ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Nature of Romance (2021) ⭐IMDB: 5.8/10 (241 Votes) 🎬 #Romance #TVMovie 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 23 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Nature of Romance ( 2021)ဒီတစ်ခေါက်မှာတော့ အချစ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဂျက်ကီကတော့အချစ်ရေးအတွက်အချိန်မပေးနိုင်တဲ့အမြဲတမ်းအလုပ်ရှုပ်နေတဲ့ခရီးသွားစာရေးဆရာမတစ်ယောက်ပါ။ရွှန်ဒေးဗစ်က တော့ အပန်းဖြေဥယျာဥ်ထိန်းသိမ်းစောင့်ရှောက်ရေးသမားတစ်ယောက်ပါ။ဂျက်ကီရဲ့သူငယ်ချင်းဖြစ်သူက အလုပ်ကိုပဲအာရုံစိုက်နေတဲ့သူ့သူငယ်ချင်းကို ရွှန်ဒေးဗစ် အလုပ်လုပ်နေတဲ့အပန်းဖြေဥယျာဥ်မှာအနားယူအပန်းဖြေခရီးထွက်ဖို့အတွက်စီစဥ်ပေးပါတော့တယ်။သူတို့သူငယ်ချင်းနှစ်ယောက်အတူလာခဲ့ပေမဲ့ သူမသူငယ်ချင်းက သူ့အစ်မ ကလေးမွေးတာကြောင့်ဆေးရုံကိုသွားကြည့်ရမယ်ဆိုပြီးသူမကိုကမ်ပင်းထွက်တဲ့ကားတစ်စီးနဲ့ထားခဲ့ပါတော့တယ်။ဒါကြောင့်ဂျက်ကီက ကားတစ်စီးနဲ့တစ်ယောက်တည်းကျန်ခဲ့ပြီးဘာလုပ်ရမလဲမသိဖြစ်နေပါတော့တယ်။အဲ့ဒီနောက် ရွှန်ကလည်းသူမတစ်ယောက်တည်းပျင်းနေမှာဆိုလို့သူနဲ့အတူ တောင်တက်လိုက်ခဲ့ဖို့ပြောပါတယ်။ဒါကြောင့်သူမလည်းလိုက်သွားခဲ့ပြီး သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့GC ပရိတ်သတ်ကြီးပဲဇာတ်လမ်းအဆုံးထိဆက်လက်ကြည့်ရှုလိုက်ပါဦးနော်Reviewed & Translated by AyeThinzarEncoded by Siran

The Past (2013) ⭐IMDB: 7.7/10 (49 k Votes) 🎬 #Drama #Mystery 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #France #Italy #Belgium #Iran ⏰ 2 နာရီ 12 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Past(2013) ============= မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက် အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့် ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့် သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေ ဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေ သိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့ အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါ ရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။ လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့ The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့ ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင် တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက် တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာ ထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။ ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေ အသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင် ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေး တစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီး ကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။

On the Road (2012) ⭐IMDB: 6.0/10 (42 k Votes) 🎬 #Adventure #Drama #Romance 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #France #UnitedStates #UnitedKingdom #Mexico #Canada #Argentina ⏰ 2 နာရီ 21 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 On The Road (2012) ================ IMDb-6/10 ဒီဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့ “ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့ သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကို ဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာ ပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။ လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက် စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း က ဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က လမ်းမတွေပေါ်မှာ ခရီးသွားကြရင်း…ပျော်စရာတွေ ရှာဖွေကြရင်း…လူအမျိုးမျို း စိတ်အထွေထွေနဲ့ တွေ့ကြုံကြရင်း… ဘဝအကြောင်းတွေ ဒင်းဘဝနဲ့ ပတ်သတ်တာတွေ ဆယ်ရဲ့ မှတ်စုစာအုပ်လေးထဲကနေ “On The Road” ဆိုတဲ့ စာအုပ်တစ်အုပ်အနေနဲ့ ဘယ်လို ရုပ်လုံးပေါ် လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းတွေ စကားပြောတွေ ပါဝင်တာကြောင့် မိဘတွေနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ)

