ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Squeaky Clean Mysteries: Hazardous Duty (2022)
⭐IMDB: 6.4/10 (184 Votes)
🎬 #Mystery #TVMovie #Drama #Thriller
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း မိုက်ကယ် ကာနင်ဟန်က သူ့မိန်းမကို သတ်လိုက်တာလားအားလုံးပဲ အတူတူ တရားခံကိုဖော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။...
穷兄富弟 (2023)
⭐TMDB: 0.0% User Score
🎬 #Comedy #Drama
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 29 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့Better lifeဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဝမ်ယိုချိုင်လို့ခေါ်တဲ့ ကျောက်ကပ်ဝေဒနာနောက်ဆုံးအဆင့်ခံစားနေရသူ,ဆင်းရဲချို့တဲ့ပေမဲ့လူတကာကူညီပေးတတ်ပြီးဆေးရုံဘေးနားအိမ်ယာတန်းလျားမှာနေနေရတယ်။လီကျစ်ယွမ်ကတော့ကုမ္ပဏီပိုင်ရှင်ရဲ့သား နှလုံးရောဂါဝေဒနာနောက်ဆုံးအဆင့်ခံစားနေရသူ,ချမ်းသာပေမဲ့အမြဲတမ်းအထီးကျန်ဆန်နေတဲ့လူပေါ့။
လီကျစ်ယွမ်ကသူ့နှလုံးအစားထိုးဖို့ သင့်တော်တဲ့လူကိုရှာနေရင်းဝမ်ယိုချိုင်ကို ရှာတွေ့သွားပြီးနှစ်ယောက်သား ညီအစ်ကိုမိတ်ဆွေဖြစ်သွားကြတယ်။သူဌေးသားဆိုပေမဲ့လည်း အမြဲတမ်းပျော်ရွှင်ပြီးပြီးပြည့်စုံတဲ့မိသားစုကိုပိုင်ဆိုင်ချင်နေတာကြောင့်ဝမ်ယိုချိုင်ရဲ့ဘဝကို အားကျနေမိခဲ့တယ်
တစ်နေ့မှာတော့ နှစ်ဦးသားကကိုယ်အင်္ဂါအစားထိုးလဲလှယ်ဖို့ စာချုပ်ချုပ်ဆိုတဲ့အကြောင်းဖန်လာခဲ့တယ်။ကဲဒီတော့ ဝမ်ယိုချိုင်နဲ့လီကျစ်ယွမ်နှစ်ဦးသား ဘယ်လိုတွေရင်းနှီးခင်မင်ကြသလဲ။နှစ်ဦးလုံးရဲ့ကိုယ်အင်္ဂါအစားထိုးတာကတော့အစားထိုးနိုင်ပါ့မလားစတာတွေကိုဒီဇာတ်လမ်းလေးထဲမှာ ဝမ်းနည်းစရာ,ကြည်နူးစရာစတဲ့ရသပေါင်းစုံကို ဖော်ပြသွားမှာဆိုတော့ ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်...
