ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Naked (2017) ⭐IMDB: 5.4/10 (21 k Votes) 🎬 #Comedy #Fantasy #Romance 🗓 2017 🎞 movie 📺 #720p #1080p 💿 805.4 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Naked (2017)============ Marlon Wayans နဲ့ Regina Hall တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ comedy ရုပ်ရှင်ပါ။ ဇာတ်ကတော့ ဟာကဇာတ်ပေမဲ့ ထူးထူးခြားခြား တော်စားတယ်ပြောရမှာပဲ။ Marlon Wayansကလည်း ဒီလိုဇာတ်ကြောင်တွေနဲ့ လိုက်တယ်ဆိုတော့ ဂျင်းစိမ်းနဲ့မိဿလင်လို လိုက်ဖက်နေရောပေါ့။ ဇာတ်က ရော့အန်ဒါဆန်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူက သူသိပ်ချစ်တဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ အရာရာအသင့်ဖြစ်နေပြီ။ နက်ဖြန် လက်ထပ်မယ်ဆိုတော့ ဒီည သူငယ်ချင်းနဲ့ ပျော်တယ်ပါးတယ်ပေါ့။ ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ သူနိုးလာတော့ ဓာတ်လှေကားတစ်ခုထဲ ကိုယ်တုံးလုံးကြီးဖြစ်နိုးလာတယ်။ လက်ထပ်ပွဲနဲ့လည်း တော်တော်လှမ်းတယ်။ ဒီလိုနဲ့သူဓာတ်လှေကားထဲက တုံးလုံးကြီးဘဝကနေ လက်ထပ်ပွဲဆီရောက်ဖို့ကြိုးစားပေမဲ့ နောက်တစ်နာရီတိုင်းမှာ သူ ဒုံရင်းဓာတ်လှေကားထဲပဲ ကိုယ်လုံးတီးနဲ့ ပြန်ပြန်နိုးလာပါတယ်။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ထပ်ခါထပ်ခါဇာတ်ဝင်ခန်းတွေကို ပျင်းဖို့မကောင်းဘဲ စိတ်ဝင်စားစရာကောင်းအောင်ပြသွားပါတယ်။ father of time loopsရုပ်ရှင်ဖြစ်တဲ့ groundhogdayရဲ့ အငွေ့အသက်ကို နည်းနည်းယူထားတာမို့ time loopsကားကြိုက်တဲ့လူတွေရော groundhog dayဖန်တွေ ရော ကြိုက်ကြလောက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကိုရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)...

Little Lies (2022) ⭐IMDB: 4.7/10 (181 Votes) 🎬 #Comedy #Romance #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 834.9 MB ⦿ 1.8 GB 🌎 #UnitedStates #Argentina #Chile ⏰ 1 နာရီ 32 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Little Lies(2022) **************မုသားမပါ လင်္ကာမချောဆိုသလို ကြည်နူးသာယာတဲ့အချစ်ရေးတစ်ခုမှာလည်း အလိမ်အညာအသေးဖွဲ့လေးတွေက မပါမဖြစ်ပါရတယ်ဆိုတာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ…။ဇာတ်လမ်းလေးထဲမှာ စုံတွဲနှစ်တွဲပါပါတယ်…။ပထမတစ်တွဲက ဘာဘရာနဲ့ ဂျူလီယန်ပါ…။ဘာဘရာက အမြဲလိုလို bad boyတွေနဲ့ ကြုံနေရလို့ ခဏခဏ ပလေးခံရနေသူပါ…။ဂျူလီယန်ကတော့ အမျိုးသမီးတွေကြားမှာဆို စန်းမပွင့်တဲ့ လူရိုးလေးဖြစ်ပြီး လက်တွဲဖော်ရှာဖွေနေသူလေးပါ…။သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်သူ လင်မယားအတွဲ အီဗာနဲ့ မာတီအာတို့ရဲ့ မြားနတ်မောင်လုပ်ပေးမှုကြောင့် ချစ်သူရည်းစားဘဝကိုရောက်သွားပါတယ်…။သို့ပေမယ့် ဂျူလီယန်ဟာ စကားနဲ့ အလုပ်နဲ့မညီ၊ အမူအရာတွေ အပျက်အပျက်အယွင်းယွင်းဖြစ်နေတာမို့ လိမ်ထားညာထားတာများရှိနေမလားပေါ့….။ဒါကို မသင်္ကာတဲ့ အီဗာနဲ့ မာတီအာတို့စုံတွဲက စုံစမ်းထောက်လှမ်းရင်း…ဘယ်သူက ဘယ်သူ့ကိုလိမ်ပြီး၊ ဘာတွေရှုပ်ကြလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် Spanish Comedy Drama movieလေးပဲဖြစ်ပါတယ်….။...

