ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Jeepers Creepers 2 (2003) ⭐TMDB: 62% User Score 🎬 #Horror #Thriller 🗓 2003 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jepper Creeper-2ဟာဆိုရင် 2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ Horrorဇာတ်ကားမျိုးဖြစ်ပါတယ် 2001မှာ Jeeper Creeper-1ထွက်ခဲ့တာအောင်မြင်ပြီးလူကြိုက်များခဲ့လို့ ၂ဖြစ်တဲ့ဒီကားကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ ပထမပိုင်းကအဆက်လိုပဲ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင် လူသားတွေကိုစားပစ်တဲ့ EastNineလမ်းမကြီးပေါ်က သေမင်းတမန်တော်တစ်ကောင်ရှိပါတယ်။အဲ့ဒီချိန်မှာပဲ ကျောင်းဘတ်စကတ်ဘောအသင်းတစ်ခုဟာ EastNineလမ်းမကြီးပေါ်ကနေဖြတ်လာတဲ့အခါမှာ အဲ့ဒီသေမင်းတမန်တော်နဲ့ တည့်တည့်တိုးပါတော့တယ်။ သူကကျောင်းသားတွေထဲက အကြောက်တရားတွေထဲမှာအနံခံပြီးသူကြိုက်တဲ့လူကိုရွေးပြီးစားမလို့လုပ်ပါတယ်။အဲ့မှာတင်ပဲ ကျောင်းသားတွေဟာ သူ့ကိုရွေးသွားတယ်ငါ့ကိုမရွေးဘူး၊ ဘယ်သူ့ကြောင့်တော့ငါတို့အသေမခံနိုင်ဘူးစသဖြင့် အချင်းချင်းစိတ်ဝမ်းကွဲကုန်ကြပါတယ်၊….. အဲ့လိုအဖြစ်အပျက်လေးတွေနဲ့ ကျောင်းသားတွေအားလုံး သေမင်းတမန်တော်လက်ထဲအလွတ်ပြေးနိုင်ခဲ့ကြလား၊ဒါမှမဟုတ် သေမင်းတမန်တော်က သူရွေးချယ်ထားတဲ့သူတွေကိုပဲအမိအရဖမ်းပြီး သတ်စားနိုင်ခဲ့လားဆိုတာတော့ဒီဇာတ်လမ်းလေးမှာစိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာပဲဖစ်ပါတယ်။ Horrorကြိုက်တဲ့ ပရိတ်တွေအတွက်တော့ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။
...

Barbie (2011) ⭐TMDB: 73% User Score 🎬 #Drama #Family #Youth 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Barbie (2012) **************** အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီးဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။ သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက်ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။ သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီကဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ…ဖြစ်ချင်တော့ အငယ်မဖြစ်သူဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့သူ့အစ်မအစား မွေးစားဖို့အတွက် အမေရိကကို သူ့ခေါ်သွားပါလို့ ပြောပါတော့တယ်… ဆွန်းဂျာကို လုံးဝသဘောမကျလို့ အတိုက်အခံလုပ်တဲ့ ဘာဘီနဲ့ဆွန်းဂျာကိုခေါ်သွားလည်းဖြစ်တယ်ဆိုတဲ့ စတိဗ်တို့ကြားက ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ… တကယ်ပဲ အမေရိကကို ဘဝကောင်းစားရေးအတွက် ခေါ်မွေးစားတာလား…ဆွန်းယောင်းတို့မိသားစုကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်လေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေကြားက ကွာခြားချက်တွေ၊ ဘဝကြီးရဲ့ မတရားမှုတွေကိုမီးမောင်းထိုးပြနေတဲ့ရုပ်ရှင်လို့ပြောရင်လည်း မမှားတာမို့ ကြည့်ပြီးရင်ရင်ထဲတစ်ခုခုကျန်ခဲ့မှာတော့ အသေအချာပါပဲ။ (အညွှန်းကို Chothet_mlmt မှ ရေးသားထားပါတယ်)
...

