ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Venky Mama (2019)
⭐IMDB: 5.4/10 (1 k Votes)
🎬 #Action #Bollywood #Comedy #Drama #Family
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 21 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဇာတ်ကားရဲ့ နာမည်အရ. . . Venky Mama ဆိုတာက (မိခင်ဘက်က တောစပ်တဲ့) ဦးလေးဗင်ကီပေါ့။
မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ သမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတွေအကြောင်း မဟုတ်ပဲ
ဒီတစ်ခါ ဇာတ်ကားလေးက တူဝရီးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ အကြောင်းပေါ့ဗျာ။
မင်းသားကြီး Daggubati Venkatesh(ဒတ်ဂူဗတီဗင်ကာတက်ရှ်) ၊ မင်းသားငယ် Naga Chaitanya (နာဂချာတန်(န်)ယာ
မင်းသမီးချောတွေ ဖြစ်တဲ့ Payal Rajput (ပါယယ်လ်ရာ့ဂ်ျပွတ်) ၊ Rashi Khanna (ရာသျှိခမ်းနား)တို့ရဲ့ အသစ်စက်စက် ဇာတ်ကားပါ။
တေလဂူးဇာတ်ကားတွေအဖို့ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ၊ မင်းသမီးတွေနဲ့ စိမ်းနေနိုင်ပေမယ့်
တောင်အိန္ဒိယဇာတ်ကား ပရိတ်သတ်တွေအဖို့တော့ မင်းသားနှစ်လက်အပြင် မင်းသမီးနှစ်လက်နဲ့ပါ ရင်းနှီးနေပါလိမ့်မယ်။
ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်နဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ တပ်မတော်ပိုင်နယ်မြေထဲကို လူလတ်ပိုင်းအရွယ် သူစိမ်းတစ်ယောက် ဝင်လာတယ်။
တားမြစ်နယ်မြေထဲကို ခွင့်မတောင်းပဲ ဝင်လာတဲ့အတွက် အဖမ်းဆီးခံလိုက်ရတယ်။ သူ့မျက်လုံးတွေဟာ ရောက်ရက်ခက်မနေဘဲ တည်ငြိမ်နေတယ်။
ကြောက်စိတ်လုံးဝမရှိ၊ အကြမ်းဖက်မှု ဖြစ်နေစဉ်ကာလမှာ ဒီလိုလူတစ်ယောက်ကို ဖမ်းဆီးထားဖို့ တပ်မတော်က အသင့်ဖြစ်နေတယ်။
လူတစ်ယောက်ကို လာရှာကြောင်းပြောတယ်။ အရာရှိတွေဖက်က အဲ့ဒီလူဟာ ဒီတပ်မတော်ထဲ လုံးဝမရှိကြောင်း ပြောတယ်။
ဖမ်းဆီးခံလူလတ်ပိုင်းကလည်း သူရှာနေတဲ့လူဟာ ဒီတပ်ထဲမှာ အတိအကျရှိကြောင်း ပြောတယ်။
အဖမ်းခံလိုက်ရသူကို တပ်မတော်အရာရှိအဆင့်ဆင့်က စစ်ဆေးချက်ယူလိုက်တဲ့ အခါ. . . ဒီဇာတ်လမ်း စတည်ဖြစ်ပေါ်လာတော့တယ်။
ဒီဇာတ်ကားကို ဘာသာပြန်ဖို့ရွေးချယ်လိုက်တာတော့ မင်းသမီး Raashi Khanna ကြောင့်ဆိုရင် မမှားဘူး။
ဒါပေမဲ့ ဇာတ်လမ်းလည်း မဆိုးနေတာကို မြင်လိုက်ရတယ်။ တစ်ကွက်တစ်ကွက် ထည့်ထားတဲ့ ဟာသတွေက ရယ်နေရတယ်။
ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ကြားမှာ ပျင်းစရာကောင်းသွားတာမျိုး မရှိခဲ့။
တစ်ကွက်ပြီးတစ်ကွက်က ပျင်းစရာနေရာ မရှိအောင်ပါပဲ။ ဒေါင်းကြည့်ဖို့ လက်ရွံ့နေစရာ မလိုပါဘူးလို့ပြောရင်း..
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Shimla Mirchi (2020)
⭐IMDB: 4.6/10 (2 k Votes)
🎬 #Bollywood #Comedy #Romance
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 01 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂန္တဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့်
သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲ
ဇာတ်လမ်းအကျဉ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ်
အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ်
သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး
ဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ်
အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက်
နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ်
သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ်
အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ်
သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ်
အဲ့ဒိအဖြေကတော့ … “ငါ့အမေ နင့်ကို ချစ်နေတယ် အဗီး” တဲ့
ကဲ ဒီသုံးပွင်ဆိုဇာတ်မှာ ဘာတွေရှုပ်ကုန်တာလဲ
ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျာ
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
ဘောလီဝုဒ်ဖန်တွေအတွက် အသစ်စက်စက် Rom-Com တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ပါဝင်တဲ့အနုပညာရှင်တွေကလည်း ဘောလီဝုဒ်ရဲ့ဂနၲဝင်မင်းသမီးကြီး ဟေမာမာလီနီနှင့်
သဘာဝသရုပ်ဆောင် ရာဂျ်ကူမား ရာအိုတို့နဲ့အတူ မင်းသမီးချောလေး ရာခူးလ်ပရီးဆင့်တို့ပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့မို့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ကြည့်ရှု့လို့ကောင်းမယ့်ကားမျိုးပါပဲ
ဇာတ်လမ်းအကျဥ်းလေးပြောပြရင် အဗီး ခေါ် အဗီနက်ရှ်ဆီမှာ အားနည်းချက်တစ်ခုရှိပါတယ်
အဲ့ဒါကတော့ သူချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဖွင့်မပြောနိုင်တာပါ ဟုတ်ပါတယ်
သူ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး
ဘယ်လိုနည်းနဲ့မှ မပြောနိုင်ခဲ့ဘဲ ဆွံ့အနေခဲ့ပါတယ်
အဲ့ဒိလိုအချစ်ရေးမှာ မအောင်မြင်နိုင်သေးတဲ့အဗီးတစ်ယောက် ရှင်းမ်လားမြို့အလည်ရောက်တဲ့အခိုက်
နိုင်နားဆိုတဲ့မိန်းမချောလေးကို မြင်မြင်ချင်းချစ်ခဲ့မိပါတယ်
သူ့ကိုလည်း ရှေးနည်းတွေအတိုင်း ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့် ဆွံ့အနေတုန်းပါပဲ အဲ့ဒိအခိုက် အဗီးဆီမှာ အကြံစည်တစ်ခုရသွားပါတယ်
အဲ့ဒါကတော့ စာရေးပြီးပြောတာပါ ဟုတ်ပါတယ် အဗီးဟာ နိုင်နားဆီ ရည်းစားစာရေးပြီး သူ့ခံစားချက်တွေကို ဝန်ခံခဲ့ပါတယ်
သိပ်မကြာခင်မှာပဲ အဗီးတစ်ယောက် အဖြေပြန်ရခဲ့ပါတယ်
အဲ့ဒိအဖြေကတော့ … “ငါ့အမေ နင့်ကို ချစ်နေတယ် အဗီး” တဲ့
ကဲ ဒီသုံးပြင္ဆိုဇာတ္မွာ ဘာေတြရႈပ္ကုန္တာလဲ
ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျာ
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Mardaani 2 (2019)
⭐IMDB: 7.3/10 (10 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 43 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
၂၀၁၉ခုနှစ်မှာ အဆင့်သတ်မှတ်ချက်တွေ ကောင်းကောင်းရထားတဲ့ နာမည်ကြီးရုပ်ရှင် ဇာတ်ကားကြီး အောင်ပွဲခံအပြီး အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။
အိန္ဒိယတစ်နိုင်ငံလုံး မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ၊ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုတွေနဲ့ ပြည့်နှက်နေချိန် ကိုတာရဲစခန်းကို အက်စ်ပီရွိုင်ဆိုတဲ့ ရဲမေတစ်ဦးရောက်ရှိလာခဲ့တယ်။
မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတစ်ဦးအလောင်းကို အဆောက်အဦးပျက်တစ်ခုရဲ့ ကန်စပ် တစ်ခုမှာ ရုပ်ပျက်ဆင်းပျက် တွေ့ရတယ်။
အက်စ်ပီရဲမေကတော့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ “အဲ့ဒီအောက်တန်းစားရာဇဝတ်ကောင်ရဲ့ ကော်လံကို ဆွဲပြီး တရားရုံးကို ခေါ်ခဲ့မယ်”လို့ ကတိပေးထားတယ်။