Burning Blue (2013) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Drama #War #Romance #Biography 🗓 2013 🎞 movie 📺 #720p #1080p 💿 743.9 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ တင်းကြပ်စွာ တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြားထဲက ပေါက်ဖွားလာတဲ့ နူးညံ့တဲ့ အချစ်တစ်ခု အကြောင်းပဲ ဖြစ်ပါတယ် တူညီတဲ့ရည်မှန်းချက်ကိုယ်စီနဲ့ ရေတပ်လေယာဉ်မှူးတွေအဖြစ် ဝေဟင်ကနေ အာကာသအထိ အတူတူသွားဖို့ ဆန္ဒရှိကြတဲ့ ဒန် နဲ့ ဝေလ် တို့ သူငယ်ချင်း ၂ ဦး. ၂ ယောက် တတွဲတွဲရှိနေခဲ့ကြပေမယ့် သူတို့ကြားထဲကို မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကြောင့် မတ်တစ်ယောက် ဝင်ရောက်လာချိန်မှာတော့ ဒန် နဲ့ မတ်တို့ကြားက ရင်းနှီးမှုတွေတစ်ဆင့်တက်ခဲ့ကြပါတယ် သူတို့ရေတပ်အတွင်း မတော်တဆဖြစ်ရပ် ၂ ခု အပြီးမှာတော့ ရေတပ်မှုခင်းစစ်ဆေးရေး ကိုယ်စား ဂျွန်ကိုခလီက အသွင်ယူဝင်ရောက် စုံစမ်းဖို့ ဖြစ်လာပါတော့တယ် ကိုခလီရဲ့ စစ်ဆေးရေးကတစ်ဆင့် ဒန် နဲ့ မတ်တို့ရဲ့ ဆက်ဆံရေးကောလဟာလတွေဆီကို ဦးတည်လာစေခဲ့ပါတယ် မတ်အနေနဲ့လည်း သူ့မိန်းမကို ထားခဲ့ပြီး ဒန်နဲ့အတူ ပေါင်းနေဖို့ ဆုံးဖြတ်ပြီးချိန် တတိယ မတော်တဆဖြစ်ရပ် ဖြစ်လာချိန်မှာတော့ ဒန့်အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြင်းထန်လာခဲ့ပါတော့တယ်. ဒီအချိန်မှာ ဒန့်အနေနဲ့ တာဝန်နဲ့ဝတ္တရား. ဘဝရည်မှန်းချက်တွေကိုပဲ ရွေးချယ်မလား. ရူးမိုက်ခဲ့တဲ့ နယူးယောက်က ညတစ်ညမှာ ပေါက်ဖွားလာတဲ့ အချစ်ကို ဆက်လက်ဖယ်တွယ်ထားမလားဆိုတာ ဆုံးဖြတ်ဖို့ ဖြစ်လာပါတော့တယ် အပြစ်ကင်းတဲ့ချစ်ခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်...

Trapped in the Cabin (2023) ⭐IMDB: 4.1/10 (203 Votes) 🎬 #Horror #Thriller 🗓 2023 🎞 tv movie 📺 #720p #1080p 💿 739.1 MB ⦿ 1.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရုပ်ရှင်ကားနာမည်အတိုင်း ရေဘတ်ကာကိုးလင်းဆိုတဲ့ စာရေးဆရာမဟာ စိတ်အပန်းဖြေအနားယူဖို့ရာ သူ့အက်ဒီတာကြီး ငှါးပေးထားတဲ့ မြို့ပြင်ကလူရှင်းတိတ်ဆိတ်တဲ့ အပန်းဖြေအိမ်လေးမှာခေတ္တနေဖို့ဖြစ်လာပါတယ်၊ အခန်းရောက်တဲ့ချိန်မှာတော့ ပုံမှန်လိုပဲထင်နေရာက ရေဘတ်ကာကို CCTV စောင့်ကြည့်ကင်မရာရှုထောင့်တွေကနေပြနေတာကိုသတိထားမိမှာပါ၊ အဲလိုနဲ့ ရေဘတ်ကာလည်းအပြင်ထွက်လမ်းလျှောက်ရင်း နေသန်ဆိုတဲ့ယောကျာ်းတစ်ယောက်ကိုတွေ့တော့ နှစ်ယောက်သားဘာလိုလိုနဲ့ အတူတူညကျော်ပြီးမနက်ရောက်သွားကြပါတယ်။ ရေဘတ်ကာမနက်နိုးလာတော့ နေသန်မရှိတော့ပဲသူ့အခန်းမှာရှုပ်ပွပြီးဗရမ်းဗတာတွေဖြစ်နေတာတွေ့၊ သူ့လက်ပ်တော့ထဲလည်းဝင်မွှေသွားတာတွေတွေ့လိုက်ရတော့ ဒါနေသန့်လက်ချက်ပဲသေချာတယ်လို့ပြောလ်ို့ရပါတယ် ၊ ဒါပေမဲ့ဘာလို့နေသန်ကဒါတွေလုပ်သွားရတာလဲ၊ ဘာလိုချင်လို့ဒါတွေလုပ်ရတာလဲ ဆိုတာအဆုံးထိကြည့်မှဇာတ်ရည်လည်သွားမယ့်ကားမျိူးမို့ကြည့်ကြည့်ပါဦးလို့။...

Take Off 2 (2016) ⭐IMDB: 6.7/10 (221 Votes) 🎬 #Drama #Sport 🗓 2016 🎞 movie 📺 #720p #1080p 💿 981.6 MB ⦿ 2.1 GB 🌎 #SouthKorea ⏰ 2 နာရီ 6 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Take Off 2 (2016) ****************2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။...