Monamour (2005) ⭐TMDB: 56% User Score 🎬 #Adult #Drama 🗓 2005 🎞 movie 🌎 #Italy ⏰ 1 နာရီ 39 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီတလီဘိုးတော်ကြီး Tinto Brass ရဲ့ ဖလင်တွေ ဘယ်လိုစတိုင်လဲဆိုတာ သိကြမှာပါ။ခုလဲ သူ့ဖလင်တွေထဲက တခုဖြစ်တဲ့ Monamour (2006) ဇာတ်ကားကို Dark Side Production ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်၊။ ရှေးလူကြီးတချို့ပြောကြတာရှိတယ်မလားအိမ်ထောင်ရေးဆိုတာ အိပ်ယာပေါ်မှာ မသာယာနိုင်ရင် အပြင်မှာလဲ အဆင်မပြေနိုင်ပါဘူးတဲ့…ဒီဇာတ်ကားထဲက ယောင်္ကျားဖြစ်သူက အလုပ်နဲ့ လူမှုရေးတွေမှာသာ အားဖြည့်နေပြီးအိမ်က အိပ်ယာပေါ်မှာတော့ ကျရှုံးသူ တစ်ဦးဖြစ်နေပါတယ်…ဒီလိုနဲ့ ကြိမ်ဖန်တွေများလာတော့ ဇနီးသည်နဲ့ ပြသနာတွေဖြစ်လာပါတော့တယ်။အချစ်နဲ့ ကာမ တက်မက်မှုတွေက ရောထွေးနေတတ်ပြီးတော့တကယ်မချစ်လဲ တက်မက်မှုနောက်လိုက်ရင်း လမ်းမှားရောက်သွားတတ်ကြပါတယ်။ဒီတော့ မိမိကြင်ဖက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားရမှာကယောက်ကျားဖြစ်သူရော မိန်းမဖြစ်သူရော တာဝန်ရှိကြတာမျိုးဆိုတာကိုဆရာကြီး Tinto Brass က အီတလီစတိုင်နဲ့ ရိုက်ကူးထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

The Storm is Coming (2023) ⭐TMDB: 50% User Score 🎬 #Drama #Mystery 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ တွဲလာတာ4နှစ်ကြာပြီးတဲ့နောက်မှာကောင်လေးဘက်ကနေ သတ္တိ‌​မွေးပြီး ကောင်မလေးကိုပရိုပိုစ်လုပ်တဲ့ဇာတ်ကွက်လေးနဲ့ ရိုမန်တစ်ဆန်ဆန်စထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ကောင်လေးဘက်က အမှတ်တရဖြစ်စေချင်လိုသူစီစဉ်သမျှအကုန်လုံးကို video recording လုပ်ထားခဲ့ပါတယ်ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူrecordလုပ်မိတာကသူတိုအမှတ်တရတွေတင်မကပဲ ရာဇဝတ်မှုနဲ့ဆိုင်တာတွေပါတိုက်တိုက်ဆိုင်ဆိုင် record လုပ်မိရက်သားဖြစ်သွားတဲ့အချိန်မှာတော့သူတိုသမီးရည်းစားအတွက် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ ရောက်လာသမျှအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲတကယ်ရော ကျော်ဖြတ်သွားနိုင်ရဲ့လားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်
...

Daddy Long Legs (2005) ⭐TMDB: 64% User Score 🎬 #Drama #Melodrama #Romance 🗓 2005 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Daddy Long Legs (2005) ************************ ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကိုဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော်ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီးနွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း——————Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်းပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိသူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့်လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။ အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့… ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် နောက်ဆုံး ဘွဲ့ရပြီး သူမရဲ့ပန်းတိုင်ဖြစ်တဲ့အသံလွှင့်ဌာနမှာ အစီအစဉ်ရေးဆွဲတဲ့သူအဖြစ် အလုပ်ဝင်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲသူမရဲ့အလုပ်နဲ့ အိမ်နေရာအခက်အခဲကြောင့် အိမ်ငှားခပေးစရာမလိုတဲ့အိမ်တစ်အိမ်မှာပါ ဝင်နေလို့ရသွားပါတယ်။ တစ်ရက်…သူမ နေထိုင်ရာအိမ်ဆီကို အရင်တစ်နှစ်ကနေ အချိန်ကိုက်ပြီး ပေးပို့ခဲ့တဲ့အိမ်ပိုင်ရှင်ရဲ့ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။ စာထဲမှာ “သူမနဲ့ သူမရဲ့တစ်ဖက်သတ်ချစ်ရသူနဲ့ပက်သက်ပြီးတော့ ကြေကွဲဝမ်းနည်းဖွယ်ရာ အကြောင်းလေးတွေ”ကို ရေးထားတဲ့အခါ… Cha Young Mi ဟာ အဲဒီအီးမေးလ်ထဲက သူတို့ကို ရှာဖွေသွားနိုင်မလား… တက္ကသိုလ်ကတည်းက အလုပ်ဝင်တဲ့အချိန်ထိ တိတ်တဆိတ် အကူအညီတွေ ပေးလာခဲ့တဲ့သူမရဲ့ အရပ်ရှည်တဲ့ဦးလေးကြီးနဲ့ရော တကယ်ပဲ တွေ့ဆုံသွားနိုင်မှာလား…ဆိုတာကိုရင်ခုန်ဖွယ် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီးတော့ အဆုံးထိ ကြည့်ပြီးသွားတဲ့အခါမှာ ..ဒီကားလေးကို ဘာကြောင့် remake တွေ ပြန်ရိုက်လဲဘာလို့ နာမည်ကြီးတာလဲဆိုတာတွေ သဘောပေါက်သွားစေမဲ့ ကားလေးဖြစ်တာကြောင့်ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)
...

