ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Officer Down (2013) ⭐IMDB: 5.5/10 (6 k Votes) 🎬 #Action #Crime #Drama 🗓 2013 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Officer Down (2013)================== ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ “ကယ်လာဟမ်” လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံ—–ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။ စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
The Hidden Fortress (1958) ⭐TMDB: 80.0% User Score 🎬 #Action #Adventure #Drama 🗓 1958 🎞 movie 🌎 #Japan ⏰ 2 နာရီ 19 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8.1 / Metascore 89% / Rotten Tomatoes 96% ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ နဲ့ မင်းသမီးကို လျှို့ဝှက်စွာစောင့်ရှောက်ပေးနေတဲ့ စစ်သူကြီး ရိုကူရိုတာမာကာဘဲတို့နဲ့ ဆုံကြပါတယ်။ ဒါပေမဲ့ အူတူအတ လယ်သမားနှစ်ယောက်ဟာ အာခိဇုကိ စစ်သူကြီးနဲ့ မင်းသမီးဖြစ်သူတို့ရဲ့ သရုပ်မှန်ကိုမသိဘဲ ဟာရာကာဝါမြို့တော်ကိုဖြတ်ပြီး အာခိဇုကိကို အတူခရီးဆက်ရင်း လိုက်ပို့ပေးဖို့ သဘောတူလိုက်ကြပါတော့တယ်။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတွေကို ဂျော့ခ်ျလူးကပ်စ်က Star Wars အတွက် inspire ယူခဲ့တာပါ။ ပထမဆုံးအနေနဲ့ အူကြောင်ကြောင် လယ်သမားသူငယ်ချင်းနှစ်ယောက်က Star Wars ထဲက စက်ရုပ်သူငယ်ချင်းနှစ်ကောင်ဖြစ်ကြတဲ့ R2D2 နဲ့ C3PO ပေါ့။ နာမည်ကြီးစစ်သူကြီး ရိုကူရိုတာကတော့ အိုဘီ၀မ်ကင်နိုဘီဖြစ်ပြီး သူကာကွယ်ပေးနေတဲ့ မင်းသမီး ယုကိကတော့ Princess Leia ပါ။စစ်ရှုံးနေကြတဲ့ အာခိဇုကိတွေ နဲ့ Star Wars ရဲ့ Rebels တွေအတွက် မင်းသမီး ယုကိ နဲ့ လီယာတို့က တစ်ခုတည်းသောမျှော်လင့်အချက်အလင်းရောင်ဖြစ်ကြတယ်။ ဒါရိုက်တာကြီး ကူရိုဆာဝါရဲ့ လက်ရာတစ်ခုဖြစ်တာကြောင့် အများကြီးတော့ ထပ်ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်ကိုလည်း ကူရိုဆာဝါရဲ့ တခြားနာမည်ကြီးလက်ရာတွေဖြစ်တဲ့ High and Low , Throne of Blood တို့ထဲမှာသုံးထားတဲ့ ဂျပန်ဂန္တ၀င်မင်းသားကြီး Toshiro Mifune ကိုပဲသုံးထားတာမလို့ တစ်ခေတ်တစ်ခါက ဂျပန်ဆာမူရိုင်း အဖြူအမည်းရုပ်ရှင်ကားကောင်းကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။...
Yojimbo (1961) ⭐TMDB: 81.0% User Score 🎬 #Action #Drama #Thriller 🗓 1961 🎞 Series 🌎 #Japan ⏰ 1 နာရီ 51 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 8.2 ဒီရုပ်ရှင်ကတော့ ဂျပန်ဂန္တဝင်ဒါရိုက်တာ Kurosawa Akira ရဲ့ နာမည်ကျော်လက်ရာဖြစ်တဲ့ Yojimbo ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လိုရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့Kurosawa ရဲ့ ၂၁ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံးရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်တိုင်းရုပ်ရှင်တွေအပေါ်မှာ လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်ကျော်ကောင်းဘွိုင်ဇာတ်ကောင် The Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်မသိရတဲ့ လေလွင့် Ronin တစ်ဦး မြို့လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်းကိုဆိုလိုပါတယ်။ မြို့ရောက်ပြီးမကြာခင် ဒီမြို့လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့လည်းကပ်ဆိုက်လုမတတ် ပျက်စီးယိုယွင်းနေတာကိုသိလိုက်ရပါတယ်။ လောင်းကစားလုပ်ငန်းအတွက် နယ်မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ Edo ခေတ်အဆုံး Meiji ခေတ်မတိုင်ခင်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ မြေရှင်ပဒေသရာဇ်ခေတ် ဂျပန်နိုင်ငံကိုအခြေပြုထားပေမဲ့ Cinematography ကိုတော့ ဟောလီးဝုဒ် Western ရုပ်ရှင်ဆန်ဆန် မြင်ကွင်းကျယ်များနဲ့ရိုက်ကူးထားပြီး မူလဇာတ်လမ်းကလည်း အနောက်တိုင်းဝတ္ထုတစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆာမူရိုင်းနေရာမှာ မြင်းစီးကောင်းဘွိုင်၊ Katana ဓားနေရာမှာ သေနတ်ပြောင်းပြီး ဟောလီးဝုဒ်က Remakeရိုက်ကူးအောင်မြင်သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်ဇာတ်ကားဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့ရုပ်ရှင်တွေကို မြည်းစမ်းချင်သူတွေအတွက် ပထမဆုံးကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။...
