ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
White Blood (2023) ⭐IMDB: 5.7/10 (66 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #Australia ⏰ 1 နာရီ 23 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ မင်းသားမင်းသမီးလင်မယားနှစ်ယောက်တည်းနဲ့ တစ်ကားလုံးပြီးသွားတာဖြစ်ပြီး လွယ်မလိုလိုနဲ့ခက် ရိုးရှင်းမလိုလိုနဲ့ရှုပ် ထွေးပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ White Blood ဖြစ်ပြီး လက်ရှိ IMDb Rating 6.0 ရရှိထားပြီး အက်ကြောင်းထပ်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုရိုးအီနေတဲ့လူတွေအတွက် ဦးနှောက်စားပြီး ကြည့်ရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ မာ့ခ်နဲ့ဘက်တီတို့လင်မယားကဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ ဘက်တီက ကင်ဆာရောဂါဝေဒနာကိုခံစားနေရပါတယ်။ ဒီကြားထဲ ကင်ဆာနဲ့တင်မလုံလောက်သေးလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ လို့ဆိုပြီးအသည်းအသန်တွေဖြစ်လို့ ဆေးရုံကတက်ခဲ့ရပါသေးတယ်။ဒီလိုနဲ့ ဆေးရုံကဆင်းပြီးနောက်မှာ လင်မယားနှစ်ယောက်သားကျေးလက်ဘက်မှာရှိတဲ့ အိမ်လေးတစ်လုံးမှာသွားအနားယူခဲ့ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ကြားမှာပဋိပက္ခတွေ ဖြစ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်ကူးယဉ်ဆန်ဆန် ဒရာမာဆန်ဆန်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...

Colin from Accounts (2022- ) ⭐IMDB: 8.1/10 (8 k Votes) 🎬 #Comedy 🗓 2022- 🎞 tv series 🌎 #Australia #UnitedStatesofAmerica ⏰ 27 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Colin from Accounts (2022)Colin from Accounts (2022) ===================== IMDb Rating – 8.1/10ကျွန်တော်တို့ ရုပ်ရှင်လောကမှာ အတွေ့ရနည်းတဲ့ ဩဇီမြေက ဇာတ်လမ်း တွဲလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်လမ်းတွဲလေး ဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရှုရမှာပါ။ ကဲ အမျိုး သားအပေါင်း သူတော်ကောင်းတို့။ ခင်ဗျားတို့ကားမောင်းလာတုန်း ကားရှေ့ ကနေ လမ်းဖြတ်ကူးသွားတဲ့ စကီအလန်းဇယားလေးက စနေနှစ်ခိုင်ထဲက တစ်ခိုင်ကို ခင်ဗျားမြင်အောင် အင်္ကျီလည်ပင်းကနေ ဆွဲချပြီး ပြသွားတယ် ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပေါ့ဗျာ။ Your browser does not support the video tag.မိန်းမ‌လှလေးရင်ဘက်က သော်တာလဝန်း နှစ်စင်းလုံးမဟုတ်ပေမဲ့ လတစင်း နဲ့တင် တစ်လောကလုံး ထွန်းလင်းလောက်ပါရဲ့။ ဒီတော့ စက်ရာခုတင်မှာ လသာတာအကြောင်းမဟုတ်ပေမဲ့ လမ်းပေါ်မှာ ကားမောင်းနေရင်း ရင်သား ဖြူနုနုကို မြင်လိုက်ရတော့ တိုက်ကုန်ပြီပေါ့လေ။ ဟုတ်ကဲ့။ ဝင်တိုက်မိသွား ပါတယ်။ သနားစရာ ခွေးကလေးတစ်ကောင်ကိုပါ။ ဒီခွေးလေးကို ဆေးကုပေး ရာမှာ ဆေးဖိုးဝါးခ အရမ်းကြီးသွားတာကြောင့် နှစ်ဦးပူးပေါင်းပြီး အကြွေးစာ ရင်းဖွင့် ဆေးကုပေးခဲ့ရတယ်။ ဒီတော့ ကင်ဆာဝေဒနာရှင် အရက်ချက်စက်ရုံ ငယ်ပိုင်ရှင်လေးတစ်ယောက်နဲ့ ဆဌမနှစ်ဆေးကျောင်းသူလေးတစ်ယောက်တို့ စိတ်ရူးထပြီး လှန်ပြလိုက်တာကစတဲ့ ဇာတ်လမ်းက တခိခိရယ်ရင်း ကြည့်ရမှာပါ။အပြန်အလှန်စကားပြောများက အရွယ်ရောက်တွေသာ ကြည့်ရှုသင့်တဲ့ အမျိုး အစားတွေပါ။ ယီးချင်းထပ်အောင် ပြောကြတာမလို့ ဘာသာပြန်သူကလည်း ယီးချင်းထပ်အောင် ရေးထားပါတယ်။ Collin from Accounts ဆိုတဲ့နာမည် လေးက နေရာပေါ်မူတည်ပြီး အဓိပ္ပာယ်လေးတွေ ကွာခြားတာမလို့ အားလုံးနဲ့ ကိုက်ညီမယ့် ဘာသာပြန်လေး ရေးထားပါတယ်။ ‌ခွေးကလေး Collin ကိုလည်း မြန်မာသံနဲ့ နီးစပ်အောင် ကိုလင်း လို့ပဲ ရေးပေးလိုက်ပါတယ်နော်။ ပေါ့ပေါ့ပါးပါး ဟာသကားလေးဆိုတော့ နှစ်သစ်ကူးချိန်မှာ အပန်းဖြေရင်းကြည့်ရှုဖို့ ရွေးချယ် သင့်ပါကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။)...

