ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Warriors (1979) ⭐TMDB: 77% User Score 🎬 #Action #Crime #Thriller 🗓 1979 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက​တော့ New york မြို့ရဲ့ ဂိုဏ်းတစ်ခုက အာဏာရှိတဲ့ ဂိုဏ်း​ခေါင်း​ဆောင်တစ်​ယောက်ကို သတ်မှုနဲ့ စွပ်စွဲခံရတဲ့အ​​ကြောင်းပဲဖြစ်ပါတယ်။ Warriors လို့​ခေါ်တဲ့ စစ်သည်ဂိုဏ်းဟာသူတို့ အိမ်အပြန်လမ်းမှာ ပြိုင်ဘက် ဂိုဏ်းအဖွဲ့​တွေ ရဲ​တွေလက်က​​နေ ဘယ်လိုအတာအစီး​တွေကို​ကျော်ဖြတ်ရသလဲဆိုတာပြသထားပါတယ်။ ဒီဇာတ်ကားမှာ ဂိုဏ်း​တွေရဲ့ တိုက်ခိုက်မှု​တွေ ဓ​လေ့​တွေအပြင် ဂိုဏ်းသား​တွေရဲ့ သစ္စာရှိမှု ရှင်သန်ဖို့ရုန်းကန်မှု​တွေကိုဘယ်လိုပြသထားသလဲဆိုတာကို​တော့ ဇာတ်ကား​လေးထဲမှကြည့်ရှူ့ကြပါဦးခင်ဗျာ။
...

Abnormal: Buas (2024) ⭐IMDB: 5.3/10 (18 Votes) 🎬 #Action #Crime #Horror #Thriller 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 26 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abnormal: Buas (2024) E1 အဖွဲ့ဟာ အကျင့်ပျက်ခြစားတဲ့ နိုင်ငံခေါင်းဆောင်တွေကို သုတ်သင်ဖို့စွမ်းအားမြင့်လူသားများကို ဖန်တီးလိုက်ပါတယ်.. ဒါပေမယ့် ဒီလူတွေကိုသူတို့ကိုယ်တိုင်တောင်မထိန်းချုပ်နိုင်ကြတော့ပါဘူး.. တစ်နေ့မှာ စိတ္တဇဖြစ်နေတဲ့စွမ်းအားမြင့်လူသားတစ်ယောက်ကိုအကျဥ်းထောင်ရွှေ့ပြောင်းရင် ယာဥ်မတော်တဆမှုကြောင့် လွတ်မြောက်သွားခဲ့ပါတယ်.. စိတ္တဇဖြစ်နေတဲ့စွမ်းအားမြင့်လူသားဟာအနီးအနားအိမ်က အိမ်ရှင်တွေကိုသတ်ဖြတ်ပြီး ကျန်ခဲ့တဲ့ကလေးနဲ့အတူ ထိုအိမ်မှာသာမန်အတိုင်းနေထိုင်နေပါတယ်.. ဖြစ်ချင်တော့ အဲဒီအိမ်ကိုတစ်နေ့ သူခိုးကပ်ရာ စွမ်းအားမြင့်လူသားတစ်ယောက်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်တွေ့ရမဲ့အပြင် အထိန်းအချုပ်မဲ့နေတဲ့စွမ်းအားမြင့်လူသားတစ်ယောက်ကို ဘယ်လို၀ိုင်း၀န်းရှင်းလင်းကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ပဲဖြစ်ပါတယ်။)
...

Dog Park (2017) ⭐IMDB: 4.7/10 (127 Votes) 🎬 #Comedy #Romance 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခွေးကလေးတွေကို ဆော့ခိုင်းတာ၊ ပိုင်ရှင်တွေကခွေးကလေးတွေနဲ့အတူ လမ်းလျှောက်တာ၊ အပန်းဖြေကြတာမျိုးလုပ်ကြတဲ့ ပါပီပန်းခြံကနေ အချစ်ဇာတ်လမ်းလေးတစ်ခုစတင်လာပါတယ် နစ်ခ်တစ်ယောက် ရည်းစားနဲ့ပြတ်လို့ ဘူနေတဲ့အချိန် အဲဒီရည်းစားက‌ သူခရီးသွားတဲ့အချိန်အတွင်း သူ့ရဲ့ခွေးကိုထိန်းထားဖို့ နစ်ခ်ကိုအပ်ခဲ့ပါတယ် အဲဒီတော့နစ်ခ်လည်း အသဲကွဲရင်း ခွေးကျောင်းရင်းနဲ့ပဲ နောက်ဇာတ်လမ်းသစ်‌တွေရှာပါတော့တယ် ပန်းခြံကိုလာတဲ့ ခွေးမေမေတွေကို ဇာတ်လမ်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး ဖုန်းနံပါတ်တောင်းတယ် ဒိတ်ဖို့ချိန်းတယ် အကြိမ်ကြိမ်ကြိုးစားပြီးတဲ့နောက် ဂျက်စမင်လို့ခေါ်တဲ့ အပြုံးလှလှနဲ့ ကောင်မလေးကိုတွေ့ခဲ့ရပါတယ် ကိုလူရိုးကြီးနစ်ခ်တစ်ယောက် သူ့ရဲ့ကိုရို့ကားယား လှည့်ကွက်တွေနဲ့ အချစ်ဇာတ်လမ်းသစ်ကိုအောင်မြင်စွာစနိုင်ပါ့မလား ဘာတွေကြုံရဆုံရဦးမလဲကိုတော့ ပါပီလေးတို့ပန်းခြံမှာပဲ အဖြေရှာကြည့်လိုက်ပါ ပေ့ါပေါ့ပါးပါးနဲစိတ်အပန်းပြေအောင် ကြည့်သင့်တဲ့ comedy, romance ကားလေးမို့ တင်ဆက်ပေးလိုက်ရပါတယ်
...

