ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Second Act (2024) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 21 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Second Act aka Le Deuxième Acts(2024) ဘဝအသစ်စတင်ခြင်း အချစ်ဟာသကားလေးကိုမှကြိုက်တယ်ဆိုတဲ့လူတွေအတွက် ၂၀၂၄ ထွက်ပြင်သစ်ဟာသကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB – 6.7/10 ရရှိထားတဲ့အပြင် ၂၀၂၄ ခုနှစ်၊မေလကကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ရုပ်ရှင်အဖြစ်ပြသခြင်းခံထားရတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။ မိန်းမကျမ်းကြေပြီး မိန်းမတစ်ကာကိုထည်လဲတွဲနေတဲ့ ရုပ်ချောရေလျှံ ဒေးဗစ်တစ်ယောက်..သူ့ကိုတမ်းတမ်းစွဲချစ်ပြီး ဖခင်ဖြစ်သူနဲ့ပါ မိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ကိုအဆက်အသွယ်ဖြတ်ဖို့လုပ်ပေမယ့် မအောင်မြင်လို့ သူငယ်ချင်းဖြစ်သူဝီလီကိုအကူအညီတောင်းခဲ့ပါတယ်။ ဝီလီက ဒေးဗစ်လိုရုပ်ချောရေလျှံတစ်ယောက်တော့မဟုတ်ပေမယ့်သူငယ်ချင်းဖြစ်သူကအကူအညီတောင်းလာတာကြောင့်အကူအညီပေးဖို့လက်ခံခဲ့ပါတော့တယ်။ အဆက်အသွယ်ဖြတ်ဖို့ကြိုးစားနေတဲ့ ဒေးဗစ်နဲ့ ဖခင်ဖြစ်သူနဲ့ပါမိတ်ဆက်ပေးဖို့လုပ်နေတဲ့ဖလောရန့်ရဲ့ကြားမှာ ဝီလီတစ်ယောက် ဘယ်လိုဆက်ဖြစ်ပြီးဘယ်လိုအလွဲတွေကြုံရမလဲဆိုတာကိုရိုက်ကူးထားတဲ့ပြင်သစ်ဟာသကားလေးတစ်ကားဖြစ်လို့ ကြည်ရှုအားပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Team က ရေးသားပေးထားတာပဲဖြစ်ပါတယ်)
...

Jade (1995) ⭐TMDB: 54% User Score 🎬 #Crime #Drama #Thriller #Mystery 🗓 1995 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jade (1995) ဒီဇာတ်ကားကို ကြည့်မိတော့ မင်းသမီး ရှရွန်စတုံးပါတဲ့Basic Instinctဇာတ်ကားကို တန်းသတိရမိတာပါပဲ။ ပုံစံချင်းဆင်သလို ကြည့်ရတဲ့ Vibe ကလည်း တူတူလိုပါပဲ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းသုံးယောက်ရှိတယ်။ တစ်ယောက်က အစိုးရရှေ့နေ၊ တစ်ယောက်က ရှေ့နေနဲ့ သူတို့ကြိုက်တဲ့ ကောင်မလေး။ သူတို့သုံးယောက်က အဓိကဇာတ်ကောင်တွေပါပဲ။ ရှေ့နေနဲ့ ကောင်မလေး ညားသွားတယ်။ အစိုးရရှေ့နေကလည်း ကြိုက်နေတုန်းပဲ။ ရှေ့နေနှစ်ယောက်ကလည်း သူငယ်ချင်းဖြစ်နေကြတုန်းပါပဲ။ နည်းနည်းတော့ တစ်မျိုးကြီးပေါ့။ ဇာတ်လမ်းကတော့ ကောင်မလေးနဲ့ ရင်းနှီးတဲ့သူတစ်ယောက် အသတ်ခံရတာကနေ စပါတယ်။ အဲဒီလူသတ်မှုကို အစိုးရရှေ့နေက လိုက်ရင်းနဲ့ ဂျိတ်ဒ်ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်နေတာကို တွေ့လာရပြီး ဆက်စုံစမ်းရင်း ဂျိတ်ဒ်က သူ့ရဲ့ တစ်ဖက်သတ်ချစ်ရသူမိန်းကလေးဖြစ်နေတဲ့အချိန်မှာတော့… ခပ်အေးအေးပေမဲ့ သိပ်ပျင်းစရာမကောင်းတဲ့ စုံထောက်ကားလေးပါ။ Twist လေး နည်းနည်း၊ အညှီအဟောက်လေး နည်းနည်းပါပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Munda Southall DA (2023) ⭐IMDB: 6.4/10 (221 Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #India #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Munda Southall Da (2023)“အမြဲတမ်း” IMDb 6.4 ရင်ကိုအေးစေမယ့် ပန်ဂျာဘီအချစ်ဟာသကားလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ပုံမှန်မြင်တွေ့နေကျ ပန်ဂျာဘီကားတွေလို ခေါင်းပေါင်းတွေနဲ့ မဟုတ်ဘဲUK က အိန္ဒိယပြောင်းရွှေ့ရပ်ကွက်လို နေရာမျိုးမှာ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရိုးရိုးလေးပါပဲ အာဂျွန်က ဘော်ဒါနှစ်ယောက်နဲ့ ပေါင်းပြီးခြေဦးတည့်ရာသွား မိဘပိုက်ဆံလက်ဖြန့်တောင်းပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသူတစ်ယောက်ကောင်မလေးတွေကို သိပ်ဂရုမစိုက်တတ်တဲ့ အာဂျွန် ပါတီညတစ်ညမှာပြဿနာတက်နေရာကနေ ကောင်မလေးတစ်ယောက်က သူ့ကိုကူညီပေးခဲ့တယ် သွက်လက်ချက်ချာပြီး ရဲရဲဝံ့ဝံ့ရှိတဲ့ ကောင်မလေးက သူ့အသည်းနှလုံးကိုလှုပ်နှိုးနိုင်ခဲ့တယ်ပေါ့ ထိုမှတဆင့် နောက်ထပ်အဆင့်တက်လာတဲ့အခါမှာဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ဆိုတာကတော့ ပရိသတ်ကြီးပဲ ခံစားကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Fruitcake (2024) ⭐IMDB: 7.1/10 (17 Votes) 🎬 #Comedy #Romance #Music #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fruitcake 2024 (သီးစုံကိတ်)Genre – Comedy, Romance ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့ကလူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများအချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီးဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။ မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲမသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
...

