ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Owners (2020) ⭐IMDB: 5.0/10 (10 k Votes) 🎬 #Action #Horror #Thriller #Mystery #Comedy #Crime 🗓 2020 🎞 movie 🌎 #UnitedKingdom #France #UnitedStates ⏰ 1 နာရီ 33 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Owners (2020)***************** ဒီကားထဲက အဓိကမင်းသမီးလေး Maisie Williams ကိုတော့ Games Of Thrones ထဲမှာ… အာယာစတဒ်အဖြစ်နဲ့ Needle ဆိုတဲ့ဓားလေးကို ကိုင်ပြီး ဖိုက်တာကျခဲ့တာကို အားလုံးသိကြမှာပါ။ ဒီဇာတ်ကားထဲမှာရော ဘယ်လောက်ဖိုက်တာကျနိုင်မလဲ အားပေးကြည့်ရှုလိုက်ကြပါဦးနော်… ဇာတ်လမ်းအကျဉ်း————– အသက်အရွယ်ကြီးရင့်ပြီးတော့ သားသမီးမြေးမြစ်တွေမရှိတော့တဲ့ ဆရာဝန်လင်မယားနှစ်ယောက်နဲ့… ပိုင်ဆိုင်မှုတွေလည်းရှိပြီး ဆက်ခံမဲ့သူမရှိတဲ့ သူတို့အကြောင်းကိုသိနေတဲ့ ငွေလွယ်လွယ်လိုချင်တဲ့ လူ ၃ ယောက်… ဒီလိုငွေလွယ်လွယ်ရချင်တဲ့ လူ ၃ ယောက်က ဆရာဝန်လင်မယားအိမ်ကို ဓားပြဝင်တိုက်ကြပါတော့တယ်။ ဓားပြဝင်တိုက်တဲ့သူတွေဟာ ငွေတွေအလွယ်တကူရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အိမ်ကို ဓားပြတိုက်လို့အပြီး… နာရီပိုင်းအတွင်းမှာတင် ဒီသက်ကြီးရွယ်အို ၂ယောက်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိတာ သိလိုက်ရတယ်။ သူတို့ထင်သလို မလွယ်ကူတဲ့အပြင် ကိုယ်တိုင်မုဆိုးကနေ သားကောင်အဖြစ်ကိုရောက်သွားတဲ့အချိန်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...
The 5-Year Christmas Party (2024) ⭐IMDB: 5.6/10 (554 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 Octoberနှောင်းပိုင်းမှာထွက်ရှိခဲ့ပြီး Holiday, Romance Genres အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The 5 Year Christmas Party လေးကတော့ တက္ကသိုလ်တက်နေတဲ့လူငယ်နှစ်ဦးရဲ့ School Life ကိုအသားပေးဖော်ပြတာမဟုတ်ပဲ ခရစ္စမတ်ကာလ ၅ခုမှာ သူတို့ဘယ်လိုတွေဖြတ်သန်းလဲဆိုတဲ့ Holiday POV ကို ခရစ္စမတ်အငွေ့အသက်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ပြဇာတ်ဘာသာရပ်ကို သင်ယူနေကြတဲ့ Alice နဲ့ Max တို့ Christmas Party တစ်ခုမှာ ဆုံကြပုံနဲ့ အစပျိုးထားပါတယ်။ရည်မှန်းချက်ကြီးလွန်းတဲ့ကောင်မလေး Alice ဟာ သူ့အမေလုပ်ငန်းဆုံးရှုံးသွားတဲ့အခါ အိမ်ငှားခ၊ ကျောင်းလခတွေအတွက် အလုပ်ရှာရပါတော့တယ်။ တစ်ချိန်တည်းမှာတော့ Max ဆိုတဲ့ကောင်လေးက သရုပ်ဆောင်လုပ်ဖို့အတွက် လေ့ကျင့်မှုတွေလုပ်ရင်း ကြိုးစားနေချိန်ပါ။ Alice က Max ရဲ့အစ်မ Pam ရဲ့Catering Serviceမှာ သူငယ်ချင်း Daniel အကူအညီနဲ့ အလုပ်ရခဲ့ပြီး Max ကတော့ Audition တွေလုပ်ရင်း ရုပ်ရှင်ရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်။ ခရစ္စမတ်မှာ သူတို့တွေ့ဆုံဖြစ်ကြကာ ခံစားချက်ကို ဝန်ခံခဲ့ပေမယ့် သူငယ်ချင်းအဖြစ်ဆက်နေရင်းက တစ်နှစ်နဲ့တစ်နှစ်ပိုပြီး သံယောဇဉ်တွယ်လာကြတဲ့ သူတို့ဟာ ဘွဲ့ရပြီးနောက် ရည်မှန်းချက်တွေအကောင်အထည်ဖော်ဖို့တစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ခံစားချက်တွေ ထိန်းသိမ်းနေရင်း Alice နဲ့ Max တို့နှစ်ဦးသား အဆင့်တက်ပြီး ချစ်သူတွေဖြစ်သွားနိုင်မလား၊ သူငယ်ချင်းတွေအနေနဲ့ပဲ အခင်အမင်မပျက်နေသွားကြမလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်...