Medium (2023) ⭐IMDB: 6.1/10 (127 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Greece #Bulgaria ⏰ 1 နာရီ 37 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Medium (2023) IMDb Rating (6.2) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ ထူးဆန်းတဲ့ နယ်မြေလေးဆီက ဆယ်ကျော်သက်အရွယ်ကောင်မလေး အက်ဖ်တီးရီးယား ဟာ သူမရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်နီးချင်းကောင်လေး အမ်ဂျယ်လို နဲ့တွေ့ပြီးတဲ့နောက်မှာတော့ အရွယ်ရောက်ပြီးသားလူတွေရဲ့ကမ္ဘာဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိလာရပါတယ်။ ပူလောင်လွန်းတဲ့မြို့ရဲ့ လမ်းမတွေပေါ်မှာ အမ်ဂျယ်လို နဲ့အတူဆိုင်ကယ် တစ်စီးနဲ့ပတ်သွားရင်း ရမ္မက်စိတ်တွေနိုးကြွလာတာကို ရှာဖွေတွေ့ရှိရပါတော့မယ်။ ၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက် သူမရဲ့ပထမဆုံး အချစ်ကြောင့် ကိုယ့်ကိုယ်ကို ရှာတွေ့သွားပုံကို မြင်ရမယ့် ဂရိ ဒရမ်မာ Coming of Age ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။)
...

Hum Tumhare Hain Sanam (2002) ⭐TMDB: 55% User Score 🎬 #Bollywood #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 48 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hum Tumhare Hain Sanam (2002)ကိုယ်ဟာမင်းလေးအပိုင်ပါ အချစ်လေး ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်… ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင်အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါ ပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့ကငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ..ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ…အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလိုဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာသံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်…တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့‌ခေတ်အခါမှာတော့ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲဒီကားထဲပါတဲ့သီချင်းတိုင်းက နားထောင်လို့ကောင်းသလို ပေါက်လဲပေါက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ် အဲ့တော့ အဆိုအကအစုံနဲ့ အချစ်ဒရာမာကားကောင်းလေးကိုဘောလီးဝုဒ်ပရိသတ်ကြီးလက်ဝယ်သို့ ‌အရောက်တင်ဆက်ပေးလိုက်ရပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
...

My Nanny Stole My Life (2024) ⭐IMDB: 5.7/10 (121 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစ မိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီး သမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ် ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူ နိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်နဲ့ မေမေအသစ် ကလေးတွေရှိတဲ့ အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်က သူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယား နှစ်ယောက်လုံး သဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီး စိတ်ကယောင်ချောက်ချားတွေ ဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖို ကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီး ကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့် သူ့ဘက်မှာဘယ်သူ မှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကို နားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ် လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ ကလေးထိန်းရဲ့ လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လို ကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါ ဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံ အစစ်ကကော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။
...