Go for Broke (2024) ⭐IMDB: 5.9/10 (94 Votes) 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 56 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ ထိုင်းနိုင်ငံနယ်စပ်မြို့လေးကို အခြေခံရိုက်ကူးထားတဲ့Go for Brokeဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆို…နည်းပညာတွေတင်မက AI က လူတွေနေရာကို ဝင်ယူလောက်တဲ့အထိတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်ဘဝကို ဖျက်စီးဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ…ဒီကားထဲမှာ ကိုယ့်ဆန္ဒမပါဘဲ မူးယစ်သားကောင်ဖြစ်သွားတဲ့ လူတချို့နဲ့သူတို့မိသားစုဝင်တွေရဲ့ ဘဝစာမျက်နှာတချို့ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဇာတ်လိုက် ကျန်းယောက်က တစ်ချိန်က စစ်သားတစ်ဦးပေါ…သူက စစ်တပ်ကထွက်ပြီး သင်္ဘောပေါ်လိုက်ခဲ့ပေမယ့်…ပြန်အလာမှာတော့ သမီးလေးလည်း ဆုံး…မိန်းမလည်း ဆေးစွဲပြီး သူ့ရှေ့တင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်… ဒီလိုနဲ့ သူအဖမ်းခံရတော့ အန်တုဆိုတဲ့ ရဲအရာရှိနဲ့ဆုံပြီး…မူးယစ်ဘုရင် မုခွန်ရဲ့ ပျောက်ဆုံးနေတဲ့ သား ရှားဝမ်အဖြစ်သူဘဝဇာတ်ခုံပေါ်ပြန်ရောက်ခဲ့တယ်…ဒီတော့ ဘာဖြစ်မယ်ဆိုတာ သိသာပါတယ်… ရှားဝမ်အဖြစ် သူကသက်သေတွေစုပြီးအန်းတုနဲ့ပူးပေါင်း ဖမ်းဆီးမယ်ပေါ့…ကဲ ထင်ထားတဲ့အတိုင်းဖြစ်မှာလား..ကြားထဲ ဘယ်လိုလှည့်ကွက်တွေရှိဦးမှာလဲ…ဇာတ်လမ်းလေးကို ကြည့်လိုက်ကြရအောင်
...

Land of Broken Hearts (2024) ⭐IMDB: 6.9/10 (102 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 41 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ရုပ်ရှင်ပဲ ကြည့်ချင်တဲ့သူတွေအတွက် စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဟွမ်ကျန့်ခိုင်းဟာ သူ့ကိုယ်သူ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာရှင်သန်နေတယ်လို့ထင်နေပါတယ်။ သူ့ဘဝရုပ်ရှင်မှာ မွေးကတည်းကဇာတ်ညွှန်းရှိပြီးသား သူဘာမှ မပြောင်းလဲနိုင်ဘူး။ဇာတ်ညွှန်းအတိုင်းပဲ တစ်နေ့ပြီးတစ်နေ့ ဘဝကို ဖြတ်သန်းရမယ်လို့ ထင်နေပါတယ်။ဒါပေမဲ့ ဒါကို မကျေနပ်တဲ့သူက အိမ်အသစ်ပြောင်းပြီးဆံပင်အရောင်အသစ်ဆိုးပြီး ဘဝသစ်ကို စဖို့ ကြိုးစားနေပါတယ်။ အိမ်အသစ်မှာ ထူးဆန်းတဲ့ သူနဲ့ အိမ်အတူငှားနေတဲ့ လီရှောင်လဲ့နဲ့တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ဘဝမှာ ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။အဲဒီ နာမည် ၁၀ ခုကျော်လောက်ရှိပြီး စကားအခွန်းတိုင်းမှာအလိမ်အညာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးရဲ့ဘဝကို သူအားကျမိခဲ့ပါတယ်။အချင်းချင်း ဘယ်သူမှန်း မသိပေမဲ့ အချင်းချင်း နားအလည်ဆုံးလူ ဖြစ်ခဲ့ပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်း သူက လီရှောင်လဲ့ရဲ့ အကြောင်းကို ပိုပိုသိချင်လာပြီးလီရှောင်လဲ့ကတော့ ရှောင်ပြေးသွားခဲ့ပါတယ်။ အချစ်က ဘာလဲဆိုတာကိုသိချင်နေတဲ့ သူတို့နှစ်ယောက် အချစ်ကို ရှာတွေ့သွားမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Wonderful Youth (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့ဘတ်စကက်ဘောအိပ်မက်ဟာအရမ်းကိုရူးသွပ်ပြီးခိုင်မာတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကိုမှီငြိမ်းပြီးရိုက်ထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်။ ဘတ်စကက်ဘောကိုချစ်တဲ့ရှောင်းယွီဖန်ဟာ နယ်မြို့လေးမှာအလယ်တန်းအောင်ပြီးတော့ မြို့ကြီးကိုတက်ပြီးအထက်တန်းတက်ရတဲ့အခါသူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘတ်စကက်ဘောအားကစားချန်ပီယံဖြစ်ဖို့ရာအတွက်ကျောင်းဘတ်စကက်ဘောအသင်းကိုဝင်နိုင်ဖို့ နည်းလမ်းစုံကြိုးစားရပါတယ်။ အစပိုင်းမှာခက်ခဲပေမယ့် အခွင့်အရေးကြုံတော့ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။လူငယ်သဘာဝ စိတ်ဆတ်ကြတဲ့အတွက် အဖုအထစ်လေးတွေနဲ့အဆင်မပြေမှုတွေရှိခဲ့ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ အထင်လွဲတာတွေရှင်းသွားပြီးတော့ သူငယ်ချင်းသံယောဇဉ်တွေဖြစ်လာကြပြီးအားလုံးအတူနိုင်ငံအဆင့်ချန်ပီယံဖြစ်ဖို့အစွမ်းကုန်ကြိုးစားကြတဲ့ဘဝခရီးအကြောင်းလေးဖြစ်ပါတယ်။အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်း တူညီတဲ့အိပ်မက်အတွက်နုပျိုဆန်းကြယ်တဲ့အထက်တန်းကျောင်းသားလေးတွေရဲ့အင်အားနဲ့ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားသွားတဲ့လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။
...

