ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Slip (2023- )
⭐IMDB: 6.1/10 (317 Votes)
🎬 #Comedy #Fantasy #Drama #SciFi
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 30 မိနစ် 23 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Slip (2023)Slip (2023)နေ့စဉ် ပြောင်းလဲမှုမရှိ၊ စိတ်လှုပ်ရှားစရာမရှိဘဲ ဖြတ်သန်းနေရတဲ့ဘဝကြီးကို လူတော်တော်များများ ငြီးငွေ့ကြမှာပါ။
ဒီဇာတ်ကားထဲက Mae ကလည်း အဲဒီလိုပါပဲ။
အတူနေရည်းစားဖြစ်သူ Elijah နဲ့ ၁၃ နှစ်ကြာ နွေးထွေးမှုတွေ ပျောက်ကွယ်နေတဲ့ Relationship ထဲမှာ ပိတ်မိနေရင်း ဘဝကို စိတ်ကုန်နေပါတယ်။
အချင်းချင်း အချိန်သိပ်မပေးဖြစ်ကြတော့ဘဲ အဆင်ပြေသလိုနေလာကြပြီးတော့
Elija က ကလေးလိုချင်ပေမယ့် Mae ကတော့ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် မလိုချင်သေးပါဘူး။
တစ်နေ့ Mae အလုပ်လုပ်တဲ့ ပန်းချီပြခန်းက ပန်းချီပြပွဲအပြီး ပါတီမှာ
Elijah က Mae ကိုမစောင့်ဘဲ ပြန်သွားတော့ ဘားမှာ Eric နဲ့ဆုံပါတယ်။
ရည်းစားကို စိတ်ကုန်နေတဲ့ Mae လည်း Eric နဲ့ တစ်ညတာကုန်ဆုံးရင်း မနက်ခင်း
သူနိုးလာတဲ့အချိန်မှာ Eric နဲ့သူက လက်ထပ်ထားပြီးသားဖြစ်နေတာကို တွေ့လိုက်ရပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားပါတော့တယ်။Rating ကလည်း IMDb 6.1 ရထားတာမို့
Parallel Universe ထဲမှာ Mae တစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Moh Moh နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre….. Comedy, Drama, Sci-fi & Fantasy
Desire (2017)
⭐IMDB: 4.0/10 (2 k Votes)
🎬 #Adult #Comedy #Drama #Romance #Thriller
🗓️ 2017 🎞️ Movie 📺 1080p
🌎 #Argentina
⏰ 1 နာရီ 33 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Desire (2017)
Erotic ကားဖန်တွေအတွက် Erotic ကားကို ဇာတ်အိမ်အစားကြီးနဲ့ Erotic Thriller ကြည့်ရမယ့် ရုပ်ရှင်ပါ။ စပိန်ကရိုက်ထားတာမို့ ဇာတ်အိမ်ကောင်းသလို ကြမ်းလည်းကြမ်းပါတယ်။ ကြမ်းတာက အတိုင်းထက်လွန် တော်တော်ဆိုးဆိုးမို့ တစ်ယောက်တည်းတောင် တော်တော်သတိနဲ့ ကြည့်ရမယ့်ရုပ်ရှင်ပါ။ နက်ဖလစ်ကနေ တင်ဆက်ထားတဲ့ရုပ်ရှင်မို့ အတိုင်းအတာတစ်ခုအထိတော့ ဘောင်ဝင်တန်းဝင်ရုပ်ရှင်ပါပဲ။
ညီအစ်မ၂ယောက်ရှိတယ်။ သူတို့အမေ သူတို့ကို ပျိုးထောင်ပုံကလည်း ထူးသလို သူတို့ကလည်းထူးတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့အရွယ်ရောက်လာတယ်။ အိမ်ထောင်တွေပြုကြတယ်။ သူတို့ထဲကတစ်ယောက်ရဲ့ လက်ထပ်ပွဲကို တစ်ယောက်ကရောက်လာပြီး သူတို့ရဲ့အတိတ်တွေကိုဖော်ပြီး တစ်ယောက်လင်တစ်ယောက်စား ပြဿနာတွေနောက်မှာ ဆိုက်ကိုဆန်ဆန်အကြောင်းအရာတွေ သွတ်သွင်းထားတဲ့ ရုပ်ရှင်ပါပဲ။ ထပ်ပြောရရင် တစ်ယောက်တည်း သတိနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ခေါင်းမူးချင်စရာကောင်းလောက်အောင် ကြမ်းတမ်းသလို ရက်လည်းရက်စက်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)
The Longest Nite (1998)
⭐IMDB: 7.2/10 (2 k Votes)