Batman: The Dark Knight Returns, Part 2 (2013) ⭐IMDB: 8.3/10 (58 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Mystery #Crime #Drama #SciFi #Thriller 🗓 2013 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရင်တစ်ခေါက် Part 1 အပြီးမှာတော့ ၁၀ နှစ်တာ အနားယူနေတဲ့ ဘတ်မန်းက ပြန်ပေါ်လာပြီး Mutant gang အဖွဲ့ခေါင်းဆောင်ကို အသေဆော်ပြီး ဂိုဏ်းကို ဖြိူခွင်းလိုက်ပါတယ်။ ဒါပေမဲ့ဒီဂိုဏ်း ကွဲပြီးဒီဂိုဏ်းထဲက လူတွေက Batman နာမည်ခံပြီး Son of the Batman ဆိုပြီးထပ်သောင်းကျန်းပါတယ်။ ဂေါ်သမ်မြို့မှာကလည်း Batman ပြန်လာတာကို ကောင်းတယ် မကောင်းဘူး စသင့်ဖြင့် အငြင်းပွားနေဆဲပါ။ ဒီထဲမှာ Batman ပြန်လာတာကို သူ့ရဲ့ Nemesis ဖြစ်တဲ့ Joker ကကြားသွားပြီ Joker ဇာတ်လမ်းပါ ထပ်စလာပြန်ပါတယ်။ နောက်ပြီး အစိုးရကလည်း Batman ပြန်လာတာကို မကြိုက်တဲ့အတွက် Superman ကိုလွှတ်ပြီး ဆရာဘတ်ကို ပြောခိုင်းပါတယ်။ ဒီလိုအရှုပ်ထုတ်တွေနဲ့ ပြန်လာရတဲ့ အသက်ကြီးနေပြီဖြစ်တဲ့ ဆရာဘတ်က ဘယ်လိုတွေ ဉာဏ်တွေသုံးပြီး ဖြေရှင်းမလဲဆိုတာကို ဒီကားထဲမှာ ကြည့်ရှူ့လိုက်ပါ။
...

Hum Tumhare Hain Sanam (2002) ⭐TMDB: 55% User Score 🎬 #Bollywood #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 48 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hum Tumhare Hain Sanam (2002)ကိုယ်ဟာမင်းလေးအပိုင်ပါ အချစ်လေး ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်… ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင်အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါ ပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့ကငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ..ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ…အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလိုဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာသံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်…တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့‌ခေတ်အခါမှာတော့ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲဒီကားထဲပါတဲ့သီချင်းတိုင်းက နားထောင်လို့ကောင်းသလို ပေါက်လဲပေါက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ် အဲ့တော့ အဆိုအကအစုံနဲ့ အချစ်ဒရာမာကားကောင်းလေးကိုဘောလီးဝုဒ်ပရိသတ်ကြီးလက်ဝယ်သို့ ‌အရောက်တင်ဆက်ပေးလိုက်ရပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
...

Batman: The Dark Knight Returns, Part 1 (2012) ⭐IMDB: 7.9/10 (65 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Mystery #Crime #Drama #SciFi #Thriller 🗓 2012 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Frank Miller ရဲ့ အရမ်းDeep Dark ဖြစ်ပြီးအောင်မြင်ခဲ့တဲ့ The Dark Knight return Comic ကို Animation ပြန်ရိုက်ထားတဲ့ကားလေးပါ ။ ဒီဇာတ်လမ်းကို DC ရဲ့ Snyder verses လုပ်ခဲ့တဲ့ Zack Snyder ကိုယ်တိုင်က Batman Live action ရိုက်ရရင် ဒီဇာတ်လမ်းကို ရိုက်ချင်တယ် ပြောတဲ့အထိပါ။ ဒီ animation က Part 1 နဲ့ Part 2 ဆိုပြီး နှစ်ပိုင်းထွက်ထားပါတယ် ။ Part 1 ထဲမှာတော့ ဘရုစ်ဝိန်းဟာ Batman လုပ်တဲ့ဆီကနေ အနားယူထားတ ဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။ ဂေါ်သမ်မြို့မှာလည်း Batman မရှိတော့ ကြောင်မရှိကြွက်သောင်းကျန်း ဆိုသလို ဒုစရိုက်မှုတွေ ကများပြားနေပါတယ်။ ရဲမင်းကြီးဂျိန်းဂေါ်ဒွန် ကလည်း အငြိမ်းစားယူဖို့ တစ်လ အလိုမှာပဲ Mutant လို့ခေါ်တဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုကပေါ်လာပြီး ဂေါ်သမ် မြို့မှာ သောင်းကျန်းပါတော့တယ် ။ ဒီလိုနဲ့ပဲ Batman ပြန်ပေါ်လာဖို့အကြောင်းဖန်လာတဲ့အခါ အသက်ကြီးပြီး ကာယပိုင်းမှာ အားနည်းနေပေမယ့် အရင်ကထက် ဉာဏပိုအားကောင်းလာပြီး ဉာဏ်နီဉာဏ်နက်ပိုသုံးလာတဲ့ ဆရာဘတ်ကို မြင်ရမှာပါ။ ငါမအိုသေးဆိုပြီး Mutant ဂိုဏ်းကိုဘယ်လိုဆော်မလဲဆိုတာ ဒီ ဇာတ်လမ်းထဲမှာဆက်လက် ကြည့်ရှူလိုက်ပါ။
...

