ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Oddball (2015) ⭐IMDB: 6.4/10 (3 k Votes) 🎬 #Adventure #Family 🗓 2015 🎞 movie 🌎 #Australia ⏰ 1 နာရီ 35 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.4/10 Rotten Tomatoes 87% ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပိတ်ရက်မှာ မိသားစုတစ်စုလုံး အတူကြည့်ရှု ခံစားနိုင်မဲ့ ဇာတ်ကားလေးရှာနေပါသလား? ဒါဆို ဒီရုပ်ရှင်က လူကြီးမင်းတို့အတွက်ဖြစ်မှာပါ။ နာမည်ကိုက အူကြောင်ကြောင်လေးလို့ အဓိပ္ပာယ်ရတဲ့ ခွေးလေး Oddball ရဲ့ တစ်ရက်တာဟာ အလွဲပေါင်းတစ်သိန်းနဲ့ စတင်ပါတယ်။ ခြံမွေးတိရစ္ဆာန်တွေကို စောင့်ကြပ်ရတဲ့ မာရန်မာခွေးမျိုးဖြစ်ပေမဲ့ သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းမှ မစောင့်ရှောက် ပေးတတ်တဲ့ ကောင်လေးပါ။ တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုးမြို့လေးရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့ နေရာလေးတစ်ခုမှာ ဒေသခံပင်ဂွင်းလေးတွေ မျိုးတုံးမဲ့ အခြေအနေကို ဆိုက်ရောက်လာပါတော့တယ်။ အဲဒီအခါမှာ ကြက်ခြံလယ်သမားကြီး ဆွမ်ပီဟာ သူ့သမီး အမ်မလီနဲ့ မြေးမလေးဖြစ်သူ လစ်ဗီနဲ့အတူ ပင်ဂွင်း ဘေးမဲ့စခန်းကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်မလဲဆိုတာ စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အခြေပြုဇာတ်လမ်း ဖြစ်တဲ့အလျောက် ပျော်ရွှင်စရာ ဇာတ်ကွက်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အသိပညာဗဟုသုတလည်း ရရှိနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။
...

True Romance (1993) ⭐TMDB: 75% User Score 🎬 #Crime #Drama #Romance #Thriller #Action 🗓 1993 🎞 movie 🌎 #France #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 True Romance (1993) ~ IMDb – 7.9/10, Rotten Tomatoes – 93% ~ True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး Top Gun ဇာတ်ကားရဲ့ ဒါရိုက်တာ Tony Scott က ရိုက်ကူးထားတာဖြစ်တဲ့အပြင် Quentin Tarantino ကြီးကပါ ဇာတ်ညွှန်းဝင်ရေးထားတာဖြစ်တဲ့တွက် Quality Movie ကောင်းတစ်ခုဆိုတာ သေချာသလောက်ရှိနေပါပြီ။ ဇာတ်ရုပ်ပိုင်းကလည်း ၂၀ ရာစုရဲ့ အနုပညာလောကအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒုစရိုက်မှုတွေကို ပေါ်လွင်အောင်ရိုက်ပြနိုင်ခဲ့တဲ့အတွက် IMDB rating လည်း 7.9/10 အထိ ရရှိထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လူလတ်ပိုင်းအရွယ်ရောက်ခါစဖြစ်တဲ့ ကလဲရန့်ဆိုတဲ့သူက နှစ်တိုင်းလိုလို သူ့ရဲ့မွေးနေ့မှာ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်လေ့ရှိပါတယ်။ အဲဒီအချိန်မှာ ကလဲရန့်ဆိုတဲ့ ဒက်ထရွိုက်ရောက်ပြီး ညဉ့်ငှက်အသိုင်းအဝိုင်းထဲဝင်ခါစ အမျိုးသမီးငယ် အလဘားမားက အကြောင်းအမျိုးမျိုးကြောင့် ကလဲရန့် ထိုင်နေတဲ့ ထိုင်ခုံပေါ်ကို မတော်တဆ ပေါက်ပေါက်ဆုပ် မှောက်ချမိသွားပါတယ်။ ဒီလိုနဲ့ မြင်မြင်ချင်းစိတ်ဝင်စားသွားကြတဲ့ မင်းသားနဲ့မင်းသမီးဟာ တစ်ညတာ မတ်တပ်ရပ်ဖြစ်သွားပါတယ်။ ဆိုပေမဲ့ နှစ်ယောက်သား အတည်ချစ်ကြိုက်မိသွားတဲ့အတွက် အခြေချဖို့ ပြင်ဆင်ကြတဲ့အခါမှာ အလဘားမားရဲ့ အတိတ်ဆိုးက သူတို့ဘဝကိုစပြီးနှောင့်ယှက်လာပါတော့တယ်။ ဒါကို ကလဲရန့်က ရန်ကြိုးပြတ်ဖို့အတွက် စာရင်းသွားရှင်းတဲ့အခါမှာတော့ ထင်သလိုနဲ့ ကိစ္စတွေက မပြတ်သားလာခဲ့ဘဲ ပိုပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)
...

Mrs. Cop (2015) ⭐IMDB: 7.6/10 (125 Votes) 🎬 #Crime #Action #Adventure #Mystery #Drama 🗓 2015 🎞 tv series 🌎 #SouthKorea ⏰ 1 နာရီ 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mrs. Cop (2015)**************** စ/ဆုံး ဒီကားလေးမှာတော့ The World of the Married ထဲက မင်းသမီးကြီး Kim Hee-Ae အဓိကပါဝင်သရုပ်ဆောင်ထားပြီးKim Min Jong, Son Ho Jun, Lee Da Hee တို့လို သရုပ်ဆောင်ကောင်းတဲ့မင်းသား မင်းသမီးတွေပါပါဝင်ပြီးတော့Vagabond ဒါရိုက်တာ Yoo In shik နဲ့ The Glory ဒါရိုက်တာ Ahn Gil ho တို့နှစ်ယောက်ပူးတွဲရိုက်ကူးထားတဲ့ Crime drama ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း————— အမျိုးသမီးစုံထောက် Choi Young-Jin (Kim Hee-Ae) ဟာ အဖွဲ့မှူးအဖြစ်အမှုတွေကိုဖြေရှင်းရတဲ့အပြင်တစ်ဖက်မှာလည်း သမီးလေး Ha-Eun ကို တစ်ယောက်တည်းပျိုးထောင်နေရတဲ့မိခင်တစ်ဦးဖြစ်ပါတယ်စီနီယာဖြစ်သူ Park Jong-Ho နဲ့ အဖွဲ့ဝင် Min Do-Young, Han Jin-Woo, Jo Jae-Deok, Lee Se-Won တို့နဲ့အတူရှုပ်ထွေးလှတဲ့ပြစ်မှု မှုခင်းတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ်
...