Man on High Heels (2014) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Action #Crime #Drama 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 5 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Man On high heels (2014)************************* 2014တုန်းက ထွက်ရှိခဲ့တဲ့ Man On High Heelsကို တင်ဆက် ပေးချင်ပါတယ်။ အဓိကသရုပ် ဆောင် တွေအနေနဲ့ Our Blues နဲ့ One Ordinary Day အပြင်… နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်တဲ့ မင်းသားကြီး Cha Seung Won… Mr.Plankton အပြင် It’s okay not to be okay တို့နဲ့ လူသိများတဲ့… မင်းသား Oh Jung Se နဲ့ Taxi Driver ထဲက မင်းသမီး Esom တို့က အဓိကပါဝင်ထားပြီး… တခြားလူသိများတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။ အက်ရှင်ခန်းတွေမိုက်တဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကြောင့်… ကြည့်ရတာတန်တဲ့ ဇာတ်လမ်းဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း————- တရားခံဖမ်းတဲ့အခါ ညှာတာမှုမရှိဘဲ ထိုက်ထိုက်တန်တန် အပြစ်ပေးပြီးမှ ဖမ်းဆီးတတ်တဲ့… စုံထောက် Ji Wook ဟာဆိုရင် အထက်လူကြီးကပါ ခေါင်းခဲရတဲ့ စုံထောက်ဖြစ်ပါတယ်… ရဲဌာနတစ်ခုလုံးရဲ့ အားကိုးရာ ဖြစ်တဲ့အပြင် လူမိုက်တွေ ဖိန့်ဖိန့်တုန်ကြောက်ရတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ အများအမြင်မှာ သွေးအေးပြီး ရက်စက်တဲ့ Ji Wookဟာ လူတိုင်းထင်ထားသလို မဟုတ်ဘဲ… ငယ်စဉ်ကတည်းက သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကြောင့်နဲ့ ပင်ပန်းခက်ခဲရသူဖြစ်ခဲ့ပါတယ်… သူ့ရဲ့ လျှို့ဝှက်ချက်ကြောင့် ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး ပြောင်းလဲနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝသစ်စတင်မဲ့ အချိန်ကျမှ အရင်ကရန်စရှိခဲ့တဲ့ လူမိုက်ဂိုဏ်းက ခေါင်းဆောင်ရဲ့ နှောင့်ယှက်မှုကြောင့်… လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာကွယ်ပေးချင်တဲ့ မိန်းကလေးတစ်ယောက်ပါ ထိခိုက်လာပါတော့တယ်။ သူတန်ဖိုးထားရသူတွေကိုပဲ ဆက်ကာကွယ်မလား…သူဖြစ်ချင်တဲ့ ဘဝကိုပဲဆက်သွားမလားဆိုတာ… ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါရှင်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Milkeux ပဲ ဖြစ်ပါတယ်။...
Before We Go (2014) ⭐TMDB: 67% User Score 🎬 #Comedy #Drama #Romance 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Before We Go ဆိုတဲ့ ရုပ်ရှင်ကားကို ကျနော်တို့ အသဲစွဲ ကတ်ပတိန် အမေရိက (Chris Evans) ကိုယ်တိုင်ရိုက်ကူးထားပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်… သူကိုယ်တိုင်ရိုက်လို့ ဟာ.. ဖြစ်ပါ့မလားဘယ်လိုကြီးလဲ လို့ စိတ်ထဲက တွေးမိလိုက်တယ် ပြီးတော့ ရုပ်ရှင်မကြည့်ခင် ရောဂါ တစ်ခုဖြစ်တဲ့ IMDb ဝင်မွှေကြည့်တော့ Rate က 6.9 ရှိနေတော့ အံ့သြောစရာ 🙂 ရုပ်ရှင်ကားတွင် ပါဝင်တဲ့ မင်းသမီးဖြစ်သူ Alice Eve ကလဲ ခေသူ မဟုတ် Night at the Museum: Secret of the Tomb တို့ She’s Out of My League တို့လို ရုပ်ရှင်ကားကောင်းတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး…. ဇတ်လမ်း အစ မှာ Nick က ဘူတာရုံထဲမှာ ထရန်းပတ် မှုတ်ရင်း ပိုက်ဆံရှာနေစဉ် Brooke က သူ့ရှေ့ကနေ အလောတကြီး ပြေးသွားတာကို မြင်လိုက်ရတယ် သူ့ရှေ့မှာလဲ သူမ ဖုန်းကျပြီး ကွဲသွားပေမယ့် ရထား ကို မှီအောင် ပြေးလိုက်ခဲ့တယ် ဒါပေမယ့် သူမ နောက်ကျသွားတယ် ဘူတာရုံထဲက ပြန်ထွက်လာတော့ Nick က သူမ ဖုန်းကိုပြန်ပေးတော့ ကျေးဇူးတင်ပါတယ်က လွဲရင် ဘာမှ ပြန်မရခဲ့… Nick ပစ္စည်းတွေ သိမ်းရင်း ဘူတာရုံအပြင်ဘက် ထွက်လာတော့ ဘူတာရုံအပြင်ဘက်မှာ နောက်ကျသွားတဲ့ ရထားလက်မှတ် စာရွတ်ဖြတ်ပိုင်းကို ကိုင်ရင်း မတ်တပ်ရပ်နေတဲ့ Brooke ကို မြင်လို့ မေးကြည့်ရာက သူမ ပိုက်ဆံအိတ် ခိုးခံလိုက်ရကြောင်း သူမ အိမ်ပြန်ဖို့ ရထားကလဲ နောက်ကျသွားပြီဖြစ်လို့ ဒုက္ခရောက်နေကြောင်း ပြောပြတယ် … ဒီလိုနဲ့ Brooke ကို ကူညီချင်တဲ့ Nick က Brooke အိမ်ပြန်လို့ရဖို့ အရေး အခိုးခံရတဲ့ အိတ်ပြန်လိုက်ရှာရ သူမ ပြန်ဖို့အတွက် ကားတွေ လိုက်ငှားကြည့်ရနဲ့ အတော်အလုပ်ရှုပ်သွားတဲ့အချိန်မှာ Nick သိလိုက်ရတာက Brooke ဟာ အတော်များများကို သူ့အား အမှန်အတိုင်းမပြောခဲ့ဘူး ဆိုတာပါ …. သူမ ဟာ သတို့သမီးလောင်း ဖြစ်ပြီး မနက်ဖြန် မနက်ဟာ မင်္ဂလာပွဲဖြစ်တဲ့အတွက် မင်္ဂလာပွဲ အမှီ ပြန်ရမှာပါ ကိုယ့်အကျိုးထက် သူများကို ကူညီချင်တဲ့ Nick ရယ် လျို့ဝှတ်ချက်တွေ များလွန်းပြီး လူတိုင်းကို မယုံတက်တဲ့ Brooke ရယ် ပိုက်ဆံမရှိ ဒုက္ခအတိ နဲ့ ဘယ်လိုပြန်ရောက်အောင် စခန်းသွားကြမယ်ဆိုတာ ကြည့်မှ သိမှာမို့ ဒီလောက်ပဲ ညွှန်းပါတော့မယ်...
