ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
90 Minutes (2012) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Adult #Thriller #Drama 🗓 2012 🎞 movie 📺 #720p 💿 763.6 MB 🌎 #Norway ⏰ 1 နာရီ 34 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 90 minutes မိနစ် ၉၀ (18+) လူတစ်ယောက်ဘဝပျက်ဖို့အတွက် မိနစ်၉၀က လုံလောက်ပါ့မလား??? ဒီကားလေးထဲမှာတော့လူတစ်ယောက်ဘဝပျက်ဖို့အတွက်မိနစ်၉၀ကလုံလောက်ပါ့မလားဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် ဒါရိုက်တာဟန်ဆုန်ဟီးက ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကအောင်မြင်တဲ့ရုပ်ရှိရေလျှံဘဲကြီးတစ်ယောက်ပါ သူ့မှာလည်းမိန်းမရှိပေမယ့်ငွေရှိတဲ့ယောက်ျားတို့ထုံးစံအတိုင်းအပျော်အပါးနဲ့ မိန်းမလည်းအရမ်းလိုက်စားပါတယ်သူနဲ့ ကင်းတဲ့သူလည်းမရှိသလောက်ပါပဲ တစ်နေ့မှာတော့သူ့ကိုချဥ်းကပ်တဲ့မော်ဒန်မလေးတစ်ယောက်နဲ့ဇာတ်လမ်းဖြစ်မိရာကသူ့ဘဝအတွက်ဘယ်လိုအလှည့်အပြောင်း‌တွေဖြစ်လာစေမလဲ သူ့ကြောင့်ထိခိုက်နစ်နာရတဲ့သူတွေကရောဘယ်လောက်တောင်များရှိမလဲ သူကရောသူ့ရဲ့အပြစ်တွေကိုမိနစ်၉၀အတွင်းပြန်လည်ပေးဆပ်ရမလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုရမှာဖြစ်ပါတယ် (18+အခန်းများပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်လျော်ပါဘူး) ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးတာကတော့ REX ပဲဖြစ်ပါတယ်...

Love in Between (2010) ⭐IMDB: 5.9/10 (286 Votes) 🎬 #Adult #Asian #Drama #Romance 🗓 2010 🎞 movie 📺 #1080p #720p 💿 836.6 MB ⦿ 1.5 GB 🌎 #SouthKorea ⏰ 1 နာရီ 45 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Boss,My Hero ဇာတ်ကားထဲက မင်းသားကြီး Jung Joon-ho… Penthouse ထဲက ဂန်မာရီတဖြစ်လဲ မင်းသမီးကြီး Shin Eun Kyung… Want A Taste ထဲက မင်းသမီးကြီး Shim Yi-young… စတဲ့ တကယ့်ဝါရင့် မင်းသား မင်းသမီးကြီးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း…။ ချစ်သူဘဝမှာ ၃ ပွင့်ဆိုင်ကြတာက အချစ်ကိုရှာဖွေတုန်းဆိုပြီး လက်ခံလို့ရပေမယ့် အချစ်ကိုသတ်မှတ်ပြီးသား အိမ်ထောင်းရေးတစ်ခုမှာ ၃ ပွင့်ဆိုင်ကြတဲ့အခါမှာတော့….။ IMDb Rating (6/10) ရရှိထားသလို ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ထားတဲ့ဇာတ်ကားလေးပါ။...

[21+] Poor Teacher – Yua Mikami[SSNI-802] Decensored ⭐⁉️ 🎬 ##Adult #Asian 🗓 ⁉️ 🎞 Movie 📺 #1080p #720p 💿 953.8 MB ⦿ 1.7 GB 🌎 #⁉️ ⏰ 1 နာရီ 56 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Yua Mikamiဆိုတာ JAV လောကရဲ့ နတ်သမီးတစ်ပါးပါပဲ.. JAV လောကထဲ မဝင်ခင်ကလဲ အဆိုတော်လုပ်ခဲ့သေးတာမို့  လူတိုင်းက ချစ်ခင်နှစ်သက်ရသူပါ။ မင်းသမီးလိုမျက်နှာမျိုး…ချိုသာတဲ့အပြုံး..မထိတထိနှုတ်ခမ်းအလှ…အသားအရည်ရဲ့တောက်ပမှု… လုံးကျစ်တဲ့ကိုယ်ခန္ဓာတင်းတင်းလေးက မြင်သူတကာကို ဗလောင်ဆူစေသူအဖြစ် အောင်မြင်နေသူပါ။ ဒီဇာတ်ကားမှာတော့ သူ့ကိုမြင်နေကျ Hair စတိုင်ကနေ ခွဲထွက်ပြီး ဆံတိုလေးနဲ့မြင်ရမှာပါ.. ပိုပြီး Sweet ဖြစ်တယ်ပေါ့… မိုးရွာချလိုက်ရင် လမ်းတွေကစလို့ ကမ္ဘာကြီးရနံ့အထိ သန့်ရှင်းလတ်ဆတ် လင်းရှင်းသွားတတ်တယ်… တစ်ညမှာတော့ မိုးနဲ့အတူ ဖုံးကွယ်ထားတဲ့အရာတွေ ကွာကျလာတဲ့အခါ..။ ဒီဇာတ်ကားကို Decensored Version နဲ့တင်ဆက်ထားတာမို့ …မသိရင် လူကြီးလူကောင်းတွေလိုပဲ… ဝါးပေမယ့် မဝါးထားသလိုဖြစ်နေတာကိုပြောတာပါ။ (Dark Side Production မှ တင်ဆက်သည်။)...

