ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Kneecap (2024) ⭐IMDB: 7.6/10 (5 k Votes) 🎬 #Comedy #Drama #Music 🗓 2024 🎞 movie 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 45 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kneecap (2024) IMDb Rating (7.6) / Rotten Tomatoes (97%) Kneecap ဟာဘယ်လ်ဖတ်စ်အခြေစိုက် အိုင်ယာလန်ဟစ်ပ်ဟော့အဖွဲ့ဖြစ်တဲ့ Kneecap အဖွဲ့ရဲ့ဇာတ်ကြောင်းကိုအခြေခံပြီး သူတို့အဖွဲ့ဝင်တွေကပဲ ကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ Michael Fassbender ကြီးကိုဇာတ်ပို့အဖြစ်မြင်တွေ့ရမှာပါ။ ဒီကားကို Sundance Film Festival မှာပွဲဦးထွက်ပြသခဲ့ပြီး NEXT Audience Award ရရှိခဲ့သလို Galway Film Fleadh မှာလည်းဆုသုံးဆုဆွတ်ခူးခဲ့ပါသေးတယ်။ လာမယ့် အော်စကာမှာလည်း Best International Feature Film အဖြစ်တင်သွင်းထားပါတယ်။ ဇာတ်အစကနေအဆုံးထိ မြူးကြွသွက်လက်တဲ့တင်ဆက်ပုံတွေ၊ ရှယ်လန်းတဲ့ beats တွေ အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)
...

Do You See What I See (2024) ⭐IMDB: 6.0/10 (206 Votes) 🎬 #Horror #Drama #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 49 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ကားကောင်းကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကို သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Do You See What I see (2024) အင်ဒိုစကားပြော ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ မီးအလင်းအမှောင် ကောင်းမွန်မှုတွေ သေသပ်တဲ့ ရိုက်ကူးချက်တွေကြောင့် ကြည့်ရတာ တန်တဲ့ Horror ဇာတ်ကားကောင်း တစ်ခုပါ။ ဇာတ်လမ်းကတော့ မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန်ပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ အုတ်ဂူကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သင်္ချိုင်းမှာ မွေးနေ့ ဆုတောင်းအနေနဲ့ သူမကို စိတ်ရင်းနဲ့ ချစ်ခင်ပေးမယ့် ချစ်သူတစ်ယောက် လိုချင်တယ်ဆိုပြီး ပြောခဲ့မိပါတယ်။ အဲဒီည နောက်ကျပြီးမှ အဆောင်ပြန်ရောက်လာတဲ့ မာဝါဟာ တမျိုးတဖုံ ပြောင်းလဲလာခဲ့ပါတယ်။ အတူနေ အဆောင်သူငယ်ချင်းတွေက တဖြည်းဖြည်းနဲ့ မာဝါတစ်ယောက် ထူးဆန်းလာတာကို သတိထားမိတဲ့ အချိန်မှာ ဘာကြောင့်ဆိုတာ သိဖို့ စုံစမ်းအကဲခတ်ကြည့်ကြပေမယ့် သေချာမသိကြပါဘူး။ အချစ်ဆုံး အတူနေ အဆောင်သူငယ်ချင်းတွေကိုတောင် ရန်လိုလာတဲ့ မာဝါတစ်ယောက် ဒီလိုပြောင်းလဲလာတာဟာ သူ့ကို ကပ်နေတဲ့ ဝိဉာဉ်တစ်ခုကြောင့်ဆိုတာ သိလိုက်ကြတဲ့ အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ။ ဒီမကောင်းဆိုးဝါး ဝိဉာဉ်က မာဝါ တစ်ဦးတည်း သာမကပဲ သေဆုံးသွားပြီး ဖြစ်တဲ့ မာဝါရဲ့ မိဘနှစ်ပါးနဲ့ပါ ပတ်သတ် ဆက်နွယ်နေတဲ့အခါ
...

Dawn of the Dead (2004) ⭐TMDB: 71% User Score 🎬 #Action #Horror #Thriller #Drama #ScienceFiction 🗓 2004 🎞 movie 🌎 #Canada #France #Japan #USA #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်… ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်… အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်…။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ…။ တစ်ကယ်လို့များ အဲဒါကို အစကတည်းကသိခဲ့ကြရင်…။ ရင်တစ်ထိတ်ထိတ် သဲတဖိုဖိုနဲ့ အူယားစရာကောင်းအောင်းကြည့်ရှု့ခံစားရမဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။
...