The Cider House Rules (1999) ⭐TMDB: 70% User Score 🎬 #Drama #Romance 🗓 1999 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်ကာလတုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ ဒေါက်တာလာ့ခ်ျဟာ ကြီးကြပ်တာဝန်ယူခဲ့တယ် သူ့ရဲ့ဂေဟာမှာ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ဟာ နှစ်ခါတောင် ဂေဟာပြန်ပို့ခံရတယ် ဒီလိုနဲ့ အဲ့ဒီကလေးကို သူပဲမွေးခဲ့ရတယ် အဲ့ဒီကောင်လေး အရွယ်ရောက်လာပြီး တကယ့်လောကကြီးထဲ ထွက်ခွာချင်လာတဲ့အခါ အပြင်လောကကြီးက ကောင်လေးအတွက် ဘယ်လိုအတွေ့အကြုံတွေ ပေးမှာလဲ ကျန်ခဲ့တဲ့ ဒေါက်တာလာ့ချ်နဲ့ ဂေဟာကလူတွေကရော ဘယ်လိုတွေဖြစ်ကြမှာလဲလူငယ်တစ်ယောက်ရဲ့ စွန့်စားစိန်ခေါ်ချင်မှု… မိဘဘက်က သားသမီးကို တစ်ယောက်တည်း လောကကြီးထဲ လွှတ်လိုက်ရတဲ့အခါ ဖြစ်ရတဲ့ စိတ်ပူပန်မှု… ဒီလိုမျိုး ၅၂၈ မေတ္တာကို အခု‌ဇာတ်ကားလေးက လှလှပပလေး ဖော်ကြူးပေးထားပါတယ် ဒါ့အပြင် ကိုယ်ဝန်ဖျက်ချတာဟာ လုပ်သင့်ရဲ့လား? အချို့အခြေအနေတွေမှာ ကိုယ်ဝန်မဖျက်ချပေးရင်ရော တကယ်ကောင်းကျိုးဖြစ်မှာမို့လို့လား? မိဘမဲ့ဖြစ်လာတဲ့ ကလေးလေးတွေရဲ့ ခံစားချက်တွေ စတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း စိန်ခေါ်ပြီး ရိုက်ကူးထားပါသေးတယ် ဇာတ်ကားလေးက အေးအေးလေးနဲ့ ရင်ထဲခံစားရအောင် ခေါ်ဆောင်ပေးသွားမှာမို့ စီးမျောလိုက်ပါပေးကြပါဦးနော်
...

One True Thing (1998) ⭐TMDB: 65% User Score 🎬 #Drama #Romance 🗓 1998 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ Family အမျိုးစားလေးဖြစ်ပါတယ် အယ်လန်က နယူးယော့ခ်မြို့သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ ဆောင်းပါးရေးတဲ့သူတစ်ယောက်ပေါ့ တစ်ရက်တော့သူ့သူငယ်ချင်းဖြစ်သူနဲ့အတူ အိမ်ပြန်လာခဲ့တယ် သူ့မှာအမုန်းဆုံးတစ်ချက်ရှိတယ် အဲ့ဒါသူ့အမေလိုရှင်သန်တဲ့ပုံစံပဲ သူမကတစ်နေကုန်အိမ်မှာပဲ ဝေယျဝေစွတွေလုပ်ရတာအရမ်းမုန်းခဲ့တယ် သို့ပေမဲ့သူနယူးယော့ခ်ကိုမပြန်ခင် သူ့အမေမှာ ကင်ဆာရောဂါဖြစ်ခဲ့တယ် အဲ့တော့အဖေဖြစ်သူဂျော့ဂျ်ဟာသူ့ကိုအိမ်မှာပါလာပြီး အမေကိုပြုစုပေးဖို့ပြောတယ် အဲ့လိုနဲ့အယ်လန်လည်းသူမလုပ်ချင်မနေချင်တဲ့နေထိုင်ရတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမှာမလဲ ဖခင်နဲ့လည်းအဆင်မပြေဖြစ်လာတဲ့အခါမှာ ဒီဇာတ်လမ်းလေးကပေးမယ့်ရသကဘာလဲ စောင့်မျှာ်ကြည့်ရှူပေးကြပါဦး
...

