ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Stepmom (1998) ⭐IMDB: 6.8/10 (71 k Votes) 🎬 #Comedy #Drama 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 5 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stepmom(1998) ************** ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာက ဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေ တစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေ သရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့ စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်း အမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကို ဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေ ဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့ အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြား ဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။

Stepmom (1998) ⭐IMDB: 6.8/10 (71 k Votes) 🎬 #Comedy #Drama 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 5 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Stepmom(1998) ************** ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာက ဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေ တစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေ သရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့ စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်း အမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကို ဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေ ဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့ အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြား ဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။

On the Sand House (2023) ⭐⁉️ 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #SouthKorea ⏰ 2 နာရီ 3 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 On the Sand House(2023) ************************ အသက် 30 အရွယ်အတိုင်ခင် အလုပ်ရ‌အောင်အမြန်ရှာနေတဲ့ ဒုတိယမြောက် သ‌မီးဖြစ်တဲ့ ဂျင်ယောင်းက မိဘတွေအိမ်မှာ အဖေ အမေတို့နဲ့ အတူတူနေတယ်…ဒါပေမဲ့ အိမ်မှာထက် စက်ရုံက ခေါက်ကုလားထိုင်မှာထိုင်ရတာကို ပိုသဘောကျတဲ့ အေးတိအေးစက် အဖေနဲ့ ဂျင်ယောင်းကတော့ စကား‌သိပ်ပြောလေ့ မရှိကြဘူး…အမေကသာ သူတို့နှစ်ယောက်ရဲ့ ကြားခံနယ် ဖြစ်ခဲ့ရတယ် ဂျင်ယောင်းက ကနေဒါကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေစဉ်မှ အမေ ဖြစ်သူကကားအက်ဆီးဒင့်‌ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ သားအဖနှစ်ယောက်တည်း အဲဒီအိမ်ကြီးထဲကျန်ရစ်ခဲ့ရှာတော့တယ် သားအဖ နှစ်ယောက်သားပြန်အဆင်ပြေသွားကြမလား…ဂျင်ယောင်းလည်း သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ဆက်လက် ရှုစား လိုက်ကြပါနော်….

Fathers & Daughters (2015) ⭐IMDB: 7.0/10 (28 k Votes) 🎬 #Drama 🗓️ 2015 🎞️ Movie 📺 720p 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်. နိုးထပြီး. ကျဆင်းတယ်. ပြီးတော့ ချစ်တယ်. ထွက်သွားတယ်…” ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာ အကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲ ကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို “ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင် ဇာတ်မသိမ်းသေးပါဘူး” လို့ အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်. မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့် ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့ အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီး စိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာ အချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်. သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာ သမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊ စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန် ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝ ငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလို တစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာ တွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှ မရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်. ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲ ပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲက ခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကို တွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကို လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Fathers & Daughters (2015) ⭐IMDB: 7.0/10 (28 k Votes) 🎬 #Drama 🗓️ 2015 🎞️ Movie 📺 1080p 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်. နိုးထပြီး. ကျဆင်းတယ်. ပြီးတော့ ချစ်တယ်. ထွက်သွားတယ်…” ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာ အကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲ ကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို “ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင် ဇာတ်မသိမ်းသေးပါဘူး” လို့ အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်. မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့် ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့ အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီး စိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာ အချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်. သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာ သမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊ စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန် ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝ ငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလို တစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာ တွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှ မရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်. ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲ ပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲက ခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကို တွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကို လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Wedding Crashers (2005) ⭐IMDB: 7.0/10 (364 k Votes) 🎬 #Comedy #Romance 🗓️ 2005 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 2 နာရီ 7 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating -7/10 Rotten Tomatoes – 75% Wedding crashers ဆိုတဲ့သူတွေက မင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲ အပျော်တမ်းလိုက်တက်တဲ့သူတွေ နောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာ မင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့ အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီး မင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။ အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာ မျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာ ပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲ ကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်က ခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ် ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီး ချစ်မိသွားလေသောအခါ… ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ … နောက်ကြောင်း အလိမ်အညာဇာတ်ထုပ်ကြီးနဲ့ သူ…သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ… ဂျရဲမီ နဲ့ ကလဲရာရဲ့ညီမဖြစ်သူ (စပ်စပ်လူး နတ်ပူး) ဂလော်ရီရာ တို့လည်း တွေ့ဆုံသွားကြပြီး အဲ့မိသားစုနဲ့အတူ အပန်းဖြေအိမ်အထိ ပါသွားပြီး ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဒီအကြောင်းတွေကို ရယ်စရာမောစရာ ဟာသလေးတွေဘက်ကနေ ရိုမန့်ဆန်ဆန်လေး ရိုက်ကူးပြသွားတဲ့ comedy/romance ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဂျရဲမီအဖြစ် မင်းသားကြီး Vince Vaughn နဲ့ ဂျွန်အဖြစ် မင်းသားကြီး Owen Wilson တို့ နှစ်ယောက်အတွဲဆိုရင်တော့ friendship ဇာတ်ဝင်ခန်းတွေ ဟာသဇာတ်ဝင်ခန်းတွေကို ဘယ်လို chemistry မိမိ သရုပ်ဆောင်သွားကြလဲဆိုတာ ပြောပြနေစရာ လိုမယ် မထင်တော့ပါဘူး။ လူတိုင်းသိကြမယ့် Catch me if you can ဇာတ်လမ်းထဲက ဖခင်ကြီး Christopher Walken နဲ့ The notebook မင်းသမီးလေး Rachel McAdams တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ nominee တွေအများကြီးဝင်ခဲ့ပြီး award တွေ အများကြီးရထားတဲ့အပြင် IMDb Rating 7 အထိ ရရှိထားတဲ့ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်မို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်)