🎬 #Action #Crime #Mystery #Thriller
🗓️ 1998 🎞️ Movie 📺 720p
🌎 #HongKong
⏰ 1 နာရီ 24 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Longest Nite (1998)=================IMDb Rating – 7.2/10
Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကိုကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူးတယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက်က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်းဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကိုကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။
ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်းအရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြောလည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက PatrickYauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie Toရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiကပြောခဲ့တယ်။
သူလည်းခေတော့မခေဘူး။ Johnnie Toရိုက်တဲ့ ဟောင်ကောင်ဂန်းကားတိုင်း ကောင်းတယ်ဆိုကြသလို အဲဒီကားတစ်ဝက်လောက်ကိုWai Ka-faiက ဇာတ်ညွှန်းရေးခဲ့ထုတ်ခဲ့တာ။ ဒီကားကလည်း သူတို့စစပူးတွဲလုပ်ခဲ့တဲ့ကားပဲ။ ပြောရရင် ဒီကားက Johnnie Toနာမည်မခံထားခဲ့ပေမဲ့ Johnnie Toအပြည့်ရိုက်ထားတဲ့ကားပဲ။ Johnnie Toကနောက်ပိုင်းကားမရိုက်တော့ပေမဲ့ သူရိုက်ခဲ့သမျှ တစ်ကားမှပစ်စရာမရှိတာ သူ့ကားတွေကြည့်ဖူးတဲ့လူတွေတော့ ကောင်းကောင်းသိမှာပဲ။အာရှဖန်တစ်ချို့ဆို သူရိုက်သမျှက မာစတာပိစ်လို့တောင်ပြောကြတယ်။
ဒီကားက ဘယ်လိုကားလဲဥပမာပေးရရင် Face OFf ကို မကာအိုမှာဇာတ်အိမ်တည်ထားသလိုလို ကားပဲ။ တစ်ညတည်းဖြစ်နေတာတွေကိုပြထားတာတောင် ဇာတ်က တော်တော်ကြည့်ကောင်းတယ်။ မင်းသားတွေကလည်း စမောလ်တိုနီခေါ် တိုနီလျောင်ချူဝေ နောက် JohnnieToရဲ့ ပင်တိုင်မင်းသားလိုဖြစ်နေတဲ့ Sean Lau။ ၂ယောက်လုံး ဒိတ်ဒိတ်ကြဲတွေပဲ။ Johnnie To*ရိုက်တာလို့ နာမည်မတပ်ထားပေမဲ့ နောက်ပိုင်းကားတွေဟာ ဒီကားရဲ့လွှမ်းမိုးမှူမကင်းလောက်ဘူးလို့ ထင်ရတဲ့အထိသူ့အရသာအပြည့်ပါတဲ့ရုပ်ရှင်ပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)
The Longest Nite (1998)
⭐IMDB: 7.2/10 (2 k Votes)
🎬 #Action #Crime #Mystery #Thriller
🗓️ 1998 🎞️ Movie 📺 1080p

Breaking the Surface (2006)
⭐IMDB: 5.2/10 (679 Votes)
🎬 #Adult #Drama
🗓️ 2006 🎞️ Movie 📺 720p
🌎 #Germany
⏰ 1 နာရီ 32 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Breaking the Surface (2006)
ဒီကားက Erotic ကားပေမဲ့ ဇာတ်အိမ်ကို တော်တော်သပ်သပ်ရပ်ရပ်လေးရော ပညာပေးဆန်ဆန်ရော ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ Erotic ထဲတော့ တော်တော်သပ်ရပ်ပါတယ်။ ဆုတွေဘာတွေတောင် ရထားပါသေးတယ်။ Erotic ပေမဲ့ Indie ကားလိုလို ဘာလိုလိုလည်း ခံစားရမယ့်ရုပ်ရှင်ပါပဲ။ အရမ်းတော့ ဆိုးဆိုးရွားရွားကြီးမဟုတ်ပေမဲ့ မထိတထိနဲ့ အသည်းထဲ ငြိချင်ရင်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။