The Score (2001) ⭐TMDB: 67% User Score 🎬 #Crime #Drama #Thriller #Action #Mystery 🗓 2001 🎞 movie 🌎 #Canada #France #Germany #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Score ( 2001) IMDb Rating (6.8) / Rotten Tomatoes (74%) နာမည်ကြီးမင်းသားများပါဝင်ထားသောအမေရိကန်ဖောက်ထွင်းမှုဆိုင်ရာဂ န္တဝင်ဇတ်ကားကောင်းတစ်ကား.. ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာနေတဲ့ နစ်ခ်ဝဲလ်(ရောဘတ်ဒီနီရိုးRobert De Niro)ဟာကနေဒါပြည်နယ်တွေသာမကပဲ အခြားနိုင်ငံများကမီးခံသေတ္တာတွေကိုပါဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသူဖောက်ထွင်းသမားတစ်ယောက်ဖြစ်ပါတယ်။ မက်စ်(မာလွန်ဘရန်ဒို Marlon Brando)ကတော့ နောက်ကွယ်ကနေလိုတဲ့ငွေကြေးကိုထောက်ပံ့ပေးပြီးပစ္စည်းရလာတဲ့အခါဝယ်သူရှာပြီးဝေစုခွဲလေ့ရှိပါတယ်။ နစ်ခ်က ဂျက်ဇ်ဂီတကလပ်ကိုပိုင်ပေမယ့်အကြွေးပေးဖို့ကျန်နေပါသေးတယ်။သူကလည်း ဒီအလုပ်ကနေအနားယူပြီးအေးအေးဆေးဆေး နေဖို့စိတ်ကူးထားပါတယ်။ နစ်ခ်ရဲ့ချစ်သူဒိုင်ယန်း(အိန်ဂျယ်လာဘက်စ်ဆက်ထ် Angela Bassett)ကလည်းဒီအလုပ်ထပ်မလုပ်ဖို့ပြောလာပါတယ်။ ၂၅ နှစ်လုံးဖောက်ထွင်းမှုတွေလုပ်လာပြီး ဒီတစ်ခါနောက်ဆုံးပဲအချီကြီးကြံပြီးနစ်ခ်နဲ့မက်စ်တို့ဖောက်ထွင်းခိုးယူဖို့ကြံတဲ့ပစ္စည်းက သူတို့နေတဲ့မွန်ထရီယယ်မြို့ကအခွန်ကောက်ခွန်ရုံးမှာရှိနေတဲ့အခါနစ်ခ်ကမလုပ်ချင်ပေမယ့်မက်စ်ကိုငဲ့ပြီးလုပ်မယ်ဆုံးဖြတ်လိုက်ပါတယ်။ နစ်ခ်တစ်ယောက်တည်းဒါကိုလုပ်လို့မရပဲအတွင်းလူတစ်ယောက်လိုလာတဲ့အခါဖောက်ထွင်းသမားလောကထဲကိုစဝင်လာတဲ့ ဂျက်ခ်ဆဲလား( အက်ဒဝပ်နော်တန်Edward Norton)နဲ့တွဲလုပ်ရဖို့ဖြစ်လာပါတယ်။ သူတို့ဖောက်ထွင်းခိုးယူမှာကဘာပစ္စည်းလဲ ဘာတွေကို ဘယ်လိုအစီအစဥ်ဆွဲသလဲ ဘယ်လိုတွေဖောက်ထွင်းသလဲဆိုတာနဲ့ မထင်မှတ်တဲ့အလှည့်အပြောင်းတွေကစိတ်ဝင်စားစရာကောင်းလို့ဖန်သားပြင်ပေါ်မှာဆက်ကြည့်ရှု့နိုင်ပါတယ်။ ရုပ်ရှင်မှာစတန့်တွေ အထူးပြုလုပ်ချက်တွေမပါပဲ ဇတ်ကောင်စရိုက်ကိုပေါ်လွင်အောင်ပြနိုင်ပါတယ်။ဖောက်ထွင်းမှုဇတ်ကားတွေထဲမှာတော့ ဂန္တဝင်ဇတ်ကားတစ်ကားလို့သတ်မှတ်ထားကြပါတယ်။ ဒါရိုက်တာ ဖရန့်ခ်အော့ဇ်(Frank Oz)ကရိုက်ကူးထားပါတယ်။ မင်းသမီး အိန်ဂျယ်လာဘက်စ်ဆက်ထ်ကဆုနှစ်ခုအမည်စာရင်းတင်သွင်းခံရပြီး NAACP Image Award ဆုကိုဇတ်ပို့သရုပ်ဆောင်အနေနဲ့ရရှိခဲ့ပါတယ်။ ငွေးကြေးအရလည်းအောင်မြင်တဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)...