Creeping Death (2023) ⭐IMDB: 3.7/10 (156 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၀ လပိုင်းကျရင်ကျရောက်မဲ့နှစ်တစ်နှစ်တာရဲ့မကောင်းဆိုးဝါးတွေ နာနာဘာ၀တွေမြူးထူးတဲ့ ဟောလိုးဝင်းညနီးလာပြီဆိုတော့ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေကြည့်ရှုဖို့ အချိန်ကျလာပါပြီ။အဲ့ဒီဇာတ်ကားတွေထဲကမှ Terrifier တို့ Texas Chainsaw တို့လို ရှယ်ကြမ်းတဲ့သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ အများကြီးပါတဲ့ အသစ်ထွက်ရှိထားတဲ့ Creeping Death ဆိုတဲ့ ဟောလိုးဝင်းသည်းထိပ်ရင်ဖိုကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအနေအထားနဲ့ရိုက်ကူးထားတဲ့ပုံစံတွေကအရမ်းကြီးမဆိုးတဲ့အတွက် အပျင်းပြေဟောလိုးဝင်းသည်းထိပ်ရင်ဖို ဇာတ်ကားကြည့်ချင်ရင်တော့ ရွေးချယ်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တင်မ်ဆိုတဲ့ကောင်လေးက ဟောလိုးဝင်းနေ့မှာမနက်ကတည်းက အိမ်အလှဆင်ဖို့အတွက် ဟောလိုးဝင်းသင်္ကေတရွှေဖရုံသီးတွေ သွားယူနေရတာနဲ့အလုပ်ရှုပ်နေပြီး ညနေကျရင်သူငယ်ချင်းတွေနဲ့ လျှောက်ဒိုးဖို့ချိန်းထားပါတယ်။ဖြစ်ချင်တော့ အမေဖြစ်သူကလူမမာ ဖြစ်နေပြီး အဖေကလည်းညဖက်အလုပ်ဆင်းရမှာဖြစ်တဲ့အတွက် အိမ်မှာအမေ့ကိုကြည့်ပေးပြီးကျန်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့အခွင့်အရေးကိုဆုံးရှုံးလိုက်ရပြီလို့ ထင်နေပေမဲ့ သူ့သူငယ်ချင်းတွေကသူ့အိမ်ကိုပြဿနာတွေသယ်ချ လာပါတော့တယ်။စစချင်းတော့သူတို့ကိုယ်သူတို့ပြဿနာသယ်လာမိမှန်း မသိဘဲပျော်ပါးနေကြပေမဲ့ သူတို့မြို့လေးရဲ့ဟောလိုးဝင်းက လူသေဆုံးမှုတွေ လူပျောက်မှုတွေအများကြီးဖြစ်နေပြီး သူတို့ဆီကိုဦးတည်လာတဲ့အခါမှာတော့ တင်မ်တို့သူငယ်ချင်းတစ်သိုက် ကြောက်စရာညကို ဘယ်လိုကျော်ဖြတ် ရမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။
...