Snoopy Presents: One-of-a-Kind Marcie (2023) ⭐IMDB: 7.4/10 (115 Votes) 🎬 #Animation #Comedy #Family 🗓 2023 🎞 movie 📺 #720p #1080p 💿 337.2 MB ⦿ 661.0 MB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 40 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Snoopy Presents: One-of-a-Kind Marcie က August လ 18 ရက်နေ့ကမှထွက်ရှိထားတဲ့ 39 မိနစ်စာ short movie လေးဖြစ်ပြီး messenger မှာ လူတိုင်းချစ်တဲ့ခွေးကလေး Snoopy ရဲ့ comedy series ဖြစ်တဲ့ The Snoopy Show ရဲ့ Spin-off story ဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီ movie ရဲ့ အဓိကဇာတ်လိုက်က မာစီလို့ခေါ်တဲ့ introvert ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဉာဏ်ကောင်းပြီး ပြဿနာဖြေရှင်းနိုင်မှုအားကောင်းတဲ့ မာစီဟာ လူတွေကိုကူညီချင်ပေမဲ့ လူကြောက်တတ်တဲ့သူ့ရဲ့ပင်ကိုစရိုက်ကြောင့် တခြားသူတွေကိုကူညီဖို့ သူ့ခရီးလမ်းဟာ ခရီးမတွင်ဘဲ‌ဖြစ်နေရပါတယ်။ ဒါကိုကိုင်တွယ်နိုင်ဖို့ မာစီတစ်ယောက်ဘယ်လိုကြိုးစားမလဲ၊ ဒီဇာတ်လမ်းရဲ့ main theme ဖြစ်တဲ့ ဂေါက်ရိုက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူငယ်ချင်းပက်ထရစ်ရှာချန်ပီယံဖြစ်ဖို့ မာစီဘယ်လိုတွေကူညီသွားမလဲဆိုတာ တွေ့မြင်ရမှာပါ။ IMDB rating အနေနဲ့ 7.4 အထိရရှိထားပြီး The Snoopy Show မကြည့်ရသေးလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် runtime လည်းမကြာတာမို့ အပျင်းပြေကြည့်ဖို့ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

My Blood & Bones in a Flowing Galaxy (2020) ⭐IMDB: 6.7/10 (600 Votes) 🎬 #Drama #Fantasy #Romance 🗓 2020 🎞 movie 📺 #720p #1080p 💿 647.5 MB ⦿ 1.3 GB 🌎 #Japan #Germany ⏰ 2 နာရီ 7 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Blood & Bones in a Flowing Galaxy (2020) ~ IMDb – 6.7/10, MyDramaList – 7.9/10 ~ ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။ တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ဟာရိက အကြောင်းရင်းတစ်ခုကြောင့် လူတွေနဲ့ထိတွေ့ဆက်ဆံလိုစိတ်မရှိဘဲ ရန်လိုတဲ့ပုံစံဖြစ်နေခဲ့တာပါ။ ဟာရိကို ကြိုးစားပြောင်းလဲပေးဖို့လုပ်ရင်းနဲ့ သူတို့တွေရင်းနှီးလာခဲ့ပါတယ်။ ဒါ‌ပေမဲ့ ဟာရိ လျှို့ဝှက်ထားတဲ့ အကြောင်းရင်းက ရှုပ်ထွေးနေရုံမကဘဲ နှစ်ရှည်လများဖြစ်တည်လာတဲ့ အကြောက်တရားနဲ့ နှိပ်စက်ချုပ်ချယ်မှုတွေ ရက်စက်မှုတွေကြောင့်ဖြစ်နေတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...

The Sum of All Fears (2002) ⭐TMDB: 63.0% User Score 🎬 #Action #Drama #Thriller 🗓 2002 🎞 Movie 📺 #720p #1080p 💿 1019.8 MB ⦿ 2.4 GB 🌎 #UnitedStates #Germany #Canada #UnitedStatesofAmerica ⏰ 2 နာရီ 04 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Sum of All Fears (2002) ~ IMDb – 6.4/10, Rotten Tomatoes – 59% ~ ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။ ~ ဇာတ်လမ်းအကျဉ်း ~ အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ပြန်တုံ့ပြန်ဖို့ ပြင်ဆင်ပါ​တော့တယ်။ တစ်ဖက်က ရုရှား​တွေကလည်း အ​မေရိကန်​တွေ ထိုးစစ်ဆင်လာမှာသိတဲ့အတွက် ပြန်တိုက်ဖို့ပြင်ဆင်ရင်း နျူကလီးယားလက်နက်​တွေ ၂ဖက်လုံးထုတ်သုံးမယ့် အ​ခြေအ​နေထိဖြစ်လာခဲ့ပါတယ်။ ဒီ​နေရာမှာ ​ဘော်တီမိုးတိုက်ခိုက်မှုဟာ ရုရှား​​ရဲ့လုပ်ရပ်မဟုတ်ဘူးလို့ ယူဆသူက ​ဒေါက်တာဂျက်ရိုင်ယန်ပါ။ ဂျက်အ​နေနဲ့ ဒီအကြမ်းဖက်​ ဖောက်ခွဲမှုရဲ့ တရားခံအစစ်ကိုရှာရင်း ၂နိုင်ငံ စစ်ကြီးဖြစ်မယ့်အ​ရေး၊ ​နောက်ထပ်ကမ္ဘာစစ်ဖြစ်မယ့်အ​ရေးကို တားဆီးရဖို့ ဖြစ်လာပါ​တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုXမှ ပြန်ဆို ရေးသားထားပါတယ်)...