The Warrior (2001) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Action #Drama #War #Adventure 🗓 2001 🎞 movie 📺 #720p #1080p 💿 1.7 GB ⦿ 3.9 GB 🌎 #SouthKorea #China #UnitedKingdom #France #Germany #India #UnitedStates ⏰ 2 နာရီ 39 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာ မင်သံတမန်အဖွဲ့သေသွားချိန်မှစပြီး နှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။ မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကို သူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။ အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေ ပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေ လက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်… မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလား မွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကို သေချာလေးရိုက်ပြထားတာမလို့ လုံးဝကို အချိန်ကုန်မှန်းမသိလိုက်ပဲ ကြည့်ရတန်စေမယ့်ကားလေးပါနော်...

The Goat and Her Three Kids (2022) ⭐IMDB: 7.4/10 (3 k Votes) 🎬 #Drama #Horror #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 712.9 MB ⦿ 1.6 GB 🌎 #Romania ⏰ 1 နာရီ 23 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Goat and Her Three Kids (2022) ~ IMDb rating – 7.4/10 ~ ၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ”The Goat and Her Three Kids” ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။ လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်… အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...

The Channel (2023) ⭐IMDB: 5.3/10 (489 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 809.8 MB ⦿ 1.8 GB 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Channel (2023) ~ Rotten Tomatoes – 67% ~ Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့‌‌ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ‌ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို အဖွဲ့လိုက် ဓားပြတိုက်ရာကနေ ဇာတ်လမ်းစပါတယ်။ ဓားပြတိုက်တာက ထင်သလိုဖြစ်မလာဘဲ ရဲတွေရောက်လာတဲ့အတွက် ပိုက်ဆံတွေနဲ့အတူ သေလုမျောပါးထွက်ပြေးရပါတယ်။ နှစ်ဖက် အကျအဆုံးရှိပြီး အမှုက ကြီးတဲ့အတွက် New Orleans ရဲတပ်ဖွဲ့နဲ့ FBI နှစ်ဖွဲ့ပေါင်းပြီး တရားခံတွေကို ဖမ်းဖို့ စီစဉ်ပါတော့တယ်။ FBI ရဲ့ အထူးအေးဂျင့် ရော့စ်က သတင်းပေးသူဆီကနေ ညီအကို ၂ယောက်အကြောင်းသိရပြီး ဆက်လက်စုံစမ်းရင်း စစ်သားဟောင်းတွေဆိုတာပါ အကြောင်းစုံသိသွားပါတယ်။ တစ်ဖက်မှာလည်း ညီအကို ၂ယောက်နဲ့ အေဗာတို့ ထွက်ပြေးကြရင်း ဒေါသမထိန်းနိုင်တဲ့ အကို မစ်ကြောင့် ဂန်းစတားတွေပါ ပါလာပြီး ပိုရှုပ်လာတဲ့အခါသူတို့ ၃ယောက်လုံး FBI လက်က လွတ်မြောက်နိုင်မလား… ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို Nonstop Action ခန်းတွေနဲ့ မျက်တောင်မခတ်တမ်း အားပေးရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

The Little Mermaid (2023) ⭐IMDB: 7.2/10 (96 k Votes) 🎬 #Adventure #Family #Fantasy #Romance #Musical 🗓 2023 🎞 movie 📺 #720p 💿 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Little Mermaid (2023) ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...