Empire Queen: The Golden Age of Magic (2024) ⭐IMDB: 3.0/10 (160 Votes) 🎬 #Adventure #Comedy #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 29 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Low Budget ဇာတ်ကားတစ်ကားဆိုပေမဲ့ ကြည့်လို့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ မှော်ကား ကောင်းကောင်လေး ကြည့်ချင်နေသူအတွက် ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မှော်ပညာကို အသုံးပြုခွင့်ပိတ်ပင်ခံထားရတဲ့ အင်ပါယာတိုင်းပြည် အကြောင်းကို ရှုခင်းလှလှလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတာတဲ့ ဖြစ်တဲ့အတွက် မိသားစုနဲ့ ကြည့်တာပဲဖြစ်ဖြစ် .. ဘယ်သူနဲ့ပဲ ကြည့်ကြည့် လုံးဝ အဆင်ပြေပါတယ်။ ဆိုးယုတ်တဲ့ ဘုရင်မ တစ်ယောက်ကို ဖြုတ်ချဖို့အတွက် လူသုံးယောက်က နတ်သိကြားမှော်တုတ်တံကို ရှာကြရင်း ဘယ်လို စွန့်စားခန်းတွေ .. နဂါးတွေ .. ရန်သူတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ခံစားကြပါတော့။
...

Raghu Thatha (2024) ⭐IMDB: 6.5/10 (135 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Raghu Thatha (2024) “အရိုင်းပန်းပုံပြင်”=============================== နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်းဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာမဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့…။ ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
...

Shoshana (2023) ⭐IMDB: 6.4/10 (399 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #Italy ⏰ 2 နာရီ 1 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ဇာတ်ကားလေးကတော့ ဒုတိယကမ္ဘာစစ်မစတင်ခင်အချိန်နဲ့ ဒုတိယကမ္ဘာစစ်ပြီးကာလကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်တွေအတွင်း ပါလက်စတိုင်းကို စတင်အခြေချရွှေ့ပြောင်း လာခဲ့ကြတဲ့ ဂျူးလူမျိုးတွေနဲ့ ဒေသခံအာရပ်လူမျိုးတွေအကြား တင်းမာမှုတွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝီလ်ကင်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒေသတွင်းက အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ တာဝန်ယူထားရသူဖြစ်ပါတယ်။ တယ်အာဗိ ဒေသတွင်းမှာ ဂျူး နဲ့ အာရပ် မြေအောက်တော်လှန်ရေးအဖွဲ့ အစည်းတွေအများကြီးခြေရှုပ်နေကြပြီး အချင်းချင်းလည်း လုပ်ကြံ သတ်ဖြတ်ကြသလို အုပ်ချုပ်သူ ဗြိတိသျှတွေပါ မထင်ရင်မထင်သလို လုပ်ကြံခံနေရတဲ့အခြေအနေလည်းဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ ရှိုရှားနားလို့ခေါ်တဲ့ ဂျူးအမျိုးသမီး နဲ့ ဝီလ်ကင်ဆိုတဲ့ ဗြိတိသျှရဲအရာရှိတစ်ယောက်ရဲ့ အချစ်ရေးနဲ့ နိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ဂျူး-အာရပ်-ဗြိတိသျှ ပဋိပက္ခတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။
...

Angel Has Fallen (2019) ⭐IMDB: 6.4/10 (113 k Votes) 🎬 #Action #Thriller 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ….ဒီမှာhttps://www.channelmyanmar.to/?s=has+fallenကြည့်လို့ရပါတယ်။ +++++++++++ Angel Has Fallen (2016) IMDB: 6.4 / Rotten Tomatoes: 38%Genre: Action/Thriller Has Fallen ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီးတော့ ရှေ့ကကားတွေနဲ့မတူဘဲရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့်လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင်အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေေ၀ဆာဆာပါသလို သုံးထားတဲ့လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်းအကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး
...

London Has Fallen (2016) ⭐IMDB: 5.9/10 (172 k Votes) 🎬 #Action #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedKingdom #Bulgaria #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ….ဒီမှာhttps://www.channelmyanmar.to/?s=has+fallenကြည့်လို့ရပါတယ်။ +++++++++++ London Has Fallen (2016) IMDB: 6.0 / Rotten Tomatoes: 28%Genre: Action/Thriller Has Fallen ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီးတော့ ပထမရုပ်ရှင်က ဇာတ်ကောင်တွေနဲ့ပဲ ဆက်လက်ရိုက်ကူးထားပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့……လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်ကသူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲတစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ကဲ မိုက်ခ်နဲ့သူ့သမ္မတတို့ကတော့ ဒုတိယအကြိမ်ထောင်ခြောက်ထဲ ရောက်ရှိလာခဲ့ပြီ…ဘယ်လိုတွေအကြမ်းအရမ်းတွေနဲ့ သမ္မတကိုကယ်တင်ရမလဲဆိုတာ
...

