သက်နေတာလဲ စသည်ဖြင့် လှည့်ကွက်များစွာနဲ့ ဇာတ်လမ်းအစကနေအဆုံးထိ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်တဲ့အပြင် လျှို့ဝှက်ချက်တွေကတစ်ခုပြီးတစ်ခု ပေါ်လာမှ ကြည့်ရှုသူတွေပါ ဟာခနဲ ဟင်ခနဲဖြစ်သွားမှာမို့ Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို Plot ခိုင်ခိုင်မာမာနဲ့ကြည့်ရှုချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွှန်းဆိုလိုက်ရပါတယ်…
Motion Detected (2023)
⭐IMDB: 3.1/10 (136 Votes)
🎬 #Horror #ScienceFiction #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.16 GB ⦿ 605.45 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ ideaတွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။
အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်နဲ့နားနေနိုင်ဖို့ ကယ်လီဖိုးနီးယားကအိမ်တစ်လုံးကို ခေါ်လာခဲ့ပါတယ်။ အတော်လေး နေရာကျယ်တဲ့ အိမ်ကြီးတစ်လုံးဖြစ်တဲ့အပြင် အဆင့်မြင့်ပရိဘောဂနဲ့ စက်ပစ္စည်းတွေကိုသုံးထားတဲ့ဒီအိမ်ကြီးဟာ အဲဗာတို့ဇနီးမောင်နှံအတွက်တော့ သဘောကျစရာဖြစ်နေတာပေါ့။
အထူးသဖြင့် အိမ်မှာတပ်ဆင်ထားတဲ့ Diablo Controlsရဲ့အဆင့်မြင့်လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ စိတ်ဒဏ်ရာရှိနေတဲ့အဲဗာအတွက် အသင့်တော်ဆုံးလို့ မီဂေးလ်ကတထစ်ချတွက်နေတာပေါ့။ သူတို့ထက်အရင် ဒီအိမ်မှာနေသွားတဲ့မိသားစုက ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတဲ့အချက်ကတော့ ဘဝင်မကျစရာဆိုပေမဲ့ အိမ်ကမျက်စိကျစရာကောင်းလောက်အောင် ခမ်းနားပြီးဆန်းသစ်နေတဲ့အတွက် ငှားဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ငှားပြီးပြီးချင်းညမှာပဲ ချက်ချင်းဆိုသလို အရင်မြို့ကို အလုပ်ကိစ္စနဲ့ ပြန်သွားရဖို့ဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူကြောင့် အဲဗာတစ်ယောက် 3 ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
လိပ်ပြာထောင်ချောက်
⭐N/A
🎬 N/A
🗓️ N/A 🎞️ Movie
📺 #1080p #720p #640p
💿 3.06 GB ⦿ 1.67 GB ⦿ 558.19 MB
🌎 #Myanmar
⏰ 2 နာရီ 2 မိနစ် 13 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
မိန်းမပျိုတစ်ဦးကို မကြင်နာဘဲ သားရဲလို ရက်စက်နိုင်တဲ့လူတစ်ဦး..။ ထိုသူရဲ့ဘဝနောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ။ လောလောလတ်လတ် ပြေတီဦး အကယ်ဒမီရရှိထားတဲ့ "လိပ်ပြာထောင်ချောက်" ရုံတင်ဇာတ်ကားကြီးကို ကြည့်ရှုလိုက်ပါ။
ဒါရိုက်တာ
Wyne
အမျိုးအစား
Movies
ဘာသာစကား
Burmese
သရုပ်ဆောင်
Pyay Ti Oo, Nay Naw, Kaung Set Htoo,Phway Phway, May Bachi
Cloistered Nun: Runa's Confession (1976)
⭐IMDB: 5.1/10 (210 Votes)
🎬 #Adult #Asian #Drama #Romance
🗓️ 1976 🎞️ Movie
📺 #1080p #720p
💿 1.43 GB ⦿ 533.26 MB
🌎 #Japan
