ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Mary! Mary! (1977) ⭐TMDB: 45.0% User Score 🎬 #Adult #Comedy #Fantasy 🗓️ 1977 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လိင်ကိစ္စဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးမှမလိုလားအပ်တဲ့ နောင်တရစရာတွေ ရှိမလာမှာဖြစ်ပါတယ်အိမ်ထောင်ရှင်တွေ ကြားထဲ ချစ်သူရည်းစားတွေကြားထဲပွင့်ပွင့်လင်းလင်းရှိဖို့ ပညာယူရမဲ့ဆင်ဆာ ဖြတ်မထားပဲ ပြူးပြူးပြဲပြဲ ပြထားတဲ့ ဇာတ်လမ်းလေး မေရီ မေရီနာမည်လေးလှသလို အချိုးစားကလည်းပြေပြစ်တယ်ခက်တာက သူ့အိပ်ထောင်ဖက်မှာ အားနည်းချက်ရှိနေပါတယ်အဲဒါကတော့ သူက Premature Ejaculation လို့ခေါ်တဲ့သုတ်စောလွှတ်တဲ့ ပြဿနာတက်နေတာပါ အဲဒါကို သူတို့ နှစ်ယောက်အဖြေရှာရင်းမှော်ဆန်စွာပဲ စီစဉ်သူဆိုတဲ့ စွမ်းအားရှင်တစ်ယောက်နဲ့အပေးအယူ လုပ်ပြီးလိုက်ချိန်မှာတော့အရမ်းကို ရင်ခုန်ချင်စရာ မမကြီးတွေတင်းပြည့်ကျပ်ပြည့်ကြီးတွေကြည့်ရမှာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

Phone (2002) ⭐IMDB: 6.1/10 (5 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2002 🎞️ Movie 📺 480p SD 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ha Ji-won ရဲ့ 2002 က ထွက်ရှိခဲ့တဲ့ Horror ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီကားလေးလေးဟာဆိုရင်ကွာလတီက ဒီလောက်ပဲရနိုင်လို့ ရနိုင်သမျှ အကောင်းဆုံးကွာလတီနဲ့တင်ဆက်ပေးလိုက်ရပါတယ် ဂျီဝန်းတစ်ယောက် သတင်းထောင်ဘဝကနေအနားယူချိန်ကစပြီးအမည်မသိခြိမ်းခြောက်ဖုန်းတွေ ဝင်လာခြင်းကိုကြုံရပါတော့တယ်စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကူးကိုအ​ကောင်အထည်ဖော်ဖို့သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ စာရေးရင်း အမည်မသိဖုန်းနံပါတ်ကနေမိန်းကလေးတစ်ဦးရဲ့အသံကိုကြားခဲ့ရပါတယ် တစ်နေ့ ဖုန်းလာတဲ့အချိန် ဂျီဝန်းသူငယ်ချင်းရဲ့သမီးဖြစ်သူကဖုန်းကိုကိုင်လိုက်ရာကနေ သူတို့မိသားစုမှာထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ စပြီးဖြစ်လာတော့တာပဲ ဂျီဝန်းတစ်ယောက် ဖုန်းရဲ့နောက်ကွယ်ကအကြောင်းကိုလိုက်စုံစမ်းရင်းဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေကိုရင်ဆိုင်တွေ့ရမလဲဆိုတာ ကျောချမ်းချမ်းနဲ့စောင့်ကြည့်လိုက်ကြပါဦး

The Last Kingdom (2015-2022) ⭐IMDB: 8.5/10 (144 k Votes) 🎬 #Action #Drama #History #Adventure #War #Politics 🗓️ 2015-2022 🎞️ Series 📺 1080p FHD 🌎 #UnitedKingdom ⏰ 52 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Kingdom – Season(01), (02), (03), (04), (05) – CompleteThe Last Kingdom ================ IMDb Rating – 8.5/10 Rotten Tomatoes 91%CMပရိတ်သတ်တွေ ခဏခဏတောင်းဆိုလွန်းလို့ ဒီစီးရီးကို Season(05)ထိ အကုန်တင်ဆက်ပေးသွားပါမည်။ Review ———- ကျုပ်ဟာ အင်္ဂလန်ရဲ့ အော်လ်ဒေါ်မန်တစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ ဘီဘန်ဘာ့၊ နော်သမ်ဘရီယန်မြေရဲ့ ဆက်ခံသူ အစစ်ပေါ့။ အသက် ၁၂ နှစ်မှာ ပထမဆုံး တိုက်ပွဲ၀င်ခဲ့တယ်။ အဖေ အသတ်ခံရတာကို ကျုပ်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်။နောက်တော့ ဘရီဒါဆိုတဲ့ ဆက်ဆွန်သူလေးနဲ့အတူ ကျူးကျော်သူတွေ ခိုးယူ‌ ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပေါ့။ ပထမ.. အစေခံ။ နောက်တော့ အာလ် ၀က်ဂ်နာရဲ့ သားဖြစ်လာတယ်။ ကံကြမ္မာကြောင့် ကျုပ်ဟာ ဒိန်းမတ်လူမျိုး ဖြစ်သွားတယ်။ ၀က်ဂ်နာအငယ်လေးက ကျုပ်ရဲ့ ညီဖြစ်လာပြီး ဘရီဒါက ကျုပ်ချစ်သူ ဖြစ်လာတယ်။ နောက်တော့ ကံကြမ္မာရဲ့ သစ္စာဖောက်ခဲ့ခြင်းကိုခံရတယ်ဆိုမလား ၀က်ဂ်နာ့ကို သတ်တာ ကျုပ်ဆိုတဲ့ အလိမ်ဆင်တွေ ပြန့်ကုန်တယ်။ဒီတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ယူပြီး တောင်ပိုင်း ၀က်ဆက်က ဘီအိုကာနဲ့ ဘုရင့်ညီ အဲလ်ဖရက်ဆီ သွားခဲ့တာပေါ့။ ကျူပ်ကို ဒိန်းမတ်တွေက ဆက်ဆွန်လို့မြင်ပြီး ဆက်ဆွန် တွေက ဒိန်းမတ်လို့ မြင်ကြတယ်။ ကျုပ်စကားဆိုရင် မယုံကြဘူး။ ဒါပေမဲ့ ကျုပ်ဟာ အူထရက်ရဲ့ သားတော်တစ်ပါးပါ။ ပြီးတော့ ကံကြမ္မာဆိုတာ အရာရာပဲ။(ဒီစီးရီးရဲ့ အညွှန်းကို Yoon Sandi Aungမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများ ကတော့ Yoon Sandi Aung, JimX, Thiha Yan Naing, Khant Sett Naing, Pyi T.Nyeinတို့ ဖြစ်ပါတယ်။)File Size………….(550 MB) / (1.4 Gb)

