ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Goodachari (2018)
⭐IMDB: 7.8/10 (11 k Votes)
🎬 #Action #Bollywood #Thriller
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 23 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တောင်ပိုင်းကားတွေဟာအိန္ဒိယကား ပရိတ်သတ်တွေကြားမှာမျက်နှာအတော်ငယ်ရတဲ့ ကားတွေပါ။
အက်ရှင်အသားပေးတွေ များတယ်၊ဝန်ကြီးတွေ ရဲတွေ နဲ့တင် တိုင်ပတ်နေတယ်၊အက်ရှင်ကို အလွန်ကြီးတွေ လုပ်တယ်၊ဇာတ်လမ်းတွေ ထပ်တယ်စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့်တောကြိုက်ရယ်လို့တောင် တစ်ချို့က ပြောကြမှာပါ။
ဒီဇာတ်ကားလေးကတော့မင်းသား Adivi Sesh ရဲ့တစ်ခြားတောင်ပိုင်းကားတွေနဲ့ မတူပဲ ထူးထူးခြားခြား ရိုက်ထားတဲ့ စပိုင် ကားလေးပါ။
သူ ့ရဲ့ သရုပ်ဆောင်ပုံနဲ့သူရိုက်တဲ့ ဇာတ်လမ်းတွေဟာ ထူးခြားသလို သူကိုယ်တိုင်က ဒါရိုက်တာ,မင်းသား,စာရေးဆရာ ဖြစ်ပါတယ်။
သူ ့ကားတွေကို သိပ်မတွေ့ရပေမယ့်ဒီနှစ်ပိုင်း ထွက်တဲ့ Tiger Sheroff ရဲ့.Baaghi 2 ဟာဒီမင်းသားရဲ့ Kshanam 2016 ဇာတ်ကားကိုပြန်ရိုက်ထားတဲ့ Remake ကားဖြစ်နေပါတယ်။
ဇာတ်လမ်းအကျဥ်းကို မပြောခင်ထူးခြားချက်ကလေးတွေကိုထုတ်နှုတ်ပြရမယ်ဆိုရင်ဒီကားရဲ့ ဝတ္ထုအကြမ်းကို မင်းသားဖြစ်သူ Adivi Sesh ကိုယ်တိုင် အမေရိကားမှာ အထက်တန်းတက်နေတဲ့ 2004 ခုနှစ်တုန်းကတည်းကရေးထားခဲ့တာပါတဲ့။
တကယ့်တကယ် ပိတ်ကားပေါ်မှာဒီဇာတ်လမ်းကို ပြသဖို့ ရိုက်ကူးမယ်ဆိုတော့ ဇာတ်ညွှန်းစီစဥ်တည်းဖြတ်ရတာတင် အချိန် ကိုးလ ယူခဲ့ရပါတယ်။
နောက်ပြီးနိုင်ငံသုံးနိုင်ငံရဲ့ Location 167 ခုမှာသွားရိုက်ခဲ့တဲ့ ဒီကားဟာ Top Rated Telugu Movies List မှာ နံပါတ် 40 မှာ ရှိတဲ့Telugu စကားပြော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်တဲ့။
ကဲ ဇာတ်လမ်းအကြောင်းကိုဆက်ပြောရအောင်. . . .
ဇာတ်လမ်းရဲ ့အစမှာ နောက်ကြောင်းပြန်တာနဲ ့ စ,ထားပါတယ်။
၁၉၉၅ ခုနှစ်မှာ အိန္ဒိယအစိုးရဟာ လျှူိ ့၀ွက်အဖွဲ ့တစ်ခုဖြစ်တဲ့ ထရီနက်ထရီအဖွဲ ့ကို ဖွဲ ့စည်းခဲ့ပါတယ်။
ဒီအဖွဲ ့ဟာ စုံစမ်းထောက်လှမ်းမှုတွေအပြင် ထိပ်တန်းသတင်းတွေကိုပါထိန်းသိမ်းရတဲ့အဖဲြ ့ပါ…
ဒါပေမယ့် ကံဆိုးစွာနဲ ့ပဲအယ်မူဂျာဟီဒင်အကြမ်းဖက် အဖွဲ ့ဆီကိုအိန္ဒိယနိုင်ငံရဲ ့လျှူိ ့၀ွက်သတင်းတွေပေါက်ကြားသွားခဲ့ပါတယ်။
ပေါက်ကြားသွားတဲ့ သတင်းတွေကအစိုးရနဲ့ ပက်သက်တဲ့ ထိပ်တန်းသတင်းတွေတင် မကပဲ ထရီနက်ထရာအဖွဲ ့ကအေးဂျင့်အားလုံးရဲ့အသေးစိတ်အချက်အလက်တွေ၊သူတို့မိသားစုနဲ့ ဆိုင်တဲ့ သတင်းတွေ၊အဖွဲ့အစည်းတည်နေရာ စတာတွေပါ ပါပါတယ်။
ဒါတင်လားဆိုတော့သတင်းပေါက်ကြားမှုကြီးနောက်ကို လိုက်လံစုံစမ်းရင်း အေးဂျင့်တစ်ချို ့ပါအသတ်ခံလိုက်ရပါသေးတယ်။
ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အဆုံးကျန်ရှိနေတဲ့ အစိုးရ အရာရှိတွေ၊အေးဂျင့်တွေရဲ့ လုံခြုံရေးအတွက်အစိုးရက ထရီနက်ထရာအဖွဲ ့ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။
အာဂြ်န္း??
