ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
From (2022- )
⭐IMDB: 7.7/10 (35 k Votes)
🎬 #Mystery #Drama #SciFi #Fantasy #Horror #Thriller
🗓️ 2022- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 49 မိနစ် 43 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
From Season 1+2 (2022-2023)
ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီနိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီးပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကိုတဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့်ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါအဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျှနုရတော့တာပါပဲ ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီးသူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ် ရောက်လာတဲ့ ကားနှစ်စီးထဲမှာ အင်ဂျင်နီယာနှစ်ယောက်ပါလာပြီးတော့အဲဒီမြို့ကြီးထဲကနေ ထွက်လို့ရအောင် ပြင်းပြင်းထန်ထန်ကြိုးစားကြပါတော့တယ်ဒါပေမဲ့ တကယ့်ပြဿနာက မြို့ကြီးလား မကောင်းဆိုးဝါးတွေလား သူတို့သေပြီးလို့ကောင်းကင်ဘုံမရောက်ခင်ငရဲခံရတဲ့နေရာလား ဒါမှမဟုတ် အဲဒီနေရာကြီးကိုဖန်တီးထားတဲ့လူတွေရှိနေတာလား ဆိုတာကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့ခံစားလို့ကောင်းမယ့် ဇာတ်လမ်းတွဲလေးပါပဲ Quality : WEB-DL 720pFormat : mp4Genres : Drama / Horror / MysteryDuration : 52 min per EpisodeTotal: Season 1 – 10 EpisodesSubtitle : Myanmar Subtitle ( Hardsub )
ThaRae United (2022)
⭐TMDB: 0.0% User Score
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Thailand
⏰ 1 နာရီ 35 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tharae United (2022)
ထိုင်းဇာတ်ကားတွေထဲမှာ အခုခေတ်ရိုက် Bad Genious တို့လိုမျိုးဇာတ်လမ်းအလန်း ရိုက်ချက်အလန်းကြီးနဲ့ကားတွေရှိသလိုကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းကတော့ ရိုးပေမဲ့ကြည့်ရတာ ကြည်နူးပျော်ရွှင်ရတဲ့ Baiferm နဲ့ Mario တို့ရဲ့ a little thing called love တို့လိုဇာတ်ကားလေးတွေလည်းရှိပါတယ်
ခုဇာတ်ကားလေးကလည်း မင်းလူရဲ့ရယ်မောခြင်းပေါင်းချုပ်ထဲကလိုမြောက်ပိုင်းတောင်ပိုင်းမတည့်ကြတဲ့ ရွာလေးရဲ့လူငယ်တွေကိုဘောလုံးအသင်းဖွဲ့စည်းပေးတဲ့အကြောင်းလေး ဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာ တစ်ခုကောင်းတာက ဘောလုံးဇာတ်ကားဆိုပြီးတောကအသင်းလည်း ဇွတ်ဖလားတွေရ လာသမျှအသင်းနိုင်တဲ့ဇာတ်လမ်းမဟုတ်ပါဘူးအဲ့လို မိုတီဇွတ်ပေးမယ့် ဇာတ်ကားလည်းမဟုတ်ပဲ လူငယ်သဘာဝအချင်းချင်းညစ်တာလေးတွေအချစ်ဇာတ်လမ်းတွေ ကိုယ်ကြွေမိတဲ့ သူငယ်ချင်း မမ ညီမလေး စသည်ဖြင့်ပေါ့ကြည့်ရတာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူးနဲ့ စိတ်ချမ်းသာဖို့လည်းကောင်းဘောလုံးအားကစားအခြေပြု sport drama ကားလေးတွေ သဘောကျတဲ့သူတွေအတွက်ကြည့်ရှုနိုင်ဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်
အညျွန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။
ThaRae United (2022)
⭐TMDB: 0.0% User Score
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 720p
🌎 #Thailand
⏰ 1 နာရီ 35 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tharae United (2022)
ထိုင်းဇာတ်ကားတွေထဲမှာ အခုခေတ်ရိုက် Bad Genious တို့လိုမျိုးဇာတ်လမ်းအလန်း ရိုက်ချက်အလန်းကြီးနဲ့ကားတွေရှိသလိုကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းကတော့ ရိုးပေမဲ့ကြည့်ရတာ ကြည်နူးပျော်ရွှင်ရတဲ့ Baiferm နဲ့ Mario တို့ရဲ့ a little thing called love တို့လိုဇာတ်ကားလေးတွေလည်းရှိပါတယ်