High School Musical: The Musical: The Series (2019- ) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Comedy #Drama #Musical #Family 🗓️ 2019- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 47 မိနစ် 48 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 High School Musical: The Musical: The SeriesHigh School Musical: The Musical: The Series Season 1 (2019)Disney ဟာ ပရိသတ်တွေကို မရိုးတဲ့တင်ဆက်မှုတွေ အမြဲချပြလျက်ရှိနေတာ အားလုံးအသိပါပဲ။ ဒီလို ဆန်းပြားတဲ့တင်ဆက်မှုတွေထဲမှာ ကျွန်တော်တို့ ငယ်ငယ်က သိပိကြိုက်ခဲ့တဲ့ High School Musical movie ကို အခြေခံပြီး ပြန်လည်ဆန်းသစ်ထားတဲ့ High School Musical: The Musical: The Series လည်း ပါ၀င်တယ်ဆို မမှားပါဘူး။ဒီ HSMTMTS ကြောင့် Zac Efron, Vanessa Hudgens စတဲ့ တစ်ချိန်က Disney စတားတွေနဲ့အတူ ရင်ထဲစွဲခဲ့တဲ့ High School Musical သီချင်းများစွာကို အသစ်တဖန် ပြန်လည်ခံစားနားဆင်ခွင့် ရခဲ့တာဆိုရင်လည်း မမှားပါဘူး။ဒါ့အပြင် Cast တွေကလည်း Olivia Rodrigo, Joshua Bassett, Matt Cornett စတဲ့ တက်သစ်စ Disney စတား အချောအလှတွေနဲ့ ပြန်လည် ရိုက်ကူးထားတာဖြစ်လို့ ယခင် HSM ဇာတ်လမ်းအဟောင်းထက် မသာရင်အောင် သူ့ထက်တော့ မညံ့တဲ့ စီးရီးတစ်ခုပါ။ဒီစီးရီးမှာတော့ နီနီ၊ ရစ်ကီ၊ အီးဂျေ၊ ဂျီနာတို့နဲ့အတူ သူငယ်ချင်းအပေါင်းအပါများစွာက ကျောင်းကို အသစ်ရောက်လာတဲ့ ပြဇာတ်ဆရာမရဲ့ စီစဉ်မှုနဲ့ ယခင် HSM ကို ပြဇာတ်ပြန်လည်ကပြကြမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ရှေးမူမပျက် အချစ်ရေးရာလေးတွေလည်း ရောနှောထားတာဖြစ်လို့ ဂီတချစ်သူများအတွက် ကြည့်ရတာ အဖိုးတန်စေမယ့် စီးရီးလေးဖြစ်ပါတယ်။အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Yoon Sandi Aung, Leonard Lin, Kuz, Rashida, Moh Moh, Roman NoX တို့ပဲ ဖြစ်ပါတယ်။Genre….. Comedy, Drama, Family

Love, Death & Robots (2019- ) ⭐IMDB: 8.4/10 (173 k Votes) 🎬 #Animation #SciFi #Fantasy #Short #Action #Adventure #Comedy #Drama #Horror #Mystery #Thriller 🗓️ 2019- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 17 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love, Death & Robots. 2019-2022 Season 1+2+3 Complete Love, Death and Robots (2019) (2021)သင်ဟာ Animation Crazyတစ်ယောက်လား။Spiderman; Into the Spiderverse ကို အရူးအမူးကြိုက်ခဲ့သူလား။ဒါဆိုရင်တော့ အခု နာမည်ကြီးနေတဲ့ Netflix က လွှင့်တဲ့Love, Death and Robots ဆိုတဲ့ Seriesလေးကို မဖြစ်မနေကြည့်သင့်ပါတယ်။Imdb Rating 9\10 ရထားတဲ့ Seriesပါ။တစ်ပိုင်းနဲ့တစ်ပိုင်းက ဇာတ်လမ်းတစ်မျိုးစီဖြစ်သလို ကြာချိန်တွေလည်း မတူညီကြပါဘူး။ခံစားစေရတဲ့ ရသတွေလည်း မတူညီကြပါဘူး။ဘယ်လိုဇာတ်လမ်းမျိုးတွေပါမလဲဆိုတာကတော့ နာမည်ထဲကအတိုင်းချစ်ခြင်းမေတ္တာတွေ သေဆုံးမှုတွေနဲ့ စက်ရုပ်တွေကိုအခြေခံထားတဲ့ ဇာတ်လမ်းမျိုးတွေပါ။တချို့အပိုင်းတွေဆိုရင် Gameဆော့နေရသလိုမျိုး ခံစားချက်ကိုပါ ပေးစေပါတယ်။အရမ်းညွှန်းနေရင် ပေါ့သွားမှာဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။Animationဆိုပေမဲ့ အသုံးအနှုန်းအကြမ်းတွေသွေးထွက်သံယိုအခန်းတွေ တစ်ပြုံကြီးပါတဲ့အတွက်ကလေးသူငယ်တွေကို မပြသင့်ပါဘူး။Animationကြိုက်တဲ့ပရိသတ်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ Seriesပါ။မသေခင်ကြည့်သွားသင့်သော Animation List သာရှိရင်ဒီ seriesက အဲဒီlistထဲပါမှာ ကျိန်းသေပါတယ်။