He Loves Me… He Loves Me Not (2002) ⭐TMDB: 67% User Score 🎬 #Drama #Romance #Thriller 🗓 2002 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတိုင်းကတော့ ကိုယ်သဘောကျတဲ့သူက ကိုယ့်ကိုပြန်ကြိုက်မှာကို လိုလားကြတဲ့သူတွေပါပဲ။ စိတ်ကူးယဉ်တိမ်ထဲမှာ အိမ်လေးတွေဆောက်ပြီး deluluဖြစ်ဖူးကြမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အခါကျရင် သင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ? အခုပြမဲ့ ဇာတ်ကားလေးကတော့ 2002ခုနှစ်မှာထွက်ရှိထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပြီး နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Amélieနဲ့ The Da Vinci Codeထဲမှာ main actressအနေနဲ့ သရုပ်ဆောင်တဲ့ မင်းသမီးကြီး Audrey Tautouက အဓိကဇာတ်လိုက်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အနုပညာကျောင်းသူလေး တစ်ယောက်ဖြစ်တဲ့ အိန်ဂျလိက အိမ်ထောင်ရှိတဲ့ ဆရာဝန်တစ်ယောက်ကို တန်းတန်းစွဲ ချစ်မိသွားခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းတွေ ဝိုင်းတားနေတဲ့ကြားကနေ ဆရာဝန်နဲ့ သူရဲ့ကိုယ်ဝန်သည်မိန်းမကို ကွဲအောင် မရရတဲ့နည်းနဲ့ လုပ်ခဲ့ပါတယ်။ သူမရဲ့အမြင်ကတော့ ဆရာဝန်က သူ့မိန်းမကို တကယ်ချစ်တာမဟုတ်ပဲ ကလေးကြောင့်သာ ဆက်ပေါင်းနေတာဖြစ်ပြီး ဆရာဝန်ရဲ့ဘေးမှာ သူ့မိန်းမသာမရှိတော့ရင် သူမကို ရွေးချယ်လာမှာဆိုပြီး ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်ရဲ့အမြင်ကတော့ အိန်ဂျလိထင်သလို မဟုတ်ခဲ့ပါဘူး။ အိန်ဂျလိတစ်ယောက် ဆရာဝန်နဲ့ နီးစပ်အောင် ကြိုးစားရင်း သူမရဲ့ဘဝက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်...
Inside Out 2 (2024) ⭐IMDB: 7.6/10 (186 k Votes) 🎬 #Adventure #Animation #Comedy #Drama #Family #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။...
Kiss Kiss Bang Bang (2005) ⭐TMDB: 72% User Score 🎬 #Action #Comedy #Crime #Drama #Mystery 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kiss Kiss Bang Bang (2005) *************************** IMDb….7.5,,,Rotten…86% Kiss kiss bang bang ဟာ စုံထောက်ဟာသဇာတ်မြူးကားဖြစ်ပါတယ်။ ဟယ်ရီဆိုတဲ့ အပေအတေ ဂျလေဘီတစ်ယောက်က ရုတ်တရက်ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ အရွေးခံရပြီးတော့ LA ကိုရောက်သွားပါတယ်။ အဲဒီမှာ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေကောင်မလေး ဟာမီုနီနဲ့ပါတီမှာ ပြန်တွေ့ခဲ့ရာကနေ ငယ်ငယ်ကဇာတ်လမ်းပြန်စခဲ့ပါတယ်။ ငယ်ကျွမ်းဆွေကောင်မလေးမှာ ငယ်ငယ်ကအရမ်း admire ဖြစ်ခဲ့ရတဲ့ စာရေးဆရာတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီစာရေးဆရာရေးတဲ့စာအုပ်ကို ပြန်ရုပ်ရှင်ရိုက်တဲ့အခါမှာလည်းရုပ်ရှင်မင်းသားကို အရမ်းလေးစားခဲ့ပြန်ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့ညီမသူ့ကိုယ်သူသတ်သေတာဟာ အဲဒီရုပ်ရှင်မင်းသားနဲ့ ပတ်သတ်နေပြန်ပါရော။ ဘယ်လိုပတ်သတ်နေတာလဲဆိုတာကိုတော့ ရှုစားကြ့ည့်ကြပါ။ ခုနက ဂျလေဘီ ဟယ်ရီကတော့ စုံထောက်လေ့ကျင့်ခန်းတွေကို လိုက်ပြီးကူလုပ်ပေးခဲ့ရပါတယ်။အဲဒီကနေ အရှုပ်တော်ပုံတစ်ခုထဲကို ရောက်မှန်းမသိရောက်ခဲ့ရပါတယ်။ သို့သော်လည်း ၎င်းအရှုပ်တော်ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်သတ်နေတာဖြစ်လေတော့သူဟာရုန်းထွက်မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဟယ်ရီတို့ ကိစ္စတစ်ခုစုံစမ်းနေချိန်မှာပဲ ကောင်မလေးတစ်ယောက်ရဲ့ အလောင်းကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရပါတယ်။ အသတ်ခံရတဲ့ကောင်မလေးကရော ဟာမိုနီ့ညီမနဲ့ ဘယ်လိုပတ်သတ်လဲ။ ဟိုရုပ်ရှင်မင်းသားကရော ဒီကောင်မလေးနှစ်ယောက်သေဆုံးမှုနဲ့ ဘယ်လိုပတ်သတ်နေမလဲ ဇာတ်လမ်းကိုတော့ ဟယ်ရီက နောက်ခံစကားပြောတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသလေးတွေနှောပြီး အူကြောင်ကြောင်နဲ့ အမှုကိုဖော်ထုတ်သွားတာဖြစ်လို့ ရယ်လည်းရယ်ရ စိတ်လည်း ဝင်စားဖို့ကောင်းပါတယ်။ ဟယ်ရီအဖြစ် အူကြောင်ကြား ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားသူကတော့ ironman ကြီး Tony Stark ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Chi ပဲဖြစ်ပါတယ်...