ခုဇာတ်ကားလေးကလည်း မင်းလူရဲ့ရယ်မောခြင်းပေါင်းချုပ်ထဲကလိုမြောက်ပိုင်းတောင်ပိုင်းမတည့်ကြတဲ့ ရွာလေးရဲ့လူငယ်တွေကိုဘောလုံးအသင်းဖွဲ့စည်းပေးတဲ့အကြောင်းလေး ဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာ တစ်ခုကောင်းတာက ဘောလုံးဇာတ်ကားဆိုပြီးတောကအသင်းလည်း ဇွတ်ဖလားတွေရ လာသမျှအသင်းနိုင်တဲ့ဇာတ်လမ်းမဟုတ်ပါဘူးအဲ့လို မိုတီဇွတ်ပေးမယ့် ဇာတ်ကားလည်းမဟုတ်ပဲ လူငယ်သဘာဝအချင်းချင်းညစ်တာလေးတွေအချစ်ဇာတ်လမ်းတွေ ကိုယ်ကြွေမိတဲ့ သူငယ်ချင်း မမ ညီမလေး စသည်ဖြင့်ပေါ့ကြည့်ရတာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူးနဲ့ စိတ်ချမ်းသာဖို့လည်းကောင်းဘောလုံးအားကစားအခြေပြု sport drama ကားလေးတွေ သဘောကျတဲ့သူတွေအတွက်ကြည့်ရှုနိုင်ဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်
အညျွန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။
A Royal Affair (2012)
⭐IMDB: 7.5/10 (49 k Votes)
🎬 #Biography #Drama #History #Romance
🗓️ 2012 🎞️ Movie 📺 720p
🌎 #Denmark #Sweden #CzechRepublic #Germany #Czechia
⏰ 2 နာရီ 19 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Royal Affair (2012)
၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။
ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။
ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။
ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။
နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
A Royal Affair (2012)
⭐IMDB: 7.5/10 (49 k Votes)
🎬 #Biography #Drama #History #Romance
🗓️ 2012 🎞️ Movie 📺 1080p
🌎 #Denmark #Sweden #CzechRepublic #Germany #Czechia
⏰ 2 နာရီ 19 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Royal Affair (2012)
၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။
ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။
ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။
ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။
နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
Karma Strikes (2023)
⭐IMDB: 6.0/10 (9 Votes)
🎬 #Bollywood #Comedy #Drama #Thriller #Romance
🗓️ 2023 🎞️ Movie 📺 1080p
🌎 #India
⏰ 2 နာရီ 13 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Karma Strikes (2023)
IMDb-6/10
ဇာတ်ကားနာမည်ကိုက ကံကြမ္မာရဲ့ရိုက်ချက် ..အကြောင်းအကျိုးဒွန်တွဲနေတဲ့ ဒီလောကကြီးမှာ ဝဋ်ကြွေးအတွက် ပြေးလွတ်ရာလမ်းဆိုတာ မြူတစ်မှုန်စာတောင်မရှိ အဆင်သင့်ဖြစ်မနေရင်တောင် အချိန်တန်လို့ ကြွေးဟောင်းဆပ်ချိန်ကျရင် အကုန်လွှတ်ချခဲ့ရတာပါပဲ ဒီကားဟာဆိုရင် သူချစ်ခင်တို့လိုလည်း လောင်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ပယောဂဆန်ဆန် ကြောက်နေရမှာပါ ဇာတ်ကားကြည့်ပြီးရင်လည်း အတွေးတစ်ခုစီကျန်နေခဲ့မယ့် အချစ် ၊ သည်းထိတ်ရင်ဖိုအဆွေး ရသအစုံခံစားချင်တဲ့သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမလို့ ဒီကားလေးကိုတော့ လက်လွှတ်မခံကြဖို့ ညွှန်းဆိုရင်း…
ဇာတ်လမ်းအညွှန်း….အန်နေးလ်နဲ့ဆိုနီတို့ကနေရလာတဲ့တစ်ဦးတည်းသောသမီးလေး ဆိုနမ်အန်နေးလ်က တစ်ဦးတည်းသောသမီးလေးကို ချစ်လွန်းလို့ စာသင်တာတောင်အိမ်မှာပဲ မျက်စိအောက်ကအပျောက်မခံသင်စေချင်တယ်ဒီသမီးလေး ၂၃ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့လက်ဆောင်အနေနဲ့ ချစ်သူနဲ့တွေ့ပေးဖို့ပြောလာတော့ အန်နေးလ်တစ်ယောက်အလွယ်တကူသဘောမတူခဲ့ပါဘူး အေဂျင်စီတွေနဲ့ငှားပြီး နောက်ကြောင်းရာဇဝင်တွေစုံစမ်းသည်ထိပါပဲ သင့်တော်တဲ့သူ၊သမီးကလည်းအရမ်းချစ်နေသူမို့ သဘောတူလိုက်ပါပြီဒီလိုနဲ့ သူတို့ မိသားစုလေးပျော်ရွှင်ရတော့မယ်လို့ ထင်တဲ့အချိန်မှာ ချစ်သမီးကနင်ပဲငဆတွေပြောပြီး ထဖောက်ပါတော့တယ် ဆရာဝန်ကတော့စိတ်ရောဂါတစ်မျိုးဘာညာပြောနေပေမဲ့ အန်နေးလ်ကတော့ တစ်ခုခုကိုသိနေတဲ့ပုံပါပဲ