အာဂျွန်းဆိုတာ သေဆုံးသွားတဲ့ ထရီနက်ထရီအေးဂျင့် ရာဂူးဗီးရ်ရဲ ့သားဖြစ်ပြီး ဖခင်ရဲ ့သူငယ်ချင်းဖြစ်တဲ့ ဆတ္တယာရဲ ့ပြုစုပျိုးထောင်မှုနဲ ့အတူ အရွယ်ရောက်လာသူပါ . . .
မျက်မှောက်ခေတ်မှာပြန်ပေါ်လာတဲ့ အယ်မူဂျာဟီဒင်အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကြောင့် မွန်ဘိုင်းမြို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်လာပြန်တော့အစိုးရဟာ ထရီနက်ထရာ အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ရပြန်ပါတယ်။
အသစ်ပြန်လည်ဖွဲ ့စည်းတဲ့ ထရီနက်ထရီအဖွဲ ့မှာ ၀င်ခွင့် ၀င်ဖြေပြီး အဖွဲ ့၀င်ဖြစ်ဖို ့ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေအပြီး အာဂျွန်းလည်း အတော်ဆုံး အေးဂျင့်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ထရီနက်ထရီအဖွဲ ့ရဲ ့အစည်းအေ၀းအပြီးမှာ ထရီနက်ထရာခေါင်းဆောင်တွေဟာ လူတစ်စုရဲ ့ရုတ်တရတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။
အဖွဲ ့ခေါင်းဆောင် သေသွားတဲ့အပြင်အာရ်ဂျွန်းရဲ ့ဆရာဖြစ်တဲ့ ဒါမိုဒါပါ သေဆုံးသွားပြီး သက်သေအထောက်အထားတွေအရအခင်းဖြစ်ရာနေရာမှာ အာဂျွန်းရဲ ့ဆိုင်ကယ် အာဂျွန်းရဲ ့လက်ဗွေရာတွေတွေ ့ရတော့အာဂျွန်းတစ်ယောက် ဘုမသိဘမသိ ၀ရမ်းပြေးဖြစ်ခဲ့ရပါတယ်. . .
သဘာ၀ကျကျနဲ ့မှုခင်းစုံထောက်ကားတွေစပိုင်ကားတွေအကြမ်းဖက်သမား နှိမ်နင်းရေးကားတွေကို ကြိုက်တယ်ဆိုရင်ဖြင့်ဟောလိ၀ုဒ်ဆန်ဆန်နဲ ့ ဖိုက်တင်တွေ အပစ်အခတ်တွေပါတဲ့ ဒီကားလေးက လက်လွတ်မခံသင့်တဲ့ကားလေးပါလို့ ပြောရင်း. .