Squid Game (2021- ) ⭐IMDB: 8.0/10 (457 k Votes) 🎬 #Action #Drama #Mystery #Adventure #Thriller 🗓️ 2021- 🎞️ Series 📺 720p HD 🌎 #SouthKorea ⏰ 55 မိနစ် 49 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Squid Game (2021)Squid Game (2021)Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့် Survival Game ပဲ ဖြစ်ပါတယ်။ ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။ သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့ သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့ လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့ နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။ သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့ ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။ သွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ မကြည့်သင့်ပါဘူး။အပိုင်း ၉ ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ တစ်နေ့တည်းအပြီး ထုတ်လွှင့်ပေးသွားမှာပါ။ဘာသာပြန်တွေကတော့ Pyi Ti Nyein, Amelia, Shwe Pyae, Thet Hnin Hsu တို့ပဲ ဖြစ်ပါတယ်။Encoder – AugustDrama: Squid GameCountry: South KoreaEpisodes: 8Aired: Sep 17, 2021Aired On: FridayDuration: 50 min.Content Rating: 18+ Restricted (violence & profanityVIP Links – Click Here!Episode 01 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 02 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 03 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 04 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 05 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 06 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 07 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 08 – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Episode 09 (End)  – Yoteshin | Megaup | Userdrive | Veryfiles | Streamsb Zip Files – VIP | Yoteshin | Megaup | Userdrive | Veryfiles Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Secrets of Summer (2022- ) ⭐IMDB: 6.0/10 (199 Votes) 🎬 #Drama #Family 🗓️ 2022- 🎞️ Series 📺 1080p FHD 🌎 #Argentina ⏰ 24 မိနစ် 19 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secrets of Summer (2022)Secrets of Summer (2022)==================== IMDb Rating – 6.9/10“Secrets of Summer ” နွေရာသီလျှို့ဝှက်ချက်များဆိုတဲ့ အမည်လေးအတိုင်း နွေရာသီအချိန်အခါကိုနောက်ခံထားရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။နွေရာသီ ဆိုတာက မိုးလေကင်းစင်ပြီးပူပြင်းခြောက်သွေ့တာက ဓမ္မတာပါပဲ။ ဒီလိုရာသီမျိုး ဆိုတာက ရေနဲ့ပတ်သက်တဲ့အားကစားသမားတွေအတွက်အကြိုက်ဆုံးရာသီတစ်ခု ပေါ့။ ဒီဇာတ်ကားလေးထဲမှာဆိုရင်လည်း Cielo Grandeလေးမှာ (၁၂)နှစ်ကြာမကျင်းပဖြစ်တဲ့ Summer Crush ဆိုတဲ့ ရေလှိုင်းစီးပြိုင်ပွဲလေးတစ်ခုကို နွေရာသီမှာကျင်းပဖို့ဟန်ပြင် နေကြတာပေါ။ ဒီပြိုင်ပွဲလေးနဲ့အတူ Sky Vibes ဆိုတဲ့ ကာရာအိုကေဘားလေးကိုပါ ပြန် အသက်သွင်းရင်း Cielo Grandeကိုအရင်ကလိုပြန်ဖြစ်အောင်ကြိုးစားနေကြတာပေါ့။ ဒီလိုပြန်အသက်သွင်းဖို့လုပ်နေတဲ့ Cielo Grande ဆိုတဲ့နေရာလေးဆီ ပရော်ဖက်ရှင်နယ် ရေလှိုင်းစီးသမားလေး Steffiကလည်း သူ့မိသားစုရဲ့လျှို့ဝှက်ချက်လေးကိုရှာဖွေဖို့ရောက် လာတော့ Cielo Grandeက အရင်လိုလှုပ်ရှားအသက်ဝင်လာမလား။ Steffiကလည်း သူရှာနေတဲ့အရာကိုတွေ့သွားမလားဆိုတာကို စိတ်အပန်းဖြေကြည်နူးစွာကြည့်ရမယ့် Family and drama ကားလေးပါလို့ ညွှန်းပါရစေ။(စုစုပေါင်း ၁၁ ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size – (800 MB) / (400 MB)

The Seven’s Dog PDU (2023) ⭐⁉️ 🎬 #Action #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 29 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ပရိသတ်တွေအတွက် The Seven Dogs ဆိုတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲတပ်ဖွဲ့ဝင် အသစ်ဖြစ်တဲ့ ချန်ရှောင်ထျန်းဟာ မှုခင်းရဲတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ရဲခွေးတပ်ဖွဲ့ကို အပို့ခံလိုက်ရပါတယ်။သူတာဝန်ယူရတဲ့ ခွေးလေး ဖက်ထုပ်လေးကသူ့စကားကို နားမထောင်ပဲ လေ့ကျင့်ရခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဖြစ်အပျက် အမျိုးမျိုး ဖြတ်သန်းပြီးနောက်အချင်းချင်း ပူးပေါင်းကူညီပြီး သူတို့ဟာအကောင်းဆုံးရဲဘော်ရဲဘက်တွေ ဖြစ်သွားကြပါတော့တယ်။ဖက်ထုပ်လေးကို ချန်ရှောင်ထျန်းက ဘယ်လို လေ့ကျင့်ပေးမလဲ……သူတို့နှစ်ယောက် သံယောဇဉ်က ဘယ်လို ဆက်သွယ်သွားမလဲကို……ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုကြရအောင်နော်။

The Deer Hunter (1978) ⭐IMDB: 8.1/10 (342 k Votes) 🎬 #Drama #War 🗓️ 1978 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedKingdom ⏰ 3 နာရီ 04 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Deer Hunter (1978) =================== စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ….။ လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ….။ ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ် ၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊ အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်း မင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ် စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာ တိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက် လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲ ဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ် ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။ သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင် ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ဘာတွေဖြစ်နေမလဲ၊ ဒီလောက်ထိ ဆိုးဝါးတဲ့ အတွေ့အကြုံဟာ ဘာတွေများဖြစ်နေလို့လဲ စသဖြင့် ရင်သပ်ရှုမောဖွယ်ရာကို ၃ နာရီစာ အားပါးတရ မင်းသားကြီးကောင်းကောင်း တွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်အတွက် ဒီဗီယက်နမ်စစ်ကြီးဟာ ကောင်းကျိုးမရပဲ ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသောစစ်ပွဲဖြစ်ပြီး ဘာတွေကြောင့်များ ဒီလိုဖြစ်ရသလဲဆိုတာ တစ်ပိုင်းတစ်စတွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ မင်းသားကြီး Robert De Niro ကတော့ ဒီထဲမှာ နုပျိုငယ်ရွယ်တုန်းဖြစ်ပြီး သူ့ရဲ့ အားပါလှတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်လမ်းကို စီးမျောနိုင်ဦးမှာပဲဖြစ်ပါတယ်….။