The Heist (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #India #Mauritius #UnitedKingdom ⏰ 2 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Heist 2024 (အနုကြမ်းဓါးပြ)IMDb – 7.6/10 အန်နာညာဟာ အရင်က အစိုးရလက်အောက် FATF ဌာနမှာအလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အခုဆိုရင်တော့လူလိမ်တွေ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပေးတဲ့ လုပ်ငန်းတစ်ခုမှာဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးပေါ့။ သူတို့ဟာ အခုလက်ရှိမှာအိန္ဒိယရဲ့ အလိုအရှိဆုံး နာမည်ကြီးလူလိမ်ဖြစ်တဲ့ဗီရှန်ရှားနောက်ကိုလိုက်နေကြတာဖြစ်ပါတယ်။ ဗီရှန်ရှားဆိုသူဟာ တောင်အာဖရိကပိုင် အီဘိုနီကျွန်းမှာ တွေ့ရတယ်လို့ သတင်းရတဲ့အခါမှာတော့သတင်းကိုသေချာဖို့အတွက်နဲ့ မြေအောက်စနစ်ထဲကနေ အယ်လ်ဖာဆိုတဲ့သူကို ငှားရမ်းပြီးတော့ စုံစမ်းခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဗီရှန်ရှားရဲ့ ကျွန်းပေါ်ကအခြေအနေကို သိလာရတဲ့အချိန်မှာတော့ သူတို့ကိုယ်တိုင်လက်ရဖမ်းဆီးဖို့ကြံစည်ကြပါတော့တယ်။ သို့ပေမဲ့လည်းတခြားနိုင်ငံပိုင်နယ်နိမိတ်အတွင်းမှာဖြစ်နေတဲ့အတွက် အခက်တွေ့နေပါတော့တယ်။ ဒီလိုနဲ့ ဗီရှန်ရှားကို ဖမ်းဆီးနိုင်ဖို့ သူတို့ ဘယ်လိုတွေ အကြံထုတ်ကြမလဲ …..မြေအောက်စနစ်ကနေ ငှားရမ်းထားတဲ့ အယ်လ်ဖာဆိုတဲ့သူနဲ့ရော တွဲပြီးတော့ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ … နောက်ဆုံးမှာ လူလိမ်ကြီးဗီရှန်ရှားကို ဖမ်းဆီးနိုင်မှာလား …ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအက်ရှင်မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ Alex~ V~ KKKZ တို့ပဲဖြစ်ပါတယ်)
...

The Thinning: New World Order (2018) ⭐IMDB: 4.1/10 (3 k Votes) 🎬 #Action #Drama #Horror #Thriller #SciFi 🗓 2018 🎞 movie 🌎 #USA #UnitedStates ⏰ 1 နာရီ 30 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Thinning New World Order (2018) The Thinning (2016)ရဲ့အဆက်ပါ Directed by Michael J. Gallag’her ပါပဲ စစ်ဆေးမှုမအောင်မြင်တဲ့ ကျောင်းသားတွေကို သတ်ပစ်တယ်လို့သိထားကြတဲ့ အမေရိကမှာ ကျောင်းသားတွေတကယ် အသတ်ခံရတာမဟုတ်ဘဲ လျို့ဝှက်မြေအောက်အလုပ်ခွင်ထဲ အပို့ခံရတဲ့အခါမှာ ဘလိတ်ခ်နဲ့အယ်လီတို့ဟာ ပြန်လည်ဆုံတွေ့သွား ကြပါတယ် တဖက်မှာလည်း လီနာက မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ အလုပ်ဖိတ်ကြားချက်ကိုရရှိပြီး မဲဆွယ်ပေးသူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေခဲ့ပါတယ် ကယ်လန်ကတော့ သူလိုချင်တဲ့သတင်းထောက်အလုပ်မှာ ဂျူနီယာအဖြစ်လုပ်ကိုင်ရင်း မြေအောက်အဖွဲ့အစည်းအကြောင်းကိုသိရှိသွားမလား မြို့တော်ဝန်ကိုယ်တိုင်ကရော ဒီကိစ္စနောက်ကွယ်မှာ ပါဝင်ပက်သက်နေမလား ဘယ်သူက တကယ်တမ်းကြိုးကိုင်နေတာလဲ ဆိုတာတော့ဆက်ကြည့်ကြပါနော်
...