Father's Haunted House (2024) ⭐IMDB: 6.0/10 (195 Votes) 🎬 #Comedy #Drama #Horror #Uncategorized 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 34 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Father’s Haunted House (2024) ******************************** အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန် သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူက ဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်း ရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့ မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကို ကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ .. အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့ အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့ တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲ ကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ ဒီလိုနဲ့ ဒီမိသားစုလေး .. အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ……. ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ …… ဆိုတာကို အခွီလေးနဲ့ကြည့်ရှုရမယ့် သရဲဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းကိုCharOuမှ ရေးသားထားပါတယ်)
...

Heroes (2008) ⭐TMDB: 61% User Score 🎬 #Action #Adventure #Bollywood #Comedy #Crime 🗓 2008 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heroes (2008)သူရဲကောင်းများ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားကြီးဆယ်လ်မန်ခန်းကိုယ်တိုင်ဒါရိုက်တာအဖြစ်ရောမင်းသားအနေနဲ့ပါ ရိုက်ကူးသရုပ်ဆောင်ထားတဲ့heroes ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဗျ.. နိုင်ငံသားတွေဆီက အမြင်ကောင်းတွေရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလိုဒီဇာတ်ကားနဲ့ပဲ ဇာတ်ညွှန်းဆရာ Aseen Arora က Flimfare Awards ဆုပေးပွဲမှာအကောင်းဆုံးဇာတ်လမ်းဆုအတွက် ၊ အယ်လီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vastal Sheth ကStardust Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက်လျာထားစရာရင်းဝင်ခဲ့ပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ ရုပ်ရှင်တက္ကသိုလ်ကျောင်းသားများဖြစ်ကြတဲ့ အယ်လီနဲ့ဆမ်မီတို့ဟာပေါက်ကရတလွဲတွေလုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ဒီလိုနဲ့ သူတို့တွေဘွဲ့ယူဖို့အတွက် ရုပ်ရှင်တစ်ကားကိုရိုက်ကူးဖို့လိုအပ်လာကြတဲ့အခါမှာတော့“အိန္ဒိယတပ်မတော်သို့ မဝင်သင့်တဲ့အကြောင်းအရင်းများ”ဆိုတဲ့ခေါင်းစဉ်နဲ့ Documentary တစ်ခုရိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ သတင်းအချက်အလက်တွေစုဆောင်းဖို့အတွက်စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်မိသားစုတွေကိုစာပို့ရမယ့်တာဝန်ကိုယူပြီး ဆိုင်ကယ်နဲ့ခရီးထွက်ခဲ့ကြပါတယ်။ ပျော်ပျော်နေသေခဲ မော်တော်နေရေထဲ အိမ်မှာနေ အမေဆဲမယ့် အယ်လီနဲ့ဆမ်မီတို့ ဒီခရီးတလျှောက်ဘာတန်ဖိုးရှိတဲ့သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်ခဲ့မလဲ?အိန္ဒိယတပ်မတော်ကိုမဝင်ရမယ့်အကြောင်းပြချက်တွေရောဒီခရီးစဉ်အပြီးမှာ ပိုမိုခိုင်လုံလာနိုင်မလား? စစ်ပွဲအတွင်း ကျဆုံးစစ်သည်တို့ရဲ့မိသားစုတွေဘက်ကရောဘာတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ကြည့်ရှုခံစားပေးကြပါဦးဗျ။ (ဇာတ်ကားနဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားတာဖြစ်ပါတယ်)
...