The American President (1995) ⭐TMDB: 66.0% User Score 🎬 #Comedy #Drama #Romance 🗓 1995 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The American President (1995) ~ IMDb – 6.8/10, Rotten Tomatoes – 91% ~ အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။ ၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ချီးကျူးအခံရဆုံးပေါ့။ ဒါရိုက်တာ Rob Reiner ဆိုရင် ၁၉၈၄ ကနေ ၁၉၉၂ အထိ ၈ နှစ်အတွင်း ဆောင်သမျှအောင်တယ်လို့ပြောရလောက်အောင် အောင်မြင်တဲ့ ရုပ်ရှင် ၅ ကား ရိုက်ပြခဲ့တဲ့လူ။ သူ့အနေနဲ့ ဒီလိုတောက်ပနေတဲ့ကာလမှာ ဒီရုပ်ရှင်ကိုရိုက်တယ်။ နိုင်ငံရေးဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တဲ့သူ့အတွက် ဒီရုပ်ရှင်က သူ့ရဲ့ The West Wing စီးရီးအတွက် အများကြီး လွှမ်းမိုးမှုရှိခဲ့တယ်။ ဒီရုပ်ရှင်မှာ အထူးတလှယ် ချီးကျူးခံခဲ့ရတဲ့သူတွေက Michael Douglas နဲ့ Anette Bening ပဲ။ သူတို့ ၂ ယောက်လုံးက Golden Globe မှာ အကောင်းဆုံး မင်းသားဆုကော မင်းသမီးဆုပါ ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ရံတွေအနေနဲ့လည်း Martin Sheen တို့ Michael J. Fox တို့ ပါတယ်ဆိုတော့ သရုပ်ဆောင်အပိုင်းက ကြည့်ရတာ အရသာရှိပါတယ်။ ဇာတ်လမ်းက‌ အမေရိကန်သမ္မတဖြစ်တဲ့ Andrew Shepherd က သက်တမ်းသစ်ရွေးကောက်ပွဲအတွက် မဲဆွယ်‌နေတဲ့ကာလကိုရောက်နေတယ်။ သူမဲနိုင်ဖို့အတွက် လွှတ်တော်ကို ဥပဒေမူကြမ်းတစ်ခုတင်သွင်းဖို့လိုတယ်။ ရွေးစရာ ၂ ခုက လက်နက်ကိုင်မှုလျှော့ချဖို့ ရာဇဝတ်မူကြမ်းနဲ့ သဘာဝပတ်ဝန်းကျင်အသင်း ဂျီဒီစီက တောင်းဆိုတဲ့ ရုပ်ကြွင်းလောင်စာအသုံးချမှု ၂၀% လျှော့ချရေး စွမ်းအင်မူကြမ်း။ အမေရိကန်လွှတ်တော်မှာ မူကြမ်းတစ်ခုအတည်ပြုခွင့်ရဖို့ဆိုရင် အမတ်တွေရဲ့ မဲလိုတယ်။ အဲဒီမှာ ဂျီဒီစီဘက်က နိုင်ငံရေးနည်းလမ်းနဲ့ဝင်ဖို့ ‌ဆစ်ဒနီကို ငှားတယ်။ သမ္မတနဲ့ ဆစ်ဒနီညှိရင်း စွမ်းအင်မူကြမ်းအတွက် ၂၄ မဲရှာနိုင်ရင် အိမ်ဖြူတော်ဘက်က မူကြမ်းတင်သွင်းပေးမယ်လို့ ညှိလို့ရသွားတယ်။ အဲဒီမှာ သမ္မတကြီးနဲ့ ဆစ်ဒနီ စတွေ့ဖြစ်ရင်း ချစ်ကြိုးလေးတွေသီတာပေါ့လေ။ နိုင်ငံရေးလောကက အချစ်ဇာတ်လမ်းဆိုတော့ သိပ်တော့လည်းမလွယ်ကူဘူး။ သမ္မတကလည်း သူ့ဇနီးကင်ဆာနဲ့ဆုံးသွားတော့ Single Father အဖြစ်နေနေတဲ့လူ။ သူ့အနေနဲ့ အချစ်ကိုတွေ့တော့ မအားလပ်တဲ့ကြားကနေ အလုံးစုံတိုင်ပတ်ခံပြီး နီးစပ်ဖို့ကြိုးစားခဲ့တာပေါ့လေ။ “If he wants to, he will” ဆိုသလိုပါပဲ။ အချစ်နဲ့တွေ့ရင် လူတိုင်းက‌ ဆယ်ကျော်သက်ဆိုတော့ သမ္မတကြီးကလည်း သူ့သမီးသူ မိန်းကလေးတွေဘာကြိုက်လဲမေးရတဲ့အခြေအနေပါရောက်သွားတယ်။ သေချာတာကတော့ ဒီရုပ်ရှင်ဟာ သက်လတ်ပိုင်းအချစ်ကို လှလှပပ ချပြရင်း နိုင်ငံရေးအရ အတုယူစရာတွေကိုပါ ထည့်ရိုက်ထားတဲ့ ဟောလိဝုဒ်ခေတ်ပြောင်းကာလရဲ့ ရုပ်ရှင်‌ကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Documentation of Beautiful Girl-Uncencored Leak {ABP-893} ⭐- 🎬 #Adult #Asian 🗓 - 🎞 movie 🌎 #Japan ⏰ 3 နာရီ 23 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Airi Suzumura ဆိုတာ Jav လောကမှာလုပ်သက်ရှစ်နှစ်လောက်ရှိပြီးဇာတ်ကားပေါင်း ၈၀ ကျော်ထွက်ရှိထားတဲ့ မမတစ်ယောက်ပါတဲ့ အခုဇာတ်ကားလေးကတော့ ပိုးစိုးပက်စက်ရှင်းတဲ့ uncensored version မို့မမကို အရှိအတိုင်းခံစားနိုင်ကြမှာပါ ဒီလောက်ထိ ရှစ်နှစ်ကြာ အပြာလောကမှာကြာရှည်ရပ်တည်နိုင်တာ သူမရဲ့ နတ်သမီးလေးလို လှပတဲ့မျက်နှာ သဘာဝကပေးအပ်ထားတဲ့ပြည့်ဖြိုးတဲ့ရွှေရင်နှစ်စုံ ဖြူစင်ဝင်းမွတ်တဲ့ အသားအရေလေးတို့က သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကိုအထောက်အကူပေးထားလို့ဆိုရင် မမှားပါဘူး သာမန်အချိန်တွေမှာရှက်တတ်ပေမဲ့သရုပ်ဆောင်ချိန်မှာတော့ ပုံစံတစ်မျိုးနဲ့ ပုရိသတို့အကြိုက် လုပ်ပေးတတ်တဲ့သူမရဲ့ ဒီ documentary လေးထဲမှာ စတူဒီယိုမင်းသားတွေအပြင် တခြားသူတွေနဲ့ပါreality ဆန်ဆန် သရုပ်ဆောင်ပြထားတာမို့ ညိုကီတို့ဝင်ခံစား စိတ်ကူးယဉ်ကြည့်နိုင်ဖို့DS production ကနေ တင်ဆက်ပေးလိုက်ပါတယ် Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Amerikatsi (2022) ⭐IMDB: 7.2/10 (635 Votes) 🎬 #Drama #Comedy 🗓 2022 🎞 movie 🌎 #Armenia #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amerikatsi (2023) ~ IMDb – 7.2/10, Rotten Tomatoes – 88% ~ Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ “Freedom is a state of mind.” ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀ကနေ ၁၉၁၉အထိ အာမေးနီးယားနိုင်ငံသားတွေ ၃ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။ သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့ စိတ်နဲ့ အမေရိကန်နိုင်ငံသားအဖြစ်ကိုစွန့်လွှတ်ပြီး ဆိုဗီယက်သမဂ္ဂနိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ဆိုဗီယက်အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အာမေးနီးယားနိုင်ငံစစ်စစ်မဟုတ်ဘဲ ဆိုဗီယက်အောက်က အာမေးနီးယားဆိုတော့ တကယ်တမ်းအာဏာကို ကိုင်ထားတာက ရုရှတွေ။ သူတို့က အာမေးနီးယားတွေကို ရွံစရာကောင်တွေလို့ပဲမြင်ပြီး ဖိနှိပ်ကြတယ်။ ချာလီဟာ ဒီလို အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ကံကောင်းချင်တော့ ရာထူးကြီးကြီးထဲက လူတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ရဲ့ ကလေးကို ကယ်ပေးလိုက်ရင်း အဲဒီမိန်းမနဲ့ သိကျွမ်းသွားရာက ချာလီ အဆင်ပြေဖို့ လမ်းစလေး ပွင့်မလိုဖြစ်လာတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီရာထူးကြီးကြီးလူကမှ သူ့ကို အန္တရာယ်ပေးမယ့်သူဖြစ်နေပြီး နက်ကတိုင်တပ်တဲ့အမှုနဲ့ ထောင်ထဲထည့်ပစ်ပြီး ထောင်ဒဏ်၁၀နှစ်နဲ့ ဆိုက်ဘေးရီးယားကို အလုပ်ကြမ်းနဲ့နယ်နှင်ဖို့အထိပါ သူ့တပည့်တွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီး ထောင်ရော တစ်မြို့လုံးရော ပျက်စီးသွားတဲ့နောက် မြို့ပေါ်မှာပဲ ထောင်သားတွေကို ပျက်စီးသွားတာတွေကို ပြင်ဖို့ဆင်ဖို့ အလုပ်ကြမ်းတွေ ခိုင်းဖို့အကြောင်းဖန်လာခဲ့တယ်။ အဲဒီထောင်ကလည်း တော်တော်ကြမ်းတယ်။ အလုပ်ကြမ်းလည်း ဆက်တိုက်ခိုင်းနေရင်းကို သောကြာနေ့ဆို ပလိန်းကြီး ထောင်သားတွေကို တစ်ယောက်ချင်းစီ အခန်းထဲခေါ်ပြီး ထောင်စောင့်တစ်ယောက်ကို အသေရိုက်ခိုင်းတဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးအထိပါ လုပ်တယ်။ ဒီလိုနဲ့ မတရားခံပြီးနေနေရင်း သူ့ကို တိုက်ပိတ်ထားတဲ့ ထောင်ခန်းပြတင်းပေါက်ကနေ အာမေးနီးယားသား ထောင်စောင့်တစ်ဖြစ်လဲ ပန်းချီဆရာဟောင်းလင်မယားနေတဲ့ တိုက်ခန်းကို သူနေ့တိုင်းကြည့်နေခဲ့တယ်။ အဲဒီလိုကြည့်ပြီးနေရတာကိုက သူ့ဘဝအဓိပ္ပာယ်လို ဖြစ်လာခဲ့တယ်။ ဒီမတရားမှုကြီးကို သူစိတ်မပျက်ခဲ့သလို လက်လည်းမလျှော့ခဲ့ဘူး။ ဟိုးဘက်ခြမ်းက မီးလင်းနေတဲ့ တိုက်ခန်းလေးမှာ လှုပ်နေရှားနေတာတွေကို ကြည့်ရင်း ပျော်ပျော်ကြီး သူနေလာခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့အရာဟာ သူသိချင်ခဲ့တဲ့ သူ ဒီနိုင်ငံကိုရောက်လာခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ အာမေးနီးယားနိုင်ငံသားတွေရဲ့ ဘဝဆိုတာကို သူကောင်းကောင်းကြီး နားလည်ခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့လူရဲ့ဘဝကိုကပဲ ဆိုဗီယက်တွေ ဖိနှိပ်ခံထားရတဲ့ အားမေးနီးယားတွေရဲ့ အခြေအနေကို ထပ်ဟပ်နေခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာထက် ဒီဇာတ်က ဘာအကြောင်းလဲဆိုတာက ပိုအဓိကကျလိမ့်မယ်။ ဆက်ဖြစ်တာတွေကတော့ ဆန်းတယ်လို့ပြောလည်းရတယ် မဆန်းဘူးလို့ ပြောလည်းရတယ်။ ဘာလို့ဆို ဆက်ဖြစ်တာတွေက ဒီလိုကားမျိုးတွေမှာ ကျွန်တော်တို့ မလွဲမသွေမြင်ရမယ့် အခြေအနေတွေပဲ… အဲဒါတွေတော့ မဆန်းဘူး။ ဆန်းတာက ချာလီ့ တုံ့ပြန်ပုံပဲ။ သူ့မျက်နှာမှာရော သူ့လုပ်ရပ်တွေမှာရောပေါ်နေတဲ့ သူ့နှလုံးသားဟာ ပကတိရှင်းလင်းနေတယ်။ မကျေနပ်ချက်‌တွေ မတွေ့ရဘူး။ ဘယ်လောက်ရှင်းလင်းနေသလဲဆို မျှော်လင့်ချက်ထားတာကိုတောင် မမြင်ရဘူး။ လွတ်လပ်ခြင်းဆိုတာ စိတ်ရဲ့အခြေအနေသက်သက်ပဲဆိုတဲ့ Tagline နဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတယ်။ အဓိကဇာတ်ကောင် ချာလီနေရာက သရုပ်ဆောင်တဲ့သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းဆရာလည်းဖြစ် တည်းဖြတ်သမားလည်းဖြစ်တဲ့ Michael A. Goorjian ဟာ တော်တော်တော့မခေပါဘူး။ Amerikatsi ဟာ ဒီနှစ်အော်စကာမှာ အာမေးနီးယန်းကိုယ်စားပြုရုပ်ရှင်ဖြစ်ခဲ့သလို Shortlist ၁၅ကားထဲလည်း ဝင်ထားပါတယ်။ ဆန်ခါတင်ထဲဝင်ရင်တော့ အော်စကာဆန်ခါတင်ပထမဆုံးဝင်တဲ့ အာမေးနီးယားရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။ မသေတော့မသေချာပါဘူး။ ဒီ၁၅ကားမှာ ဂန္ထဝင်ဒါရိုက်တာကြီးတွေရဲ့ကားတွေပါ ပါနေသလို ကားကောင်းတွေလည်းတော်တော်များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်က ရုပ်ရှင်ကောင်းတစ်ကားဆိုတဲ့ အချက်ကတော့ ငြင်းမရပါဘူး။ ဒီရုပ်ရှင်ဟာ တစ်ခါတလေကျ ကျွန်တော်တို့ခေါင်းထဲရှိနေဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုကိုပြထားတဲ့ ရုပ်ရှင်ပါ...