Velma (2022) ⭐⁉️ 🎬 # 🗓️ 2022 🎞️ Series 📺 1080p FHD 🌎 #⁉️ ⏰ 25 မိနစ် 08 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Velma (2022)Velma (2023) ၂၀၂၃ ခုနှစ်မှာတော့ Scooby Doo spin-off series အသစ်တစ်ခုဖြစ်တဲ့ Velma ထွက်ရှိလို့လာပါတယ်။ ထွက်မလာခင်ကတည်းက ဇာတ်ကောင်ပြောင်းလဲမှုတွေ၊ ကာတွန်းပုံစံတွေကြောင့် ဝေဖန်မှုကို ခံခဲ့ရတဲ့ series တစ်ခုလည်းဖြစ်ပါတယ်။ တကယ်လည်း ထွက်ရှိလာရော ဆက်လက်ဝေဖန်ခံနေရတုန်းပါပဲ။ သင့်အနေနဲ့ အရင် Scooby dooရဲ့ အမာခံ ပရိသတ်လည်းဖြစ်တယ် အရင်ထွက်ခဲ့တဲ့ Series တွေ၊ Animation တွေနဲ့ ယှဉ်ပြီးတော့ ဒီ series ကို ကြည့်မယ်ဆိုရင်တော့ အကြီးအကျယ် စိတ်ပျက်မိပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ဆိုလည်း စိတ်ပျက်စရာတချို့ ရှိပေမယ့် Scooby Doo ဆိုတဲ့ခေါင်းစဉ်မတပ်ဘဲ ကြည့်မယ်ဆိုရင် ကြည့်ပျော်တယ်ဆိုတဲ့ ခံစားချက် ရမိပါတယ်။ ဇာတ်လမ်းပိုင်းအရဆိုရင်တော့ သမိုင်းတစ်လျှောက်မှာ နာမည်အကြီးဆုံး ပဟေဠိဖြေရှင်းသူများ အဖွဲ့ဆိုပြီး ဖြစ်မလာခင် အထက်တန်းကျောင်းမှာ နေနေကြတဲ့ ဗဲလ်မာတို့ သူငယ်ချင်းတစ်စုကို မြင်တွေ့ရမှာပါ။ ဗဲလ်မာ ဟာဆိုရင် အရင်က ဒက်ဖ်နီနဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပေမယ့် အခုတော့ သင်းကွဲတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ပဟေဠိတွေ ဖြေရှင်းချင်တဲ့စိတ်ကြောင့် သူ့အမေထွက်သွားတာဆိုတဲ့ စိတ်ဒဏ်ရာလည်းရနေခဲ့တာပါ။ ဗဲလ်မာတို့ အဖွဲ့ဖွဲ့စည်းဖြစ်ဖို့ အကြောင်းဖန်လာတာကတော့ လူသတ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ခရစ္စတယ်ကို့ဗ် အထက်တန်းကျောင်းမှာ နာမည်ကြီး ကျောင်းသူဖြစ်တဲ့ ဘရန်ဒါ အသတ်ခံလိုက်ရပါတယ်။ ထိုလူသတ်မှုအတွက် ဗဲလ်မာဟာ အဓိကသံသယရှိသူဖြစ်ခဲ့ပြီး အဖမ်းမခံရဖို့အတွက် အဆိုပါ လူသတ်မှုပဟေဠိကို ကိုယ်တိုင်ဖြေရှင်းဖို့ ဖြစ်လာပါတယ်။ ဗဲလ်မာတစ်ယောက် စိတ်ဒဏ်ရာကို ဘယ်လိုကျော်လွှားမလဲ၊ လူသတ်မှုကို ဘယ်လိုဖြေရှင်းမလဲ၊ ပဟေဠိဖြေရှင်းသူများအဖွဲ့ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ဗဲလ်မာနဲ့ ရှက်ဂီတို့ လူမည်းဇာတ်ကောင်တွေဖြစ်နေတာ၊ ဒက်ဖ်နီက အာရှသူ ဖြစ်နေတာ အစရှိသဖြင့် မတူညီတာတွေ အရမ်းများသလို အခုဇာတ်လမ်းတွဲဟာ အရွယ်ရောက်ပြီးသားသူတွေကို ရည်ရွယ်ပြီး ရိုက်ထားတာဖြစ်လို့ သွေးသံရဲရဲတွေ၊ လိင်ပိုင်းဆိုင်ရာဟာသတွေလည်းပါပါတယ်။အကယ်၍ Scooby Doo လို ဇာတ်လမ်းမျိုးကိုမှ R-rated ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းက သင့်အတွက်ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre….. Animation, Comedy