⏰ 1 နာရီ 14 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သီလရှင်လေးတယောက်ရဲ့ အမှောင်ဖက်ခြမ်း အငြှိုးရက်စက်မှု ရာဂ အကျင့်ပျက်ခြစားနေတာတွေကို လှလှလေး ကြည့်ရမှာဖြစ်ပါတယ်
ယုနာတစ်ယောက် တချိန်က အငြှိုးအတေးတွေနဲ့ဆက်ဆံခဲ့တဲ့ မိတူဖကွဲအမနဲ့တွေ့ဖို့ မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်တကယ်တော့သူက တရားဓမ္မကြောင့် ညီမနှစ်ယောက်နားလည်မှုရပြီးအေးချမ်းနေပြီဖြစ်ပါတယ်လူတွေက ခက်တယ်ဗျ ကိုယ့်ဖက်က ခွင့်လွှတ်နားလည်ပေးပေမဲ့တချို့တွေက မပြောင်းလဲဘူးဗျ။
ယုနာ ရဲ့အမကအဲအထဲမှာပါတယ်သူတို့ရဲ့ အဆင်ပြေမှုကနေ အမြတ်အကြီးကြီးထုတ်ဖို့ကြံစည်ပါတော့တယ်နောက်တခု သူ့ဉာဉ်ဆိုးရှိသေးတယ် ကောင်လေးတွေကို အရမ်းပလေးတက်တာပဲမိန်းမနှစ်ယောက်ရဲ့ တယောက်နဲ့တယောက် ဖျံကျပုံတွေကိုအမှောင်နှောပြီး ပြသထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်။
Insadong Scandal (2009)
⭐IMDB: 6.0/10 (196 Votes)
🎬 #Crime #Drama #Thriller
🗓️ 2009 🎞️ Movie
📺 #720p #480p
💿 1.07 GB ⦿ 500.48 MB
🌎 #SouthKorea
⏰ 1 နာရီ 50 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Insadong Scandal (2009)
နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။
ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ်
ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။
တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။
အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ဆက်နွယ်မှုတွေရှိနေမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာ အဆုံးထိဝင်ရောက်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Thin Thinzarပါ။)
South Sentinel (2021)
⭐IMDB: 6.2/10 (180 Votes)
🎬 #Drama #Thriller
🗓️ 2021 🎞️ Movie
📺 #1080p #720p #480p
💿 1.62 GB ⦿ 647.65 MB ⦿ 371.42 MB
🌎 #France
⏰ 1 နာရီ 38 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့ တင်ဆက်ပေးမှာကတော့ ၂၀၀၈ ခုနှစ် သြဂုတ်(၁၈)ရက်နေ့က အာဖကန်နစ္စတန် ရှေ့တန်းစစ်မြေပြင်မှာ တာလီဘန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုမှာ ပြင်သစ်စစ်သား (၁၀)ယောက်ကျဆုံးခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခရစ်ရှန်လာဖဲယတ်ဟာ အာဖကန် ရှေ့တန်းစစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်လာခဲ့ပေမဲ့ တိုက်ပွဲကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဖိစီးနေပါတယ်။ ရဲဘော်တွေ အများကြီး သေကြေ ဒဏ်ရာရပြီး သူပဲ အသက်ရှင်နေခဲ့လို့ အပြစ်ရှိစိတ်နဲ့ ရှင်သန်နေရသူပါ။ လက်ရှိ စူပါမားကတ်မှာ အလုပ်လုပ်ပြီး သာမန်အရပ်သားတစ်ဦးလို နေထိုင်ဖို့ ကြိုးစားနေပေမဲ့ အသားမကျနိုင်ဖြစ်နေပါတယ်။