Swakaryam Sambhavabahulam (2024) ⭐IMDB: 8.4/10 (126 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Swakaryam Sambhavabahulam (2024) “တွေ့ဆုံကြုံကွဲ” IMDb 9.3/10 မလေယာလမ်းဒါရိုက်တာကြီး Naseer Badarudeenရဲ့လက်ရာဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရအောင်ဗျာ။ ရာဗီဆိုတာ သမီးနှစ်ယောက်ဖခင်။ သားသမီးတွေရယ်ဇနီးဖြစ်သူရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးကိုဦးဆောင်နေတဲ့ သမီးဖြစ်သူတွေကို မကောင်းတဲ့ပတ်ဝန်းကျင်ကနေကင်းနေအောင်ထားချင်တဲ့ အဖေတစ်ယောက်။သူ့အလုပ်က စိတ်ကျန်းမာရေးဆေးရုံမှာ အကူလုပ်သားအဖြစ်။သမီးကြီး သမီးငယ်ရဲ့ အရေးကိစ္စတွေကို အလေးပေးပြီးဂရုစိုက်တတ်တဲ့ဖခင်တစ်ယောက်ဆီမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ လောကဓံရိုက်ချက်တွေ ကြုံလာရတဲ့အခါမှာတော့…။ မတူညီတဲ့ဇာတ်ကောင်တွေကို တစ်ကွက်ချင်းရိုက်ပြပြီး ပေါင်းစပ်ပြတတ်တဲ့မလေယာလမ်းဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်မို့ ခံစားကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

The Lighthouse (2019) ⭐IMDB: 7.4/10 (261 k Votes) 🎬 #Drama #Fantasy #Horror #Thriller #Mystery 🗓 2019 🎞 movie 🌎 #UnitedStates #Canada #Brazil #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Lighthouse(2019) IMDb….8.2 (unicode) ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာသောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါတယ်အီဖရန်ဟာ ဒေါသထွက်ပြီး အနားမှာရှိတဲ့ ဇင်ရော်ငှက်တစ်ကောင်ကို စိတ်လိုက်မန်ပါသတ်လိုက်ပါတော့တယ်….အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….အညွှန်းက ရှည်လို့ စပွိုင်လာလို့မထင်လိုက်ပါနဲ့နောက်ပိုင်းဆက်ဖြစ်တဲ့ဟာတွေက တကယ့်ကိုအဆန်းကြီးတွေပဲမို့ပါ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…. (zawgyi) ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဥ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာသောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါတယ်အီဖရန်ဟာ ဒေါသထွက်ပြီး အနားမှာရှိတဲ့ ဇင်ရော်ငှက်တစ်ကောင်ကို စိတ်လိုက်မန်ပါသတ်လိုက်ပါတော့တယ်….အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….အညွှ...

Zorawar Di Jacqueline (2024) ⭐TMDB: 0% User Score 🎬 #Adventure #Bollywood #Comedy #Drama 🗓 2024 🎞 Series 🌎 # ⏰ 2 နာရီ 27 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zorawar Di Jacqueline (2024) တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်းဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲကြည့်နေရတာရိုးနေတဲ့လူတွေအတွက်ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်း ဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီးမိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီးချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်းဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်းသူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။ ၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာသူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲသူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလားဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)
...

The Girl Locked Upstairs: The Tanya Kach Story (2024) ⭐IMDB: 5.8/10 (194 Votes) 🎬 #Crime #Drama #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1996 ခုနှစ်တုန်းက ပန်ဆယ်ဗေးနီးယားမှာ ကန်ညာ ကတ်ခ်ျ ဆိုတဲ့ ၁၄ နှစ်အရွယ်မိန်းကလေးဟာ ‌ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုပျောက်သွားပြီး ဆယ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာမှ သူ့ကို လုံခြုံရေးအစောင့်ရဲ့ နေအိမ်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အဲလစ်ဇဘက် ဟာလည်း ပြန်ပေးဆွဲမှုကနေ လွတ်မြောက်လာသူဖြစ်ပြီး ကန်ညာရဲ့ ဇာတ်လမ်းကို ပြန်မျှဝေပေးဖို့အတွက် ကန်ညာ ဆီကိုဆက်သွယ်ခဲ့ပါတယ်။ ဒီလိုကနေ အခု ဒီဇာတ်ကားလေး ရိုက်ဖြစ်သွားကြတာပါ။ ဒီဇာတ်ကားကိုကြည့်ရတာ စိတ်ရှုပ်စရာအခြေအနေတွေတော့ ပါနေပါလိမ့်မယ်။ လုံခြုံရေးအစောင့်က ၁၄ နှစ်အရွယ်သမီးလေးကို မြူစွယ်နေတာတွေ အခန်းထဲမှာပိတ်ပြီး အလိုမတူ ဆက်ဆံတဲ့အကြောင်းအရာတွေ ပါနေတဲ့အတွက် စိတ်မသက်မသာတော့ဖြစ်မိမှာပါပဲ။ ကန်ညာတစ်ယောက် ဘယ်လို ဆင်းရဲ ဒုက္ခတွေခံခဲ့ရတယ် ဘယ်လိုလွတ်မြောက်အောင်လုပ်ခဲ့တယ် ဆိုတာတွေကိုတော့ ဒီကားထဲမှာကြည့်ပေးကြပါဦး။
...