Medusa Deluxe (2022) ⭐IMDB: 6.2/10 (908 Votes) 🎬 #Comedy #Mystery #Thriller #Drama 🗓 2022 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 2.5 GB 🌎 #UnitedKingdom ⏰ 1 နာရီ 40 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMD b 6.2 ရရှိထားတဲ့ ဟာသအရောလေးတွေနဲ့ဒရမ်မာဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့….. ဆံပင်အလှပြုပြင်တဲ့ပြိုင်ပွဲတစ်ခုမှာပြိုင်ပွဲဝင်တစ်ယောက်အသတ်ခံလိုက်ရပြီး ရိုးရိုးလူသတ်မှုမျိုးမဟုတ်ဘဲဦးရေပြားကိုပါဆွဲခွာသွားတာမို့လူတွေအားလုံးကလည်းအထိတ်တလန့်ဖြစ်ကုန်ပါတော့တယ် ဆံသဆရာတွေရဲ့ထုံးစံအတိုင်းအတင်းအဖျင်းဆိုထိပ်ဆုံးကပါတတ်ကြတာမို့ဒီလိုရှုပ်ထွေးတဲ့အခြေအနေမှာဆိုပြောနေဖို့တောင်လိုမယ်မထင်ပါဘူး ဒီလိုနဲ့အတင်းအဖျင်းတွေပြောပြီးတစ်ယောက်နဲ့တစ်ယောက်အချွန်နဲ့မကြရင်းတကယ်တမ်းလူသတ်တရားခံကဘယ်သူလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေပါတော့တယ် တကယ်တော့ဆံသဆရာတွေရဲ့လောကဟာလည်းထင်ထားသလောက်မရိုးရှင်းပါဘူး ဒီလိုထူးဆန်းတဲ့လူသတ်မှုမျိုးကိုဘယ်သူကကျူးလွန်ခဲ့တာလဲ ကောလဟလတွေကြားကနေတကယ့်လူသတ်သမားအစစ်ကိုရောရှာတွေ့နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပါ...

What Do We See When We Look at the Sky? (2021) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Drama #Fantasy #Romance 🗓 2021 🎞 movie 📺 #720p 💿 1.3 GB 🌎 #Georgia #Germany ⏰ 2 နာရီ 31 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခါ CM Fan တွေကို မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးတစ်ကားကတော့ ဂျာမန် Drama/Romance ဇာတ်ကားလေးပဲဖြစ်ပါတယ် ထူးခြားဆန်းပြားပြီး ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲမှာ နားလည်ဖို့ခက်ခဲတဲ့ အချစ်ဆိုတဲ့အရာနဲ့ ပေါင်းဖက်မိလိုက်တဲ့အချိန် အံ့ဩစရာဖြစ်ရပ်တွေဖြစ်လာတော့တာပေါ့ လီဆာ ဆိုတဲ့ ဆေးဆိုင်ကဝန်ထမ်းလေးနဲ့ ဂျီအိုဂီ ဆိုတဲ့ ဘောလုံးသမားလေးတို့နှစ်ယောက် အမှတ်မထင်တွေ့ဆုံမှုကနေ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြားမှာ ဘယ်လိုတွေရုန်းကန်ပြီးမှ အချစ်စစ်တစ်ခုနဲ့ပြန်လည်ပေါင်းစည်းခဲ့တဲ့ အကြောင်းလေးပေါ့ ထူးခြားတာက တခြား Romance ကားတွေလိုမျိုးမဟုတ်ဘဲနဲ့နောက်ခံစကားပြောလေးတွေနဲ့ပတ်ဝန်းကျင်မှာလူသားတွေသွားလာရုန်းကန်နေကြတဲ့ Scene လေးတွေနဲ့ ရိုက်ကူးထားတော့အသွင်အမြင်သစ်လေးတစ်ခုအနေနဲ့  ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...

