ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Way Out (2022)
⭐IMDB: 5.3/10 (109 Votes)
🎬 #Drama #Horror #Mystery #Thriller
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောကကြီးမှာ လူမျိုးစုံ စရိုက်မျိုးစုံရှိကြပါတယ် အဲဒီလိုပဲ ကြုံရတဲ့ လောကဓံတွေကလည်း မျိုးစုံပါပဲမတူတဲ့ လောကဓံတွေကို တုံ့ပြန်ကြတဲ့ ပုံစံကလည်း အမျိုးမျိုအထွေထွေကိုရှိနေတာပါ။
ဒီကားလေးထဲမှာတော့ အဖေနဲ့ အဆင်မပြေ အနိုင်ကျင့်ခံရလို့ စိတ်ညစ်ပြီး အရက်သောက်နေရာကနေ အရက်ဖြတ်ပြီး ၁နှစ်ကျော်ကြာတဲ့အချိန်မှာ အဖေ့ဆီပြန်သွားတော့ အဖေက အိမ်ထဲမှာ အသတ်ခံထားရတာကနေ ဇာတ်လမ်းလေးကို အစပြုထားတာပါ။ ကိုယ်နဲ့ဘယ်လောက်ပဲ မတည့်မတည့် ဖခင်အရင်းတစ်ယောက် အသတ်ခံလိုက်ရတာကိုတော့ အနည်းနဲ့အများ ဝမ်းနည်းကြတာချည်းပါပဲ။ အဲဒီလိုနဲ့ အဖေ့ရဲ့ အမွေအဖြစ် အိမ်ကြီးရော ကားတစ်စီးပါ ရသွားပေမဲ့ အပိုဆောင်းအနေနဲ့ အကြွေး ဒေါ်လာ ၅၀၀၀ပါ ကျန်ခဲ့သေးတာဆိုတော့ ပိုက်ဆံရှာဖို့အတွက် အိမ်ကြီးဆီမှာ လူငှားတင်ရတော့တာပါပဲ။
အိမ်လာငှားတဲ့ လူကလည်း တောင့်တောင့်ဖြောင့်ဖြောင့် အားကစားနည်းပြ ငှားပေးတဲ့သူကလည်း လောလောလတ်လတ် အဖေဆုံးပါးသွားရတဲ့ လိင်တူချစ်တဲ့သူ သူတို့တွေ့သွားချိန်မှာတော့ အားကစားနည်းပြရဲ့ အသွန်အသင်တွေနဲ့ လောကဓံကြီးကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာတွေကို တဝကြီးကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။...
Vivant (2023- )
⭐IMDB: 7.5/10 (59 Votes)
🎬 #Drama
🗓 2023- 🎞 tv series
🌎 #Japan
⏰ 1 နာရီ 31 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
VIVANT (2023)Vivant (2023) Ongoing
~ IMDb – 7.5/10, MyDramaList – 8.3/10 ~ ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်အထနှေးတာကို မကြိုက်တဲ့လူတွေ ကိုရီးယားဇာတ်လမ်းတွဲကြိုက်တဲ့လူတွေတောင် ဒီဂျပန်ဇာတ်လမ်းတွဲကို တော်တော်လေးကြိုက်လောက်ကြမယ်။ ဒီလိုပြောလို့ ဂျပန်ဇာတ်လမ်းတွဲတွေရဲ့ ပေးနေကျအရသာပျက်သလားဆိုတော့လည်း မပျက်ပြန်ဘူး။ ဒါပေမဲ့ ဂျပန်ဇာတ်လမ်းတွဲနဲ့ တူသလားဆိုတော့လဲ မတူပြန်ဘူး။ တော်တော်လေး ကြားကျသလို ဇာတ်လမ်းတည်ဆောက်ပုံ ကာရိုက်တာတည်ဆောက်ပုံ နောက် သရုပ်ဆောင်တွေကအစ လန်ပြန်ထွက်နေတယ်။ သရုပ်ဆောင်တွေကျလည်း ဟ ဒီဇာတ်လမ်းတွဲထဲ ဒီဘဲတွေ ဘာကိစ္စပါလာတာလဲ ပြောရမယ့်ဘဲတွေချည်း။ ဖျော်ဖြေရေးအရတော့ တော်တော်ကွာလတီကောင်းတဲ့ စီးရီးပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ဂျပန်ကုမ္ပဏီတစ်ခုက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရင်းနှီးမြုပ်နှံငွေလွှဲပေးရာမှာ ဒေါ်လာ၁၀သန်းနဲ့ သန်း၁၀၀ မှားလွှဲမိရာကစတယ်။ ငွေပမာဏက တော်တော်ကွာနေတော့ ကုမ္ပဏီတစ်ခုလုံး ဒါဘယ်လိုဖြစ်တာလဲဆိုပြီး ဂျွမ်းပြန်ကုန်ရော။ ဒီတော့ ဒီကိစ္စရဲ့တာဝန်ရှိသူလို့ အားလုံးဝိုင်းသတ်မှတ်လိုက်ကြတဲ့ နိုဂိဆိုတဲ့ ဝန်ထမ်းက ဒီကိစ္စကိုဖြေရှင်းရဖို့ ဖြစ်လာတယ်။ ကန္တာရကြားက Balka လို့ ခေါ်တဲ့ နိုင်ငံလေးကို ရောက်လာပြီး အဲဒီငွေတွေကို ပြန်ရဖို့ကြိုးစားတယ်။ ဒါပေမဲ့ ငွေတွေကို