Tumse Na Ho Payega (2023)
⭐TMDB: 60.0% User Score
🎬 #Bollywood #Drama #Romance #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 12 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tumse Na Ho Payega 2023 (imdb 9.2/10)
ငယ်ငယ်တုန်းက မိဘတွေက နင်ဒီလောက်ညံ့နေတာ အတန်းထဲကအဆင့်တစ်ချီးစားပါလားတို့ဘာတို့ဆိုပြီး အဆူခံရဖူးတဲ့ ပရိသတ်တွေရှိကြလား
ဆိုရှယ်မီဒီယာပေါ်မှာ ခရီးသွားလိုက် ဘားကလပ်သွားလိုက်အိုင်ဖုန်းကြီးဝယ်ကိုင်ပြလိုက်နဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလားအဲဒီလိုခံစားချက်မျိုးတွေရှိဖူးတယ်ဆိုရင် ဒီဇာတ်ကားလေးကပရိသတ်တို့အတွက် ကိုယ့်ဘဝကိုယ်ရောင်ပြန်ဟပ်စေမဲ့ ပုံမှန်အလုပ်လေးလုပ်တခါတလေဘားသွား crush ကပြန်မကြိုက် ကိုယ့်ဘဝကြီးကိုစိတ်ကုန် စသဖြင့်ကိုယ့်အကြောင်းရိုက်ပြနေသလိုကို ခံစားစေရမှာပါ
အဲဒီလိုမျိုး မိဘကပေးတဲ့ ပရက်ရှာတွေ ပတ်ဝန်းကျင်ကပရက်ရှာတွေဆိုရှယ်မီဒီယာဘာညာစသဖြင့် ပရက်ရှာပေါင်းများစွာနဲ့ လူငယ်ခြေကျဘဝကိုပုံဖော်ပြထားတာမို့ စော်မရှိစာမလာ ဘူကောင် မန်ယူဖန်တွေကြည့်သင့်ကြောင်း ညွှန်းဆိုပေးပါရစေ
ဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကမင်းသားဂေါ်ရာဗ့်ဟာ သူ့ရဲ့နိစ္စဒူဝနေ့စဉ်ဘဝကြီးကိုစိတ်ကုန်သူ့ရဲ့ crush လေး ဒေဗစ်ကာကလည်း သူ့ဘဝရဲ့အမုန်းဆုံးကျောင်းသားဘဝထဲက ပြိုင်ဘက်အာဂျွန်နဲ့တွဲနေတော့ စိတ်ဓာတ်ကျပြီး အလုပ်မှာမပျော်တော့လို့ အလုပ်ထွက်လိုက်တာကနေသူ့ဘဝကြီးက ပိုပဲအဆင်ပြေသွားမလား
မိဘ ချစ်ရတဲ့သူ ပတ်ဝန်းကျင်စတဲ့ ပရက်ရှာတွေအောက်မှာ ဘယ်လိုအဆင်ပြေအောင်ရှေ့ဆက်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာမို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်...
Haunted Mansion (2023)
⭐IMDB: 6.2/10 (14 k Votes)
🎬 #Comedy #Drama #Family #Horror #Fantasy #Mystery
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023)
ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။
သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။
တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။
မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)...
My Home Security Camera-Aika Yumeno [SSIS-796-Decensored]
⭐-
🎬 #Asian #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 1 နာရီ 58 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aika Yumeno ကို ပြည့်တင်းလုံးဝိုင်းတဲ့သင်္ကေတအဖြစ် JAV ပရိတ်သတ်တိုင်း သိကြမှာပါ။
SSIS-796-Decensored Version ဒီဇာတ်လမ်းမှာတော့
သူမကို မြင်နေကျမဟုတ်ဘဲ တမျိုးတဖုံ မြင်တွေ့ရမယ့် ဇာတ်လမ်းဆန်းပါပဲ။
Decensored Version နဲ့ဆိုတော့ Aika Yumeno ပရိတ်သတ် တန်းဖြစ်သွားနိုင်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
We Are Marshall (2006)
⭐TMDB: 69.0% User Score
🎬 #Drama #Sport #History
🗓 2006 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 04 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့ Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊ မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊ အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့ ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့ The Wedding Planner,How to Lose a Guy in 10 Daysတို့ရဲ့ romantic iconလည်းဖြစ်ခဲ့သလို The Lincoln Lawyer, Interstellar တို့မှာဦးဆောင်ထားတဲ့ Matthew McConaughey၊ Captain America: The Winter Soldier (2014),The Falcon and the Winter Soldier(2021)တို့မှာ Falconအဖြစ်ပါဝင်ထားတဲ့Anthony Mackie၊ Fantastic Four(2015)မှာ invisible womanအဖြစ်သရုပ်ဆောင်ထားတဲ့ Kate Maraတို့အပါအဝင် အခြားနာမည်ကြီး castပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်တွေကြားမှာကိုယ်ကိုယ်တိုင် Marshallကျောင်းသားတစ်ယောက်လို၊ Huntingtownမြို့သားတစ်ယောက်လို ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(2.8 GB)/(1.6 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:11:00
Genre…Drama, Sport
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Ahorne
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Hot Tub Time Machine 2 (2015)
⭐IMDB: 5.0/10 (41 k Votes)
🎬 #Comedy #Mystery #SciFi
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ 2010 ကထွက်ခဲ့တဲ့ HTTM ရဲ့အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လု ဒေါ်ချန်တစ်ယောက်ပါတီပွဲပေးနေရင်း သေနတ်နဲ့အပစ်ခံလိုက်ရတာကြောင့် သူ့ရဲ့သားဖြစ်သူ ဂျေကော့၊ သူငယ်ချင်းဖြစ်သူ နစ်ခ် ဝက်ဘာတို့က လုကို ရေပူကန်ထဲခေါ်ပြီး အတိတ်ကိုပြန်သွားရင်း ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင်တားဆီးဖို့လုပ်ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ ရောက်သွားတာက အတိတ်ကာလမဟုတ်ပဲ အနာဂတ်ကာလကို ဆယ်နှစ်တောင်ကြိုပြီးရောက်သွားတာပါ။ ဒီလိုနဲ့ ငရှုပ်သုံးယောက် လုကိုပစ်သွားတဲ့ သေနတ်သမားကို လူသတ်မှုမကျူးလွန်ခင်ရှာတွေ့နိုင်မှာလား၊ အနာဂတ်မှာရော ဘယ်လိုတွေပတ်ပြီး ရှုပ်ကြ၊ မွှေကြ၊ ပွေကြဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...