သမီးကသာ အရာရာ သမီးကိုအရမ်းချစ်တတ်တဲ့ ဖခင်တစ်ယောက်…သူသိထားတာဘာများဖြစ်မလဲ…. ဇာတ်အလှည့်အပြောင်းလေးတွေမှာ မတူညီတဲ့အတက်အကျလေးတွေနဲ့ ကိုယ်တိုင်ပဲကြည့်ရှူခံစားကြည့်ပါဦး(အညွှန်းရေးသားသူကတော့ BpL နဲ့ Yunni ဖြစ်ပြီးဘာသာပြန်တွေကတော့ BpL, Yunni, Cherry, Aditi တို့ပဲဖြစ်ပါတယ် )
Front of the Class (2008)
⭐IMDB: 8.1/10 (8 k Votes)
🎬 #Biography #Drama #TVMovie
🗓️ 2008 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Front of the Class (2008)
“Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်ကလူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။
အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာမိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။
ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။
ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။
သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။
မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။“ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။
သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။
အညျွန်း နဲ့ ဘာသာပြန်ကတော့Arr Khun Winchesterပဲ ဖြစ်ပါတယ်။
Front of the Class (2008)
⭐IMDB: 8.1/10 (8 k Votes)
🎬 #Biography #Drama #TVMovie
🗓️ 2008 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Front of the Class (2008)
“Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်ကလူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။
အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာမိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။
ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။
ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။
သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။
မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။“ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။
သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။
အညျွန်း နဲ့ ဘာသာပြန်ကတော့Arr Khun Winchesterပဲ ဖြစ်ပါတယ်။
Star Wars: Episode IX - The Rise of Skywalker (2019)
⭐IMDB: 6.5/10 (467 k Votes)
🎬 #Action #Fantasy #Adventure #ScienceFiction #SciFi
🗓️ 2019 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 21 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စတားဝေါရ်စ် ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။
ဇာတ်လမ်းအကျဥ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ
နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာပါပတင်းရဲ့
အသံကို ပြန်ကြားလာရပါတယ်။
ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့
ကြေညာလိုက်သံကြီးပါပဲ။
(မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့်
ဘာလို့ ကြေညာလဲတော့ မသိပါဘူး)
ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့
အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့
လေ့ကျင့်နေဆဲပါပဲ။
ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့
ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး
အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။
Solo: A Star Wars Story (2018)
⭐IMDB: 6.9/10 (361 k Votes)
🎬 #Action #Adventure #Fantasy #ScienceFiction #SciFi
🗓️ 2018 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 15 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ္ကားကေတာ့ rogue one လိုပဲ a star wars story ပါပဲ။
နာမည်ကိုမြင်တာနဲ့ ဘယ်သူ့အကြောင်းလဲဆိုတာ
အားလုံးသိပြီးသား ဖြစ်မှာပါ။
စတားဝါးစ်ရုပ်ရှင်တွဲတွေရဲ့
ဂန္ဓဝင်ကာရိုက်တာ ဟန်ဆိုလိုရဲ့
ဘဝဇာတ်ကြောင်းပါပဲ။
ဖန်တွေ အတွက်ကတော့ တကယ်ကို
စိတ်ကျေနပ်မှု ရစေပါလိမ့်မယ်။
ဟန် နဲ့ ချူဝီ တို့်တွေ့ဆုံမှု။ဟန်ရဲ့ သေနတ်သမိုင်း။ဖယ်ကွန် နဲ့ လန်ဒို တို့အကြောင်းအပြင်ဖယ်ကွန်ထဲက feature တွေ ဖြစ်ပေါ်လာပုံကိုပါအကွက်ကျကျပြထားပါတယ်။Han always shoots first ရဲ့အစကို ကြည့်လိုက်ကြပါဦး။ဒီရုပ်ရှင်ကားကို Little Neo မှဘာသာပြန် တင်ဆက်ပေးထားပါတယ်Star Wars 9 ကား ပြန်ဒေါင်းရန် နှိပ်ပါ။Yoteshin Linkကို Web Browserမှ ဒေါငျးမည့်သူများဒီလင့်မှာ loginအရငျဝငျထားပေးဖို့လိုအပျပါတယျ။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins
Star Wars: Episode VIII - The Last Jedi (2017)
⭐IMDB: 6.9/10 (648 k Votes)
🎬 #Action #Adventure #Fantasy #ScienceFiction #SciFi
🗓️ 2017 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 31 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။
သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။
နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။
ပညာရိွ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။
ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ေ၀းကွာလှတဲ့ နဂားငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။
လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရိွနေပါတယ်။
အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓါးလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။
ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။
Force ဆိုတာကတော့ သက်ရိွသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ၀ိုင်းရံနေတဲ့ စွမ်းအင်တစ်မိ်ဳးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။
အဲဒီ Jedi တွေရဲ့ လုံး၀ဆန့်ကျင်ဖက်လမ်းစဥ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။
ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။
စတား၀ါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့အတိုင်း အစဥ်လိုက်ကြည့်ရှုမယ်ဆိုရင်-
ဆိုပြီးတော့ ကြည့်ကြရမှာဖြစ်ပါတယ်
အခုနောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်လမ်းလေးကတော့ StarWars VIII ဖြစ်ပြီး ၉ ကားမြောက် ရုပ်ရှင်လည်းဖြစ်ပါတယ်။
The Force Awakens ကေန ဆက္ထားတာပါ။
နောက်ဆုံးသော ဂျဒိုင်းဖြစ်တဲ့ လုခ်စကိုင်းဝေါ်ကာကို သွားပြီးတွေ့ဆုံတဲ့ Rey, ဖာ့စ်အော်ဒါ ကို ဆက်တော်လှန်နေတဲ့ လေယာ၊ ပိုး၊ ဖင်းန် တို့ရဲ့ စွန့်စားခန်းတွေ လာပါတော့မယ်။
စနုတ်နဲ့ ကိုင်လိုရမ်တို့ကရော ဘယ်လိုတန်ပြန်လာမလဲပေါ့။
ဒီကားမှာ A New Hope, Empire strikes back နဲ့ Return of the jedi ထဲက အခိုက်အတန့်တွေကို ပြန်သတိရမိစေမယ့် အခန်းတွေပါလာပါလိမ့်မယ်။
အစဥ်လိုက်ကြည့်ချင်ရင်တော့ Star Wars 451236 rogue one 7 8 ဆိုပြီးကြည့်ဖို့ အကြံပေးချင်ပါတယ်။
အခု ထပ်မံပြီးတော့ Star war ရဲ့ အဌမမြောက်ကားဖြစ်တဲ့ The Last Jedi ကိုလဲမြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်
Rogue One: A Star Wars Story (2016)