Sixty Six (2006) ⭐TMDB: 66% User Score 🎬 #Biography #Comedy #Drama 🗓 2006 🎞 Series 🌎 #France #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။ တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။
...

The Boyfriend (2024) ⭐IMDB: 7.8/10 (973 Votes) 🎬 #Reality #RealityTV #Romance 🗓 2024 🎞 tv series 🌎 #Japan ⏰ 41 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Boyfriend ( 2024) ဂျပန် Reality Showတွေက တော်တော်ကောင်းတယ်လို့ ပြောကြတာတော့ မြင်ခဲ့ဖူးပေမဲ့ တစ်ခါမှတော့ မကြည့်ကြည့်ဖူးဘူးပေါ့။ ဒီရှိုးကြည့်ကြည့်တော့ ဟုတ်တော့လည်း ဟုတ်မှာပဲလို့တော့ တွေးတော့တွေးမိပါတယ်။ ဒီလိုရှိုးတွေ သိပ်အများကြီးတော့ မကြည့်ဖူးလို့ မပြောတတ်ပေမဲ့ ဒီလိုရှိုးကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ ကောင်းမယ်လို့ ထင်ရတာပါပဲ။ ဒီရှိုးကတော့ ဂေးတွေကို အိမ်တစ်အိမ်ထဲ အတူတူထား, အလုပ်အတူတူလုပ်ခိုင်း။ သူတို့ကြားထဲ ဆက်ဆံရေးတစ်ခုတည်ဆောက်ပေးပြီး ဘယ်သူက ဘယ်သူ့ကိုချစ်မိသွားမလဲ စောင့်ကြည့်တဲ့ ရှိုးပါပဲ။ သူတို့ကို အကဲဖြတ်နေတဲ့လူတွေရဲ့ စကားတွေကလည်း မိုက်နေတော့ ဒီလိုင်းတွေစိတ်မဝင်စားရင်တောင် ကြည့်ရတာတော့ ပမာဏတစ်ခုအထိတော့ အရသာရှိနေပါတယ်။ နောက် သူတို့ကတော့ ဂေးတွေရဲ့ ဆက်ဆံရေးကိုပဲပြနေပေမဲ့ လူဟာလူပဲမို့ သူတို့ဆက်ဆံရေးကို ကျွန်တော်တို့ဆက်ဆံရေးတွေနဲ့ ယှဉ်တွဲမြင်ကြည့်လို့ရအောင်လည်းပြထားတော့ အချိန်ပေးရကျိုးတော့ ပမာဏတစ်ခုအထိတော့ နပ်မယ့်ရှိုးပါပဲ
...