His Dark Materials (2019-2022)
⭐IMDB: 7.8/10 (82 k Votes)
🎬 #SciFi #Fantasy #Drama #Adventure
🗓 2019-2022 🎞 tv series
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 48 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
His Dark Materials (2022)( Season 1+2+3 ) His Dark Materials ဆိုတဲ့ series ကတော့
ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့၀က်ဝံနှစ်ကောင်ဖိုက်ကြတဲ့ the golden compass ဆိုတဲ့ကားရဲ့extended series ပေါ့ဒီဇာတ်လမ်းအခြေတည်ထားတဲ့ Universe ကိုကအဆန်းလူတွေက ရုပ်နဲ့ နာမ် ပေါင်းစည်းနေရမဲ့အစားသူတို့ နာမ် တနည်းအားဖြင့် soul ကတိရစ္ဆာန်တွေအဖြစ်တည်ရှိနေတယ်လူတိုင်းမှာ soul creature တစ်ကောင်စီရှိကြတယ် အဲ့soul creature ကို daemon လို့ခေါ်တယ် daemon တွေဟာသူ့ခန္တာပိုင်ရှင် စိတ်နေသဘောထားအတိုင်းform အမျိုးမျိုးလိုက်ပြောင်းကြတယ်ခန္တာပိုင်ရှင် အရွယ်ရောက်သွားမှသူတို့နောက်ဆုံး form မှာပဲအနည်ထိုင်သွားကြတယ်ဇာတ်လမ်းအစမှာကတည်းက လိုင်ရာဆိုတဲ့ကောင်မလေးနဲ့သူ့ daemon ကိုတွေ့ရမှာပါ series ဖြစ်တဲ့အတွက်plot ပိုင်းတော့သိပ်မပြောတော့ဘူးextraordinary ဖြစ်တဲ့ story ကိုမှကြည့်ချင်သူတွေအတွက်တော့ရှယ်ပဲတစ်ကားလုံးအဆန်းတွေကြီး harry potterတို့လိုမဟုတ်ပဲ other universe တစ်ခုကိုရောက်သွားတဲ့feel မျိုးရစေမှာပါ rating ကလဲIMDb မှာ 8.7rotten tomatoes မှာ 83%လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ကြည့်သင့်တဲ့ series တစ်ခုလို့တော့ထင်မိပါတယ်...