Olympus Has Fallen (2013) ⭐IMDB: 6.5/10 (295 k Votes) 🎬 #Action #Thriller 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ….ဒီမှာhttps://www.channelmyanmar.to/?s=has+fallenကြည့်လို့ရပါတယ်။ +++++++++++ Olympus Has Fallen (2013) IMDB: 6.5 / Rotten Tomatoes: 50%Genre: Action/Thriller Olympus Has Fallen (2013) ကတော့ Has Fallen ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီးတော့ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့…မိုက်ခ်ဆိုတာကတော့ သမ္မတကြီးရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ရာသီဉတုအရမ်းဆိုးတဲ့ညတစ်ညမှာ ပွဲတစ်ခုကိုလိုက်ပို့ရင်း ကံမကောင်းအကြောင်းမလှတော့ သမ္မတကတော်အသက်ဆုံးခဲ့ရပါတယ်။အဲဒါကြောင့် မိုက်ခ်ဟာလည်း ရာထူးမှနှုတ်ထွက်ခဲ့ပြီး ဌာနတစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားသံအမတ် လီနဲ့သမ္မကြီးအက်ရှာတို့ဟာ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်မှာမြောက်ကိုရီးယားစစ်ရေးပြင်နေတာကိုတားဆီးမယ့်ကိစ္စကို အိမ်ဖြူတော်မှာဆွေးနွေးနေခဲ့ပါတယ်။အဲဒီအချိန်မှာ အမည်အသိ လေယာဉ်တစ်စင်းဟာ အမေရိကန်လေပိုင်နက်ထဲကိုရောက်လာခဲ့ပါတယ်။အိမ်ဖြူတော်အတိုက်ခိုက်ခံလိုက်ရပါပြီ။ကျန်တာတွေကတော့ ဆက်လက်ခံစားကြည့်လိုက်ကြပါ…မိုက်ခ်ဘန်းနင်းအဖြစ် မင်းသား Gerard Butlerသမ္မတ အက်ရှာအဖြစ် မင်းသား Aaron Eckhartယာယီသမ္မတအဖြစ် မင်းသားကြီး Morgan Freeman တို့မှ သရုပ်ဆောင်ထားပါတယ်။
...

Reveillon (2023) ⭐IMDB: 7.3/10 (69 Votes) 🎬 #Comedy #Drama #History 🗓 2023 🎞 movie 🌎 #Slovakia #Canada ⏰ 1 နာရီ 42 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချက်ကိုစလိုဗက် နိုင်ငံကနေ ကတ္တီပါ တော်လှန်ရေးလို့ နာမည်ရတဲ့ Velvet Revolution ကို ၁၉၈၉ မှာ စတင်ခဲ့ပြီးတဲ့နောက်မှာ ၁၉၉၂ ခုနှစ် ကုန်ခါနီးပိုင်းမှာ ချက်ရီပတ်ဘလစ်နိုင်ငံနဲ့ စလိုဗက်ကီယား နိုင်ငံတို့ ငြိမ်းချမ်းစွာနဲ့ ခွဲထွက်ခဲ့ကြပါတယ်။ အဲဒီခေတ်ကာလ အတောအတွင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ မိသားစု ဒရာမာ ဇာတ်ကားလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ခွဲထွက်မှု မတိုင်ခင်က ကွန်မြူနစ်တွေ ကြီးစိုးတဲ့ ကာလဟာ ဘာသာရေး သက်ဝင်ယုံကြည်မှုတွေကို အပြင်းအထန်ရှုတ်ချပြီး ရိုမန်ကတ်သလစ် ဘာသာဝင်တွေကို နှိပ်ကွပ်ခံခဲ့ရတဲ့ ကာလဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားမှာ နိုင်ငံခွဲထွက်မှုမတိုင်ခင် နှစ်သစ်ကူး ကာလကို မိသားစုစုံညီ အတူ ကျင်းပပျော်ရွှင်ဖို့ လုပ်နေကြရင်း ကွန်မြူနစ်အခြေပြု စုံစမ်း ထောက်လှမ်းရေး အဖွဲ့ STB လို့ခေါ်တဲ့ လျှို့ဝှက်တပ်ဖွဲ့ရဲ့ Informer သတင်းပေးအဖြစ် လုပ်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူအကြောင်းကို အထောက်အထားနဲ့ သိလိုက်ရတဲ့ အချိန်မှာ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုမျိုး ခံစား ဖြေရှင်းကြမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။
...