CSI: Vegas (2021- ) ⭐IMDB: 7.5/10 (8 k Votes) 🎬 #Crime #Drama #Mystery 🗓 2021- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 CSI: Vegas (2021) Anthony E. Zuiker ရဲ့ CSI ကို အခြေခံရိုက်ကူးထားတဲ့ စီးရီးကောင်းတစ်ခုပါ။ CSI နဲ့တွေ့လို့ကတော့ ခင်ဗျားတို့ လူသတ်ရင် ချွေးတွေတံတွေးတွေတောင်ကျန်ခဲ့လို့ မရဘူးသာမှတ်ပါဆရာတွေက လက်သံပြောင်လို့ပါ။CSI ဆိုရင် နာမည်ကြီးလွန်းလို့ Spin-off တွေအဖြစ်CSI: Miami တို့ CSI: NY တို့ CSI: Cyber တို့ စီးရီးတွေအပြင်မူလ CSI အဆက် Stand alone ရုပ်ရှင်CSI: Immortality လည်းထွက်ရှိထားပါတယ်။ဒါ့အပြင် ဒီစီးရီးက အရင် CSI ရဲ့ follow-up series တစ်ပုဒ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီ Season 1 မှာဆိုရင် မူလ CSI တုန်းကဇာတ်ကောင်တွေဖြစ်တဲ့ ဂေးလ်နဲ့ ဆာရာလည်း ပြန်ပါဝင်ထားပြီးတစ်ပိုင်းကို အမှုတစ်ခုအနေနဲ့ ဇာတ်ကိုသွားနေကြ ပုံစံကနေသူတို့နှစ်ယောက်ကလည်း တခြား Plot ကို ဖြေရှင်းပုံနဲ့Season တလျှောက် ထည့်ထားပါသေးတယ်။လက်ရှိမှာ စီစန် ၂ ထိ ထွက်ရှိထားပြီး Rating ကောင်းကောင်းနဲ့စိတ်ဝင်စားဖိုကောင်းတဲ့ ဇာတ်လမ်းလို crime တွေ autopsy တွေကိုစိတ်ဝင်စားသူတွေအတွက်တော့ ရွှေပါပဲ။ဒီစီးရီးမှာလည်း အရင် CSI လိုပဲ တစ်ပိုင်းနဲ့ တစ်ပိုင်းမတူတဲ့ အမှုတွေကို CSI အဖွဲက ကြိုးစားဖြေရှင်းကြတာတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size…  1 GB / 400 MB...

Sanctified (2022) ⭐IMDB: 5.0/10 (142 Votes) 🎬 #Action #Adventure #Drama #Thriller #Western 🗓 2022 🎞 movie 📺 #720p #1080p 💿 481.9 MB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့‌အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။ တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ပစ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ ၀က်စ်တန်ဟ ခရစ်တော်ရဲ့အမှုကိုထမ်းဖို့ မြောက်ဘက်ကိုခရီးသွားနေတဲ့ စစ်စတာဟေဒီရဲ့ ကယ်တင်ခြင်းကိုခံလိုက်ရပြီးတဲ့နောက်မှာ ၀က်စ်တန်တစ်‌ယောက် ‌မစ္စတာရှောရဲ့လက်အောက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဘာသာရေးအတွေးအမြင်တွေနဲ့ ရောယှက်ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။...

Filip (2022) ⭐IMDB: 7.1/10 (866 Votes) 🎬 #Drama #History #War 🗓 2022 🎞 movie 📺 #1080p #720p 💿 704.4 MB ⦿ 1.7 GB 🌎 #Poland ⏰ 1 နာရီ 59 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စစ်ကားတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် Filip ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နာဇီတွေနဲ့ဂျူးတွေစစ်ပွဲဖြစ်နေခဲ့တဲ့ 1943 ခုနှစ်လောက်က အကြောင်းကိုရိုက်ကူးထားပြီးတော့ လီယိုပေါ့တိုင်မန်းရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိဝထ္တု FILIP ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဖီးလစ်ဆိုတဲ့စစ်ဖြစ်နေတဲ့ ပိုလန်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်က တခြားလူတွေမသိ အောင်ဂျာမန်မှာ ပြင်သစ်နိုင်ငံသားတစ်ယောက်အနေနဲ့နေထိုင်ပြီး တော့ပါ့ခ်ဆိုတဲ့ ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဂျာမန်လူမျိုးတွေကတိုင်းတစ်ပါးသား လူမျိုးတွေနဲ့မပတ်သတ်ရဘူး ကာမမဆက်ဆံရဘူးဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်။ဖီးလစ်ကဂျာမန်မှာ အလုပ် လုပ်နေရပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တွေကိုမုန်းနေပြီးတော့ အဲ့ဒီဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဂျာမန်သူလေး တစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ အတူတူထွက်ပြေးဖို့ကြိုးစားကြပါ တော့တယ်။အဲ့လိုထွက်ပြေးဖို့ကြိုးစားနေတဲ့ အချိန်မှာပဲဖီးလစ်ရဲ့ဘဝမှာကြီးမားတဲ့ အလှည့်အပြောင်းတွေကြုံတွေ့လာရမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။...

Under the Tuscan Sun (2003) ⭐TMDB: 68.0% User Score 🎬 #Comedy #Drama #Romance 🗓 2003 🎞 movie 📺 #720p #1080p 💿 1.3 GB ⦿ 3.9 GB 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။ အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီး ဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။ အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလို ကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံ ဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာ သေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာ ပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင် လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်း သူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာ ရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံက အိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်း သူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင် တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ တော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံ တွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီး ရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။...

Thalainagaram 2 (2023) ⭐IMDB: 2.3/10 (483 Votes) 🎬 #Action #Bollywood #Drama #Crime 🗓 2023 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 2.4 GB 🌎 #India ⏰ 2 နာရီ 21 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thalainagaram  (2023) ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက်လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲ ချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေတရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင်ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့ သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေ တစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့…..(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)...