Safety Not Guaranteed (2012) ⭐IMDB: 6.9/10 (128 k Votes) 🎬 #Comedy #Drama #Romance #ScienceFiction #Adventure #Fantasy 🗓 2012 🎞 movie 📺 #720p #1080p 💿 679.8 MB ⦿ 1.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.9/10 , RT – 91% > Calls , From Up on Poppy Hill, Monsters Inc. 2, The Legend of Korra, Legion, Dirty Grandpa အစရှိတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ Aubrey Plaza နဲ့  Creep 1,2,3ထဲက ဘဲကြီး Mark Duplassတို့ ၂ယောက်က ယခုဇာတ်လမ်းကို ဦးဆောင်ထားပြီး Spider-Man: Into the Spider-Verse, Spider-Man: Across the Spider-Verse, Let’s be Cops, Tag, Jurassic World အစရှိတဲ့ ရုပ်ရှင်ကောင်းတွေမှာ ပါဝင်ထားဖူးတဲ့ Jake Johnsonကနေပြီးတော့ ဝန်းရံကာ ဒီဇာတ်လမ်းကို ပုံဖော်ထားကြပါတယ်။ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း reviewကို မေးခွန်းလေးတွေနဲ့ စတင်ချင်ပါတယ်။ အချိန်ခရီးသွားခြင်းကို ဘယ်လိုထင်ပါသလဲ၊ အချိန်ခရီးသွားခြင်းက တကယ်ပဲဖြစ်နိုင်ရဲ့လား။ အကယ်၍ သင်က အချိန်ခရီးသွားဖို့အဖော်ရှာနေတဲ့ကြော်ငြာကို တွေ့ရင် သင့်အနေနဲ့စိတ်ဝင်စားမလား ဒါမှမဟုတ် Scamလို့ပဲသတ်မှတ်ပြီး ကျော်သွားမလား။ …. ဇတ်လမ်းအကြောင်းပြောရရင် ဒဲလ်ရီးယက်စ်ဆိုတဲ့ မိန်းကလေးငယ်လေးက ဆီယက်တဲလ် မဂ္ဂဇင်းတိုက်မှာ အလုပ်သင်ဆင်းနေသူဖြစ်ပါတယ်။ တစ်နေ့မှာ မဂ္ဂဇင်းအတွက် ဆောင်းပါးရေးဖို့အတွက် အစည်းဝေးလုပ်နေတုန်း အချိန်ခရီးသွားဖို့အတွက် လူခေါ်နေတဲ့ကြော်ငြာအကြောင်း ပြောမိရာကနေ ဆောင်းပါးရေးဖို့ဖြစ်လာပါလေရော။ ဒီလိုနဲ့ ဒဲလ်ရီးယက်စ်က စီနီယာ စာရေးဆရာ ဂျက်ဖ်နဲ့ နောက်ထပ် အလုပ်သင် အာနိုးနဲ့အတူတူ ထိုကြော်ငြာခေါ်ထားတဲ့နေရာဆီကို သွားပြီး စုံစမ်းကြတော့ ကက်နက် ကယ်လိုဝေးလို့ခေါ်တဲ့ လူကို ရှာတွေ့ပါလေရော။ ထိုလူက ဘယ်လိုလူလဲ၊ ဘယ်လိုမျိုးကြောင့် အချိန်ခရီးသွားဖို့ အဖော်ရှာနေရတာလဲ၊ အချိန်ခရီးသွားတာက တကယ်ရောဖြစ်နိုင်ရဲ့လား၊ သူက အတည်ပေါက်ပြောနေတာ ရွှီးနေတာလားဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီလိုရုပ်ရှင်မျိုးက ပျင်းစရာကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ မတူညီဘဲ ကွဲပြားလွန်းနေပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ရယ်ကို အချစ်မေတ္တာနဲ့ နှောင်ဖွဲ့ထားပြီးတော့ ဇာတ်လမ်းကို ရင်ထဲရောက်အောင် ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့ ပြောရင်း reviewကို နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။...

After (2012) ⭐IMDB: 5.4/10 (6 k Votes) 🎬 #Mystery #Thriller #Drama #Family #Fantasy #Horror 🗓 2012 🎞 movie 📺 #720p #1080p 💿 455.0 MB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 5.4/10 ဘတ်စ်ကားစီးရင်း စကားစမြည်ပြောနေကြတဲ့ ခရီးသည်နှစ်ယောက်ဟာ ရုတ်တရတ်ကြီး သူတို့အသီးသီးရဲ့အိမ်ကို ပြန်ရောက်သွားကြပါတယ်။ ခရီးသည်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အန်နာဟာ ပုံမှန်နေ့တွေလိုပဲ အလုပ်ကိုသွားတက်တဲ့အခါ အလုပ်မှာ လူတစ်ယောက်မှမရှိတော့တာကို တွေ့လိုက်ရပါတယ်။ အလုပ်မှာမှ မဟုတ်ဘူး တစ်မြို့လုံးကလူတွေအကုန်ပျောက်ဆုံးနေတာပါ။ လူတွေအားလုံးဘယ်ကို ထွက်သွားကြတာလဲ… အကြောင်းရင်းကရော ဘာဖြစ်မလဲဆိုတာကို Thriller/Mystery အမျိုးအစားလေးဖြစ်တဲ့ ဒီ After အမည်ရှိဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင်။...