Peeping Tom (1960) ⭐TMDB: 74% User Score 🎬 #Drama #Horror #Thriller 🗓 1960 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Rumble Fish (1983) ⭐TMDB: 70% User Score 🎬 #Crime #Drama #Romance 🗓 1983 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကို ရိုက်ထားတဲ့ director ကတော့ တခြားမဟုတ်ဘဲ The Godfather trilogy ကို ရိုက်ကူးပေးခဲ့တဲ့ Francis Ford Coppola ပဲ ဖြစ်ပါတယ်။ S. E. Hinton ရဲ့ Rumble fish ဆိုတဲ့ ၀တ္ထုကိုပဲ ပြန်ရိုက်ထားပြီးတော့ cinematography မှာလည်း အတော်လေး ထူးခြားတဲ့ကားကောင်းတစ်ကားပါ။ ဘယ်လိုမျိုးထူးခြားလဲဆိုတော့ သူ့အခေတ်အခါမှာရော အခုခေတ်အခါမှာပါ တွေ့ရနည်းတဲ့ camera ရှုထောင့်တွေကနေ creative ဖြစ်ဖြစ်ပဲ ရိုက်ကူးပေးထားပါတယ်။ close up ရိုက်ချက်တွေဆိုရင် ကျွန်တော့်အတွက်တော့ တော်တော်လေး unique ဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် အပေါ်က ပင့်ရိုက်တာတွေ အောက်ကပင့်ရိုက်တာတွေက ကြည့်ရတာ တစ်မျိုးကြီးလို့ ခံစားရပေမယ့် သဘောကျမိတာတော့ အမှန်ပဲဗျ။ Main character အနေနဲ့က‌တော့ ဂျစ်ကန်ကန်ပေါ့ပျက်ပျက်နေတတ်တဲ့ လူငယ်တစ်‌ေယာက်လည်းဖြစ်၊ အကိုဖြစ်သူရဲ့ ကျော်ကြားမှုတွေ လွှမ်းမိုးခဲထားရတဲ့ ညီတစ်ယောက်လည်းဖြစ်တဲ့ Rusty James ဇာတ်ကောင်ကို Matt Dillon က သရုပ်ဆောင်ထားပြီးတော့… သူ့ရဲ့အကို လူထူးဆန်းလည်းဖြစ်တဲ့ Motorcycle boy အနေနဲ့ Mickey Rourke က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့အချစ်တော်ကြီး Nic Cage ကလည်း support character အနေနဲ့ ပါထားပါသေးတယ်။ screen time တော့နည်းပေမယ့် ဘဲကြီးတာ၀န်ကျေကျေပဲ ရှယ်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ကိုယ့်ဘာသာကြည့်ရင်း feel သင့်တဲ့ကားမလို့ ကိုယ်တိုင် သေချာခံစားပြီး ကြည့်လိုက်ပါလို့ပဲပြောချင်ပါတယ်။ Plot ကအရမ်းကြီးမရှုပ်ထွေးပေမယ့် philosophy ဆန်ဆန် ကားကောင်းတစ်ကားဖြစ်တာမလို့ CM ပရိတ်သတ်ကြီး ကော်ဖီလေးတစ်ခွက်‌ေလာက်ထဖျော်ပြီး ‌‌ေကာ်ဖီ‌‌ေလးအရသာခံရင်း chill လို့ရပါပြီခင်ဗျာ… (For parents: Nudity အနည်းငယ်ပါသည်)
...

Fireflies in the Garden (2008) ⭐TMDB: 62% User Score 🎬 #Drama 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့်အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။– ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံ...

My Penguin Friend (2024) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Drama #Family #Adventure 🗓 2024 🎞 movie 🌎 #Brazil #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Penguin Friend (2024) IMDb Rating (6.9) / Rotten Tomatoes (85%) ၂၀၁၈ ဝန်းကျင်က အွန်လိုင်းမှာပြန့်ခဲ့တဲ့ ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်။ အသက်သခင်ကိုမမေ့တဲ့ပင်ဂွင်းလေးအကြောင်းဆိုတာကိုမှတ်မိကြဦးမှာပါ။ ကမ်းခြေမှာဆီတွေရွှဲပြီး သေလုနီးပါးဖြစ်နေတဲ့ ပင်ဂွင်းငှက်ကလေးကို ကယ်တင်ခဲ့တဲ့ တံငါသည်အဘိုးအိုတစ်ယောက်၊ သူကယ်တင်ခဲ့တဲ့ငှက်လေးဟာ တစ်နှစ်ကိုတစ်ကြိမ် မိုင်ပေါင်းများစွာခရီးနှင်ပြီး သူ့ဆီကိုပြန်လာလည်တတ်တဲ့အကြောင်းပါ။ ဒီဇာတ်ကားကတော့ အဲ့ဒီအဖြစ်မှန်အပေါ်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Inspired