Fugly (2014) ⭐IMDB: 4.7/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Thriller 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fugly (2014) အမှန်တရားဘက်တော်သားIMDb 4.7/10Thriller/ Comedy ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် မင်းသမီးချောလေး ကီယာရာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ပွဲဦးထွက်ဆိုပေမယ့်လည်း ကီယာရာရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါကီယာရာဆိုတာနဲ့ ကြည့်ကြမယ်ဆိုတာကို သိပေမယ့် ဝတ္တရားအရ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါရစေ။ ဒေ့ဗ် ၊ ဒေဗီ ၊ ဂူရာ့ဗ်နဲ့ အာဒီတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ သူငယ်ချင်းတွေပေါ့သူတို့လေးယောက်ထဲမှာ ဂူရာ့ဗ်ကတော့ ဝန်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့သာမန်လူတန်းစားတွေပါ ဂူရာ့ဗ်က အမြဲတမ်းပြဿနာ‌ရှာလေ့ရှိပေမယ့် အဖေဖြစ်သူရဲ့အရှိန်အဝါကြောင့်ဘယ်သူမှမထိရဲကြတဲ့လူတစ်‌ယောက် .. သူငယ်ချင်းလေးယောက်က အမြဲတမ်းတပူးပူးတတွဲတွဲနေတတ်ကြပြီး တစ်ယောက်ကို ထိပါးလာပြီဆိုရင်ကျန်တဲ့သူတွေကလည်း ငြိမ်ခံမနေကြဘူးပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့သူငယ်ချင်းမလေးဒေဗီကိုကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က ထိကပါးရိကပါးလုပ်လာတဲ့အတွက် ပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဆိုင်ပိုင်ရှင်ကို ကားနောက်ဖုံးထဲပိတ်ထားလိုက်ပြီး ကားပတ်မောင်းနေတုန်းမှာပဲ ကင်းလှည့်နေတဲ့ရဲနဲ့ပက်ပင်းတိုးပါလေရောဂူရာ့ဗ်က ခါတိုင်းလိုပဲ အဖေဖြစ်သူရဲ့အရှိန်အဝါနဲ့ ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ ဒီရဲကိုတော့ ခါတိုင်းလို ခြိမ်းခြောက်လို့မရခဲ့ပါဘူးနောက်ပြီးရဲအရာရှိဖြစ်တဲ့သူက ကားနောက်ဖုံးထဲမှာပါလာတဲ့လူကို လက်လွန်ကြက်သွန်တွေဖြစ်ပြီးသတ်လိုက်မိတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံကြီး သူတို့ခေါင်းပေါ်ရောက်ဖို့ဖြစ်လာပါတော့တယ်သူတို့တွေ ဘယ်လိုပြဿနာတွေကြုံရမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