Escape (2023) ⭐IMDB: 4.9/10 (943 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Escape (2024) ဘဝမှာ ထင်မှတ်မထားတာတွေက အချိန်မရွေးဖြစ်တတ်တာပါ.. ပုံမှန်ဖြစ်နေကျ နစ္စဓူဝချည်းပဲဆိုလည်း သိပ်ကိုပျင်းဖို့ကောင်းနေမှာပါ.. စွန့်စားမှုတွေ ရင်ခုန်ရမှုတွေနဲ့မှ ဘဝဆိုတာ ပြည့်စုံတာပဲမို့ ချောချောလှလှမိန်းကလေးဆယ်ယောက် လူကုန်ကူးခံရတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင် လုပ်သွားမလဲ ဘယ်လိုတွေဉာဏ်သုံးကြမလဲ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။
...

The Spirit of the Beehive (1973) ⭐TMDB: 76% User Score 🎬 #Drama #Fantasy 🗓 1973 🎞 movie 🌎 #Spain ⏰ 1 နာရီ 38 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်ဆိုတာ ကြည့်ရှုသူတွေရဲ့အပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတတ်ကြပါတယ်……တကယ်မဟုတ်မှန်းသိပေမဲ့ ငိုကြရတယ် ပျော်ကြရတယ် ကြောက်ကြတယ် ခံစားချက်မျိုးစုံ အစုံအလင်ကို ခံစားကြတာပါပဲ…..ကြောက်ရွံ့မှုတွေ ထိတ်လန့်မှုတွေဆို ညဘက်တွေ အိပ်မက်ဆိုးမက်တဲ့အထိကို စွဲသွားစေတတ်တာပါ….အဲဒါကြောင့် တချို့ ရုပ်ရှင်တွေမှာ အသက်ကန့်သတ်ချက်နဲ့ ဘယ်နှနှစ်အောက်မကြည့်ရဆိုတဲ့ သတိပေးကြေညာချက်လေးတွေပါတတ်ပါတယ်…..လူကြီးတွေအနေနဲ့ကလည်း အဲဒါလေးတွေကို သေချာစူးစမ်းပြီးမှ မိမိကလေးကို ရုပ်ရှင်တကားပြသသင့်တာပါ….. ဒီကားလေးကတော့ ကြောက်မက်ဖွယ်ရာရုပ်ရှင်ကားတစ်ကားကို ကြည့်မိရာကနေ စိတ်ကူးယဉ်ကမ္ဘာတစ်ခုဖန်တီးမိသွားတဲ့ ၇နှစ်အရွယ်ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားလေးပါပဲ…..သင်ခန်းစာယူစရာတွေ ဖြစ်တတ်တဲ့သဘောတွေ တွေ့ရမှာဖြစ်တာကြောင့် ကြည့်ရှုခံစားစီးမျောလိုက်ကြပါဦးလို့
...