Apartment 7A (2024) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Australia #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apartment 7A (2024) နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့Rosemary’s Baby (1968)ရဲ့ Prequel ဖြစ်ပြီး Rosemary’s Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary’s Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary’s Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။ Rosemary’s Baby ထဲ ရို့စ်မေရီနဲ့ အဝတ်လျှော်ခန်းထဲ တွေ့ခဲ့တဲ့ တယ်ရီဆိုတဲ့ဇာတ်ကောင်အကြောင်းကို အကျယ်ချဲ့ရိုက်ထားတယ်။ Rosemary’s Baby မှာတော့ တယ်ရီက ရို့စ်မေရီနဲ့ တစ်ခါပဲ တွေ့လိုက်ရပြီး နောက်တစ်ခါမှ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတဲ့ တယ်ရီဆိုတဲ့ အမျိုးသမီးရဲ့အကြောင်းပေါ့။ Story by ကို Skylar James လို့ရေးထားတော့ ဒါက စာအုပ်ထဲမပါတဲ့ ကိုယ်တိုင်စိတ်ကူးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ရို့စ်မေရီမတိုင်ခင် ဒီအိမ်ကြီးထဲကလူတွေက ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြထားပေမဲ့ မူရင်း ရို့စ်မေရီရဲ့ ဇာတ်ကြောင်းနဲ့တော့ မသွေဖီသွားပါဘူး။ ဒီမှာ ချီးကျူးရမှာက သူက ရို့စ်မေရီလို Psychological Horror / Mystery ဘက်သွားမယ်ဆို သွေဖီသွားနိုင်တယ်။ ဒီတော့ သူက အတိုင်းအတာတစ်ခုအထိတော့ ဘာဖြစ်မလဲ ကျွန်တော်တို့မှန်းမိပြီးသားဇာတ်ကို Psychological Thriller ပုံစံနဲ့ ပြန်တင်ပြသွားတယ်။ ဒါပေမဲ့ မူရင်းပုံစံနဲ့လည်း တော်တော်ဆင်နေတုန်းပဲ။ အဆုံးသတ်ကို ကျွန်တော်တို့သိပြီးသားပဲ။ ဒီတော့ ဒီလိုအဆုံးသတ်ဖြစ်လာဖို့ ဘယ်လိုဖန်လာမလဲဆိုတာကို ဇာတ်ကောင်ရဲ့ စိတ်အတက်အကျတွေနဲ့ ဆွဲခေါ်သွားလိမ့်မယ်။ ထင်တော့မထင်ထားဘူးလို့ ပြောရမလိုပဲ။ ဒီဇာတ်က ဘယ်လိုအဆုံးသတ်သွားမလဲ ပမာဏတစ်ခုအထိတော့ သိနေပေမဲ့ ထင်တော့မထင်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားတယ်။ ဆိုးတာက ဒီဇာတ်အတိုင်းသာဆို ရို့စ်မေရီဇာတ်ကောင်ပေါ် တော်တော်လေး သက်ရောက်မှုများနေတာပါပဲ။ ဘာလို့ဆို ကြည့်ပြီးရင် သိပါလိမ့်မယ်။ 1968 ဇာတ်ကားမကြည့်ရသေးဘဲ ဒါကို အရင်ကြည့်ဖို့တော့ အားမပေးချင်ပါဘူး။ ရို့စ်မေရီကို ကြည့်ထားရင်တော့ ဘယ်လိုများချိတ်ပြမလဲ စောင့်ကြည့်ရတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရုတ်ဝေးကနေ ဆုရထားတဲ့ Dianne Wiest တို့၊ One Day မင်းသား Jim Sturgess တို့၊ Ozark ဇာတ်လမ်းတွဲထဲက Julia Garner တို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rosemary’s Baby ကိုကြည့်ပြီးတဲ့လူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် ရုပ်ရှင်ဖြစ်သလို Rosemary’s Baby ကို ကြိုက်တဲ့လူတွေကတော့ ကြည့်ကိုကြည့်သင့်တယ်လို့ မြင်တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

The Thinning (2016) ⭐IMDB: 5.3/10 (11 k Votes) 🎬 #Action #Drama #Horror #Thriller #SciFi 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag’her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော်) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့ Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်းကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကိုခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်းပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့စစ်ဆေးမှုကျရှုံးသွားရတာလဲ Blake Redding (Logan Paul) & Ellie Harper ( Lia Marie Johnson) သူတို့ကတော့coupleပါမြို့တော်ဝန်ရတ်ဒင်းန်ရဲ့ သားဖြစ်သူ ဘလိတ်ရတ်ဒင်းန်နဲ့ ကျောင်းကခပ်လန်းလန်းကောင်မလေး အယ်လီဟက်ပါ စစ်ဆေးမှုမတိုင်ခင်ညမှာ ချိန်းတွေ့ကြတာမိသွားတော့မြို့တော်ဝန်က သူ့သားကျမှာစိုးလို့မပေါ့လျော့ဖို့ဆုံးမမနက်ရောက်တော့ စစ်ဆေးမှုမှာ အယ်လီကျသွားတယ်ချစ်သူကိုအဆုံးရှုံးမခံနိုင်တဲ့ဘလိတ်ခ်က အဖေကိုအကူအညီတောင်းပေမယ့် ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ငြင်းခံရတော့ဒီစနစ်ကိုဒီလောက်ထောက်ခံရလားဆိုပြီး သူပါတမင်ကျရှုံးအောင်ဖြေမယ့်အကြောင်း videoတစ်ခုလုပ်ထားခဲ့တယ် ရမှတ်တွေမထွက်ခင် မြို့တော်ဝန်သိသွားတဲ့အခါတားမှာလား ဥပဒေအတိုင်းထားမှာလား Woods (Calum Worthy) လီနာရဲ့သူငယ်ချင်းကောင်းစီစီတီဗွီတွေကိုအမြဲဟက်ပြီး ကြည့်လေ့ရှိသူသတင်းထောက်လည်းဖြစ်ချင်တဲ့အတွက်နာမည်ကျော်သတင်းထောက် ဝမ်ဒီဆီကိုသတင်းတွေအမြဲပို့နေသူတစ်ယောက် Thinning လုပ်တယ်ဆိုတာကရော ဘယ်လိုနည်းနဲ့သတ်ပစ်တာလဲစစ်ဆေးမှုရလာဒ်တွေကရော အမှန်တိုင်းဟုတ်ရဲ့လားကယ်လန်ကရော စီစီတီဗွီမှတ်တမ်းကနေတစ်ဆင့်သူငယ်ချင်းတွေကိုဘယ်လိုကူညီနိုင်မှာလဲသနားစရာလီနာနဲ့ အယ်လီတို့ကရော ကယ်တင်ခံရမှာလားဘလိတ်ခ်ကရော သတ်ပစ်ခံရတဲ့ထဲပါသွားမှာလားဆိုတာChannel Myanmar ကနေတစ်ဆင့် ကြည့်ရှုခံစားကြမယ်နော်
...

