ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Breaking the Waves (1996) ⭐TMDB: 75% User Score 🎬 #Drama #Romance 🗓 1996 🎞 movie 🌎 #Denmark #Spain #France #Iceland #Norway #Netherlands #UnitedKingdom #Sweden ⏰ 2 နာရီ 40 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ မိုးအေးအေးလေးနဲ့ အေးဆေးကြည့်လို့ကောင်းမဲ့ သည်းထိတ်ရင်ဖိုလူသတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိခင်ကွယ်လွန်ထားတာမကြာသေးတဲ့ဂျက်စီကာဆိုတဲ့ကောင်မလေးတစ်ယောက် သူ့မိခင်သေဆုံးရလို့ ဖြည်မဆည်နိုင်ဖြစ်နေပါတယ် အဲဒီကြားထဲ သူအမေချန်ခဲ့တဲ့သေတမ်းစာအရ သူငယ်ငာ်လေးထဲကအဆက်အသွယ်မရှိတာကြာပြီဖြစ်တဲ့ သူ့အဒေါ်တို့လင်မယားဆီကိုလည်းအမွေခွဲပေးဖို့ပါလာပါတယ် ဖြစ်ချင်တော့ ကိုယ်ပိုင်လယ်လေးနဲ့အေးအေးချမ်းချမ်းနေနေတဲ့ အဲဒီအဒေါ်ဖြစ်သူတို့စုံတွကိုဘယ်လိုဆက်သွယ်ဆက်သွယ်မရဖြစ်နေပါတယ် အဲဒီလိုနဲ့ သူ့အဒေါ်ဆီကိုခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ် အဲဒီလိုနဲ့ပဲ သူနဲ့သူ့ကောင်လေးတို့ ရုပ်တောင်သေချာတောင်မမှတ်မိတော့တဲ့သူ့အဒေါ်ဆီ ခရီးထွက်လာကြပါတော့တယ် သူ့အဒေါ်တို့အိမ်မှာကတော့ သူ့အဒေါ်တို့စုံတွဲကိုtတ်ပြီး အိမ်မှာပုန်းခိုနေထိုင်နေတဲ့လူသတ်သမားအတွဲရှိနေပါတယ် သူတို့လာနေတယ်ဆိုတာကိုအကြောင်းသိပြီးတော့ သူ့အဒေါ်တို့လို့ဟန်ဆောင်ပြီးငွေတွေကိုရအောင်ယူဖို့ကြံပါတော့တယ် ဒီလိုနဲ့ ဂျက်စီကာတို့စုံတွ လူသတ်သမားတွေနဲ့ထိပ်တိုက်တိုးဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်...
Kisah Tanah Jawa: Pocong Gundul (2023) ⭐IMDB: 6.8/10 (227 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 47 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ကျောတချမ်းချမ်းနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမယ့် အင်ဒိုနီးရှားနိုင်ငံသရဲကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ခေတ်နောက်ပြန်ဆွဲနိုင်စွမ်းရှိပြီး အတိတ်ကို အချိန်ခရီးသွားရင်း အဖြစ်အပျက်တွေကို မြင်နိုင်စွမ်းရှိတဲ့ Hao ဟာ မထင်မှတ်ဘဲ ပျောက်ဆုံးသွားတဲ့ ကျောင်းသူလေး Sari ကို ပြန်လည်ရှာတွေ့အောင် ကြိုးစားခဲ့ပါတယ်။ ကျောင်းတက်ရင်း ရုတ်တရက် ကျောင်းဝန်းထဲမှာ ပျောက်ဆုံး သွားတဲ့ Sari ကို ဟောင်က သူ့အစွမ်းအစနဲ့ရှာဖွေတဲ့အခါ ကျောင်းသူလေးကို ပြန်ပေးဆွဲသွားခဲ့တဲ့ သင်္ချိုင်းဖုံးမှာ ရစ်ပတ်နေတဲ့ ခေါင်းပြောင်တစ္ဆေကြီးပိုချောင်နဲ့ ထိပ်တိုက် တွေ့ခဲ့ပါတယ်။ ဟောင်ရဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့ ခေါင်းပြောင်တစ္ဆေကြီး ပိုချောင်ဟာ ဟောင်နောက်ကိုလိုက်လာပြီး ဒုက္ခပေးဖို့ ကြိုးစားပါတော့တယ်။ ဒီအခါမှာတော့ ဟောင်နဲ့သူ့ကောင်မလေး ရီဒါတို့ကြားမှာ ရင်တုန်စရာ အဖြစ်အပျက်တွေက ဆက်တိုက် ဖြစ်ပျက်လာခဲ့ပြီး ဟောင်က ပိုချောင်ရဲ့အတိတ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူ့ရဲ့ဇစ်မြစ်နဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ် သွားမှာဖြစ်ပါတယ်။ ဆယ်နှစ်တကြိမ် လူတွေကိုဒုက္ခပေးနေတဲ့ ခေါင်းပြောင်တစ္ဆေကြီးကို ဟောင်တယောက် ဘယ်လိုပညာပေး သွားနိုင်မလဲဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေ၊ သည်းထိတ် ရင်ဖိုစရာတွေနဲ့ အင်ဒိုနီးရှားရိုးရာပုံပြင်တွေကို ပေါင်းစပ်ပြီး ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။...