မွန်နီးယားကတော့ တိုက်ခိုက်မှုကြောင့် ခြေထောက်ဒဏ်ရာရထားသူပါ။ ဂျစ်ပစီတွေနဲ့ ဘိန်းမှောင်ခိုလုပ်ကြရင်း ကတိပေးထားတဲ့အတိုင်း မပေးနိုင်လို့ အကြွေးတင်နေပါတယ်။ ဘိန်းတွေကို သိမ်းထားတဲ့ ရဲဘော်တစ်ယောက်က တိုက်ပွဲက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် အရင်အဖြစ်အပျက်တွေကို မမှတ်မိလို့ ဒုက္ခရောက်နေပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားရင်း သူတို့ရဲဘော်တွေ အသက်ဆုံးရှုံးလိုက်ရတဲ့ တိုက်ခိုက်မှုဟာ နှစ်ဖက်ခေါင်းဆောင်တွေကြား တရားမဝင် ဘိန်းအရောင်းအဝယ်လုပ်ကြရင်း သဘောထားကွဲလွဲကြတာကြောင့်ဆိုတာ သိလိုက်ရပါတော့တယ်။ ဒီဇာတ်ကားမှာ စစ်ပွဲအပြီးအခြေအနေတွေကို ရိုက်ပြထားတာကြောင့် တိုက်ပွဲပြကွက်တွေတော့ အများကြီး မပါပါဘူး။ စစ်ပွဲတစ်ပွဲအပြီး စစ်သားတွေ ခံစားရတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာတွေ ပုံမှန်အတိုင်းရှင်သန်ဖို့ ရုန်းကန်နေရတာတွေကို သရုပ်ဆောင်ကောင်းကောင်းနဲ့ ရုပ်လုံးကြွအောင် ပုံဖော်ထားတာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။
Mountain Village Inn (2023)
⭐TMDB: 0.0% User Score
🎬 #Mystery #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 762.09 MB ⦿ 385.21 MB
🌎 #China
⏰ 1 နာရီ 13 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM မှာအရင်တင်ပြီးသားဖြစ်တဲ့ ( The Haunting)ဆိုတဲ့ဇာတ်ကားရဲ့နောက်တစ်ကားဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လေးJiang Shuoရဲ့အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း နောက်ထပ်ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီးအလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ဒီတစ်ခါမှတော့ Jiang ဟာ အယူသီးတဲ့ထုံးတမ်းဓလေ့တွေရှိတဲ့တောင်ပေါ်ကမိုတယ်တစ်ခုကိုဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက်သွားဝယ်ပေးရင်း ကြုံတွေ့ခဲ့ရတဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်လေးပါ…..
ရွှံံတောင်ပြိုတဲ့ဖြစ်ရပ်ကြောင့် မိုတယ်မှာတည်းတဲ့ တောင်တက်သမား(၃၆)ယောက်ဟာပျောက်ဆုံးနေပြီး ဘယ်လိုမှရှာမတွေ့တော့ပါဘူး…..မိုတယ်ကိုဝယ်ဖို့ရောက်လာတဲ့ Jiang တို့လူစုဟာလူပျောက်မှုနဲ့ပတ်သက်ပြီး ဘာတွေသိလာရမလဲ……
ခြောက်ခြားစရာကောင်းတဲ့ဒီမိုတယ်မှာ ဘယ်လိုကျောချမ်းစရာတွေကြောက်စရာတွေနဲ့ကြုံရဦးမလဲဆိုတာ ခံစားလိုက်ဦးနော်…..
Mumbaikar (2023)
⭐IMDB: 5.2/10 (56 Votes)
🎬 #Action #Bollywood #Drama #Thriller #Crime
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 2.19 GB ⦿ 1001.81 MB
🌎 #India
⏰ 2 နာရီ 3 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mumbaikar (2023)
နာမည်ကျော် တမီးလ်မင်းသားကြီး ဗီဂျေးစည်သူပတီရယ် လက်ပြတ်မင်းသားရယ်လို့နာမည်ကြီးတဲ့ ဗီကရန့်မက်ဆီတို့က တောသားမြို့တက်မွမ်ဘိုင်းသားတွေအဖြစ်အပြိုင်ချဲထားကြတဲ့ကားပါ သွားကျွတ်ကျန်ခဲ့တဲ့ဗန်ပိုင်းယားစီးရီးထဲက သားတက်လေးနဲ့မင်းသမီးချောလေးတန်ညာမာနီကတ်တလာ နဲ့မျက်နှာတည်မျက်နှာထားနဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ ဆန်ဂျေးမစ်ရှရာတို့ အဓိကသရုပ်ဆောင်ထားတဲ့တမီးလ်ရုပ်ရှင်remake ဟင်ဒီစကားပြောရုပ်ရှင်ကားပါ။