Pelikan Blue (2023) ⭐IMDB: 8.1/10 (510 Votes) 🎬 #Animation #Documentary #History 🗓 2023 🎞 movie 🌎 #Hungary ⏰ 1 နာရီ 19 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pelikan Blue (2024)Original title: Kék Pelikan IMDb Rating (8.1) ဒီ Animation Documentary လေးကတော့ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံတင်ဆက်ထားတဲ့ ဟန်ဂေရီ Animation ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံဟာ ဆိုဗီယက်အုပ်ချုပ်ရေးလက်အောက်မှလွတ်မြောက်သွားပြီးနောက် ၁၉၉၀ ခုနှစ်ကာလများမှာ လွတ်လပ်စွာခရီးသွားလာခွင့်တွေရရှိခဲ့ပေမယ့် လက်မှတ်ခတွေ အလွန်ဈေးကြီးတာကြောင့် ခရီးသွားဖို့မတတ်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် လူငယ်များ နိုင်ငံပြင်ပ လောကကြီးအကြောင်းလေ့လာနိုင်စေဖို့ ဘူတာပတ်စ်မြို့က Ákos, Laci နဲ့ Petya ဆိုတဲ့ လူငယ်လေးသုံးယောက်ဟာ လက်မှတ်တုတွေလုပ်ပြီး ခရီးသွားကြဖို့ ကြိုးပမ်းကြပုံကို စိတ်ဝင်စားဖွယ် သမိုင်းဗဟုသုတအနေဖြင့်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zaw Mee ပဲဖြစ်ပါတယ်)
...

Wolfs (2024) ⭐IMDB: 6.5/10 (15 k Votes) 🎬 #Action #Comedy #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး ဂျော့ကလူနီ နဲ့ ဘရက်ပစ်တို့ ပါဝင်ထားတဲ့ သည်းထိပ်ရင်ဖိုမှုခင်းကားအသစ်ပါ။ ဒါရိုက်တာကတော့ Spider-Man : No Way Home ကိုရိုက်ခဲ့တဲ့ Jon Watts ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုင်းရှေ့နေမကြီးတစ်ယောက်က လူငယ်လေးတစ်ယောက်နဲ့ ဟိုတယ်မှာ ချိန်းတွေ့ရင်း လူငယ်လေးက ဆေးလွန်ပြီး သေသွားတယ်။ ဒီလိုကိစ္စမျိုးတွေကို ရှင်းပေးတဲ့ ပရော်ဖက်ရှင်နယ်ကြီးတစ်ယောက်ကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်ပိုင်ရှင်ကလည်း ဒီကိစ္စကိုရှင်းဖို့ ပရော်ဖက်ရှင်နယ်လေးတစ်ယောက်ကို ထပ်ပြီးခေါ်မိတယ်။ အဲဒီမှ ရှင်းလင်းရေးသမားနှစ်ယောက် ထိပ်တိုက်တိုးပြီး ဒီလူသေမှုကို အတူတူ အစဖျောက်ဖို့ကြုံလာတယ်။ ဒါပေမဲ့ ဒါက သာမန်အမှုမဟုတ်ဘဲ ဘိန်းဖြူဂိုဏ်းတွေနဲ့ပါ ပတ်သတ်နေတာမို့ နှစ်ယောက်လုံး ကြားညပ်ပြီး အစကနေအဆုံးထိ လိုက်ရှင်းရင်း အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။
...

Previously Saved Version (2024) ⭐IMDB: 6.6/10 (38 Votes) 🎬 #Romance #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Previously Saved Version (2024) IMDb Rating (6.6) ဒီဂျပန်ကားကတော့ Sci-Fi,Romance အမျိုးအစားဖြစ်ပြီးတော့ မင်းသား Hideaki Ito နဲ့ မင်းသမီး Yuko Araki တို့မှ အဓိကပါဝင်ထားပါတယ်။ အချိန်ကာလကတော့…သက္ကရာဇ် ၂၂၀၀ ခုနှစ်ပါ… လူတွေဟာ အာကာသထဲမှာ နေနိုင်ပြီဖြစ်ပြီးတော့ နာအိုကီနဲ့မာယူမီဆိုတဲ့လင်မယားနှစ်ယောက်ဟာလဲ အာကာသထဲက မျောနေတဲ့စခန်းတခုမှာရောက်ရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ တယောက်ကိုတယောက်အရမ်းချစ်နေကြပြီး အဆင့်မြင့်သိပ္ပံစခန်းနဲ့ စက်ပစ္စည်းတွေနဲ့ အရာရာအဆင်ပြေနေသလိုရှိနေပေမယ့် တချို့သော မထင်ထားတဲ့ပြဿနာတွေက ရှိနေပါတယ်….ဒါကို နာအိုကီက ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်ကြိုးစားနေရင်း ကြိုးစားနေရင်းမှ ဘယ်လိုလျှို့ဝှက်တွေထွက်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Eren မှတင်ဆက်ထားပါတယ်။)
...