Wij (2018) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Adult #Drama 🗓 2018 🎞 movie 🌎 #Netherlands #Belgium ⏰ 1 နာရီ 37 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 We (Wij 2018)IMDb – 5.6/10Genre – Drama (ပွင့်လင်းမြင်သာတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်များ ကိုယ်လုံးတီးခန်းများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်လူငယ်တွေ အတတ်ကျူးပြီး ပဲ့ကိုင်ဆုံးမပေးမယ့်လူ မရှိရင် ဘယ်လောက်ထိ လမ်းချော် သွားနိုင်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြထားတဲ့ ဘယ်ဂျီယံကားလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆယ်ကျော်သက်တစ်ယောက် အလွန်ဆုံး ဆိုးသွမ်းနိုင်ရင် လောင်းကစားလုပ် ဆေးချ အရက်သောက် ဒီလောက်ပဲ ဆိုပေမဲ့ သူတို့လို ပွင့်လင်းမြင်သာတဲ့ ဥရောပဖက်က ဆယ်ကျော်သက်တွေ တကယ်ကြမ်းလာရင် လိုက်မမှီတာကို မြင်ရမှာပါ။ ဇာတ်လမ်းလေး တည်ဆောက်ထားတဲ့ပုံက သူငယ်ချင်း ၈ ယောက် (ကျား ၄ မ ၄) မြို့လေးတစ်မြို့မှာ အတူတူပေါင်းသင်းကြပြီး လုပ်စရာမရှိ ပျင်းလာတဲ့အခါမှာ လောကကြီးကို စူးစမ်းလေ့လာကြမယ်ဆိုပြီး မလုပ်သင့်တာတွေ လုပ်သင့်တာတွေ နားမလည်ပဲ အကုန်လျှောက်လုပ်ကြပါတယ်။ အစပိုင်းတော့ အချင်းချင်းပဲ ပွင့်လင်းစွာ လိင်ဆက်ဆံရာကနေ ငွေပိုရချင်ရင် အပြာကားရိုက်ပြီး လိုင်းပေါ်တင်ကြမယ် ဘာညာနဲ့ လုပ်ကြပြုကြရင်း ငွေတွေအများကြီးရတော့ ထိန်းမရ သိမ်းမရပဲ သောင်းကျန်းနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်ဖြစ်ပျက်နေတာကို အားမရပဲနဲ့ တော်တော်ကို ဆိုးရွားတဲ့ နောက်တစ်ဆင့်ကို တက်လာပြီး ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့အခါမှာတော့….။ သူငယ်ချင်း ၈ ယောက်ထဲက ၄ ယောက်ဖြစ်သူရဲ့ တရားခွင်မှာ ထွက်ဆိုချက်ပေးတာကို နောက်ကြောင်းပြန်ပြတဲ့အနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး တင်ဆက်ထားပါတယ်။ နောက်ဆုံးမှာ မထင်မှတ်ထားတာတွေ ပါပါတယ်။ ထင်ရာစိုင်းပြီး ခေတ်မှီနေကြတဲ့ ဆယ်ကျော်သက်လေးတွေ နဲ့ ပတ်သက်ပြီး ထိန်းကျောင်းမှုတွေ သွန်သင်ဆုံးမဖို့အတွက် ပညာရစရာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။...
头牌特工 (2018) ⭐TMDB: 0% User Score 🎬 #Action #Fantasy #Drama 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 3 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချိန်ခရီးသွားဇာတ်ကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ။ဒီကားလေးက ရှေးဟောင်းပစ္စည်းတစ်ခုကြောင့်နဲ့ရှေးခေတ်ကိုပြန်ရောက်သွားတဲ့အကြောင်းလေးပါ ။ သရုပ်ဆောင်အရမ်းဖြစ်ချင်ပေမဲ့ အိပ်မက်တွေမပြည့်ဝသေးတဲ့ သာ့ဟွားသောအဖေဖြစ်သူရဲ့ လောင်းကစားကြွေးတွေကိုဆပ်ရင်းနဲ့ကြိုးစားပမ်းစားအလုပ်လုပ်နေရတဲ့ ရှောင်နျောင်ပန်းချီအယ်ဘမ်တစ်ခုထုတ်ဝေချင်ပေမဲ့ မထုတ်ဝေနိုင်သေးတဲ့ အိုက်လင် ဒီမိန်းကလေးသုံးယောက်လုံးဟာ ရှောင်ချုံးလိုခေါ်တဲ့သူဆီကနေလျို့ဝှက်အေ့ဂျင်လုပ်ဖို့ဖိတ်ခေါ်ခံလိုက်ရပြီးနိုင်ငံ့ရတနာကျောက်စိမ်းခေါင်းလောင်းကို သုတေသနဓာတ်ခွဲခန်းကနေခိုးသွားတဲ့ အစ်ကိုဟောက်နောက်ကို နောက်ယောင်ခံလိုက်ခိုင်းခဲ့ပါတယ် ။ အစ်ကိုဟောက်ပုန်းခိုနေတဲ့နေရာကိုသိပြီး လေးယောက်သားကျောက်စိမ်းခေါင်းလောင်းကိုပြန်ယူဖို့လုပ်တဲ့အချိန်မထင်မှတ်ထားတွေဖြစ်သွားပြီး ဟိုဘက်ခေတ်ကိုရောက်သွားကြပါတော့တယ် ။နန်းတွင်းကိုရောက်သွားတဲ့ အိုက်လင်နဲ့ရှောင်နျောင်တို့လည်းအသက်အဖြတ်များတဲ့ နန်းတွင်းကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ ?သူတို့ထက်ပိုကံဆိုးပြီး ဆောင်ကြာမြိုင်ရောက်သွားတဲ့ သာ့ဟွားသောရောဘယ်လိုနည်းနဲ့ ဒီဘက်ခေတ်ကိုပြန်ရောက်လာအောင်လုပ်မလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးကြပါအုံးနော်...