Fugueuse (2018) ⭐IMDB: 7.6/10 (772 Votes) 🎬 #Drama #Crime 🗓 2018 🎞 Series 🌎 #Canada ⏰ 43 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fugueuse (2018) Season-1 Fugueuse (aka) Runaway လို့အမည်ရတဲ့ ဒီစီးရီးဟာ ပြင်သစ်စကားပြော ကနေဒါ Teenage ရုပ်သံစီးရီးဖြစ်ပါတယ်။ IMDb Rating (7.6) ရရှိထားပြီး ထိုက်သင့်တဲ့အောင်မြင်မှုရရှိခဲ့တာကြောင့် 2020 မှာ Season-2 ထပ်မံထွက်ရှိခဲ့ပါတယ်…CM အနေနဲ့တော့ Season 1 ကို အရင်တင်ဆက်တာဖြစ်ပြီး S2 ကိုတော့ အလျဉ်းသင့်ရင် ထပ်မံတင်ဆက်သွားပါမယ်။ ကနေဒါမင်းသမီး Ludivine Reding က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး အဖော်အချွတ်ခန်းတွေပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုလို့မရတဲ့ ဆယ်ကျော်သက်ရုပ်သံစီးရီးဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခု၊ အထူးသဖြင့် အချိန်ပိုပေးရတဲ့ စီးရီးတစ်ခုကို မကြည့်ခင် ဘာကြောင့်ကြည့်သင့်တာလဲ ဆိုတဲ့မေးခွန်းကို မေးဖို့လိုတယ်။ အနုပညာက အနုပညာအတွက်သက်သက်ဆိုတဲ့ အမြင်ကြောင့်ကြည့်မလား။ ဒါမှမဟုတ် အသိတစ်ခုရဖို့အတွက် ကြည့်မလား။ ဒီစီးရီးက အသိတစ်ခုရဖို့ ဖျော်ဖြေမှုကောင်းကောင်းနဲ့ ချပြထားတဲ့ စီးရီးတစ်ခုလို့ ပြောနိုင်တယ်။ လောကကြီးက ပွေလီတယ်။ ယုံစားလို့မရတဲ့လူတွေရှိတယ်။ ကိုယ့်ရဲ့ဖြူစင်မှုကို နင်းချမယ့် လူတွေရှိတယ်။ ဒီစီးရီးမှာ မိဘတွေရဲ့ လှောင်အိမ်ကြားကနေ လောကကြီးထဲ ပစ်ဝင်ပြီး အမြတ်ထုတ်ခံခဲ့ရတဲ့ ‌ကောင်မလေးတစ်ယောက်ကို တွေ့ရလိမ့်မယ်။ သူ့ဘဝကိုမြင်ရမယ်။ သူ့အတွေးတွေကိုမြင်ရမယ်။ သူ့ဆီက‌တဆင့် ကျနော်တို့ရဲ့ ဆယ်ကျော်သက်ဘဝက အတွေးတွေကိုပါ ပြန်မြင်ရလိမ့်မယ်။ Fugueuse ဆိုတာ အိမ်ပြေးလို့ အဓိပ္ပာယ်ရတယ်။ အဓိက ဇာတ်ကောင်ကတော့ ဖန်နီဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးပဲ။ သူ့မိသားစုက အာရှမိဘတွေလို သိပ်ချုပ်ချယ်တယ်။ ညဆို ဘယ်နှနာရီပြန်လာ၊ ဘယ်သူနဲ့ပဲပေါင်း၊ ဘာလုပ်၊ ညာလုပ်ပေါ့။ မိဘတွေရဲ့ အမြင်မှာတော့ သူတို့သမီးလေးကို အန္တရာယ်မဖြစ်စေချင်လို့ အဲဒီလိုထိန်းချုပ်ထားတာပဲ။ ဖန်နီရဲ့အမြင်မှာတော့ သူ့ကို ချုပ်ချယ်တယ်လို့ပဲမြင်တယ်။ ဖန်နီက သူ့ကို အခုလို ချုပ်ချယ်နေတာကို သဘောမကျဘူး။ ဘက်ပေါင်းစုံက ဖိအားများလာတဲ့အချိန်မှာ ပေါက်ထွက်သွားဖို့လွယ်တယ်။ ဖန်နီ ပေါက်ကွဲသွားဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့ စီစဉ်ထားတဲ့ခရီးတစ်ခု မသွားရတဲ့ကိစ္စက စနက်တံဖြစ်သွားတယ်။ ခရီးပေးမထွက်တဲ့ညက သူ့မိဘတွေကို ပုန်ကန်မယ်ဆိုတဲ့အတွေးနဲ့ သူအပြင်မှာ အိပ်တယ်။ အဲဒီမှာ ဒေမီယန်ဆိုတဲ့ အဆိုတော်တစ်ယောက်နဲ့တွေ့တယ်။ သူက ဖန်နီ့ကို သူ့ရဲ့ ဗီဒီယိုမှာ ပါဖို့ပြောပြီး အမြဲအဆက်အသွယ်လုပ်တယ်။ ဒီနေရာမှာ အသက်ကြီးတဲ့လူတွေက ကောင်‌မလေးတွေကို ဘယ်လို Manipulate လုပ်သလဲဆိုတာကိုပါ မြင်ရတယ်။ အရင်ဆုံး လက်ဆောင်တွေပေးတယ်၊ ဖန်နီ သူ့ရည်းစားနဲ့ပြတ်သွားတဲ့အချိန် နွေးထွေးမှုပေးတယ်။ သူလိုချင်တာကို မရမချင်း လုံးဝ လူကောင်းတစ်ယောက်လိုနေပြီး သူ့စိတ်တိုင်းကျ ပုံသွင်းတယ်။ ဒါတွေက အခုခေတ် လူငယ်တွေအနေနဲ့ သိထားသင့်တဲ့ လူတွေအကြောင်းကို ကောင်းကောင်းပြောပြလိမ့်မယ်။ အဲဒီလို အယုံသွင်းပြီးတဲ့နောက်တော့ သူ့ကို ပြည့်တန်ဆာလောကထဲအထိ ခေါ်သွင်းသွားခဲ့တယ်။ ဒီစီးရီးတစ်ခုလုံးကို အဖြစ်အပျက်သေးသေးလေးတွေကပဲ သယ်သွားတယ်။ အဲဒီအဖြစ်အပျက်သေးသေးလေးတွေက စုပုံလာတာကို မြင်နေရင်း ကြည့်တဲ့သူကပါ ရင်မောလာလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ဖူးလောက်တဲ့ teenage crisis ကိုပါ ဒီထဲပါ သေချာမြင်ရလိမ့်မယ်။ ပြည့်တန်ဆာလောကတွေ၊ မူးယစ်ဆေးတွေ၊ လူကုန်ကူးမှုတွေအကြောင်း အရှိအတိုင်းပြထားတဲ့အတွက် သတိထားဆင်ခြင်စရာတွေ ရလိမ့်မယ်။ အဖော်အချွတ်အခန်းတွေပါတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်တော်ပါဘူး။ ဘဝဆိုတာ ပန်းခင်းတွေနဲ့ချည်းပြည့်နေတာမဟုတ်သလို လူတွေကလည်း သူတော်စင်တွေချည်းမဟုတ်ဘူး။ မိတ်ဆွေတွေ၊ မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူတွေ လောကမှာ အပြည့်ရှိတယ်။ ကိုယ့်ရန်သူကို အနိုင်ယူဖို့ ရန်သူအကြောင်းသိရမယ်။ ဒီစီးရီးကတော့ ရန်သူ‌တွေအကြောင်း တစ်စေ့တစ်စောင်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File Size –(1.3 GB) / (600 MB) (Appx;) @EpisodeQuality – WEB-DL 1080p HEVC /720PDuration – 40 min (@Episode)Total Episode – 10 Episode in Season-1Subtitle – Myanmar HardsubFormat – mkv/mp4Genre : Adult , DramaTranslator –Min Thant BoEncoder – Ka Naung Download Season(1)Complete============== Episode-1 (1080p) >>>Yoteshin/Gdtot/MegaUp Episode-1 (72op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-2 (1080p) >>>Yoteshin/Gdtot/MegaUp Episode-2 (72op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-3 (1080p) >>>Yoteshin/Gdtot/MegaUp Episode-3 (72op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-4 (1080p) >>>Yoteshin/Gdtot/MegaUp Episode-4 (72op) >>>Telegram/Yoteshin/Gdtot/MegaUp Episode-5 (1080p) >>>Yo...