The Angels' Share (2012) ⭐IMDB: 7.0/10 (26 k Votes) 🎬 #Comedy #Drama #Crime 🗓 2012 🎞 movie 📺 #720p #1080p 💿 988.3 MB ⦿ 1.9 GB 🌎 #UnitedKingdom #France #Belgium #Italy ⏰ 1 နာရီ 41 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...

Resident Evil: Death Island (2023) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Action #Animation #Horror #Adventure #Fantasy #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 918.7 MB ⦿ 1.5 GB 🌎 #Japan ⏰ 1 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Resident Evil: Death Island (2023) Genre – Animation, Action, AdventureIMDB – 6.2/10 Playstation ရဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ Resident Evil ရဲ့ Animation ရုပ်ရှင် ၅ ကားမြောက် အသစ်ထွက်လာခဲ့ပါပြီ(Degeneration, Damnation, Vendetta ရယ် Infinite Darkness ကတော့ စီးရီး ဖြစ်သွားတာပေါ့)။ ဒီ Animation ရုပ်ရှင် အတွဲလိုက်က Paul WS Anderson ရိုက်ပြီး Milla Jovovich သရုပ်ဆောင်တဲ့လူကားနဲ့ Universe အတူတူ မဟုတ်ပါဘူး၊ဂိမ်းထဲက Universe နဲ့တော့ အတူတူ အခြေခံထားတာ ဖြစ်ပါတယ်။နောက်ပြီး ဒီကားထဲမှာ နာမည်ကြီး RE ဇာတ်ကောင်တွေဖြစ်တဲ့ လီယွန်၊ ကလဲလ်၊ ခရစ်စ်၊ ဂျေးလ်နဲ့ ရေဘက်ကာတို့ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး လီယွန်တစ်ယောက် သိပ္ပံပညာရှင် ဒေါက်တာအန်တီနီယိုတေလာ ပြန်ပေးဆွဲခံရမှုတွထူးခြားတဲ့အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုလိုက်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း ကလဲလ်တစ်ယောက် ထူးခြားတဲ့သောင်တင်ဝေလငါးကို စုံစမ်းရာကနေ ထူးဆန်းတဲ့ကိုက်ရာကြီးတစ်ခုကို တွေ့ရှိထားပါတယ်။နောက်ပြီး ခရစ်စ်တို့ ဂျေးလ်တို့ကလည်း ဆန်ဖရစ္စကိုမြို့မှာ ထူးခြားတဲ့ ကူးစက်မှုတွေကို ခြေရာခံရင်း အရင်ဗိုင်းရပ်စ်နဲ့ မတူဘဲ ကွဲပြားထူးခြားနေတာကို သိရပါတယ်။ဒီအရာတွေအားလုံးက ရေဘက်ကာရဲ့ ဓာတ်ခွဲခန်း စမ်းသပ်မှုကြောင့် အဖြေတစ်ခု သိလိုက်ရပြီး ဆက်စပ်မှုရှိနေကြတာပဲ ဖြစ်ပါတယ်။အဲဒါကတော့ ဆန်ဖရစ္စကိုနားက အယ်ကာထရက်ဇ်ဆိုတဲ့ ကျွန်းကြီး ဖြစ်နေပြီး ဒီကျွန်းပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲ သိရဖို့ဇာတ်လိုက်ကျော်တသိုက် သွားရောက်စုံစမ်းတဲ့အခါမှာတော့….. ခြောက်ခြားမှုအသစ်တစ်ခုက သူတို့ကို စောင့်ကြိုနေပါတော့တယ်။ ဒီကားကိုတော့ အရှေ့က Infinite Darkness ရိုက်ခဲ့တဲ့ ဒါရိုက်တာ Eiichiro Hasumi ပဲ ပြန်လည်ရိုက်ကူးပေးတာဖြစ်ပါတယ်။ဒီကားမှာလည်း လူစုံတက်စုံနဲ့ ဗိုင်းရပ်စ်အသစ်ကို ရင်ဆိုင်ကြမှာ Animation အလန်းတွေနဲ့ ကြည့်ရှု ခံစားလိုက်ကြပါဦး။ အညွှန်းကိုတော့Thura Aungက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Thura Aung, Kasashi, Elizabethတို့ပဲ ဖြစ်ကြပါတယ်။...