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုမြင့်သူမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ)
Spyder (2017)
⭐IMDB: 6.3/10 (11 k Votes)
🎬 #Action #Bollywood #Thriller #Crime
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 21 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကြည်လင်တောက်ပပြီး စာအမှန်နဲ့ ခုမှ ထွက်လာလို့ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားကို “ဝန်ကြီးချုပ်မင်းသား”လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီးခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။
<ဇာတ်လမ်းအညွှန်း>
ရီွဗာဟာ NGO ထောက်လှမ်းရေးအရာရိွတစ်ယောက်ပါ။
သူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။
တနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။
မိန်းကလေးတစ်ယောက် အိမ်မှာ တစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။
ရီွဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။
မနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။
ရက်စက်စွာ သတ်ဖြတ်သူ တရားခံကို စုံစမ်းရှာဖွေရင်းအနၲရာယ်အမျိုးမျိုး ရင်ဆိုင်ပြီး မိသားစုအတိုင်းအတာထိအနၲရာယ်ကို ကြုံတွေခဲ့ရပါတယ်။
လူသတ်သမားနဲ့ NGO အေးဂျင့် ရီွဗာတို့အပြိုင်အဆိုင် အားပြိုင်ရာမှာကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဖန်တီးသူ ဘိုင်ရာ့ဗ်ဟာသူ့ရာဇဝတ်မှုတိုင်းမှာ ရက်စက်သလောက် သေသပ်ပိရိလွန်းသူပါ။
အဲ့ဒီလို ရာဇဝတ်သမားကို အစိုးရတရားဝင်မဟုတ်တဲ့ထောက်လှမ်းရေးအရာရိွ ရီွဗာက ဘယ်လို အနိုင်ယူမလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျာ။
________________________________
လူသတ်သမားရဲ့ စရိုက်ကို ပုံဖော်ရာမှာတော့လူတွေမှာ ၄ရာခိုင်နှုန်းသာ ရိွတတ်တဲ့ မကောင်းစိတ်လေးကိုအခြေခံထားပါတယ်။
ဥပမာ.. ကျွန်တော်တို့ မျက်စိရှေ့မှာ ယာဥ်မတော်တဆမှုတစ်ခုမြင်တွေ့ရတဲ့အခါ ဘယ်သူမှ မနာသွားရင် စိတ်ထဲ အားမရဘူး။
အနည်းဆုံး ခေါင်းလေးကွဲ၊လက်လေးကျိုးသွားမှ စိတ်မှာကျေနပ်မိတယ်။
ဒါပေမဲ့ တစ်ယောက်ယောက် သေသွားရင်တော့ စိတ်မကောင်းဖြစ်ကြပါတယ်။
ဒီလို မကောင်းစိတ်(မသိစိတ်ထဲ အယူလွဲမှု)ကအနို်င်ယူလွှမ်းမိုးခြင်းကို ခံလိုက်ရတဲ့ လူတစ်ယောက်ပေါ့ဗျာ။
ထို့ပြင် ယနေ့ခေတ် လူတွေရဲ့ အပြုအမူတွေကိုကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပုံဖော်ထားပါသေးတယ်။
ဥပမာ- ဒုက္ခဘေးဆိုးတွေ မဖြစ်ခင် တားဆီးကယ်တင်ခြင်းမျိုးမဟုတ်ဘဲ၊ဖြစ်ပြီးမှ သွားရောက်လှူဒါန်းမယ်ဆိုတဲ့ စိတ်တွေပေါ့ဗျာ။ (ဖြစ်အောင် စောင့်နေကြသလို:3)
ဖြစ်တော့မှ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြကြပြီးတခြားအချိန်မှာ ဘေးအိမ်နီးချင်းတွေကိုတောင်မမြင်ဖူးကြတာမျိုးတွေလေ။
ကဲ ဒီလောက်ပါဗျာ။ ကီြးတို့တွေအတွက် Hacking၊ ရီွဗာချစ်သူ ချောချောလေးရဲ့ လိင်အသားပေး ဇာတ်ကားတွေကြည့်ရင်း လိင်ဆက်ဆံဖူးချင်တယ်ဆိုတဲ့ စော်လေးကို ရှုမြင်ခံစားရမယ်။
မမလေးတွေအတွက် ဝန်ကြီးချုပ်မင်းသားဆိုပြီးသဲသဲလှုပ်နေကြတဲ့ မင်းသားချော Mahesh Babuရဲ့ အကတွေ၊ခန့်ညားမှုတွေနဲ့ ဖိုက်တင်အက်ရှင်တွေကို ခံစားရစေမယ်လို့ ပြောရင်းဒီလောက်နဲ့ အဆုံးသတ်ကြရအောင်ဗျာ။
Google User – 84%IMDb Rating – 7/10(7179)
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ)
Sathya (2017)
⭐IMDB: 6.3/10 (400 Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2017 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 00 မိနစ် 02 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။
ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့
လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။
တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။
လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။
ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့
ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။
ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။
နောက်ပိုင်းမှာတော့ ဆတ္တယာ ကိုယ်တိုင်ကလည်း ဆွီသာ့ စကားတွေကို မယုံမကြည်ဖြစ်လာပြီးတဲ့နောက် ဆွီသာဟာ အထပ်မြင့်တိုက်တစ်ခုနေခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။
ဒါပေမယ့်…အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ….ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ညီဖြစ်သူ….ဆတ္တယာကို အနီးကပ်အကူအညီပေးနေတဲ့ ဘာဘူခန်….သူတို့တွေ အားလုံးက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့နောက်ကွယ်မှာရှိနေတာကို ဆတ္တယာ သိလိုက်ရတဲ့အခါ……..။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Myo Myint Oo ပါ။)
Race 3 (2018)
⭐IMDB: 1.9/10 (47 k Votes)
🎬 #Action #Bollywood #Thriller #Crime
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 40 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။
ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။
ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။
တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။
အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။
တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။
ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။
ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။
ပါဝင်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်။
(ဇာတ်လမ်းအညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်)
(BrilliantStar နဲ့ d3mon တို့ဘာသာပြန်တင်ဆက်ပေးထားပါတယ်)
Raazi (2018)
⭐IMDB: 7.7/10 (32 k Votes)
🎬 #Action #Bollywood #Drama #Thriller
🗓️ 2018 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 18 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2018 ထဲမှာ RT 100 အပြည့်ထိရထားတဲ့ ဘောလီဝုဒ်ကားဆိုလို့ Padman(2018)တကားပဲလားမသိဘူး ရှိသေးတယ်
ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ
Raazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက်တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆိုတော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်း
=========================
ဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်
အဲဒီထဲမှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါ
သူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်
“တိုင်းပြည်ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း မပါဘူး ”
အသက် ၂၀ ကျော်အရွယ်မိန်းကလေးတစ်ယောက်က ဒီလိုပြန်ဖြေပြီး အိန္ဒိယအတွက် ပါကစ္စန်မှာသွားနေကာ သူလျိုလုပ်ပေးခဲ့ပါတယ်
ဗိုလ်ကြီး ဆိုင်ယစ်(ဒ်)ရဲ့သားအငယ် အစ်ဗလ်နဲ့ လက်ထပ်ပြီး အိန္ဒယသူအဖြစ်ကနေ ပါကစ္စတန်သူအဖြစ် ပြောင်းလဲကာ တိုင်းပြည်အတွက် သူလျိုလုပ်ပေးခဲ့ပါတယ်