Wedding Crashers (2005) ⭐IMDB: 7.0/10 (364 k Votes) 🎬 #Comedy #Romance 🗓️ 2005 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 2 နာရီ 7 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating -7/10 Rotten Tomatoes – 75% Wedding crashers ဆိုတဲ့သူတွေက မင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲ အပျော်တမ်းလိုက်တက်တဲ့သူတွေ နောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာ မင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့ အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီး မင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။ အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာ မျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာ ပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲ ကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်က ခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ် ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီး ချစ်မိသွားလေသောအခါ… ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ … နောက်ကြောင်း အလိမ်အညာဇာတ်ထုပ်ကြီးနဲ့ သူ…သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ… ဂျရဲမီ နဲ့ ကလဲရာရဲ့ညီမဖြစ်သူ (စပ်စပ်လူး နတ်ပူး) ဂလော်ရီရာ တို့လည်း တွေ့ဆုံသွားကြပြီး အဲ့မိသားစုနဲ့အတူ အပန်းဖြေအိမ်အထိ ပါသွားပြီး ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဒီအကြောင်းတွေကို ရယ်စရာမောစရာ ဟာသလေးတွေဘက်ကနေ ရိုမန့်ဆန်ဆန်လေး ရိုက်ကူးပြသွားတဲ့ comedy/romance ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဂျရဲမီအဖြစ် မင်းသားကြီး Vince Vaughn နဲ့ ဂျွန်အဖြစ် မင်းသားကြီး Owen Wilson တို့ နှစ်ယောက်အတွဲဆိုရင်တော့ friendship ဇာတ်ဝင်ခန်းတွေ ဟာသဇာတ်ဝင်ခန်းတွေကို ဘယ်လို chemistry မိမိ သရုပ်ဆောင်သွားကြလဲဆိုတာ ပြောပြနေစရာ လိုမယ် မထင်တော့ပါဘူး။ လူတိုင်းသိကြမယ့် Catch me if you can ဇာတ်လမ်းထဲက ဖခင်ကြီး Christopher Walken နဲ့ The notebook မင်းသမီးလေး Rachel McAdams တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ nominee တွေအများကြီးဝင်ခဲ့ပြီး award တွေ အများကြီးရထားတဲ့အပြင် IMDb Rating 7 အထိ ရရှိထားတဲ့ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်မို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်)

Pearl Harbor (2001) ⭐IMDB: 6.2/10 (340 k Votes) 🎬 #Action #Drama #History #Romance #War 🗓️ 2001 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 3 နာရီ 3 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pearl Harbor 2001==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Pearl Harbor (2001) ⭐IMDB: 6.2/10 (340 k Votes) 🎬 #Action #Drama #History #Romance #War 🗓️ 2001 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 3 နာရီ 3 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pearl Harbor 2001==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