Infiesto (2023) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Spain ⏰ 1 နာရီ 36 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Infiesto(2023) ************* စပိန်နိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကြောင့်လော့ခ်ဒေါင်းသတ်မှတ်ကာလကို စပိန်အစိုးရကြေညာဖို့စီစဉ်နေပါတယ်။ဒီသတင်းထုတ်ပြန်နေချိန်မှာပဲစပိန်နိုင်ငံရဲ့ တစ်‌နေရာမှာ ပြန်ပေးဆွဲခံထားတဲ့ကလေးတစ်ယောက်ဟာလွတ်မြောက်လာခဲ့ပြီးဆေးရုံကိုရောက်နေပါတယ်။ ကလေးအခြေအနေဟာအတော်ဆိုးနေပြီး ညှင်းပန်းနှိပ်စက်တဲ့ဒဏ်တွေကြောင့်စကားမပြောနိုင်ဘဲစိတ်ရောဂါပါရသွားပါတယ်။ အင်စပတ်တာ ဆမ်မူရယ်နဲ့လက်ထောက်စုံထောက်ကတ်စတိုတို့နှစ်ယောက်ဟာဒီအမှုကိုလိုက်လံစုံစမ်းပေမယ့်တရားခံကိုရှာတွေဖို့ခက်ခဲနေပါတယ်။ဒီအမှုက လွန်ခဲ့တဲ့နှစ်တွေကဖြစ်ခဲ့တဲ့ပြန်ပေးဆွဲကွင်းဆက်လူသတ်မှုတွေနဲ့ပက်သက်နေပြီးနောက်ထပ်ကျုးလွန်နိုင်တဲ့လက္ခဏာတွေလည်းတွေ့ရတဲ့အတွက် ဆမ်မူရယ်တို့တရားခံကိုအသည်းအသန်လိုက်ဖမ်းပါတော့တယ်။ ဆမ်မူရယ်တို့ရဲတပ်ဖွဲ့ကတရားခံကိုဖမ်းနိုင်မလား တရားခံကလည်းနောက်လူသတ်မှုတွေကျူးလွန်နိုင်မလားဆိုတာ

Haunted Valley (2022) ⭐IMDB: 3.7/10 (62 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Haunted Valley (2022)================= သရဲခြောက်တယ်လို့ သတင်းကြီးတဲ့ Haunted Valley လေးကိုခံစားကြည့်ကြပါဦး။ အဲ့ဒီတောင်ကြားမြို့ရဲ့ လမ်းမထက်မှာ ဒါမှမဟုတ် လမ်းကြိုလမ်းကြားမှာ လေလွင့်နေတဲ့ဝိဉာဉ်တွေ သွားလာနေတတ်ကြပါတယ်။ သူတို့ဝင်ပူးလို့ရမယ့်သူကို ရှာနေရင်းနဲ့ မကောင်းဆိုးဝါးတွေကို ဗိုင်းရပ်ပိုးလို ဖြန့်ဖို့အခွင့်ကောင်းကို စောင့်နေကြတယ်လို့ဆိုပါတယ်။ ဘက်သနီတို့အိမ်က သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးအိမ်တွေထဲကတစ်အိမ်နဲ့ တစ်လမ်းတည်းရှိပါတယ်။ စစဦးဆုံးသတိထားမိတာကတော့ ဘက်သနီရဲ့ သားနဲ့သမီးပေါ့။ တစ်ခါတစ်လေ ပုံစံမမှန်တဲ့ဝိဉာဉ်ကိုတွေ့ရသလို၊ တစ်ခါတစ်လေ မိန်းမကြီးပုံစံလည်းတွေ့ရတတ်ပါတယ်။ ဘက်သနီကလည်း သူ့ခင်ပွန်းကနောက်အိမ်ထောင်ပြုတော့မှာမို့ စိတ်ရှုပ်နေပြီး စိတ်ဓါတ်အကျဆုံးအချိန်ကိုရောက်နေတာမို့ လေလွင့်နေတဲ့ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုမျိုးအခွင့်အရေးရှာပြီး ဝင်ပူးဖို့လုပ်မလဲဆိုတဲ့အဖြေကို စောင်လေးခြုံ၊ မီးလေးပိတ်ပြီး ကြည့်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Vaဖြစ်ပါတယ်)