ဇာတ်လမ်းအကျဉ်းရဲအရာရှိဖြစ်ချင်ပေမဲ့ ချစ်ရသူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုတဲ့အတွက်အလုပ်လျောက်နေရသူတစ်ဦး၊သူငယ်ချင်းအကပ်နဲ့ လူမိုက်ဂိုဏ်းထဲဝင်ဖို့ လုပ်တဲ့ဂန်းစတားဖြစ်ချင်သူ မန်နူး၊မိသားစုတွေပျော်ဖို့အတွက် မွမ်ဘိုင်းမှာအလုပ်လာလျောက်ပေမဲ့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို သွားလေရာကံဆိုးနေသူ ကောင်လေးတယောက်၊လူမိုက်ဂိုဏ်းမှာ ကားဒရိုင်ဘာဝင်လုပ်နေရတဲ့ဦးလေးကြီးတစ်ဦး၊ဂန်းစတားကြီးဖြစ်ချင်သူမန်နူးတစ်ယောက် ကလေးပြန်ပေးဆွဲဖို့ လုပ်ရာကလူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးရဲ့သားကိုမှ မှားပြီး ပြန်ပေးဆွဲမိရာကစသူတို့လေးယောက် ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်သွားမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
(အညွှန်းရေးသားသူကတော့ Chiclon3~BpL ဖြစ်ပြီး ဘာသာပြန်တွေကတော့Chiclon3~BpL~Thaik~Yunni နဲ့ YH တို့ပဲဖြစ်ပါတယ်)
Crossfire (2023)
⭐IMDB: 6.4/10 (150 Votes)
🎬 #Action #Crime #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.00 GB ⦿ 482.47 MB
🌎 #Mexico
⏰ 1 နာရီ 26 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။
အမျိုးသမီးငယ်လေးတွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်ယောက် အလုပ်ထွက်ပြီး နားလည်မှုရယူဖို့ ကြိုးစားပါတော့တယ်။
ဒါပေမဲ့ လူသတ်သမားက အမေဖြစ်သူကိုသတ်ရုံနဲ့မကျေနပ်နိုင်ဘဲ Markရဲ့တစ်ဦးတည်းသောမိသားစုကိုပါ ဇီဝိန်ခြွေဖို့ကြိုးစားလာတဲ့အခါမှာတော့ Markတစ်ယောက် သမီးလေးကို ဘယ်လိုကာကွယ်သွားမလဲ။ Alishaကရော အဖေ့ကိုအထင်လွဲနေတာတွေ ပျက်ပြယ်သွားပြီး နားလည်မှုပြန်ရမှာလားဆိုတာကိုတော့ ဒီရုပ်ရှင်လေးမှာပဲ အားလုံးအတူ ခံစားလိုက်ကြပါစို့။
Romeo and Juliet (1968)
⭐IMDB: 7.6/10 (34 k Votes)
🎬 #Drama #Romance
🗓️ 1968 🎞️ movie
📺 #1080p #720p #480p
💿 3.42 GB ⦿ 1.67 GB ⦿ 593.57 MB
🌎 #Italy #UnitedKingdom
⏰ 2 နာရီ 18 မိနစ် 35 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Romeo Montague and Juliet Capulet fall in love against the wishes of their feuding families. Driven by their passion, the young lovers defy their destiny and elope, only to suffer the ultimate tragedy.
Romeo and Juliet (1968)
⭐IMDB: 7.6/10 (34 k Votes)
🎬 #Drama #Romance
🗓️ 1968 🎞️ Series 📺 #1080p #720p #480p
🌎 #Italy #UnitedKingdom
⏰ 2 နာရီ 18 မိနစ် 35 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Romeo Montague and Juliet Capulet fall in love against the wishes of their feuding families. Driven by their passion, the young lovers defy their destiny and elope, only to suffer the ultimate tragedy.