ဇာတ်အိမ်ကတော့ အမျိုးသမီးအသားပေးပါ။ ဓာတ်ပုံကျောင်းတက်နေတဲ့ ကျောင်းသူလေးဟာ ကျောင်းနဲ့အလုပ်ကြား နှစ်ဖက်နင်းနေတုန်း အချစ်လို့ခေါ်တဲ့အရာနဲ့တွေ့လာတယ်။ အချစ်လို့ခေါ်တဲ့အရာနဲ့ အမှားအယွင်းတွေဖြစ်လာသလို အလုပ်နဲ့ကျောင်းကြားလည်း အမှားအယွင်းတွေဖြစ်လာတယ်။ ၂၀ကျော် လမ်းပျောက်တုန်းအရွယ်ရဲ့ အနုပညာနဲ့ မိုက်ရူးရဲဆန်စိတ်ကြောင့် ကိုယ့်စိတ်တိုင်းကျ ဖော်ပြမခံရတဲ့ ဓာတ်ပုံတွေအတွက် ခေါင်းမာရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဘဝထဲ ရေလိုက်ငါးလိုက် မနေနိုင်ခဲ့တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရေနည်းငါးဘဝအကြောင်းကို Erotic ကားပေမဲ့လည်း သေချာအသက်သွင်းပြသွားတာမို့ Erotic အခန်းတွေဖယ်လိုက်ရင်တောင် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)
It Happened One Night (1934)
⭐IMDB: 8.1/10 (107 k Votes)
🎬 #Comedy #Romance
🗓️ 1934 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 1 နာရီ 46 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
It Happened One Night (1934)======================IMDb Rating – 8.1/10
It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကိုပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, BestDirector, Best Actor , Best Actress နဲ့ Best Adaptationဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင်အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကားလည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။It’s a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီးလေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီးClaudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင်လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာစိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)
The Fabulous Baker Boys (1989)
⭐IMDB: 6.9/10 (25 k Votes)
🎬 #Comedy #Drama #Music #Romance
🗓️ 1989 🎞️ Movie 📺 720p
🌎 #UnitedStates #WestGermany
⏰ 1 နာရီ 54 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound Award ကိုလည်းရရှိခဲ့တဲ့ Old but Gold ကားလေးဖြစ်တာမလို့ အေးအေးဆေးဆေးကြည့်ရှုလို့ကောင်းတဲ့ရုပ်ရှင်ကားလေးတစ်ကားပါဗျ။
My Sassy Girl (2022)
⭐IMDB: 7.1/10 (85 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #Indonesia
⏰ 1 နာရီ 58 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Sassy Girl (2023)
အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့“မိထူးဆန်း” လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။
ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင်Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။
ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ “မ”ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက်သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။
IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။
ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရောဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။
The Fabulous Baker Boys (1989)
⭐IMDB: 6.9/10 (25 k Votes)
🎬 #Comedy #Drama #Music #Romance
🗓️ 1989 🎞️ Movie 📺 1080p

🗓️ 2022 🎞️ Movie 📺 1080p

Sex Games (2023)
⭐IMDB: 5.8/10 (17 Votes)
🎬 #Adult #Drama
🗓️ 2023 🎞️ Movie 📺 720p
🌎 #Philippines
⏰ 1 နာရီ 36 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sex Games (2023)
ဘော်ဘီနဲ့ ဒတ်ဘီတို့ဟာ လူချမ်းသာလင်မယားဖြစ်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့စရိုက်ပိုင်ရှင်တွေပါ။ ငွေအတွက်၊ သူတို့ရဲ့ ပျော်ရွှင်မှုအတွက် တစ်ပါးသူဘဝတွေ ပျော်ရွှင်မှုတွေကိုပါ နင်းချေဖျက်ဆီးလိုက်ဖို့လည်း ဝန်မလေးကြပါဘူး။ ငွေကြေးအတွက် ပူစရာမလိုတဲ့အလျောက် လိုချင်တာရနေတဲ့ဘဝမှာ လိင်သာယာမှုအသစ်အဆန်းတွေကိုရှာဖွေရင်း Role Play ကစားတာမျိုး၊ သရီးဆမ်း၊ ဂန်းဘန်း စတာမျိုးတွေကိုပါ ငွေလမ်းခင်းပြီး မွေ့လျော်တတ်ကြပါသေးတယ်။
တစ်နေ့တော့ ဒတ်ဘီက လောင်းကစားတစ်ခုကမ်းလှမ်းလာပါတယ်။ အဲဒါကတော့ သူ့ဆီမကြာခဏငွေလာချေးတတ်တဲ့ အဒေါ်ကြီးရဲ့သမီးဖြစ်သူ သီလရှင်ဖြစ်ဖို့ရည်စူးထားတဲ့ရိုးရိုးအေးအေးလေး ရှီလာနဲ့ သူ့ရည်းစားဖြစ်သူ ဘုန်းကြီးလောင်းလျာ အယ်လ်ဗင်တို့ကို အပြိုင်လိုက်ကြဖို့ပါပဲ။ သူတို့ကစားမယ့် သူတွေဟာ ခံစားချက် နှလုံးသား ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေရှိကြတဲ့သက်ရှိတွေဖြစ်တဲ့အတွက် ဒီကစားပွဲမှာ ဘယ်သူက ဘယ်သူ့ကိုကစားပြီး နောက်ဆုံးမှာ ဘယ်သူအနိုင်ရသွားမလဲ ဆက်လက်ရှုစားကြပါ။
Azi Acosta နဲ့ Sheree တို့အပြင် ဧည့်သည်သရုပ်ဆောင် မင်းသမီးတွေအများကြီး အင်တိုက်အားတိုက်ဇာတ်ပို့ထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
A Thousand Lines (2022)
⭐IMDB: 6.3/10 (470 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #Germany
⏰ 1 နာရီ 33 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတိုင်းချစ်ခင်လေးစားအားကျရတဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Lars Bogenius က ဘာရေးရင် စာဖတ်သူတွေကို စိတ်လှုပ်ရှားစေမလဲ သေချာနားလည်ထားသူတစ်ဦးပါ သူအထက်လူကြီးတွေကလည်း အင်တာနက်ခေတ်ကြီးမှာ ပုံနိုပ်ထုတ်ဝေတဲ့သတင်းတွေ လူဖတ်များအောင် လုပ်နိုင်တဲ့ ဒီလိုအရည်အချင်းရှိသတင်းထောက်ကို သိပ်သဘောကျကြတာပေါ့ ဒီလိုအဘက်ဘက်မှာ ပြီးပြည့်စုံနေတဲ့ Lars ဟာ တစ်နေ့မှာ ဆောင်းပါးတစ်ပုဒ်ကို Juan Romero ဆိုသူ အလွတ်တန်းသတင်းထောက်တစ်ယောက်နဲ့အတူ ပူးတွဲတာဝန်ယူရေးသားရပါတယ် အဲအခါမှာတော့ မယုံနိုင်စရာကောင်းလောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ဆောင်းပါးကို တွဲဖက်ဖြစ်သူ Juan တစ်ယောက် တကယ်ပဲ မယုံနိုင်တော့တဲ့အခါမှာတော့… ဒီဇာတ်ကားကတော့ ဂျာမနီနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြီးမားဆုံး သတင်းတုထုတ်ဝေမှုအကြောင်း မှီငြမ်းရိုက်ကူးထားတာပဲဖြစ်ပါတယ်