诡摇铃 (2023) ⭐TMDB: 0.0% User Score 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားပြန် ဆရာဝန်မလေး ဟန်ချွင်းလင်ဟာ မိသားစုဆရာဝန်အဖြစ်လုံအိမ်ကို ရောက်သွားခဲ့ပါတယ်။ သူမရောက်တဲ့ ညမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကသေဆုံးသွားတဲ့သခင်မကြီးရဲ့ အခန်းနဲ့ ချိတ်ဆက်ထားတဲ့ ခေါင်းလောင်းကထမြည်ခဲ့ပါတယ်။ ထိုအသံကို ကြောက်လန့်ပြီး လုံအိမ်ကအစေခံကြီး အဘွားတုက ရူးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ထူးဆန်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ဖုန်အိမ်ကသခင်မလေး(၂) ကလည်း အခန်းထဲမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဖုန်အိမ်ထဲရှိ လူအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ ဟန်ချွင်းလင်က အမှန်တရားကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ အတိတ်ကအမှုဟောင်းကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုနဲ့ အခုအမှုနဲ့က ဘယ်လို ပတ်သက်နေမလဲ……နောက်ဆုံး လူသတ်တရားခံက ဘယ်သူ ဖြစ်လိမ့်မလဲ……ဆိုတာကို လှည့်ကွက်တွေကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။...