72 Hours - Operation Gold (2023)
⭐TMDB: 65.0% User Score
🎬 #Action #Drama #Mystery
🗓 2023 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 43 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်းကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
ဖူကွမ်းမြို့မှာ ဒုစရိုက်မှုပေါင်းစုံကို လုပ်နေကြတဲ့ ဒုစရိုက်အဖွဲ့ဟာအမှုပေါင်းများစွာနဲ့ ပတ်သက်နေပါတယ်။ မူးယစ်မှောင်ခိုလုပ်ခြင်း၊လက်နက်ကိုင်ဆောင်ပြီး လူသတ်ခြင်းဖြင့် နေရာတိုင်းမှာ အဖွဲ့ဝင်တွေ ရှိနေပါတယ်။အဖွဲ့တွင် အဖွဲ့ဝင်များပြားခြင်း၊ အင်တာနက်ကို အသုံးချပြီး ဒုစရိုက်ပြုလုပ်ခြင်း၊အဖွဲ့ခေါင်းဆောင်ရဲ့ လျှို့ဝှက်ခြင်းတို့ကြောင့် ထိုအဖွဲ့ဟာ ဉာဏ်ရည်မြင့်ဒုစရိုက်အဖွဲ့တစ်ခု ဖြစ်ပါတယ်။
ဖူကွမ်းမြို့မှ ရဲတပ်ဖွဲ့ကလည်း နှစ်ပေါင်းများစွာ ထိုဒုစရိုက်အဖွဲ့ရဲ့ ပြစ်မှုသက်သေတွေကိုလိုက်လံစုံစမ်းနေခဲ့ပြီး ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးခဲ့ပါတယ်။တစ်နေ့မှာ မိန်းကလေးတစ်ယောက်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။တိုက်ခိုက်ခံရသူမိန်းကလေး ရုံလင်ဟာ ရဲတပ်ဖွဲ့ကို အမှုတိုင်ခဲ့ပါတယ်။
တိုင်ကြားမှုကို လက်ခံရရှိခဲ့ပြီးနောက် ဖူကွမ်းမြို့ ဒုစရိုက်တိုက်ဖျက်ရေးတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ထန်ဖေးဟာ အဖွဲ့သားတွေကို ဦးဆောင်ပြီးစစ်ဆေးစုံစမ်းမှုများ သက်သေရှာဖွေမှုများကို ပြုလုပ်ခဲ့ပါတယ်။ရုံလင် ထွက်သွားပြီးနောက် အချိန် ၇၂ နာရီကို အသုံးချကာဒုစရိုက်တပ်ဖွဲ့တွေကို တစ်ချက်တည်းအပြီးရှင်းဖို့ လုပ်ရှားရပါတော့တယ်။
ထန်ဖေးတို့အဖွဲ့က ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကို အမိအရဖမ်းဆီးဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ……အမှုတိုင်တဲ့ မိန်းကလေးကရော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ……ဆိုတာကို ရုပ်ရှင်လေးကို ကြည့်ရှုလိုက်ရအောင်နော်။...
Children... (2011)
⭐IMDB: 7.1/10 (3 k Votes)
🎬 #Mystery #Thriller #Crime #Drama
🗓 2011 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 6 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Childern (2011)
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ်ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့်ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီးသူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ်သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလားကလေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလားလူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်
အညွှန်း နဲ့ ဘာသာပြန်ကတော့Thae Thaeပဲ ဖြစ်ပါတယ်။...
Menunggu Bunda (2021)
⭐TMDB: 0.0% User Score
🎬 #Drama #Family
🗓 2021 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 27 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Menunggu Bunda (2021)
ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက်သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ်လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို “မသွားပါနဲ့ဦး အမေ” လို့ အဓိပ္ပါယ်ရပါတယ်။Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာAlma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။
Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့်သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။
Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက်အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
Handphone (2009)
⭐IMDB: 6.6/10 (519 Votes)
🎬 #Thriller #Drama
🗓 2009 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 10 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Handphone (2009)
ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ…ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ…
ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့်ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှအခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)
အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကိုဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကိုကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Kppksပဲ ဖြစ်ပါတယ်။...