I Want You To Love – Makoto Toda (Decensored – FSDSS-455) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါ တင်ဆက်ပေးမဲ့ တက္ကသိုလ်ကျောင်းသူလေးကတော့ Makoto Toda ပဲဖြစ်ပါတယ်…..ချစ်စရာသိပ်ကောင်းတဲ့ ဂျပန်မင်းသမီးလေးပါပဲ……ချွဲချွဲနွဲ့နွဲ့လေးနဲ့ ကလေးတစ်ယောက်လို သရုပ်ဆောင်နိုင်တဲ့ သူ့စွမ်းရည်တွေကပဲ သူ့ကို ပိုကြည့်ကောင်းစေနေပါတယ်…… FSDSS-455 ဆိုတဲ့ ဒီကားလေးထဲမှာတော့ အလုပ်မရှိလို့ ငွေကြေးအခက်အခဲကြောင့် သူ့အိမ်ရောက်လာတဲ့ ဦးလေးကို တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ မာယာတွေနဲ့ လှုပ်မရအောင်ချုပ်လိုက်တဲ့အကြောင်းလေး ရိုက်ပြထားတာပါ……စိတ်ရဲ့စေစားရာအတိုင်း အပိုအလိုမရှိ သရုပ်ဆောင်ပြသွားတဲ့ မင်းသမီးလေးရဲ့ အနုအဖော့အလှအရွလေးတွေကို တပျော်ကြီးသား ခံစားကြည့်လိုက်ပါဦးလို့…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Black Sea (2014) ⭐IMDB: 6.4/10 (41 k Votes) 🎬 #Adventure #Drama #Thriller 🗓 2014 🎞 movie 🌎 #UnitedKingdom #Russia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီးမင်းသား Jude Law ပါဝင်သရုပ်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကိုအဓိက အခြေခံထားတဲ့ Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်. Jude Law ဟာဆိုရင် ကျွန်တော်တို့ရဲ့ Ironman မင်းသားကြီး Robert Downey Jr. ရဲ့ Sherlock Holems ရုပ်ရှင်တွေမှာ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr.Watson နေရာကနေ သရုပ်ဆောင်သူဖြစ်ပြီး အခြားနံမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Enemy at the Gates, Rise of the Guardians အပြင် Fantastic Beasts ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်. ဇာတ်လမ်းအကျဉ်း ရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေချောင်းတွေကို သွားသယ်ဖို့ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့အတူတူ ပူးပေါင်းပြီး ရေငုပ်သင်္ဘောတစ်စီးနဲ့အတူတူ အန္တရာယ်များလွန်းတဲ့ ပင်လယ်နက်ထဲကို အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး သွားကြပါတော့တယ်. ဘာတွေဆက်ဖြစ်ကြမလဲ. လူတွေရဲ့ စိတ်ရင်းအမှန်က ဘာတွေလည်းဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်ပြီး ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်. ၂ နာရီစာ ဇာတ်လမ်းတစ်လျှောက်လုံး စိတ်ဝင်စားစရာတွေနဲ့ လူတွေရဲ့ သဘာဝတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဆိုလည်း မှားမယ်မထင်ပါဘူး...