Detachment (2011) ⭐IMDB: 7.7/10 (96 k Votes) 🎬 #Drama 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Detachment (2011) ~ IMDb – 7.7/10, Rotten Tomatoes – 59% ~ Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လို့ခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံ့ပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလို့ပြောတော့“သန်မာတာနဲ့ မဆိုင်ဘူး… မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ… မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖို့လိုတယ်… ”လို့ ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလို့ခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို့ ကျွန်တာ်တို့ ယူဆလို့ရတယ်။ နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို့ ကျွန်တော်တို့ ယူဆလို့ရလို့ သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို့ ဘယ်လိုမှခေါ်မရလို့ ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လို့ဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆလိုက်လို့ရပြန်တယ်။ ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့ သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလို့ပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တို့လို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။ အဲဒီအကျိုးဆက်တွေကိုလည်း သူကြုံခဲ့ရတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ အဖြေတစ်ခုခုရှိနေမယ် မက်ဆေ့တစ်ခုခုရှိနေမယ်ထင်ရင်လည်း မှားမှာပဲ။ ဘာအဖြေမှမပါတဲ့ တင်ပြသွားခြင်းသက်သက်ပဲ။ သူပြောခဲ့သလိုပဲ ဒါတွေက အခုမှရှိနေတဲ့အရာတွေလည်း မဟုတ်ဘူး။ ခန်းမထဲမှာပဲဖြစ်ဖြစ် အတန်းထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း မင်းတို့ထဲက ဘယ်သူတွေ မင်းတို့ကို ဖိနှိပ်ထားတဲ့ အလေးချိန်ကို ခံစားမိကြလဲလို့ အတန်းထဲ သူပြောခဲ့တုန်းကလိ...

Easy Money (2024) ⭐TMDB: 0.0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ငွေတုငွေစစ်အရှုပ်တော်ပုံ ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အခြေခံလူတန်းစားတစ်ယောက်ဖြစ်တဲ့ ချောင်ရှီချင့်ဟာ တစ်နေကုန်ကံဆိုးနေခဲ့ပါတယ်။စိတ်ညစ်ညစ်နဲ့တံတားအောက်ကိုသွားတဲ့အချိန်မှာပိုက်ဆံသေတ္တာတစ်ခုကိုကောက်တွေ့ရပါတယ်။ သူကဒီပိုက်ဆံသေတ္တာကိုရဲလက်အပ်ရမလား ဘာလုပ်ရမလဲတွေဝေနေတဲ့အချိန်မှာ……လင်ကြီးဆီကပိုက်ဆံတွေကိုခိုးပြီး ပိုက်ဆံအတုနဲ့လဲဖို့ကြိုးစားနေတဲ့စုံတွဲတစ်တွဲနဲ့မထင်မှတ်ပဲ လက်ဆွဲသေတ္တာချင်လွဲသွားခဲ့တယ်။တကယ်တော့ ချောင်ရှီချင့်လက်ထဲကပိုက်ဆံသေတ္တာကရိုက်ကူးရေးသုံးတဲ့ပိုက်ဆံအတုတွေပါ။ခိုးလာတဲ့ပိုက်ဆံကအတုတွေဖြစ်သွားတော့ စုံတွဲကခေါင်းမီးတောက်တော့တာပဲ။ဒီလိုနဲ့ ချောင်ရှီချင့်ကငွေတုဆိုပြီးရဲလက်ကိုအပ်ဖို့ကြိုးစားတဲ့ပိုက်ဆံတွေနဲ့ရွာလည်နေတော့တာပါပဲ။ပေါ့ပေါ့ပါးပါး စိတ်အပန်းဖြေချင်တဲ့အခါမှာသေချာပေါက်ကြည့်သင့်တဲ့ အခွီကားလေးတစ်ကားပါပဲ။...