လက်ဝယ်ရှိနေတဲ့သူလို့ သူသိထားတဲ့သူက လျှို့ဝှက်ပြီး အင်အားကြီးတဲ့ အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်ဖြစ်နေတယ်။ အဲဒီလူက သူရောက်လာတော့ အံ့ဩသွားပြီး မင်းက “Vivant” ကလား လို့ မေးပြီး သူ့ကိုယ်သူ ဗုံးခွဲသတ်သေရင်း အားလုံးပါ အပါခေါ်ဖို့ လုပ်တယ်။ ဒီအချိန် Hiroshi Abe ရဲ့ ဇာတ်ကောင် နိုဇခိက နိုဂိကို လာဝင်ကယ်သွားတယ်။ ဒီနောက် Balka ရဲတွေက နိုဂိကို ဗုံးခွဲလိုက်တယ်ထင်လို့သက်သက်ပဲလား ဘာအကြောင်းကြောင့်လားမသိ အသည်းအသန်လိုက်ရှာနေသလို သံရုံးအရာရှိနိုဇခိကလည်း နိုဂိကို အသည်းအသန်ကြိုးစားကယ်ခဲ့တယ်။ ဒါတွေအကုန်လုံးက Vivant ဆိုတဲ့ စကားလုံးတစ်လုံးကနေစပြီး Vivant ဆိုတာ ဘာလဲဆိုတာကို အက်ရှင်တွေ ပဟေဠိတွေ လှိုင်လှိုင်နဲ့ စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်လမ်းပါ။ သူတို့စကားတွေအရတော့ နိုဂိဝင်ပတ်သက်မိတဲ့ ကိစ္စက ကမ္ဘာနဲ့ချီပြီးဂယက်ရိုက်သွားနိုင်တဲ့ ကိစ္စလို့တော့ ပြောကြတာပါပဲ။ ဘယ်နိုင်ငံတွေထပ်ရောက်ပြီး ဘယ်လိုသည်းထိတ်ရင်ဖိုတွေ ကြုံဦးမလဲတော့ စောင့်ကြည့်ကြရမှာပဲ။ Wings of Desire တို့၊ Paris, Texas တို့လို ကားတွေကို ရိုက်ခဲ့တဲ့ Wim Wenders ရဲ့ကားအသစ် Perfect Days နဲ့ ဒီနှစ်တင် Cannes မှာ Best Actor Award ကို ရခဲ့တဲ့ Kôji Yakusho လို ဂျပန်ရဲ့လက်ရှိထိပ်သီး ဘဲကြီးတောင် ဒီဇာတ်လမ်းတွဲမှာပါပါတယ်။ ဒီဘဲကြီးက Babel တို့၊ Memoirs of a Geisha တို့၊ Cure တို့လို ကားတွေမှာပါ ပါဖူးတဲ့လူ။ ဒီကားတွေက ဘယ်လိုကားတွေလဲသိတဲ့လူတွေတော့ ဒီဘဲ ဘယ်လောက်ကြမ်းလဲသိကြမှာပါပဲ။ ဆောင်းကန်ဟိုတို့ ဘာတို့ထက် သာချင်သာမယ် မလျော့တဲ့ အနေအထားမှာရှိတယ်။ နောက်အာရှရုပ်ရှင်လောကတစ်ခုလုံးမှာမှ ငါးယောက်လားပဲ ရထားဖူးတဲ့ Asian Film Excellence Award ကို ရဖူးတဲ့ Hiroshi Abe… ဒီဘဲကိုတော့ Kore-eda ဖန်တွေ ကောင်းကောင်းရင်းနှီးကြမှာပဲ။ Kore-eda ရဲ့ I Wish, Still Walking, After the storm တို့လို ရုပ်ရှင်တွေမှာ အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ဘဲ။ အငြိမ်လည်းပီပြင်သလို အက်ရှင်ဆန်ဆန်မှာလည်း ကြမ်းတယ်။ ဒီကားရဲ့ အက်ရှင်တွေ သည်းထိတ်ရင်ဖိုတွေကလည်း ဒီဘဲပေါ်လာတဲ့အချိန်မှာ စအသက်ဝင်လာတာပဲ။ အဓိကဇာတ်ကောင် Masato Sakai ကိုတော့ ကျွန်တော်လည်း မရင်းနှီးဘူး။ ဒါပေမဲ့ လက်ရှိသူ့ကာရိုက်တာရဲ့ ဂလည်အူကြောင် စိတ်ကောင်းရှိတဲ့ပုံစံမျိုးနဲ့တော့ သူက လုံးဝအံကိုက်ပဲ။ ဂျပန်ကားတွေနဲ့ ရင်းနှီးတဲ့လူတွေ သိလောက်မယ့် တခြားနာမည်ရ သရုပ်ဆောင်တွေလည်းပါသလို Abbas Kiarostami ရဲ့ Like Someone in Love ထဲက မင်းသမီး Rin Takanashi တောင် အဆစ်ပါသေးတယ်။ ဒီ Cast တွေ ဒီစီးရီးထဲ စုပြုံပြီး ဘာဝင်လုပ်နေတာလဲလို့တောင် မေးယူရမယ့်အထိ ကြမ်းတယ်။ Vivant ကို တချို့ကတော့ The Best Japanese TV Show လို့ပြောကြတယ်။ မှန်မမှန်တော့ ကိုယ်တိုင်ပဲ အကဲဖြတ်ကြည့်ပေါ့။ ကျွန်တော်တော့ ရာနှုန်းပြည့် မထောက်ခံချင်ဘူး။ ဒါပေမဲ့ ဖျော်ဖြေရေးလည်းဆန်၊ TV Show လည်းဆန်တဲ့ TV Show ဖြစ်ရမယ်ဆိုရင်တော့ ဒါကို ငြင်းလို့ရမှာလည်းမဟုတ်ဘူး။ ဒါကိုသိဖို့ အများကြီးတောင်ကြည့်စရာမလိုပါဘူး။ ပထမတစ်ပိုင်းပဲ ကြည့်ကြည့်လိုက်ရင်ကို ရပြီ။ ပထမတစ်ပိုင်းနဲ့တင် အက်ရှင်တွေရော သည်းထိတ်ရင်ဖိုတွေရော Hiroshi Abe ရဲ့ မာန်အပြည့် ဇာတ်ဝင်ခန်းတွေရော ခပ်ထေ့ထေ့ဇာတ်ဝင်ခန်းတွေရော Kôji Yakusho ရဲ့ ပဟေဠိဆန်ဆန် မျက်လုံးတွေရော အကုန်မြင်ရမှာဖြစ်သလို ဒီကားရဲ့ နာမည် Vivant ဆိုတာရဲ့ ပဟေဠိဆန်ခြ...