Guns & Gulaabs (2023- ) ⭐IMDB: 8.0/10 (3 k Votes) 🎬 #Comedy #Drama #Crime #Romance #Thriller 🗓 2023- 🎞 tv series 📺 #1080p 🌎 #India ⏰ 1 နာရီ 22 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Guns & Gulaabs (2023)Guns & Gulaabs 2023 IMDb – 8.1/10The Family Man, Farzi တို့လို အိန္ဒိယစီးရီးမှာ မြင်တွေ့နေကျပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ အမြဲဖန်တီးတတ်တဲ့ Raj & DK တို့ရဲ့လက်ရာအသစ်ကို Netflix ကနေပူပူနွေးနွေးထွက်ရှိထားလို့ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က‌တော့ Rajkummar Rao, Dulquer Salmaan တို့အပြင် The White Tiger ဇာတ်ကားထဲက Adarsh Gourav စတဲ့ နာမည်ကြီးမင်းသားတွေ အများကြီးနဲ့ရှယ်ကြမ်းထားပြီး casts တွေနဲ့တင်ကြည့်ရတန်နေပါပြီ။ဇာတ်လမ်းကတော့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေတုန်းကအငွေ့အသက်တွေ ပြန်ရစေတဲ့အပြင် ဆန်းသစ်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေကြောင့် rating အများကြီးရထားတဲ့ black comedy, crime, thriller စီးရီးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂူလာ့ဘ်ဂျီဆိုတဲ့မြို့ငယ်လေးထဲမှာ ဂန်ချီဆိုတဲ့ဆရာကြီး လက်ဝါးကြီးအုပ်နေပြီး အိန္ဒိယရဲ့ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံရှိတဲ့နေရာလည်းဖြစ်ပါတယ်။တစ်နေ့မှာ မြို့ထဲကိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအရာရှိ အသစ်ပြောင်းလာပြီး သူတို့စက်ရုံမှာလုပ်နေကျ အညှီအဟောက်တွေကို ရှာတွေ့သွားတဲ့အခါ…. တစ်ဖက်မှာလည်း သာမန်စက်ပြင်ဆရာလေးက ဂန်ချီလက်အောက်မှာအလုပ်လုပ်နေတဲ့ အဖေဖြစ်သူ ရုတ်တရက်အသတ်ခံလိုက်ရတာကိုလိုက်လံစုံစမ်းရင်း ဖုံးကွယ်တဲ့အမှန်တရားတွေ တစ်စတစ်စပေါ်လာတဲ့ချိန်မှာတော့ ဘယ်နေရာမဆို ဂန်ချီရဲ့နား၊ မျက်စိဖြစ်နေတဲ့ မြို့သေးသေးလေးထဲမှာ သူတို့ဘယ်လို စုံစမ်းရှာဖွေမယ်ဆိုတာကို action vibe အပြည့်အဝခံစားနိုင်မှာမို့ မလွှတ်တမ်းကြည့်ရှုသင့်တဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ YH ~ Yunni ~ Aditi ~ Cherry~V တို့ပဲဖြစ်ပါတယ်။)File Size – 800MB / 400MBQuality – 1080p WEB DL / 720pDuration – 50mTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy ~ Crime~ Romance...

Kinbaku: Hana no Shô (2016) ⭐IMDB: 5.8/10 (6 Votes) 🎬 #Adult #Drama 🗓 2016 🎞 movie 📺 #720p #1080p 💿 752.3 MB ⦿ 2.3 GB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 **************************လိင်မှုကိစ္စတွေနဲ့ ပက်သက်ပြီး အနောက်တိုင်းက စာပေ၊ အနုပညာ၊ လေ့လာဆန်းစစ်မှု အစရှိတဲ့ ကိစ္စတွေမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အများသိကြတဲ့ ကာမသျှတ္တရကျမ်း ခေါ် ချစ်မှုရေးရာကျမ်း အပါအဝင် လိင်မှုကိစ္စ၊ ချစ်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတာတွေနဲ့ ပက်သက်ပြီး ပန်းချီ၊ ပန်းပု၊ ကဗျာ၊ စာပေ စတဲ့အနုပညာရပ်တွေနဲ့ ဖော်ကျူးတာ၊ တိတိကျကျ မှတ်တမ်းတင်ခဲ့တာတွေဟာ အရှေ့တိုင်းတိုင်းပြည် တွေက စတင်ခဲ့တာပါ။ ဒါ့ကြောင့်လည်းလိင်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတဲ့နည်းနာ၊ နိဿယတွေနဲ့ ပက် သက်လာရင် အနောက်နိုင်ငံတွေဟာ အရှေ့တိုင်းရဲ့ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လေ့လာနည်းယူကြရ ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်တို့ရဲ့ လိင်မှုကိစ္စ၊ ချစ်မှုရေးရာ များအနက် “ကင်မ်..ဘကု” (Kinbaku) ဆိုတဲ့ ကြိုးချည်ကြိုးတုပ်ပြီး လိင်ဆက်ဆံပုံရဲ့ သမိုင်းကြောင်း၊ နည်းစနစ်၊ ဓလေ့၊ အယူအဆတွေအကြောင်း ရိုက်ကူးထားပါတယ်။ အမျိုးသမီးဝါဒီတွေကိုယ်တိုင် ကဲ့ရဲ ရှုံ့ချရ ခက်ခဲလောက်အောင် “ကင်မ်..ဘကု” ကြိုးချည်နည်းစနစ်ရဲ့ ခိုင်မာမှု၊ စနစ်ကျနမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ဂျပန် BDSM အကြောင်းကို အသေးစိတ်ခြယ်မှုန်းထားတဲ့အတွက် ဂေါင်းကြီးတို့သိချင်နေတဲ့ကိစ္စ တွေအများကြီး သိနိုင်မှာပါ။ အလှပဂေးလေး သရုပ်ဆောင်ထားတာဖြစ်လို့ လုံးဝလက်လွှတ်မခံဖို့ တိုက် တွန်းလိုက်ရပါတယ်။...