Legend (1985) ⭐TMDB: 62% User Score 🎬 #Adventure #Fantasy #Romance 🗓 1985 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Legend (1985)IMDB: 6.3/10Rotten Tomatoes: 41%Metacritic: 30%Genre: Dark Fantasy Legend (1985) ရုပ်ရှင်ဟာ Gladiator, The Martian, Alien တို့လို နာမည်ကြီးကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ မင်းသားကလည်း အချစ်တော် Tom Cruise ဖြစ်တာကြောင့်ကြည့်ရတာ တန်မှာဖြစ်ပါတယ်။ ဇာတ်ညွှန်းအမှောင်သခင်ကြီးမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေကိုထာဝရပျောက်ကွယ်သွားအောင် ပြုလုပ်ပြီး အမှောင်ထုနဲ့ ကမ္ဘာကြီးကိုကြီးစိုးဖို့ဖြစ်ပါတယ်။ နေကိုထာဝရ ဝင်စေချင်ရင် ကမ္ဘာပေါ်မှာ ကျက်စားနေတဲ့ ယူနီကွန်းမှောင်နှံကိုသတ်မှပဲရမှာပါ။ ပြဿနာက သူဟာ နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ ဒါ့ကြောင့် သူ့ရဲ့လက်ပါးစေထဲမှာမှ အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ ဘလစ်ဇ် ဆိုတဲ့မှင်စာတစ်ကောင်ကို ခေါ်ပြီး ယူနီကွန်းနှစ်ကောင်ကိုသတ်ဖို့ ကမ္ဘာမြေပေါ်ကိုလွှတ်လိုက်ပါတော့တယ်။ လီလီဆိုတာ တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ ငယ်ရွယ်တယ်၊ အပြစ်ကင်းစင်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး။ ဂျက်ခ်ဟာတောထဲမှာနေထိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ခ် ဟာလီလီကို ယူနီကွန်းတွေကိုတွေ့ရဖို့ခေါ်သွားခဲ့ပေမယ့် လီလီက မထင်မှတ်ထားတာကိုလုပ်ခဲ့ပြီး ယူနီကွန်းတစ်ကောင်ကိုလက်နဲ့ထိလိုက်ပါတယ်။ ကံမကောင်းစွာနဲ့ မှင်စာပစ်လိုက်တဲ့အဆိပ်မြားကလည်း ယူနီကွန်းအထီးကိုထိခဲ့ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးရေတွေခဲသွားပြီး အမှောင်ထုကြီးကကြီးစိုးသွားပါတော့တယ်။ မင်းသမီးလေး လီလီနဲ့ ဂျက်ခ်တို့နှစ်ယောက်လည်း လမ်းကွဲသွားခဲ့ပါတယ်။ ဂျက်ခ်တစ်ယောက် ဘယ်လိုများဒီကိစ္စကြီးကိုပြန်ပြင်မှာလဲ။ ဂျက်ခ်အဖြစ် မင်းသားချော Tom Cruise လီလီ အဖြစ် မင်းသမီးချော Mira Sara တို့မှသရုပ်ဆောင်ထားပါတယ်။...
Dragon Inn (1967) ⭐TMDB: 72% User Score 🎬 #Action #Adventure 🗓 1967 🎞 movie 🌎 #Taiwan #HongKong ⏰ 1 နာရီ 51 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dragon Inn (1967) ကင်းဟူရဲ့လက်ရာတွေထဲ ဒရာဂွန်အင်းက အအောင်မြင်ဆုံးလို့ ပြောရင်လည်းရတယ်။ ဒီကားကို မကြည့်ဖူးရင်တောင်၁၉၉၂ထုတ် ဘရစ်ဂျစ်လင်း , မက်ဂီချောင် , တိုနီလောင်ခါဖိုင်, ဒွန်းနီးယန်တို့ပါဝင်ထားတဲ့ New Dragon Gate Innနဲ့ ၂၀၁၁ထုတ် ဂျက်လီရဲ့ Flying Swords of Dragon Gateကိုကြည့်ဖူးကြမယ့်လူများပါလိမ့်မယ်။အဲဒီ၂ကားလုံးကို Tsui Harkကရိုက်ထားတယ်။ ဒါပေမဲ့ ကင်းဟူရဲ့ အော်ရီဂျင်နယ်ဗားရှင်းနဲ့ ယှဉ်လိုက်ရင် အဲဒီ၂ကားဟာ တော်တော်လေးညံ့သလို ခံစားရမှာတော့အသေအချာပဲ။အဲဒီကားတွေကိုတောင် ကြိုက်ခဲ့တယ်ဆိုရင် ဒီကားကတော့ ရွှေပါပဲ။ဒရာဂွန်အင်းဟာ ကင်းဟူ ရှောဘရားသားကနေ ထွက်ပြီး ပထမဆုံးရိုက်ခဲ့တဲ့ကားလည်းဟုတ်သလိုဒရာဂွန်အင်းဟာ ထိုင်ဝမ်စီနီမာမှာ အရေးပါတဲ့နေရာကရှိနေတယ်။ 2003မှာ Goodbye, Dragon Inn ဆိုပြီး Tsai Ming Liangက ဒရာဂွန်အင်းရုပ်ရှင်ကို ရုံမှာကြည့်တာနဲ့တင် တစ်ကားလုံးပြီးသွားတဲ့ ရုပ်ရှင်တစ်ကားလည်း ရိုက်ခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကတော့ ပြန်ရိုက်တဲ့ကားတွေနဲ့ သိပ်တော့မကွာပါဘူး။ ကွာတာက ကာရိုက်တာ တည်ဆောက်ပုံနဲ့ ဇာတ်လမ်းကျောရိုးမှာဖြည့်သွားတဲ့ Elementတွေပဲ။ ကာရိုက်တာတည်ဆောက်ပုံမှာဆိုဒီကားက အဓိကဇာတ်ကောင်ဟာ ပဟေဠိဆန်မှုနဲ့အတူစတယ်။သူဘာကောင်လဲ ကျွန်တော်တို့မသိသေးတဲ့ အချိန်မှာ သူ့ရဲရင့်မှုနဲ့ ပြတ်သွားမှုကိုမြင်နေရပေမဲ့ သူ့ကောင်းခြင်းမကောင်းခြင်းကိုတော်တော်ဝေဝေဝါးဝါးပဲမြင်ရသေးတယ်။ ဇာတ်အရှိန်မြင့်လာတဲ့အခါမှာ သူရဲကောင်းဆန်မှုက ထင်းလာတယ်။ ၉၂ကားကတော့ ကာရိုက်တာတည်ဆောက်မှု ဒီလောက်မကောင်းပေမဲ့ နဂါးအင်းဆိုတဲ့နေရာကိုအဓိကထားတည်ဆောက်သွားတဲ့အချက်ကတော့ မိုက်တယ်။ဒီကားနဲ့အရသာတော့ကွာလိမ့်မယ်။ဘာပြောပြော ကင်းဟူရဲ့သိုင်းကားတွေဟာ သိုင်းချကွက်အပိုင်းမှာ ဘာသိုင်းညာသိုင်း လုံးဝမပြောဘဲ လက်တွေ့ကျကျဒီတိုင်းချရုံချနေတာပေမဲ့ ဇာတ်အိမ် ကာရိုက်တာတည်ဆောက်မှုအပိုင်းမှာတော့သိုင်းလောကအရသာ အပြည့်အဝရှိနေတယ်။ ဇာတ်ကတော့ နန်းတွင်းမှာ မိန်းမစိုးတွေကြီးစိုးထားပြီး သစ္စာရှိစစ်သူကြီးကို တိုင်းတစ်ပါးနဲ့ပူးပေါင်းပါတယ်ဆိုပြီး ချောက်ချ သေဒဏ်ပေးလိုက်ကြတယ်။ သူ့မိသားစုကိုတော့နယ်နှင်ဒဏ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျူပင်ခုတ်ကျူငုတ်ပါမကျန်အောင်ရှင်းဆိုတဲ့အတိုင်း မိန်းမစိုးတွေဟာစစ်သူကြီးရဲ့မျိုးဆက်တွေကိုပါ တစ်ခါတည်းရှင်းဖို့ နယ်နှင်ဒဏ်ပေးတဲ့ခရီးဆီ သူတို့လက်ပါးစေတွေလွှတ်ပြီး ရှင်းခိုင်းလိုက်ကြတယ်။နယ်စပ်မှာရှိနေတဲ့ နဂါးအင်းမှာ မိန်းမစိုးရဲ့လက်ပါးစေတွေဟာ ကျောက်ချစောင့်ရင်း ရောက်လာရင် ရှင်းပစ်ဖို့ အသင့်ပြင်နေကြတယ်။ တစ်ဘက်မှာလည်း စစ်သူကြီးရဲ့သစ္စာရှိ အမှုထမ်းတွေက ဒီမိသားစုကိုကယ်ဖို့ လုပ်ကြတယ်။ဒရာဂွန်အင်းဟာ ဒီဘက်မတူတဲ့အုပ်၂အုပ်ဟာတစ်ယောက်အကြောင်းတစ်ယောက်မသိဘဲ နဂါးအင်းမှာဆုံကြတဲ့အကြောင်းကို ကင်းဟူဟာ သိုင်းအရသာအပြည့်နဲ့ ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။...
Strangers When We Meet (2024) ⭐TMDB: 52% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 49 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာအရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။(၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက်မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက်ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။ သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကိုလက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။ လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်းပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။...
Waiting... (2005) ⭐TMDB: 63% User Score 🎬 #Comedy #Romance 🗓 2005 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Waiting (2005) နေ့စဉ်ဘဝရဲ့ ပုံမှန်ဆန်တဲ့တစ်နေ့တာကို ငြီးငွေ့နေတဲ့သူတွေရှိရင် ဒီကားလေးကအံကိုက်ဖြစ်မှာပါ။ ၂၀၀၅ ခုနှစ်က ထွက်ရှိထားပြီး Deadpool မင်းသား Ryan Reynolds ရဲ့ masterpiece တွေထဲက တစ်ခုလို့လည်း ပြောလို့ရတဲ့ကားလေးပဲ ဖြစ်ပါတယ်။ IMDb 6.7/10 ရရှိထားတဲ့ ဟာသကားလေးလည်း ဖြစ်ပါတယ်။ Diner တစ်ခုက စားပွဲထိုးကောင်လေးနှစ်ယောက်ကို အသားပေးရိုက်ကူးထားတာဖြစ်ပြီး။ သူတို့ရဲ့ ငြီးငွေ့စရာတစ်နေ့တာကို ပျော်စရာကောင်းအောင် ထွက်ပေါက်ရှာကြတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။...