Uglies (2024) ⭐IMDB: 5.0/10 (3 k Votes) 🎬 #Action #Adventure #Drama #ScienceFiction #Fantasy #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လွန်ခဲ့တဲ့ နှစ်ရာချီပေါင်းများစွာက လူသားတွေက သဘာဝလောင်စာတွေကို အလွန်အကျွံ မှီခိုခဲ့ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာပေါ်က သဘာဝရင်းမြစ်တွေ ပြုန်းတီးသွားခဲ့တယ်။ ပရမ်းပတာတွေ စစ်ပွဲတွေ ဖြစ်ကုန်တယ်။ အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတွေကို အခု ဇာတ်အိမ်တည်ထားတဲ့ အနာဂတ်မှာ ရက်စ်တီတွေလို့ ခေါ်တယ်။ ရက်စ်တီတွေ ထားခဲ့တဲ့ အရာတချို့ကနေ သိပ္ပံပညာရှင်တွေက အခြေအနေကို ကယ်တင်ဖို့ အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ပြောင်းလဲခြင်းဆိုတဲ့ စစ်ဆင်ရေး တစ်ခုပါ။ ထပ်ရှင်းရရင် ၁၆ နှစ်ပြည့်တဲ့သူတိုင် ဘဝပြောင်းလဲရေးစစ်ဆင်ရေး တစ်ခုကို မဖြစ်မနေ လုပ်ရပါတယ်။ ပြီးပြည့်စုံတဲ့လူ ဖြစ်လာဖို့ပေါ့။ ပြီးပြည့်စုံမှုရှိရင် ရက်စ်တီတွေလို ‌ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။ အရာရာတိုင်းက လှပလာမယ်ပေါ့။ တစ်နည်းပြောရရင် ပရီးတီးဆိုတဲ့ ရုပ်ရည်အရရော အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဖြစ်လာမယ်။ ပရီးတီးတွေအတွက် သီးသန့်ထားတဲ့ မြို့တော်ဆိုတဲ့ နေရာကို သွားခွင့်ရမယ်။ ဒါပေမဲ့ ပရီးတီးအဖြစ် ပြောင်းလဲရမဲ့ ၁၆ နှစ်ကို မရောက်မချင်းတော့ လူတစ်ယောက်က အားဂလီးဆိုတဲ့ ရုပ်ရှည်အရ အားနည်းချက်ရှိသူ ဖြစ်နေမှာပါ။ မြို့တော်ဆိုတဲ့ အရပ်ကို မသွားရသေးဘဲ ကျောင်းဆိုတဲ့ နေရာတစ်ခုမှာနေရင်း ကိုယ့်အလှည့်ရောက်လာဖို့ စောင့်ကြရတယ်။ တစ်ချိန်တည်းမှာပဲ ဒီကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စမုတ်လ်ဆိုတဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုက ရှိနေပါသေးတယ်။ တချို့ကလည်း ဒါကို တကယ် ရှိတယ်လို့ ယုံကြပြီး တချို့ကလည်း မယုံကြဘူးပေါ့။ ဒီအခြေအနေတွေကို လက်တွေ့မြင်တွေ့နေရသူကတော့ တယ်လီဆိုတဲ့ မျက်မှေးမလေးပါ။ သူကလည်း ပရီးတီးဖြစ်မဲ့နေ့ကို စောင့်နေတဲ့ အားဂလီး တစ်ယောက်ပါပဲ။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ပဲရစ်ဆိုတဲ့ ကောင်လေး ပရီးတီးဖြစ်သွားချိန်မှာ တယ်လီဟာ ကျောင်းမှာ အထီးကျန်ဆန်ခဲ့တယ်။ ဒါပေမဲ့ ရှေးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထပ်ခင်မင်ခွင့် ရသွားတယ်။ တယ်လီကတော့ ပရီးတီး သိပ်ဖြစ်ချင်နေချိန်မှာ ရှေးကတော့ ကျောင်းရဲ့ ထိန်းချုပ်မှုအောက်က ထွက်ပြေးပြီး စမုတ်ခ်ဆိုတဲ့ အရပ်ကို ထွက်သွားချင်ခဲ့တယ်။ တစ်နေ့ကျ တကယ်လည်း ထွက်သွားခဲ့တယ်။ ရှေးထွက်သွားအပြီး နောက်ရက်မှာ ကျောင်းကြီးကြပ်ရေးမှူးက ရှေးရှာပုံတော် မစ်ရှင်အတွက် တယ်လီ့ကို တာဝန်ပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ ကျောင်းဆိုတဲ့ အရပ်မှာ ပိတ်မိနေတဲ့ တယ်လီဟာ သူမသိခဲ့တဲ့ အမှန်တရားတွေကို တစ်စတစ်စ သိလာပြီး ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ Rating နည်းပေမဲ့ လူ့သဘာဝကို သိပ္ပံနဲ့နွယ်ပြီး ထောက်ပြထားလို့ အပျင်းပြေ ကြည့်မယ်ဆို ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ
...

Metamorphosis (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #India ⏰ 2 နာရီ 2 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roopanthara 2024 အသစ်ပြန်လည်မွေးဖွားခွင့် လူတိုင်းမွေးပြီးရင် သေရမှာပဲဆိုပေမဲ့ ဘဝမှာ ပေါက်ဖတ်လိုပဲ ပိုးအိမ်ထဲမှာပဲရှင်သန်မလားလှပတဲ့လိပ်ပြာငယ်လေးအဖြစ် လောကတစ်ခွင်မှာ လှပမလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ဒါပေမဲ့ လိပ်ပြာလိုဝံ့ကြွားနိုင်မယ့်ဘဝကို ရွေးချင်တာဆိုရင်တော့ ပေးဆပ်ရမယ့်တန်ကြေးနဲ့ အခက်အခဲတွေကတော့ရှိမှာပါပဲ။ အခုဒီရုပ်ရှင်လေးထဲမှာတော့ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲကိုရင်ဆိုင်နေရတဲ့လူလေးယောက်အကြောင်း ဇာတ်လမ်းလေးပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ ကပ်ဘေးဆိုက်ပြီး ပျက်စီးနေတဲ့‌ကမ္ဘာကြီးမှာ ကြီးနိုင်ငယ်ညှင်းဝါဒက ကြီးစိုးနေတော့အင်အားကြီးတွေက အားနွဲ့သူတွေကို လက်နက်အားကိုး ဗလအားကိုးနဲ့ အနိုင်ကျင့်နေတာပေါ့။ဒီလိုနဲ့ အဘိုးကြီးတစ်ယောက်လည်း နေရာလုရင်း အသတ်ခံရခါနီးဆဲဆဲမှာသူကပုံပြင်ပြောကောင်းသူဖြစ်ကြောင်း သူ့ရဲ့ပုံပြင်နဲ့အသက်ကိုလဲမယ်ဆိုပြီးတစ်ဖက်ကခေါင်းဆောင်ကို ပြောလိုက်တော့တာပေါ့။ ဒီလိုနဲ့ပဲ အာရေဗျတစ်‌ထောင့်တစ်ညပုံပြင်ထဲမှာ ဘုရင်ကြီးကို ပုံပြင်ပြောပြသလိုပဲအဘိုးကြီးကလည်း သေနတ်နဲ့ချိန်ခံထားရင်းနဲ့ပဲ သူ့ရဲ့ အကောင်းဆုံးပါဆိုတဲ့ဇာတ်လမ်းလေးပုဒ်ကို စပြီးပြောပြပါတော့တယ်။ သူ့အသက်နဲ့လဲနိုင်တဲ့အထိအဖိုးတန်ပါတယ်ဆိုတဲ့ ဒီဇာတ်လမ်းလေးခုက ဘာဖြစ်မလဲဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ Thura ~ BpL ~ ToMo ~ Vတို့ပဲဖြစ်ပါတယ်။)
...