The Forest of Love: Deep Cut (2020-2020)
⭐IMDB: 6.8/10 (568 Votes)
🎬 #Crime #Drama #Horror #Thriller
🗓 2020-2020 🎞 tv mini series
🌎 #Japan
⏰ 47 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+]The Forest of Love: Deep Cut (2020)
ဒီတစ်ခါတင်ဆက်ပေးမယ့် Mini Series လေးကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ မူလ forest of love ကို ၂နာရီကျော်ကြာထပ်ပေါင်းထားတဲ့ အပိုင်း၇ ပိုင်းနဲ့ Extended Cut Limited (Adult) Series လေးဖြစ်ပါတယ် ။ဒီကားက Japanမှာရှိတဲ့ သစ်တောတစ်ခုမှာ တစ်ကယ်ဖြစ်ခဲ့ဖူးတဲ့ ၄လောင်းပြိုင်လူသတ်မှု့ကို အခြေခံပြီး လူငယ်တွေကြားမှာ အပြောများတဲ့ Love Spell ဆိုတဲ့ စိတ်ကူးယဥ် ဇာတ်လမ်းနဲ့ပေါင်းပြီး ရိုက်ကူးထားတာပါဇာတ်လမ်းအကျဥ်းဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင် Murata ဆိုတာက စော်တိုင်းကြိုက်တဲ့ Love Spell ကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ပေါ့ …Mitsuko ကတော့ မိန်းကလေးသီးသန့်ကျောင်းကို ပြောင်းလာတဲ့ အပျိုစင် လေးပါ
တစ်ကျောင်းလုံးက မိန်းကလေးတွေဆိုတော့ မိန်းကလေးချင်းပဲ ကြိုက်ကြရတာပေါ့
ဒီလိုနဲ့ သူလည်း အဲ့ကျောင်းက ကောင်မလေးတစ်ယောက်ကို သဘောကျသွားချင်းချင်း အဲ့ကောင်မလေးက ကားတိုက်ခံရပြီး သေသွားတယ်
သတင်းကြားကြားချင်း မခံမရပ်နိုင်ဖြစ်ပြီး ၅နှစ်ကျော်ကြာတဲ့ အထိ တစ်ကိုယ်တည်း သူကိုယ့်အနားမှာရှိနေတယ်ဆိုတဲ့စိတ်နဲ့ နေထိုင်ခဲ့တယ်
နောက်တော့ သူရဲ့ ဘ၀ထဲကို Love Spell ပိုင်ဆိုင်ထားတဲ့ Murata ဆိုတဲ့သူရောက်လာတဲ့အခါမှာတော့…ဒီဇာတ်လမ်းက Plot Twistတွေအများကြီးနဲ့ လူသတ်သမားကို ဘယ်သူမှန်းမသိအောင်ဖွက်ပေးထားတယ်
နောက်ဆုံးမှာရော အားလုံးသိချင်ကြတဲ့ ကွင်းဆက်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ ခံစားလိုက်ကြပါ...
Love Is in the Air (2023)
⭐IMDB: 5.6/10 (2 k Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #Australia
⏰ 1 နာရီ 29 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love is in the air (2023)
Love is in the air ဆိုတဲ့ Australian romantic, comedy ဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။Dana က မိခင်ဆုံးသွားပြီးတဲ့နောက်ပိုင်း သူ့အမေအရမ်းချစ်မြတ်နိုးတဲ့ မိသားစုပိုင်လေကြောင်းလိုင်းကို အဖေနဲ့အတူတူ ဦးစီးလုပ်ကိုင်နေတဲ့သူပါ။သူတို့လေကြောင်းလိုင်းက မြို့နဲ့ဝေးတဲ့နေရာက ကမ်းခြေတွေ၊ ကျွန်းတွေဆီကို စာတွေ၊ ပစ္စည်းတွေပို့ပေးပြီးအရေးပေါ်ကိစ္စကူညီတာတွေကို အဓိကလုပ်ပေးနေတော့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေက ချွတ်ခြုံကျလာရော။William ကတော့ ချမ်းသာတဲ့မိသားစုရဲ့ အမွေဆက်ခံသူ သားတစ်ယောက်ဖြစ်ပြီးတော့ ဖခင်စိတ်ကျေနပ်အောင် အမြဲကြိုးစားပေးနေတဲ့သူပေါ့။တစ်နေ့ သူတို့လုပ်ငန်းလက်အောက်မှာရှိတဲ့ Dana တို့မိသားစုပိုင် လေကြောင်းလိုင်းကို အမြတ်အစွန်းမရလို့ဆိုပြီး အပြီးပိတ်ပစ်ဖို့လုပ်ပါတော့တယ်။အဲဒါနဲ့ ဩစတေးလျကိုသွားပြီး လုပ်ငန်းအခြေအနေကို စစ်ဆေးဖို့ William ကို သူ့အဖေက လွှတ်လိုက်တဲ့အခါမှာတော့Dana တစ်ယောက် သူ့အမေချန်ခဲ့တဲ့ တစ်ခုတည်းသောအရာကို ဆက်ပြီး ကာကွယ်သွားနိုင်ပါ့မလားဆိုတာကိုဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