3 Body Problem (2024) ⭐TMDB: 67.0% User Score 🎬 #SciFi #Fantasy #Mystery #Drama 🗓 2024 🎞 Series 🌎 #China #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 3 Body Problem (2024) 2024 မှာထွက်ရှိလာတဲ့ 3 body Problem ကတော့ စိတ်ဝင်စားစရာတွေနဲ့ ကြည့်ကောင်းမဲ့ကားလေးတစ်ကားပါပဲ…….ကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့ စကြာဝဠာကြီးမှာ တခြားသက်ရှိတွေရော ရှိနိုင်မလားဆိုတဲ့ အတွေးက တကယ့်ကိုစိတ်ဝင်စားစရာပါ…..အဲဒီ စိတ်ဝင်စားစရာအတွေးကိုလည်း ပညာရှင်တွေက နည်းလမ်းမျိုးစုံနဲ့ အဖြေထုတ်နိုင်ဖို့ကြိုးစားနေကြတာပါ…..နည်းပညာမြင့်တဲ့ နိုင်ငံတွေအပြိုင်အဆိုင် ကြိုးပမ်းရာကနေ တရုတ်နိုင်ငံလေ့လာရေးစခန်းတစ်ခုမှာရှိတဲ့ ပညာရှင်တစ်ယောက်က နေဟာ ကိုယ်တိုင်လည်း လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်ပေးနိုင်သလို တခြားဂြိုလ်ရဲ့ စွမ်းအင်ကိုလည်း ချဲ့ထုတ်ပေးနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိသွားပါတယ်……စကြာဝဠာကြီးထဲမှာ တခြားသက်ရှိတွေများရှိမလားလို့ တွေးမိနေကြတဲ့ လေ့လာသူတွေဟာ တခြားသက်ရှိတွေကို ဆက်သွယ်လို့ ရလိုရငြား အသံထုတ်လွှင့်စက်ကြီးတွေနဲ့ အရင်ကထုတ်လွှင့်နေရာကနေ နေရဲ့ ချဲ့ထုတ်နိုင်စွမ်းကိုတွေ့သွားတော့ အားနည်းလှတဲ့ ကမ္ဘာဂြိုလ်က ထုတ်လွှင့်စက်ကို နေဘက်ကိုသာဦးတည်ပြီး လွှင့်လိုက်ရင် ချဲ့ပေးနိုင်မှာပဲဆိုတဲ့ အတွေးနဲ့ သူက ထုတ်လွှင့်ချင်နေတာပါ…..ဒါပေမဲ့လည်း သူမွေးဖွားရာနိုင်ငံက တရုတ်ဖြစ်နေပြီး သူတို့ရဲ့ သမ္မတကြီးကလည်း မော်စီတုံးဖြစ်နေတာကြောင့် Red Sun လို့တင်စားထားတဲ့ သမ္မတကြီးဂုဏ်သိက္ခာအတွက် သူ့အထက်လူကြီးတွေက ခွင့်မပြုခဲ့ပါဘူး……လူတွေရဲ့ ဗီဇအရ ခွင့်မပြုတာမှပိုလုပ်ချင်တဲ့သူကလည်း မရ ရအောင်ခိုးလွှင့်ခဲ့ရာကနေ အဲဒီလှိုင်းက ဘယ်ကိုရောက်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်လိုက်ပါဦးလို့...
Piranha 3D (2010) ⭐TMDB: 54.0% User Score 🎬 #Comedy #Horror 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နွေပူပူနဲ့ ကြည့်လို့ကောင်းမဲ့ကားလေး နောက်တစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားလေးကတော့ ၂၀၁၀ မှာထွက်ထားတာဖြစ်ပြီး သွေးသံရဲရဲခန်းတွေ ရှယ်ပလန်နဲ့ပါတဲ့ သဲထိတ်ရင်ဖိုကားလေးပါ။ ဂျိတ်ခ်နဲ့ဂျူလီဟာ သားအမိတွေဖြစ်ပြီး ဂျူလီကတော့ ရေကန်ရဲ့ရဲမှူးပါ။ နွေရာသီပိတ်ရက်ကြောင့် လူပြည့်လာတဲ့ ဗစ်တိုးရီးယားရေကန်ကြိးကြောငိ့ အလုပ်များလာတဲ့ဂျူလီဟာ သားနဲ့သမီးအငယ်နှစ်ယောက်ကိုထိန်းဖို့ သားကြီးဖြစ်တဲ့ ဂျိတ်ခ်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ဂျိတ်ခ်ခဗျာလည်း သားအကြီးပီသစွာနဲ့ နှစ်တိုင်းကလေးထိန်းနေရာကနေ ဒီနှစ်မှာတော့ ရေကန်လမ်းပြအလုပ်နဲ့ လည်ပတ်ဖို့ရာဖြစ်လာပါတော့တယ်။ လူတွေအပြည့်နဲ့ကြက်ပျံမကျစည်ကားနေတဲ့ ဗစ်တိုးရီးယားရေကန်ကြီးကတော့ မြေငလျင်ကြောင့် မြေအောက်ရေကန်နဲ့ လမ်းကြောင်းပွင့်သွားပြီး အသားစားငါးတွေထွက်လာတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ အလုပ်များနေတဲ့ ရဲမှူးမေမေနဲ့ အမေကျောခိုင်းတာနဲ့ လုပ်ချင်သလိုခိုးလုပ်ကြတဲ့ ကလေးတွေရယ်၊ အသားစားငါးတွေပြည့်နေတဲ့ ရေကန်ကြီးနဲ့ အပျော်ကြူးနေကြတဲ့ လူအုပ်ရယ် …။ သွေးသံတရဲရဲနဲ့ အသည်းတယားယားကြည့်ရမဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။...