Moonflower Murders (2024) ⭐IMDB: 7.7/10 (404 Votes) 🎬 #Mystery #Crime #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #Ireland #UnitedKingdom ⏰ 48 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 S1 Ep 1 to 3 IMDb Rating 7.7 အထိရရှိထားတဲ့ အရည်အသွေးမြင့်ပြီး အချိန်ပေးကြည့်ရတာတန်တဲ့စုံထောက်မှုခင်း Series ကောင်းလေး တစ်ခုကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီ Series လေးရဲ့နာမည်ကတော့ Moonflower Murders ဖြစ်ပြီး Ep 6 ပိုင်းပါရှိမှာဖြစ်ပါတယ်။ ရှားလော့ဟုမ်းတို့လိုမျိုးလန်ပြန်နေတဲ့စုံထောက်စကေးတွေနဲ့မဟုတ်ပေမဲ့ အပြင်ကအဖြစ်အပျက်တွေကိုအခြေခံပြီးရေးထားတဲ့၀တ္ထုစာအုပ် တစ်အုပ်ကို ပြန်လည်အခြေခံပြီးဖြေရှင်းရတဲ့အမှုမျိုးတွေမလို့ တခြား စုံထောက် Series တွေနဲ့ကွဲထွက်နေပြီးကြည့်ကောင်းမှာတော့အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း*************** ဆူဆန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က စာအုပ်အယ်ဒီတာဘ၀ကနေ အနားယူပြီး နယ်မြို့လေးတစ်ခုမှာ ဟိုတယ်ဖွင့်ပြီးအေးဆေးအနားယူ နေခဲ့ပါတော့တယ်။အနားယူတယ်လို့သာပြောတာ ဟိုတယ်မှာပြဿနာတွေ တစ်ခုပြီးတစ်ခုတက်ပြီး ပြင်ဆင်စရာပိုက်ဆံကလည်းမရှိတော့တိုင်ပတ် နေခဲ့ပါတော့တယ်။အဲ့လိုအချိန်မှာသူ့ဆီကိုသူဌေးလင်မယား ၂ ယောက် ရောက်လာပြီး သူတည်းဖြတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်နဲ့ပတ်သတ်ပြီး သူ့ကို လာပြောပါတော့တယ်။အဲ့ဒီစာအုပ်က သူတို့ဟိုတယ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို အခြေခံထားတာဖြစ်ပြီး အဲ့ဒီစာအုပ်ကြောင့်ပဲ သူတို့သမီးပျောက်သွားရတဲ့ အတွက်သူ့ကိုလာအကူအညီတောင်းတာဖြစ်ပါတယ်။ ကူညီခအနေနဲ့ပိုက်ဆံပါပါမယ်ဆိုတော့ သူဖွင့်ထားတဲ့ဟိုတယ်ရှေ့ရေး အတွက်ကတစ်ကြောင်း သူနဲ့သက်ဆိုင်နေတဲ့စာအုပ်ဖြစ်နေတာက တစ်ကြောင်းကြောင့်ကူညီပေးဖို့လက်ခံခဲ့ပြီး စာအုပ်ထဲကလျှို့ဝှက် ဆန်းကြယ်မှုတွေနဲ့ အပြင်ဘ၀ကလူပျောက်ပြဿနာတွေကိုပါအဖြေရှာပုံကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ File Size – 734 MB / 349 MB Quality –WEB-DL 1080p HEVC  , 720p Episodes –  6 Eps Duration –  47 min Subtitle – Myanmar Hardsub Format – mkv / mp4 Genre :  Crime , Drama  , Mystery Translator –  Saw Lay Encoder – Min Wai ( Season 1 ) Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-3 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-3 (720p) >>>Usersdrive/YoteShin/gdtot/Megaup/StreamSb ( ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)
...