And Mrs (2024) ⭐IMDB: 5.8/10 (567 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 52 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5.9/10 ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီး မင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့ Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး‌တော့ လက်ထပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။ နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်း မယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ ဒီလိုနဲ့ လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံး သွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာက နေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါ‌ နေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။ သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက် နေသန့်ညီမ အော်ဒ‌ရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့ သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ…. တရားဥပဒေအရ လိုအပ်ချက်‌တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား… လူတွေရဲ့ ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့ နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား… ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့ နောင်တရခဲ့တဲ့ဂျမ်မာရဲ့ လက်ထပ်ပွဲအတွက် စွန့်စားခန်းလေးကို ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Scooby-Doo! Frankencreepy (2014) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Adventure #Animation #Comedy #Mystery #Family #ScienceFiction #Fantasy #Horror #SciFi 🗓 2014 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စကူဘီဒူးဖန်တစ်ယောက်ဆိုရင် ကြည့်ထားသင့်တဲ့ဇာတ်ကားလေး တင်ဆက်ပေးပါမယ်။ Velma ရဲ့ မိသားစုသမိုင်းကြောင်းကို သိကြပါသလား။ ကဲ ဒီဇာတ်လမ်းမှာတော့ ဉာဏ်ထက်တဲ့ ဒီကောင်မလေးရဲ့မျိုးရိုးဇာတ်ကြောင်း နောက်ခံထည့်ပေးထားပါတယ်။ Velma တစ်ယောက် နယ်စားဖြစ်ခဲ့တဲ့ အဘိုးလေးဆီက အမွေတွေ ဆက်ခံရပါမယ်ဆိုပြီး မိသားစုရှေ့နေက ဆက်သွယ်လာပါတယ်။ ဒါပေမဲ့ အဘေးလေးက ကျိန်စာတိုက်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ဒီတော့လည်း ဒီကိစ္စထဲ ဝင်စွက်ဖက်ကြဦးမယ့် စကူဘီဒူးတို့အဖွဲ့ ထရန်ဆယ်ဗေးနီးယားရွာလေးဆီ ရောက်လာကြတာပေါ့။ ဘယ်လိုပြဿနာတွေကြုံရဦးမလဲ ဆိုတာတော့ ကြည့်လိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့ editing စတိုင်က တစ်မူကွဲပြားနေတာမို့ တစ်မျိုးလေးစိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ဟာသတွေလည်း ရောစပ်ထားလို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့စေမှာပါ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။
...

Meanwhile on Earth (2024) ⭐TMDB: 61% User Score 🎬 #Adventure #Drama #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 28 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 6.1/10 ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီး မင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့ အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။ အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့ အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့ အချင်းချင်းကတိတွေထားခဲ့ကြတယ်။ ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီး ထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကို ပြန်ကြားခဲ့ရပါတယ်. အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုက ဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။ အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကို ကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ… ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ… အယ်ဇာက ဘာကိုရွေးချယ်မလဲ…ဖရန့်ခ်လား…သူစိမ်းငါးယောက်လား…. နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက် ကြည့်ရှုလိုက်ပါ။
...

The Best Christmas Pageant Ever (2024) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Adventure #Comedy #Drama #Family #Fantasy #Mystery #Romance 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ်မှာ ရုပ်ရှင်သစ်ကြည့်ဖို့ရှာနေတဲ့ ပရိသတ်ကြီးအတွက် ရုံတင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟာ့ဒ်မန်းမောင်နှမတွေဟာ အဆိုးဆုံးကလေးတွေလို့ သမုတ်ခံရ လောက်အောင်ကို ဆိုးရွားလွန်းလှတဲ့ ပြဿနာအိုးလေးတွေပါ။ ဟာ့ဒ်မန်းတွေ လာပြီဟေ့လို့ ကြားလိုက်တာနဲ့ ကလေးလူကြီးအစ ခွေးတိရစ္ဆာန်အဆုံး ဝေးဝေးကရှောင်ကြရတဲ့အထိ လက်ဖျား ခါအောင်ဆိုးကြပါတယ်။ အဲဒီမောင်နှမတွေထဲက အဆိုးတကာ့ ထိပ်ခေါင်‌ ကလေးခေါင်း‌ဆောင်ကတော့ အင်မိုဂျင်းဟာ့ဒ်မန်းပါ။ မြို့ရဲ့ဘုရားကျောင်းကတော့ ခရစ္စမတ်ရာသီမှာ နှစ်စဉ်ကျင်းပနေကျ ခရစ္စမတ် ပြဇာတ်ပွဲကျင်းပဖို့စီစဥ်‌နေကြတဲ့အချိန်ပါ။ ဘုရားကျောင်းမှာ မုန့်အလကားစားရတယ်ဆိုတဲ့ သတင်းကြားလို့ တိုက်တိုက်ဆိုင်ဆိုင် ဘုရားကျောင်းရောက်ချလာတဲ့ ဟာ့ဒ်မန်း မောင်နှမတွေဟာ ခရစ္စမတ်ပြဇာတ်ထဲ ပါဝင်သရုပ်‌ဆောင်ကြဖို့ အတွက်ဖြစ်လာပါတော့တယ်။ ပြဿနာအိုး ဟာ့ဒ်မန်းမောင်နှမတွေ ဒီခရစ္စမတ်ပြဇာတ်ကြီးမှာ ဘယ်လိုအလွဲတွေနဲ့ပါဝင်သွားမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။ rating အနေနဲ့လည်း ခရမ်းချဉ်သီးပုပ်မှာ 91%အထိရရှိထားတဲ့ ကားမို့ ဒီရုပ်ရှင်ကားလေးကိုခရစ္စမတ်အမီ watchlist ထဲထည့် ထားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ အချိန်ပေးကြည့်ရတာနဲ့ တန်မှာဖြစ်ပြီး ခရစ္စမတ်နေ့နဲ့ ပတ်သတ်ပြီးလည်း မြင်နေကျမဟုတ်တဲ့ ရှုထောင့်အသစ်ကနေ အတွေးအမြင်သစ်တွေပေးစွမ်းနိုင်မဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်‌ကြောင်း ညွှန်းဆိုလိုက်ပါရစေ။
...