A Tale of Love and Desire (2021) ⭐IMDB: 6.7/10 (711 Votes) 🎬 #Drama #Romance 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #France #Tunisia ⏰ 1 နာရီ 42 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Tale of Love and Desire (2021)=======================IMDb Rating  6.7/10 “သူ(မ)ဟာ မာဂျ်နန်ရဲ့ အိပ်မက် မာဂျ်နန်ရေးခဲ့တဲ့ကဗျာတိုင်းဟာ သူ့အတွက်ပေါ့။ တစ်နေ့တော့ သူ..မာဂျ်နန့်ဆီ ပြန်လာခဲ့တယ်။ သူ့ရဲ့ အမျိုးသားဖြစ်သူဆုံးပါးသွားခဲ့ပြီ။ သူတို့နှစ်ယောက်ကြားက အတားအဆီးတွေ ပြိုလဲသွားခဲ့ပြီပေါ့၊ သို့ပေမဲ့ မာဂျ်နန်ဟာသူ(မ)ကို လက်မခံခဲ့တော့ပါ၊ဘာလို့လဲ … ? မာဂျ်နန်ဟာ သူ့ကို သူ့ကဗျာတွေရဲ့ ဈာန်ဝင်စားမှု တစ်ခုအဖြစ်သာကျန်ရှိနေစေချင်ပါတော့သည်။ နှစ်ဦးသား ဆုံဆည်းမှုဟာ ကဗျာတွေရဲ့ ..အနက်ကို ပျက်ပြယ်သွားစေနိုင်သည်။ ထို့ကြောင့် … အဆုံးသတ်မှာ ကဗျာဆရာတိုင်းရဲ့အဟန့်အတားဟာ သူတို့ကိုယ်တိုင်သာ ဖြစ်နေခဲ့တော့ပါသည် …. ” ဒီကိုးကားချက်လေးအတိုင်း… အာမက်ဆိုတဲ့ ၁၈ နှစ်အရွယ်စာပေသမားလေးဟာလည်း အရာရာမှာ သိပ်ကို အတွေးများတတ်သူပါ။ ဆိုတော့ … မထိတွေ့ဖူးသေးတဲ့ အချစ်နဲ့ကြုံလာတဲ့အခါ သူ့အတွက် ပို၍ဆိုးလှပါတယ်။ ဖာရာဆိုတဲ့ မိန်းကလေးဟာ သူ့စိတ်မှာ ကြီးစိုးနေပေမယ့် ဒီကြီးစိုးမှုကြီးကနေ ဝေးသည်ထက်ဝေးအောင် သူဟာ ထွက်ပြေးနေခဲ့တယ်။ သူ့အတွက်စိတ်ထွက်ပေါက်ဆိုလို့ ရမ္မက်ဆန်ဆန် ကဗျာတွေသာ ရှိနေခဲ့ပါတယ်။ “ပျော်ရွှင်ပေမယ့်လည်း ဝမ်းနည်းတယ်၊ ရဲရင့်ပေမယ့်လည်း မဝံ့မရဲ ဖြစ်ရတယ်”၊ ဒါဆိုအတွေးတွေရောယှက်နေတဲ့ ဒီကောင်လေးရဲ့  စိတ်လမ်းကြောင်း လားရာကရော … ကဗျာဆရာလိုပဲ ဦးတည်သွားမှာလား ….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ActMolemy ဖြစ်ပါတယ်)

Haunted Valley (2022) ⭐IMDB: 3.7/10 (62 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Haunted Valley (2022)================= သရဲခြောက်တယ်လို့ သတင်းကြီးတဲ့ Haunted Valley လေးကိုခံစားကြည့်ကြပါဦး။ အဲ့ဒီတောင်ကြားမြို့ရဲ့ လမ်းမထက်မှာ ဒါမှမဟုတ် လမ်းကြိုလမ်းကြားမှာ လေလွင့်နေတဲ့ဝိဉာဉ်တွေ သွားလာနေတတ်ကြပါတယ်။ သူတို့ဝင်ပူးလို့ရမယ့်သူကို ရှာနေရင်းနဲ့ မကောင်းဆိုးဝါးတွေကို ဗိုင်းရပ်ပိုးလို ဖြန့်ဖို့အခွင့်ကောင်းကို စောင့်နေကြတယ်လို့ဆိုပါတယ်။ ဘက်သနီတို့အိမ်က သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးအိမ်တွေထဲကတစ်အိမ်နဲ့ တစ်လမ်းတည်းရှိပါတယ်။ စစဦးဆုံးသတိထားမိတာကတော့ ဘက်သနီရဲ့ သားနဲ့သမီးပေါ့။ တစ်ခါတစ်လေ ပုံစံမမှန်တဲ့ဝိဉာဉ်ကိုတွေ့ရသလို၊ တစ်ခါတစ်လေ မိန်းမကြီးပုံစံလည်းတွေ့ရတတ်ပါတယ်။ ဘက်သနီကလည်း သူ့ခင်ပွန်းကနောက်အိမ်ထောင်ပြုတော့မှာမို့ စိတ်ရှုပ်နေပြီး စိတ်ဓါတ်အကျဆုံးအချိန်ကိုရောက်နေတာမို့ လေလွင့်နေတဲ့ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုမျိုးအခွင့်အရေးရှာပြီး ဝင်ပူးဖို့လုပ်မလဲဆိုတဲ့အဖြေကို စောင်လေးခြုံ၊ မီးလေးပိတ်ပြီး ကြည့်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Vaဖြစ်ပါတယ်)

Legions (2022) ⭐IMDB: 5.1/10 (94 Votes) 🎬 #Fantasy #Horror #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Argentina ⏰ 1 နာရီ 30 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Legions (2022)============ Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီးနတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီးလေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။ တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ်အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တိုနီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူးထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီးအယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစားလာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လိုတားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horrorကားမျိုးကြိုက်နှစ်သက်တွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။Constantine တို့လို vibe မျိုးပေးနိုင်ပြီး အသုံးပြုထားတဲ့ practicaleffect တွေကလည်း ကောင်းမွန်တာကြောင့် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်အဖြစ် recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ LeonardLin ဖြစ်ပါတယ်)