⭐IMDB: 7.8/10 (658 k Votes)
🎬 #Action #Adventure #SciFi #ScienceFiction
🗓️ 2016 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 13 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရိွ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရိွထားပါတယ်။
ဇာတ်လမ်းအကျဥ်းမှာတော့ ဟိုးရှေးရှေးတုန်းက ေ၀းကွာလှတဲ့ နဂားငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြ၀ဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောငး္တွေ ရိွနေပါတယ်။ Jedi တွေဟာ သက်ရိွတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓါးတွေနဲ့အတူ ကျော်ကြားကြပါတယ်။ Force ကိုပဲ Dark Side အမှောင်ခြမ်းမှ စွမ်းအင်ကို ယူသုံးတဲ့ Sith တွေကတော့ Jedi နဲ့ လွှတ်တော်တွေရဲ့ ရန်သူတော်တွေပါ။ Rogue One ရဲ့ ကာလကတော့ Star Wars III : Revenge of the Sith နောက်ပိုင်းမှာ Jedi အားလုံးလုပ်ကြံခံရပြီး ဒီမိုကရေစီကနေ အင်ပါယာထူထောင်ခံချိန်၊ အင်ပါယာကို Sith Lord နဲ့ Darth Vader တို့ အုပ်စိုးချိန်မှာ Rebellion တော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းတဲ့ကာလဖြစ်ပါတယ်။ ဒီဇာတ်ကားကို Star Wars IV : A New Hope မတိုင်ခင်ကာလအဖြစ်ကြည့်ရှုရမှာပါ။ A New Hope အစမှာ မင်းသမီးလိုင်ယာ လက်ထဲကို Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်တွေ ရောက်လာတာက စခဲ့တာဖြစ်တဲ့အတွက် ဒီကားမှာတော့ အဲဒီ Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်ကို အသက်စွန့်ယူဆောင်ပေးကြတဲ့ Rebellion သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို တွေ့ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။(ဒီကားထဲမှာ ဘုရင်ခံတာကင်နဲ့ မင်းသမီးလိုင်ယာတို့ရဲ့ ၁၉၇၇ က ဇာတ်ကောင်ပုံစံတွေအတိုင်း တူအောင် digital ပုံရိပ်ဖော်ပြီး ထည့်သွင်းပေးထားတာပါ)
Star Wars: Episode VII - The Force Awakens (2015)
⭐IMDB: 7.8/10 (947 k Votes)
🎬 #Fantasy #Uncategorized #Action #Adventure #SciFi #ScienceFiction
🗓️ 2015 🎞️ Movie 📺 720p
🌎 #UnitedStates #Italy #Switzerland #Thailand #UnitedStatesofAmerica
⏰ 2 နာရီ 18 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စတားဝါးစ်တွေထဲက နောက်ဆုံးထွက် အပိုင်း(၇) ဇတ်ကား ရပါပြီခင်ဗျာ။ ဒီဇာတ်ကားမထွက်ခင် အရင်ကား ၆ ကားကို ပြီးသလောက် တင်သွားမယ်ဆိုပြီး လုပ်ခဲ့တာ ၃ ကားပဲ ရပါသေးတယ်။ ဒီတော့ မကြည့်ရသေးတဲ့ သူတွေကတော့ ပြန်ကြည့်ဖို့ လိုမှာပေါ့။ ကြည့်ပြီးသားလူတွေကတော့ ထခုန်ပြီး
ဒေါင်းလို့ရပါပြီဗျာ။
အရင် ၃ ကားတင်ထားပြီးပြီဆိုတော့ မတင်ရသေးတဲ့ ၃ ကားအတွက် အကျဉ်းလေး ပြန်ပြောပြပါ့မယ်။ အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီက တော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး
သေဆုံးသွားခဲ့ပါပြီ။
အပိုင်း ၄ ၅ ၆ မှာတော့ သူတို့ ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-ဝမ် တို့ရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ
လိုင်ရာကတော့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ့ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို့ မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တို့
ကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တို့အဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လို့ခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။
အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲ့ကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိုက်ကောက်သမားလေးတစ်ယောက်တို့ တွေ့ဆုံပြီး ……………….