ဒါကို ကြားသွားတဲ့ တရားခံဟာ မာနခဲ မိန်းမတွေကိုမှ ခံတွင်းတွေ့တတ်သူဆိုတော့ ရဲမေကို စိန်ခေါ်မှုတွေ ပြုလုပ်လာပါတော့တယ်
လူသတ်မှုတွေ တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပြီး သတ်ဖြတ်လာတယ်။
လူသတ်သမားဟာ အကျိုးစီးပွားမရရင်တောင် လူသတ်မှုနဲ့နာမည်ကြီးချင်လာတယ်။ ရဲမေရဲ့ အနီးကပ်အထိလူသတ်မှုတွေ လုပ်လာတယ်။
အင်မတန်မှ ပါးနပ်တဲ့ လူသတ်သမားဗီလိန်နဲ့ အထက်က ဖိအားပေးသလို
ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကိုပါ ခံလာရတဲ့ ရဲမေတို့ရဲ့ ကစားပွဲကို ကိုယ်တိုင်ခံစားကြည့်ကြပါဦး။

Pati Patni Aur Woh (2019)
⭐IMDB: 5.8/10 (8 k Votes)
🎬 #Bollywood #Comedy #Romance
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 05 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
၂၀၁၉ ထွက် အောင်မြင်ခဲ့တဲ့ ဟာသ ဒရာမာကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလည်း ကောင်းသလို သရုပ်ဆောင်တွေလည်း အမှန်အကန်တွေချည်းပဲမို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါ
ချင်တူးတေယာဂီဆိုတဲ့ လူငယ်တစ်ယောက်ဟာ မိဘတွေစီစဉ်ပေးတဲ့ ဂွတ်ဒီးဆိုတဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ရပါတယ်
အိမ်ထောင်သက် ၃ နှစ်ကြာသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုတွေ တစတစကုန်ဆုံးလာပါတော့တယ်
ဒီတော့ ပျော်ရွှင်မှုငတ်မွတ်နေတဲ့ ချင်တူးတစ်ယောက် အလုပ်ကိစ္စတစ်ခုနဲ့ တပက်စ်ယားဆင့်ဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်
ပျောက်ဆုံးနေတဲ့အပျော်ရွှင်ကို ပြန်ရှာရင်း ချင်တူး ဂွတ်ဒီးနဲ့ တပက်စ်ယားတို့ကြားမှာ လင်၊ မယားနဲ့ ထိုအရာ(သူ/သူမ) ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်
Family Comedy ဇာတ်ကားကောင်းတစ်ကားမို့လို့ တခွီခွီနဲ့ မိသားစုနဲ့အတူ ခံစားကြည့်လိုက်ပါဦး
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
၂၀၁၉ ထွက် အောင်မြင်ခဲ့တဲ့ ဟာသ ဒရာမာကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလည်း ကောင်းသလို သရုပ်ဆောင်တွေလည်း အမှန်အကန်တွေချည်းပဲမို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါ
ချင်တူးတေယာဂီဆိုတဲ့ လူငယ်တစ်ယောက်ဟာ မိဘတွေစီစဥ်ပေးတဲ့ ဂွတ်ဒီးဆိုတဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ရပါတယ်
အိမ်ထောင်သက် ၃ နှစ်ကြာသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုတွေ တစတစကုန်ဆုံးလာပါတော့တယ်
ဒီတော့ ပျော်ရွှင်မှုငတ်မွတ်နေတဲ့ ချင်တူးတစ်ယောက် အလုပ်ကိစ္စတစ်ခုနဲ့ တပက်စ်ယားဆင့်ဆိုတဲ့ မိန်းကလေးနဲ့ ဆုံခဲ့ပါတယ်
ပျောက်ဆုံးနေတဲ့အပျော်ရွှင်ကို ပြန်ရှာရင်း ချင်တူး ဂွတ်ဒီးနဲ့ တပက်စ်ယားတို့ကြားမှာ လင်၊ မယားနဲ့ ထိုအရာ(သူ/သူမ) ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပါတော့တယ်
Family Comedy ဇာတ်ကားကောင်းတစ်ကားမို့လို့ တခွီခွီနဲ့ မိသားစုနဲ့အတူ ခံစားကြည့်လိုက်ပါဦး
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Thambi (2019)
⭐IMDB: 6.8/10 (2 k Votes)
🎬 #Action #Bollywood #Thriller
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 23 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ ‘မောင်လေး’ အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
နည်းနည်းလေး အာရုံပေးချင်ပါတယ်…. လှည့်စားချင်ပါတယ်….
ဇာတ်လမ်းအကျဉ်းအရ ပထမဦးဆုံး မြင်ရတာတော့… ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။
သေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။
ဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။
မိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။
အဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။
ပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။
ပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဉ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။
လတ်တလောမှာ အတိုက်အခံပါတီက တောမြေတွေကို ဆောက်လုပ်ရေးလုပ်ဖို့ ကြံစည်နေတယ်။
ဒီတောမြေမှာ နေထိုင်သူတွေ ဒုက္ခရောက်မှာစိုးလို့ ဝန်ကြီးက တားရာကနေ သူတို့ကြားက ရန်ငြှိုးတွေဟာ ကြီးမားလာနေခဲ့တယ်။
တစ်နေ့မှာ သားပျောက်ဝန်ကြီးဟာ ဖုန်းအဝင်တစ်ခု လက်ခံရခဲ့ပါတယ်။
သူ့သားကို တွေ့ပြီတဲ့၊ ခုလိုက်ဖမ်းရာမှာ ရတဲ့ ဒဏ်ရာကြောင့် ၁၅နှစ်ကာလ ပျောက်နေတဲ့ သားကို ဆေးရုံမှာ ခေါ်နိုင်ပါပြီဆိုပြီး ပြောတယ်။
ဒီကောင်က လူလိမ်၊အမျိုးမျိုးဟန်ဆောင်ကောင်းတဲ့ အကောင်၊ ကလေးကအစ နိုင်ငံခြားသားတွေအထိ ကလိမ်ကကျစ် ကျတတ်တယ်။
ဒါပေမဲ့ ဒီလူလိမ်လို့ပြောနေကြတဲ့သူဟာ သူတို့ရဲ့သားဆာရာဗနန် ဖြစ်ကြောင်း ဝန်ကြီးတို့မိသားစုက အတည်ပြုကြတယ်။
မင်းသားကလည်း…. အဖေအမေဆိုပြီး ခေါ်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ပဲ ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကတော့…..
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ ‘မောင်လေး’ အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
နည်းနည်းလေး အာရုံပေးချင်ပါတယ်…. လှည့်စားချင်ပါတယ်….
ဇာတ်လမ်းအကျဥ်းအရ ပထမဦးဆုံး မြင်ရတာတော့… ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။
သေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။
ဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။
မိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။
အဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။
ပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။
ပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဥ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။
လတ်တလောမှာ အတိုက်အခံပါတီက တောမြေတွေကို ဆောက်လုပ်ရေးလုပ်ဖို့ ကြံစည်နေတယ်။
ဒီတောမြေမှာ နေထိုင်သူတွေ ဒုက္ခရောက်မှာစိုးလို့ ဝန်ကြီးက တားရာကနေ သူတို့ကြားက ရန်ငြှူိးတွေဟာ ကြီးမားလာနေခဲ့တယ်။
တစ်နေ့မှာ သားပျောက်ဝန်ကြီးဟာ ဖုန်းအဝင်တစ်ခု လက်ခံရခဲ့ပါတယ်။
သူ့သားကို တွေ့ပြီတဲ့၊ ခုလိုက်ဖမ်းရာမှာ ရတဲ့ ဒဏ်ရာကြောင့် ၁၅နှစ်ကာလ ပျောက်နေတဲ့ သားကို ဆေးရုံမှာ ခေါ်နိုင်ပါပြီဆိုပြီး ပြောတယ်။
ဒီကောင်က လူလိမ်၊အမျိုးမျိုးဟန်ဆောင်ကောင်းတဲ့ အကောင်၊ ကလေးကအစ နိုင်ငံခြားသားတွေအထိ ကလိမ်ကကျစ် ကျတတ်တယ်။
ဒါပေမဲ့ ဒီလူလိမ်လို့ပြောနေကြတဲ့သူဟာ သူတို့ရဲ့သားဆာရာဗနန် ဖြစ်ကြောင်း ဝန်ကြီးတို့မိသားစုက အတည်ပြုကြတယ်။
မင်းသားကလည်း…. အဖေအမေဆိုပြီး ခေါ်ခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ပဲ ပေါ်ပေါက်လာတဲ့ အကြောင်းရင်းကတော့…..