Chintu Ji (2009) ⭐TMDB: 33% User Score 🎬 #Bollywood #Comedy #Drama 🗓 2009 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chintu Ji (2009) “ချင်တူတို့ရွာ”IMDb – 5.5/10 ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာကအရင်ခေတ်အိန္ဒိယရဲ့ဂန္ဓဝင်မင်းသားကြီးလို့တင်စားကြတဲ့ ရာ့ဂျ်ကပူးရဲ့သားဖြစ်သူ၊ လက်ရှိနာမည်ကျော်ဘောလိ၀ုဒ်မင်းသား ရန်ဘီးကပူးရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရီရှီကပူးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟာဒတ်ဘာဟီဒီဆိုတဲ့လူမသိသူမသိ အေးချမ်းတဲ့ရွာငယ်လေးတစ်ခုရှိတယ်။ ရွာအစည်းအဝေးမှာ ဘေးနားကရွာက နာမည်ကျော်တွေထွက်တဲ့အတွက် တော်တော်များများသိကြပြီးသူတို့ရွာလေးကို ဘယ်သူမှမသိတဲ့အတွက် နာမည်ကျော်ဖို့ ဆွေးနွေးကြတာပေါ့။ ဒီမှာပဲ သားဖွားဆရာမအိုကြီးတစ်ယောက်ကထပြီးသူတို့ရွာကလည်း နာမည်ကျော်တစ်ယောက်ထွက်တယ်ဆိုတော့ဘယ်သူလဲမေးကြတာပေါ့။ ဒီမှာပဲ ဓာတ်ပုံထုတ်ပြတဲ့အချိန် နာမည်ကျော်မင်းသားရီရှီကပူးဖြစ်နေတာကြောင့် ရီရှီကပူးကို သူတို့ရွာဆီဖိတ်ခေါ်ဖို့ လုပ်ကြရော။ မင်းသားကလည်း နိုင်ငံရေးလောကထဲဝင်မဲ့အချိန်ဆိုတော့မဲဆန္ဒရှင်တိုးဖို့အရေး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုရွာကလေးဆီကို ရောက်လာတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)...
The Master (2012) ⭐IMDB: 7.1/10 (190 k Votes) 🎬 #Drama #History 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Master (2012)***************** Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ… Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့… ဒါ့ကြောင့် သူ့ရဲ့ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်းဝင်တဲ့ The Master ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း————– ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ… စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်။ ကံဆိုးတာက သူကိုယ်တိုင်က… အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ…သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်။ သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲသိတော့… စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီးတော့…သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်… ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ … လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb 7.2 နဲ့ Rotten 85% ရထားတာဖြစ်လို့ … အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ဘူးထင်ပါတယ်ဗျာ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်...
Elevation (2024) ⭐IMDB: 5.5/10 (7 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Elevation (2024) IMDb Rating (5.8) / Rotten Tomatoes (55%) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ… ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။ အဲဒီဓာတ်ခွဲခန်းမှာ သူ့လေ့လာတွေ့ရှိချက်တွေနဲ့ဆို စမ်းသပ်လိုက်ရင် ဒီအကောင်တွေကို သတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒီတော့ ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတို့ကို ဘာက အနိုင်ယူနိုင်မှာလဲ၊ ကျန်ရှိတဲ့ လူသားမျိုးနွယ်မှာရော မျှော်လင့်ချက်ရှိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)...
The Broken Hearts Gallery (2020) ⭐IMDB: 6.3/10 (10 k Votes) 🎬 #Comedy #Romance 🗓 2020 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Broken Hearts Gallery (2020)******************************** ချစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုသိမ်းဆည်းတတ်တဲ့ ကောင်လေး၊ ကောင်မလေးတွေ… CM ပရိသတ်ကြီးထဲမှာရှိကြမယ်လို့ထင်ပါတယ်။ လမ်းခွဲပြတ်စဲသွားချိန်မှာတောင် ဒီအမှတ်တရတွေကို… မဖျက်ဆီးရက်တဲ့အခါ နာကျင်ခံစားကြရမှာပါ။ အဲဒီလိုရှေ့မဆက်နိုင်ဘဲ နာကျင်နေရတာတွေကိုကုစားဖို့… Hear Broken Gallery လာပါပြီ။ စွန့်ပစ်ဖို့လည်းခက် ဖက်တွယ်ဖို့လည်းနာကျင်နေရရင်… ဒီဇာတ်ကားလေးကိုသတိရလိုက်ပါနော်။ Comedy, Romance ဖြစ်တဲ့ ဒီကားလေးမှာ… Stranger Thing စီးရီးထဲက ဆွဲဆောင်မှုရှိတဲ့ ဘီလီက နစ်ခ်အနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဒီတစ်ခါတော့ Charming type လေးအနေနဲ့ပါ၀င်ထားလို့ အဆုံးထိစိတ်၀င်တစားကြည့်ရှုရမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်း————- တွဲသမျှကောင်လေးတိုင်းရဲ့အမှတ်တရတွေကို သိမ်းထားတတ်တဲ့ကောင်မလေး လူစီ… လူစီက ပြခန်းတွေကိုစီမံရတာ၀ါသနာပါတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ တစ်နေ့တော့… သူ့ချစ်သူနဲ့ပြတ်စဲသွားတဲ့အချိန်မှာ ဒီအမှတ်တရပစ္စည်းတွေကို လွှင့်မပစ်နိုင်မယ့်အတူတူ… ထားစရာနေရာရှာပါတော့တယ်။ အဲဒီမှာပဲ ဟိုတယ်ဖွင့်ဖို့ကြိုးစားနေတဲ့ နစ်ခ်နဲ့ဆုံပါတော့တယ်။ သူတို့နှစ်ယောက်ဆုံပြီးတဲ့နောက် ဘာဆက်ဖြစ်မယ်ဆိုတာ စိတ်၀င်စားစွာနဲ့ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...