After Midnight (1989) ⭐TMDB: 55% User Score 🎬 #Horror #Thriller 🗓 1989 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 After Midnight (1989)================ အလီဆင်နဲ့ရှရဲဆိုတဲ့ ကောလိပ်ကျောင်းသူလေးနှစ်ဦးဟာ အက်ဒွပ်ဒဲရတ်ခ်ဆိုတဲ့ထူးဆန်းပြီးပဟေဠိဆန်တဲ့ ဆရာအသစ်တစ်ယောက်ကသင်ကြားတဲ့အကြောက်တရားစိတ်ပညာဆိုတဲ့အတန်းကိုတက်ဖို့ရွေးချယ်ခဲ့မိကြပါတယ်။ဆရာရဲ့တမူထူးခြားတဲ့သင်ကြားပုံနည်းစနစ်ကြောင့် ပထမဆုံးအတန်းချိန်မှာပဲကျောင်းသားတစ်ဦးအကြောက်လွန်ပြီးအရှက်ကွဲတဲ့အထိဖြစ်သွားခဲ့တဲ့အတွက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ပရော်ဖက်ဆာဒဲရတ်ကို သင်ရိုးအတိုင်းသင်ကြားဖို့ကန့်သတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရော်ဖက်ဆာဒဲရတ်က တကယ့်အကြောက်တရားဆိုတာကိုတွေ့ကြုံခံစားချင်တဲ့ ကျောင်းသားတွေအနေနဲ့ သူ့အိမ်ကိုလာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပြီးနောက် ရောက်လာကြတဲ့ ကျောင်းသားတစ်စုနဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်းသုံးခုကို အကြောက်တရားသင်ခန်းစာအဖြစ်ဖလှယ်ပြောပြကြပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မသိလိုက်တာကတော့ ပထမဆုံးနေ့မှာအရှက်ကွဲသွားခဲ့တဲ့ကျောင်းသားဟာ ဆရာ့ကိုလက်တုန့်ပြန်ဖို့ ပုဆိန်တစ်လက်နဲ့ချောင်းမြောင်းနေပြီဆိုတာပါပဲ။ Creepshow တို့ Tales From the Darkside တို့လိုHorror Anthology တစ်ကားဖြစ်ပြီး၊ လူသိနည်းတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)
...

Kaho Naa... Pyaar Hai (2000) ⭐TMDB: 67% User Score 🎬 #Action #Bollywood #Crime #Romance #Drama 🗓 2000 🎞 video movie 🌎 #India ⏰ 2 နာရီ 43 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaho Naa…Pyaar Hai (2000) IMDb Rating (6.9) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင်ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။ Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik Roshan ဟာ တခါထဲ ထိပ်တန်းမင်းသားဘဝကိုရောက်ရှိခဲ့ပြီး ကမ္ဘာတဝန်းက ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။မြန်မာမှာလဲ လက်ပွားမင်းသားရယ်လို့ သည်းသည်းလှုပ်အားပေးမှုကိုခံရပြီး သူ့ပရိတ်သတ်တိုင်းက Kaho Naa Pyaar Hai ရုပ်ရှင်လေးကို အရမ်းတန်ဖိုးထားနှစ်ခြိုက်ကြပါတယ်။ကြိုက်ဆို ဒီရုပ်ရှင်ကားက သီချင်းတွေရော အကအလှတွေရော ဇာတ်လမ်းလေးကရော အကုန်လှပချစ်စရာကောင်းနေပြီးမင်းသားရော မင်းသမီးရော တကယ့်အဖြူထည်လေးတွေလို ချစ်စရာကောင်းနေခဲ့တာပါ။ Kaho Naa…Pyaar Hai ဆိုတာကတော့ “ချစ်တယ်လို့ ပြောပါဦး” ဆိုတဲ့အဓိပ္ပါယ်ပါပဲ..ချစ်သူလေးဆီကနေ ချစ်တယ်လို့ ပြောခံရတာက ဘယ်တော့မှ ကြားမဝကြတာ သဘာဝပဲမလား….။ ဇာတ်လမ်းလေးကတော့…ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရိုဟစ်ဟာကျိကျိတက်ချမ်းသာပြီး လိုလေသေးမရှိတဲ့ သူဌေးသမီလေး ဆိုနီယားနဲ့ မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။အဆင့်အတန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး..ဒါကြောင့် ရိုဟစ်ဟာ ဆိုနီးယား မိသားစုလက်ခံလာမယ့် အချိန်ကိုစောင့်စားပြီး သူ့ဘဝကိုအောင်မြင်ဖို့ကြိုးစားခဲ့ပါတယ်…ဒါပေမယ့် အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခါနီးမှာပဲ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာတော့….။ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးရှိတာမလို့ ရုပ်ရှင်ရုံမှာကြည့်သလို အေးအေးဆေးဆေး လိုက်ပါကြည့်ရှုခံစားသင့်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။
...

Joe's Apartment (1996) ⭐TMDB: 56% User Score 🎬 #Comedy #Fantasy #Musical 🗓 1996 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Joe’s Apartment (1996)================= ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းကမြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက်ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။ တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကိုတိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက်အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား၊ သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီးအဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)
...

The Infiltrator (2016) ⭐IMDB: 7.0/10 (80 k Votes) 🎬 #Biography #Crime #Drama #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။
...