Grown-ups (2022)
⭐TMDB: 80.0% User Score
🎬 #Drama #Romance
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.44 GB ⦿ 597.49 MB
🌎 #Japan
⏰ 1 နာရီ 49 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Translator- Son GohanReview- အိမ်ထောင်တစ်ခုတည်ဆောက်တယ်ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး အထူးသဖြင့် ဘဝမှာရပ်တည်ဖို့အခြေတကျမရှိသေးတဲ့အချိန်မျိုးတွေမှာ ချစ်တဲ့စိတ်တစ်မျိုးတည်းကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေချမှတ်လိုက်ရင် မထင်မှတ်ထားတဲ့ပြဿနာမျိုးတွေကြုံတွေ့နိုင်မှာပါ
Yumi ဆိုတဲ့ Art ကျောင်းသူဟာသူ့ရည်းစား Naoya နဲ့အတူတကွနေထိုင်လျက်ရှိပါတယ် ဒါပေမယ့်တစ်နေ့မှာ Yumi ဟာမထင်မှတ်ဘဲနဲ့ကိုယ်ဝန်ရှိလာခဲ့ပါတယ်. အရင်ကလည်းရည်းစားဟောင်းနဲ့အတူနေခဲ့ဖူးတာကြောင့် ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်မှန်းမသေချာတော့ပါဘူး. ဒီကိစ္စကို Naoya ကိုပြောပြရာမှာ အစပိုင်းတော့အဆင်ပြေသလိုရှိခဲ့ပေမယ့် အနာဂါတ်အတွက်ကိစ္စတွေကိုစဉ်းစားရာ သဘောထားမတိုက်ဆိုင်မှုတွေရှိလာခဲ့ပါတယ်.
ဒီလိုနဲ့အနာဂါတ်တွေဟာမသေမချာဖြစ်လာခဲ့ပြီး ရန်ဖြစ်လိုက် ပြတ်သွားလိုက် သူငယ်ချင်းတွေကမြှောက်ပေးလို့ နောက်တစ်ယောက်နဲ့အတူထပ်နေလိုက်နဲ့ဆိုတော့ ကိစ္စတွေကပိုပြီးတော့ဆိုးလာခဲ့ပါတယ်. ဒီဇာတ်ကားမှာတော့ အိမ်ထောင်တွေကြားထဲမှာဘယ်လိုပဋိပက္ခတွေဖြစ်လေ့ရှိလဲဆိုတာ ပြသပေးမှာဖြစ်ပါတယ်
( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ )
My One True Love (2022)
⭐IMDB: 5.9/10 (150 Votes)
🎬 #Comedy #Romance #TVMovie
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.91 GB ⦿ 1.10 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Review- Ali ရယ် Brooke ရယ် Helen တို့ သူငယ်ချင်း 3ယောက်ဟာ တစ်နေ့မှာ Carnival ပွဲတော်မှာအပန်းဖြေနေရာ ထူးဆန်းတဲ့မိန်းမကြီးနဲ့တွေ့ဆုံပြီး သူတို့3ယောက်ကို ဟောကိန်းတွေထုတ်ပေးခဲ့ပါတယ်. အစကတော့ပေါ့ပေါ့တန်တန်ပဲယူဆခဲ့ပြီး နောက်ကျတော့မှ ဟောကိန်းတွေကအမှန်တကယ်ဖြစ်လာခဲ့တာကို သတိထားမိလာခဲ့ပါတယ်.
ဒီတော့ သူတို့ 3ယောက်ဟာ ဟောကိန်းတွေထဲက မကောင်းတဲ့အချက်တွေဖြစ်ပြီးနောက်မှာတော့ ကောင်းတဲ့အချက်ကိုအာရုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်. အဲဒီထဲက Ali ဟာ John နာမည်နဲ့ဆိုတဲ့လူကို ပါတနာအဖြစ်ရွေးချယ်ရမှာဖြစ်တာကြောင့် John နာမည်ရှိတဲ့ သူတွေကိုသူငယ်ချင်း Brooke နဲ့ Helen တို့ရဲ့အကူအညီတွေနဲ့ လိုက်ရှာပြီးဒိတ်လုပ်ကြည့်ဖို့စီစဉ်လာပါတယ်.