Back on the Strip (2023) ⭐IMDB: 4.2/10 (417 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Back on the Strip (2023)=================== မာလင်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက မျက်လှည့်ကိုဝါသနာပါခဲ့ပြီး သူ့ရဲ့ငယ်သူငယ်ချင်း ရော်ဘင်ကို အရူးအမူးချစ်ခဲ့သူပါ။ဒါပေမဲ့ ရော်ဘင်က ကောလိပ်သွားတက်တော့ သူနဲ့ကွဲသွားပြီး သုံးနှစ်အကြာမှာ သူ့ဆီပြန်ရောက်လာခဲ့တယ်…ရည်းစားကြီးနဲ့ပေါ့။သူချစ်ခဲ့ရတဲ့ကောင်မလေးကို ဆုံးရှုံးပြီးတဲ့နောက်မှာ Las Vegas မှာမျက်လှည့်ပွဲလုပ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့Las Vegas ကိုရောက်လာခဲ့တယ်။ ဒါပေမဲ့ မျက်လှည့်မပြရဘဲ အကြောင်းအမျိုးမျိုးကြောင့် stripper ဘဝကိုရောက်သွားပါတယ်။ အဲဒီနောက်မှာ မာလင်ကဘယ်လိုမျိုး အိပ်မက်ကို ဆက်ပြီး အကောင်အထည်ဖော်ရင်း ရော်ဘင်နဲ့ဆက်ဆံရေးကိုပါထိန်းထားပြီး နောက်ဆုံးမှာ သူအောင်မြင်နိုင်မလားဆိုတာကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Kasashi ဖြစ်ပါတယ်)...

LOL (2012) ⭐IMDB: 4.4/10 (58 k Votes) 🎬 #Comedy #Drama #Romance 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #France ⏰ 1 နာရီ 37 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 LOL (2012)========== ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီကဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကိုတစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်းသားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော်သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက်ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လိုမိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။ Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Miley Cyrus ဖြစ်ပါတယ်)...

Firehouse Dog (2007) ⭐TMDB: 58.0% User Score 🎬 #Action #Comedy #Family 🗓 2007 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ခွေးချစ်တတ်သူလေးတွေအကြိုက်တွေ့စေမယ့် မီးသတ်ခွေးလေး ဒူဝီအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်လေး ကြည့်ရှုရမယ့်ကားလေးပါပဲ….။ ဇာတ်လမ်းဇာတ်အိမ်လေးက ရိုးရိုးလေးနဲ့ ခွေးလေးဒူဝီရဲ့ ပါးနပ်မှု သွက်လက်မှုတွေကို သဘောကျမြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းထဲမှာဆိုရင် မီးသတ်ခွေးမဖြစ်ခင်က ခွေးလေးဒူဝီဟာ ဟောလိဝုဒ် ရုပ်ရှပ်ရှင်လောကမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ စူပါစတားခွေးလေးပေါ့…။ သူ့ရဲ့အောင်မြင်လွန်းတဲ့ရုပ်ရှင်တွေကိုပြောပါဆိုရင် “Jurassic Bark” (ဂျူရက်စစ်ဟောင်သံ)တို့”The Fast & The Furriest” (လျှင်မြန်သူ ခွေးစုတ်ဖွား)တို့ပါတဲ့…။ ဒီလို နာမည်ကျော် ဟောလိဝုဒ်စတားခွေးလေးဟာ တစ်ရက်မှာတော့ ကံကြမ္မာဆိုးဝင်ပြီး ခွေးလေခွေးလွင့်ဘဝကိုရောက်ခဲ့ရပါတော့တယ်။ သေကံမရောက်လို့ မီးသတ်တပ်ဖွဲ့တစ်ခုက ကယ်ဆယ်မွေးစားခံရပြီးနောက် လူတွေကို ကူညီရင်းပဲ မီးသတ်ခွေးလေးဖြစ်လာခဲ့တယ်ပေါ့။ ခွေးလေးဒူဝီရဲ့ ဆန်းကြယ်လှတဲ့ ကံကြမ္မာအနိမ့်အမြင့် အဖုံဖုံကို လိုက်ပါစီးမျှောခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ...

Other People's Children (2022) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 44 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People’s Children ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 91  ရာခိုင်နှုန်းအထိရရှိထားပါတယ်။ ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲ လာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေး တစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာ ကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကို မိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင် ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခု လိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ် ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်...