The Goonies (1985) ⭐IMDB: 7.7/10 (284 k Votes) 🎬 #Adventure #Comedy #Family 🗓️ 1985 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Goonies (1985) Rt – 76% , IMDb – 7.7 Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက် အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့ အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့ “ဂူနီ” လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့ သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကို ကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီး ရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာက နာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ ဂူနီ တစ်သိုက် ဝီလီထားပစ်ခဲ့တဲ့ ရတနာတွေကိုရနိုင်ပါ့မလား၊ ဖရာတဲလိစ်တွေကပဲ သူတို့ကိုမိသွားမလား၊ ရတနာတွေကရော တကယ်ရှိ‌နေမှာလား၊ နောက်ဆုံးမှာသူတို့ရဲ့ အိမ်တွေဆုံးရှုံးရမဲ့အခြေအနေက‌နေ ကယ်တင်ပေးနိုင်မလားဆိုတာကို ကလေးတစ်သိုက်ရဲ့ စွန့်စားခန်းအပြည့်နဲ့အတူ 1985 မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမလို့ အတိတ်ကိုသတိရရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Sliding Doors (1998) ⭐IMDB: 6.7/10 (69 k Votes) 🎬 #Comedy #Drama #Fantasy #Romance 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်, ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင် ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိ စိတ်ကူးယဉ်မိကြသေးတာပဲ။ ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီး အိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီး ရည်းစားကဖောက်ပြန်နေတာမိလိုက်ရင် ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။ အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့ အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့ သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲ ရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး

Sliding Doors (1998) ⭐IMDB: 6.7/10 (69 k Votes) 🎬 #Comedy #Drama #Fantasy #Romance 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်, ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင် ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိ စိတ်ကူးယဉ်မိကြသေးတာပဲ။ ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီး အိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီး ရည်းစားကဖောက်ပြန်နေတာမိလိုက်ရင် ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။ အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့ အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့ သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲ ရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး

Perfect Creature (2006) ⭐IMDB: 5.4/10 (6 k Votes) 🎬 #Action #Drama #Fantasy #Horror #SciFi 🗓️ 2006 🎞️ Movie 📺 1080p 🌎 #NewZealand #UnitedKingdom ⏰ 1 နာရီ 28 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့ Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွ ငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့ အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။ အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။ လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး

Dasara (2023) ⭐IMDB: 7.3/10 (5 k Votes) 🎬 #Action #Adventure #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 33 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dasara (2023)IMDb – 7.3/10 မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီးဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့Dasaraကိုတင်ဆက်​ပေးချင်ပါတယ် ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကိုအရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူးဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ် တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့်ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါ တစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့်ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီးဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ် ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကိုသတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲသူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကိုဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော်

Justice League x RWBY: Super Heroes and Huntsmen Part One (2023) ⭐IMDB: 5.3/10 (197 Votes) 🎬 #Action #Adventure #Animation #Fantasy 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Justice League x RWBY: Super Heroes & Huntsmen, Part One (2023)=================================================IMDb Rating – 5.2/10 DC ရဲ့ justice league animation ကားသစ်လေးပါ။Justice leagueတစ်ဖွဲ့လုံး Darkside နဲ့တိုက်ခိုက်ရင်း တစ်ခြားကမ္ဘာကို အပို့ခံလိုက်ရပါတယ် ။ အဲ့ဒီကမ္ဘာမှာ justice leagueတစ်ဖွဲ့လုံး ဆယ်ကျော်သက်တွေဖြစ်ကုန်ပြီး အစွမ်းတွေလည်းပျောက်ကုန်ပါတယ်။ အဲ့ဒီအစား သူတို့ရောက်သွားတဲ့ကမ္ဘာကအစွမ်းရှိတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ပြီး နေသားတစ်ကျဖြစ်ဖို့ကြိုးစားရပါတယ် ။ ကမ္ဘာအသစ်မှာ အစွမ်းအသစ်တွေရလာပြီး Batman ဆိုရင်အတောင်ပံတွေပေါက်လာပါတယ်။ နောက်ဆုံးတော့ သူတို့ကမ္ဘာကို ပြန်သွားဖို့ကြိုးစားရင်း မူလအစွမ်းတွေရဖို့ ကမ္ဘာသစ်ဆီကvillainကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)