Grown Ups 2 (2013) ⭐IMDB: 5.3/10 (163 k Votes) 🎬 #Comedy 🗓 2013 🎞 movie 📺 #1080p 💿 724.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီGrown ups 2 2013 ကားလေးကတော့ဟာသ မင်းသားကြီးAdam Sandlerရဲ့ 2010ကGrown ups ကားေလးရဲ႕အဆက္ပါ Adam Sandlerဆိုရင်တော့ ဟာသကြိုက်ပရိသတ်ကြီးတို့မသိဘဲနေမှာမဟုတ်ပါဘူး နာမည်မသိရင်တောင်မှသူ့ကားတွေကိုတော့ရင်းရင်းနှီးနှီး တွေ့ဖူးမှာပါ ကဲအညွှန်းလေးကိုဆက်သွားရအောင် ဒီကားလေးမှာတော့Adam Sandlerဖြစ်တဲ့လန်နီဟာ သူရဲ့ဇာတိမြို့လေးမှာပြန်ပြီးနေထိုင်နေပါတယ် Grown Ups 1 မှာအသက်ကြီးကြီးအဘွားကြီးနဲ့ ယူထားတဲ့ရော့ကတော့ဒီကားမှာ သူ့မိန်းမနဲ့ကွဲပြီး ကျောင်းကားမောင်းနေပါတယ် ရော့ကို ဒီ2မှာတော့ အခန်းနည်းနည်းပဲတွေ့ရမှာပါ တခြားသူငယ်ချင်းတွေ ဖြစ်တဲ့ လန်မွန်ဆော့နဲ့မက်ကင်ဇီတို့ကလည်းကလေးတွေ လည်းကြီးပြင်းလာပြီးတော့ ဟစ်ဂင်ကတော့သူ့ရဲ့သား ဆိုပြီးတော့ ရထားနဲ့ရောက်လာခဲ့ပါတယ် တစ်နေ့မှာ လန်မွန်ဆော့ကို သူတို့ငယ်ငယ်ကခုန်ချနေကျ ချောက်ကမ်းပါးမှာခုန်ချခိုင်းဖို့သွားရင်းနဲ့ Twilightထဲက ဝံပုလွေမင်းသားဂျက်ကော့ ဖြစ်တဲ့ဲ့အန်ဒီတို့အဖွဲ့နဲ့တွေ့ပြီးအရှက်တွေကွဲခဲ့ရပါတယ် ဂျက်ကော့ Taylor Launterကိုတော့ဒီထဲမှာ ပေါတော တော ကောလိပ်ကျောင်းသားအဖြစ်တွေ့ရမှာပါ အန်ဒီတို့အဖွဲ့ကိုဟစ်ဂင်ရဲ့သားဖြစ်သူကမကျေနပ် ဘဲအန်ဒီတို့နေတဲ့နေရာကိုဖျက်ဆီးခဲ့ပါတယ် အန်ဒီတို့ကလန်နီတို့လုပ်တယ်ထင်ပြီး လန်နီတို့ပါတီကို လာရောက်ဖျက်ဆီးပြီး နှစ်ဖွဲ့ချကြပုံများကို ပရိသတ်ကြီး သွားမစိဘဲကြည့်ရမှာပါ လန်နီအတွက် သတင်းဆိုးလား သတင်းကောင်းလားလို့ ပြောရမဲ့နေ့ရောက်လာပါတယ် သူ့မိန်းမမှာကိုယ်ဝန်ရှိနေ တာပဲဖြစ်ပါတယ် လန်နီကအစမှာတော့ဒီကလေးကိုမလိုချင်ပါဘူး နောက်ပိုင်းမှာတော့သူလည်းကိုယ်တိုင်ဒီကလေးကို လိုလိုချင်ချင်နဲ့ကြည်နူးစရာဇာတ်သိမ်းထားပါတယ်...