by ဖြစ်တဲ့အတွက် ထပ်ပြီးစိတ်ကူးကွန့်မြူးထားတာလေးတွေပါဝင်ပါတယ်။ တံငါသည်အဘိုးအို ဂျွန်အဖြစ် ပရိသတ်တွေနဲ့စိမ်းမှာမဟုတ်တဲ့ ဝါရင့်မင်းသားကြီး Jean Reno (Léon: The Professional) ကပါဝင်ထားတာပါ။ ဆက်သွယ်ပြောဆိုစရာ ဘာသာစကားကြားခံမရှိတဲ့ လူတစ်ယောက်နဲ့ပင်ဂွင်းငှက်လေးတစ်ကောင်ကြားက ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်ကို ကြွတက်လာအောင် ပုံဖော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပြီး တိချစ်သူတွေ၊ စိတ်နုသူတွေအတွက် မျက်ရည်လည်ကြည်နူးရမယ့်ချစ်စရာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Getting Any? (1995) ⭐TMDB: 57% User Score 🎬 #Comedy 🗓 1995 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Getting Any? (1994) ~ IMDb – 6.1/10, Rotten Tomatoes – 59% ~ နှာဘူးကြီးတစ်ယောက် အကြောင်းရိုက်ထားတဲ့ ဂျပန်ကားပါ။ အောကားထဲက စော်ဘုလို့ရတဲ့နည်းလမ်းတွေကို အတည်မှတ်ပြီး တကယ်လုပ်ဖို့ ကြိုးစားရင်း ယာကူဇာထဲရောက်လိုရောက် ကိုယ်ပျောက်လိုပျောက်ဖြစ်ကုန်တော့တာပါပဲ။ ခင်ဗျားတို့ သွားသွားကြည့်နေတဲ့ ဇာတ်ကားတွေထဲက ရေချိုးခန်းထဲကို ကိုယ်ပျောက်ပြီး ဝင်ချောင်းတာမျိုးလည်း ပါပါသေးတယ်။ ကားရှိရင် စော်ဘုလို့ရတယ်လို့ အကြံရပြီး အဘိုးကိုရောင်းစား အမိုးဖွင့်ကားဝယ်တဲ့လူပါ။ သူ့ရဲ့ဘူးခရီးစဉ်ကို ပြောင်တောင်တောင်နောက်တောက်တောက် ပေါပေါပုံစံနဲ့ တင်ဆက်ထားပါတယ်။ တခြားဘာမှမကြည့်ဘဲ ရယ်ဖို့သက်သက်ကြည့်မယ်ဆိုရင်တော့ ဒီကားကိုကြည့်လိုက်ပါတော့။ တချို့အခန်းတွေကတော့ ၁၈ ပက်လက်တွေပါလို့ ရယ်မယ်ဆိုလည်း တစ်ယောက်တည်း ခိုးရယ်ကြဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Pepe (2024) ⭐IMDB: 8.5/10 (409 Votes) 🎬 #Bollywood #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pepe (2024) “သွေးကြွေး” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါးသည်းထိပ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အဖေဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် အမေတစ်ခုသားတစ်ခုရယ်နဲ့ ရှင်သန်နေရတဲ့ သားတစ်ယောက်။အမေဖြစ်သူရော ချစ်သူရောက ခက်ထန်ကြမ်းတမ်းတဲ့သူ့ကို ရန်မဖြစ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းနေရတာပါ။ရေအောက်မှာရှိနေတဲ့ နတ်ဆိုးပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုကြောင့် ကျိန်စာသင့်နေတဲ့စမ်းချောင်းကို ကာကွယ်ရမယ်ဆိုတဲ့သူသေချာနားမလည်တဲ့ အမှာစကားတစ်ခု။ လူတစ်စုက နိုင်ထက်စီးနင်းနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်လာတဲ့အခါ လက်ရဲဇက်ရဲနိုင်တဲ့လူတစ်ယောက် အမေနဲ့ချစ်သူစကားကိုဆန့်ကျင်ပြီး တွန်းလှန်မှာလား။ အတိတ်ကလျှို့ဝှက်ထားတဲ့အရာတွေကိုရော ဘယ်လိုသိလာရမလဲဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Shin Godzilla (2016) ⭐IMDB: 6.8/10 (39 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction #Drama #Horror #SciFi 🗓 2016 🎞 movie 🌎 #Japan ⏰ 2 နာရီ 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့်လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။ ဒီကားလေးရဲ့အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့ Shinji Higuchi တို့နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။ IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ဒီဇတ်ကားရဲ့ အကြောင်းက ဂေါ်ဇီလာကြီး မြို့ထဲဝင်လာတယ်ပေါ့ (Overtine ကြော်ငြာမဟုတ်ပါ) ဂျပန်နိုင်ငံထဲကို မြစ်ထဲက ဂေါ်ဇီလာ တက်လာတာကနေဇတ်လမ်းအပျိုးထားပါတယ်။ ဂေါ်ဇီလာအဆင့်ဆင့်ပြောင်းလဲ ပုံကို animation ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်။ တော်တော်မိုက်တယ်ဂေါ်ဇီလာ ရေထဲကနေ ကုန်းပေါ်တက်လာတယ့် အချိန်မှာ ကုန်ပေါ်မှာ ဘယ်လိုတွေပြောင်းလဲသွားတယ်ဆိုတာ သဘာဝဆန်ဆန် စဉ်းစားပြီးရိုက်ထားတာပါ။ ဂေါ်ဇီလာရဲ့ ဇီဝစရိုက် သဘာဝတွေကိုပါ တစ်ဆင့်ခြင်းပြထားတာတွေ့ရပါတယ်။အပြင်မှာ ဂေါ်ဇီလာတစ်ကယ်ရှိခဲ့လားမသိပေမယ့် ဒီထဲမှာတော့ သက်ရှိ ဂေါ်ဇီလာ တစ်ကောင်အလားတွေ့ရပါတယ်။ ဂေါ်ဇီလာဝင်လာတော့ ဂျပန်နိုင်ငံ ရဲ့စနစ်ကျတယ့် အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရေးအစီစဉ်တွေ ကို စည်းစနစ်တစ်ကျ လုပ်ဆောင်သွားတာတွေ့ရပါတယ်။ သဘာဝကပ်ဘေး တွေ့တာနဲ့ချက်ချင်း အစိုးရတာဝန်ယူထားတယ့် လူကြီးပိုင်း တွေ ကိုယ်တွယ်ဖြေရှင်းပုံအဆင့်ဆင့်က အားရကျေနပ်စရာတကယ်ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ဆိုးကျိုးက ဂျပန်နိုင်ငံကို အခုထိအောင်ရိုက်ခိုက်နေပြီးနိုင်ငံရဲ့ စစ်တပ်အင်အားကို လိုသလိုသုံးခွင့်မရတယ့်အကျိုးဆက်တွေ ကိုလဲ မီးမှောင်းထိုးပြထားပါတယ်။နောက်ဆုံး ဂျပန်မဟာမိတ် ဖြစ်တယ့် အမေရိကန်ကို အကူညီလှမ်းတောင်းရပါတယ်။ အဲ့ဒီမှာ ပြည်ပကိုအားမကိုးဘဲ ကိုယ်အားကိုယ်ကိုးပြီး လုပ်ချင်တယ့်ဘုကလန့် အစိုးရအရာရှိတစ်ယောက်က စပြီးဖောက်ထွက်ဖို့လုပ်ပါတယ်။ သူက အစိုးရဝန်ကြီးဌာနတွေ က ကြောင်တောင်တောင် ၊ထူူးထူးဆန်းဆန်း ၊ ထူးခြားတယ့်ပင်ကိုယ်စရိုက် ရှိတယ့် သူတွေ ကိုစုလိုက်ပြီး အဖွဲ့တစ်ခုဖွဲ့ပြီး ဂေါ်ဇီလာကို ပြန်တိုက်ဖို့စီမံကိန်း စလုပ်ပါတယ်။ ဘယ်လိုမှလုပ်လို့မရ ဝန်ကြီး ချုပ်အစိုးရအဖွဲ့တွေအားလုံးသေသွား ကုလသမဂ္ဂ ဦးဆောင်တယ့် နိုင်ငံတကာ အဖွဲ့တွေကတစ်ယောက်တစ်ပေါက် ဝိုင်း ဆေးထိုးကြတယ်။ နောက်ဆုံး ဘယ်လိုမှမတက်နိုင်တယ့် အဆုံး တိုကျိုကို နူဗုံးကျဲချဖို့သဘောတူလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ လူထူးခြားတွေ စုထားတယ့် အဖွဲ့က တန်ပြန်တိုက်ဖို့အစီစဉ်ဘယ်လိုတွေ လုပ်ပြီး ၊ ဂေါ်ဇီလာကြီးကိုရောရပ်တန့်နိုင်မှလား တိုကျိုပြာကျသွားမှလားဆိုတာ ဇတ်ကားထဲမှာ အားလုံးကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ ဒီကားက ၁၉၉၅ တုန်းကရိုက်ခဲ့တယ့် အင်္ဂလိပ် ဂေါ်ဇီလာကားလိုဘဲ ငွေကြေးအကုန်အကျ အများကြီးသုံးပြီ ရိုက်ခဲ့တာပါ။ Animation သုံးထားပုံတွေ ကလမ်းကောင်းပါတယ်၊ ဝေဖန်ရေးဆရာတွေကတော့ animation တွေအရမ်းသုံးထားပြီးကြည့်လို့ကောင်းတယ့် ဇတ်ကားပေမယ့် ဇာတ်လမ်းပိုင်းမှာတော့ အမေရိကန်တစ်ယောက်ထက် ဂျပန်တစ်ယောက် ပိုပြီးခံစားတက်လိမ့်မယ်လို့ရေးထားခဲ့ပါတယ်။ တစ်ခြား ဂျပန်ကားတော်တော်များများက အခုတီဗီမှာလာနေတယ့် ဂျပန်ဇတ်လမ်းတွဲတွေ ကခံစားလို့မရတာများပါတယ် တစ်ခြားဟာတွေ အားလုံးကောင်းပြီး ဇတ်လမ်းပိုင်းက over ဖြစ်သလိုလို တွေ တော့ရှိပါတယ်။ ဒီကားမှာတော့ အလိုတွေ သိပ်မတွေ့ရပါဘူး။ဒီကားကို ဂျပန်နိုင်ငံမှာ promotion လုပ်တော့ ကြော်ငြာ ပိုစတာက ၃၈၉ပေရှည်အောင်လုပ်ထားခဲ့ပါတယ်။ ခြုံပြီးပြောရရင် ဒီကားကကြည့်လို့ကောင်းတယ့်ကားထဲမှာပါပါတယ်။
...