Torque (2004) ⭐TMDB: 52.0% User Score 🎬 #Action #Comedy #Crime 🗓 2004 🎞 Series 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Torque (2004)Genre – Action, Crime, Comedy ၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေ စထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့က ရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။ အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့ အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ် ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေး ဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော် ဒီတုန်းကတော့ Rating တွေလည်း မသိဘူး ဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့ မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့ မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီး ကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube လည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖော့ဒ်ဆိုတဲ့ Biker ဘဲက ထိုင်းမှာ ၆ လလောက်ပျောက်ပြီး အမေရိကား ပြန်ရောက်လာတယ်။ အရင် ၆ လတုန်းက ဆိုင်ကယ်ခိုးတယ်ဆိုပြီး ကောင်မလေးဖြစ်သူရဲ့ဆိုင်လည်း ဖမ်းခံရ ပိုင်ရှင်ကလည်း လိုက်ဖမ်းပြီး ကိုင်ချင်နေတာမျိုးကိုး။ ဒီလိုနဲ့ ပြန်ရောက်လာတဲ့အချိန် ဆိုင်ကယ်ပိုင်ရှင် ဟင်နရီဆိုတဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ဘီးကို ပြန်လိုချင်တော့ ဖော့ဒ်ကို ပစ်မှတ်ထားတာပေါ့ တကယ်တမ်းတော့ ဒီလူက ဆိုင်ကယ်အဓိက ပြန်လိုချင်တာမဟုတ်ပဲ ဆိုင်ကယ်ထဲက မူးယစ်ဆေးတွေ ဖြစ်နေတာ။ ဖော့ဒ်နောက်ကို လိုက်နေတာက ဒီလူတင်မကပဲ FBI ကလည်း ပါနေတယ် နောက်ပြီး လူမည်းဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီဖြစ်သူကိုလည်း သတ်တာပါဆိုပြီး ထိုးကျွေးခံရတော့ ဒီလူမည်းခေါင်းဆောင်ကလည်း နောက်ကလိုက်သတ်တယ်။ ဒီလိုတစ်အုပ်တစ်မကြီး နောက်ကလိုက်တာကို ခံပြီး သပွတ်အူလို အရှုပ်ကြီးကို ဖော့ဒ်တစ်ယောက် ကောင်မလေးဖြစ်သူ ဘော်ဒါဖြစ်သူတွေနဲ့ ဘယ်လို စာရင်းရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ အရမ်းမဟုတ်ပေမဲ့ ဆိုင်ကယ်အက်ရှင်လေးတွေနဲ့ ကြည့်ပျော်ရှုပျော် ဖြစ်မယ့်ကားလေးဆိုတော့ ငယ်ဘဝ အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။...
Vithaikkaran (2024) ⭐IMDB: 8.0/10 (200 Votes) 🎬 #Bollywood #Comedy #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vithaikkaran (2024) IMDb 8.1/10 ရရှိထားပြီး ဘောလ်ဝုဒ်ရုပ်ရှင်ပရိသတ်ကြီးတို့သဘောကျစေမဲ့ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကတော့ မင်းသား Sathish ရဲ့ တွေ့နေကျ ဟာသကားတွေကနေကွဲထွက်ပြီးပါဝင်ထားတဲ့ အက်ရှင်ကားတစ်ကားဖြစ်လို့ သူ့အတွက်တော့သရုပ်ဆောင်လမ်းကြောင်းရဲ့ အချိုးအကွေ့တစ်ခုလို့လည်း ဆိုရမှာပါ။ ငယ်စဉ်ကတည်းက မျက်လှည့်ပညာကိုကြိုက်ပြီး‘ လိမ်တာမမှားဘူး လိမ်ခံရတာကမှ မှားတာ’ ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ မျက်လှည့်ပညာရှင်ဖြစ်ပြီး အကြောင်းကြောင်းကြောင့်အိန္ဒိယထိပ်တန်းမှောင်ခိုဂိုဏ်းခေါင်းဆောင် သုံးယောက်နဲ့ ဇယားရှုပ်မိသွားတဲ့မင်းသား။ ဒီဂိုဏ်းခေါင်းဆောင်သုံးယောက်ကို သတင်းလိုက်နေတဲ့ ဂျာနယ်လစ်မင်းသမီး။မတော်တဆအတိတ်မေ့သွားတဲ့ မင်းသားနဲ့ မင်းသမီးတို့တွေ့ပြီး အရှုပ်တော်ပုံကြားထဲသတိမထားမိလိုက်ခင်မှာပဲ ဝင်မိသွားပြီး ပစ်မှတ်တစ်ခုဖြစ်သွားတဲ့အခါဒီအရှုပ်တွေကို ဘယ်လိုရှင်းမလဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကိုမပျင်းတမ်းကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်...