Jeepers Creepers (2001) ⭐TMDB: 65% User Score 🎬 #Horror #Mystery #Thriller #Drama 🗓 2001 🎞 movie 🌎 #Germany #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jeeper Creeper ဇတ်ကားဟာဆိုရင် 2001ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2001ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်မြင်လူကြိုက်များခဲ့လို့ အပိုင်း2နဲ့အပိုင်း3ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။1938မှာကျော်ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်ကားထဲမှာ ရိုက်ကူးခဲ့ပါတယ်။ Horrorကားတွေကြိုက်တဲ့ ပရိတ်သတ်တွေတော့တကယ်ကိုကြည့်သင့်ဇာတ်လမ်းကောင်းပါ။Jeeper Creeper ဆိုတဲ့ သတ္တဝါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တဝါကြီးတစ်ကောင်ပါ။ သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။ ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…….. နွေရာသီအားလပ်ရက်တွေမှာ ဒယ်ရီနဲ့သရစ်ရှာတို့မောင်နှမနှစ်ယောက်ဟာ အိမ်ကိုပြန်လာခဲ့ကြပါတယ်။လမ်းမှာ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး အဲ့ကားကိုမောင်းတဲ့သူက လမ်းမကြီးဘေးမှာရှိတဲ့ ဘုရားကျောင်းအိုကြီးထဲကို ပိုက်လုံးတွေထဲကနေ လူသေအလောင်းကိုပစ်ချနေတာတွေ့လိုက်ကြတယ်။ အဲ့မှာ သူတို့မောင်နှမ နှစ်ယောက်ကစိတ်ဝင်စားပြီးသွားကြည့်တဲ့အခါမှာတော့ လူသေအလောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်သီပြီးဘုရားကျောင်းနံရံတွေမှာချုပ်ထားတာတွေ့လိုက်ရပါတယ်။အဲ့မှာတင်ပဲ မောင်နှမနှစ်ယောက်ဟာ အနီးဆုံးမှာရှိတဲ့လမ်းဘေးစားသောက်ဆိုင်ကိုသွားပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အဲ့မှာအမျိုးသမီးတစ်ယောက်ရဲ့ဖုန်းဝင်လာပြီး၊ အဲ့ဒီဘုရားကျောင်းထဲကလူဟာဆိုရင် Jeeper Creeperဖြစ်ကြောင်း၊သူဟာ 23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင်လူတွေကိုစားပစ်ကြောင်းပြောပါတယ်။ ဘယ်လိုလူတွေကိုသူကစားလဲဆိုတော့…..လူတွေရဲ့အကြောက်တရားကိုအနံ့ခံပြီး သူကြိုက်တဲ့လူကိုစားပစ်ပါတယ်။အဲ့လိုသူကြိုက်တဲ့လူကိုစားဖို့လိုက်ဖမ်းပြီဆိုရင် ဘယ်လိုမှတားဆီးမရပါဘူး။အဲ့ဒီ သရစ်ရှာနဲ့ဒယ်ရီတို့မောင်နှမနှစ်ယောက်လည်း Jeeper Creeper-သေမင်းတမန်တော်လက်က ဘယ်လိုမျိုးလွတ်အောင်ပြေးပြီးအိမ်ကိုအရောက်ပြန်နိုင်ခဲ့မလား၊ ဒါမှမဟုတ် သေမင်းတမန်တော်လက်ထဲမှာပဲ ကျရှုံးခဲ့သလားJeeper ကြီးဟာဘယ်လိုသတ္တဝါလည်း ဘာကြောင့်လူတွေကိုသတ်စားရတာလဲ ဆိုတာကိုတော့ တကယ်ကိုသဲတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ရူ့စားလိုက်ပါ
...