The Roundup: Punishment (2024) ⭐IMDB: 6.9/10 (850 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ…. ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့ အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်… အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့ စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်… ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်...
Wife's Sponsor (2020) ⭐TMDB: 30% User Score 🎬 #Adult #Uncategorized 🗓 2020 🎞 movie 🌎 # #SouthKorea ⏰ 1 နာရီ 20 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Wife’s Sponsor (2020) *************************** အခန်းချင်းကပ်လျက်နေကြတဲ့ စတယ်လာနဲ့မင်ဝူတို့ဟာတစ်ယောက်ကိုတစ်ယောက် ချောင်းမြောင်းခိုးကြည့်ပြီး အာသာဖြေလေ့ရှိကြပါတယ် နောက်ဆုံးမှာတော့ ပွင့်လင်းလိုက်ကြပြီး အတူနေကြပါတော့တယ်ဘေးအိမ်ကိုပြောင်းလာတဲ့ကြင်စဦးမောင်နှံ ဂျင်ဆောင်းနဲ့ဘိုရာတို့ဟာလိင်ဆက်ဆံတဲ့နေရာမှာ ကိုက်ညီမှုမရှိကြဘဲ နှစ်ဖက်လုံး ကောင်းကောင်းမပြီးမြောက်နိုင်ကြပါဘူးစတယ်လာတို့အတွဲက ပါတနာချင်းဖလှယ်ပြီး အတွေ့အကြုံကောင်းယူဖို့ကမ်းလှမ်းချက်ကို ကြင်စဦးမောင်နှံလက်ခံလိုက်ပြီးတဲ့အခါမှာတော့………File Size : 1.87 GB, 753 MB Quality : 1080p,720p Format…mp4 Duration…01:20:11 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
A Tale of Two Sisters (2003) ⭐TMDB: 71% User Score 🎬 #Asian #Drama #Horror #Mystery #Thriller 🗓 2003 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 55 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Tale Of Two Sisters (2003)IMDb: 7.1/10Genre: Drama/Horror/Mystery မွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျ သရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့် ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့ သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့ အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာ အရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရော ဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီး ဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။...
Arthdal Chronicles (2019) ⭐IMDB: 8.3/10 (6 k Votes) 🎬 #Drama #Action #Adventure #Fantasy #History #Romance 🗓 2019 🎞 tv series 🌎 #SouthKorea #BruneiDarussalam ⏰ 1 နာရီ 24 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Arthdal Chronicles (2019) ************************* အပိုင်း (၁ မှ ၁၈) စ/ဆုံး 2019ခုနှစ်မှာ tvN channelမှ ထုတ်လွှင့်ခဲ့ပြီး မင်းသားကြီး Jang Dong-Gun၊ မင်းသား Song Joong-Ki၊ မင်းသမီး Kim Ji-Won နဲ့ Kim Ok-Bin တို့ အဓိကပါဝင်ထားတဲ့ Arthdal Chroniclesဟာ ရှေးခေတ် အာစီဒါလ်ပြည်ထောင်စုကို အခြေပြုပြီး ဖန်တီးထားတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အွန်းဆောင်းဆိုတဲ့ သွေးနှောကောင်လေးဟာ ကံဆိုးမှုတွေကို ယူဆောင်လာပေးမယ့် ကံကြမ္မာနဲ့ မွေးဖွားလာတာဖြစ်ပြီး သွေးနှောဆိုတဲ့အတိုင်း လူသားတစ်ဝက် နယ်အန်ထာတစ်ဝက်ဖြစ်နေပါတယ်။ အွန်းဆောင်းက မွေးကတည်းက မိခင်ဖြစ်သူနဲ့ လူသားတွေရန်ကို ရှောင်ရှားရင်း အီအာရခ် နယ်မြေမှာ ကြီးပြင်းလာခဲ့ရသလို သွေးနှောတွေကို ကြောက်ရွံ့စက်ဆုပ်ကြတဲ့ အာစီဒါလ်ပြည်ထောင်စုမှာ ထာဂွန်းဟာ အာစီဒါလ်ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို ရထားတဲ့ စစ်သည်သူရဲကောင်းဖြစ်နေပေမဲ့လည်း သွေးနှောဖြစ်နေတဲ့အတွက် လျှို့ဝှက်ပြီး နေလာခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ရက် ထာဂွန်းဟာ အွန်းဆောင်းတို့ ဝါဟန်မျိုးနွယ်စုတွေကို သုံ့ပန်းအဖြစ် ဖမ်းဆောင်းခေါ်ဆောင်သွားရာကနေ အွန်းဆောင်းက ပြန်လိုက်ကယ်ရင်း အွန်းဆောင်းတစ်ယောက် ထာဂွန်းရဲ့ မဟာလျှို့ဝှက်ချက်ကြီးကို သိသွားပါတော့တယ်။ မျိုးနွယ်စုတွေရဲ့ အားပြိုင်မှုတွေ ဘာသာရေးအယူသီးမှုတွေစသည်ဖြင့် နယ်ချဲ့တိုက်ခိုက်မှုတွေ မျိုးနွယ်စုအသေးလေးက အွန်းဆောင်းကရော ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ သူ မသိသေးတဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. စသည်တို့ကို သရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်သလို ဘတ်ဂျက်အများကြီးသုံးပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း ဇာတ်ဝင်ခန်းများကို လှလှပပ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Stary မှ ရေးသားထားပါတယ်။) Aired: Jun 1, 2019 – Sep 22, 2019Aired On: Saturday, SundayGenres:Historical,Romance,Fantasy,PoliticalEpisodes: 18Original Network: tvNTranslated by Stary Phyu, Miri, Treasure Htet, KhinNi & Htoo Htoo AungEncoded by Tiff «««TelegramChannel»»» Episode 01[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish [1080p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 02[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 03[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 04[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 05[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 06[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 07[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 08[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 09[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 10[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 11[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 12[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 13[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 14[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 15[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 16[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 17[720p] »»»UsersDrive•Yoteshin•MegaUp•Mega.NZ•StreamWish Episode 18[720p] »»»...