On the Road (2012) ⭐IMDB: 6.0/10 (42 k Votes) 🎬 #Adventure #Drama #Romance 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #France #UnitedStates #UnitedKingdom #Mexico #Canada #Argentina ⏰ 2 နာရီ 21 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 On The Road (2012) ================ IMDb-6/10 ဒီဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့ “ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့ သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကို ဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာ ပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။ လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက် စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း က ဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က လမ်းမတွေပေါ်မှာ ခရီးသွားကြရင်း…ပျော်စရာတွေ ရှာဖွေကြရင်း…လူအမျိုးမျို း စိတ်အထွေထွေနဲ့ တွေ့ကြုံကြရင်း… ဘဝအကြောင်းတွေ ဒင်းဘဝနဲ့ ပတ်သတ်တာတွေ ဆယ်ရဲ့ မှတ်စုစာအုပ်လေးထဲကနေ “On The Road” ဆိုတဲ့ စာအုပ်တစ်အုပ်အနေနဲ့ ဘယ်လို ရုပ်လုံးပေါ် လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းတွေ စကားပြောတွေ ပါဝင်တာကြောင့် မိဘတွေနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ)

The Past (2013) ⭐IMDB: 7.7/10 (49 k Votes) 🎬 #Drama #Mystery 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #France #Italy #Belgium #Iran ⏰ 2 နာရီ 12 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Past(2013) ============= မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက် အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့် ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့် သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေ ဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေ သိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့ အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါ ရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။ လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့ The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့ ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင် တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက် တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာ ထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။ ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေ အသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင် ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေး တစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီး ကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။

Werewolf Cabal (2022) ⭐IMDB: 5.0/10 (123 Votes) 🎬 #Comedy #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Werewolf Cabal(2022) ********************* Horror ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်းဆုံးသွားပြီးနောက် သူ့အတွက်ချန်ထားရစ်ခဲ့တဲ့အမွေတွေကိုလက်ခံယူဖို့အတွက် UK ကျေးလက်ဘက်ကရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်ပေါ့နော်။ကီဖာဟာ ငယ်ကတည်းက မွေးစားဖို့ ပေးပစ်ခံရသူဖြစ်ပြီး မိခင်ရင်းဖြစ်သူအကြောင်း၊ မိခင်ရင်းရဲ့ရွာလေးအကြောင်းကိုလည်းဘာမှမသိဘူးပေါ့၊မိခင်ဖြစ်သူသေဆုံးသွားရတဲ့ အကြောင်းအရင်းကလည်း ခွေးကိုက်ခံရလို့ဆိုပြီး ရွာကလူတွေကပြောကြတာပဲ။နောက်တော့ သူ့မှာမအေတူညီလေးတစ်ယောက်ရှိကြောင်း၊ ရွာထဲမှာလည်း လူတွေကလည်း အမျိုးမျိုးပြောနေတာတွေကြုံလာရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ကီဖာတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ၊ရွာထဲကလူတွေက ဘာတွေလျှို့ဝှက်ထားကြတာလဲဆိုတာတော့ ဒီသမန်းဝံပုလွေဇာတ်လမ်းထဲမှာဆက်ကြည့်နိုင်ပါတယ်။