Because I Hate Korea (2023) ⭐IMDB: 5.8/10 (48 Votes) 🎬 #Drama #Life #Family #Romance 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Because I Hate Korea (2024) ****************************** မိမိ မွေးဖွားလာခဲ့တဲ့ အမိမြေဆိုပေမဲ့ မနေချင်လောက်အောင် မုန်းမိတဲ့ အချိန်ဆိုတာမျိုး ရှိကြမှာပါ။ အကြောင်းပြချက် ကိုယ်စီကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ဘဝတိုးတက်ရာ လမ်းကြောင်းကို ရှာဖွေဖို့ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိကြတာပေါ့။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်ကားလေးကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ ဂျူဂယ်နာရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းဘဝဟာ အသွားအလာ လုပ်ချိန်နဲ့တင် ၂နာရီ နီးပါး ကြာတဲ့အထိ စိတ်ညစ်ညူးစရာ ဖြစ်လို့နေပါတယ်။ လူအများနဲ့ ကွဲထွက်ပြီး ဇီဇာကြောင် လက်ပေါက်ကပ်တတ်သူလည်း ဖြစ်တာမို့လို့ သူ့ဘဝက သူ့စိတ်တိုင်းကျ ဖြစ်မနေပါဘူး။ တဖြည်းဖြည်းနဲ့ ဘဝတက်လမ်း မရှိဘူးလို့ ခံစားလာရတဲ့ ဂယ်နာဟာ အမိမြေ ကိုရီးယားကို စွန့်ခွာပြီး နယူးဇီလန်မှာ အခြေချ နေထိုင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ မိသားစုနဲ့ ချစ်သူကိုပါ စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်သွားရင်း သူ လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ဘဝရဲ့ အနှစ်သာရတွေကို ခံစားနိုင်မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူခံစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်
...

Don't Let Him Find You (2024) ⭐IMDB: 5.6/10 (104 Votes) 🎬 #Thriller #Mystery 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5.7/10 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Christine Conradt ရိုက်ကူးထားပြီး မင်းသမီး Ren Harlow နဲ့ မင်းသား Philip Boyd တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ပြစ်မှုစုံထောက်ကားလေးပါ။ အဲလက်စ်နဲရောဘတ်တို့က အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပြီး ချာလီဆိုတဲ့ ချစ်စရာသမီးလေးနဲ့အတူ နေထိုင်ကြပါတယ်။ အဲလက်စ်ရဲ့မွေးနေ့မှာ ပန်းခြံသွားရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကယ်တင်လိုက်ရာက အင်တာနက်နဲ့ သတင်းတွေမှာ နာမည်ကျော်သွားပါတယ်။ ဒါပေမယ့် အဲလက်စ်မှာ ဖုန်းကွယ်ထားတဲ့ အတိတ်တွေရှိနေတဲ့အခါ ပြဿနာတွေ ဖြစ်လာပါတော့တယ်။ အဲလက်စ်ရဲ့ အတိတ်နဲ့ ချိန်းခြောက်နေတဲ့ သတင်းထောက်က‌ အသတ်ခံလိုက်ရတဲ့အခါ ဒီပြဿနာတွေထဲ ရဲတွေပါ ပါဝင်လာပြီး အဲလက်စ်ကလည်း သံသယရှိသူဖြစ်လာပါတယ်။ အပြစ်ကင်းကြောင်း သက်သေပြဖို့ လူသတ်သမားကို ရှာဖွေရမယ့်အခါ…. အတိတ်က အကြောင်းအရာတွေက ပြန်ပေါ်လာမလား… လူသတ်သမားရဲ့ရန်ကနေ မိသားစုကို အဲလက်စ်ကာကွယ်သွားနိုင်မလား… တရားခံအစစ်က‌ရော ဘယ်သူဖြစ်မလဲ… ဒါတွေကို ဒီမှုခင်းဇာတ်ကားကောင်းလေးထဲမှာ ကြည့်ရှုအဖြေရှာရမှာပါ။
...