A Cat's Life (2023) ⭐IMDB: 6.1/10 (221 Votes) 🎬 #Drama #Family #Adventure #Fantasy 🗓 2023 🎞 movie 🌎 #France #Switzerland ⏰ 1 နာရီ 23 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.1/10 ဒီတစ်ခါမှာတော့ ကြောင်ချစ်သူလေးတွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းလေးကတော့ ကလီးမန့်စ် လို့ ခေါ်တဲ့ ကလေးမလေးတစ်ယောက်နဲ့ ရု လို့ နာမည်ပေးထားတဲ့ ကြောင်လေးတစ်ကောင်ရဲ့ ဇာတ်လမ်းပါပဲ ။ တိရစ္ဆာန်နဲ့ လူတွေကြားက သံယောဇဥ်ကို ရိုးရိုးလေး ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းလေးမှာ ကလီးမန့်စ် နဲ့ ရု တို့ အချင်းချင်း အမှီသဟဲပြုရင်း ဘယ်လို အတူတူအရွယ်ရောက်လာကြသလဲဆိုတာကို မြင်တွေ့ရမှာပါ. အချိန်တန်လို့ အရွယ်ရောက်တာ ပိုစောတဲ့ ရု က ဟိုးတောအုပ်ထဲကို ထွက်သွားတဲ့အခါ ကလီးမန့်စ်တစ်ယောက် ဘယ်လိုကျန်ခဲ့ရမလဲ ။ ရု လေး ကလီးမန့်စ်ဆီ ပြန်ရောက်လာမှာလား ဆိုတာကိုတော့ My Cat and I , The Great Adventure of Rrou လို့ အမည်ရတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုလိုက်ရအောင်နော် ။ ကြာချိန် တစ်နာရီ ကျော်လေးပဲရှိတဲ့ ဒီဇာတ်လမ်းလေးက တိုတိုနဲ့ ရင်ထဲကို နွေးစေမှာပါ...

The Bricklayer (2023) ⭐IMDB: 5.2/10 (435 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #Greece #Bulgaria #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dark Knight ရုပ်ရှင်ထဲက ဟာဗေးဒန့်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Aaron Eckhart ရဲ့ အက်ရှင်ကားအသစ်ပါ။ မင်းသမီးကတော့ Vampire Diaries ဖန်တွေရဲ့အချစ်တော Nina Dobrev ပဲ ဖြစ်ပါတယ်။ စုံထောက်အက်ရှင်အမျိုးအစားမို့ အပန်းဖြေ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။ ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီး စီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါ ဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။ စီအိုင်အေက သတင်းပေါက်ကြားပြီး သူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့ မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကို လွှတ်လိုက်ပါတော့တယ်။ အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲ ဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကို ကြည့်ရမှာပါ...

The Secret Life of Pets (2016) ⭐IMDB: 6.5/10 (214 k Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2016 🎞 movie 🌎 #Japan #USA #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့ TheSecretLifeOfPetsကာတွန်းကားလေးကို ပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်။ ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီး အိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်း အပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကို ဟာသနှော တင်ဆက်သွားတာပါ။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့….. အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။ သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြို့တော်ကြီးမှာ အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။ သူ ကြုံရတဲ့ အခက်အခဲဆိုလို့ Katie မနက် ရုံးသွားတိုင်း အတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။ ဒါပေမဲ့လည်း Katie ပြန်ရောက်တဲ့အထိ တစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။ ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့ သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့ Duke ဆိုတဲ့ တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။ နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုံးလာရတာမို့ Duke ကို အိမ်ပေါ်က နှင်ထုတ်ဖို့ ကြံရင်းဖန်ရင်း အလွဲလွဲအချော်ချော် ဖြစ်ပုံလေးကို ရယ်ရယ်မောမော ကြည့်ရှုခံစားရမှာပါဗျ။ မိသားစုနဲ့အတူ ဘာကားကြည့်ရမလဲ မသိဖြစ်နေရင် ဒီကားလေးကို ရွေးချယ်ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…     4.7 GB /    2 GB /    1 GBQuality… BluRay 4K HDR / 1080p / 720pFormat… mp4Duration…. 1h 30mGenre …..  Animation / AdventureSubtitle…. Myanmar Subtitle (Hard Sub)Encoder…. Thit San KhantTranslated by Thet Hnin Hsu Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

The Secret Life of Pets 2 (2019) ⭐IMDB: 6.4/10 (68 k Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2019 🎞 movie 🌎 #France #Japan #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 SecretLifeOfPets(2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ ဒုတိယမြောက်ဇာတ်ကားလေးပါ။ ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။ ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့ အတော်လေး အပေးအယူမျှသွားကြပါပြီ။ ဆိုတော့ အရင်ကလို သခင်နဲ့အတူ အပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှ Katie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။ အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။ မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့ သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်း မျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။ Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလို တစ်ဖက်မှာလည်း ယုန်လေး Snowball ဟာ အရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲ တိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်း သူ့ကို အကူအညီလာတောင်းတဲ့ အမှုသည်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတာမို့ အရူးဘုံမြောက် ဝမ်းပမ်းတသာ ကူညီပေးရှာပါတယ်။ ဒီလိုနဲ့ ကယ်တင်ရေးမစ်ရှင် စွန့်စားခန်းထွက်ကြတယ်ပေါ့ဗျာ။ ကာတွန်းကားဆိုပေမဲ့ ယူသင့်ယူထိုက်တဲ့ သင်ခန်းစာလေးတွေကို ပါးပါးနပ်နပ် ထည့်သွင်းပြသသွားတာမို့ အချိန်ပေးကြည့်ရှုရတာ တန်ပါတယ်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ဖြစ်ပါတယ်)...