Uncle Maoshan (2023)
⭐TMDB: 0.0% User Score
🎬 #Thriller
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 17 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက်Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာမတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရသခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့်မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီးသရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီးမကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်၏
သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲစိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။
မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ……ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ……ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။...
Count (2023)
⭐TMDB: 62.0% User Score
🎬 #Drama #Sport #Comedy
🗓 2023 🎞 movie
🌎 #SouthKorea #SouthKorea
⏰ 1 နာရီ 49 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Count(2023)
***********ကစားသမားတွေက နှစ်ခါသေဆုံးကြပါတယ်တဲ့။ လက်ဝှေ့သမားဟောင်း ဘတ်ရှီဟွန်းကတာ့ သေဆုံးမှုနှစ်ခုစလုံးကို
တွေ့ကြုံပြီးပြီပဲဖြစ်ပါတယ်။ ပထမတစ်ခါကတော့ ၁၉၈၈ အိုလံပစ်မှာ အငြင်းပွားစရာ
ရွှေတံဆိပ်ဆုကို ရခဲ့တုန်းကဖြစ်ပြီးတော့ ဒုတိယတစ်ခါကတော့ အဲဒီရွှေတံဆိပ်ဆုကြောင့်ပဲ
သူရဲ့အားကစားသမားဘဝ ဂုဏ်သိက္ခာမဲ့စွာ အဆုံးသတ်ခဲ့ရတုန်းကပဲဖြစ်ပါတယ်။
အခုကတော့ သူ့ရဲ့တတိယဘဝအဖြစ် နယ်မြို့လေးမှာ ကျောင်းဆရာလုပ်နေပြီးတော့ ကျောင်းရဲ့လက်ဝှေ့အသင်းကို
နည်းပြလုပ်ပေးဖို့ ကျောင်းအုပ်ကြီးဆီက နားပူနာဆာအလုပ်ခံနေရတာပဲဖြစ်ပါတယ်။
အစကတော့ ဝန်လေးနေခဲ့ပေမဲ့ စတားဖြစ်ဖို့ အလားအလာရှိတဲ့ လက်ဝှေ့သမား ယွန်းဝူကိုတွေ့ပြီးတော့
အသင်းကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ရှီဟွန်းနဲ့ သူရဲ့အနိုင်ကျင့်ခံ
အသင်းလေးဟာ ချန်ပီယံအစစ်အမှန်ကဘာလဲဆိုတာကို ပြသဖို့အတွက် ကြိုးစားကြပါတော့တယ်။
ဒီကားလေးက တောင်ကိုရီးယားရဲ့ လက်ဝှေ့ကစားသမား ဘတ်ရှီဟွန်းရဲ့အကြောင်းကို
ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပြီး ကြည့်ရမယ့် comedy, sport movie
အမျိုးအစားပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ Jin Sun Kyu, Oh Nara, Ko Chang Seok တို့ပါဝင်ထားပြီးတော့
မင်းသားအငယ်လေးတွေကလည်း သရုပ်ဆောင်ကောင်းတာမို့လို့ CM fan တို့အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။
အညွှန်းကိုတော့ Windi မှရေးသားပေးထားပါတယ်…....