Gotham (2014-2019) ⭐IMDB: 7.8/10 (232 k Votes) 🎬 #Action #Crime #Drama #SciFi #Fantasy #Mystery #Thriller 🗓️ 2014-2019 🎞️ Series 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gotham Season 1 (Complete)   Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့ နာမည်ကျော်စိတ်ကူးယဥ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ ႔ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့ ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို ႔အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။ လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ CM က မှန်မှန် ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက် အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ် တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့ ကောင်းတယ်လို့်ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့ ပင်ဂွင်းတို့ The Riddler တို့ ဘယ်လို ဖြစ်လာတယ်ဆိုတာတွေ ဖော်ပြထားပါတယ်။ ပင်ဂွင်းကတော့ ဒီ ဆီဆန်မှာ ကျနော် အကြိုက်ဆုံး ကာရိုက်တာပါပဲ လိုချင်တာကို မဖြစ်ဖြစ်အောင်ယူတက်တာတွေက တော်တော်ကို သရုပ်ဆောင်ပီပြင်ခဲ့ပါတယ်။ Riddler ကတော့ GCPD က သက်သေအထောက်အထားတွေကို စစ်ဆေးရတဲ့ ၀န်ထမ်းတစ်ယောက် အဖြစ်တွေ့ရမှာပါ။ဥာဏ်ကောင်းလွန်းပြီး ပဟေဠိတွေကို ကောင်းကောင်း ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပါ နောက်ပိုင်းမှ ဆိုက်ကိုဖောက်သွားပြီး ဗီလိန်အဖြစ်ကိုရောက်သွားရတာပါ။ Season (1) မှာတော့ Falconeဂိုဏ်းနဲ့Maroniဂိုဏ်း၂ခုရဲ့အရှုပ်တော်ပုံတွေကိုအဓိကထားရိုက်ကူးထားပါတယ်။ ဒီအရှုပ်တော်ပုံတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး ဂော်ဒွန် နဲ့ ဘူးလော့တို့ကို အတွဲညီညီနဲ့ ရာဇ၀တ်မှု့တွေကိုတိုက်ဖျက်နေတာကိုမြင်ရမှာပါ။ ဒီဆီစန် ထဲမှာ ဂော်ဒွန်ကိုတော့ စိတ်အားတက်ကြွ ထက်သန်တဲ့ ဖျတ်လတ်တဲ့သူတစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ ဒီ Seasom (1) မှာ စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲရယ်လို့မဟုတ်ပဲ ဂိုဏ်းဂဏတွေရဲ့ အားပြိုင်မှု့တွေ ထူးခြားတဲ့ ရာဇ၀တ်မှု့တွေ နဲ့ အတူ ဂျင်မ်ဂော်ဒွန်တို့ ဘယ်လို ဖြေရှင်းမလဲ ဘယ်လို အားပြိုင်မလဲဆိုတာကို ဟန်ချက်ညီညီနဲ့ တင်ဆက် ထားတာပဲဖြစ်ပါတယ်။ Rating တွေကတော့ IMDb 7.9 နဲ့ Rotten Tomatoes 84% တို့ရရှိထားပါတယ်ဗျာ။  Review by Tariq L Walker

Vikings (2013-2020) ⭐IMDB: 8.5/10 (540 k Votes) 🎬 #Action #Adventure #Drama #War #Politics #History #Romance 🗓️ 2013-2020 🎞️ Series 📺 720p HD 🌎 #Ireland #Canada ⏰ 44 မိနစ် 56 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vikings Season 1The world of the Vikings is brought to life through the journey of Ragnar Lothbrok, the first Viking to emerge from Norse legend and onto the pages of history – a man on the edge of myth.  Encoded by Thanhtike ZawQuality : Blu-Ray 720pFile Size : (2.5G) (Complete ZIp)==========================Season 1 Complete Zip FileVIP / Yoteshin /  Megaup / Userdrive Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Diary of a Wimpy Kid: Dog Days (2012) ⭐IMDB: 6.3/10 (27 k Votes) 🎬 #Comedy #Family 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 It’s summertime, and Greg Heffley is looking forward to playing video games and spending time with his friends. However, Greg’s dad has other plans: He’s decided that some father-son bonding time is in order. Desperate to prevent his dad from ruining summer vacation, Greg pretends he has a job at a ritzy country club. But Greg’s plan backfires, leaving him in the middle of embarrassing mishaps and a camping trip gone wrong. ဒီဇာတ်ကားလေးဟာ ဆိုရင် seriesတွေနဲ့ ထွက်ထားသလို ဝတ္ထုအနေနဲ့လည်းရောင်းအားကောင်းလှတဲ့ Diary of a kid series ထဲက ဇာတ်လမ်းတစ်ပုဒ်ကို မှီးငြမ်းရိုက်ကူးထားတာပါ။ နွေရာသီကျောင်းပတ်ရက်ကို ရောက်လာပြီဆိုတာနဲ့ Greg တစ်ယောက သူ့ ဗီဒီယိုတွေနဲ့ပဲ အချိန်ကုန်ဖို့စီစဉ်ထားပါတယ်။ဒါပေမယ့် သူ့စိတ်ကူးထဲကလို မဖြစ်လာပါဘူး။မိဘတွေက သူ့ကိုဂိမ်းကစားတာရပ်ပြီးပြင်ပလှုပ်ရှားမှုတွေလုပ်စေချင်တာပါ။ဒီမှာGregနဲ့သူ့အဖေနဲ့ ကတောက်ကဆတွေ့ဖြစ်ပြီပေါ့။pool party တစ်ခုကိုအသွားမှာ ပြဿနာတွေကပိုဆိုးလာပြီ။ဘယ်လိုဆက်ဖြစ်မလဲ? တဖြည်းဖြည်းနဲ့ပြဿနာရှာတတ်တဲ့ကောင်လေး ဖြစ်လာတဲ့Gregကို ဒီလိုပဲဆက်သွားနေရင် တပ်ထဲပို့ပစ်မယ်လို့ အဖေက ခြိမ်းခြောက်လိုက်ပါပြီ။ဒီအချိန်မှာပဲ ခွေးလေး တစ်ကောင် သူတို့မိသားစုထဲ ရောက်လာပြီး Greg နဲ့ ဘယ်လိုနှစ်ပါးဆက်သွားမယ်ဆိုတာကတော့….. မိသားစု ဇာတ်ကားလေးဖြစ်ပြီး လူငယ်တွေရဲ့ သဘာဝ ကိုပေါ့ပေါ့ပါးပါးနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်ကြီးအနေနဲ့ (ကလေးမိဘတွေရော ကလေးမိဘလောင်းလျာတွေရော) ကိုယ့်သားသမီးကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာဗဟုသုတ တိုးစေမှာ ဖြစ်တာမို့ ကြည့်သင့်ပါတယ်။ IMDB rating  ၆.၃အထိ ရထားသလို ပေါ့ပေါးပါးပါးနဲ့ ဟာသဆန်ဆန် ရိုက်ထားတာမို့ လူကြီး လူငယ်မရွေး ကြည့်လို့ရပါတယ် (ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်) @Joker —————————————————————————– ဒီဇာတ်ကားလေးဟာ ဆိုရင် seriesတွေနဲ့ ထွက်ထားသလို ဝတ္ထုအ​နေနဲ့လည်းရောင်းအားကောင်းလှတဲ့ Diary of a kid series ထဲက ဇာတ်​လမ်​းတစ်​ပုဒ်​ကို မှီးငြမ်​းရိုက်​ကူးထားတာပါ။ ​နွေရာသီ​ကျောင်​းပတ်​ရက်​ကို ​ရောက်​လာပြီဆိုတာနဲ့ Greg တစ်​​ယောက သူ့ ဗီ​ဒီယို​တွေနဲ့ပဲ အချိန်​ကုန်​ဖို့စီစဥ်​ထားပါတယ်​။ဒါ​ပေမယ်​့ သူ့စိတ်​ကူးထဲကလို မဖြစ်​လာပါဘူး။မိဘ​တွေက သူ့ကိုဂိမ်​းကစားတာရပ်​ပြီးပြင်​ပလှုပ်​ရှားမှု​​တွေလုပ်​​စေချင်​တာပါ။ဒီမှာGregနဲ့သူ့အ​ဖေနဲ့ က​တောက်​ကဆ​တွေ့ဖြစ်​ပြီ​ပေါ့။pool party တစ်​ခုကိုအသွားမှာ ပြႆနာ​တွေကပိုဆိုးလာပြီ​။ဘယ်​လိုဆက်​ဖြစ်​မလဲ? တဖြည်​းဖြည်​းနဲ့ပြႆနာရှာတတ်​တဲ့​ကောင်​​လေး ဖြစ်​လာတဲ့Gregကို ဒီလိုပဲဆက်​သွား​နေရင်​ တပ်​ထဲပို့ပစ်​မယ်​လို့ အ​ဖေက ခြိမ်​း​ခြောက်​လိုက်​ပါပြီ။ဒီအချိန်​မှာပဲ ​ခွေး​လေး တစ်​​ကောင်​ သူတို့မိသားစုထဲ ​ရောက်​လာပြီး Greg နဲ့ ဘယ်​လိုနှစ်​ပါးဆက်​သွားမယ်​ဆိုတာက​တော့….. မိသားစု ဇာတ်​ကား​လေးဖြစ်​ပြီး လူငယ်​​တွေရဲ့ သဘာဝ ကို​ပေါ့​ပေါ့ပါးပါးနဲ့ ရိုက်​ကူးထားတာမို့ ပရိသတ်​ကြီးအ​နေနဲ့ (က​လေးမိဘ​တွေ​ရော က​လေးမိဘ​လောင်​းလျာ​တွေ​ရော) ကိုယ်​့သားသမီးကို ဘယ်​လို ကိုင်​တွယ်​ရမယ်​ ဆိုတာဗဟုသုတ တိုး​စေမှာ ဖြစ်​​တာမို့ ကြည့်သင့်ပါတယ်။ IMDB rating  ၆.၃အထိ ရထားသလို ပေါ့ပေါးပါးပါးနဲ့ ဟာသဆန်ဆန် ရိုက်ထားတာမို့ လူကြီး လူငယ်မရွေး ကြည့်လို့ရပါတယ် (ဇာတ်ကားအညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