Pradhan (2023) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Bollywood #Drama #Family #Comedy 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pradhan 2023 ပရာဒန် IMDb- 5.6/10 2023 ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံး Bengali ရုပ်ရှင်ဖြစ်ခဲ့တဲ့အပြင်Cinematic ၊ castတွေရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ Chemistryမိတယ်ဆိုပြီးအပြုသဘောဆောင် ဝေဖန်မှုတွေ ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ Bollywood ရိုးရာမပျက် ဒီကားလေးကလည်းနိုင်ငံရေးကစားကွက်တွေကြားက အမှန်တရားဘက်တော်သားလေးရဲ့တိုက်ပွဲကို မြင်ရမှာပါ။ ရိုးသားကြိုးစားပြီး မိသားစုရဲ့အားကိုးရတဲ့ ရဲအရာရှိဒီပါ့ခ်ပရာဒန်တစ်ယောက်လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဒါမာပူရ်ဆိုတဲ့ရွာလေးကို ပြောင်းရွှေ့ရဖို့ ဖြစ်လာပါတယ်။ မိသားစုရဲ့ အားကိုးရတဲ့သားဆိုတော့ မိဘတွေလည်း မခွဲနိုင်မခွာရက်တဲ့ကြားကနိုင်ငံ့တာဝန်နဲ့ယှဉ်တော့လည်း ဒါမာပူရ်ကိုလွှတ်လိုက်ရတာပေါ့။ဒီလိုနဲ့ အသစ်စက်စက် ကြင်စဦးမောင်နှံနှစ်ယောက် ဒါမာပူရ်ကို ရောက်လာတော့တာပေါ့။ ဒါပေမဲ့ ဒါမာပူရ်ရွာမှာလည်း အရင်ကတည်းက မင်းမူပြီးတော့ ကြီးနိုင်ငယ်ညှင်းရွာသားတွေကို အနိုင်ကျင့်နေတဲ့ သူကြီးပရာဒန်ဆိုတာက ရှိနေတော့အသစ်ရောက်လာတဲ့ ဦးစီးအရာရှိ ဒီပါ့ခ်ပရာဒန်က မျက်စိဆံပင်မွှေးဆူးစရာဖြစ်တစ်ဖက်ကလည်း တရားမျှတမှုကိုလိုလားတဲ့ အရာရှိပရာဒန်ကလည်းဒီလို မတရားမှုတွေကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်တဲ့အခါမှာတော့…. ဂူတစ်လုံးမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတော့ပရာဒန်အဟောင်းနဲ့ ပရာဒန်သစ်တို့ကြား ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...

Viraaji (2024) ⭐IMDB: 8.9/10 (3 k Votes) 🎬 #Bollywood #Thriller #Action 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 38 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Viraaji 2024ချောက်ချားဖွယ်ရာဆေးရုံကြီး ဓာတ်ပုံဆရာ သားဖွားမီးယပ် ဗေဒင်ဆရာ ပရိုဂျူဆာ ရဲကြင်စဦးဇနီးမောင်နှံ ဒီလူတွေက ပွဲဖိတ်စာတစ်ခုစီရခဲ့တယ်ဆုပေးပွဲဆိုပြီးတော့ ကားနဲ့တောင်လာခေါ်ပေးပြီး ကြိုဆိုပေးခဲ့ကြတယ် သူတို့ကိုခေါ်သွားတဲ့နေရာကတော့ ဟိုတယ်ဟောင်းကြီးတစ်ခုပါနေရာ‌ကိုတောင်မသိဘဲလိုက်သွားကြတဲ့သူတို့ ရောက်သွားတဲ့နေရာကလည်းလူသူမနီး ‌ညကြီး၈နာရီလောက်ဆိုတော့ မှောင်မဲနေတဲ့ပတ်ဝန်းကျင်နဲ့လူတစ်ယောက်မှမရှိတဲ့ဟိုတယ်ကြီးတစ်ခု ဟိုတယ်ထဲပတ်ကြည့်ကြရင်းနဲ့ ဒါကဟိုတယ်မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကစိတ်ကျန်းမာရေးလူနာတွေအတွက်ဆောက်ထားခဲ့တဲ့စိတ္တဇဆေးရုံကြီးဖြစ်နေခဲ့ပါတယ် ဒါ့အပြင် ဒီဆေးရုံကလူနာတွေကိုသရဲပူးနေတယ်ဆိုတဲ့ကောလာဟလနဲ့ ပြင်းထန်တဲ့နှိပ်စက်မှုတွေလုပ်လို့ဆေးရုံတစ်ခုလုံးကလူနာတိုင်း အစိမ်းသေသေခဲ့ရတဲ့ဖြစ်ရပ်ဆိုးကိုပါထပ်သိခဲ့လိုက်ရတယ် ဖိတ်ကြားခံရတဲ့တစ်ယောက်ချင်းစီကလည်းအတိတ်မှာကိုယ့်ကြောင့်လူသေမှုတွေဖြစ်ဖူးကြတဲ့လူတွေချည်းပဲဆိုတော့ဒီချောက်ချားဖွယ်ညတစ်ညကို ဆေးရုံထဲလွတ်လမ်းမရှိပိတ်မိနေတဲ့သူတို့ဘယ်လိုအသက်ရှင်ရာလမ်းကိုရွေးမလဲဆိုတာကိုတော့.. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ်
...