The Big Lebowski (1998) ⭐TMDB: 78% User Score 🎬 #Comedy #Crime #Sport 🗓 1998 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Big Lebowski (1998)*********************** လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်…သူတို့က နာမည်သာတူတာ … အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ။ တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့… နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowski… တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကို…ကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ပြီး ငွေညှစ်ကြတယ်။ ကံဆိုးချင်တော့ သူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowskiရဲ့အိမ်ဖြစ်နေပါတယ်…ဒါ့ကြောင့်စိတ်တိုတိုနဲ့ … အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားကြတယ်…ဒါက သန်းကြွယ်သူဌေးLebowskiမှာ တာဝန်ရှိတယ်လို့ ယူဆပြီး… ငပျင်းကြီးက ကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်။ သွားတောင်းတဲ့အချိန်မှာပဲ သူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ… ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်။ ဘဲကြီးLebowskiအနေနဲ့ … အရှုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ …ဘယ်လိုရုန်းထွက်မှာလဲ… ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု ၁၇ဆုအတွက်လည်း… ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ကားသစ်တချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့… နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်...
Misery (1990) ⭐TMDB: 78% User Score 🎬 #Drama #Horror #Thriller 🗓 1990 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စာရေးဆရာကြီး Stephen Kingရဲ့ Miseryဝတ္ထုကိုပြန်ရိုက်ထားတဒီရုပ်ရှင်ဟာ Horrorရုပ်ရှင်တွေထဲမှာတော့ပြောစမှတ်တွင်ခဲ့တဲ့ရုပ်ရှင်ပါ။ ဒီဇာတ်ကားထဲက စိတ္တဇအမျိုးသမီးကြီးနေရာကသရုပ်ဆောင်တဲ့မင်းသမီးကြီး Kathy Batesလဲ ဒီဇာတ်ကားနဲ့ပဲ အော်စကာဆု၊ရွှေကမ္ဘာလုံးဆုတွေ ရခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း စာရေးဆရာ ပေါလ်ရှယ်ဒန်က မစ္စရီဆိုတဲ့အမျိုးသမီးဇာတ်ကောင်အကြောင်း အသားပေးရေးထားတဲ့လုံးချင်းဝတ္ထုတွဲတွေနဲ့ လူကြိုက်များအောင်မြင်တဲ့ စာရေးဆရာကြီးတစ်ယောက်ပေါ့။ ဒါပေမယ့် ကြာလာတော့ မစ္စရီအကြောင်းရေးရတာငြီးငွေ့လာလို့ ပေါလ်ရှယ်ဒန်က သူ့ရဲ့နောက်ဆုံးထွက် မစ္စရီဝတ္ထုမှာ မစ္စရီဇာတ်ကောင်ကို သတ်ပစ်လိုက်တယ်။ ပြီးတော့သူ့ရဲ့ ဝတ္ထုအသစ်ကို လူသူမနီးတဲ့ဟိုတယ်လေးမှာသွားရေးနေတုန်း သူ့သမီးလေးမွေးနေ့အတွက် နယူးယောက်ကိုပြန်အလာမှာ နှင်းမုန်တိုင်းမိပြီးကားမှောက်သွားခဲ့တယ်။ ခြေတွေလက်တွေနံရိုးတွေကျိုးပြီး နှင်းမုန်တိုင်းထဲမှာသတိလစ်ပြီးသေစစဖြစ်နေတဲ့ သူ့ကို အန်နီဝစ်ဆိုတဲ့ မိန်းမကြီးကကယ်ဆယ်ပေးခဲ့ပါတယ်။ သတိရလာတော့ သူ့ကိုကယ်ခဲ့တဲ့အန်နီဝစ်ကသူနာပြုဟောင်းတစ်ယောက်ဖြစ်တဲ့အပြင်သူ့ရဲ့မစ္စရီဝတ္ထုတွေကိုအရူးအမူးစွဲလမ်းအားပေးတဲ့ အကြီးစားပရိတ်သတ်တစ်ယောက် ဖြစ်နေတာကြောင့်စိတ်သက်သာရာရခဲ့ပေမယ့်လဲ…. စာရေးဆရာဟာ တဖြေးဖြေးနဲ့ဆိုသလိုအန်နီဝစ်ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို သတိထားမိလာပါတယ်။ ဒါ့အပြင် အန်နီဝစ်ဟာ မစ္စရီဇာတ်ကောင်ကိုပုံမှန်ထက်ပိုပြီးချစ်ခင်စွဲလမ်းနေတာကိုလဲသတိထားမိလာပြီး… နောက်ဆုံးထွက်မစ္စရီစာအုပ်မှာ မစ္စရီသေသွားတာကို အန်နီဝစ်တစ်ယောက်သိသွားချိန်မှာ… ဒီဇာတ်ကားဟာ သွေးသံရဲရဲအခန်းတွေကြမ်းတမ်းတဲ့အသုံးအနှုံးတွေ ပါဝင်တာကြောင့်R ratedသတ်မှတ်ထားပါတယ်။ Horrorရုပ်ရှင်တွေ မကြိုက်ရင်တောင်ဒီကားက Horror,Drama,psycho thrillerအချိုးကျကျပေါင်းစပ်ထားပြီး Kathy Batesရဲ့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ကြည့်ကိုကြည့်သင့်ပါတယ်။ ယုတ္တိမရှိ ပေါပေါပဲပဲ jump scareတွေတစ်ကွက်မှမပါပဲ ကြည့်ရတဲ့သူကို ရင်တလှပ်လှပ်ဖြစ်စေမှာပါ။ ဒါကြောင့် Horrorရုပ်ရှင်တွေကိုမြတ်နိူးသူတွေအဖို့Miseryဟာလုံးဝစိတ်ပျက်စေရမှာမဟုတ်ကြောင်း ကတိပေးလိုက်ရပါတယ်...