Estranged (2015) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2015 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Estranged(2015) ============== ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့ horror movie လေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကို ပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူ သတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည် နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စ ကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။ နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကား‌‌လေးက သင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်)

The Words (2012) ⭐IMDB: 7.0/10 (79 k Votes) 🎬 #Drama #Mystery #Romance #Thriller 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Words(2012) ============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့ စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ် အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ် မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။ Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့ အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင် းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်း ဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper က ပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲ တစ်ခုပဲဖြစ်ပါတယ်။ ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ် ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်း ကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။

The Words (2012) ⭐IMDB: 7.0/10 (79 k Votes) 🎬 #Drama #Mystery #Romance #Thriller 🗓️ 2012 🎞️ movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Words(2012) ============== ဒီဇာတ်ကားလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ကြိုးစားနေရတဲ့ စာရေးဆရာတစ်ယောက်ဟာ ကိုယ်တိုင်မရေးခဲ့တဲ့စာမူနဲ့အကြီးအကျယ် အောင်မြင်မှုရသွားခဲ့ပြီးတဲ့နောက် ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ရွေးချယ် မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းကို ပြန်ပြောပြထားတာပဲဖြစ်ပါတယ်။ Bradley Cooper က သူ့ရဲ့ဇာတ်ရုပ်ကိုကောင်းကောင်းကြီးသယ်သွားပြီးတော့ အတွင်းပိုင်းမှာရုန်းကန်ကြိုးစားရတဲ့အခြေအနေကိုကောင်းကောင် းပုံဖော်ပြသွားနိုင်ပါတယ်။ တကယ့်ကိုပြင်းထန်ပြီးတော့စိတ်ပိုင်း ဆိုင်ရာအရညှင်းပန်းနှိပ်စက်ခံနေရတဲ့ပုံစံကို Bradley Cooper က ပုံဖော်သရုပ်ဆောင်ပြသွားနိုင်တာက ကြိုဆိုရမယ့်အပြောင်းအလဲ တစ်ခုပဲဖြစ်ပါတယ်။ ဖန်လုံအိမ်ထဲမှာ အရာရာကိုပြန်အဆင်ပြေအောင်ကြိုးစားနေတဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကရင်သပ်ရှုမောလောက်စရာပါပဲ။ ဒီ The Words ဆိုတဲ့ရုပ်ရှင်ကားမှာ ကြည့်ရှုဖို့ထိုက်တန်တဲ့သရုပ် ဆောင်ချက်တွေအများကြီးပါဝင်နေတာမို့ တစ်ခါလောက်မြည်းစမ်း ကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။

Seven Sundays (2017) ⭐IMDB: 7.6/10 (523 Votes) 🎬 #Asian #Comedy #Drama #Family 🗓️ 2017 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 2 နာရီ 08 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seven Sundays 2017IMDB 7.6/10 သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/85မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

Seven Sundays (2017) ⭐IMDB: 7.6/10 (523 Votes) 🎬 #Asian #Comedy #Drama #Family 🗓️ 2017 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 2 နာရီ 08 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seven Sundays 2017IMDB 7.6/10 သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/85မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

Raze (2013) ⭐IMDB: 5.1/10 (6 k Votes) 🎬 #Action #Drama #Horror #Thriller 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raze(2013) ============ Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲ မြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်း ချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာ တွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။ တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကို သွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ (ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် )