The Killer (1989) ⭐TMDB: 76% User Score 🎬 #Action #Crime #Drama #Thriller 🗓 1989 🎞 movie 🌎 #HongKong ⏰ 1 နာရီ 51 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Killer (1989) ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်… ဂျွန်ဝူးရဲ့ရွှေခေတ်….ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်းအဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီးကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှအပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကိုပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေကသူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရောရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေတွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်ကဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင်အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာကနောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ရရင်လည်း လူပီပီနာပြကျင်ပြ ခံစားပြတယ်။ လူကိုး။ ခိုးကိုးရာမဲ့ချိန် တစ်ချိန်ချိန်မှာစိတ်ရဲ့အမြင့်ကလည်း ပြုတ်ကျလာတတ်တာပဲ။ဒီအက်ရှင်ကားရဲ့တစ်ချို့အခန်းတွေဟာ ရင်ထဲနင့်စရာ သိပ်ကောင်းတယ်။ ဂျွန်ဝူးဟာ သူ့ခေတ်သူ့အခါက တကယ်တော်ခဲ့တဲ့ဆရာတစ်ပါးပါပဲ။ ရုပ်ရှင်ကိုတောင် ရိုက်နေရင်းမှဇာတ်ညွှန်းရေးခဲ့တဲ့သူ တစ်ယောက်ပါ။နောက်ဒီရုပ်ရှင်ကို ရိုက်ရာမှာ ပီပီပြင်ပြင်ရှိစေဖို့ဂျွန်ဝူးဟာ တကယ့်သေနတ်အစစ်တွေသုံးပြီးရိုက်ခဲ့တယ်။လမ်းမပေါ် ရိုက်တဲ့အချိန်ဆိုဖြတ်သွားဖြတ်လာ လူတွေကတောင်ဓားပြတိုက်နေတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါပဲ။ 1991မှာ အနောက်ကလူတွေကဒန်ဇယ်ဝါရှင်တန်နဲ့ Remakeလုပ်ဖို့ကြံခဲ့ကြပါတယ်။ နောက်ကျ ဟောလိဝုဒ်ကဒန်ဇယ်နဲ့ Remake လုပ်ဖို့ အဆင်မပြေတော့ကီယာနူးရိဗ်ကို ငှားခဲ့ပေမဲ့ သူကတော့ငြင်းလိုက်ပါတယ်။ မငြင်းရင်လည်းအဆင်ပြေမယ်မထင်ပါဘူး။ သို့ပေမဲ့ကီယာနူးရိဗ်ဟာ John WickမှာမှThe Killerကို Inspiration ယူခဲ့တယ်။ အစမှာတော့ ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ပြောကြတာကို နည်းနည်းလွန်တယ် ထင်မိပေမဲ့ဇာတ်အသိမ်းမှာတော့ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး။ဒါရိုက်တာဟာ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ့်အရသာတစ်ခုကို ထပ်ဆောင်းပေးခဲ့လိုက်ပြီ။ဒီအရသာက ကျွန်တော် ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့အရသာတစ်ခုပဲ။ ရုပ်ရှင်အပြီးမှာ တစ်ခုသောစာသားကလေးကိုပဲကျွန်တော် ပြေး သတိရမိတယ်။” ဘဝသည် နာကျင်ဖွယ်အတိနဲ့ကြင်နာတတ်ကြောင်း ပြလိမ့်ဦးမည်”တဲ့…… (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်)
...

The Killer (2024) ⭐IMDB: 5.7/10 (794 Votes) 🎬 #Action #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates #Canada #SouthKorea #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Killer (2024) ဒီ အက်ရှင်ကားအလန်းကတော့ မင်းသားကြီး ချောင်ယွမ်ဖက်ရဲ့ The Killer (1989) ကို ပြန်လည်ဖန်တီးထားတာပါ။ ဒါရိုက်တာကလည်း မူရင်း The Killer ရဲ့ ဒါရိုက်တာ ဆရာကြီး ဂျွန်ဝူးပါပဲ။ သူ့ရုပ်ရှင်တွေကိုတော့ သူရိုက်မှန်းမသိလိုက်ရင်တောင် အတော်များများကြည့်ဖူးကြမှာပါ။ A Better Tomorrow, Hard Boiled, Red Cliff, Silent Night, Reign of Assassins, Pay Check, Bullet in the Head စသဖြင့် အများကြီးပါပဲ။ ဇာတ်လိုက်နေရာမှာ မင်းသားကနေ မင်းသမီးပြောင်းသွားပါတယ်။ မင်းသမီးကတော့ Game of Thrones ဖန်တွေရဲ့ အချစ်တော် မိစန္ဒီ Nathalie Emmanuel ပါပဲ။ ဂျွန်ဝူးရဲ့ မာစတာပိစ်တွေထဲ တစ်ကားဖြစ်လို့ 1992 လောက်တုန်းက ရစ်ချက်ဂီရိတို့ ဒန်ဇယ်ဝါရှင်တန်တို့နဲ့တောင် ပြန်ရိုက်ဖို့ ကြံစည်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာပါ။ အခုတော့ ဂျွန်ဝူးကိုယ်တိုင်ပဲ ပြန်ရိုက်လိုက်ပါပြီ။ ဒီရုပ်ရှင်ကို ပြန်ရိုက်မယ်လုပ်တုန်းက နစ်ကလက်ကေ့ဂျ် ကိုယ်တိုင်တောင် ဂျွန်ဝူးသာပြန်ရိုက်ရင် သူပါချင်လိုက်တာဆိုပြီး ပြောဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မူရင်းရုပ်ရှင် မကြည့်ဖူးသေးတဲ့သူတွေအတွက် ညွှန်းပေးထားပါတယ်။ မူရင်းကိုလည်း ချန်နယ်မြန်မာ app သို့မဟုတ် website မှာ ကြည့်နိုင်ပါတယ်။ ဇီဟာ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်။ ဒါပေမဲ့ သေသင့်တဲ့သူကိုပဲ သတ်ပြီး အပြစ်မရှိတဲ့သူတွေကို လုံးဝမထိရဘူးဆိုတဲ့စည်းကမ်းနဲ့အလုပ်လုပ်နေတဲ့သူပါ။ တစ်နေ့မှာတော့ သူဝင်ပြီးလုပ်ကြံတဲ့ လူဆိုးဂိုဏ်းတွေနဲ့ တိုက်ပွဲမှာ အဆိုတော်ဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက် ကြားညပ်ပြီး မျက်စိထိခိုက်သွားပါတယ်။ သူ့ရဲ့အလုပ်ရှင်က အဲဒီကောင်မလေးကို လိုက်ရှင်းဖို့ ဖိအားပေးပေမဲ့ သူက မရှင်းတဲ့အပြင် အခြားကြေးစားတွေလက်ကပါ ကယ်ထုတ်သွားပါတယ်။ အဲဒီကောင်မလေးကလည်း လူဆိုးဂိုဏ်းတွေအတွက် အရေးပါတဲ့ သက်သေဖြစ်နေပြန်တယ်။ တချိန်တည်းမှာပဲ လူဆိုးဂိုဏ်းတွေ ဘယ်လိုမှ လာဘ်ထိုးလို့မရတဲ့ ခေါင်းမာတဲ့ရဲက ဒီအမှုနဲ့ ဘိန်းဖြူမှုတွေကို ဆက်စပ်မိပြီး နောက်ကလိုက်လာနေပါတယ်။ ရဲတွေရယ် ဂိုဏ်းတွေရယ် ဇီ ရယ် သုံးပွင့်ဆိုင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ခေတ်ဟောင်း အက်ရှင်ဇာတ်လမ်းအတိုင်းပဲ ပြသသွားပါတယ်။ ကြည့်လိုက်ကြပါဦး။
...