Grown Ups (2010) ⭐IMDB: 6.0/10 (264 k Votes) 🎬 #Uncategorized #Comedy 🗓 2010 🎞 movie 📺 #720p 💿 799.6 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Grown Ups ဆိုတဲ့ကား​လေးက ၂၀၁၀ ခုနှစ်​က ထွက်​ခဲ့တဲ့ အ​မေရိကန်​ comedy ရုပ်​ရှင်​ကား​လေးတစ်​ကားဖြစ်​ပါတယ်​။ ဇာတ်​လမ်​းအညွှန်​းအ​နေနဲ့က​တော့ အလယ်​တန်​းတုန်​းက အတူ​ဘတ်​စကတ်​​ဘောကစားခဲ့ကြတဲ့ သူငယ်​ချင်​း ၅ ​ယောက်​ သူတို့ရဲ့ နည်​းပြဖြစ်​သူ ဆုံးသွား​ကြောင်​းကို ကြားသိပြီး​နောက်​ ပြန်​လည်​ဆုံစည်​းဖြစ်​ခဲ့ကြပုံ​လေးပါ။ သူငယ်​ချင်​း ၅ ​ယောက်​ဆို​ပေမယ်​့ မတူကွဲပြားတဲ့ စရိုက်​ကိုယ်​စီ ရှိကြသူ​တွေဖြစ်​ပြီး လက်​ရှိမှာလည်​း ကိုယ်​ပိုင်​ မတူညီတဲ့ ဘဝအသီးသီးကို ပိုင်​ဆိုင်​ထားကြပါတယ်​။ ဒါ​ပေမယ်​့ဒီလိုစရိုက်​မတူသူ ၅ ဦးကပဲ ​ငယ်​စဉ်​က ကျောင်​းဘတ်​စကတ်​​ဘော ပြိုင်​ပွဲမှာ ချန်​ပီယံဆုကို ရရှိိခဲ့ကြသူ​တွေ ဖြစ်​ကြပါတယ်​။ ဘတ်​စကတ်​​ဘောလို အားကစားတစ်​ခုကစားရာမှာ တစ်​ဦးတစ်​​ယောက်​တည်​း ​ကောင်​း​နေရုံနဲ့ နိုင်​ဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။ တစ်​သင်​းလုံး တက်​ညီလက်​ညီ စိတ်​တူကိုယ်​တူနဲ့ အ​ပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ဒီလို စရိုက်​ချင်​းမတူညီကြတဲ့ သူငယ်​ချင်​း ၅ ​ယောက်​က​ရော ဘယ်​လို​ကြောင်​့ ပြိုင်​ပွဲမှာအနိုင်​ရရှိခဲ့ကြတာလဲ? သူတို့ ၅ ​ယောက်​ရဲ့ တူညီတဲ့ အချက်​က​ရော ဘာဖြစ်​နိုင်​မလဲ? နှစ်​​​တွေအကြာကြီး ​ကွဲကွာ​နေတဲ့ ငယ်​သူငယ်​ချင်​း​တွေ ပြန်​​တွေ့တဲ့အခါမှာ​ရော သူငယ်​ချင်​းသံ​ယောဇဉ်​က အရင်​အတိုင်​းပဲလား ​ပြောင်​းလဲသွားမှာလား ဆိုတာက​တော့ ဇာတ်​လမ်​း​လေးကိုပဲ ဆက်​လက်​ ကြည်​့ရှုလိုက်​ကြပါ​နော်​ ရုပ်ရှင်အညွှန်းကို Megumi မှ ရေးပေးထားပါတယ် (ဘာသာပြန်သူကတော့ May Myat Thu ပါ)...

Metamorphosis (2022) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Drama #Horror #SciFi #ScienceFiction #Thriller 🗓 2022 🎞 movie 📺 #720p #1080p 💿 504.6 MB ⦿ 1.1 GB 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ၂၀၂၂ ခုနှစ်​ကထွက်ရှိခဲ့တဲ့​ Horror/Drama အမျိုး​အစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အိမ်​ထောင်​ရေးပြိုကွဲလုနီးနီးဖြစ်နေတဲ့​ ဇနီး​မောင်နှံ​နှစ်ယောက်​ဟာ​ အိမ်​ထောင်​ရေးကိုရှေ့ဆက်နိုင်ဖို့ နှစ်ဦးအကြားနားလည်မှုယူဖို့အတွက် လူသူ​မနီးတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ​ အတူအပန်းဖြေဖို့ရောက်လာခဲ့ကြပါတယ်။ လူသူ​မရှိသလောက်နည်းတဲ့ ကျွန်းပေါ်မှာနေကြရင်းနဲ့ ခင်ပွန်း​ဖြစ်သူ​ရဲ့​စိတ်ကျန်းမာရေးက တစ်နေ့တခြား ဆိုးဝါးဖောက်ပြန်လာ​ပြီး​ လူသားကိုပါစားတဲ့အထိဖြစ်လာတဲ့အခြေအနေကို ဇနီး​ဖြစ်သူ​ အလစ်ဆာ​တစ်ယောက်​ရင်​ဆိုင်ရပါတော့တယ်။ ဒီကြားထဲ ကျွန်း​ပေါ်​မှာ​ မသင်္ကာစရာမုဆိုးနှစ်ယောက်လည်းရှိနေတဲ့အတွက် ဒီအခြေအနေတွေကနေ အလစ်ဆာတစ်ယောက်​ လွတ်မြောက်​နိုင်​ပါ့​မလား​ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။...