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Dabangg 3 (2019)
⭐IMDB: 3.0/10 (19 k Votes)
🎬 #Action #Bollywood #Comedy #Crime #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 28 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ရဲမေကြီး ပြီးသွားတော့ ရဲသားကြီး အလှည့်ရောက်လာပါပြီ။
၂၀၁၉ခုနှစ်ထွက် မင်းသားကြီး ဆယ်လ်မန်ခန်း(Salman Khan)ရဲ့ ဟာသ၊အက်ရှင် ဇာတ်ကားကြီးပါ။
လူဆိုးလူမိုက်တွေ ဖမ်းဆီးရာမှာ ဒီအင်စပက်တာကြီးကတော့ ထိတ်ထိတ်ကြဲပဲဗျ။
လူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းဆီးရင်း ဂိုဏ်းခေါင်းဆောင်က အတိတ်က ရန်ကြွေးရှိဖူးသူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….။
အင်စပက်တာကြီးဆိုတာ ဒီလူမိုက်ကြီးကြောင့် ဖြစ်လာရတာ၊ ဒီလူမိုက်ကြီးကြောင့် ဘဝပျက်ခဲ့ရတာ၊
အချစ်အတွက် အကြွေး၊ ပျက်စီးခံဘဝအတွက် အကြွေးတွေကို လူမိုက်ကြီးဆီ ပြန်ပြီး လက်စားချေဖို့ ဖြစ်လာပါတော့တယ်။
လူမိုက်ကြီးကတော့ ရင်းနှီးပြီးသား ခန်နာဒါးမင်းသား Sudeep ပါပဲ။
ကဲရှေ့ဆက် ဘယ်လို ဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျ။
ဟာသလည်း ပါနေတော့ အက်ရှင်ပိုင်းမှာ အိုဗာတွေ ပါနေပါတယ်။ ဒါကိုတော့ သည်းခံရမယ်ဗျာ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
ရဲမေကြီး ပြီးသွားတော့ ရဲသားကြီး အလှည့်ရောက်လာပါပြီ။
၂၀၁၉ခုနှစ်ထွက် မင်းသားကြီး ဆယ်လ်မန်ခန်း(Salman Khan)ရဲ့ ဟာသ၊အက်ရှင် ဇာတ်ကားကြီးပါ။
လူဆိုးလူမိုက်တွေ ဖမ်းဆီးရာမှာ ဒီအင်စပက်တာကြီးကတော့ ထိတ်ထိတ်ကြဲပဲဗျ။
လူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းဆီးရင်း ဂိုဏ်းခေါင်းဆောင်က အတိတ်က ရန်ကြွေးရှိဖူးသူ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….။
အင်စပက်တာကြီးဆိုတာ ဒီလူမိုက်ကြီးကြောင့် ဖြစ်လာရတာ၊ ဒီလူမိုက်ကြီးကြောင့် ဘဝပျက်ခဲ့ရတာ၊
အချစ်အတွက် အကြွေး၊ ပျက်စီးခံဘဝအတွက် အကြွေးတွေကို လူမိုက်ကြီးဆီ ပြန်ပြီး လက်စားချေဖို့ ဖြစ်လာပါတော့တယ်။
လူမိုက်ကြီးကတော့ ရင်းနှီးပြီးသား ခန်နာဒါးမင်းသား Sudeep ပါပဲ။
ကဲရှေ့ဆက် ဘယ်လို ဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျ။
ဟာသလည်း ပါနေတော့ အက်ရှင်ပိုင်းမှာ အိုဗာတွေ ပါနေပါတယ်။ ဒါကိုတော့ သည်းခံရမယ်ဗျာ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Ghost (2019)
⭐IMDB: 3.9/10 (2 k Votes)
🎬 #Bollywood #Horror #Thriller
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India #UnitedStates
⏰ 2 နာရီ 01 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ကျွန်တော်တို့ အိန္ဒိယဇာတ်ကားတွေ ခုတလောတင်ဆက်ပေးတဲ့အထဲ အချစ်၊အကြမ်းတွေပဲ များနေခဲ့တာခုချိန်မှာတော့ အပြောင်းအလဲတစ်မျိုးနဲ့ သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းအရ….
ရွေးကောက်ပွဲဝင် ကိုယ်စားလှည်လောင်းမစ္စတာ ကာရန်ခန်းနား ညဘက် အိမ်ပြန်မအိပ်နိုင်ဘဲမနက်စောစောမှ အိမ်ပြန်တဲ့အခါ သူ့ရဲ့ ဇနီးဟာသေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။
ရဲတွေရရဲ့ စီစီတီဗီ မှတ်တမ်းတွေ တွေ့ရှိချက်အရမစ္စတာ ခန်းနားဟာ ညဘက် ၂နာရီဝန်းကျင်မှာအိမ်ပြန်လာပြီး သတ်သွားတယ်လို့ သိရတယ်။
မစ္စတာ ခန်းနားကိုယ်တိုင်ကလည်း တစ်ညလုံးအိမ်ပြန်မအိပ်နိုင်ဘဲ ပါတီဝင်တွေနဲ့ အတူရှိနေကြောင်းပြောတယ်။
ဒါပေမဲ့ ရဲတွေဖက်က သက်သေခိုင်လုံနေတော့အသက်ငယ်ငယ်နဲ့ ဂုဏ်သရေရှိမစ္စတာ ခန်းနားဟာ အချုပ်ထဲ ရောက်နေခဲ့ရပါတယ်။
ဒါပေမဲ့ ရှေ့နေငှားခွင့်ရှိတဲ့ အလျောက်မစ္စတာခန်းနားရဲ့ စည်းရုံးရေးမန်နေဂျာ ဘော့ဘ်အာနန်းကို အတော်ဆုံးရှေ့နေတစ်ယောက် ငှားရမ်းခိုင်းခဲ့ပါတယ်။
သူ ငှားရမ်းခဲ့တဲ့ ရှေ့နေမလေးကတော့… မစ်ဆင်းရ်ပါ။
မစ်ဆင်းရ်ဟာ ဖခင်သေဆုံးမှု၊ အက်ဆီးဒန့်တွေဖြစ်ခဲ့တဲ့အတွက် လတ်တလောမှာ မော်ဖင်းတွေ စွဲနေသူ တစ်ဦးပါ။
မစ္စတာ ခန်းနားရဲ့ အမှုကို ကိုင်တွယ်ပေးဖို့ လေ့လာတဲ့အခါ”ကျွန်တော်တို့ အိမ်မှာ ဝိညာဉ်တစ်ကောင်ရှိနေတယ် ဒါကို ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး သိတယ်
သူ ကျွန်တော့်မိန်းမကို သတ်တာ” ဆိုပြီးထွက်ဆိုတယ်။
ဒါကို လက်မခံနိုင်တဲ့ မစ်ဆင်းရ်ဟာ အမှန်တရားကိုအမှုသည်နဲ့ အတူရှာဖွေရာမှာတော့…….။
———————————
ဒီကားရဲ့ ဒါရိုက်တာကတော့ ၂၀၁၁ ခုနှစ်ထွက်ရှိခဲ့တဲ့နာမည်ကြီး Haunted ဆိုတဲ့ သရဲကားရဲ့ ဒါရိုက်တာ Vikram Bhatt ဖြစ်ပြီးRatingကလည်း 7.7/10 အထိရထားပါတယ်။
ခုံအောက်က လက်ထွက်လာတာတွေ၊သွေးကွက်တွေနဲ့ မျက်နှာ ရုတ်တရက်ပေါ်လာတာမျိုးတွေ ပါနေတဲ့အတွက် နားကြပ်တပ်ပြီးညဖက် ကြည့်တာမျိုးမှ ပိုပြီး ဖီးလ်ရှိမယ်လို့ ပြောလိုက်ပါစေ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
ကျွန်တော်တို့ အိန္ဒိယဇာတ်ကားတွေ ခုတလောတင်ဆက်ပေးတဲ့အထဲ အချစ်၊အကြမ်းတွေပဲ များနေခဲ့တာခုချိန်မှာတော့ အပြောင်းအလဲတစ်မျိုးနဲ့ သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းအရ….