English Teacher (2024) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Comedy 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးချင်တာကတော့ English Teacher ဆိုတဲ့ Comedy Drama series လေးကိုတင်ဆက်ပေးချင်ပါတယ်IMDB rating – 7/10 ရရှိထားပါတယ် အီဗန်မားကွက်ဟာ တက္ကဆက်ပြည်နယ်အော်စတင်မြို့က အထက်တန်းကျောင်းမှအင်္ဂလိပ်စာဆရယတစ်ယောက်ဖြစ်ပါတယ် ပြီးတော့ သူဟာ”ဂေး”တစ်ယောက်လည်းဖြစ်ပါတယ် သူဟာစည်းကမ်းတကျစာအုပ်အကြီးအတိုင်းလုပ်တတ်တဲ့သူဖြစ်ပါတယ် အဲ့ဒါကြောင့်လည်း မကြာခဏပြဿနာတက်ရလေ့ရှိပါတယ် ကျောင်းမှာ သူနဲ့ခင်တဲ့ဆရာအုပ်စုလည်းရှိပါတယ် အဲ့ထဲက “ဂွမ်”ကတော့ သူနဲ့အခင်ဆုံးသူပေါ့ “ဂွမ်”က သမိုင်းဆရာမတစ်ယောက်ပါ ​နောက်ထပ်အီဗန်ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အားကစားနည်းပြမာကီပါ ဒီစီးရီးတစ်လျှောက်မှာ အီဗန်နဲ့သူ့ရဲ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေက ကျောင်းသားတွေနဲ့မိဘတွေရဲ့တောင်းဆိုချက်တွေကို မျှတအောင်ဘယ်လိုမျိုးကြိုးစားလုပ်ပေးကြမလဲဆိုတာကိုကြည့်ရှုရမှာပါ နောက်ပြီး အီဗန်တစ်ယောက်ပြဿနာတွေကြုံလာတဲ့အခါ သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ အတွေးလွန်ပြီးစာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့အီဗန်ရော ဘယ်လိုအလွဲတွေဖြစ်မလဲဆိုတာကိုလည်း ဟာသဆန်ဆန်တွေ့ရဦးမှာပါ
...

Harta Tahta Raisa (2024) ⭐IMDB: 2.9/10 (47 Votes) 🎬 #Documentary #Music #Biography 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 52 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Harta Tahta Raisa (2024) Raisa Andriana ဆိုသူ အင်ဒိုနီးရှားက အဆိုတော်မလေးရဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ်Billboard chart တွေမှာလည်း ချိတ်ခဲ့တဲ့အပြင် အင်ဒိုနီးရှားက GBK Stadium ဆိုတဲ့လူဦးရေ ၇၇၀၀၀ ဆံ့တဲ့ ကွင်းကြီးထဲမှာ ကွင်းလုံးပြည့် concert လုပ်နိုင်ခဲ့တဲ့ပထမဆုံးအမျိုးသမီးတစ်ကိုယ်တော်အဆိုရှင် ဖြစ်လာတဲ့ ကောင်မလေးရဲ့အကြောင်းဖြစ်ပြီးသူငယ်ငယ်ကတည်းက ဂီတနောက်ကိုလိုက်ခဲ့ပုံ သူ့နားမှာ အားပေးထောက်ခံကူညီခဲ့တဲ့လူတွေအကြောင်း၊အင်ဒိုနီးရှား popstar တစ်ယောက်ရဲ့ အနုပညာခရီး၊ သမီးတစ်ယောက်၊ မိခင်တစ်ယောက်၊ဇနီးတစ်ယောက်နဲ့ အဆိုရှင်ဖြစ်လာဖို့ အိပ်မက်မက်သူတစ်ယောက်အဖြစ် သူဖြတ်သန်းခဲ့ရတဲ့ဘဝခရီးကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe ဖြစ်ပါတယ်
...

The Hills Have Eyes (2006) ⭐TMDB: 64% User Score 🎬 #Horror #Thriller 🗓 2006 🎞 movie 🌎 #France #Romania #USA #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Horror ရုပ်ရှင်ကတော့ ၁၉၇၇ ကတည်းက နာမည်ကြီးခဲ့တဲ့ ဂန္ဓာဝင်ကားတစ်ခုကို ပြန်လည်ရိုက်ကူးထားတာပါ။မူလရုပ်ရှင်လိုပဲ အောင်မြင်မှုတွေ ရခဲ့ပါတယ်။လူသူမရှိတဲ့ ကန္တာရလိုနယ်မြေတစ်ခုထဲကို ရောက်ရှိသွားမိတဲ့ မိသားစုတစ်စုဟာလူသားပုံပျက်နေတဲ့ စိတ္တဇအဖွဲ့တစ်ခုရဲ့ လိုက်လံသတ်ဖြတ်ခြင်းလက်ကနေ အလွတ်ရုန်းဖို့ ကြိုးစားရတဲ့ဇာတ်လမ်းပါ။ဇာတ်လမ်း၊ ရိုက်ကူးချက်၊ သရုပ်ဆောင် အားလုံးကောင်းမွန်ပါတယ်။ဟော်ရာကြိုက်သူတွေ နှစ်ခြိုက်မှာဖြစ်ပေမယ့်အသည်းငယ်သူတွေနဲ့ သွေးသံရဲရဲမကြည့်ရဲသူတွေ အတွက်တော့ မသင့်တော်ပါဘူး။ပိုစတာမှာ ပြောထားတဲ့ ” ကံကောင်းတဲ့သူတွေ အရင်သေခွင့်ရသွားတယ်” ဆိုတာနဲ့ ညီအောင်ကိုကြောက်စရာအချိန်ကာလကြီးကို မြင်ရပါလိမ့်မယ်။ခံစားကြည့်ပါ။
...