Taylor Swift: The 1989 World Tour Live (2015) ⭐IMDB: 8.8/10 (2 k Votes) 🎬 #Uncategorized #Music #Documentary 🗓 2015 🎞 video movie 🌎 #Australia #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taylor Swift: The 1989 World Tour – Live (2015)===================================IMDb Rating – 8.8/10 1989 ဟာဆိုရင်တော့ ဆုပေါင်းများစွာကို သိမ်းပိုက်ခဲ့တဲ့ albumတစ်ခု ဖြစ်သလို Taylor Swift ရဲ့ အကောင်းဆုံး Pop Albumလို့တောင် ပြောလို့ရပါတယ်။ ဒီ Album ဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သလို World Tour ဟာလည်း သိပ်ကို ခမ်းနားခဲ့ပါတယ်။ပွဲမှာလည်း အနုပညာရှင်များစွာကို Guest အနေနဲ့ ဖိတ်ကြားပြီးပရိသတ်ကို အတူ ဖျော်ဖြေခဲ့ပါတယ်။ ဒီ Documentary/Music Film မှာတော့ Taylor ရဲ့ opinionတွေကိုလည်း အင်တာဗျုးတစ်ခုအနေနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။ လူအများကြားမှာ ရေပန်းစားခဲ့တဲ့ Clean Speech ဟာလည်း 1989 Tour က highlight တစ်ခုပါပဲ။ ဒါကြောင့်မလို့Swiftie တို့ အလွမ်းသယ်ဖို့ 1989 World Tour ကို SpeechOnly Translation နဲ့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)
...

Kiss of a Rose (2023) ⭐TMDB: 10% User Score 🎬 #Adult #Romance 🗓 2023 🎞 movie 🌎 #UnitedStatesofAmerica ⏰ 40 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sarah Hunter, Aria Alexander နဲ့ Pristine Edge တို့လို မင်းသမီးချောလေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အဖော်အချွတ်ခန်းတွေဖောဖောသီသီပါဝင်လို့ကြည့်ရတာလည်း တန်မှာပါဗျ။ ဇာတ်လမ်းအကျဉ်းကတော့ နှစ်ပေါင်းသုံးရာကျော်ကြာ ကျိန်စာကြောင့်အိပ်ပျော်နေခဲ့တဲ့ အလှလေးဟာ ဗိသုကာပညာရှင် ဟယ်ရီကြောင့် ကျိန်စာပြယ်ပြီး ပြန်နိုးလာခဲ့ပါတယ်။ ရိုးသားတဲ့ တောလယ်သူမလေးဖြစ်သူ အလှလေးအနေနဲ့ ကျေးဇူးရှင် ဟယ်ရီကို ကျေးဇူးဆပ်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TMMT ပဲဖြစ်ပါတယ်)
...

In October (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 32 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 In October (2024) *********************** ဒီတစ်​ခေါက် ရုပ်ရှင်က​တော့ 2024ခုနှစ်မှာ ရိုက်ကူးထားပြီး ထရော့အဆို​တော် Lim Young-woong ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီး The Good Bad Mother, My Dearest ထဲက မင်းသမီး Ahn Eun-jin နဲ့ အတူ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ‘In October’ဆိုတဲ့ Short Film လေးပါ။ ဇာတ်လမ်း​အကျဥ်းက​တော့ ​​​ရေ​တွေ​ပျောက်ကွယ်သွားပြီး​ ကူးစက်​ရောဂါတွေ ပျံ့နှံ့​နေတဲ့ Dystopia ကာလကို ​နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ​ရောဂါကူးစက်မခံရဘဲ ​ဘေးနားက လူ​တွေ​သေဆုံးသွားပြီး တစ်ဦးတည်းကျန်ရှိ​နေတဲ့ Lim Young-woong၊ အ​ဖေဖြစ်သူ ​ရောဂါကူးစက်ခံရပြီး ​သေဆုံးသွားလို့ တစ်​ယောက်တည်း ကျန်ရစ်တဲ့ Ahn Eun-jin။ အထီးကျန်မှု ​ကြောက်ရွံ့မှု​တွေနဲ့အတူ ​ခြေဦးတည့်ရာ ခရီးဆက်ရင်း ​တစ်ဦးနဲ့တစ်ဦး ​ဖေးမပြီး ​နေထိုင်ရာက ​နောက်ဆုံး​မှာ ကိုယ့်ချစ်သူက ​ရောဂါကူးစက်ခံလိုက်ရတဲ့အခါ… ဆိုးရွားလွန်းတဲ့အ​ခြေအ​နေမှာ​တောင် အချစ်တွေ မွေးဖွားလာနိုင်ပြီး ဒီအချစ်နဲ့ပဲ ချစ်သူနှစ်ဦး ဘယ်လိုတွေ အားတင်းကျော်ဖြတ်မလဲဆိုတာကို ဆွေးဆွေးမြည့်မြည့်လေးကြည့်ရမဲ့ ဇာတ်လမ်းတိုလေးပဲ ဖြစ်ပါတယ်။
...

The Three Musketeers (2011) ⭐IMDB: 5.7/10 (113 k Votes) 🎬 #Action #Adventure #Fancy #Thriller #Fantasy #Romance 🗓 2011 🎞 movie 🌎 #France #Germany #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းဟာ  Alexandre Dumas ရဲ့ သူရဲကောင်း ၃ ယောက်ဝတ္ထုကို အခြေခံထားပြီးမှ ဇာတ်ညွှန်းဆန်းသစ်ပြီး ပြန်ရိုက်ထားတာပါ။ ၂၀၁၁ ထွက်ဖြစ်တာမို့ မြင်ကွင်းတွေနဲ့ ရိုက်ချက်တွေက ကောင်းမွန်ပါတယ်။ ဇာတ်လမ်းကတော မူရင်းလောက်မကောင်းတာအမှန်ပါပဲ။ အက်ရှင် စွန့်စားခန်းကောင်းတွေကို အားပေးချင်သူတွေအတွက် အဆင်ပြေမှာပါ။
...