ရွေးကောက်ပွဲဝင် ကိုယ်စားလှည်လောင်းမစ္စတာ ကာရန်ခန်းနား ညဘက် အိမ်ပြန်မအိပ်နိုင်ဘဲမနက်စောစောမှ အိမ်ပြန်တဲ့အခါ သူ့ရဲ့ ဇနီးဟာသေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။
ရဲတွေရရဲ့ စီစီတီဗီ မှတ်တမ်းတွေ တွေ့ရှိချက်အရမစ္စတာ ခန်းနားဟာ ညဘက် ၂နာရီဝန်းကျင်မှာအိမ်ပြန်လာပြီး သတ်သွားတယ်လို့ သိရတယ်။
မစ္စတာ ခန်းနားကိုယ်တိုင်ကလည်း တစ်ညလုံးအိမ်ပြန်မအိပ်နိုင်ဘဲ ပါတီဝင်တွေနဲ့ အတူရှိနေကြောင်းပြောတယ်။
ဒါပေမဲ့ ရဲတွေဖက်က သက်သေခိုင်လုံနေတော့အသက်ငယ်ငယ်နဲ့ ဂုဏ်သရေရှိမစ္စတာ ခန်းနားဟာ အချုပ်ထဲ ရောက်နေခဲ့ရပါတယ်။
ဒါပေမဲ့ ရှေ့နေငှားခွင့်ရှိတဲ့ အလျောက်မစ္စတာခန်းနားရဲ့ စည်းရုံးရေးမန်နေဂျာ ဘော့ဘ်အာနန်းကို အတော်ဆုံးရှေ့နေတစ်ယောက် ငှားရမ်းခိုင်းခဲ့ပါတယ်။
သူ ငှားရမ်းခဲ့တဲ့ ရှေ့နေမလေးကတော့… မစ်ဆင်းရ်ပါ။
မစ်ဆင်းရ်ဟာ ဖခင်သေဆုံးမှု၊ အက်ဆီးဒန့်တွေဖြစ်ခဲ့တဲ့အတွက် လတ်တလောမှာ မော်ဖင်းတွေ စွဲနေသူ တစ်ဦးပါ။
မစ္စတာ ခန်းနားရဲ့ အမှုကို ကိုင်တွယ်ပေးဖို့ လေ့လာတဲ့အခါ”ကျွန်တော်တို့ အိမ်မှာ ဝိညာဥ်တစ်ကောင်ရှိနေတယ် ဒါကို ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး သိတယ်
သူ ကျွန်တော့်မိန်းမကို သတ်တာ” ဆိုပြီးထွက်ဆိုတယ်။
ဒါကို လက်မခံနိုင်တဲ့ မစ်ဆင်းရ်ဟာ အမှန်တရားကိုအမှုသည်နဲ့ အတူရှာဖွေရာမှာတော့…….။
———————————
ဒီကားရဲ့ ဒါရိုက်တာကတော့ ၂၀၁၁ ခုနှစ်ထွက်ရှိခဲ့တဲ့နာမည်ကြီး Haunted ဆိုတဲ့ သရဲကားရဲ့ ဒါရိုက်တာ Vikram Bhatt ဖြစ်ပြီးRatingကလည်း 7.7/10 အထိရထားပါတယ်။
ခုံအောက်က လက်ထွက်လာတာတွေ၊သွေးကွက်တွေနဲ့ မျက်နှာ ရုတ်တရက်ပေါ်လာတာမျိုးတွေ ပါနေတဲ့အတွက် နားကြပ်တပ်ပြီးညဖက် ကြည့်တာမျိုးမှ ပိုပြီး ဖီးလ်ရှိမယ်လို့ ပြောလိုက်ပါစေ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Good Newwz (2019)
⭐IMDB: 6.8/10 (21 k Votes)
🎬 #Bollywood #Comedy #Drama #Romance #Family
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 11 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
အားလုံးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ ကျူပ်တို့ ဖက်က အာမခံနိုင်တာတစ်ခုကတော့ သတင်းကောင်းပါပဲ
ဒါက ဂျိုရှီဆေးရုံရဲ့ ကြော်ငြာ၊ နေ့စဉ် ကလေးမရတတ်တဲ့ ဇနီးမောင်နှံတို့ရဲ့ အားထားရတဲ့ နေရာ။
ကလေးလိုချင်ပေမဲ့ မရတတ်ကြတဲ့ ဗာရွန်တို့ ဗတ္တရားလင်မယားမှာ ညီမနဲ့ယောက်ဖရဲ့လမ်းညွှန်ချက်ကြောင့် ဒီဆေးရုံကို ရောက်လာခဲ့ပါတယ်။
အဲ့ဒီမှာပဲ ဗာရွန်တို့ လင်မယားနဲ့ ဟန်နီးတို့ လင်မယားကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။
သူတို့က နာမည်အဖျားတွေ တူနေကြတယ်။
နှစ်တွဲလုံးက ဗတ္တရားတွေ၊ ဒီလိုနဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။
ကျူပ်တို့ရဲ့ အတွေ့အကြုံရင့်ကျက်လှတဲ့ ပညာရှင်တွေဟာ သုက်နှစ်စုံကို နာမည်တူနေတော့ ရောထွေးမိသွားပါတယ်တဲ့။
ကဲ အဲ့ဒီမှာ ဇာတ်လမ်းက စပြီ။
ဟန်နီးရဲ့ သုက်က ဒီးပ်တီးဆီ ရောက်သွားပြီး ဗာရွန်ရဲ့ သုက်က မိုနီကားဆီ မှားပြီး ရောက်သွားပြီလို့ သိလိုက်ရတဲ့ အခါမှာတော့…..
ကဲ ကိုယ့်လူတို့…. ဟာသကားကောင်း နာမည်ကြီး တစ်ကားမို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်ဆိုတာ မပြောလည်း သိကြမယ်မဟုတ်လား။
ဒီကားမှာ ခင်ဗျားတို့တွေ ခွီလည်းခွီရမယ် မျက်ရည်လည်းကျရမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ပေးရတဲ့အချိန်နဲ့တန်တဲ့ အိန္ဒိယကားကောင်းတစ်ကားကြည့်ချင်ရင်တော့ လက်မနှေးဘဲ အပြေးသာဒေါင်းလိုက်ကြပါတော့
IMDbမှာတော့ 7.6/10 အထိရထားပြီး ဝါရင့်သရုပ်ဆောင်တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကို ခံစားကြည့်ရှူကြပါဦးဗျာ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ စီအမ်ရဲ့အိန္ဒိယဇာတ်ကားဘာသာပြန်တွေဖြစ်ကြတဲ့ ဇော်ထူး၊ ညီကိုးနှင့် မြင့်သူတို့ပဲဖြစ်ပါတယ်
(Zawgyi)
အားလုံးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ ကျူပ်တို့ ဖက်က အာမခံနိုင်တာတစ်ခုကတော့ သတင်းကောင်းပါပဲ
ဒါက ဂျိုရှီဆေးရုံရဲ့ ကြော်ငြာ၊ နေ့စဥ် ကလေးမရတတ်တဲ့ ဇနီးမောင်နှံတို့ရဲ့ အားထားရတဲ့ နေရာ။
ကလေးလိုချင်ပေမဲ့ မရတတ်ကြတဲ့ ဗာရွန်တို့ ဗတ္တရားလင်မယားမှာ ညီမနဲ့ယောက်ဖရဲ့လမ်းညွှန်ချက်ကြောင့် ဒီဆေးရုံကို ရောက်လာခဲ့ပါတယ်။
အဲ့ဒီမှာပဲ ဗာရွန်တို့ လင်မယားနဲ့ ဟန်နီးတို့ လင်မယားကို တွေ့ဆုံဖို့ ဖြစ်လာပါတယ်။
သူတို့က နာမည်အဖျားတွေ တူနေကြတယ်။
နှစ်တွဲလုံးက ဗတ္တရားတွေ၊ ဒီလိုနဲ့ ဆရာဝန်က ပြောလိုက်ပါတယ်။
ကျူပ်တို့ရဲ့ အတွေ့အကြုံရင့်ကျက်လှတဲ့ ပညာရှင်တွေဟာ သုက်နှစ်စုံကို နာမည်တူနေတော့ ရောထွေးမိသွားပါတယ်တဲ့။
ကဲ အဲ့ဒီမွာ ဇာတ္လမ္းက စၿပီ။
ဟန်နီးရဲ့ သုက်က ဒီးပ်တီးဆီ ရောက်သွားပြီး ဗာရွန်ရဲ့ သုက်က မိုနီကားဆီ မှားပြီး ရောက်သွားပြီလို့ သိလိုက်ရတဲ့ အခါမှာတော့…..
ကဲ ကိုယ့်လူတို့…. ဟာသကားကောင်း နာမည်ကြီး တစ်ကားမို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်ဆိုတာ မပြောလည်း သိကြမယ်မဟုတ်လား။
ဒီကားမှာ ခင်ဗျားတို့တွေ ခွီလည်းခွီရမယ် မျက်ရည်လည်းကျရမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ပေးရတဲ့အချိန်နဲ့တန်တဲ့ အိန္ဒိယကားကောင်းတစ်ကားကြည့်ချင်ရင်တော့ လက်မနှေးဘဲ အပြေးသာဒေါင်းလိုက်ကြပါတော့
IMDbမှာတော့ 7.6/10 အထိရထားပြီး ဝါရင့်သရုပ်ဆောင်တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကို ခံစားကြည့်ရှူကြပါဦးဗျာ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ စီအမ်ရဲ့အိန္ဒိယဇာတ်ကားဘာသာပြန်တွေဖြစ်ကြတဲ့ ဇော်ထူး၊ ညီကိုးနှင့် မြင့်သူတို့ပဲဖြစ်ပါတယ်
Sarileru Neekevvaru (2020)
⭐IMDB: 5.8/10 (8 k Votes)
🎬 #Action #Bollywood #Comedy #Drama
🗓️ 2020 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 51 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့
ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။
ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။
မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။
ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။
ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့
တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။
ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။
ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ
အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့
ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။
ဇာတ်လမ်းအကျဥ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။
မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။
ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။
ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့
တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။
ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။
ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ
အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
The Sky Is Pink (2019)
⭐IMDB: 7.6/10 (9 k Votes)
🎬 #Bollywood #Drama #Family #Romance #Comedy
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India #UnitedKingdom #Canada #UnitedStates #China
⏰ 2 နာရီ 23 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
IMDb 7.1/10
Rotten Tomatoes 70%
IndieWire 3/5
၂၀၁၉ ကားကောင်းတွေအထွက်နည်းတဲ့ ဘောလီဝုဒ်လောမှာ ဒီကားလေးကတော့ ကားကောင်တစ်ကားဆိုတာ အသေအချာကိုပြောရဲပါတယ်
နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေလည်းကောင်းသလို ဝေဖန်ရေးသမားတွေလည်းအကြိုက်တွေကခဲ့တဲ့ကားပါ
ဒါ့အပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တိုင်းကလည်း အပိုအလိုမရှိကွက်တိတွေချည်းပါပဲ
ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတော့ အဆွေးခံရှိသူတွေအတွက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ပါ
သိပ်ကောင်းလွန်းလို့ အညွှန်းပေါ့သွားရင် မကြည့်ဘဲကျော်သွားမှာလည်းစိုးရိမ်မိပါတယ်
ဇာတ်လမ်းလေးကတော့ ချောင်ဒရီးမိသားစုရဲ့ လောကဓံကို အလျော့မပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်တာကို ရိုက်ပြထားတဲ့ မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဆိုးရွားတဲ့ရောဂါကြီးနဲ့မွေးဖွားလာတဲ့ သမီးလေး အိုင်ယ်ရှားအတွက် ချောင်ဒရီးဇနီးမောင်နှံရဲ့ ကြိုးစားအားထုတ်မှုတွေကို
နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ပရီယမ်ကား ဖရန်အခ်သားနဲ့ Secret Superstart ထဲက အားလုံးအသည်းကျော်လေး ဇိုင်ယာဝဆင်းတို့နဲ့
အကောင်းဆုံးတည်ဆောက်သရုပ်ဖေါ်ထားတဲ့ အိန္ဒိယကားကောင်းတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
IMDb 7.1/10
Rotten Tomatoes 70%
IndieWire 3/5
၂၀၁၉ ကားကောင်းတွေအထွက်နည်းတဲ့ ဘောလီဝုဒ်လောမှာ ဒီကားလေးကတော့ ကားကောင်တစ်ကားဆိုတာ အသေအချာကိုပြောရဲပါတယ်
နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေလည်းကောင်းသလို ဝေဖန်ရေးသမားတွေလည်းအကြိုက်တွေကခဲ့တဲ့ကားပါ
ဒါ့အပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တိုင်းကလည်း အပိုအလိုမရှိကွက်တိတွေချည်းပါပဲ
ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတော့ အဆွေးခံရှိသူတွေအတွက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ပါ
သိပ်ကောင်းလွန်းလို့ အညွှန်းပေါ့သွားရင် မကြည့်ဘဲကျော်သွားမှာလည်းစိုးရိမ်မိပါတယ်
ဇာတ်လမ်းလေးကတော့ ချောင်ဒရီးမိသားစုရဲ့ လောကဓံကို အလျော့မပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်တာကို ရိုက်ပြထားတဲ့ မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဆိုးရွားတဲ့ရောဂာကြီးနဲ့မွေးဖွားလာတဲ့ သမီးလေး အိုင်ယ်ရှားအတွက် ချောင်ဒရီးဇနီးမောင်နှံရဲ့ ကြိုးစားအားထုတ်မှုတွေကို
နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ပရီယမ်ကား ဖရန်အခ်သားနဲ့ Secret Superstart ထဲက အားလုံးအသည်းကျော်လေး ဇိုင်ယာဝဆင်းတို့နဲ့
အကောင်းဆုံးတည်ဆောက်သရုပ်ဖော်ထားတဲ့ အိန္ဒိယကားကောင်းတစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Bigil (2019)
⭐IMDB: 6.7/10 (22 k Votes)
🎬 #Action #Bollywood #Drama #Sport
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 58 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။
Genere- Drama,Sport,Action
IMDb – 7.5/10
တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။
တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။
မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။
ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့…..