Code of Silence (1985) ⭐TMDB: 59% User Score 🎬 #Action #Crime #Drama 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Chuck Norris ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ အက်ရှင် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အက်ဒီ ကူးဆက်ဆိုတာကတော့ ချီကာဂိုမြို့က ရဲတပ်ကြပ်ကြီးတစ်ယောက်ပါ။ အက်ဒီက သူ့ရဲ့အဖွဲ့ဝင်တွေကတောင် ဩချရတဲ့အထိ ဖြောင့်မတ်သလို မှန်တယ်ထင်ရင် ထင်သလိုလုပ်တဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ အက်ဒီဦးဆောင်တဲ့ မူးယစ်ဆေး အသွင်ယူဖမ်းဆီးရေး မစ်ရှင်တစ်ခုမှာ အလွဲအမှားဖြစ်တာကနေ စလာခဲ့တဲ့ ကိုမာချိုနဲ့ လူနာဂိုဏ်းကြီးနှစ်ဂိုဏ်းရဲ့စစ်ပွဲကြီးကြားမှာ မိန်းမပျိူလေးတစ်ဦးကို ကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ မှန်ရင်မှန်သလို လုပ်တတ်တဲ့အကျင့်ကြောင့် ရှောင်နေကြ ချဉ်နေကြတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ကောင်မလေးနောက် လိုက်နေကြတဲ့ ဂိုဏ်းအဖွဲ့တွေကြားမှာ အက်ဒီတစ်ယောက် တစ်ကိုယ်တော် ဘယ်လိုမျိုး သိုင်းကွက်တွေပြ ပညာတွေပြပြီး ကာကွယ်သွားမလဲဆိုတာကို အက်ရှင် ပရိတ်သတ်တွေ အားပါးတရ ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။...
Pokkiri Simon: Oru Kadutha Aaradhakan (2017) ⭐IMDB: 4.8/10 (346 Votes) 🎬 #Action #Bollywood #Crime #Thriller #Comedy 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pokkiri 2007 (လူမိုက်လေးရဲ့ ချစ်ပုံပြင်)IMDb – 7.6/10 ယခုတစ်ခါမှာတော့ ဗီဂျေးမင်းသားရဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဇာတ်လိုက်တွေထဲမှာလည်း နာမည်ကြီးတွေပါတဲ့အတွက်အဟောင်းထဲက အကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ချန်နိုင်းမြို့မှာ ဂိုဏ်းတွေကြီးစိုးနေပြီးတော့ အဲဒီထဲမှာမှ နာရာဆင်မဟန်နဲ့အာလီဘိုင်တို့ရဲ့ ဂိုဏ်းကတော့ အမြဲတမ်း ရန်ပွဲတွေရှိပြီးသောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတော့တယ်။ ဒီအချိန်မှာ ချန်နိုင်းကို အရာရှိအသစ်ပြောင်းလာခဲ့ပြီးတော့နာမည်ကတော့ မိုဟာမတ် မိုင်ဒီခန်းလို့ခေါ်ပါတယ်။ သူဟာ ပြောင်းရွှေ့လာပြီးပြီးချင်းမှာ ပထမဆုံးယူရတဲ့ တာဝန်ကတော့သောင်းကျန်းနေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါပဲ။ လုပ်ရပ်နဲ့သက်သေပြတယ်လို့ပဲ ပြောရမလား၊ တာဝန်ထမ်းဆောင်ချိန်၄၈နာရီအတွင်းမှာပဲ လူမိုက် ၃၀၀ကျော်ကိုဖမ်းပြီးတော့ လူမိုက်၈ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်။ ဒီလိုအချိန်မှာပဲ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့လူမိုက်လေးတစ်ယောက်လည်း ချန်နိုင်းမှာရှိနေပါတယ်။သူဟာ ချစ်မိသွားပြီဆိုတဲ့ ဒုက္ခတွေ့ပြီမှတ်လို့ ယုံကြည်ထားခဲ့ပေမယ့် ရှရူသီလို့ခေါ်တဲ့ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့လည်း လူမိုက်လေးချစ်မိသွားတဲ့ ကောင်မလေးဟာအကြမ်းဖက်တဲ့ကိစ္စကို အရမ်းကို မုန်းတီးတဲ့သူဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးနဲ့ အကြမ်းဖက်မှုတွေဆိုရင်မုန်းတီးတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို အတားအဆီးတွေကို ဖြတ်ကျော်ရမလဲ……ချန်နိုင်းမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေနဲ့ရော လူမိုက်လေးနဲ့ဘယ်လိုတွေ ဆက်စပ်ပြီးတော့ ဘာတွေဆက်ပြီးဖြစ်မလဲဆိုတာကိုကြည့်ရှုရမယ့် အကြမ်းအရမ်းအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
When Romance Meets Destiny (2005) ⭐TMDB: 59% User Score 🎬 #Comedy #Drama #Romance 🗓 2005 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 When Romance Meets Destiny (2005) ********************************** ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူအချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk,Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း*************** အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီးမိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူရိုးလူအေးကြီးပါ .. ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ .. တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် .. တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် .. လွန်ခဲ့တဲ့ ၇ နှစ်တုန်းက သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောခွင့်မရခဲ့တဲ့ ဂွမ်ရှစ်တစ်ယောက်ဒီတစ်ခါမှာရော ယွန်းဂယောင်းကို ဖွင့်ပြောခွင့်ရသွားမလား…. မိန်းကလေးတွေကို အတည်မတွဲဘဲ ပွေရှုပ်ဖို့လောက်ပဲ တွေးနေတတ်တဲ့ ဂွမ်ထယ်ကရောဂယောင်းဂျယ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ အစရှိတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကိုပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားထားပါတယ်)...