သူလျိုတစ်ယောက်ဖြစ်ဖို့ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေဆင်းရ
ကိုယ့်မိဘ၊ အမိမြေနဲ့ခွဲကာ ပါကစ္စတန်မှာနေရ
တစ်ခါမှမဖြင်ဖူးမတွေ့ဖူးတဲ့လူနဲ့ လက်ထပ်လိုက်ရတဲ့ ဆဲဟ်မသ်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အမှန်အကန်တင်ဆက်ပေးထားလို့ကြည့်ဖြစ်အောင်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ
တကယ့်ကို Biography, Thriller တစ်ကားပြီပြီ ရင်တမမနဲ့ ဘောလီဝုဒ်ရဲ့ ထိပ်တန်း စုံထောက်ကားတစ်ကားလည်း ဖြစ်ပါတယ်။
Bhavesh Joshi Superhero (2018)
⭐IMDB: 7.6/10 (9 k Votes)
🎬 #Action #Bollywood #Drama #Crime
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 25 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ rating 7.7ထိရရှိထားတဲ့ Bollywood Action, dramaဇာတ်ကားလေး ဖြစ်ပါတယ်
ဇာတ်ကားအစမှာတော့ Ra-oneကားလေးအကြောင်း စပြောထားတာပေါ့
Ra-oneကားလေး အားလုံးကြည့်ဖူးကြတယ်မလား
မကြည့်ဖူးသေးရင် ဆက်ဆက်ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေနော်
ဒီကားလေးကတော့နိုင်ငံရေးဆန်ပါတယ်
တိုင်းပြည်ကြီးကလာဘ်စားမှုတွေပြည့်နေတဲ့သကာလပေါ့
အစိုးရရုံးတွေမှာဘာသွားလုပ်လုပ်ငွေမပေးရင် ဘာမှမလုပ်ပေးဘဲရစ်နေတဲ့အချိန်အဲ့မှာ မင်းသားတို့၃ယောက်ကဒါတွေကိုစိတ်ကုန်ပြီးတိုင်းပြည်ကိုပြောင်းလဲမယ်ဆိုပြီး အစီစဥ်တွေဆွဲခဲ့တယ်
ဒါပေမယ့်လည်း သူတို့အရာရာမှာ အားနည်းတာကြောင့်အစီစဥ်ဖြစ်မမြောက်ခဲ့ဘူး
အဲ့တော့ရှေးရိုးစွဲတဲ့ပုံစံပဲလုပ်ရတာပေါ့ Robin hoodပုံစံလေ ဝတ်စုံပြည့် မျက်နှာဖုံးနဲ့ ခပ်လန်းလန်းပစ္စည်းတွေသုံးမိုက်တယ်မလား
အဲ့ထဲကရုံးတွေရစ်ချက်ဆိုပတ်စ်ပို့ထောက်ခံစာရဖို့ ၁လကျော်တယ်
ပထမတစ်ခေါက်မင်းသားလာတယ်ကျွန်တော့်ကိုဒါလေးလုပ်ပေးပါတဲ့ မူရင်းဖိုင်လိုတယ် ဒီမှာပါ
မင်းရဲ့မွေးရပ်ကရုံးမှာ သွားလုပ်မှရမှာ အာ့နဲ့သွားလုပ်ရတယ်
နောက်တစ်ခေါက်ပြန်လာတော့ ဆရာတောင်းထားတာရပြီ
ဒါကိုလုပ်ဖို့ဆို မင်းအိမ်ကိုလိုက်စစ်ဆေးပြီး အတည်ပြုရမှာ ပြုပြီးပြီလေဗျာ မပြုရသေးပါဘူး
အဲ့အရာရှိပြောတာတော့ မင်းအိမ်လာတော့သော့ခတ်ထားတယ်တဲ့ မခတ်ထားပါဘူးဗျကျွန်တော်နဲ့တွေ့ခဲ့ပါတယ်ရေတောင်ခပ်တိုက်လိုက်သေးတယ်
ဟုတ်လား ဘာရေလဲ ရေခဲရေ အာ့ဆိုမင်းအိမ်မှာ ရေခဲသေတၲာရှိတယ်ပေါ့ အဲ့လိုကိုရစ်တာဗျာ
နောက်ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ ဆက်ကြည့်လိုက်ပါတော့နော်
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့May Nandar Kyawဖြစ်ပါတယ်)
Brij Mohan Amar Rahe! (2018)
⭐TMDB: 50.0% User Score
🎬 #Bollywood #Comedy #Crime #Drama
🗓️ 2018 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 40 မိနစ် 02 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Long Live Brij Mohan(2017)
လူတိုင်း လူတိုင်းမှာ လက်ရှိခေါက်ရိုးကျိုးဘဝအနေအထားကနေ ထွက်ပြေးချင်တဲ့အခိုက်အတန့်ဆိုတာရှိမှာပါပဲ။
ပျင်းရိစရာဘဝကြီးကနေ ရုန်းထွက်…အသစ်တစ်ဖန်မွေးဖွားပစ်လိုက်စမ်းမဟဲ့ဆိုပြီးအားခဲနေသူတစ်ဦးကတော့ ဒေလီစျေးက အထည်ဆိုင်ပိုင်ရှင် Brij Mohanပေါ့။
တစ်နေ့မှာတော့ အိမ်ကမိန်းမကြီးနဲ့ အကြွေးတွေကိုထားခဲ့ကာ စကီအသစ်လေးနဲ့ပျော်ပျော်ကြီးဘဝအသစ်ထူမယ်ဆိုပြီး အကြံတစ်ခုကိုအကောင်အထည်ဖော်ပါတော့တယ်။
အဲ့ဒီအကြံကတော့ သူ့ကိုတခြားလူတစ်ယောက်ယောက်သတ်သွားသယောင်ယောင်နဲ့ ခြေရာဖျောက်ဖို့ကြံစည်တာပါပဲ။
အဲ့လိုဘဝဟောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘဝအသစ်မှာရောသူဘာတွေပြောင်းလဲသွားနိုင်မှာလဲ?
သူမျှော်လင့်ထားသလိုရောဖြစ်လာပါ့မလား?