Diary of a Wimpy Kid: Rodrick Rules (2011) ⭐IMDB: 6.5/10 (33 k Votes) 🎬 #Comedy #Family 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wimpy Greg Heffley, now in seventh grade, thinks he has it all together. He has mastered middle school and gotten rid of the Cheese Touch. However, Greg’s older brother, Rodrick, is itching to cut him down to size. He gets the perfect opportunity when their mother tries to force the boys to bond. Rodrick may be Greg’s chief tormentor, but he feels his constant pranks are just what his little brother needs to prepare him for life’s hard knocks. ဒီဇာတ်ကားလေးဟာ စာရေးဆရာ Jeff Kenny ရဲ့ကလေးဝတ္တ္တုလေးတွေကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားလေးတွေထဲမှတစ်ကားဖြစ်ပြီး IMDB Rating 6.6 ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထုံးစံအတိုင်း ဂရက် နဲ့ ရော့ဒရစ် ညီအကိုနှစ်ယောက်ရဲ့ ကတောက်ကဆမှုတွေနဲ့ပဲ ပတ်သက်ပြီးအစပျိုးထားပါတယ်။နောက်ပြီး ဂရက် တို့ကျောင်းကိုအသစ်ပြောင်းလာတဲ့ ပေါ်ပြူလာအဖြစ်ဆုံးဘက်စုံထူးချွန်တဲ့ကျောင်းသူလေး ဟိုလီ သူကလည်း ဂရက်သာ မက အားလုံးကစိတ်ဝင်စားခြင်းခံရသူပါ။ ဂရက် ဟာလည်း အိမ်မှာတင်မကပဲ ကျောင်းအထိပါ ရော့ဒရစ် ရဲ့ လွှမ်းမိုးမှုကြောင့် ကျောင်းမှာပါအဆင်မပြေမှုတွေကြုံရတယ်ဟုယူဆကာ မိသားစုအပေါ်အမြင်မကြည်ခဲ့ပါဘူး။ဒီပြသနာတွေကို အဆင်ပြေစေဖို့ သူတို့မိဘတွေက နှစ်ယောက်ပူးတွဲလုပ်ဆောင်ရမဲ့ကိစ္စတွေကိုတာဝန်ပေးခဲ့ပေမဲ့လည်း ခဏတာပဲအဆင်ပြေခဲ့ပြီး နားလည်မှုလွဲမှားကြကာပြန်မသင့်မမြတ်ဖြစ်ခဲ့တာကြောင့် နှစ်ယောက်စလုံး သူတို့ရဲ့အဖိုးရှိတဲ့ အငြိမ်းစားဂေဟာကိုသွားနေဖို့ဒဏ်ပေးခြင်းခံရတဲ့နောက်မှာတော့ ဂရက်တစ်ယောက် ဘယ်လိုအကြံစည်တွေ ဘယ်လိုမိတ်ဆွေသစ်တွေရခဲ့ပြီး ဒီပြသနာတွေကိုဖြေရှင်းမလဲဆိုတာ ကိုဇာတ်ကားလေးမှာပဲဆက်လက်ကြည့်ကြပါခင်ဗျာ။ ———————————————————————– ဒီဇာတ်ကားလေးဟာ စာရေးဆရာ Jeff Kenny ရဲ့ကလေးဝတ္တုလေးတွေကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားလေးတွေထဲမှတစ်ကားဖြစ်ပြီး IMDB Rating 6.6 ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ထုံးစံအတိုင်း ဂရက် နဲ့ ရော့ဒရစ် ညီအကိုနှစ်ယောက်ရဲ့ ကတောက်ကဆမှုတွေနဲ့ပဲ ပတ်သက်ပြီးအစပျိုးထားပါတယ်။နောက်ပြီး ဂရက် တို့ကျောင်းကိုအသစ်ပြောင်းလာတဲ့ ပေါ်ပြူလာအဖြစ်ဆုံးဘက်စုံထူးချွန်တဲ့ကျောင်းသူလေး ဟိုလီ သူကလည်း ဂရက်သာ မက အားလုံးကစိတ်ဝင်စားခြင်းခံရသူပါ။ ဂရက် ဟာလည်း အိမ်မှာတင်မကပဲ ကျောင်းအထိပါ ရော့ဒရစ် ရဲ့ လွှမ်းမိုးမှုကြောင့် ကျောင်းမှာပါအဆင်မပြေမှုတွေကြုံရတယ်ဟုယူဆကာ မိသားစုအပေါ်အမြင်မကြည်ခဲ့ပါဘူး။ဒီပြသနာတွေကို အဆင်ပြေစေဖို့ သူတို့မိဘတွေက နှစ်ယောက်ပူးတွဲလုပ်ဆောင်ရမဲ့ကိစ္စတွေကိုတာဝန်ပေးခဲ့ပေမဲ့လည်း ခဏတာပဲအဆင်ပြေခဲ့ပြီး နားလည်မှုလဲြမှားကြကာပြန်မသင့်မမြတ်ဖြစ်ခဲ့တာကြောင့် နှစ်ယောက်စလုံး သူတို့ရဲ့အဖိုးရှိတဲ့ အငြိမ်းစားဂေဟာကိုသွားနေဖို့ဒဏ်ပေးခြင်းခံရတဲ့နောက်မှာတော့ ဂရက်တစ်ယောက် ဘယ်လိုအကြံစည်တွေ ဘယ်လိုမိတ်ဆွေသစ်တွေရခဲ့ပြီး ဒီပြသနာတွေကိုဖြေရှင်းမလဲဆိုတာ ကိုဇာတ်ကားလေးမှာပဲဆက်လက်ကြည့်ကြပါခင်ဗျာ။