————————————-
ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။
အဖေ ပေးတဲ့ အိပ်မက်ကို သားမက်ခွင့်ရခဲ့ပေမဲ့… လွဲချော်ခဲ့ရတယ်။
ဒီအိပ်မက်တွေကို သူ ပြန်လည် အကောင်အထည်ဖော်ဖို့.. ကြိုးစားရင်း ထပ်လွဲချော်ခဲ့တယ်။
သို့ပေမဲ့…. ‘တချို့အိပ်မက်တွေကို ကိုယ်မဖြစ်ခဲ့လို့ သူတပါးကို ဖြစ်စေချင်မိတာ လူတိုင်းရဲ့ ဆန္ဓပါ’ ‘ဒါပေမဲ့ ကိုယ့်အိပ်မက်ကိုတော့ ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရတာပဲမလား’
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။
Genere- Drama,Sport,Action
IMDb – 7.5/10
တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။
တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။
မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓါးချက်ထိခဲ့ရတယ်။
ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဥ်မှာတော့…..
————————————-
ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။
အဖေ ပေးတဲ့ အိပ်မက်ကို သားမက်ခွင့်ရခဲ့ပေမဲ့… လွဲချော်ခဲ့ရတယ်။
ဒီအိပ်မက်တွေကို သူ ပြန်လည် အကောင်အထည်ဖော်ဖို့.. ကြိုးစားရင်း ထပ်လွဲချော်ခဲ့တယ်။
သို့ပေမဲ့…. ‘တချို့အိပ်မက်တွေကို ကိုယ်မဖြစ်ခဲ့လို့ သူတပါးကို ဖြစ်စေချင်မိတာ လူတိုင်းရဲ့ ဆန္ဓပါ’ ‘ဒါပေမဲ့ ကိုယ့်အိပ်မက်ကိုတော့ ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရတာပဲမလား’
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Action (2019)
⭐IMDB: 4.6/10 (1 k Votes)
🎬 #Action #Bollywood #Adventure #Thriller
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 31 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
တမီးလ်မင်းသားချော ဗီရှော(Vishal)ကို ရှားလော့ဟုမ်းဆန်ဆန် စုံထောက် ဇာတ်ကားတစ်ကားဖြစ်တဲ့ Thupparivaalan (2017) ဇာတ်ကားနဲ့
မနှစ်ကထွက်ခဲ့တဲ့ ဘဏ်ဟက်ကာဇာတ်ကား Irumbu Thirai (2018) တို့မှာ တောင်ပိုင်းကားပရိတ်သတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။
အရပ်မြင့်မြင့် ဘော်ဒီအချိုးအဆစ်ကျပုံကြောင့် အက်ရှင် ၊ စုံထောက် ၊ အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားတွေနဲ့ ဗီရှောဟာ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။
ဒီကားကလည်း စုံထောက်ဆန်ဆန် ၊ အေးဂျင့်ကားဆန်ဆန်နဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ကာနယ်လ်ဆူဘာ့ရှ်အကြောင်းပါပဲ။
နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဖခင်ကြီးနဲ့ ၊ သူ့အကိုဖြစ်သူတို့ နိုင်ငံရေးဟောပြောပွဲတစ်ခုရဲ့ စင်မြင့်ပေါ်မှာ မထင်မှတ်ပဲ ဗုံးဖောက်ခွဲ လုပ်ကြံခံရပြီးနောက်ပိုင်း. . .
ကာနယ်လ်ဆူဘာ့ရှ်တစ်ယောက် လက်သည်တရားခံကို ဘယ်လိုလိုက်ရှာ ချေမှုန်းမလဲဆိုတာကို. . .ရိုက်ပြထားတာပါ။
နိုင်ငံရေးလောကဆိုတာ အင်မတန်ရှုပ်ထွေးပွေလီလှပြီး ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေ လက်ဝါးချင်းရိုက် ပူးပေါင်းသွားရင် ဘာတွေ ဖြစ်လာတတ်သလဲ. . .
ပြိုင်ဘက်နိုင်ငံတွေ တစ်ဖက်နဲ့တစ်ဖက် အင်အားပြိုင်ကြတဲ့အခါ. . .
ကြားမှာ မြေစာပြင်ဖြစ်ရသူတွေက ဘယ်သူတွေ ဖြစ်မလဲ. . .
အိုဗာအက်ရှင်တွေ အတော့်ကို နည်းပါးတဲ့အတွက်. . .မည်သူမဆို ပေါ့ပေါ့ပါးပါး ကြည့်ရှုအားပေးနိုင်ပါတယ်။
ဗီရှောနဲ့ တွဲဖက်ပြီး အားဖြည့်သရုပ်ဆောင်ထားသူက ဘာဟူဘာလီဇာတ်ကားထဲက မင်းသမီးချော တမန်နားဟ်(Tamannaah) ဖြစ်ပါတယ်။
ဒါ့အပြင် 2020 မှာလည်း ဗီရှောရဲ့ Thupparivaalan 2 ဇာတ်ကား ထွက်ဦးမှာပါတဲ့ ခင်ဗျာ။

Laal Kaptaan (2019)
⭐IMDB: 7.2/10 (5 k Votes)
🎬 #Action #Bollywood #Drama #Adventure #Western
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 33 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
IMDb ratings : 7.6/10
Genre : Action,Drama
ဒီတစ်ခါ ဘောလိ၀ုဒ်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
Saif Ali Khan , Sonakshi Sinha တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားပါ။
ဒီကားအညွှန်းရေးရမှာက ကျွန်တော့်အဖို့ တော်တော့်ကို ခက်ခဲပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇာတ်အနိမ့်အမြင့်နာမည်တွေ ၊ မျိုးနွယ်နာမည်တွေနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းများစွာရှိတဲ့အတွက် လက်လှမ်းမမီတာကြောင့်ပေါ့။
ဇာတ်လမ်းစစချင်းကတည်းက သတ်တာဖြတ်တာတွေ ၊ သွေးထွက်သံယို ပြကွက်တွေနဲ့ စထားတာမို့၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အုပ်ထိန်းသူနဲ့ကြည့်သင့်ပါတယ်။
၁၈ ရာစု၀န်းကျင်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီကားက ဟောလိ၀ုဒ်က ရိုက်ပြခဲ့တဲ့ Bounty Hunter ကားတွေနဲ့ တော်တော်လေး တူပါတယ်။
အဓိက ဇာတ်ကောင်က ဆုကြေးအထုတ်ခံထားတဲ့သူတွေကို လိုက်သတ်မယ်။
ပြီးရင် သတ်ထားတဲ့သူရဲ့ခေါင်းကို ဖြတ်ယူပြီး ထုတ်ထားတဲ့သူဆီ ငွေသွားတောင်းမယ်။
နောက် သားကောင်တစ်ကောင်ကို ထပ်ရှာမယ်ပေါ့။
ဒါပေမယ့် ဒီကားမှာတော့ ထင်မှတ်မထားတဲ့ လှည့်ကွက်တစ်ခု ထည့်ထားတယ်။
Bounty Hunter ဟာ အိန္ဒိယ နာဂဆာဒူး(တပသီ – ချိုးခြံသော အကျင့်ရှိသူများ)တစ်ယောက် ဖြစ်နေတယ်။
သူများကို လိုက်ကယ်ရမယ့်အစား သူက လိုက်သတ်တယ်။
သူတော်စင်ဖြစ်နေပါရက်နဲ့ ဘာကြောင့် လူလိုက်သတ်ရသလဲဆိုတဲ့အချက်ကတော့ ဒီကားရဲ့လှပတဲ့လှည့်ကွက်မို့ ကိုယ်တိုင်သာ ကြည့်လိုက်ပါ။
အညွှန်းရေးရတာ ကျွန်တော့်အတွက် ခက်ခဲနေတဲ့အတွက် ဒီလောက်ပဲ ရေးလိုက်ပါရစေ…..