ကံကြမ္မာဆိုတာပြောင်းလဲလို့ရနိုင်သလား?
ဆိုတဲ့မေးခွန်းတွေနဲ့ အဆုံးထိမငြီးမငွေ့ကြည့်ရှုသွားရမယ့် အိန္ဒိယကားလေးကတော့ IMDB Rating 7.7/10 တောင်ရရှိထားတဲ့ ဟောဒီက Long Live Brij Mohan(2017)ဆိုတဲ့ကားလေးပါ။
Ratingတွေကြည့်ရုံနဲ့ ကားကောင်းဟုတ်မဟုတ် ဆိုတာ အကဲဖြတ်လို့ရနိုင်တယ်ဆိုပေမယ့်တကယ်ခံစားဆုံးဖြတ်ကြည့်ဖို့အတွက် Downloadလုပ်ကြည့်ရှုကြပါလို့ပဲ ညွှန်းလိုက်ပါတယ်။
Attachment (2022)
⭐IMDB: 5.8/10 (491 Votes)
🎬 #Comedy #Horror #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Denmark
⏰ 1 နာရီ 46 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Attachment (2022)===============IMDb Rating – 5.8/10
လီယာနဲ့မာယာဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အမှတ်မထင်တွေ့ရာကစလို့ စိတ်ချင်းထပ်တူကျပြီး ချစ်သူအဆင့်ထိရောက်သွားကြပါလေရော။ လီယာ့အိမ်ကို မာယာလိုက်သွားရင်း ယောက္ခမဖြစ်သူနဲ့ ဆုံလိုက်ရတာပေါ့။ လီယာ့အမေဟာ ဘာသာရေးစွဲမိသားစုကမွေးဖွားလာတာမဟုတ်ပေမယ့် ဘာသာရေးစွဲခင်ပွန်းနဲ့ အကြောင်းပါပြီးနောက်မှာတော့ သူပါအကျင့်ကူးသွားခဲ့သူတစ်ယောက်ပါ။နောက်ပြီး သူ့ခင်ပွန်းက ရုတ်တရက်ဆိုသလို သူတို့သားအမိကိုအကြောင်းပြချက်မရှိပစ်သွားပါတယ်။ ဒါကတော့ လီယာ့သိထားတဲ့သူ့မိဘတွေရဲ့ဇာတ်လမ်းပေါ့။
လီယာ့အမေက တစ်ဦးတည်းသောသမီးကို မျက်စိအောက်ကအပျောက်မခံ ရင်အုပ်မကွာစောင့်ရှောက်တတ်တဲ့ မိခင်တစ်ယောက်ပါ။ မာယာကတော့ သူ့ယောက္ခမကြီးရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် ယဉ်ယဉ်လေးရူးနေတယ်လို့ ထင်နေပါပြီ။ ဒါကြောင့် ဘာသာရေးရူး ရူးပြီးကိုယ့်သမီးကိုယ်အန္တရာယ်ပြန်ပေးမယ့် ယောက္ခမဖြစ်သူလက်ကနေသူ့ချစ်သူလီယာ့ကို ကယ်ထုတ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးမှာ သူသိလိုက်ရတဲ့အမှန်တရားဟာ………။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zinဖြစ်ပါတယ်)
Attachment (2022)
⭐IMDB: 5.8/10 (491 Votes)
🎬 #Comedy #Horror #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD

Rimini (2022)
⭐IMDB: 7.0/10 (937 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Germany #France #Austria
⏰ 1 နာရီ 56 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rimini (2022)
~ IMDb – 7/10, RT – 94%, Meta – 81% ~
အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။
ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။
ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ သူ့ပိုက်ဆံ တစ်နည်းပြောရရင် အဖေဖြစ်သူက ဖန်တီးပေးသင့်တဲ့ သူ့အနာဂတ်ကို တောင်းဆိုလာပါတယ်။ ပစ်တုန်းက ပစ်ခဲ့ပေမယ့် ပြန်တွေ့တော့လည်း သမီးအတွက် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်မိသွားတဲ့ ရီချီတစ်ယောက် ဘယ်လိုများ သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ကြရမှာပါ။
အထူးသတိချပ်ရမှာကတော့… အပေါ်မှာရေးပြထားတဲ့ ဇာတ်အိမ်ကို ဖတ်ပြီးတော့ ” ဟာ..ဒီကားလေးဟာတော့ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ယောက်အကြောင်းလေးပါလား၊ သားအဖ မေတ္တာဘွဲ့ဇာတ်လမ်းလေးပါလား ” ဆိုပြီး မိဘတွေနဲ့ အတူတူကြည့်ဖို့များတွေးမယ်ဆိုရင်တော့ အမှားကြီးမှားသွားလိမ့်မပေါ့။ ထိန်းမနိုင်အရွယ်တွေ ကဲရင် သာတောင်ဆိုးသတဲ့ လို့ အဆိုလည်း ရှိလေတော့ ဒီကားထဲမယ် ဆင်နှာမောင်းကိုတောင် ကင်မရာဦးတိုက် ပြထားသေးသမို့ စဉ်းစဉ်းစားစားသာ ကြည့်ကြစေချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
Just Say Yes (2021)
⭐IMDB: 4.5/10 (2 k Votes)
🎬 #Comedy #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #Netherlands
⏰ 1 နာရီ 39 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Just Say Yes (2022)===============
လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။
ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကားပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲလူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။
ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်းတာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)