Short Peace (2013) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Animation #Fantasy #Sci-Fi #SciFi 🗓️ 2013 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 09 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Short Peace (2013)==============IMDb Rating – 6.8/10 ဂျပန်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကို Anime ပုံစံနဲ့ကြည့်ချင်တဲ့သူတွေအတွက် လုံးဝရှယ်ဖြစ်နေတဲ့ Anime တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ Code Geass, Gintama, Inuyasha, Colourful တို့လို Animeတွေရဲ့ပဲ့ကိုင်ရှင် Studio Sunrise ရဲ့လက်ရာဖြစ်တဲ့အပြင် IMDbRating 6.8/10 ရထားတာမို့ အတော်လေးမိုက်ပါတယ်။ “ShortPeace” ဆိုတဲ့ Anime လေးထဲမှာ သူ့နာမည်အတိုင်း ပုံပြင်တိုလေးပုဒ်ပါပါတယ်။ ၃ပုဒ်က ဂျပန်ရှေးဟောင်းပုံပြင်တိုလေးတွေဖြစ်ပြီး နောက်ဆုံးကတော့ ကမ္ဘာပျက်ခေတ်က စစ်ပွဲဇာတ်လမ်းတိုလေးပါ။ ဂျပန်ဒဏ္ဍာရီပုံပြင်တို‌(၃)ပုဒ်ကတော့ – ဆုခုမိုဂါမိ (ရှေးပစ္စည်းဝိညာဉ်)၊ဟိနော့ယောဂျင်း(မီးသတိပေး)နဲ့ ဂမ်ဘို ဖြစ်ပါတယ်။ နောက်ဆုံးကတော့စစ်ကားပေါ့ဗျာ။ Animation Art Style ကလည်း တစ်ပုဒ်နဲ့တစ်ပုဒ်မတူဘဲ အတော်လေးလည်းလှပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ချင်းစီကလည်း စိတ်ဝင်စားစရာကောင်းတာမို့ တစ်ကားလုံးပျင်းချိန်ကိုမရှိပါဘူး။ Japan Anime Fanမဟုတ်တဲ့သူတွေကိုတောင် အကြိုက်တွေ့စေမှာဖြစ်လို့ Anime fan တွေအတွက်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)

Seven Sundays (2017) ⭐IMDB: 7.6/10 (523 Votes) 🎬 #Asian #Comedy #Drama #Family 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #Philippines ⏰ 2 နာရီ 08 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Seven Sundays 2017IMDB 7.6/10 သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/85မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

Sex Is Crazy (1981) ⭐IMDB: 4.2/10 (207 Votes) 🎬 #Adult #Comedy 🗓️ 1981 🎞️ Movie 📺 1080p FHD 🌎 #Spain ⏰ 1 နာရီ 27 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sex Is Crazy (1981) လိင်မှုကိစ္စတွေကို ဆန်းသစ်ပြီးပွင့်လင်းစွာ တင်ပြလေ့ရှိတဲ့ စပိန်‌တွေရဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီလိုဇာတ်ကားတွေမှာ နာမည်ကျော်တဲ့ ဒါရိုက်တာ Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတွေဟာ ကမ္ဘာသူ အမျိုးသမီးတွေကိုပြန်ပေးဆွဲပြီး သူတို့ဂြိုဟ်ရဲ့မျိုးဆက်တွေပြန့်ပွားဖို့ အသုံးချတဲ့အကြောင်းပြဇာတ်မှာ သရုပ်ဆောင်နေတဲ့မင်းသမီးတွေကို တကယ့်ဂြိုဟ်သားအစစ်တွေက တွေ့ပြီး အဲဒီပြဇာတ်အတိုင်း အကောင်အထည်ဖော်ကြပုံကို ဟာသနှောထားတာပါ။ အဲဒီကနေမှ ရုပ်ရှင်အတွင်းက ရုပ်ရှင်တွေအဖြစ် ဇာတ်ကွက်တွေ တစ်ကွက်ပြီးတစ်ကွက် ပြောင်းသွားကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်ကွက်တိုင်းကို အလွန်လွတ်လပ်ပွင့်လင်းစွာ တင်ဆက်ထားပြီး သရုပ်ဆောင်တွေလည်း တစ်ကားလုံးနီးပါးအဝတ်မပါတာမို့ ရှင်းရှင်းဘွင်းဘွင်း ရှုစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Slayers (2022) ⭐IMDB: 3.0/10 (988 Votes) 🎬 #Comedy #Fantasy #Horror 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Slayers (2022) သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack Snyder ရဲ့ Watchmen ထဲမှာ အစွမ်းပြသွားတဲ့ Malin Åckerman နဲ့ Zombieland ထဲက Abigail Breslin တို့မို့ ကြည့်ရတန်မယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