About him & her (2023)
⭐IMDB: 5.7/10 (220 Votes)
🎬 #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
About Him and Her (2023)
About him and her(2023) ဇာတ်လမ်းကိုဒါရိုက်တာ Ice Mrozek ကဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာပါ။၁၉၈၉ ခုနှစ်မှာ ဖုန်းလိုင်းပူးရာကနေဖြစ်တဲ့အချစ်ဇာတ်လမ်းလေးပါ။ကောင်လေးက ချီကာဂိုတွင်နေထိုင်ပြီး ကောင်မလေး မီရှီဂန်တွင်နေထိုင်တာပါ။တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ဖို့အခွင့်အရေးဆိုတာနည်းပါးလှပြီး ချစ်ကြိုက်သွားဖို့ဆိုတာအတော်လေးကိုမှခဲယဉ်းပါတယ်။အထူးသဖြင့်အသံပဲကြားရပြီးရုပ်မမြင်ရတဲ့၁၉ရာစုနှစ်တွေမှာပေါ့။လူတွေအနေနဲ့ ဖုန်းစိမ်းတစ်လုံးဝင်လာတယ်“ဖုန်းမှားသွားတာ”ဆိုတဲ့ အသံကြားတာနဲ့ချလိုက်ပါပြီ။ဇာတ်လမ်းက အစ၊အဆုံးပဲ။
ဒီဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့မက်ဆေ့က “အချစ်ဆိုတာ ရုပ်ရည်သွင်ပြင်ပေါ်မှာ ဖွဲ့စည်းထားတာမဟုတ်ဘူး၊တစ်ယောက်ကိုတစ်ယောက်ဂ ရုစိုက်မှု၊ နွေးထွေးမှု၊ နားလည်ပေးနိုင်မှုတို့နဲ့ တည်ဆောက်ထားတယ်”ဆိုတဲ့အကြောင်းပါပဲ။
သူဘယ်လိုလေးတင်စားထားသလဲ၊ ဘယ်လိုလေးအချစ်ကိုဖော်ကျူးပြထားလဲ ကြည့်ရှူအားပေးကြပါဦးခင်ဗျာ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...
My Tempo (2022)
⭐TMDB: 0.0% User Score
🎬 #BL #Drama
🗓 2022 🎞 movie
🌎 #Thailand
⏰ 1 နာရီ 59 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Tempo (2022)
2022 ခုနှစ်က ထွက်ရှိထားတဲ့ BL, Romance လူငယ်ကျောင်းသားဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။
Hope နဲ့ Seki က ဂစ်တာတစ်လက်တည်းကို လူနှစ်ယောက်လက်လေးဖက်နဲ့တီးတဲ့အပြင် အရည်အချင်းရှိလို့ဆိုပြီး နာမည်ကြီးနေတဲ့ Four Hands အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။
Hope ကကျတော့ သီချင်းနုတ်တွေအတိုင်း အတိအကျလိုက်တီးတတ်ပြီးတော့Seki ကတော့ ခံစားချက်အတိုင်း တီးချင်တာကြောင့်သူတို့နှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဖွဲ့ကွဲသွားတယ်။ချမ်းသာတဲ့မိသားစုရှိတဲ့ Seki အတွက် ဘာမှပြောင်းလဲမသွားပေမယ့်မိသားစုက မပြည်စုံတဲ့ Hope အတွက်တော့ ပညာသင်ဆုကိုပါ လက်လွှတ်လိုက်ရပြီးတော့ ဒုက္ခရောက်သွားတယ်။အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ Hope ဆီကို Tawan ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။အဲဒီ Tawan ဆိုတဲ့ကောင်လေးက Producer တစ်ယောက်ဖြစ်ချင်ပေမယ့် လူကြောက်တတ်တော့စင်ပေါ်ကိုမတက်ဘဲ နောက်ကွယ်ကနေ တခြားသူတွေကို ကူညီပေးတတ်တဲ့သူတစ်ယောက်ပါ။Hope အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် ဆုံမိသွားတော့ကူညီတတ်တဲ့ Tawan က Hope ပြန်အဆင်ပြေအောင် သူတတ်နိုင်သမျှ ကူညီပေးရင်း အချင်းချင်းရင်းနှီးသွားပါတယ်။