Long Live the King (2019)
⭐IMDB: 6.0/10 (344 Votes)
🎬 #Crime #Action #Comedy #Drama #Romance
🗓 2019 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 58 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zawgyi
*******
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦး
ကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးက
ခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်
ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာ
အချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာ
အတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်
ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်
သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါ
ကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်
လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကို
စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ
ဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်
ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်
Unicode
*******
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦး
ကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးက
ခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်
ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာ
အချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာ
အတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ်ယောက်
ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်
သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ်ဝင်တစားကြည့်ရမှာပါ
ကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်
လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကို
စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ
ဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်
ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်...
Before the Devil Knows You're Dead (2007)
⭐TMDB: 71.0% User Score
🎬 #Crime #Drama #Thriller
🗓 2007 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Imdb rating – 7.3/10
ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်အင်ဒီရုပ်ရှင်ဖြစ်ပြီး Crime/Drama နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ကားနာမည်က အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး ဒီရုပ်ရှင်ကို၂၀၀၇ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အော်စကာဆုရှင်မင်းသားကြီး Philip Seymour Hoffmann နဲ့ Ethan Hawke တို့က အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Hank နဲ့ Andy Hanson ညီအစ်ကိုနှစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းမိတ်ဆက်ကတော့ ဟန်ခ့်ဟန်ဆန် (Ethan Hawke) က ဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေးမပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီးဖြစ်သူအတွက် ကလေးစရိတ်ကိုတောင်ပေးဖို့ရုန်းကန်နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်ဒီက အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေးဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့် ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီက သူ့ညီဟန်ခ့်ကို ဓားပြတိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြတိုက်မှာက တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့ သူတို့စီစဥ်ထားသလိုမဖြစ်ဘဲ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်ဆက်တွဲဖြစ်ရပ်တွေ တသီတတန်းကြီးကို ရင်ဆိုင်ရပါတော့တယ်။
Indie ရုပ်ရှင်ဖြစ်လို့ လူသိမများပေမဲ့ ဒီရုပ်ရှင်က အရည်အသွေးမြင့်မားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မတော်တဆတိုက်ဆိုင်သွားတဲ့ ဖြစ်ရပ်တစ်ခုကနေ မိသားစုပြိုကွဲတဲ့အထိ ဆင့်ကဲသက်ရောက်သွားပုံကို Pulp Fiction ဇတ်ကားလို non-linear စတိုင်နဲ့တင်ဆက်သွားတာဖြစ်ပါတယ်။ ဇာတ်အိမ်ဖွဲ့စည်းမှုကောင်းမွန်ပြီး Philip Hoffmann နဲ့ Ethan Hawke လို ဝါရင့်သရုပ်ဆောင်တွေရဲ့ပုံဖော်တင်ဆက်မှုကလည်းပီပြင်တဲ့အတွက် ရုပ်ရှင်ဝေဖန်သူတွေ အထူးချီးကျူးခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အင်ဒီရုပ်ရှင်နှစ်သက်သူများနဲ့ မှုခင်းဒရာမာ Thriller ရုပ်ရှင်များကိုကြိုက်နှစ်သက်သူတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အန်ဒီအဖြစ်အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ ဝါရင့်မင်းသားကြီး Philip Hoffmann ကတော့ ၂၀၁၄ မှာကွယ်လွန်သွားခဲ့ပါပြီ။...
Captive (2023)
⭐IMDB: 4.0/10 (207 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 21 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Night of the living dead” ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း….. Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီးအေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ...