The Uninvited (2009) ⭐TMDB: 65.0% User Score 🎬 #Drama #Fantasy #Horror 🗓 2009 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Uninvited (2009)=================IMDb – 6.3/10 ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယစိတ်ကပိုကြီးထွားလာပါတယ်။ဒီလိုနဲ့ အန်နာ နဲ့ အဲလက် တို့ညီအစ်မနှစ်ယောက် သူတို့အမေကိုသတ်တဲ့ တရားခံကိုဖော်ထုတ်ပုံကို စိတ်လှုပ်ရှား တုန်လှုပ်ဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
One Percenter (2023) ⭐IMDB: 6.2/10 (132 Votes) 🎬 #Action #Asian 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 25 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားဆိုအစစ်အမှန်တွေကိုသုံးပြီးချပြချင်တဲ့ဆန္ဒရှိနေတဲ့ အက်ရှင်မင်းသား တာခုမာတိုရှီရိုတစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်ဖို့အတွက်ကြိုးစားပုံစံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တိုရှီရိုက အက်ရှင်ကားတွေမှာ ကြိုးတွေ ကွန်ပျူတာအထူးတည်းဖြတ်မှုတွေကိုသုံးတာကို သဘောမတွေ့တာနဲ့အညီ သူကိုယ်တိုင် အက်ရှင်လောကကိုပြောင်းလဲဖို့ကြိုးစားပါတော့တယ်။ သိုင်းနည်းနာတွေ ၁၀ နှစ်ကျော်သင်ယူပြီးတဲ့နောက်မှာ အာခီရာဆိုတဲ့ သူ့အပေါ်လေးစားအားကျတဲ့တပည့်လေးတစ်ယောက်နဲ့ဆုံဖြစ်သွားတယ်။ အဲမှာပဲ တိုရှီရိုဟာ အာခီရာနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အက်ရှင်ကားစစ်စစ်ကိုဖန်တီးဖို့အတွက် ဆရာတပည့်နှစ်ယောက် လူမနေတဲ့ကျွန်းကြီးပေါ်မှာ ရုပ်ရှင်ရိုက်ကူးဖို့သွားလိုက်တဲ့အခါမှာ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Flying Scrap Car (2024) ⭐TMDB: 0.0% User Score 🎬 #Comedy 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 46 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကိုပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကိုပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။ သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့်တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံးပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။ နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့်အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်...
Art of War (2024) ⭐TMDB: 0.0% User Score 🎬 #Action #Drama 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 10 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဉာဏ်များပြီး ရက်စက်တဲ့မူးယစ်ရာဇာကြီးနဲ့ အထူးသူလျှိုအဖွဲ့လေးတို့ကြားကဗျူဟာချင်းပြိုင်ကြတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။အစိုးရအကြီးပိုင်းတွေကိုထိန်းချုပ်ထားပြီး ထင်ရာစိုင်းနေတဲ့မူးယစ်ရာဇာကြီးကိုမြေအောက်သမ္မလို့တောင်ခေါ်ကြပါတယ်။ သူ့ရဲ့အာဏာကြီးတာကြောင့်သူကျူးလွန်ခဲ့တဲ့ရာချီတဲ့ပြစ်မှုတွေရှိပေမယ့် ရဲဘက်ကဘာမှမလုပ်နိုင်ခဲ့ပါဘူး။ တစ်နေ့မှာတော့ မူးယစ်ဆေးဖော်စပ်သူတစ်ယောက်ဟာ တရားရုံးမှာသက်သေအဖြစ်ထွက်ဆိုဖို့သဘောတူလာတဲ့အတွက်မူးယစ်ရာဇာကိုဖြုတ်ချဖို့အခွင့်အရေးရလာပါတယ်။ ဒါပေမယ့်လဲသက်သေကို တရားရုံးပေါ်မရောက်နိုင်အောင် အမျိုးမျိုးလုပ်ကြံခဲ့တဲ့အတွက်သက်သေရော စခန်းမှူးတစ်ယောက်ပါသေဆုံးသွားခဲ့တယ်။ သူတို့ကိုစောင့်ရှောက်ပြီးပို့ရတဲ့အဖွဲ့ဟာ ဒီအမှုရဲ့တရားခံအဖြစ်တရားစွဲခံရပြီးထောင်ကျသွားခဲ့ပါတယ်။ ဒီအဖွဲ့လေးကိုသေဒဏ်ချမှတ်ခံရတဲ့အခါဒီလိုပဲ လည်စင်းပြီးခံကြရတော့မှာလား……မခံချင်စိတ်တွေနဲ့ ထောင်ကထွက်ပြေးလာပြီးဒီအမှုနောက်ဆက်လိုက်တော့ မထင်ထားတဲ့အဖြေတွေကိုရှာတွေ့သွားကြတဲ့အခါ...