Inception (2010) ⭐IMDB: 8.8/10 (3 M Votes) 🎬 #Action #Adventure #Drama #SciFi #Thriller #ScienceFiction 🗓 2010 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 28 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Inception (2010) IMDb Rating (8.8) / Rotten Tomatoes (87%) ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း…. ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ကော့ဘ် (လီယိုနာဒို) ဟာ အိပ်မက်ထဲကနေ အတွေးခိုးတဲ့လူတွေထဲမှာ အတော်ဆုံးပါပဲ။ ဒါပေမဲ့ သူသွားခိုးရတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေကလဲ အိပ်မက်သမားတွေအကြောင်းကို သိနေတာမို့ သူတို့ကိုယ်တိုင် မသိစိတ်ကနေ အိပ်မက်ထဲမှာ ကာကွယ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒီတော့ ကော့ဘ်တို့ လူတစ်ယောက် အိပ်မက်ထဲကို လွယ်လွယ်ဝင်ပြီး ခိုးချင်တာခိုးလို့ ရနေတာမဟုတ်ပါဘူး။ မသိစိတ်ကနေ ထုတ်ထားတဲ့ ဇာတ်ကောင်တွေ လုံခြုံရေးတွေရဲ့ တိုက်ခိုက်တာကို အိပ်မက်ထဲမှာ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကော့ဘ်ရဲ့အားသာတဲ့အချက်က အိပ်မက်အကြောင်း သိထားတဲ့သူတောင် မျက်စိလည်သွားအောင် အိပ်မက်ထဲက အိပ်မက် ဒါမှမဟုတ် ဒုတိယ အိပ်မက်အလွှာကို ဖန်တီးပြီး ထပ်လှည့်စားတာပါပဲ။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ သူ့ဇနီးကိုသတ်မှုနဲ့ အမေရိကန်ကို ပြန်ခွင့်မရှိသလို သူ့ရဲ့ သားနဲ့သမီးကိုလည်း တွေ့ခွင့်မရှိပါဘူး။ တစ်နေ့မှာတော့ လုပ်ငန်းရှင်ကြီးတစ်ယောက်က သူ့ကို အမေရိကန် ပြန်ခွင့်ရအောင်လုပ်ပေးမယ် မိသားစုနဲ့ပြန်ဆုံအောင်လုပ်ပေးမယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်။ အပေးအယူအနေနဲ့ ပြိုင်ဘက်လုပ်ငန်းရှင်ရဲ့သားကို Inception လုပ်ပေးရမှာပါ။ အင်ဆက်ရှင်ဆိုတာကတော့ အိပ်မက်ပညာရှင်လောကမှာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ နည်းပညာပဲဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကူးကို ခိုးယူရတာမဟုတ်ဘူး လူတစ်ယောက်ရဲ့ခေါင်းထဲကို စိတ်ကူး အတွေးစ တစ်စထည့်ပေးလိုက်ပြီး အဲဒီစိတ်ကူးကို သူ့ဘာသာ တွေးမိတာလို့ ယုံအောင်ပါလုပ်ရတဲ့ နည်းပါ။ အဲဒီမဖြစ်နိုင်တာကိုလုပ်ဖို့ အိပ်မက်ဆေးတွေ စပ်တတ်တဲ့သူ၊ မသိစိတ်လုံခြုံရေးတွေ မဝင်နိုင်အောင် အိပ်မက် ဝင်္ကပါ ဆောက်မဲ့သူ နဲ့ သူ့လို အိပ်မက်သမား တွေကို စုစည်းပြီး ကြံစည်ပါတော့တယ်။ ဒါဆိုရင် ဆက်ကြည့်လို့ရပါပြီ။ ဇာတ်သိမ်းမှာတော့ ကောဘ့်ဟာ အိပ်မက်မက်နေတုန်းလား ကမ္ဘာအစစ်ကိုရောက်သွားပြီလား ဆိုတာ ကိုယ်တိုင် ဆက်စဉ်းစားဖို့နဲ့ ဒါရိုက်တာ Christopher Nolan ကရော ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးအမြင်လဲဆိုတာ အင်တာဗျူးတချို့ပါ လိုက်ဖတ်ကြည့်ကြရမှာပါ။ ++++++++++++++++++++++++ ဒီအောက်ကတော့ ကြည့်ပြီးမှ မျက်စိလည်ရင် ပြန်ဖတ်ဖို့ ရေးပေးထားတာပါ စပွိုင်လာ ပါပါတယ်။ ဒီဇာတ်လမ်းမှာ အလွှာ ၅ ခု ပါပါတယ်။ အိပ်ဆေးအပြင်းစားကို သုံးထားတဲ့အတွက် အချိန် အဆ ၂၀ ကွာပါတယ်။အရင်အိပ်မက်တွေက ၁၂ ဆပဲ ကွာတာပါ။ အလွှာ ၁ – ကမ္ဘာအစစ် (၁၀ နာရီ)အလွှာ ၂ ပထမအိပ်မက်အလွှာ – မိုးရွာနေတဲ့မြို့ ( တစ်ပတ်)အလွှာ ၃ ဒုတိယအိပ်မက်အလွှာ – ဟိုတယ် ( ၆ လ)အလွှာ ၄ တတိယ အိပ်မက်အလွှာ – နှင်းတော(၁၀နှစ်)အလွှာ ၅ – လင်ဘို (ဆိုက်တို နှစ် ၅၀ ကျော် နေလိုက်ရ၊ နှစ်ပေါင်း ရာနဲ့ချီရှိနိုင်) ကမ္ဘာအစစ်မှာ ဖစ်ရှာကို အိပ်ဆေးပေးတာ ရှင်းပါတယ်။မိုးရွာနေတဲ့ ပထမအိပ်မက်အလွှာ (ယူဆက်ရဲ့အိပ်မက်)ဖစ်ရှာကို ပြန်ပေးဆွဲပြပြီး ဂဏန်း ၆ လုံး အတင်းမေးပါတယ်။ အဲဒီ ၆ လုံးက တတိယအိပ်မက်အလွှာမှာ မီးခံသေတ္တာဖွင့်လို့ရအောင် ပြန်သုံးပြမှာပါ။ ဒါကြောင့် ဒုတိယအလွှာကို သွားတဲ့အချိန်မှာ ယူဆက်က နေခဲ့ပြီး ပြန်နိုးဖို့ တီးလုံးသံနဲ့ အချက်ပြမှာပါ။ ကားကို ရေထဲမောင်းချပြီးအားလုံးကို ဒုတိယအလွှာဟိုတယ်ကနေ နှိုးဖို့ပါ။ ဟိုတယ် ဒုတိယအိပ်မက်အလွှာ ( အာသာရဲ့အိပ်မက်)အဲဒီမှာ ကော့ဘ်က ဖစ်ရှာကို အယုံသွင်းပြီး တတိယအလွှာဟာ ပီတာ့အိပ်မက်လို့ ထင်အောင်လုပ်လိုက်တာပါ။ ဒီတော့ အိပ်မက်ပိုင်ရှင် အာသာက နေခဲ့ပါပြီ။ ဟိုတယ်ကိုဖောက်ခွဲပြီး နှင်းတောကလူတွေကို နှိုးမှာပါ။ ပထမအိပ်မက်မှာ ကားက ရေထဲကျနေပြီ ဆွဲငင်အားပျောက်နေတော့ ဓာတ်လှေကားထဲကို ထည့်ပြီး အရေးပေါ် ဖြုတ်ချပြီးနှိုးသွားတာပါ။ နှင်းတော တတိယအိပ်မက်အလွှာ ( အီးမီးရဲ့ အိပ်မက်) အဲဒီအိပ်မက်မှာ ...