Dream Girl (2019)
⭐⁉️
🎬 #Bollywood #Comedy #Romance
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 05 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
“ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်”
ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။
ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။
ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။
ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။
များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။
အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။
ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။
ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ အလုပ်ဘယ်ရမလဲ။
ဒါပေမဲ့ ဒီနေ့ခန့်စရာဆိုလို့ နေရာတစ်ခုပဲရှိတယ်။ အဲ့ဒါက လွတ်နေတဲ့ ပူဂျားနေရာ။ ဒါဟာ ဇာတ်အိမ်စတည်မှုနဲ့ ကရမ်ရဲ့ စွန့်စားခန်းပါပဲ။
ကရမ် ဆိုတာ ငယ်ငယ်ကတည်းက မိန်းကလေး အသံတု လုပ်တာ အောင်မြင်သူ။ ဒီတော့ ပူဂျား နေရာမှာ သူအလုပ်ရခဲ့တယ်။
ဒါပေမဲ့ ယောကျ်ားလေးက ပူဂျားအဖြစ်နဲ့ ပြန်ကြူ နေရတာ လွဲချော်မှုတစ်ရပ်ပဲ မဟုတ်လား ။
သို့ပင် ကိုငှက် သီချင်းထဲကလို ” လွဲလွဲလေးလည်း ကောင်းပါတယ် ” ဆိုသလိုမျိုးပေါ့။
ကရမ် အတွက်တော့ ပူဂျားနေရာမှာ တော်တော် အဆင်ပြေတယ်။
ကြူ တဲ့ ငနဲတွေကလည်း များလာပြီး အသံပိုင်ရှင် ပူဂျား ကို စွဲလမ်းလာမိတယ်။
ဒီမှာ ကမောက်ကမ တွေနဲ့ ဟာသ ဇာတ်အိမ်ဟာ အတည်တကျ တည်ဆောက်ပြနိုင်ခဲ့ပါတယ်။
အမြင် _____
ကျွန်တော့်အနေနဲ့ တော့ ဒီကားရဲ့ ဟာသကို ွနှစ်သက်မိပါတယ်။
အောက်လုံးဟာသတွေ မဆန်ဘဲ ရိုးရိုးယဉ်ယဉ် တည်ဆောက်ပြသွားတာကလည်း အရင်ကြည့်ဖူးတဲ့ Grand mastini တို့ထက်သာပါတယ်။
နောက်ပြီး ကရမ်အဖြစ်ရော ပူဂျား အဖြစ်ရော အသံနှစ်မျိုး လေ့ကျင့်နေရရှာတဲ့ မင်းသားသရုပ်ဆောင်ပုံကလည်း မိုက်ပါတယ်။
အခြားဇာတ်ဆောင်တွေကလည်း သူ့ role နဲ့ သူ အံဝင်မိပါတယ်။
ဒိုင်ယာလော့ တွေကလည်း အတင်းရယ်ခိုင်းနေတာ မဟုတ်သည့်တိုင် ပြုံးလျက်သား ဖြစ်မိသွားစေပါတယ်။
ဒါပေမဲ့ ဆရာဦအောင်သင်း ပြောခဲ့သလို ရယ်မောရတယ် ဆိုတာ ရယ်ပြီးရင် မောရမယ်တဲ့ ။ မဟုတ်ဘူးလေ။
ဟာသကားကြည့်ရတာ မောစရာ ရှိသလားလို့ မေးလာကြည့်ရတဲ့အခါ ကျွန်တော် တို့ရဲ့ ဘဝ အလွဲတချို့ဟာ မောစရာ မဆုံးနိုင်တာတွေ ရှိတတ်ကြပါတယ်။
ဒီအကြောင်းကိုလည်း ဒါရိုက်တာက ပါးနပ်လှတဲ့ ဒိုင်ယာလော့ အချို့နဲ့ တွေးတောစေခဲ့ပါတယ်။
ကျွန်တော် တို့ ပြန်စဉ်းစား ကြည့်ရအောင်။ ” ကြူ ရုံလောက်နဲ့ ပူဂျားဆီ ဖုန်းဆက်ဖို့ လိုခဲ့လို့လား ” ဆိုပြီး။
အဖြေကိုတော့ ကိုယ်စီအသိနဲ့ပေါ့ဗျာ။
ဘဝရဲ့ ညက နက်လာပြီ။ ကျွန်တော် လည်း အထီးကျန်ဆန်လှပြီ။
” ကဲ —-ပူဂျား ဆီ ဖုန်းဆက်ကြည့်ရအောင် “
#linnkhayan
( ဆရာတာရာမင်းဝေ ရဲ့ စာအုပ်ခေါင်းစဉ် ကို အမှီးပြု ပြီး အိပ်မက် နတ်ပျိုမယ် ဟု သုံးနှုန်းထားခြင်းဖြစ်ပါသည် )
ဇာတ်လမ်းအညွှန်းကို linnkhayan FB မှ ကူးယူ ဖော်ပြထားပြီး ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
“ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်”
ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။
ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။
ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။
ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။
များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။
အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။
ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။
ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ အလုပ်ဘယ်ရမလဲ။
ဒါပေမဲ့ ဒီနေ့ခန့်စရာဆိုလို့ နေရာတစ်ခုပဲရှိတယ်။ အဲ့ဒါက လွတ်နေတဲ့ ပူဂျားနေရာ။ ဒါဟာ ဇာတ်အိမ်စတည်မှုနဲ့ ကရမ်ရဲ့ စွန့်စားခန်းပါပဲ။
ကရမ် ဆိုတာ ငယ်ငယ်ကတည်းက မိန်းကလေး အသံတု လုပ်တာ အောင်မြင်သူ။ ဒီတော့ ပူဂျား နေရာမှာ သူအလုပ်ရခဲ့တယ်။
ဒါပေမဲ့ ယောကျာ်းလေးက ပူဂျားအဖြစ်နဲ့ ပြန်ကြူ နေရတာ လွဲချော်မှုတစ်ရပ်ပဲ မဟုတ်လား ။
သို့ပင် ကိုငှက် သီချင်းထဲကလို ” လွဲလွဲလေးလည်း ကောင်းပါတယ် ” ဆိုသလိုမျိုးပေါ့။
ကရမ် အတွက်တော့ ပူဂျားနေရာမှာ တော်တော် အဆင်ပြေတယ်။
ကြူ တဲ့ ငနဲတွေကလည်း များလာပြီး အသံပိုင်ရှင် ပူဂျား ကို စွဲလမ်းလာမိတယ်။
ဒီမှာ ကမောက်ကမ တွေနဲ့ ဟာသ ဇာတ်အိမ်ဟာ အတည်တကျ တည်ဆောက်ပြနိုင်ခဲ့ပါတယ်။
အျမင္ _____
ကျွန်တော့်အနေနဲ့ တော့ ဒီကားရဲ့ ဟာသကို ြနှစ်သက်မိပါတယ်။
အောက်လုံးဟာသတွေ မဆန်ဘဲ ရိုးရိုးယဥ်ယဥ် တည်ဆောက်ပြသွားတာကလည်း အရင်ကြည့်ဖူးတဲ့ Grand mastini တို့ထက်သာပါတယ်။
နောက်ပြီး ကရမ်အဖြစ်ရော ပူဂျား အဖြစ်ရော အ
Malaal (2019)
⭐IMDB: 5.9/10 (1 k Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 13 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဒီကားလေးက အကြည်ထွက်ထားတာတော့ နည်းနည်းကြာပါပြီ
သရုပ်ဆောင်အသစ်တွေဆိုပြီး မကြည့်ဘဲပစ်ထားလိုက်တာ ဒီရက်ပိုင်းအားလို့ပြန်ကြည့်လိုက်တော့
ဇာတ်လမ်းလေးလည်းကောင်းသလို သရုပ်ဆောင်တွေလည်း မဆိုးလှဘူး
CM က ဘောလီဝုဒ်ပရိသတ်တွေကြည့်လို့ရအောင် ဘာသာပြန်ပေးလိုက်တယ်ဗျ
ဇာတ်လမ်းအကျဉ်းလေးကတော့ … ပတ်ဝန်းကျင်မှာ လူဆိုးလူမိုက်ဆိုပြီး အော်ကျော့လန်နေတဲ့
အရပ်ထဲကချဉ်ဖက် ဗီဂျေးဆိုတဲ့ကောင်လေးတစ်ကောင်ရှိတယ်
ပညာရေးလည်း မအောင်မြင် အလုပ်လည်း မယ်မယ်ရရမရှိ
မိသားစုတွေ ပတ်ဝန်းကျင်ကလူတွေအဖို့ သူက အရှုံးသမားတစ်ယောက်ဖြစ်ပေတယ်
အဲ့ဒိလိုအရှုံးသမား ဗီဂျေးရဲ့ဘဝကို အပြောင်းလဲတစ်ခု မထင်မှတ်ဘဲဝင်ရောက်လာပါတယ်
အဲ့ဒိအပြောင်းအလဲရဲ့အမည်က အာစသာတဲ့ ဟုတ်ပါတယ်
ဗီဂျေးတစ်ယောက် အာစသာကိုစတွေ့ကတည်းက သူ့ဘဝဟာဘယ်လိုပြောင်းလဲသွားသလဲဆိုတာ