Sector 36 (2024) ⭐IMDB: 7.7/10 (5 k Votes) 🎬 #Bollywood #Thriller #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sector 36 (2024) “နယ်မြေ ၃၆”IMDb – 7.5/10 12တန်းလည်းတစ်ဘုန်းဘုန်းကျ၊ လက်တစ်ဖက်ပါအဆုံးရှုံးခံပြီး ချစ်တတ်သူကြီးရဲ့ ဇာတ်ကားအသစ်ကိုNetflixကနေ ထုတ်လွှင့်လိုက်တာမို့ ဗီခရန့်အချစ်တော်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။2006ခုနှစ်က နီသာရီလူသတ်မှုများလို့ နာမည်ကြီးခဲ့တဲ့ အတွဲလိုက်လူသတ်မှုကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့မှုခင်းရုပ်ရှင်။ ရှာဟ်ဒါရာမှာ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်နေတဲ့အတွက် မိဘဖြစ်သူတွေရတက်မအေးဖြစ်နေရ။ပန်ဒေးဆိုတာ အကျင့်ပျက်ခြစားတဲ့ ရဲအရာရှိတစ်ဦး။အကျင့်တူစခန်းမှူးဖြစ်သူရဲ့ဖိနှိပ်မှုတွေကြောင့်ပန်ဒေးတစ်ယောက် အလုပ်လုပ်ရတာမလွယ်ကူခဲ့။ သူ့ကလေးဖြစ်သူပါ ပျောက်ဆုံးရချိန်မှာတော့ ပန်ဒေးတစ်ယောက် အပူမီးပွားရပါတော့တယ်။ဒီမှာပဲ တရားခံနောက်ကိုလိုက်ရင်း မထင်မှတ်ထားတာတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Berlin (2023) ⭐IMDB: 7.0/10 (349 Votes) 🎬 #Bollywood #Drama #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Berlin 2024 (ဘာလင်ကဖေး) ၁၉၉၃ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ရုရှားသမ္မတကအလည်အပတ်လာမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့အကုန်လုံးက စိတ်လှုပ်ရှားနေကြရင်း တာဝန်ရှိသူတွေကလည်း ပြင်ဆင်စရာတွေပြင်ဆင်ရင်းအလုပ်ရှုပ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ ဆွံ့အနားမကြားတဲ့ကောင်လေးအာရှို့ခ်ကို ထောက်လှမ်းရေးအေဂျင်စီအဖြစ် သံသယရှိတဲ့အတွက် ဖမ်းပြီး စစ်မေးဖို့လုပ်ပါတယ်။ အဲဒီလိုနဲ့ ဆွံ့အနားမကြားတဲ့သူကို စစ်မေးဖို့အတွက် လက်ဟန်ပြဘာသာစကားတက်တဲ့ ပူ့ရှ်ကင်ဗာမာကို ခေါ်ပြီးမေးမြန်းခိုင်းရပါတော့တယ်။ ပူ့ရှ်ကင်တစ်ယောက် အာရှို့ခ်ကို စစ်မေးရင်း သတင်းတွေကိုရောင်းဝယ်ရေးလုပ်နေတဲ့ ဘာလင်ကဖေးဆိုတဲ့ နေရာအကြောင်းကို သိလာရတဲ့အချိန်မှာတော့…….. အာရှို့ခ်တစ်ယောက် ဒီသတင်းဖလှယ်ရေးလုပ်ငန်းနဲ့ ဆက်စပ်မှုရှိနေမလား…..အာရှို့ခ်ဟာ တကယ်ပဲ ထောက်လှမ်းရေးသမားတစ်ယောက်လား ……စစ်မေးဖို့အတွက် ကူညီပေးတဲ့ ပူ့ရှ်ကင်တစ်ယောက်ရော နိုင်ငံရေးအရှုပ်တွေကြားထဲဘယ်လိုတွေ ကြားဝင်ရဦးမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura~ToMo~V~BpL~Alex တို့ဖြစ်ပါတယ်)
...