Absentia (2011)
⭐TMDB: 58.0% User Score
🎬 #Horror #Mystery #Thriller
🗓 2011 🎞 Movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ဖြစ်လာပြီး ဖြေသိမ့်နိုင်ဖို့ နည်းလမ်းတွေ ရှာပါတော့တယ်။
အဲဒီလိုနဲ့ တနေ့မှာတော့ သူ့အမျိုးသားကို ပြန်ရှာတွေ့မလား.. ဘာလို့ ပျောက်သွားရတယ်ဆိုတဲ့အကြောင်းရင်းကို သိသွားမလားဆိုတာကိုတော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေတင်မဟုက်ဘဲ ကြည့်ရှူသူ ပရိတ်သတ်တွေပါ လိုက်ပြီး တွေးတောကြရမှာပါ။ ဒီဇာတ်ကားဟာ Fangoria Chainsaw Award ၊ Sonoma Valley Film Festival Award တို့အပါအဝင် winner ဆု ၁၄ ခု ၊ တင်သွင်းခံရတဲ့အဆင့် တစ်ခါ( Fright Meter Awards) စတဲ့ ဆုတွေ တစ်သီကြီးကို ရရှိထားပြီး horror စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတင် ဆုရတာမဟုက်ဘဲ ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ၊ ဇာတ်ညွှန်းရေးသူလည်း ဖြစ်တဲ့ Mike Flanagan က အကောင်းဆုံးဇာတ်ကားဆု ၊ ဇာတ်ညွှန်းဆု စတာတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Katie Parker ကလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ၊ Dave Levine ကလည်း အကောင်းဆုံးသရုပ်ဆောင်မင်းသာဆု ၊ Morgan Peter Brown က အကောင်းဆုံး ဇာတ်ပို့ဆု စသဖြင့်ဆုတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ IMDb rating 5.8 ကိုလည်း ရရှိထားပါတယ်။ ဒါကြောင့် Horror ပရိတ်သတ်တွေအနေနဲ့ ဖြစ်စေ ၊ စဥ်းစားရတဲ့ ဇာတ်လမ်းတွေသဘောကျ ကြတဲ့သူတွေအနေနဲ့ ဖြစ်စေ ဒီဇာတ်ကားကိုတော့ ကြည့်ဖူးသင့်တယ်လို့ ဆိုချင်ပါတယ်။...
Gammathu (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Crime #Romance #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 6 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gammthu(2023)
ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့အသစ်စက်စက်ထွက်ရှိထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။
ဒီကားလေးမှာတော့ မင်းသားဟာ အလွန်ထူးချွန်ပြီး ဟောလိဝုဒ်ရုပ်ရှင် ‘The Perfume’ ကိုစွဲလန်းသွားရာကနေ ထူးခြားတဲ့ရေမွှေးတီထွင်ဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်လုပ်နေတဲ့လူတစ်ယောက်ပါ။ဒီလိုနဲ့ မထင်မှတ်ပဲ မြို့ထဲက အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်မှုမှာ အဓိက သံသယရှိသူအဖြစ်စွပ်စွဲခံလာရတဲ့အခါ သူ့ရဲ့ဖြူစင်မှုကို သက်သေပြဖို့ ကိုယ်တိုင်ပဲ စုံစမ်းပါတော့တယ်။အမှုကို စုံစမ်းရင်းက တစ်ခုစီချိတ်ဆက်မိလာပြီး ထင်ထားတာထက် ပိုလေးနက်လာတဲ့အခါတရားခံ အစစ်က ဘယ်သူလဲ၊ သူကရော ဘာလို့ အဓိကသံသယတရားခံဖြစ်လာရလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။
အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်...
Operation Napoleon (2023)
⭐IMDB: 6.1/10 (670 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #Iceland #Germany
⏰ 1 နာရီ 52 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mystery Adventure ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာ နပိုလီယွန်စစ်ဆင်ရေးအတွက် ဘာလင်မြို့ကနေ လေယာဉ်တစ်စီးထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားပါတယ် အဲ့ဒီနောက် အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျောက်ဆုံးသွားတဲ့ အနီးတစ်ဝိုက်ကို စစ်ရေးလေ့ကျင့်ရေး အကြောင်းပြပြီး ရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိခဲ့ကြပါဘူး အချိန်ကြာလာပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်လာကာ သူတို့ရှာဖွေနေတဲ့ လေယာဉ်ဟာ ထွက်ပေါ်လာပါတယ် ဒါပေမဲ့ လေယာဉ်ရှိတဲ့ နေရာကို အမေရိကန်တွေရောက်လာခင် ရောက်သွားခဲ့တာကတော့ ခရစ်စတင်းရဲ့ မောင်ဖြစ်သူ အယ်လီတို့ သူငယ်ချင်းသုံးယောက်ပါ သူတို့ဟာ လေယာဉ်တွေ့ရှိကြောင်းကို မှတ်တမ်းတင်နေတုန်းမှာပဲ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့ရောက်ရှိလာပြီး သူတို့ကို နှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်
အယ်လီတစ်ယောက်လည်း မှတ်တမ်းတင်ထားတွေကို သူ့အစ်မ ခရစ်စတင်းဆီကိုပို့ပြီး ထွက်ပြေးပါတော့တယ် ခရစ်တင်းဟာလည်း နေရင်းထိုင်ရင်းကနေ သူ့မောင်ပို့လိုက်တဲ့ လေယာဉ်မှတ်တမ်းတွေကြောင့် လိုက်ဖမ်းတာ ခံနေရတာပါ ခရစ်စတင်းတစ်ယောက် ပြေးရင်းလွှားရင်း သူ့မောင်ပို့လိုက်တဲ့ ဓာတ်ပုံလေးတွေကနေ လေယာဉ်ရှိတဲ့နေရာကို ရအောင်ရှာပြီးတော့ သူ့မောင်ကို သွားကယ်ဖို့လုပ်ပါတော့တယ် ခရစ်စတင်းကရော သူ့မောင်ကို ကယ်နိုင်ပါ့မလား နပိုလီယွန် စစ်ဆင်ရေးဆိုတာကရော ဘာဖြစ်လို့ အမေရိကန်တွေက အသဲအသန်လိုချင်နေရတာလဲ Villain နေရာမှာလား GOT က နဂါးမေမေရဲ့ သက်တော်စောင့်မင်းသားကြီး အိုင်ရင်ဂလန်က ပါဝင်သရုပ်ဆောင်ထားတာမလို့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်...