Wicked City (1987) ⭐IMDB: 6.7/10 (9 k Votes) 🎬 #Action #Adult #Animation #Fantasy #Horror #Romance #SciFi #Thriller 🗓 1987 🎞 movie 📺 #720p #1080p 💿 656.3 MB ⦿ 1.3 GB 🌎 #Japan ⏰ 1 နာရီ 22 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (အသက်မပြည့်သေးသူများ လုံး၀ မကြည့်သင့်ပါ) IMDb 6.7/10 1987ထွက်တာဆိုတော့ မင်မင်တို့တောင်မမွေးသေးဘူးဗျ ဒါပေမယ့် old but gold ထဲမှာပါတဲ့ကားတွန်းပါ သိသလောက်တော့ Novel ခြောက်အုပ်ထွက်တဲ့ထဲက ပထမဆုံးအုပ်ကို anime movieထုတ်တာလို့ပြောတာပဲ တခုတော့ရှိတယ် မုဒိန်းကျင့်တဲ့အခန်းတို့ ဘုတဲ့အခန်းတို့မဟားဒယားများပါတယ် ပြီးတော့ Hentaiမဖြစ်ရုံတမယ် တကယ်ကိုကွက်ကွက်ကွင်းကွင်းပြတာတွေပါလို့ မိသားစုနဲ့ယောင်လို့တောင်မကြည့်မိပါစေနဲ့ နားရင်းအုပ်ခံရပါလိမ့်မယ် ငယ်ရွယ်သူများ တကယ်ကိုကြည့်ဖို့မသင့်ပါ ဇာတ်လမ်းအကျဥ်း ကမ္ဘာနှင့် မိစ္ဆာကမ္ဘာကြား စစ်ပွဲကို တားဆီးရန် ငြိမ်းချမ်းရေးသ​ဘောတူညီမှုယူထားတာဟာ နှစ်​ပေါင်းရာနှင့်ချီ၍ အသက်ဝင်ခဲ့ပြီး သ​ဘောတူညီမှုကို သက်တမ်းတိုးရန် သတ်မှတ်ထားသော်လည်း မကောင်းသော အင်အားစုများက ​ အနှောက်အယှက်​တွေ ​ပေးလာခဲ့ပါတယ်။ မိစ္ဆာအကိုက်ခံရသော လူသား Taki Renzaburo (Greg Snegoff) နှင့် Sexy demon Makie (Alexandra Kenworthy) တို့ဟာ ငြိမ်းချမ်း​ရေးကိုပျက်ပြား​စေတဲ့အ​ဖျက်အ​မှောင့်​တွေနဲ့ပတ်သတ်လာချိန်မှာ​တော့….....

Sync (2023) ⭐IMDB: 7.4/10 (42 Votes) 🎬 #Bollywood #Drama #Horror #Uncategorized 🗓 2023 🎞 movie 📺 #720p #1080p 💿 389.4 MB ⦿ 875.4 MB 🌎 #India ⏰ 1 နာရီ 17 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sync (2023)IMDb – 7.3/10 အခုတစ်ခါမှာတော့ Rating ကောင်းပြီး ဇာတ်လမ်းတင်ဆက်ပုံထူးထူးခြားခြားနဲ့ကြည့်ရမဲ့ Horror/ thriller ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအလုပ်မှာ အဆင်မပြေတာတွေအမြဲကြုံနေကြတော့သူငယ်ချင်းလေးယောက် စိတ်လွတ်ကိုယ်လွတ်ပျော်ဖို့နေ့ချင်းပြန်ခရီးတစ်ခု စီစဉ်ခဲ့ကြပါတယ်။သို့ပေမဲ့ လမ်းခရီးမှာ ကားချို့ယွင်းချက်ကြောင့် လူတစ်ယောက်ကိုမတော်တဆတိုက်မိပြီး ထွက်ပြေးခဲ့ကြတဲ့အချိန်မှာတော့ … အပြစ်ရှိတဲ့သူတွေဟာ အပ်ကျရင်တောင်ကြောက်တတ်ကြတာမလို့သူတို့လေးယောက်ကို ဘယ်လိုအရာတွေကခြောက်လှန့်နေမှာလဲအရင်နဲ့မတူ တမူထူးတဲ့ ခြောက်နည်းခြောက်ဟန်တွေကြားသူတို့ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုတွေချောက်တွန်းကြမလဲဆိုတာထင်မှတ်မထားတဲ့ Plot twist နဲ့ စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ V တို့ပဲဖြစ်ပါတယ်)...