The Celebrated Gisaeng (2014) ⭐IMDB: 4.7/10 (15 Votes) 🎬 #Drama #Romance 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 35 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါက ဟန်ယန်းဆိုတဲ့မြိုမှာ အမှုထမ်းဖြစ်ချင်တဲ့ ဘယ်ဂွန်ဟီးဆိုတဲ့ လူချမ်းသာသခင်လေးတစ်ယောက်ရှိပါတယ် သူဟာ နေ့နေ့ညညစာကြိုးစားပြီး နောက်ဆုံးမှာ အရာရှိရာထူးနဲ့ ဟားမြောင်းဆိုတဲ့ဆင်းရဲနုံချာတဲ့မြိုလေးမှာ တာဝန်ထမ်းဆောင်ဖို ဖြစ်လာခဲ့ပါတယ်. သိုသော် ဟားမြောင်းမြိုမှာ ဘယ်ဂွန်ဟီးနဲ့အတူ တာဝန် ထမ်းဆောင်ရမယ့် အထက်လူကြီးဟာ လာဘ်စားအကျင့်ပျက်ကာ ပြည်သူတွေကို ဂုတ်သွေးစုပ်နေတဲ့သူဖြစ်ပြီး ဟားမြောင်းရဲ့ နာမည်ကြီးအချောအလှဖြစ်တဲ့ အနပညာသည်လေး အယ်ရန်နဲ့ ပေါင်းပြီး ဘယ်ဂွန်ဟီးအပေါ် ယုတ်မာပြီး ကလိမ်ကကျစ်ကျပါတော့တယ် အထက်လူကြီးရဲ့ယုတ်မာမှုကို ဘယ်ဂွန်ဟီးတစ်ယောက် ဘယ်လိုခံရမလဲ ဘယ်လိုတွန်းလှန်မလဲ ဘယ်ဂွန်ဟီးနဲ့အယ်ရန်တိုကရော ဘယ်လိုဆက်ဆံရေးတွေ ဖြစ်လာမလဲဆိုတာ ရင်ဖိုဖိုနဲ့ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...
I (2015) ⭐IMDB: 7.4/10 (23 k Votes) 🎬 #Action #Bollywood #Drama #Romance #Thriller #SciFi 🗓 2015 🎞 movie 🌎 #India ⏰ 3 နာရီ 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I 2015 ခါးကုန်းကြီးImdb 7.4 ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီးရုံတင်ကားကိုကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေ ဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်ကနာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ်မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲ အတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ဘော်ဒီကိုဗလတွေထွက်အောင်နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံကဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲ ဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကိုအစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီးကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး ( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ်...
Come Drink with Me (1966) ⭐TMDB: 67% User Score 🎬 #Action #Crime #Adventure 🗓 1966 🎞 movie 🌎 #HongKong ⏰ 1 နာရီ 35 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Come Drink with Me ( 1966 )IMDb: 6.9/10Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာကရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။...
The Infallibles (2024) ⭐IMDB: 4.5/10 (295 Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 39 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fast and Furious ထဲကလို လမ်းမပေါ်မှာ ကျည်ကာကားတွေကို ဖြတ်တိုက်ပြီး လုယက်တာတွေကိုသဘောကျတယ် မှုခင်းစုံထောက် ဇာတ်ကားတွေကိုလည်း သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတာမျိုးတွေကိုမှ သဘောကျတယ်ဆိုရင်အခု တင်ဆက်ပေးမဲ့ Les Infaillible ဆိုတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကို ရွေးချယ်ကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်အမျိုးအစားမှာဟာသလို့ ရေးထားပေမဲ့အက်ရှင်တွေ မှုခင်းတွေကိုပါအချိုးကျကျ တင်ဆက်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီး ပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏ ဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြ ပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်း သူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက် သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူ နေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေ တစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင် ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာက တစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစား မနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုက အမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီး ဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့ အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြပေမဲ့ အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီး နှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့ ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။...