Operation Napoleon (2023)
⭐IMDB: 6.1/10 (670 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #Iceland #Germany
⏰ 1 နာရီ 52 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mystery Adventure ကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးမှာ နပိုလီယွန်စစ်ဆင်ရေးအတွက် ဘာလင်မြို့ကနေ လေယာဉ်တစ်စီးထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားပါတယ် အဲ့ဒီနောက် အမေရိကန်စစ်တပ်ဟာ လေယာဉ်ပျောက်ဆုံးသွားတဲ့ အနီးတစ်ဝိုက်ကို စစ်ရေးလေ့ကျင့်ရေး အကြောင်းပြပြီး ရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိခဲ့ကြပါဘူး အချိန်ကြာလာပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲမြစ်တွေ အရည်ပျော်လာကာ သူတို့ရှာဖွေနေတဲ့ လေယာဉ်ဟာ ထွက်ပေါ်လာပါတယ် ဒါပေမဲ့ လေယာဉ်ရှိတဲ့ နေရာကို အမေရိကန်တွေရောက်လာခင် ရောက်သွားခဲ့တာကတော့ ခရစ်စတင်းရဲ့ မောင်ဖြစ်သူ အယ်လီတို့ သူငယ်ချင်းသုံးယောက်ပါ သူတို့ဟာ လေယာဉ်တွေ့ရှိကြောင်းကို မှတ်တမ်းတင်နေတုန်းမှာပဲ အမေရိကန်က သိပ္ပံပညာရှင်အဖွဲ့ရောက်ရှိလာပြီး သူတို့ကို နှုတ်ပိတ်ဖို့ကြိုးစားပါတော့တယ်
အယ်လီတစ်ယောက်လည်း မှတ်တမ်းတင်ထားတွေကို သူ့အစ်မ ခရစ်စတင်းဆီကိုပို့ပြီး ထွက်ပြေးပါတော့တယ် ခရစ်တင်းဟာလည်း နေရင်းထိုင်ရင်းကနေ သူ့မောင်ပို့လိုက်တဲ့ လေယာဉ်မှတ်တမ်းတွေကြောင့် လိုက်ဖမ်းတာ ခံနေရတာပါ ခရစ်စတင်းတစ်ယောက် ပြေးရင်းလွှားရင်း သူ့မောင်ပို့လိုက်တဲ့ ဓာတ်ပုံလေးတွေကနေ လေယာဉ်ရှိတဲ့နေရာကို ရအောင်ရှာပြီးတော့ သူ့မောင်ကို သွားကယ်ဖို့လုပ်ပါတော့တယ် ခရစ်စတင်းကရော သူ့မောင်ကို ကယ်နိုင်ပါ့မလား နပိုလီယွန် စစ်ဆင်ရေးဆိုတာကရော ဘာဖြစ်လို့ အမေရိကန်တွေက အသဲအသန်လိုချင်နေရတာလဲ Villain နေရာမှာလား GOT က နဂါးမေမေရဲ့ သက်တော်စောင့်မင်းသားကြီး အိုင်ရင်ဂလန်က ပါဝင်သရုပ်ဆောင်ထားတာမလို့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်...