Song One (2014) ⭐IMDB: 5.8/10 (10 k Votes) 🎬 #Drama #Music #Romance 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီး ကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8 ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင် တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင် Johnny Flynn တို့ပဲဖြစ်ပါတယ်။ ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက် ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ် နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာ သီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာ အဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီး လမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့ အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြော ဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကို စောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။ အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်း ဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင် သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

Pariah Volume 1: Every Street Dog Has a Name (2024) ⭐IMDB: 6.9/10 (305 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10 ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီးလမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကိုနေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာနေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာစကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသောမာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီးအတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ်ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲလူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်းသက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်းပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်
...

The Edge of Love (2008) ⭐TMDB: 62% User Score 🎬 #Drama #Romance #War #History 🗓 2008 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peaky Blinders မင်းသားကြီး Cillian Murphy နဲ့ Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင် ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDb Rating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့ အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာ နဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက် ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ် ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင် မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက် ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လို စလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာ ယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာ ငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူ ကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။ သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့ အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့် ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။ နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကို လိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်က မလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေး အယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။ အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ဝီလီယမ်ဆိုတဲ့ တပ်ကြပ်ကြီးပဲဖြစ်ပါတယ်။ဗယ်ရာ့စိတ်ထဲမှာ ဒေလန်တစ်ယောက်တည်း ရှိပေမဲ့နောက်ဆုံးမှာတော့ ဝီလီယမ်ရဲ့အချစ်တွေကိုမတားဆီးနိုင်တော့ပဲ ချစ်ကျွမ်းဝင်သွားကြတဲ့အခါမှာ သူတို့ ၄ ယောက်သားရဲ့ကြားထဲမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ဒရာမာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

Black Storm (2024) ⭐TMDB: 80% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက်ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီးလေကျယ်အနေနဲ့ ပြန်လာပါပြီနော်… ဇာတ်လမ်းအကျဉ်းလေးကတော့…ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကိုခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူးသေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာတိုင်ကြားမှုတွေများနေခဲ့တာပေါ့… ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့..သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလိုခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့…တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး..လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့… တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမကအုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်…တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ …ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်…ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့…ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်.. ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား…တခြား ဘာပတ်သက်မှုတွေရှိသေးလဲ…လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ…ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်
...

Violence in a Women's Prison (1982) ⭐TMDB: 59% User Score 🎬 #Action #Adult #Crime #Drama #Thriller #Horror 🗓 1982 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 39 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Italian erotic cinema ရဲ့နာမည်ကျော် မင်းသမီး Laura Gemser ရဲ့နာမည်အကြီးဆုံး Emanuelle series ဇာတ်ကားတွေထဲကတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ သတင်းထောက် အီမန်နျူရယ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့နဲ့ပူးပေါင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ အကျဉ်းသူယောင်ဆောင်ပြီး  Santa Catarina အမျိုးသမီးအကျဉ်းထောင်ထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီမှာတော့ သူထောက်လှမ်းဖို့လာခဲ့တဲ့  အကြမ်းဖက်မှု၊အနိုင်ကျင့်မှုတွေကို ဘက်ပေါင်းစုံကနေ ကိုယ်တိုင်တွေ့ကြုံခံစားရပါတော့တယ်။ သူတို့ခေတ်ကာလဇာတ်ကားတွေထုံးစံအတိုင်း အဖော်အချွတ်တွေ၊လိင်တူလိင်ကွဲဆက်ဆံခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်ခန်းတွေတစ်ကားလုံးလိုလို ဖောဖောသီသီ တင်ဆက်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

ဇာတ်ညွှန်းများ • FDMN - إحصائيات وتحليلات قناة تيليجرام