Fourth Place (2015) ⭐IMDB: 6.9/10 (155 Votes) 🎬 #Drama #Sport 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fourth Place (2015)*******************The World of the Married, Doctor Stranger တို့ထဲမှ မင်းသားကြီး Park Hae Joon၊Love Alarm ထဲမှ Jung Ga-Ram နဲ့ Yoo Jae Sang တို့ အဓိက ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဥ်းကတော့ .. ၁၁ နှစ်သားလေး ဂျွန်ဟိုက ရေကူးကစားသမားတစ်ယောက်ပါသူဟာ ရေကူး ပါရမီရှိပေမဲ့ ပြိုင်ပွဲတွေမှာ နှမြောဖို့ကောင်းစွာ အမြဲ အဆင့် ၄ပဲ ရနေပါတယ် သားဖြစ်သူကို အားမလိုအားမရဖြစ်လာတဲ့ ဂျွန်ဟိုရဲ့အမေက သားလေး ဆုတံဆိပ်ဆုရနိုင်ဖို့အတွက် .. အရင်ကအမျိုးသားရေကူးအဖွဲ့မှာ ကစားသမားဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဂင်ဂွမ်ဆူကို နည်းပြအဖြစ် ခန့်လိုက်ပါတော့တယ် .. အဲဒီနည်းပြကို ခန့်ပြီးတဲ့နောက် အံ့သြဖို့ကောင်းစွာ ဂျွန်ဟိုက ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့ပါတယ် .. သူ့မိသားစုတွေ အရမ်းပျော်ခဲ့ကြတယ် အထူးသဖြင့်ဂျွန်ဟိုရဲ့အမေပေါ့ .. ဒါပေမဲ့ ဂျွန်ဟိုရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ဖြစ်နေတာကိုတော့ ဘယ်သူမှ မသိကြပါဘူး .. ကစားသမားဘဝမှာ ရိုက်နှက်ခံရပြီးတော့ လေ့ကျင့်ရေးဆင်းခဲ့ရတဲ့ကစားသမားက နည်းပြဖြစ်လာတဲ့အခါ အဲဒီပုံစံအတိုင်း သူ့တပည့်ကို ပြန်ပြီး အကြမ်းဖက်ခြင်းနည်းနဲ့ သင်ကြားတာပါပဲ .. ဒီဇာတ်ကားလေးထဲမှာတော့ မိဘက ကလေးရဲ့ ခံစားချက်ကို ထည့်မစဥ်းစားဘဲ အဆင့်တက်အောင်သာ အတင်း ဖိအားပေးပုံဖော်ပြပေးထားပြီး နည်းပြနဲ့ ကစားသမားကြားက ဆက်ဆံရေးကို မြင်သာအောင် ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာမို့ ကြည့်ရှူ အားပေးကြပါဦးနော် .. အညွှန်းကို Kay Kay မှ ရေးသားပေးထားပါတယ်
...

Invasion (2024) ⭐IMDB: 4.9/10 (410 Votes) 🎬 #Action #Thriller #Drama 🗓 2024 🎞 movie 🌎 #Netherlands #NetherlandsAntilles ⏰ 1 နာရီ 32 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Invasion (2024) Invasie ဒီရုပ်ရှင်ကားကတော့ ဒတ်ရှ်စကားပြော နယ်သာလန်ရုပ်ရှင်ကားဖြစ်ပါတယ်။ နယ်သာလန်ရဲ့ အိမ်နီးချင်းနိုင်ငံ Veragua ဟာ ရုတ်တရက် Curacao နဲ့ Aruba ဘာအကြောင်းပြချက်နဲ့၀င်တိုက်မှန်းမသိ၀င်တိုက်ပါတော့တယ်…တိုက်ပွဲတွေကြား Veragua မှာ လူတစ်ချို့ပိတ်မိနေပြီး သံအမတ် Caan လဲအပါအ၀င်ဖြစ်တာကြောင့်လွတ်မြောက်ရန်ကြိုးပမ်းလာပါတယ်…တိုက်ပွဲအရှိန်အဟုန်ပြင်းထန်လာတာကြောင့် လူအင်အားလဲနည်းလာတဲ့အတွက် မစ်ရှင်မှာပူးပေါင်းပါဝင်ဖို့ရေတပ်သင်တန်းဆင်းတပ်သားလေးများအား စေလွှတ်လိုက်ရပါတော့တယ်…ရေတပ်အဖွဲ့အနေနဲ့ ပေးထားတဲ့မစ်ရှင်ကိုဆောင်ရွက်နိုင်မလား…နယ်သာလန်အစိုးရက ဒီတိုက်ခိုက်မှုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ
...