ဒီဇာတ်ကားလေးထဲမှာတော့ သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊အချင်းချင်းပံ့ပိုးပေးကြတာတွေကို ကြည်နူးစရာတွေ့မြင်ရမှာမို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
Wish Me Luck (2023)
⭐TMDB: 50.0% User Score
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #Thailand
⏰ 1 နာရီ 39 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wish me luck (2023)
နတ်ဘုရားတွေကို ယုံကြည်သက်ဝင်ပြီး အင်းကွက်တွေဆောင်လေ့ရှိတဲ့ ဖယ်ဆိုတဲ့ကောင်မလေးတစ်ယောက်အမေက သူမနဲ့ကံမတိုက်ဆိုင်လို့ဆိုပြီး အိမ်ခွဲနေခဲ့ပါတယ်
တစ်ရက်မှာ အမေဖြစ်သူက အင်းပြားကိုဆောင်ထားဖို့ ပို့ပးလာခဲ့တယ်သူမကလည်း ဒီအင်းကိုစမ်းသပ်ချင်တာနဲ့ သူမပြောစကားတိုင်း ပြည့်ဝဖို့ဆုတောင်းခဲ့ပါတယ်
မထင်မှတ်ဘဲ သူမချစ်သူပရီတီရဲ့မုန့်ဆိုင်လေးကို မီးလောင်ပါစေလို့ ရန်ဖြစ်စကားများတုန်း ပြောခဲ့မိရာမှာအင်းက တကယ်အလုပ်လုပ်တော့ သူမတို့နှစ်ဦး ဝေးဖို့လမ်းစဖြစ်ခဲ့တယ်
ဖယ်ဟာ စီးပွါးရေးသမား “ဖစ်” နဲ့အချစ်သစ် စခဲ့ပြီးနောက် သူမဘဝပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်ဖစ်ဟာ ဖယ်ကိုအသုံးချပြီး ငွေကြေးလိမ်လည်မှုဂိမ်းတစ်ခုမှာ CEOထည့်ခဲ့တာကြောင့်
ဖယ်တစ်ယောက် အဆုံးသတ်က ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာကိုတော့ “Wish Me Luck”မှာ ဆက်လက်ကြည့်ရှုရအောင်ပါ
အညွှန်း နဲ့ ဘာသာပြန်ကတော့Lei Wutyi Tunပဲ ဖြစ်ပါတယ်။...
My Animal (2023)
⭐IMDB: 4.8/10 (429 Votes)
🎬 #Fantasy #Horror #Romance
🗓 2023 🎞 movie
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဟယ်သာဟာ ဆယ်ကျော်သက် တစ်ယောက်။ ဟယ်သာကို အဖေကလွဲပြီး ဘယ်သူမှမချစ်ဘူး၊ ဟယ်သာ့ဘက်မှာ ဘယ်သူမှမရှိဘူး။ ဒီလိုမျိုး အဘက်ဘက်ကနေ ဖိနှိပ်မှုတွေနဲ့ ကြုံနေရတဲ့ ဟယ်သာဟာ မြို့ကို ပြောင်းရွှေ့လာတဲ့ ရေခဲပြင်စကိတ်ဝါသနာရှင်လေး ဖြစ်တဲ့ ဂျိုနီးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အေးစက်နေတဲ့ မြို့ငယ်လေးမှာ ဟယ်သာအတွက်ပထမဆုံးနေရောင်ခြည်လေး ဂျိုနီး…ဟယ်သာရဲ့ လျှို့ဝှက်ချက်ကို ဂျိုနီးတစ်ယောက် သိသွားတဲ့အခါမှာတော့…
Hunger Gameမှာ Rueအဖြစ်ပါဝင်ခဲ့တဲ့ Amandla Stenbergနဲ့ Under the silver lake ဇာတ်ကားမှာ အသိအမှတ်ပြုခံထားရတဲ့ Bobbi Salvör Menuez တို့ဦးဆောင်ပါဝင်ထားပြီး ၂၀၂၃မှာထွက်ရှိထားတဲ့ ဇာတ်ကားအသစ်ဖြစ်ပါတယ်။ Horror romanceအမျိုးအစားဖြစ်လို့ ဆယ်ကျော်သက်တွေရဲ့နေ့စဉ်ဘဝ၊ ဖိအားနဲ့ စိတ်ခံစားချက်အပြောင်းအလဲတွေအပြင် ဟယ်သာနဲ့ဂျိုနီးကို ခြောက်လှန့်လာမယ့် လျှို့ဝှက်ချက်ကိုပါ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်...