Plan 75 (2022) ⭐IMDB: 6.8/10 (562 Votes) 🎬 #Drama #ScienceFiction 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Japan #France #Philippines #Qatar ⏰ 1 နာရီ 52 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Plan 75(2022) ************ ဂျပန်နိင်ငံဆိုတာ သက်ကြီးရွယ်အိုတွေများကြသလိုအသက်လည်းရှည်ကြတာအာလုံးသိကြတယ်။ ဂျပန်အစိုးရဟာသက်ကြီးရွယ်အိုတွေ “အစီအစဉ် ၇၅ “ဆိုတဲ့ အသက် ၇၅ နှစ်နဲ့အထက်အဖိုးအဖွားတွေအတွက်ထောက်ပံပေးဖို့ဥပဒေပြဌာန်းလိုက်ပါတယ်။၇၈ နှစ်ရှိပြီဖြစ်တဲ့ မိချီခကုတနိဆိုတဲ့အဖွားက ဟိုတယ်တစ်ခုမှာသန့်ရှင်းရေးဝင်လုပ်ပါတယ်။နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်လို့အနားပေးလိုက်ပါတယ်။အစကတော့ အစီအစဉ် ၇၅ ကိုလျှောက်လွှာမတင်ဘဲ အလုပ်လုပ်ပြီးဆက်နေမယ်လို့ဆုံးဖြတ်ထားပေမယ့် အသက်ကြီးလွန်တာကြောင့်ဘယ်နေရာမှအလုပ်မခန့်တာကြောင့်အစီအစဉ် ၇၅ လျှောက်လွှာတင်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့…

Plan 75 (2022) ⭐IMDB: 6.8/10 (562 Votes) 🎬 #Drama #ScienceFiction 🗓️ 2022 🎞️ movie 📺 720p HD 🌎 #Japan #France #Philippines #Qatar ⏰ 1 နာရီ 52 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Plan 75(2022) ************ ဂျပန်နိင်ငံဆိုတာ သက်ကြီးရွယ်အိုတွေများကြသလိုအသက်လည်းရှည်ကြတာအာလုံးသိကြတယ်။ ဂျပန်အစိုးရဟာသက်ကြီးရွယ်အိုတွေ “အစီအစဉ် ၇၅ “ဆိုတဲ့ အသက် ၇၅ နှစ်နဲ့အထက်အဖိုးအဖွားတွေအတွက်ထောက်ပံပေးဖို့ဥပဒေပြဌာန်းလိုက်ပါတယ်။၇၈ နှစ်ရှိပြီဖြစ်တဲ့ မိချီခကုတနိဆိုတဲ့အဖွားက ဟိုတယ်တစ်ခုမှာသန့်ရှင်းရေးဝင်လုပ်ပါတယ်။နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်လို့အနားပေးလိုက်ပါတယ်။အစကတော့ အစီအစဉ် ၇၅ ကိုလျှောက်လွှာမတင်ဘဲ အလုပ်လုပ်ပြီးဆက်နေမယ်လို့ဆုံးဖြတ်ထားပေမယ့် အသက်ကြီးလွန်တာကြောင့်ဘယ်နေရာမှအလုပ်မခန့်တာကြောင့်အစီအစဉ် ၇၅ လျှောက်လွှာတင်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့…

Slayers (2022) ⭐IMDB: 3.0/10 (988 Votes) 🎬 #Comedy #Fantasy #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Slayers (2022) သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack Snyder ရဲ့ Watchmen ထဲမှာ အစွမ်းပြသွားတဲ့ Malin Åckerman နဲ့ Zombieland ထဲက Abigail Breslin တို့မို့ ကြည့်ရတန်မယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)