Rimini (2022)
⭐IMDB: 7.0/10 (937 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Germany #France #Austria
⏰ 1 နာရီ 56 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rimini (2022)
~ IMDb – 7/10, RT – 94%, Meta – 81% ~
အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။
ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။
ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ သူ့ပိုက်ဆံ တစ်နည်းပြောရရင် အဖေဖြစ်သူက ဖန်တီးပေးသင့်တဲ့ သူ့အနာဂတ်ကို တောင်းဆိုလာပါတယ်။ ပစ်တုန်းက ပစ်ခဲ့ပေမယ့် ပြန်တွေ့တော့လည်း သမီးအတွက် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်မိသွားတဲ့ ရီချီတစ်ယောက် ဘယ်လိုများ သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ကြရမှာပါ။
အထူးသတိချပ်ရမှာကတော့… အပေါ်မှာရေးပြထားတဲ့ ဇာတ်အိမ်ကို ဖတ်ပြီးတော့ ” ဟာ..ဒီကားလေးဟာတော့ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ယောက်အကြောင်းလေးပါလား၊ သားအဖ မေတ္တာဘွဲ့ဇာတ်လမ်းလေးပါလား ” ဆိုပြီး မိဘတွေနဲ့ အတူတူကြည့်ဖို့များတွေးမယ်ဆိုရင်တော့ အမှားကြီးမှားသွားလိမ့်မပေါ့။ ထိန်းမနိုင်အရွယ်တွေ ကဲရင် သာတောင်ဆိုးသတဲ့ လို့ အဆိုလည်း ရှိလေတော့ ဒီကားထဲမယ် ဆင်နှာမောင်းကိုတောင် ကင်မရာဦးတိုက် ပြထားသေးသမို့ စဉ်းစဉ်းစားစားသာ ကြည့်ကြစေချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
A Family Man (2016)
⭐IMDB: 6.5/10 (13 k Votes)
🎬 #Drama
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Family Man (2016)
********************
အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး
William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား
သရုပ်ဆောင်တွေချည်းပါပဲ။
ဇာတ်လမ်းလေးကတော့
Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊
ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။
အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။
ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။
သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊
ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။
ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင်
မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး
ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။
ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက်
အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ
ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊
အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာတွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ
စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။
Knock at the Cabin (2023)
⭐IMDB: 6.4/10 (21 k Votes)
🎬 #Horror #Mystery #Thriller #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
M. Night Shyamalan ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ Horror, Mystery, Thriller အမျိုးအစားဖြစ်တဲ့အတွက် ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးကျမှပဲ အဖြူအမည်း သဲကွဲမယ့် ရုပ်ရှင်မျိုးပါ။ The Sixth Sense လို ရုပ်ရှင်မျိုးကို ရိုက်ခဲ့တဲ့ဒါရိုက်တာပီပီ သို့လော သို့လောလေးတွေနဲ့ ရိုက်ပြတဲ့နေရာမှာတော့ တော်ပါတယ်။ မင်းသား ဒေးဗစ် ဘာတစ်စတာကလည်း GotG ဇာတ်ရုပ်လို ဟာသမဟုတ်ဘဲ တကယ်ကို အလေးအနက်နဲ့ သရုပ်ဆောင်သွားတာပါ။
ဇာတ်လမ်းအကျဉ်း
အဲရစ်နဲ့ အန်ဒရူးဆိုတဲ့ လိင်တူစုံတွဲဟာ ဝန်လင်ဆိုတဲ့ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ အားလပ်ရပ်ခရီးအဖြစ် ရှုခင်းလှပြီး လူသူမရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်လေးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် လူလေးယောက်ရောက်ရှိလာခဲ့ပါတယ်။ လူလေးယောက်ဟာ အလွန်ထူးဆန်းတဲ့အကြောင်းနဲ့ရောက်လာပြီး ထူးဆန်းတဲ့လက်နက်ကိုယ်စီနဲ့ အဲရစ်တို့ကို ဖမ်းထားပြီး မယုံနိုင်စရာ တောင်းဆိုမှုတွေလုပ်လာတဲ့အခါ….