Agent Recon (2024) ⭐IMDB: 2.5/10 (244 Votes) 🎬 #Action #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 ခုနှစ်အတွင်းထွက်ရှိခဲ့ာတဲ့ “Agent Recon” ရုပ်ရှင်ကတော့ အက်ရှင်သိပ္ပံဇာတ်ကားကောင်းတခု ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကမ္ဘာမြေလုံခြုံရေးတာဝန် တပ်ဖွဲ့ရဲ့ လျှို့ဝှက်တပ်မှူးကြီး Alastair ဟာ စူပါပါဝါရှိတဲ့ လူသစ် Jim ကို သူ့တပ်ဖွဲ့ထဲဝင်ရောက်စေခဲ့ပြီး တိုက်ပွဲ အတွေ့အကြုံရင့် ဗိုလ်ချုပ် Green နဲ့ကျွမ်းကျင်မရိန်း တပ်သားတွေ ဦးဆောင်တဲ့ မစ်ရှင်တခုမှာ ပါဝင်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ နယူးမက္ကဆီကိုက ဂြိုလ်သားနည်းပညာကို စမ်းသပ်နေတဲ့ လျှို့ဝှက်အခြေ စိုက်စခန်းတခုမှာ ထူးခြားလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်နှောင့်ယှက်မှုကို ခြေရာခံဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမစ်ရှင်အတွင်းမှာ သာမန်ထက်သာလွန်တဲ့ ခွန်အား၊ အမြန်နှုန်းနဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အသိဉာဏ်ကင်းမဲ့တဲ့ စစ်သားတွေကိုထိန်းချုပ်နေတဲ့ အမည်မသိသတ္တဝါကြီးကို ရင်ဆိုင်ရပါတော့တယ်။ ဒီဂြိုဟ်သားခံတပ်နောက်ကွယ်က အမှန်တရားကို Jim တယောက်ရှာဖွေတဲ့အခါ ဘယ်လိုအရာတွေကို တွေ့ရှိလာမှာလဲ၊ လူသားမျိုးနွယ်ပျက်သုဉ်းမှုကနေ ကာကွယ်နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖိုစောင်ကြည့်ခံစားရမှာဖြစ်ပါတယ်။...
Above Suspicion (2019) ⭐IMDB: 5.7/10 (9 k Votes) 🎬 #Action #Biography #Crime #Thriller 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရဲတွေ FBI တွေရာဇဝတ်မှုတစ်ခု နောက်ကိုလိုက်တဲ့အခါမှာ သူတို့အတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လိုချင်နေတဲ့ သတင်းတွေကို အသေးစိတ်ပြောပြပေးနိုင်မဲ့သတင်းပေးတွေပါပဲ။ အဲ့ဒီသတင်းပေးတွေကြောင့်ပဲ ဖော်ထုတ်နိုင်ခဲ့တဲ့ရက်စက် ကြမ်းကြုတ်တဲ့ ဒုစရိုက်မှုတွေဆိုတာလည်းမနည်းပါဘူး။ သတင်းပေးတွေက ရဲတွေကိုသတင်းပေးရာမှာ လျှို့ဝှက် သတင်းပေးရတာလည်းရှိသလို တရားရုံးမှာသက်သေထွက်ဆို ပေးရတဲ့အထိ လုပ်ပေးရတာတွေလည်းရှိပါတယ်။ သတင်းပေးတွေဖက်က အဲ့လိုသတင်းပေးရတဲ့ အကြောင်း ပြချက်တွေကလည်း မျိုးစုံရှိကြပါတယ်။အခုတင်ဆက်ပေးမဲ့ Above Suspicion ဆိုတဲ့အပြင်လောကက ဖြစ်ရပ်မှန်အကြောင်း အရာတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ အထက်မှာပြောခဲ့သလိုသတင်းပေးနဲ့ FBI အေးဂျင့်တစ်ယောက်ရဲ့ ကြားမှာ ဖြစ်ခဲ့တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို တွေ့ရ မှာပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကနေ အခုအချိန်အထိ ပိုက်ဗေးလ်မြို့မှာ နေထိုင်ခဲ့တဲ့ ဆူဇန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ယိုယွင်းပျက်စီးနေတဲ့ ပိုက်ဗေးလ်မြို့ရဲ့စီးပွားရေးအကြပ် အတည်းတွေကို အံကြိတ်ပြီး ရှင်သန်နေရတဲ့ကွာရှင်းထားတဲ့ ကလေးအမေတစ်ယောက်ပဲဖြစ်ပါတယ်။သူတို့မြို့က ဘယ်လောက် ပျက်စီးနေလဲဆိုရင် ပိုက်ဆံရှာဖို့ အသုဘလုပ်ငန်းနဲ့ မူးယစ်ဆေး ရောင်းဝယ်တဲ့လုပ်ငန်း ၂ ခုပဲရှိတော့တဲ့အထိကိုဆိုးဝါးနေခဲ့တာပါ။ အဲ့ဒါတွေကြောင့်ပဲ ဒီမြို့ကနေထွက်သွားချင်တဲ့ သူ့ရဲ့ရည်မှန်းချက်က ဘယ်တုန်းကမှ မပြည့်၀ခဲ့သလို အရာရာပြည့်စုံတဲ့ယောက်ျား တစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တာကတော့ သူ့ရဲ့အိပ်မက်ကြီးတစ်ခုပါပဲ။အဲ့ဒီ အိပ်မက်တွေအားလုံးက တစ်နေ့မှာတော့သူတို့မြို့ကို FBI အေးဂျင့်မာ့ခ်ရောက်လာတဲ့အခါမှာ ပြည့်၀သွားသလိုခံစား လိုက်ရပါတယ်။အေးဂျင့်မာ့ခ်မှာ သားနဲ့မယားနဲ့ဆိုပေမဲ့ အဖက်ဖက်က ပြည့်စုံနေတဲ့ ယောက်ျားတစ်ယောက်မျိုးဖြစ်တဲ့ အတွက် ဆူဇန်အတွက်ရေငတ်နေချိန်ဝိုင်ချိုတွေ့လိုက်ရသလို အေးဂျင့်မာ့ခ်ကို တမ်းတမ်းစွဲဖြစ်ပြီး သတင်းပေးအနေနဲ့ ချဉ်းကပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။...