Star Wars: Episode III - Revenge of the Sith (2005)
⭐IMDB: 7.6/10 (812 k Votes)
🎬 #Fantasy #Uncategorized #Action #Adventure #SciFi
🗓️ 2005 🎞️ Movie 📺 1080p
🌎 #UnitedStates #Italy #Switzerland #Thailand
⏰ 2 နာရီ 20 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အပိုင်း ၃ လာပါပြီ။ ဒီအပိုင်းမှာတော့ စိတ်မကောင်းစရာတွေများပါတယ်။ ဒီမိုကရေစီကျဆုံးပြီး Sith Lord အာဏာရှင်ဖြစ်လာပုံ။ ဂျီဒိုင်းတွေ အကုန်ပျောက်ကွယ်ရပုံ။ ညီအစ်ကိုရင်းတွေလိုချစ်ကြတဲ့ ဆရာတပည့် ၂ယောက်ရဲ့ အသေအကြေတိုက်ပွဲ။ Yoda နဲ့ Sith တို့ရဲ့ အကြီးဆုံးတိုက်ပွဲ တွေကိုတွေ့ရမှာပါ။စွန့်လွှတ်သင့်တာကို မစွန်လွှတ်နိုင်တဲ့စိတ်၊ ကြောက်စိတ်၊ သံသယစိတ်၊ စွမ်းအားကိုတပ်မက်စိတ်တွေက Jedi တစ်ယောက်ကို အမှောင်ခြမ်းကို ဆွဲခေါ်သွားခဲ့ပြီပေါ့ဗျာ။ ကြည့်ကြည့်ကြပါဦး
Star Wars: Episode II - Attack of the Clones (2002)
⭐IMDB: 6.6/10 (729 k Votes)
🎬 #Adventure #SciFi #Action #Fantasy
🗓️ 2002 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 2 နာရီ 22 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အပိုင်း ၂ ကို တင်ပေးလိုက်ပါပြီဗျာ။ ဒီအပိုင်းကတော့ ပထမပိုင်းအပြီး ၁၀ နှစ်ကာလကို ရိုက်ထားတာပါ။ ဒီဇာတ်လမ်းမှာတော့ ဂလက်ဆီရီပတ်ဘလစ်ကနေ ဂြိုလ်ပေါင်းများစွာဟာ ခွဲထွက်ဖို့ ချိန်းခြောက်လာပြီး ခွဲထွက်ရေးအဖွဲ့တွေကို Jedi မာစတာဟောင်း မြို့စားကြီး ဒိုကူက ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့တွေကို ဒီမိုကရေစီနည်းအရ ဖြေရှင်းဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့အပြင် ခွဲထွက်အဖွဲ့တွေက စစ်တပ်တစ်ခုကိုပါ တည်ဆောက်လာတဲ့အခါမှာ ခေါင်းဆောင်ကြီးကို အရေးပေါ်အာဏာ အပ်နှင်းပြီး စစ်တပ်ဖွဲ့စည်းခွင့်ပြုလိုက်ရတဲ့အတွက် ကြယ်တာရာစစ်ပွဲကြီး စတင်လာပါတော့တယ်။ ဒီအပိုင်းမှာတော့ အနာကင်နဲ့ပါ့ဒ်မီတို့ရဲ့ သံယောဇဥ်ဟောင်းတွေ ပြန်ဆက်တာကိုတွေ့ရမှာဖြစ်ပြီး အကြိုက်ဆုံးအခန်းတွေ အနေနဲ့ကတော့ အကြီးဆုံး Jedi တိုက်ပွဲကြီးနဲ့ မာစတာ Yoda ရဲ့ အလင်းဓါးတိုက်ပွဲကို တွေ့ရမှာဖြစ်ပါတယ်။
Star Wars: Episode I - The Phantom Menace (1999)
⭐IMDB: 6.5/10 (825 k Votes)
🎬 #Adventure #Fantasy #SciFi #Action
🗓️ 1999 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 2 နာရီ 16 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကမာၻ႕ပရိသတ်အင်အားအများဆုံးကားတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ စတား၀ါးစ် ဇာတ်လမ်းတွေကို တင်ပေးပါတော့မယ်။ စုစုပေါင်း ဇာတ်ကား ၇ ကားထွက်ရိွထားပါတယ်။ စတား၀ါးစ် ဇတ်လမ်းရဲ့ ထူးခြားတာတစ်ခုကတော့ ၁၉၇၇ ပထမဆုံး ထွက်ရိွခဲ့တဲ့ ကားဟာ နံပါတ် ၁ မဟုတ်ဘဲ နံပါတ် ၄ ဖြစ်နေတာပါပဲ။ အစဥ်အရဆိုရင် ၄ ၅ ၆ ၁ ၂ ၃ ၇ဆိုပြီး ထွက်ရိွခဲ့တာပါ။ ကျတော်ကတော့ ၁ ကနေ ၇ ထိ အစဥ်တိုင်းပဲ တင်ပေးသွားပါမယ်။ ဒီကားတွေကို ဘာသာပြန်ဖို့ တွေေ၀နေရတာက ဒီဇာတ်ကားရဲ့ ဒိုင်ယာလော့ခ် တွေဟာ ကမာၻကျော်ပြီးသားဖြစ်နေပြီး အခုချိန်ထိ တခြားရုပ်ရှင်တွေအများကြီးထဲမှာကိုးကားပြီးပြောနေကြတုန်းဖြစ်တဲ့အတွက် မြန်မာမှုပြုလိုက်ရင် သဘောမတူစရာတွေ တွေ့လာမှာစိုးတာပါ။ဒါပေမယ့် အတတ်နိုင်ဆုံး ဘာသာပြန်ပြီး တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းအားလုံးဟာ အနာဂာတ်မှာ ဖြစ်နေတာတွေ မဟုတ်ဘဲ ဟိုးရှေးရှေးတုန်းက ေ၀းကွာလှတဲ့ တစ်နေရာရာက အဖြစ်တွေပဲဆိုတာသတိထားစရာပါ။
ဇာတ်လမ်းအကျဥ်းကတော့ ဂြိုလ်တွေပေါင်းစည်းပြီး ဖွဲ့စည်းထားတဲ့ရီပတ်ဘလစ်ကြီးမှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေချိန် ကုန်သွယ်ရေးအဖွဲ့ကြီးက နဘူးဆိုတို့ ဂြိုလ်ငယ်လေးကိုပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအရေးကို ဖြေရှင်းဖို့ စကြာ၀ဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေJedi သူရဲကောင်း ၂ ယောက်ကို စေလွှတ်ခံလိုက်ရပါတယ်။ Jedi ဆိုတာ စကြာ၀ဠာထဲမှာရိွတဲ့ Force လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို အသုံးချနိုင်ပြီး အလင်းဓါးတွေကိုင်ဆောင်တဲ့ သူရဲကောင်းအဖွဲ့ပါ။ ဒါပေမယ့် သူတို့ဖြေရှင်းရတဲ့ ပြသနာနောက်ကွယ်မှာ Force ကို မကောင်းတဲ့နည်း အမုန်းတရားကို အခြေပြုပြီးသုံးတဲ့Anti-Jedi မျိုးတွေဖြစ်တဲ့ Sith တွေ ပါ၀င်နေတာကို သိလိုက်တဲ့အခါ……..။
ဒီဇာတ်ကားမှာ အဓိကအချက်တွေကတော့ ကမာၻ႕နာမည်အကြီးဆုံး ဗီလိန်တွေထဲကတစ်ယောက်ဖြစ်တဲ့ Darth Vader ရဲ့ မူလ အစကို တွေ့မြင်ရမှာ ဖြစ်ပြီး စတား၀ါး Light Saber Fightအလင်းဓါးတိုက်ပွဲတွေထဲမှာ အကောင်းဆုံးပါလို့ ပြောကြတဲ့ အိုဘီ၀န် နဲ့ ဒါ့သ်မောတို့ရဲ့ တိုက်ပွဲကိုလည်းလက်လွှတ်မခံသင့်ပါဘူး။ ဟာသအနေနဲ့ပြောရရင် မင်းသားကြီး Liam Neeson ကို ရှားရှားပါးပါးသတ်နိုင်တဲ့ ဗီလိန် အဖြစ်လဲ တွေ့ရမှာပါ။ ကြည့်ပြီးသားလူတွေအတွက်တော့ ပိုနားလည်ပြီးနောက်တစ်ခေါက်ခံစားမိရုံပဲဖြစ်ပြီး မကြည့်ဖူးသေးတဲ့သူတွေ ဒီဇာတ်လမ်းကို တွေ့ခဲ့ရင်တော့ ကံကောင်းစွာနဲ့ပဲ ဆက်တိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွေထဲမှာ Jedi နဲ့ Sith တွေကို မူရင်းအတိုင်းသုံးပြီး Force ကို စွမ်းအင်လို့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ May the force be with you ဆိုတဲ့ စကားစုကို တော့မြန်မာမှုပြုပြီး highlight လေးနဲ့ မပျက်စီးအောင်ထိန်းသိမ်းပေးလိုက်ပါတယ်ဗျာ။
Star Wars: Episode VI - Return of the Jedi (1983)
⭐IMDB: 8.3/10 (1 M Votes)
🎬 #Adventure #Action #Fantasy #SciFi
🗓️ 1983 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 2 နာရီ 14 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….