Race for Glory: Audi vs. Lancia (2024) ⭐IMDB: 5.8/10 (262 Votes) 🎬 #Biography #Drama #Sport #Thriller 🗓 2024 🎞 movie 🌎 #Italy #UnitedKingdom #Ireland #France ⏰ 1 နာရီ 49 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ Audi vs Lancia ကားတံဆိပ် နှစ်ခုကြားက ပြိုင်ပွဲအကြောင်းကောင်းကောင်းသိနိုင်ပါတယ် ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ၁၉၈၃ခုနှစ် ကမ္ဘာ့ချန်ပီယံ တာဝေးခရီးကြမ်းကားပြိုင်ပွဲက ယှဥ်ပြိုင်မှုကို ရိုက်ကူးထားတာပါ။ ထိုခေတ်အခါက ကားထုတ်လုပ်သူတွေဟာ ကားတွေကို ကြော်ငြာပြီး ရောင်းတာထက် ဒီလို ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းပြီး အရောင်း သွက်အောင်လုပ်လေ့ရှိပါတယ်…။ အ‌ကောင်းဆုံးကားက အနိုင်ရမယ်၊ ပုရိတ်သတ်တွေက သဘောကျမယ် လူတွေပိုဝယ်ကြမယ်ပေါ့…။ ဒီထဲမှာအပြိုင်အဆိုင်ပိုပြင်းထန်တာကတော့ ဂျာမန်ကားကုမ္ပဏီAudi နဲ့ အီတလီကားကုမ္ပဏီLanciaပါ။ ဂျာမန်တွေအနေနဲ့ ဒီလိုကားပြိုင်ပွဲမျိုးမှာ Audi Quattroဆိုတဲ့ four-wheel drive လေးဘီးမောင်းစနစ်ကို ချပြလိုက်တဲ့အခါ အီတလီကားလုပ်ငန်းစုတစ်ခုလုံးက ခေတ်နောက်ကျသွားခဲ့ရပါတယ်။ အီတလီတွေမှာက နှစ်ဘီးမောင်းစနစ်ပဲရှိသေးတာကိုး…။ ဒါပေမဲ့ ပြိုင်ပွဲဆိုတာမျိုးက ကားပေါ်ပဲ၊ ဘတ်ဂျက်ကိုပဲ အားကိုးလို့ မရဘူးဆိုတာ အီတလီတွေကလုပ်ပြသွားပြန်ပါတယ်။ lancia 037ကားဟာ နှစ်ဘီးမောင်းဆိုပေမယ့် Audiရဲ့ လေးဘီးမောင်းစနစ်ကို ကောင်းကောင်းယှဥ်ပြသွားတာမျိုးတွေမြင်တွေ့ရမှာပါ..။ ကားမောင်းသမားတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ၊ အသင်းကွပ်ကဲသူမန်နေဂျာရဲ့ ဖြတ်ထိုးဉာဏ်တီထွင်ဉာဏ်ကောင်းချက်တွေကိုပါ စိတ်ဝင်တစားမြင်တွေ့ရဦးမယ့် ကားလေးပါပဲ...

Tiger 3 (2023) ⭐IMDB: 7.0/10 (46 k Votes) 🎬 #Action #Adventure #Bollywood #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tiger 3 (2023) “စလူးဘိုင်ရဲ့ တိုက်ဂါး၃”============================အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ် IMDb – 7.6/10 နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲကနောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီးစလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ…. အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။ တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကိုချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးကဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်းခံစားကြည့်ရှုကြပါဦး။(အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

I Heard the Bells (2022) ⭐IMDB: 7.1/10 (586 Votes) 🎬 #Drama #History #Fantasy 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 52 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I Heard the Bells (2022)================= ဒီကားလေးကတော့ သာမာန်ခရစ်စမတ်ကားလေးတွေနဲ့မတူပဲဖြစ်ရပ်မှန်ကားလေးကို Documentary ဆန်ဆန်ပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းအနေနဲ့ခရစ်စမတ်နဲ့ပတ်သတ်ပြီး ခရစ်ယာန်ဘာသာကလွဲပြီး လူသိနည်းတဲ့တစ်ချက်ကတော့ ကျွန်တော်တို့ newyear တို့လို ည၁၂ ကျော်တာနဲ့ခရစ်စမတ်နေ့ကိုရောက်တာမျိုးမဟုတ်ပဲ church ကျောင်းက ခေါင်းလောင်းထိုးမှသာ ခရစ်စမတ်နေ့ကိုရောက်တာဖြစ်ပါတယ်။ ဇာတ်ကားနာမည် I Heard The Bells ဆိုတာက ဒါကိုဆိုလိုထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ ခရစ်စမတ်နေ့မှာ သီဆိုရတဲ့ခရစ်စမတ်သီချင်းတွေထဲက တစ်ပုဒ်ကို ရေးသားခဲ့တဲ့သူကတော့1800ပြည့်နှစ်တွေရဲ့ ကမ္ဘာကျော် ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဆရာကြီးLongfellow ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ဒီခရစ်စမတ်သီချင်းကို ဆရာကြီး Longfellowဘယ်ဘယ်လိုခံစားချက်တွေကြောင့် ဖန်တီးဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ဖြစ်ရပ်မှန်အနေနဲ့ရိုက်ကူးပြသထားပေးတာပဲဖြစ်ပါတယ်။ သာမာန်ခရစ်စမတ်ကားတွေနဲ့ကွဲထွက်နေတဲ့အပြင် အနှစ်သာရရှိလှတဲ့ ဆရာကြီးLongfellow ရဲ့လက်ရာကဗျာလေးတွေကိုပါ တစိတ်တပိုင်း ထိတွေ့ခွင့်ရမယ့်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...