တစ်ဖက်မှာတော့ Ali ဟာ Sean ဆိုတဲ့လူနဲ့ ရေစက်ကြုံနေသလို ခဏခဏတွေ့ဆုံရတဲ့အခြေအနေတွေဖြစ်လာပါတယ်. Sean ဟာ Ali ကို Carnival ပွဲတော်တည်းကစတင်ပြီးသတိထားမိနေတာပါ. တွေ့ဆုံရတဲ့အခြေအနေတိုင်းမှာလဲ Sean က Ali ကို ကူညီတတ်ပါတယ်. ဒီတော့ Ali ဟာ ဟောကိန်းအတိုင်း John တစ်ယောက်ကိုရှာတွေ့မလား Sean နဲ့ပဲလက်တွဲသွားမလားဆိုတာကို စောင့်ကြည့်ကြပါဦးခင်ဗျာ
( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ )File Size__(2GB) / (1GB)Quality__WEB-DL_1080p, 720pIMDb Rating__5.9/10Format__mp4Duration__01:30:00Type__Comedy , RomanceSubtitle__Myanmar Subtitle (Hardsub)Translated bySon GohanEncoded byNaing Aung Latt
A Far Shore (2022)
⭐IMDB: 7.1/10 (97 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 2.11 GB ⦿ 1.03 GB
🌎 #Japan
⏰ 2 နာရီ 3 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Review- မိတ်ဆွေတို့ရဲ့ဘဝမှာအဆင်မပြေတာတို့ ခက်ခဲတဲ့အချိန်တို့ကြုံတွေ့ရတဲ့အချိန်တွေမှာ တသ်နေရာမှာတစ်ယောက်တည်းနေပြီး ဒီအခက်အခဲတွေအကြောင်းစဉ်းစားကြည့်ဖူးမယ်ထင်ပါတယ်, ဒါမှမဟုတ် အခြားသူတစ်ယောက်အခက်အခဲြစ်နေတာတွေကိုကြည့်ပြီးတော့ သူ့နေရာကိုခဏဝင်ကြည့်ပြီး စဉ်းစားဖြစ်လားဗျ, လူတိုင်းကတော့ ရှင်းပြလို့မရတဲ့ကိုယ်အခက်အခဲနဲ့ကိုယ်ပါ,
ဒီကားကတော့ Nightclub က အပျော်မယ်လေး Aoi ရဲ့ခက်ခဲတဲ့ဘဝအကြောင်းပါ, Aoi ဟာ ဘဝပေးအခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ အသက်မပြည့်သေးဘဲ ဒီအလုပ်တွေနဲ့ရှာဖွေစားသောက်လျက်ရှိပါတယ်, ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ပြီး ဘာမှလက်လုပ်လက်စားမရှိ ရှိသမျှပိုက်ဆံကိုသုံးဖြုန်းတတ်တဲ့ ယောကျာ်းMasaya နဲ့ 2နှစ်အရွယ်သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်, ပိုက်ဆံမပေးနိုင်ရင်လည်း ယောကျာ်းဆီမှာထိုးကြိတ်ခြင်းခံရပါသေးတယ်
တစ်နေ့မှာ အသက်မပြည့်သေးတဲ့လူတွေနဲ့လုပ်ကိုင်စားသောက်တဲ့ Club တွေကို ရဲတွေကဝင်ဖမ်းပြီးပိတ်သိမ်းလိုက်တာကြောင့် Aoi တစ်ယောက်အလုပ်လက်မဲ့ဖြစ်သွားခဲ့ပြီး အခြားကလပ်တွေပါအလုပ်မခံ့ကြတော့ပါဘူး, ဒီကြားထဲ Masaya တစ်ယောက်ရန်ဖြစ်ပြီး အချုပ်ထဲရောက်သွားလို့ လျော်ကြေးပေးရမယ်အခြေအနေတွေဖြစ်လာတာကြောင့် Aoi မှာပိုက်ဆံလိုလာခဲ့ပြီး သူ့မှာရွေးချယ်စရာတစ်ခုပဲရှိလာပါတော့တယ်, ဒါကတော့ ဒိတ်လိုက်တဲ့ဝန်ဆောင်မှုပါ,
သာမန်နေ့ပိုင်းအလုပ်ကလည်း လစာပိုက်ဆံနည်းပါးလွန်းတာကြောင့် Aoi ဟာ ဒိတ်လုက်တဲ့ဝန်ဆောင်မှုနဲ့ ဒီအခက်အခဲတွေကိုဘယ်လိုဖြေရှင်းရမလဲ အကျိုးဆက်တွေဘယ်လိုတွေဖြစ်လာမလဲဆိုတာကြည့်ရှုရမှာပါ(မင်းသမီးကတော်တော်လှတယ်)
( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ )
Beat (2022)
⭐IMDB: 7.0/10 (117 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie
📺 #1080p #480p
💿 1.28 GB ⦿ 352.73 MB
🌎 #Australia
⏰ 1 နာရီ 41 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.3ရရှိထားတဲ့ musical dramaလေးဖြစ်ပါတယ် အယ်လီဆိုတဲ့ ကောင်မလေးက ကားအက်စီးဒင့်ကြောင့် နှလုံးအစားထိုးကုသလိုက်ရပြီးတဲ့နောက်မှာတော့ သူမဟာ စန္ဒရားတီးတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်သွားပါတယ်။ ဒီလိုနဲ့ သူမရဲ့နေ့စဉ်ဘ၀မှာ တိုက်ဆိုင်မှုတွေရှိလာတိုင်း အိမ်ခြေယာမဲ့လူတစ်ဦးနဲ့ သူမအကြား ဂန္တ၀င်ဂီတကနေတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်သွယ်မှုတစ်ခုရှိလာတာကို သတိထားမိလာပါတယ်။