The Venture Bros.: Radiant Is the Blood of the Baboon Heart (2023) ⭐IMDB: 8.4/10 (373 Votes) 🎬 #Adventure #Animation #Action #Comedy #ScienceFiction 🗓 2023 🎞 movie 📺 #720p #1080p 💿 545.7 MB ⦿ 1.4 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Venture Bros.: Radiant is the Blood of the Baboon Heart (2023)===============================================IMDb Rating – 8.4/10 IMDB 8.4 လောက်အထိရထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Animationဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒေါက်တာဗန်ချာရဲ့သားနှစ်ယောက်အနက် သားကြီးဖြစ်သူ ဟန့်ခ်ဗန်ချာပျောက်သွားပြီး တစ်နိုင်ငံလုံးက လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့အေဂျင်စီတွေ စွမ်းအားရှင်အဖွဲ့တွေ လိုက်ရှာကြတဲ့ပုံစံကနေ စထားပါတယ်။ တကယ်တော့ ဟန့်ခ်ဆိုတာ လိုတရဘဝကို ရခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူပျောက်ဆုံးသွားတာကလည်း သူကိုယ်တိုင်ပဲ သူ့ရဲ့ တည်ရှိမှုကို ပြန်ရှာဖွေဖို့အတွက်စွန့်စားခန်း ခရီးတစ်ခု ထွက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပျောက်ဆုံးနေတဲ့ အမေနဲ့ထင်ယောင်ထင်မှားဖြစ်နေတဲ့ ပုံရိပ်တွေကြားထဲကနေ ဟ့န်ခ်တစ်ယောက် ဖခင်ဖြစ်သူ ဗန်ချာရဲ့လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်ရှိ စွမ်းအားရှင်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမိတဲံအခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့CM Team မှဖြစ်ပါတယ်)...

Jurnal Risa (2023- ) ⭐IMDB: 7.9/10 (34 Votes) 🎬 #Drama #SciFi&Fantasy #SciFi #Fantasy #Horror 🗓 2023- 🎞 tv mini series 📺 #1080p 🌎 #Indonesia ⏰ 45 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jurnal Risa (2023)Jurnal Risa (TV Series)(2023) ————————————- IMDb-7.8/10Jurnal Risa- ရီဆာရဲ့ဂျာနယ်ပေါ့။ရီဆာဆိုတာ ဒီဇာတ်လမ်းရဲ့စာရေးဆရာမနာမည်။ Danur 1,2,3ဆိုပြီး trilogyအနေနဲ့အောင်မြင်ခဲ့တဲ့ Horrorကားတွေကို ရေးခဲ့တဲ့ စာရေးဆရာမ။ ဒါက အင်ဒိုနီးရှားစီးရီး။အင်ဒိုသရဲကားတွေ ကြောက်စရာကောင်းရင် ဘယ်သရဲကားနဲ့မှမတူအောင်ကိုခြောက်တာ။ မြင်ဖူးကြမှာပါ ဒီကားကတော့ jump scareဘာညာတွေမဟုတ်ပဲ တစိမ့်စိမ့်ကြောက်အောင်ခြောက်တာ ဘာညာ။ ဒီကားကကျမဟုတ်ဘူး နည်းမျိုးစုံနဲ့အသားကုန်ခြောက်တာ။ဝင်ပူးလားပူးရဲ့ အကောင်အထည်ဖော်ခြောက်လား ခြောက်ရဲ့။ အသံနဲ့ခြောက်လား ခြောက်ရဲ့။အဓိကဇာတ်ဆောင်က ကလေးတွေ။ကျောင်းပိတ်တဲ့အားလပ်ရက်ရှည်မှာ အဖိုးဖြစ်သူဆီမှာ ဝမ်းကွဲအကိုတွေမောင်တွေနဲ့ အတူနေခဲ့တဲ့ ရီဆာ။သက်ရှိတွေရဲ့တစ်ဖက်ခြမ်းက သရဲတစ္ဆေတွေကိုမြင်နိုင်တယ်ဆိုတဲ့ ရီဆာ။မောင်တစ်ယောက်က အိမ်ပျက်ကြီးကနေ သူတို့အခေါ် ကူဂျန်ဆိုတဲ့ ဓားမြှောင်လေးယူလာခဲ့မိရော။သူတို့ ညီမလေးဖျားတာ အဲဒီဓားမြှောင်ကြောင့်ဆိုတာသိတော့ သူ့နေရာသူ ပြန်ထားပေမယ့် ဖျားတဲ့ကလေးမက နေပြန်ကောင်းမလာ။အဲဒီဓားမြှောင်ကိုဖျက်ဆီးပစ်မယ်ဆိုပြန်တော့ ဘယ်လိုနည်းနဲ့မှဖျက်ဆီးလို့မရတဲ့အပြင် သူ့ရဲ့မူလဇစ်မြစ်နေရာထားရမယ်ဆိုတာသိရတော့ မောင်နှမလေးယောက် အယူဓလေ့တွေအများကြီးနဲ့တောထဲကို ဝင်သွားမိရာကစ၊ ဘယ်လိုအမှောင့်ပယောဂတွေ ကပ်တွယ်လာမလဲ၊ အဲဒီကပ်တွယ်လာတဲ့ အမှောင့်ပယောဂတွေကိုရော ရင်ဆိုင်နိုင်ကြမှာလားဆိုတာ…။(***တစ်စီးရီးလုံးနီးပါး ခြောက်လှန့်နေတာမို့ အသည်းငယ်တတ်သူတွေ မကြည့်သင့်ပါ***) (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherry~Yunni~BpL~Zweတို့ပဲဖြစ်ပါတယ်)File Size –1GB /  500MBQuality – 1080p HS WEB DL / 720pDuration – minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre :  Drama & Horror & Mystery...