Star Wars: Episode V - The Empire Strikes Back (1980)
⭐IMDB: 8.7/10 (1 M Votes)
🎬 #Adventure #SciFi #Action #Fantasy
🗓️ 1980 🎞️ Movie 📺 720p
🌎 #UnitedStates
⏰ 2 နာရီ 7 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒုတိယမြောက် စတားဝါးစ် ဇာတ်ကားကို တင်ပေးထားပါတယ်။ ပထမကားမှာ သေမင်းကြယ်ကိုဖျက်ဆီးခဲ့ပြီးနောက်မှာ ဒါ့သ်ဗိတ်ဒါဟာ လုခ် စကိုင်းဝေါ်ကာရဲ့နောက်ကို လိုက်ဖမ်းနေပြီး။ အင်ပါယာတပ်တွေကလည်း တော်လှန်ရေးတပ်တွေရဲ့ စခန်းကို ပြန်ပြီးတိုက်ခိုက်တာကနေ စတင်ပါတယ်။
Star Wars: Episode IV - A New Hope (1977)
⭐IMDB: 8.6/10 (1 M Votes)
🎬 #Action #Adventure #Fantasy #SciFi
🗓️ 1977 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 2 နာရီ 4 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ဟာ StarWars ရုပ်ရှင်တွေရဲ့ ပထမဆုံးထွက်ရိွခဲ့တဲ့ ကားပါ။ StarWars ပထမဆုံး ၃ ကားရဲ့ ပထမဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအရဆိုရင်တော့ StarWars I II III အပြီး Jedi တွေ ပျောက်ကွယ်သွားချိန် အင်ပါယာ အာဏာရလာချိန်ကာလပဲ ဖြစ်ပါတယ်။ Rogue One ရဲ့ နောက်ဆက်တွဲကာလကို ပြသထားပါတယ်။ Rogue One ရဲ့ နောက်ဆုံးမှာ DeathStar ရဲ့ ပုံစံတွေကို မင်းသမီးလိုင်ယာဆီ ပို့ခဲ့ပြီးနောက်မှာ မင်းသမီးထွက်မပြေးနိုင်ခင် ဖမ်းမိသွားခဲ့ရာက စပါတယ်။ StarWars နောက်ထွက်ကားတွေမှာ CGI တွေ ဘယ်လိုပဲ ကောင်းကောင်း၊ ဘယ်လိုပဲ ခေတ်မီွမှီ StarWars ဖန်တွေအတွက်တော့ ပထမဆုံး ၃ ကားဟာ Classic ပါပဲ။ ဒီဦးဆုံးရုပ်ရှင်တွေရဲ့ ဒိုင်ယာလော့ခ်တွေဟာလည်း ယခုချိန်ထိ ကျော်ကြားဆဲဖြစ်ပြီး နောက်ပိုင်း ရုပ်ရှင်ပေါင်းများစွာမှာ reference အဖြစ်ပြန်လည်အသုံးပြုခံနေရတာပါပဲ။ ဒါ့အပြင် မင်းသမီးလိုင်ယာ နဲ့ ဟန်ဆိုလို တို့ရဲ့တွဲဖက်ညီမှုဟာ အနာကင်စကိုင်းေ၀ၚကာ နဲ့ ပါ့ဒ်မီ တို့ထက် အများကြီးသာလွန်တယ်လို့ မြင်မိပါတယ်ဗျာ။ ခံစားနိုင်ပါပြီ။
A Father's Nightmare (2018)
⭐IMDB: 5.5/10 (286 Votes)
🎬 #Thriller #TVMovie
🗓️ 2018 🎞️ Movie 📺 720p
🌎 #Canada
⏰ 1 နာရီ 25 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Father’s Nightmare (2018)=====================
လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ်သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင်မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက်လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ်တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများတယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ်ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။
သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင်လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ်ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ်သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေးပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရတယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစားစရာလေးဖြစ်နေပြီ။
လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာကသူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ်ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်းတယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုးတစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံအစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရောဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)