Clipped (2024) ⭐IMDB: 6.4/10 (908 Votes) 🎬 #Drama #Biography #Sport 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Clipped(2024)အသစ်စက်စက်ထွက်ရှိလာတဲ့ Drama series လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီစီးရီးလေးကတော့ ‘The Starling Affairs ‘ ဆိုတဲ့ podcast လေးကနေအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ‘LA clippers ‘ ဆိုတဲ့NBA အသင်းရဲ့ပိုင်ရှင် Mr. Starling ဟာ သူ့ရဲ့ အသင်းအပေါ်ပရမ်းပတာစီမံမှုတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြောင့်နာမည်ကြီးသူလည်းဖြစ်ပါတယ်။ ဒီအရှုပ်တွေကြားထဲ အသင်းကိုဝင်ကယ်မယ့်ကယ်တင်ရှင်ကတော့နာမည်ရှိပြီးသားနည်းပြ ဒေါ့ရေးဗားစ်ပဲဖြစ်ပါတယ်။ဘယ်သူကမှ မျှော်လင့်ချက်မထားတဲ့အသင်းကို ချန်ပီယံရှစ်ရအောင်အထိရည်မှန်းထားတဲ့ဒေါ့အဖို့တော့ မစ္စတာစတာလင်ဟာ ဆူးညှောင့်ခလုတ်တစ်ခုပါပဲ။ ရှုပ်နေပြီးသားဇာတ်လမ်းမှာမှ နောက်ထပ်တိုးတဲ့သပွတ်အူကတော့ မစ္စတာစတာလင်ရဲ့ကိုယ်ရေးလက်ထောက်လေးဗီနဲ့ သူ့မိန်းမတို့ရဲ့ အားပြိုင်ပွဲပဲဖြစ်ပါတယ်။အရှုပ်တွေကြားက အမှီဆွဲကယ်ရမယ့် အသင်းမှာ ဒေါ့တစ်ယောက်သူ့ရည်မှန်းချက်အတိုင်း လုပ်နိုင်ခဲ့မလားဆိုတာကိုတော့ ဒရာမာတွေတသီကြီးနဲ့ မမုန်းတမ်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှပဲဖြစ်ပါတယ်။...
Suicide Squad Isekai (2024) ⭐IMDB: 7.2/10 (282 Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Crime 🗓 2024 🎞 Series 🌎 #Japan #UnitedStatesofAmerica ⏰ 24 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suicide Squad Isekai (2024)Genre – Anime, Action, AdventureIMDB – 7.3/10 DC Comic ရဲ့ နာမည်ကျော် လူဆိုးကြီးများအဖွဲ့ Suicide Squad ကို Live Action တွေ ကာတွန်းတွေ အသီးသီးထုတ်ခဲ့ကြပြီးတဲ့နောက်ယခုအခါမှာတော့ Warnar Bros Japan ကနေ Spy X Family လို Anime ကောင်းတွေကို ထုတ်လုပ်ပေးခဲ့တဲ့ Wit Studio နဲ့ ပူးပေါင်းပြီး Anime အဖြစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။ Anime အဖြစ် အသက်သွင်းထားရုံတင်မကပဲ Suicide Squad ကို ကမ္ဘာမြေပေါ်ကသာမန်စစ်ဆင်ရေးတွေ မလုပ်ခိုင်းတော့ပဲ Anime Genre တွေထဲမှာ လူသိများတဲ့ Isekai (တခြားကမ္ဘာ) ဆိုတဲ့အမျိုးအစားအဖြစ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Isekai ဆိုတာ ဘာလဲရှင်းပြရမယ်ဆိုတော့ ကမ္ဘာမြေနဲ့ မတူပဲ နဂါးတွေ ဘီလူးတွေ မှော်ပညာတွေ ရှေးဟောင်းတိုင်းပြည်တွေရှိတဲ့ဂိမ်းဆန်ဆန် ကမ္ဘာတစ်ခုကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။ ခုလက်ရှိ Anime မှာလည်း Suicide Squad ထဲမှာဆို အားလုံးရဲ့ အသည်းကျော်Harley Quinn ပါမယ် ပစ်မှတ်ကို ဘယ်တော့မှ မလွဲမယ့် Dead Shot ကြီး ပါမယ် John Cena အသက်သွင်းပေးထားတဲ့ Peacemaker ကြီးပါမယ် Jame Gunn ရဲ့ကောင်းမှုကြောင့် အူကြောင်ကြောင် ချစ်စရာငါးမန်းကြီး King Shark ပါမယ် နောက်ပြီး Live Action တွေထဲမှာ မပါဝင်သေးတဲ့ ဆရာဘတ်ရဲ့ လူဆိုးတစ်ယောက်ဖြစ်တဲ့ Clayface ရော ပါဝင်ထားပါတယ်။ ဇာတ်လမ်းအရဆိုရင်တော့ ထုံးစံအတိုင်း အစိုးရလူယုတ်မာကြီး Amanda Waller ကနေ ဒီလူ ၅ ယောက်ကို စုစည်းပြီးတော့လည်ပင်းမှာ ဗုံးတပ်ပေးပြီး Isekai ခေါ် တခြားကမ္ဘာထဲကို စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းတကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ Harley တို့ အုပ်စုလိုက်ကြီး Isekai ထဲမှာ ဘယ်လိုတွေ ပေါက်ကရလုပ်ပြီးစွန့်စားကြမလဲဆိုတာကို တစ်မူထူးခြားပြီး Anime အမြင်လေးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Season 1 မှာတော့ စုစုပေါင်း အပိုင်း ၁၀ ပိုင်း ပါဝင်မယ်လို့ သိထားရပြီး အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။...