Apples Never Fall (2024) ⭐TMDB: 77.0% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #Australia #UnitedKingdom #UnitedStatesofAmerica ⏰ 51 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apples Never Fall (2024) Family dramaကြိုက်တဲ့ CMပရိသတ်တို့အတွက် IMDb 6.9 ရထားတဲ့ peacock tv ရဲ့drama mysteryဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ငွေကြေးချမ်းသာပြီး West Palmရဲ့ဂုဏ်သရေရှိမိသားစုလည်းဖြစ်တဲ့ တင်းနစ်သင်တန်းကျောင်းဖွင့်ထားတဲ့ ဒလန်နီမိသားစုထဲကအရှုပ်အရှင်းတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မြို့ရဲ့မျက်နှာဖုံး ဂုဏ်သရေရှိ တင်းနစ်ချန်ပီယံ ဂျွိုင်းနဲ့စတန်တို့မှာထရွိုင်း လိုဂန် ဘရွတ်ခ်နဲ့ အေမီဆိုတဲ့ သားသမီး ၄ ယောက်ရှိပြီးအောင်မြင်တဲ့ တင်းနစ်သင်တန်းကျောင်းကြီးကို ဦးစီးနေကြတာပေါ့။သားသမီး ၄ ယောက်ထဲမှာ အဖေနဲ့အမေလို တင်းနစ်ပါရမီပါတဲ့သူတွေရှိပေမဲ့လည်း ဘယ်သူမှ တင်းနစ်သင်တန်းကျောင်းကိုဦးစီးမယ့်သူမရှိလေတော့ သူတို့အနားယူချိန်မှာ သင်တန်းကြီးကိုပိတ်လိုက်ရတာပေါ့။လူတိုင်းက အလုပ်လုပ်နေရချိန်မှာတော့ ပင်စင်ယူချိန်အနားယူချိန်ကိုတမ်းတနေတတ်ကြပြီး အနားယူရင် ဘာလုပ်မယ်ညာလုပ်မယ် ကြိုတင်စီစဉ်နေပေမဲ့ တကယ်တမ်းပင်စင်ယူရချိန်မှာတော့ ရင်ထဲဟာပြီး အလိုမကျဖြစ် စိတ်ဆတ်တတ်ကြပါသတဲ့။ဂျွိုင်းနဲ့စတန်တို့လည်း ဒီလူတွေထဲမှာ အပါအဝင်ပါပဲ။ ယှဉ်ပြိုင်လိုစိတ်များပြီး တသက်လုံးအလုပ်နောက်လိုက်နေခဲ့တဲ့ စတန်နဲ့ဂျွိုင်းတို့အချိန်တန်ပင်စင်ယူချိန်ရောက်တော့လည်း သားသမီး ၄ ယောက်ကအဖေနဲ့အမေအပေါ် နွေးနွေးထွေးထွေး မရှိကြပါဘူး။အမြဲတမ်း miss callမြင်ရင် ဖုန်းပြန်မခေါ်တာမျိုး စာမပြန်တာမျိုးမရှိတဲ့ ဂျွိုင်းတစ်ယောက် စာမပြန်ချိန် ဖုန်းမကိုင်ဖြစ်ချိန်မှာတော့သားသမီး ၄ ယောက် စပြီးတော့ စိတ်ပူပြီး အဖေ့ကိုဖုန်းဆက်၊အဖေကလည်း အမေပျောက်နေတဲ့အကြောင်းကို လိမ်ပြီးလှည့်ပတ်ပြောနေလို့စုံစမ်းရာကနေ အမေပျောက်နေတာ ၄ ရက်ရှိပြီဆိုတာနဲ့အမေမပျောက်ခင်မှာ သူတို့အိမ်မှာ ဆဗန်နာဆိုတဲ့မိန်းကလေးတစ်ယောက် အတူလာနေသွားတာကို သိလိုက်ရချိန်မှာတော့….နွေးထွေးမှုတွေပျောက်ဆုံးနေတဲ့ မိသားစုပီပီ ခပ်တန်းတန်းနေခဲ့ရာကနေတကယ်တမ်း အမေပျောက်သွားတော့မှ လိုက်စုံစမ်းရင်းနဲ့မှဘာလျှို့ဝှက်ချက်တွေ ထွက်လာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။...