ဒီကားလေးက musical filmဆိုတဲ့အတိုင်း အခန်းတိုင်းကို သီချင်းကောင်းကောင်းလေးတွေ စန္ဒရားသံလှလှလေးတွေနဲ့ ကြည့်ရှုသူရင်ထဲကိုထိအောင် လှလှပပ ပုံဖော်ထားပါတယ်။ Newcastle မြို့ရဲ့အလှတရားတွေကိုလည်း နောက်ခံသီချင်းကောင်းကောင်းတွေ လှပတဲ့ဇာတ်၀င်ခန်းတွေနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ပြထားတာမလို့ ဂီတကိုမြတ်နိုးတဲ့သူတွေအနေနဲ့ ကြည့်ဖို့သင့်တဲ့ကားလေးတစ်ကားပါပဲ။
Kadina Kadoramee Andakadaham (2023)
⭐IMDB: 6.6/10 (419 Votes)
🎬 #Bollywood #Comedy #Drama #Family
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 2.00 GB ⦿ 837.99 MB
🌎 #India
⏰ 1 နာရီ 58 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kadina Kadoramee Andakadaham (2023)IMDb-6.6/10
၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးကတကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးကကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုးစျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။
ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်းအပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကိုစိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှသူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှတခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ်ဇာတ်လမ်းလေးတပုဒ်ပါပဲ။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်)
A Dark Truth (2012)
⭐IMDB: 5.6/10 (6 k Votes)
🎬 #Action #Thriller #Drama
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 2.23 GB ⦿ 1.21 GB ⦿ 648.68 MB
🌎 #Canada
⏰ 1 နာရီ 46 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် … ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေးပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ… ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ
Reality (2023)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Drama
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 612.62 MB ⦿ 2.11 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Reality (2023)
~ IMDb – 6.6/10, Rotten Tomatoes – 97% ~
ခရမ်းချဉ်သီးပုပ် 97% ရရှိထားတဲ့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ ထူးခြားတာကတော့ FBI အေးဂျင့်တွေ လက်တွေ့မှာ အဲဒီအမှုကိုစစ်မေးထားတဲ့ အသံဖမ်းစက်ထဲက စကားတွေအတိုင်း ဒိုင်ယာလော့တွေကို တစ်သဝေမတိမ်း သုံးထားတာပါပဲ။
အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။
2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။
Reality Winner နေရာကနေ သရုပ်ဆောင်ထားတာကတော့ Euphoria နဲ့ The White Lotus စီးရီးတွေမှာ အရေးပါတဲ့နေရာတွေကနေပါဝင်ထားတဲ့ Sydney Sweeney ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှန်ရုပ်ရှင်ဟာ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆု ၂ နေရာအတွက် ဆန်ကာတင်စာရင်းဝင်ထားပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရထားတာကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)