Sibyl (2019)
⭐IMDB: 5.8/10 (4 k Votes)
🎬 #Adult #Drama #Comedy
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #France #Belgium
⏰ 1 နာရီ 41 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
***************
ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း…
စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့
ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီက
ဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီး
မားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့
စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲမားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီ
ရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါ
Samsara (2001)
⭐IMDB: 7.7/10 (8 k Votes)
🎬 #Adventure #Drama #Romance
🗓️ 2001 🎞️ Movie 📺 720p HD
🌎 #India #Germany #France #Italy #Switzerland
⏰ 2 နာရီ 09 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Samsara (2001)
~ IMDb – 7.7/10, Rotten Tomatoes – 100% ~
Directed By ”Pan Nalin”
ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။
” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “
ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။
ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။
ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။
ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။
တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ”ယသောဓရာ” တဲ့။ ”ရှင် အဲဒီနာမည်ကို ကြားဖူးလား” တဲ့။
”သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။
” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “
ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်…
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
Samsara (2001)
⭐IMDB: 7.7/10 (8 k Votes)
🎬 #Adventure #Drama #Romance
🗓️ 2001 🎞️ Movie 📺 1080p FHD

The Ghost and the Darkness (1996)
⭐IMDB: 6.8/10 (63 k Votes)
🎬 #Adventure #Drama #Thriller
🗓️ 1996 🎞️ Movie 📺 720p HD
🌎 #UnitedStates #Germany
⏰ 1 နာရီ 50 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်… ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို နှစ်ယောက်သား အောင်မြင်စွာသတ်နိုင်ပြီး ကိုယ်စီအိပ်မက်တွေ ပြည့်ဝကြမလားဆိုတာတော့ ဆက်လက်ရှုစားရမှာပါ…။မင်းသားနှစ်ပါးကတော့ Top Gun မှာ Iceman အဖြစ်လူသိကြမယ့် Val Kilmer ကြီးရယ် Basic Instinct တို့မှာလည်း ပါဝင်ဖူးတဲ့ မင်းသားကြီး Michael Douglas တို့ အပြိုင်ကြမ်းထားကြတာပါ။ ကျွန်တော်ကတော့ ဒီကားကြည့်နေရင်း မြန်မာစကားပုံဖြစ်တဲ့ “ကုလားသိုက် ကျားဝင်ကိုက်” ဆိုတာကို ပြေးတောင်မြင်မိသေးတယ်ဗျာ…။
Little Fockers (2010)
⭐IMDB: 5.5/10 (115 k Votes)
🎬 #Comedy #Romance
🗓️ 2010 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 38 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Little Fockers (2010) ရုပ်ရှင်အညွှန်း
သားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ်တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်းတွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲ
ဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်
နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူးအဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်
ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ်ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ဘယ်လိုအနှောင့်အယှက်တွေရှိလာဦးမလဲဂျက် ကလည်း သူတို့မြေးလေးနှစ်ယောက်ရဲ့ ငါးနှစ်ပြည့်မွေးနေ့ပါတီအတွက်အိမ်အလည်လာရင်းနဲ့ ဂရက်ရဲ့ တလွဲတချော်တွေကို ဘယ်လိုအထင်လွဲမိပြီး ဘယ်လို ပြန်အဆင်ပြေသွားမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ
(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Heinပဲ ဖြစ်ပါတယ်)
Little Fockers (2010)
⭐IMDB: 5.5/10 (115 k Votes)
🎬 #Comedy #Romance
🗓️ 2010 🎞️ Movie 📺 1080p FHD