သူတို့အချစ်ဇာတ်လမ်းလေးကိုပဲ ခံစားကြည့်လိုက်ကြပါတော့
အားလုံးပဲ အချစ်ကြောင့် ကောင်းသောပြောင်းလဲခြင်းများဖြင့် ကြုံတွေ့နိုင်ကြပါစေ
(မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို မပြောင်းလဲပေးနိုင်ပါဘူး သူ(မ)ကိုချစ်တဲ့အချစ်တွေက ပြောင်းလဲပေးလိုက်တာပါ)
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
(Zawgyi)
ဒီကားလေးက အကြည်ထွက်ထားတာတော့ နည်းနည်းကြာပါပြီ
သရုပ်ဆောင်အသစ်တွေဆိုပြီး မကြည့်ဘဲပစ်ထားလိုက်တာ ဒီရက်ပိုင်းအားလို့ပြန်ကြည့်လိုက်တော့
ဇာတ်လမ်းလေးလည်းကောင်းသလို သရုပ်ဆောင်တွေလည်း မဆိုးလှဘူး
CM က ဘောလီဝုဒ်ပရိသတ်တွေကြည့်လို့ရအောင် ဘာသာပြန်ပေးလိုက်တယ်ဗျ
ဇာတ်လမ်းအကျဥ်းလေးကတော့ … ပတ်ဝန်းကျင်မှာ လူဆိုးလူမိုက်ဆိုပြီး အော်ကျော့လန်နေတဲ့
အရပ်ထဲကချဥ်ဖက် ဗီဂျေးဆိုတဲ့ကောင်လေးတစ်ကောင်ရှိတယ်
ပညာရေးလည်း မအောင်မြင် အလုပ်လည်း မယ်မယ်ရရမရှိ
မိသားစုတွေ ပတ်ဝန်းကျင်ကလူတွေအဖို့ သူက အရှုံးသမားတစ်ယောက်ဖြစ်ပေတယ်
အဲ့ဒိလိုအရှုံးသမား ဗီဂျေးရဲ့ဘဝကို အပြောင်းလဲတစ်ခု မထင်မှတ်ဘဲဝင်ရောက်လာပါတယ်
အဲ့ဒိအပြောင်းအလဲရဲ့အမည်က အာစသာတဲ့ ဟုတ်ပါတယ်
ဗီဂျေးတစ်ယောက် အာစသာကိုစတွေ့ကတည်းက သူ့ဘဝဟာဘယ်လိုပြောင်းလဲသွားသလဲဆိုတာ
သူတို့အချစ်ဇာတ်လမ်းလေးကိုပဲ ခံစားကြည့်လိုက်ကြပါတော့
အားလုံးပဲ အချစ်ကြောင့် ကောင်းသောပြောင်းလဲခြင်းများဖြင့် ကြုံတွေ့နိုင်ကြပါစေ
(မိန်းကလေးတစ်ယောက်က ယောက််ားလေးတစ်ယောက်ကို မပြောင်းလဲပေးနိုင်ပါဘူး သူ(မ)ကိုချစ်တဲ့အချစ်တွေက ပြောင်းလဲပေးလိုက်တာပါ)
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Prassthanam (2019)
⭐IMDB: 5.8/10 (2 k Votes)
🎬 #Action #Bollywood #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 19 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဘောလီဝုဒ်ဖန်တွေအတွက် မင်းသားကြီးဆန်ဂျေဒတ်၏ ၂၀၁၉ ထွက် ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်
နိုင်ငံရေး၊ အက်ရှင်၊ ဒရာမာကားကောင်းတစ်ကားဖြစ်လို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါ
ဇာတ်လမ်းကတော့ ရွေးကောက်ပွဲ ၄ နှစ်ဆက်အနိုင်ရထားတဲ့ လွှတ်တော်အမတ်ကြီး ဘဲလ်ဒေ့ဗ် ပရာတပ်ဆင့်မှာ အာယွရှ်နဲ့ ဗီဗန်းဆိုပြီး သားနှစ်ယောက်ရှိပါတယ်
အဲ့ဒိသားနှစ်ယောက်ထဲမှာ အာယွရှ်ဟာဆိုရင် သူ့ရန်သူတွေဆီက ဒီလိုစကားနာထိုးတာကို အမြဲခံရလေ့ရှိပါတယ်
“မင်းက ငါ့တို့လွှတ်တော်အမတ်ကြီးရဲ့သားလား သူ့မိန်းမရဲ့သားလား” တဲ့
ဟုတ်ပါတယ် အာယွရှ်ဟာ မယားပါသားပါ
ဒါပေမဲ့ ဘဲလ်ဒေ့ဗ်ရဲ့ နိုင်ငံရေးအမွေအားလုံးကိုတော့ လက်ခံနိုင်စွမ်းရှိသူဟာ သူပါပဲ
ဒါကိုကောင်းကောင်းကြီးသိတဲ့ ဘဲလ်ဒေ့ဗ်ဟာလည်း သူ့ကိုပဲ နိုင်ငံရေးအမွေပေး
အဲ့ဒိနောက်မှာတော့ သားအရင်းဖြစ်သူဗီဗန်း၏ မကျေနပ်မှုတွေကြောင့် အာယွရှ်နဲ့ ဗီဗန်းထိပ်တိုက်တွေ့ဖို့ဖန်လာသောအခါ ——
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
Guna 369 (2019)
⭐IMDB: 6.2/10 (469 Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 23 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
ဒီမင်းသားကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။
အချစ်ကားလေးတွေ ရိုက်တတ်တဲ့ RX100 မင်းသားရဲ့ အသစ်စက်စက် တေလဂူးအချစ်ကားလေး တင်ပေးလိုက်ပါတယ်။
အချစ်ဆိုရုံနဲ့ ဒီဇာတ်ကားက ပြီးမသွားသေးပါဘူး။
ဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။
ရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်ဝိုက် မသိသူမရှိတဲ့ လူမိုက်ကြီး။
ဘာကြောင့်လဲ….. နောက်တစ်ခန်းမှာတော့ သမီးရည်းစားနှစ်ယောက်ကို မြင်ရတယ်။
ယောကျ်ားလေးက ဆေးဆိုင်ဝင်ပြီး ကွန်ဒုံးဝယ်တယ်။
ဒါကို ဆေးဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်တယ်။
အဲ့ဒီလူရွယ်တစ်စုလည်း လိုက်သွားပြီး ကောင်မလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တယ်။
ဒီနှစ်ခုလုံးနဲ့ မင်းသား’ဂုဏ’ဆက်စပ်ဖို့ အကြောင်းဖန်လာတာကတော့…. (ဂုဏ ဆိုတာက ဂုဏ်ပေါ့ဗျာ)ကိုယ့်အမှားကြောင့်ပဲ ကိုယ့်ဘဝ ပျက်စီးသွားကြရတယ်။
အားလုံးဟာ ဝင်သက်နဲ့ ထွက်သက်ကြား တဒင်္ဂမျှသာ။
အကောင်း၊အဆိုး အားလုံးဟာ အံဝင်ခွင်ကျနဲ့ တိုက်ဆိုင်လာပြီး ဘဝဆိုတဲ့ ခဏတာအချိန်ဟာ ကုန်ဆုံးသွားကြကြောင်း မြင်ရမှာပါ။
(အလောတကြီးနဲ့ အညွန်းရေးလိုက်ရတာမို့ အညွန်းကတော့ ပေါ့ပျက်နေပါလိမ့်မယ်)
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
ဒီမင်းသားကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။
အချစ်ကားလေးတွေ ရိုက်တတ်တဲ့ RX100 မင်းသားရဲ့ အသစ်စက်စက် တေလဂူးအချစ်ကားလေး တင်ပေးလိုက်ပါတယ်။
အချစ်ဆိုရုံနဲ့ ဒီဇာတ်ကားက ပြီးမသွားသေးပါဘူး။
ဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။
ရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်ဝိုက် မသိသူမရိွတဲ့ လူမိုက်ကြီး။
ဘာကြောင့်လဲ….. နောက်တစ်ခန်းမှာတော့ သမီးရည်းစားနှစ်ယောက်ကို မြင်ရတယ်။
ယောကျာ်းလေးက ဆေးဆိုင်ဝင်ပြီး ကွန်ဒုံးဝယ်တယ်။
ဒါကို ဆေးဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်တယ်။
အဲ့ဒီလူရွယ်တစ်စုလည်း လိုက်သွားပြီး ကောင်မလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တယ်။
ဒီနှစ်ခုလုံးနဲ့ မင်းသား’ဂုဏ’ဆက်စပ်ဖို့ အကြောင်းဖန်လာတာကတော့…. (ဂုဏ ဆိုတာက ဂုဏ်ပေါ့ဗျာ)ကိုယ့်အမှားကြောင့်ပဲ ကိုယ့်ဘဝ ပျက်စီးသွားကြရတယ်။
အားလုံးဟာ ဝင်သက်နဲ့ ထွက်သက်ကြား တဒင်္ဂမျှသာ။
အကောင်း၊အဆိုး အားလုံးဟာ အံဝင်ခွင်ကျနဲ့ တိုက်ဆိုင်လာပြီး ဘဝဆိုတဲ့ ခဏတာအချိန်ဟာ ကုန်ဆုံးသွားကြကြောင်း မြင်ရမှာပါ။
(အလောတကြီးနဲ့ အညွန်းရေးလိုက်ရတာမို့ အညွန်းကတော့ ပေါ့ပျက်နေပါလိမ့်မယ်)