Diary of a Wimpy Kid (2010) ⭐IMDB: 6.2/10 (53 k Votes) 🎬 #Comedy #Drama #Family 🗓️ 2010 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Greg Heffley is headed for big things, but first he has to survive the scariest, most humiliating experience of any kid’s life – middle school! That won’t be easy, considering he’s surrounded by hairy-freckled morons, wedgie-loving bullies and a moldy slice of cheese with nuclear cooties! ဒီဇာတ်ကားလေးဟာ Jeff Kinney ရဲ့ စာအုပ်တွေထဲကတစ်တွဲဖြစ်ပြီး Imdb 6.2 ထိရရှိထားတဲ့ မိသားစုကြည့်ဇာတ်မြူးလေးတစ်ကားဖြစ်ပါတယ် ဇာတ်ကားအညွှန်းပြောရရင် Greg ဆိုတဲ့ကျောင်းသားလေးတစ်ယောက်အလယ်တန်းတက်စရတဲ့အချိန်မှာ သူ့ကိုဘယ်သူမှမခေါ်ပြောကြတဲ့အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရပါတယ်။ သူဒီအဖြစ်ဆိုးတွေကရှောင်ဖို့အတန်းရဲ့အချစ်တော်စာရင်းထဲဝင်အောင်ကြိုးစားရပါတော့တယ် သူဘယ်လိုကြိုးစားလဲ ဘာတွေဆက်ဖြစ်လဲဆိုတာရုပ်ရှင်ကိုသာ ဆက်လက်ကြည့်ရှုကြပါလို့ပြောချင်ပါတယ် (ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ “သရဲကားတွေပဲရေးလေ့ရှိတဲ့ Moe Oo Mann ကတော့သူ့ကိုတစ်စုံတစ်ယောက်ကတောင်းဆိုလို့  ရေးလိုက်ခြင်းပဲဖြစ်ပါတယ်”) ———————————————————- ဒီဇာတ်ကားလေးဟာ Jeff Kinney ရဲ့ စာအုပ်တွေထဲကတစ်တွဲဖြစ်ပြီး Imdb 6.2 ထိရရှိထားတဲ့ မိသားစုကြည့်ဇာတ်မြူးလေးတစ်ကားဖြစ်ပါတယ် ဇာတ်ကားအညွှန်းပြောရရင် Greg ဆိုတဲ့ကျောင်းသားလေးတစ်ယောက်အလယ်တန်းတက်စရတဲ့အချိန်မှာ သူ့ကိုဘယ်သူမှမခေါ်ပြောကြတဲ့အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရပါတယ်။ သူဒီအဖြစ်ဆိုးတွေကရှောင်ဖို့အတန်းရဲ့အချစ်တော်စာရင်းထဲဝင်အောင်ကြိုးစားရပါတော့တယ် သူဘယ်လိုကြိုးစားလဲ ဘာတွေဆက်ဖြစ်လဲဆိုတာရုပ်ရှင်ကိုသာ ဆက်လက်ကြည့်ရှုကြပါလို့ပြောချင်ပါတယ် (ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ “သရဲကားတွေပဲရေးလေ့ရှိတဲ့ Moe Oo Mann ကတော့သူ့ကိုတစ်စုံတစ်ယောက်ကတောင်းဆိုလို့  ရေးလိုက်ခြင်းပဲဖြစ်ပါတယ်”)

Alice, Darling (2022) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Drama #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Canada #UnitedStates ⏰ 1 နာရီ 30 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alice, Darling (2022) ~ Rotten Tomatoes – 83%, Meta – 65% ~ ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုBမှ ပြန်ဆို ရေးသားထားပါတယ်)