The Last Redemption (2024) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Adventure #Action #Fantasy 🗓 2024 🎞 movie 🌎 #Italy #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင် အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကို ရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကော ငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာ ဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာ လာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူး ပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့ အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေ အားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင် ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်း ရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီး ဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီး ခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့ သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါ သတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့ အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Lone Wolf McQuade (1983) ⭐TMDB: 65% User Score 🎬 #Action #Crime #Drama 🗓 1983 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အမေရိကန်နေထူးနိုင်လို့တင်စားလို့ရတဲ့ chuck norris ရဲ့ Texas Ranger လုပ်တဲ့ ကားလေးပါ။ “Chuck Norris ကိုမြွေဟောက်ကကိုင်လိုက်ပြီး ၁၀ မိနစ်လောက်အလူးအလဲ ခံစားရပြီးနောက်မှာ မြွေဟောက်ဟာ သေသွားပါတယ် ” ” Chuck Norris ဟာဒိုက်မထိုးပါဘူး သူထောက်တဲ့အချိန်က ကမ္ဘာကြီးကပဲမတင်ပေးရပါတယ်” ဆိုပြီး ဟာသတွေ ကို Chuck Norris Joke ဆိုပြီး ခေါ်ရတဲ့အထိကို ရုပ်ရှင်တွေထဲမှာ တစ်ကိုယ်တော်အရမ်းကြမ်းပြပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း Chuck Norris က ရုပ်ရှင်စတည်းက တစ်ကိုယ်တော်တွေ ကြမ်းပြနေတာပါ။ Chuck Norris က Texas ပြည်နယ်က Ranger လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်ပါ။ တစ်ကိုယ်တော်တွေအရမ်းကြမ်းလွန်းလို့တောင် ရဲကပ္ပတိန်က တစ်ကိုယ်တော်မကြမ်းနဲ့ဆိုပြီး တွဲဖက်တစ်ယောက်နဲ့တွဲပေးပါတယ်။ ဒါပေမဲ့လည်း မေဒီကန် နေထူးနိုင်ကတစ်ကိုယ်တော်ပဲ ကြမ်းဆဲပါ။ တစ်နေ့မှာတော့ လက်နက် မှောင်ခိုရောင်းတဲ့ အဖွဲ့ရဲ့ပစ်ခတ်မှုကြားမှာ ကွီး Chuck Norris ရဲ့ သမီးကိုမှ ကံဆိုးသူ လူဆိုးတစ်စုက ဆွဲထည့်မိသွားပါတယ်။ ကွီး Chuck Norris ရဲ့သမီးကိုမှ ထိမိသွားတော့ လူဆိုးတွေ ဘယ်လို အသေဆော်တာကို ခံရမလဲဆိုတာကတော့ ဒီဇာတ်ကားလေးထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ပါ။...
Autumn and the Black Jaguar (2024) ⭐IMDB: 5.6/10 (801 Votes) 🎬 #Adventure #Comedy #Family 🗓 2024 🎞 movie 🌎 #France #Canada #Italy ⏰ 1 နာရီ 41 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ အော်တန် ဆိုတဲ့ ကလေးမလေးနဲ့ “ဟုပ်” လို့ အမည်ရတဲ့ သူ့ရဲ့ ကျားသစ်နက်လေးအကြောင်းပါ ။ အော်တန်ဟာ တောထဲမှာ မွေးပြီး တောထဲမှာ ကြီးပြင်းခဲ့တဲ့ ကလေးမလေးဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်အပေါ်ရော တိရစ္ဆာန်လေးတွေအပေါ်ရော အရမ်းကြင်နာတဲ့ ကလေး တစ်ယောက်ပါ ။ ဒီလိုနဲ့ သူ့အမေ သေဆုံးပြီးတဲ့နောက်မှာ အရွယ်ရောက်လာတဲ့ အော်တန်ဟာ နယူးယောက်မြို့ကြီးပေါ်ကို ပြောင်းလာခဲ့ပြီး တစ်နေ့မှာတော့ သူ့ရဲ့ တောတွင်းမိသားစုတွေဆီက ပို့လိုက်တဲ့ စာကို မြင်လိုက်ရပါတော့တယ် ။ “ဟုပ်” လေး အသက်အန္တရာယ် ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားပြီးတဲ့ အော်တန်ဟာ အမေဇုန် တောထဲကို မရမကသွားပြီး ဟုပ်ကို ကယ်ဖို့ ကြိုးစားပါတော့တယ် ။ နောက်ဆုံးမှာ အော်တန် တကယ်ပဲ တစ်ကောင်တည်းကျန်တော့တဲ့ ရှားပါးကျားသစ်နက်လေး ဟုပ်ကို ကယ်နိုင်ပါ့မလား ။ ဇာတ်လမ်းအစမှာတင် အော်တန် အရမ်းမုန်းနေတဲ့ သူ့ဇီဝဗေဒဆရာမ မစ္စရှိုင်းမောကရော ဘယ်လိုပြောင်းလဲလာမလဲ ။ ဒီရုပ်ရှင်လေးမှာတော့ အော်တန်နဲ့ မစ္စရှိုင်းမောတို့ မတည့်အတူနေ ဆရာတပည့်နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်...