Miracle Workers (2019- ) ⭐IMDB: 7.1/10 (16 k Votes) 🎬 #Comedy #Drama #Fantasy #Romance 🗓 2019- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 20 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Miracle Workers – Season (01)Miracle Workers – Season (01) ====================== IMDb Rating – 7.1/10 Comedy, Drama, FantasyIMDB 7.1 ထိရထားပြီး ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင် ပါဝင်ထားတဲ့ Comedy, Fantasy ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။ Season 4 ခုထိထွက်ရှိမှာဖြစ်ပြီး CM မှ ဆက်တိုက်တင်ဆက်သွားပါမယ်။ ကမ္ဘာပေါ်က လူသားတွေဟာ ဘုရားသခင်ကို အယုံမကြည်ရှိသူတွေ များသထက် ပိုများလာပါတယ်။ လူ့အကြိုက် နတ်မလိုက်နိုင် ဆိုသလို လူတွေရဲ့ လိုအင်ဆန္ဒတွေ ကလည်း ဘုရားသခင်တောင် လက်မြှောက်အရှုံးပေးပြီး ထိုင်ကြည့်နေရပါတယ်။ ဘုရားသခင်ဖြစ်သူက သူဖန်တီးထားတဲ့ လူသားကမ္ဘာကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ အခါမှာ အလုံးစုံဖျက်စီးလိုက်ဖို့ ကြေငြာလိုက်ပါတယ်။ ဒါကို ဆုတောင်းဖြည့်နတ်သူ ငယ်ရာထူးတာဝန်ယူထားတဲ့ အီဇီကရယ် ( Daniel Radcliffe ) နဲ့ အသစ်ဝန်လာတဲ့ နတ်သူငယ်ဝန်ထမ်းလေး အလက်ဇန်းဒါးက လူသားမျိုးနွယ်ကို ကူညီကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုတောင်းဖြည့်တာဝန်ယူထားရတယ်ဆိုပေမယ့် သူတို့ဆီကို ဆုတောင်းလာတဲ့ စာတွေက တစ်နေ့ကို သန်းနဲ့ချီရှိပေမယ့် ဖြည့်ပေးနိုင်တဲ့ဆုက ကား သော့ပျောက်လို့ ပြန်ရှာတွေ့ပါစေ ဒီနေ့မိုးမရွာပါစေနဲ့ စတဲ့ လွယ်ကူတဲ့ ဆုတောင်းလေး တွေကိုပဲ ဖြည့်ပေးလာခဲ့တာ နှစ်ပေါင်း ထောင်ချီရှိခဲ့ပါပြီ။ တစ်နေ့တော့ ဘုရားသခင် ဆီကို ကမ္ဘာကိုမဖျက်စီးဖို့သွားပြောပေမယ့် ဘုရားသခင်ကလောင်းကစားတစ်ခုနဲ့ကမ်း လှမ်းလိုက်ပါတယ်။ဒါကတော့ မဖြစ်နိုင်တဲ့ဆုတောင်းတစ်ခုကိုဖြည့်ပေးနိုင်ရင် ကမ္ဘာကြီးကိုချမ်းသာပေး မယ်ဆိုပြီးဖြစ်ပါတယ်။ အီဇီကီရယ်က မဖြစ်နိုင်တဲ့ဆုတောင်းတွေထဲကမှ သူ့အတွက် အဖြစ်နိုင်ဆုံးဖြစ်တဲ့ လူသားနှစ်ယောက်ကို ချစ်ကြိုးသွယ်ပေးဖို့ ဆုတောင်းကိုဖြည့်ပေး ဖို့အတွက် နတ်သူငယ်မလေး အလန်ဇန်းဒါးနဲ့ လူ့ပြည်ကိုဆင်းလာခဲ့ပြီးစွန့်စားခန်းထွက် ရပါတော့တယ်။(ဒီစီးရီးရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)...