X-Men '97 (2024) ⭐TMDB: 87.0% User Score 🎬 #Animation #Action #Adventure #SciFi #Fantasy 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 31 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 X-Men ’97 (2024)1992 ကနေ စပြီး နာမည်ကြီးခဲ့တဲ့ X-Men: The Animated Series ရဲ့အဆက်အဖြစ် ထွက်ရှိလာတဲ့ ကာတွန်းစီးရီးအသစ်ပါ။ အရင်ဇာတ်လမ်းနဲ့ ဆက်စပ်တာလေးတွေပါပေမဲ့ ဇာတ်လမ်းထဲကဒိုင်ယာလော့တွေနဲ့ ရှင်းပြသွားတာမို့ အဟောင်းတွေကိုမကြည့်ဘဲ ကြည့်လို့ရပါတယ်။ဇာတ်လမ်းကောင်းကောင်း ရုပ်ထွက်ကောင်းကောင်းမို့စူပါဟီးရိုးဖန်တွေ အကြိုက်တွေ့မှာပါ ဇာတ်လမ်းအကျဉ်းရုပ်ရှင်တွေထဲကအတိုင်းပါပဲ လူတွေထဲမှာ သန္ဓေပြောင်းလူသားတွေကိုကြောက်လန့်ပြီး ရှင်းပစ်ချင်နေကြတာတွေရှိကြတယ်။သန္ဓေပြောင်းတွေထဲမှာလို မဂ္ဂနီတိုတို့လို လူတွေကိုအနိုင်ယူချင်တာတွေရှိတယ်။ ဒါပေမဲ့ ချားစ် ဇေးဗီးရားရဲ့ X-Men အဖွဲ့တွေဟာလူတွေနဲ့ သန္ဓေပြောင်းလူသားတွေကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ တိုက်ခိုက်ကြိုးစားပေးနေကြဆဲပါပဲ။ဒီ စီးရီးကတော့ ချားစ် ဇေးဗီးယားကို လုပ်ကြံခံရပြီးနောက်ပိုင်းဆိုက်ကလော့ က X-Men တွေကို ဦးဆောင်ပြီးစစ်ဆင်ရေးတွေ ဆက်လုပ်နေချိန်မှာ ချားစ်ဟာမသေခင် X-Menတွေကို ဦးဆောင်ဖို့ ဘယ်သူမှမထင်ထားတဲ့ မဂ္ဂနီတိုကို တာဝန်ပေးခဲ့တာကို သိခဲ့ရပါတယ်။လူ့ဂွစာ ရန်သူ/မိတ်ဆွေဟောင်း မဂ္ဂနီတိုနဲ့ X-Men တွေဘာ အန္တရာယ် အသစ်တွေကို ရင်ဆိုင်ကြမလဲ ဒီစီးရီးမှာတွေ့ရမှာပါ။အပိုင်းဆယ်ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် တင်ဆက်သွားမှာပါ။...
Operation Valentine (2024) ⭐IMDB: 5.4/10 (313 Votes) 🎬 #Action #Bollywood #Drama #Thriller #War 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Operation Valentine (2024)ပရောဂျက်ဗာဂ်ျရာ IMDb-5.5/10 Rotten tomatoes/71% ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက်တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ် Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ် အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက်အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီးမစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့်တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ်သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ် အာဟာနာကတော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ် အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်ကဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရောတာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Trigger Point (2022- ) ⭐IMDB: 6.5/10 (8 k Votes) 🎬 #Crime #Drama #Action #Mystery #Thriller 🗓 2022- 🎞 tv series 🌎 #UnitedKingdom ⏰ 45 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trigger Point (2022) (Season 01 + 02 Complete)Trigger Point (2022) (Season 01 + 02 Complete) ~ IMDb – 6.2/10, Rotten Tomatoes- 80% ~ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ဖျက်တဲ့ အဖွဲ့တွေရဲ့ အားပြိုင်မှုတွေအကြောင်း ဇာတ်လမ်းပေါင်းများစွာကြည့်ဖူးပြီးလောက်ပါပြီ။ ဒီတစ်ခါတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ထောင်တဲ့ဗုံးတွေကို ဖြုတ်ချည်ရှင်းချည်လုပ်ရတဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ကြားက အားပြိုင်မှုအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုထွက်လာပါတယ်။ လာနာဝါရှင်တန်လို့ခေါ်တဲ့ စစ်သမဟောင်းနဲ့ အာဖဂန်စစ်ပွဲစစ်မှုထမ်းဟောင်းဟာ လန်ဒန်က ဗုံးရှင်းလင်းရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်လာပါတယ်။ သူ့အတွေ့အကြုံတွေ စကေးတွေကိုသုံးပြီး အကြမ်းဖက်ဗုံးထောင်သူတွေနဲ့ ဗုံးတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတယ်။ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်တွေနဲ့ သူတို့ရဲ့ အတွေ့အကြုံကြားက ဉာဏ်ကစားကြတာတွေကိုလည်း တွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ဗုံးရှင်းလင်းရေးအဖွဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်တွေ ဗုံးရှင်းလင်းရေးတွေအကြောင်း အသေးစိတ် သေချာတွေ့မြင်ရမှာဖြစ်ပြီး လက်ရှိမှာ Season 1 ထွက်ရှိထားပြီး ၆ပိုင်းသာပါရှိပါတယ်။ Season 2 ဆက်လက်ထွက်ရှိလာမယ်လို့လည်း အတည်ပြုပြီးဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်။)...