Slingshot (2024) ⭐IMDB: 5.7/10 (3 k Votes) 🎬 #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Hungary #Indonesia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Slingshot ( 2024) IMDb Rating (5.7) ဒီဇတ်ကားကတော့ သိပ္ပံနဲ့ စိတ်ပိုင်းဆိုင်ရာထိတ်လန့်သည်းဖိုအမျိုးအစားဇတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက Mikael  Håfström (မစ်ခေးလ်ဟက်ဖ်စထွန်းမ် ) ဖြစ်တယ်။ သရုပ်ဆောင်တွေကတော့ Manchester by the Sea နဲ့ အော်စကာဆုရထားတဲ့ ကေစီအက်ဖလက်ခ်( Casey Afflect )အဂ်လိပ်မင်းသမီး အမ်မလီဘီးချမ်(Emily Beecham ။ အမ်မလီက ကိန်းရုပ်ရှင်ပွဲတော်မှာ ၂၀၁၉ခုနှစ်က Little Joeဇတ်ကားနဲ့အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆုရထားပါတယ်။ နောက်နှစ်ယောက်တော့ Emmy ဆုတွေ နဲ့အခြားဆုတွေရထားတဲ့ အသက်၆၃နှစ်ရှိ ပြီဖြစ်တဲ့လောရ့င်စ်ဖစ်ရှ်ဘာနီနဲ့နက်ရှ်အဖြစ်သရုပ်ဆောင်ထားတဲ့တိုမာကက်ပ်ဝမ်း တို့ဖြစ်တယ်။ ဒါ​ကြောင့်သရုပ်ဆောင်ချက်တွေကတော့ပြောစရာမလိုအောင်းကောင်းပါတယ်။ ဇတ်လမ်းအကျဥ်းကတော့  တိုက်တန်လကိုသွားနေတဲ့အိုးဒက်ဆီး-၁အာကာသယာဥ်ပေါ်မှာကြုံရတဲ့အခက်အခဲတွေ။ အာကာသတွင်းခရီးသွားရာမှာကိုယ်တွင်းစွမ်းအင်သိပ်မလိုအောင်ကာလရှည်အိပ်မောကျအောင်လုပ်ပေးတဲ့ဆေးတွေရဲ့ဆိုးကျိုးကစိတ်ပိုင်းရုပ်ပိုင်းကိုဘယ်လိုသက်ရောက်မလဲ။ ဘယ်ဟာကအစစ်အမှန်လဲဘယ်ဟာကအတုအယောင်လဲ။ အာကာသတွင်း ရက်ရှည်ခရီးသွားရတာကအာကာယာဥ်မှုးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။ အာကာသယာဥ်မှူးသုံးယောက်ကြားကပဋိပက္ခတွေ။တိုက်တန်လပေါ်ကိုရောက်အောင်သွားမှာလားပြန်လှည့်မှာလား။ Slingshot ( လောက်လွှဲလှုပ်ရှားမှုခေါ်ဒြပ်ဆွဲအားအကူ)နဲ့ယာဥ်ရဲ့အလျင်ကိုမြှင့်တက်ပြီးတိုင်တန်ကိုအမြန်ဆုံးရောက်အောင်လုပ်တာအောင်မြင်မလား။ လှပတဲ့အချစ်ဇတ်လမ်းလေးတစ်ပုဒ်လည်းပါမယ်။ လေးနက်တဲ့ ဒိုင်ယာလော့တွေ သိပ္ပံဆိုင်ရာ ဗဟုသုတတွေနဲ့ နောက်ဆုံးမှာမထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ လှည့်စားချက် ထည့်ထားတာက ဇတ်ကောင်တွေအစားရင်ထိတ်ရမယ်ပြီးတော့တွေးစရာ အဆုံးသတ်ကိုပေးမယ်။ အကြိုက်ဆုံး စကားလုံးက “ပိုးဖလံတွေအန္တရာယ်ကြုံရတဲ့အခါအလင်းရှိရာကိုပျံသန်းကြတယ်အလင်းဆီမပျံသန်းဘူးဆို ရင်အပြောင်းအလဲကဘာလဲအမှောင်ထုဆီကိုလား” အကာသထဲလမ်းလျောက်တာတွေမပါပေမယ့် Slingshotဇာတ်လမ်းကိုရေးတဲ့ R Scott Adam( အာစကော့အဒမ်)နဲ့ Nathan Parker (နက်သန်ပါကား)တို့ကပရိသတ်ကိုပေးချင်တဲ့ message ( သတင်း)ကတော့ ပရိသတ် နဲ့အကာသသိပ္ပံလက်တွေ့လောကလူတွေကိုတွေးစရာပေးသလို အခြားအာကာသသိပ္ပံကားတွေနဲ့ ကွဲထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာreviewကောင်းတွေရရှိထားသလို သင်အချိန်ပေးရတာတန်တာတွေ့ရပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Khin Sakar Khinပဲဖြစ်ပါတယ်)
...