Vinaya Vidheya Rama (2019) ⭐IMDB: 3.3/10 (4 k Votes) 🎬 #Action #Bollywood #Drama 🗓 2019 🎞 movie 📺 #720p 💿 1.0 GB 🌎 #India ⏰ 2 နာရီ 25 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။ စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။ တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။ ——————– သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ ရမ်ချာရန်းပါပဲ။ သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။ အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။ အဲ့သလောက်ကို ချစ်ပါတယ်။ သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။ မိန်းမလား… ဟင့်အင်း စိတ်မဝင်စား ပညာရေးလား … ဟင့်အင်း စိတ်မဝင်စား ဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။ သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။ တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ… ပြဿနာတက်ခဲ့ရမှာတော့….. ကဲ ကိုယ်တိုင် ခံစားရမယ့် အချိန် ရောက်ရှိခဲ့ပါပြီဗျာ။ —————————– ဇာတ်ကားထွက်ခဲ့စဉ်မှာတော့ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံခဲ့ရပေမဲ့ဒီမင်းသားကားကို မဖြစ်မနေကြည့်ချင်သူတွေ အများကြီးပဲဆိုတာ ယုံကြည်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)...

Cut, Color, Murder (2022) ⭐IMDB: 6.2/10 (874 Votes) 🎬 #Crime #Mystery #TVMovie 🗓 2022 🎞 tv movie 📺 #720p #1080p 💿 678.7 MB ⦿ 1.7 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကြောင့် ပွဲအတွက် စီစဉ်နေတုန်းမှာ ပွဲကိုဦးဆောင်စီစဉ်ပေးနေတဲ့သူက အသတ်ခံလိုက်ရပါတယ်။ သူ့ညီမကလည်း အဲဒီပြိုင်ပွဲမှာပါနေတာကြောင့် အာလီဟာလည်း မဖြစ်မနေ လူသတ်တရားခံကို လိုက်ရှာရပါတော့တယ်။ အာလီတစ်ယောက် ဘယ်လိုသဲလွန်စနောက်လိုက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ… ဘယ်သူကရော တကယ့်လူသတ်သမားဖြစ်နေမလဲ… ဒါ့အပြင် သူ့ယောက်ျားကို သတ်ခဲ့တဲ့သူကလည်း သူ မထင်မှတ်ထားတဲ့သူများဖြစ်နေမလား… ဆိုတာကို စုံထောက်ကားကြိုက်တဲ့သူတွေအနေနဲ့ စိတ်ဝင်တစားအားပေးကြည့်ရှုနိုင်မယ့်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDb မှာ ၆.၂ ပဲ ရထားပေမယ့် ၇ ဝန်းကျင်လောက်အထိ ရသင့်တဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တကယ်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Dream Palace (2022) ⭐IMDB: 8.2/10 (11 Votes) 🎬 #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 667.0 MB ⦿ 1.8 GB 🌎 #SouthKorea ⏰ 1 နာရီ 52 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dream Palace(2023) ****************** ယောက်ျားဖြစ်သူကို လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဆုံးရှုးခဲ့ရပြီး နစ်နာကြေးရခဲ့တဲ့ပိုက်ဆံနဲ့ Dream Palaceလိုခေါ်တဲ့ တိုက်ခန်းအသစ်ဆီ ပြောင်းလာတဲ့ဟယ်ဂျောင်…အိမ်အသစ်မှာ အဆင်မပြေတာတွေရှိလို ကုမ္ပဏီကို တိုင်ကြားချင်ပေမယ့် အခြားနေထိုင်သူတွေက ဒီသတင်း ပေါက်ကြားပြီး တိုက်ခန်းစျေး ကျသွားမှာကိုပဲ စိတ်ပူနေကြပါတယ်….တစ်ချိန်တည်းမှာပဲ မိတ်ဆွေဟောင်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူမနေတဲ့ တိုက်ခန်းမှာပဲ ဈေးသက်သာစွာနဲ့ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ်တိုက်ခန်းစျေးကျသွားမှာကို စိုးရိမ်နေကြတဲ့ အခြားနေထိုင်သူတွေနဲ့ဟယ်ဂျောင်ကြားမှာ ဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး…....

Dragon (2011) ⭐IMDB: 7.0/10 (15 k Votes) 🎬 #Drama #Horror #SciFi #ScienceFiction #Thriller #Action #Crime 🗓 2011 🎞 movie 📺 #720p 💿 1.0 GB 🌎 #UnitedStates #Germany #Canada #France #UnitedStatesofAmerica #HongKong #China ⏰ 1 နာရီ 54 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီး Donnie Yen ပါဝင်ထားတဲ့ သိုင်းလောကသားတွေအကြိုက်ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb Rating (7.1/10) ရရှိထားတာကြောင့် လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ (မြန်မာစာတန်းထိုးကိုတော့ ညီလေး Kyaw Swar Win မှ ကိုယ်တိုင် ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။)...