Gayuma: Sana'y Mahalin Mo Rin Ako (1996) ⭐TMDB: 10.0% User Score 🎬 #Adult #Drama 🗓 1996 🎞 movie 🌎 #Philippines ⏰ 1 နာရီ 39 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gayuma (1995) လင်းန်ဆိုတာက နယ်မြို့သူလေးတစ်ယောက်ဖြစ်ပြီး မိခင်နဲ့အတူနေထိုင်ပါတယ်။ အိပ်မက်အကြီးကြီးတွေရှိတဲ့ လင်းန် အမြဲတမ်းစိတ်ကူးယဉ်နေတာက တစ်ချိန်က သူတို့သားအမိကိုပစ်ပြေးပြီး ပြည်တော်ပြန်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဖခင်ဖြစ်သူဆီကိုလိုက်သွားပြီး အခြေချနိုင်ဖို့ပါ။ လစ်ဒီယာကတော့ မြို့တော်ကြီးရဲ့ ဆင်းရဲသားရပ်ကွက်တစ်ခုမှာနေထိုင်ပါတယ်။ အစပိုင်းမှာ ချစ်ခင်လို့လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖြစ်ပေမဲ့ ကလေးမရနိုင်တာကိုသိသွားတဲ့နောက် ခင်ပွန်းဖြစ်သူက သူ့ထက် လောင်းကစားဘက်ကို ပိုစိတ်ဝင်စားပြီး အမြဲအချိန်ကုန်တတ်ပါတယ်။ ဒီအတွက် လစ်ဒီယာက ခင်ပွန်းဖြစ်သူရဲ့အချစ်ကိုပြန်ရဖို့အတွက် အထက်လမ်း အောက်လမ်း နည်းမျိုးစုံနဲ့ ကလေးရဖို့ ကြိုးစားနေပါတယ်။ ဘာတစ်ခုမှအဆက်အစပ်မရှိတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ဘ၀တွေဟာ စွန့်စားပြီးမြို့တက်လာခဲ့တဲ့ နယ်သူလေး လင်းန်တစ်ယောက် မြို့မှာ ဒုက္ခတွေဆင့်ကဲ ဆင့်ကဲတွေ့ကြုံရာကနေ လစ်ဒီယာရဲ့ စာနာကယ်တင်မှုကိုခံလိုက်ရချိန်မှာတော့ အပြောင်းအလဲတွေကြုံရဖို့ဖြစ်လာပါတော့တယ်။ လင်းန်ရဲ့ အမေရိကန်အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မလား… လစ်ဒီယာရဲ့ လင်ချစ်ဆေးဖော်တဲ့ မစ်ရှင်အောင်မြင်နိုင်မှာလား… အစရှိတာတွေကို အဲဒီခေတ်က ဖိလစ်ပိုင်ရဲ့နောက်ခံအခင်းအကျင်းပေါင်းစုံနဲ့ ရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Road House (2024) ⭐IMDB: 6.3/10 (22 k Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီး UFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။ တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့ Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာ UFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကို လေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာ ဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီး လမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။ တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင် ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့ လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့ သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင် မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင် လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့ လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။ 4K ကိုတော့www.cmapp.tvမှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။...
The Last Legion (2007) ⭐TMDB: 56.0% User Score 🎬 #Action #Adventure #History #Fantasy #War 🗓 2007 🎞 movie 🌎 #Bulgaria #France #Italy #Slovakia #Tunisia #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်း ရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့ The Last Region ဝတ္တုကို အခြေခံထားပါတယ်။ Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီး Aishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစု ဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့ အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာ မြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ် နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာ အကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူး Aurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေ လွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေ လက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါး တပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီး ဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။...