🗓️ 2023 🎞️ Movie 📺 1080p
🌎 #Philippines
⏰ 1 နာရီ 36 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sex Games (2023)
ဘော်ဘီနဲ့ ဒတ်ဘီတို့ဟာ လူချမ်းသာလင်မယားဖြစ်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့စရိုက်ပိုင်ရှင်တွေပါ။ ငွေအတွက်၊ သူတို့ရဲ့ ပျော်ရွှင်မှုအတွက် တစ်ပါးသူဘဝတွေ ပျော်ရွှင်မှုတွေကိုပါ နင်းချေဖျက်ဆီးလိုက်ဖို့လည်း ဝန်မလေးကြပါဘူး။ ငွေကြေးအတွက် ပူစရာမလိုတဲ့အလျောက် လိုချင်တာရနေတဲ့ဘဝမှာ လိင်သာယာမှုအသစ်အဆန်းတွေကိုရှာဖွေရင်း Role Play ကစားတာမျိုး၊ သရီးဆမ်း၊ ဂန်းဘန်း စတာမျိုးတွေကိုပါ ငွေလမ်းခင်းပြီး မွေ့လျော်တတ်ကြပါသေးတယ်။
တစ်နေ့တော့ ဒတ်ဘီက လောင်းကစားတစ်ခုကမ်းလှမ်းလာပါတယ်။ အဲဒါကတော့ သူ့ဆီမကြာခဏငွေလာချေးတတ်တဲ့ အဒေါ်ကြီးရဲ့သမီးဖြစ်သူ သီလရှင်ဖြစ်ဖို့ရည်စူးထားတဲ့ရိုးရိုးအေးအေးလေး ရှီလာနဲ့ သူ့ရည်းစားဖြစ်သူ ဘုန်းကြီးလောင်းလျာ အယ်လ်ဗင်တို့ကို အပြိုင်လိုက်ကြဖို့ပါပဲ။ သူတို့ကစားမယ့် သူတွေဟာ ခံစားချက် နှလုံးသား ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေရှိကြတဲ့သက်ရှိတွေဖြစ်တဲ့အတွက် ဒီကစားပွဲမှာ ဘယ်သူက ဘယ်သူ့ကိုကစားပြီး နောက်ဆုံးမှာ ဘယ်သူအနိုင်ရသွားမလဲ ဆက်လက်ရှုစားကြပါ။
Azi Acosta နဲ့ Sheree တို့အပြင် ဧည့်သည်သရုပ်ဆောင် မင်းသမီးတွေအများကြီး အင်တိုက်အားတိုက်ဇာတ်ပို့ထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Assassin Club (2023)
⭐IMDB: 4.7/10 (518 Votes)
🎬 #Action #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #Italy #UnitedStatesofAmerica
⏰ 1 နာရီ 53 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Assassin Club (2023)
အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။
သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့၂ အမျိုးသမီးတစ်ယောက်ကြောင့်၃ သေသွားလို့
မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကိုတိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။
Sssshhh! (2023- )
⭐IMDB: 6.9/10 (146 Votes)
🎬 #Drama
🗓️ 2023- 🎞️ Series 📺 1080p
🌎 #Philippines
⏰ 48 မိနစ် 42 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
[18+] Sssshhh! (2023)Sssshhh! (2023) Completed Mini-Series
Sssshhh! ဆိုတာ Podcast တစ်ခုဖြစ်ပြီး ဒီအစီအစဉ်ကိုတော့ Salome Salvi ဆိုတဲ့ Adult Content Creator တစ်ယောက်က Host လုပ်ပါတယ်။ ဒီအစီအစဉ်မှာ လာရောက်တဲ့ဧည့်သည်တွေဟာ Host နဲ့အတူ သူတို့ရဲ့ လိင်နဲ့ပတ်သက်တဲ့အတွေ့အကြုံဇာတ်လမ်းတွေ၊ အယူအဆသဘောထားတွေကို အိတ်သွန်ဖာမှောက် မချွင်းမချန် ဆွေးနွေးပြောပြကြမှာဖြစ်ပါတယ်။ Erotica Manila ကိုသဘောကျခဲ့တဲ့ပရိသတ်တွေအတွက် သူ့လိုပဲ အချစ်၊ အိမ်ထောင်ရေးနဲ့လိင်မှုကိစ္စအဖြာဖြာကို မတူညီတဲ့ဇာတ်လမ်းလေးပုဒ်နဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။ အစီအစဉ်မှူး Salome Salvi အဖြစ် ဖိလစ်ပိုင်ရဲ့ Maria Ozawa လို့တင်စားကြတဲ့ Salome Salvi ကိုယ်တိုင်ဦးဆောင်ပါဝင်ထားပြီး Vivamax ရဲ့မျက်နှာသစ်မျက်နှာဟောင်း မင်းသမီးလေးတွေ အစုံအလင်ပါဝင်လာမှာဖြစ်တဲ့အတွက် စဆုံး ခံစား ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 700MB+
The Grudge (2004)
⭐IMDB: 5.9/10 (147 k Votes)
🎬 #Horror #Mystery #Thriller
🗓️ 2004 🎞️ Movie 📺 720p
🌎 #UnitedStates #Japan
⏰ 1 နာရီ 38 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Grudge (2004)
ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။
ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။
အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို……
Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ The Grudge (2004) ကို အမှောင်ထဲမှာ အသံကျယ်ကျယ်လေးဖွင့်ပြီး ကြည့်ရှူခံစားလန့်ဖျပ်လိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)
The Grudge (2004)
⭐IMDB: 5.9/10 (147 k Votes)
🎬 #Horror #Mystery #Thriller
🗓️ 2004 🎞️ Movie 📺 1080p

Viduthalai Part-1 (2023)
⭐IMDB: 8.5/10 (4 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 2 နာရီ 34 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Viduthalai Part I (2023)
အသစ်ထွက်ရှိလာတဲ့ ဝါရင့်သရုပ်ဆောင် ဗီဂျေးစည်သူပတီ ပါ၀င်ထားတဲ့ တမီးလ်အက်ရှင်ကားလေးကိုတင်ဆက်လိုက်ပါတယ်…IMDb (8.5/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားတာကြောင့် ရှယ်မိုက်တဲ့ တောင်ပိုင်းအက်ရှင်ကားတစ်ကားပါပဲ။
ဇာတ်လမ်းကတော့…
အိန္ဒိယတောင်ပိုင်းမှာ 1980 ခုနှစ်ကာလများဆီက စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့တမီးလ်ပျောက်ကျားတပ်ဖွဲ့ တစ်ခုရှိခဲ့ပါတယ်၊အစိုးရက တမီးလ်ပြည်သူတွေကန့်ကွက်နေတဲ့ကြားကတောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ခွင့်ပြုမိန့်ပေးလိုက်ရာကနေအဲ့ဒီဒေသမှာပဋိပက္ခတွေစတင်လာခဲ့ပြီး အခြေအနေတွေတင်းမာလာခဲ့တယ်။
ဒါကို အစိုးရဘက်က မိုင်းတွင်းလုံခြုံရေးဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခုကိုပါ ထပ်မံအင်အားဖြည့်တင်းလိုက်ပေမယ့်ဒီအဖွဲ့ရဲ့မသမာမှုတွေကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ပဋိပက္ခဟာ ပိုလို့သာဆိုးလာပါတော့တယ်။ဒါကိုအစိုးရအနေနဲ့ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ ရွာသားတွေနဲ့ပျောက်ကျားအဖွဲ့၀င်တွေကိုရှာဖွေဖမ်းဆီးဒဏ်ခတ်အရေးယူမှုတွေလုပ်လာတဲ့အခါမှာတော့….။
ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ဖန်တီးထားပေမယ့် အဓိဇာတ်ကောင်ဗာသီယာကတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတဲ့သူကို မှီငြမ်းပြီးရိုက်ကူးထားတာကြောင့်realistic ပိုဆန်တဲ့အရသာတွေကို ခံစားရမှာပါ။