The Elderly (2022)
⭐IMDB: 5.3/10 (557 Votes)
🎬 #Horror #Thriller #Fantasy
🗓 2022 🎞 movie
🌎 #Spain
⏰ 1 နာရီ 36 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Elderly (2022)
~ IMDb – 5.3/10, Rotten Tomatoes – 100% ~
ဒီကားလေးကတော့ 2022 ခုနှစ်ထွက် စပိန် ဟော်ရာ ဖန်တစီကားလေးဖြစ်ပါတယ်။ Award တစ်ခုလည်းရထားပြီး Nomination လေးခုလည်း ၀င်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာ ရိုဆာဆိုတဲ့အဖွားအိုတစ်ယောက်က ၀ရန်တာပေါ်က ခုန်ချသတ်သေသွားပြီး ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်တစ်ယောက်သာကျန်ခဲ့လို့ သားဖြစ်သူက အိမ်ပေါ်ခေါ်တင်စောင့်ရှောက်ထားပါတယ်။ ဒါပေမဲ့ မန်နျူရယ်က စိတ်ကျရောဂါကိုခံစားနေရပြီး ထင်ယောင်ထင်မှားတွေဖြစ် အသံတွေကြားနေရတယ်လို့ပြောပြီး ပုံမှန်မဟုတ်တဲ့အပြုအမူတွေကို စတင်လုပ်လာတော့ နဂိုမကြည်ဖြူရင်းစွဲရှိသူချွေးမဖြစ်သူက ပိုမုန်းလာပါတယ်။ အဲဒီနောက်ပိုင်းကဖြစ်ရပ်တွေကို စိတ်၀င်တစားကြည့်ရှုရမှာပါ။
ဒီကားလေးက သာမန်ဟော်ရာကားတစ်ကားထက်ကိုပိုပါတယ်။ လက်ရှိကာလဖြစ်ရပ်တချို့တွေကို ထင်ထင်ရှားရှားကို မီးမောင်းထိုးပြနေပြီး တချို့ Scene တွေက တကယ်ကိုစိတ်ညစ်ညူးစရာကောင်းလောက်အောင် ကြောက်စရာမွန်းကျပ်စရာကောင်းပါတယ်။ IMDb မှာ 5.3/10 ပဲ ရထားပေမယ့် ခရမ်းချဉ်သီးကတော့ 100% အပြည့်ရထားလို့ ကြည့်ရှုသူတွေအတွက် အရွေးမမှားလောက်တဲ့ဇာတ်ကားလေးပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Bone Cold (2022)
⭐IMDB: 5.2/10 (104 Votes)
🎬 #Thriller #Action #Horror
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 49 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျွန် နဲ့ မာကို ဟာ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ လုပ်ကြံရေးတွေလုပ်ကြတဲ့
အထူးတပ်ဖွဲ့ဝင် စနိုက်ဘာသမားနဲ့ နေရာပြသမားပါ..။
သူတို့ရဲ့ တစ်ခုသော မစ်ရှင်ဟာ ယူကရိန်း-ရုရှားနယ်စပ်က တောအုပ်ထဲမှာ
ပုန်းအောင်းနေတဲ့ ရုရှားထောက်ခံ ယူကရိန်းခွဲထွက်ရေးသမားကို လုပ်ကြံဖို့ပါ…။
ဘာလို့ဆို ဒီခွဲထွက်ရေးသမားဟာ စစ်မီးမွေးဖို့ကြံနေတာကြောင့်ပါပဲ…။
ဒီလိုနဲ့ ဂျွန်နဲ့ မာကိုဟာ တာဝန်ထမ်းဆောင်ဖို့အတွက် ယူကရိန်းနယ်စပ်တောအုပ်ထဲကို
ရောက်လာခဲ့ပါတယ်…။
ယုံတမ်းစကားတွေအရဆိုရင် ယူကရိန်းတောအုပ်ထဲမှာက ဒဏ္ဍာရီလာ သတ္တဝါတွေအစုံရှိပါတယ်တဲ့…။
ဒါကိုမသိတဲ့ ဂျွန်နဲ့မာကိုဟာ တာဝန်ထမ်းဆောင်ဖို့လာရင်းနဲ့ ဒီသတ္တဝါကြီးနဲ့ဆုံတွေ့တဲ့အခါမှာတော့….
Sniper battleတွေအပြင် ဒဏ္ဍာရီလာသတ္တဝါတွေနဲ့ဖိုက်တာပါ မြင်တွေ့ရမယ့်
Thriller movieလေးဖြစ်ပါတယ်….။...
Coffee Wars (2023)
⭐IMDB: 4.8/10 (3 k Votes)
🎬 #Comedy
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 44 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကို
အကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက်
သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီး
ဖြစ်စေတယ်ဆိုတာ သိပါသလား။
ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကို
အသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်း
နွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့
အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကို
ဖျက်ဆီးနေတာပါပဲ။
ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက်
တိုက်ခိုက်နေတဲ့သူပါ။ “ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်”
ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကို
အခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။
သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက်
ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။
Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့
ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့
ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။
ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီး
ဆုငွေရမှဖြစ်မှာပါ။
ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင်
ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကို
ဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။
ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက်
လောက်တော့ လျော့သောက်အောင် လုပ်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...
Landscape with Invisible Hand (2023)
⭐IMDB: 6.1/10 (880 Votes)
🎬 #Comedy #Drama #SciFi #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်း
ပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲ
မတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့
ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံ
အတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေက
ဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်
ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာ
ဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေက
ချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်း
မွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့
ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာ
နေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာ
အိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့
အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့
တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ
သူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်
အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေ
လာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့
စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Rama Banam (2023)
⭐IMDB: 5.6/10 (275 Votes)
🎬 #Action #Bollywood #Drama #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 20 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ramabanam 2023IMDb 5.9/10Action/Drama
အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင်မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။
အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီးယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။
အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုကအရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။)...
Bloodsucking Bastards (2015)
⭐IMDB: 5.7/10 (7 k Votes)
🎬 #Action #Comedy #Horror
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့
အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်း
ဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။
သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အရောင်းမန်နေဂျာ
ဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေ
အမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့
အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲ
ကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကို
တက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာ
ပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာ
ကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။
မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီး
တစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့
အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူ
ဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့……...