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Section 375 (2019)
⭐IMDB: 8.1/10 (16 k Votes)
🎬 #Bollywood #Crime #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 03 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
IMDb 8.4/10
Rotten Tomatoes 70%
Bollywood ကတော့ တစ်နှစ်ကို ပေါကားတွေလည်းထွက်သလို အမှန်အကန်အဖိုးတန်ကားတွေလည်းထွက်လေ့ရှိပါတယ်
အခုတင်ဆက်ပေးထားတဲ့ဇာတ်ကားကတော့ တကယ့်အဖိုးတန်ကားပါပဲ ရွှေလိုကားပါ
ဇာတ်ကားတစ်ကားလုံးမှာ တွေ့နေကျကုလားကားတွေလို က,ခုန်တာတွေ သီချင်းတွေ အပိုအက်ရှင်ခန်းတွေ တစ်ခုမှမပါဘဲ
အချိန် ၂ နာရီကုန်သွားမှန်းမသိရလောက်အောင်ကောင်းတဲ့ တကယ့်ဇာတ်ကားပါ
သရုပ်ဆောင်ငယ်ငယ်ချောချောတစ်ယောက်မှမပါဘဲ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့
အမှန်အကန် Crime, Drama ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကရှင်းပါတယ်
နာမည်ကြီးဒါရိုက်တာတစ်ယောက် သူ့အဖွဲ့က လက်ထောက်အဝတ်စားဒီဇိုင်နာကို
အဓမ္မပြုကျင့်လို့ဆိုပြီး တရားရင်ဆိုင်ရတာပါ
အဲ့ဒိဇာတ်ကို ဘယ်လိုစိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားသလဲဆိုတာ ကြည့်လိုက်ကြပါဦး
ကျွန်တော်တို့မြန်မာနိုင်ငံက တချို့ဖြစ်ရပ်တွေနဲ့လည်း သွားဆင်တူနိုင်တဲ့အခြေအနေလေးတွေပါနေပါတယ်
(တရားဥပဒေနှင့်ပတ်သတ်သည့်အသုံးနှုန်းများ ဘာသာပြန်လိုအပ်ချက်ပါရှိပါက သည်းခံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….

Asuran (2019)
⭐IMDB: 8.4/10 (31 k Votes)
🎬 #Action #Bollywood #Drama
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 19 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(Unicode)
Genre : Drama/Action
IMDb ratings : 8.9/10
ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),
VIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။
# အညွှန်း
အိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။
ငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ကျွန်တွေ ၊ အခိုင်းအစေတွေလို့ သဘောထားတယ်။
ဇာတ်နိမ့်သူတွေအဖြစ် လူရာမသွင်းကြပါဘူး။
ဒီဇာတ်ကားမှာလည်း မြေယာပြဿနာကို အခြေခံပြီး ရွာတစ်ရွာမှာရှိတဲ့ မိသားစု နှစ်ခုကြားက ကြီးမားတဲ့
လက်စားချေ ရန်ညှိုးဖွဲ့ သတ်ဖြတ်ကြပုံတွေကို တင်ဆက်ထားပါတယ်။
အိုဗာ အက်ရှင်တွေ မပါပါဘူး။
ဓားချင်းယှဉ်ခုတ်တာ ၊ လှံချင်းယှဉ်ထိုးတာတွေဟာ အသည်းယားစရာ ကောင်းလှတာကြောင့်
သွေးထွက်သံယိုပြကွက်တွေ ပေါပေါသီသီ ပါဝင်နေပါတယ်။
အရွယ်မရောက်သေးသူများ ၊ ကလေးသူငယ်များ အုပ်ထိန်းသူနှင့်အတူ (သို့မဟုတ်)
အုပ်ထိန်းသူ ခွင့်ပြုချက် ရမှ ကြည့်သင့်ပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
(Zawgyi)
Genre : Drama/Action
IMDb ratings : 8.9/10
ဒီတစ္ခါတင္ဆက္ေပးလိုက္တဲ့ ဇာတ္ကားကေတာ့ သုံးဘဝဇာတ္ကား (Anegan),
VIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှုိ့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။
# အၫႊန္း
အိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့
ပြႆနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီလိုပြႆနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။
ငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ကျွန်တွေ ၊ အခိုင်းအစေတွေလို့ သဘောထားတယ်။
ဇာတ်နိမ့်သူတွေအဖြစ် လူရာမသွင်းကြပါဘူး။
ဒီဇာတ်ကားမှာလည်း မြေယာပြႆနာကို အခြေခံပြီး ရွာတစ်ရွာမှာရှိတဲ့ မိသားစု နှစ်ခုကြားက ကြီးမားတဲ့
လက်စားချေ ရန်ညှုိးဖွဲ့ သတ်ဖြတ်ကြပုံတွေကို တင်ဆက်ထားပါတယ်။
အိုဗာ အက္ရွင္ေတြ မပါပါဘူး။
ဓါးချင်းယှဥ်ခုတ်တာ ၊ လှံချင်းယှဥ်ထိုးတာတွေဟာ အသည်းယားစရာ ကောင်းလှတာကြောင့်
သွေးထွက်သံယိုပြကွက်တွေ ပေါပေါသီသီ ပါဝင်နေပါတယ်။
အရွယ်မရောက်သေးသူများ ၊ ကလေးသူငယ်များ အုပ်ထိန်းသူနှင့်အတူ (သို့မဟုတ်)
အုပ်ထိန်းသူ ခွင့်ပြုချက် ရမှ ကြည့်သင့်ပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Entrails of a Virgin (1986)
⭐IMDB: 4.2/10 (1 k Votes)
🎬 #Adult #Horror #Sci-Fi #SciFi
🗓️ 1986 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 13 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Entrails of a Virgin (1986)
ဟိုအရင် သုံးကားတွဲ-ခြောက်ကားတွဲ-ရှစ်ကားတွဲ DVD တွေခေတ်ထတဲ့ကာလတုန်းက အာရှ NC အခွေတွဲတွေမှာ မကြာခဏပါလာတတ်တဲ့ ဇာတ်ကားတွေထဲ အပါအဝင်ဖြစ်တဲ့ကားတွေပါ။
Pink Film တွေကနေ Subgenre တစ်ခုအဖြစ် “Splatter-Eros” ဆိုပြီး ပွဲထွက်လာခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ကြမ်းတမ်းရက်စက်တဲ့ အခုတ်အထစ်အသတ်အဖြတ်တွေကို ညစ်ညမ်းမှုနဲ့ရောစပ်သမထားတဲ့ ဇာတ်ကားမျိုးတွေပါပဲ။ ရုံတင်စဉ်ကနဲ့ တချို့အခွေတွေမှာတော့ ဝါးပြီး ဆင်ဆာဖြတ်ထားပေမယ့် အခုကားတွေမှာတော့ ကြည်တောက်ရှင်းဖြစ်ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ဓာတ်ပုံဆရာတစ်စုဟာ မော်ဒယ်တွေနဲ့အတူတောထဲမှာ ရိုက်ကွင်းထွက်ကြပါတယ်၊ သူတို့အချင်းချင်းကြားမှာလဲ ဂုဏ်အရှိန်အဝါ၊ နာမည်ကျော်ကြားမှု၊ မနာလိုဝန်တိုခြင်းတွေနဲ့ အပြိုင်အဆိုင်တွေရှိနေကြပါတယ်။ အဲ့ဒီကနေအပြန်လမ်းမှာတော့ မြူတွေကြောင့် မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပြီး လမ်းမှာတွေ့တဲ့ဆောက်လက်စအဆောက်အဦးတစ်ခုမှာ ဝင်ခိုရာကနေ တောအုပ်ထဲက နိုးထလာတဲ့၊ အညစ်အကြေးတွေ ဖုံးလွှမ်းနေတဲ့ မိစ္ဆာကောင်တစ်ကောင်ရဲ့ တစ်ယောက်ချင်းလိုက်လံသတ်ဖြတ်မှုကိုခံရပါတော့တယ်။
ကြမ်းတမ်းရက်စက်တဲ့ အသတ်အဖြတ်တွေနဲ့ ပွင့်လင်းတဲ့လိင်ဆက်ဆံခန်းတွေ တစ်ကားလုံးနီးပါးပါဝင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)