Harold & Kumar Escape from Guantanamo Bay (2008) ⭐TMDB: 63% User Score 🎬 #Comedy #Adventure 🗓 2008 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးက အများစုသိကြတယ့် ဟာရိုး နဲ့ကူးမား ကားတွေထဲက Guantanamo Bay ဇတ်လမ်းပါWarning (16+)ဒီကားကို ၂၀၀၈ ခုနှစ်က ရိုက်ကူးခဲ့ပြီး 18 +အခန်းတွေ နည်းနည်းပါပါတယ်။ american ဟာကကားဆို တော့ နည်းနည်း ပွင့်လင်းတာပေါ့။ IMDb ၆.၆ ၊ Rotten Tomatoes ၅၃% ရရှိထားပါတယ်။ ဟာသကားကြိုက်ရင် ဒီrating တွေ ကိုကြည့်မနေနဲ့ ဒီကားကိုသာကြည့်လိုက်ပါ။ ဘတ်ဂျတ်၁၂ မီလံယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၄၃ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ကဲ ….ဇာတ်လမ်းပိုင်းမှာတော့ ဟာရိုရဲ့ ပုံစံကသန့်သန့်ပြန့်ပြန့်နေတက်တဲ့ ကိုရီးယားကောင်၊ ကူးမားကတော့ ညဏ်ကောင်းပေမယ့် ခေါင်းထဲမှာ အိပ် ၊ စား ၊ ကာမ ၊ ဆေးခြောက်တွေပဲခေါင်းထဲရှိတယ့် အိန္ဒိယကောင်။ အဲ့၂ကောင်က ခရီးသွားဖို့လုပ်ကြတယ်။ ခရီးက လဲ ဟာရိုး ကြိုက်နေတဲ့ ကောင်မလေးက အမ်စတာဒမ်မြို့ကို သွားလို့နောက်ကနေလိုက်ကြတာ။ စထွက်လာကတည်းကလေဆိပ်မှာ ကူးမားစပြသနာဖြစ်တယ်၊ နောက်လေယာဉ်ပေးရောက်တော့ကွိုင်အကြီးကြီးတက်ပါလေရော။ ကူးမားက လေယာဉ်ပေါ်ကို သူထွင်ထားတယ့် ပြောင်း နဲ့ဆေးခြောက်သောက်မလို့လုပ်ရင်းကနေ 9/11 အကျိုးဆက် ကြောင့် အဖွားကြီးတစ်ယောက်က ကူးမားကို အကြမ်းဖက်သမားတဆိုပြီးထအော်လို့၂ကောင် ကွိပြီး၊ အမေရိကန်ရဲ့အကြမ်းဆုံး ထောင်ကိုရောက်သွားတယ်။ ဘယ်လိုပြန်လွတ်ကြမလဲ၊ သူတို့ရှာသမျှ ပြဿနာတွေကို ပြန်ပြီးဖြေရှင်းနိုင်ကြမလား ၊ ဘာတွေ ပြသနာထက်ရှာကြဦးမလဲ ဆိုတာ ကို ဇာတ်လမ်းထဲမှာကြည်လိုက်ကြပါ။ပေါက်ကရ ဟာသကားတွေ ကြိုက်ရင် တော့ဒီကားကအသင့်တော်ဆုံးပါဘဲ ။ မိသားစုနဲ့ အမျိုးသမီးတွေနဲ့ကြည့်ဖို့မသင့်လျောပါဘူး ။ ဒီကားထဲမှာ သိပ်အများကြီး မဟုတ်ပေမယ့် အနည်းအကျည်းလောက်ပါပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံက လဲ လူငယ်တွေ ကိုဦးတည်ထားတယ့် ဇာတ်လမ်းပုံစံဖြစ်လို့လူငယ်ပိုင်းတွေ အတွက် သဘောတွေ့နိုင်မယ့်ဟာသ ကားလေးပါ။
...

Balu Gaani Talkies (2024) ⭐IMDB: 5.3/10 (11 Votes) 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Balu Gaani Talkies 2024 (ဘာလူရဲ့ ရုပ်ရှင်ရုံလေး) ဘာလူဆိုတဲ့ကောင်လေးဟာ သူ့အဖေလက်ထပ်က ထားခဲ့တဲ့ရုပ်ရှင်ရုံအသေးလေးကို ဆက်လက်အမွေခံပြီးတော့ လုပ်ကိုင်လျက်ရှိပါတယ်။ ဒါပေမဲ့လည်း ဒီရုံကို ဆက်လက်လည်ပတ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် တွေ့တဲ့သူဆီကနေပိုက်ဆံလိုက်ချေးရင်းကနေ တစ်ရွာလုံးက သူ့အကြွေးရှင်တွေဖြစ်ကုန်ပါတော့တယ်။ဒီလိုနဲ့ အကြွေးတောထဲ နစ်နေပေမယ့် သူ့အဖေပေးခဲ့တဲ့ ဒီရုံလေးကို မစွန့်ပစ်နိုင်တာကြောင့်ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ရုံလေးအတွက် ဇာတ်ကားကြီးတွေ မတင်နိုင်တဲ့အခါမှာအဖော်အချွတ်ဇာတ်လမ်းတွေပဲ တင်ပြီးတော့ ဆက်လက်ပြီး ယိုင်နဲ့နဲ့ ရပ်တည်လာခဲ့ရင်းတစ်ရက် သူတို့ရွာရဲ့ ပွဲတော်နားနီးလာတဲ့အချိန်မှာ ဘာလူဟာ ဘာသာရေးကားပြပြီးရုံကနေ အမြတ်ထွက်ဖို့အတွက် ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ သူ့အဖေရဲ့ အမွေ ဒီရုံလေးကို ဆက်လက်ပြီးတော့ ရပ်တည်သွားနိုင်မှာလား …….ဒီရုံလေးကို အောင်မြင်ဖို့အတွက် ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကိုမြင်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe တို့ပဲဖြစ်ပါတယ်)
...