Incendies (2010)
⭐IMDB: 8.3/10 (190 k Votes)
🎬 #Drama #Mystery #War
🗓 2010 🎞 movie
🌎 #Canada #France
⏰ 2 နာရီ 11 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unnamed Middle East Countryတစ်ခုမှာဖြစ်တဲ့ ဘာသာရေးပြည်တွင်းစစ်ပွဲတစ်ခုရဲ့ရိုက်ခတ်မှုကြောင့် နာဝယ်မာဝန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် စစ်ပွဲဆိုတာက လူတွေအပေါ် အသက်ဆုံးရှုံးစေတာထက်ပိုပြီး ပြင်းထန်နာကျင်စရာကောင်းတဲ့ ခါးသီးမှုဒုက္ခတွေပေးနိုင်ကြောင်းကို ဒီကားထဲမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအစမှာ နာဝယ်မာဝန်က သူမရဲ့သားသမီးတွေဖြစ်တဲ့ ဂျန်းမာဝန်နဲ့ဆီမွန်မာဝန် အမွှာနှစ်ယောက်လက်ထဲကို သူမရဲ့သေတမ်းစာကနေတစ်ဆင့် စာနှစ်စောင်ထားရှိခဲ့တယ်။ တစ်စောင်က စစ်ပွဲမှာသေဆုံးသွားပြီလို့ အမွှာနှစ်ယောက်သိထားတဲ့ သူတို့ရဲ့အဖေက သက်ရှိထင်ရှားရှိနေတာကိုသိရပြီး အဖေကိုလိုက်ရှာပြီး ပို့ပေးရမယ့်စာဖြစ်နေတယ်။ နောက်တစ်စောင်ကတော့ တစ်ခါမှမသိခဲ့ဖူးတဲ့ သူတို့ရဲ့ သွေးသားရင်းအစ်ကိုတစ်ယောက်ကို လိုက်ရှာပြီးပို့ပေးရမယ့်စာပေါ့။ ဒီလိုနဲ့ အမွှာနှစ်ယောက်က သူတို့အမေရဲ့အတိတ်ကိုတူးဖော်ရင်း တဖြည်းဖြည်းနဲ့သိလာခဲ့ရတာတွေက ဘာတွေဖြစ်မလဲဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲမှာလေးနေမှာတော့ သေချာပါတယ်။ ဇာတ်ကားထဲက နာဝယ်မာဝန်က လူတစ်ယောက်ဆီမှာ ကြုံရနိုင်တဲ့ဒုက္ခကိုမှ အပြင်းထန်ဆုံးlimitအထိရရှိသွားတဲ့ သူတစ်ဦးမို့လို့ ဇာတ်ကားကြည့်ပြီးရင် စိတ်ထဲတော်တော်လေးနေပါလိမ့်မယ်။ ခါးသီးမှုတွေနဲ့ကျင့်သားမရဖူးသေးတဲ့သူဆိုရင် ကြည့်မိရင် စိတ်ဒဏ်ရာရသွားနိုင်တဲ့ကားမို့လို့ ကြိုချင့်ချိန်ပြီးမှကြည့်ဖို့ ကြိုမှာချင်ပါတယ်နော်။...
Don't Buy the Seller (2023)
⭐IMDB: 7.8/10 (79 Votes)
🎬 #Crime #Mystery #Thriller
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 42 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Don’t Buy the Seller aka Target (2023)
Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီ
ဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်
လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်..ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကိုတစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်
တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီးအိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်
တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ..ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်
အညွှန်းကိုတော့Joyzက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Joyz&Hmweပဲ ဖြစ်ပါတယ်...