Dad Rocks (2021)
⭐IMDB: 6.3/10 (111 Votes)
🎬 #Comedy #Drama
🗓 2021 🎞 movie
🌎 #Brazil
⏰ 1 နာရီ 49 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dad Rocks(2022)
***************
ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ မတူသလို နှစ်ယောက်တည်းအိမ်ထောင်သည်ဘဝနဲ့ ကလေးရှိလာတဲ့
အိမ်ထောင်သည်ဘဝကလည်း မတူပါဘူး ကလေးတစ်ယောက်ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး
ပိုပြီးကုန်ကျစရိတ်များသလို တာဝန်ကလည်း ပိုလာတာပါ ဒါပေမယ့်သူတို့လေးတွေ
တဖြည်းဖြည်း လူလားမြောက် ကြီးပြင်းလာတာကို မြင်ရတဲ့ ကြည်နူးမှု ကလည်း ဘာနဲ့မှမလဲနိုင်ပါဘူ
း မိဘတွေက သူတို့ကလေးတွေကို အကောင်းဆုံးဆိုတာပဲ ပေးချင်ကြတာ သဘာဝပါ
အဖေတစ်ယောက်ဖြစ်ဖို့ကလွယ်ပါတယ် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သာ ခက်တာပါ
ဖခင်တစ်ယောက်ရဲ့အခန်းကဏ္ဍက ငွေရှာပေးယုံနဲ့မပြီးပါဘူး မိခင်တွေအရေးပါသလိုပဲ
ဖခင်တွေဟာလည်း သားသမီးတွေအတွက်အရေးကြီးပါတယ် ကလေးထိန်းအိမ်မှုကိစ္စအလုပ်တွေဟာ မိန်းမတွေတာဝန်ချည်းပဲမဟုတ်သလို ယောက်ျားတွေအနေနဲ့ အိမ်ထောင်တာဝန်ကို ကူညီဖို့လိုအပ်ပါတယ်
ဒီဇာတ်ကားလေးမှာဆိုရင် တွမ်နဲ့အယ်လီဆာတို့ရဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးက ကလေးတစ်ယောက်ပထမဆုံးရတဲ့အချိန်မှာဘယ်လိုအခက်အခဲတွေ ဘယ်လိုရယ်စရာလေးတွေ တွေ့ရတတ်သလဲဆိုတာကို
ရိုက်ကူးတင်ဆက်ပြထားတာပါ ကလေးရပြီးနောက်ပိုင်း ယခင်လိုလွတ်လွတ်လပ်လပ် နေလို့မရနိုင်တာတော့ ငြင်းလို့မရတဲ့အချက်ပါပျော်ရွှင်စရာမိသားစုဘဝဆိုတာ ဘာမျိုးလဲဆိုတာ လှလှပပလေးရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ...
Blade Runner (1982)
⭐TMDB: 79.0% User Score
🎬 #Action #Drama #SciFi #Thriller #ScienceFiction
🗓 1982 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica #HongKong #UnitedKingdom
⏰ 1 နာရီ 58 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။
အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။
လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။
မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။
သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။
ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။
ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။
ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။...
Blade Runner 2049 (2017)
⭐IMDB: 8.0/10 (623 k Votes)
🎬 #Drama #Mystery #SciFi #ScienceFiction #Action #Thriller
🗓 2017 🎞 movie
🌎 #UnitedStates #UnitedKingdom #Canada #Spain #Hungary #Mexico #UnitedStatesofAmerica
⏰ 2 နာရီ 43 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောလောလတ်လတ်ထွက်ရှိလာတဲ့Blade Runner 2049(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးကတော့ အရင် Blade Runner 2017(1982)ကားကို အခြေတည်ပြီး ထွက်ရှိလာတဲ့ ကားသစ်လေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားတွေနဲ့ ချွပ်စွပ်တူတဲ့ Replicantဆိုတဲ့ လူသားပုံတူတွေဟာ 2049မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။
အဲ့ဒီမှာ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ Replicant ဗားရှင်းအဟာင်းတွေကို လိုက်သုတ်သင်ရင်း ထူးဆန်းမှုတစ်ခုကိုသိထားမိလာပါတော့တယ်။
မီးဖွားထားတဲ့ လက္ခဏာနဲ့ Replicantအရိုးစုစက်ရုံကထုတ်လုပ်တဲ့ Replicantတွေက မျိုးပွားနိုင်သလား
မွေးလာတဲ့ကလေးကရော ဘယ်မှာလဲ
Officer Kကရောဘာလဲ
အရင်ကBlade Runner အရာရှိ ဒတ်ကတ်ကရောဘယ်မှာလဲ
– စတဲ့ သိုလော့သို့လော မေးခွန်းတွေနဲ့ဇာတ်လမ်းကို အဆုံးထိဖမ်းစားနိုင်တဲ့ကားပါ။
Rating မြင့်မြင့်နဲ့ သမာရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်လာတဲ့Mysteryကားကောင်းလေးကို ကြည့်ရှုလိုတဲ့ CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။...