Justice League x RWBY: Super Heroes and Huntsmen Part One (2023) ⭐IMDB: 5.3/10 (197 Votes) 🎬 #Action #Adventure #Animation #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Justice League x RWBY: Super Heroes & Huntsmen, Part One (2023)=================================================IMDb Rating – 5.2/10 DC ရဲ့ justice league animation ကားသစ်လေးပါ။Justice leagueတစ်ဖွဲ့လုံး Darkside နဲ့တိုက်ခိုက်ရင်း တစ်ခြားကမ္ဘာကို အပို့ခံလိုက်ရပါတယ် ။ အဲ့ဒီကမ္ဘာမှာ justice leagueတစ်ဖွဲ့လုံး ဆယ်ကျော်သက်တွေဖြစ်ကုန်ပြီး အစွမ်းတွေလည်းပျောက်ကုန်ပါတယ်။ အဲ့ဒီအစား သူတို့ရောက်သွားတဲ့ကမ္ဘာကအစွမ်းရှိတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ပြီး နေသားတစ်ကျဖြစ်ဖို့ကြိုးစားရပါတယ် ။ ကမ္ဘာအသစ်မှာ အစွမ်းအသစ်တွေရလာပြီး Batman ဆိုရင်အတောင်ပံတွေပေါက်လာပါတယ်။ နောက်ဆုံးတော့ သူတို့ကမ္ဘာကို ပြန်သွားဖို့ကြိုးစားရင်း မူလအစွမ်းတွေရဖို့ ကမ္ဘာသစ်ဆီကvillainကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)

Dasara (2023) ⭐IMDB: 7.3/10 (5 k Votes) 🎬 #Action #Adventure #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 33 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dasara (2023)IMDb – 7.3/10 မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီးဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့Dasaraကိုတင်ဆက်​ပေးချင်ပါတယ် ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကိုအရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူးဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ် တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့်ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါ တစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့်ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီးဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ် ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကိုသတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲသူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကိုဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော်

Pale Moon (2014) ⭐IMDB: 6.9/10 (918 Votes) 🎬 #Drama #Crime 🗓️ 2014 🎞️ Movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 8 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pale Moon (2014) လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီးဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲကနာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။ Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်းငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် သာယာမှုမှာ အသားကျလာခဲ့တယ်။ဒီလိုနဲ့ စာရင်းသေအပ်နှံငွေတွေကိုပါ ဘဏ်ထဲသွင်းပေးမယ်လိမ်ပြီး မသွင်းဘဲ ငွေသုံးရတဲ့ အရသာကိုတွေ့လာခဲ့တယ်။စစကတော့ ဒီငွေတွေကို မသိအောင် ပြန်ဖြည့်ပေးဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ တဖြည်းဖြည်းချင်း များလာတဲ့ လိုငွေတွေပျောက်ပျက်လာတဲ့ အတုအယောင်သာယာမှုတွေကြား ကူကယ်ရာမဲ့ဖြစ်လာတယ်။ဒီနေရာမှာမှ ဒီဇာတ်လမ်း ပြန်ချိုးသွားတဲ့ အချိုးအကွေ့ဟာဒီဇာတ်လမ်းဟာ တစ်ခုခုပေးချင်တဲ့ စိတ်ထက် ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တဲ့ဘက် ပိုတာသွားတာမို့ဇာတ်လမ်းကို ဇာတ်လမ်းလို ကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။

Revice Forward: Kamen Rider Live & Evil & Demons (2023) ⭐⁉️ 🎬 #Action #Adventure #Drama #Fantasy 🗓️ 2023 🎞️ Movie 📺 720p 🌎 #Japan ⏰ 1 နာရီ 17 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Revice Forward: Kamen Rider Live & Evil & Demons (2023) ၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲKamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ?Alicorn ဆိုတဲ့ အဖွဲ့အစည်းကရော ဘာလဲဆိုတာ Plot twist များစွာနဲ့ ကြည့်ရမှာပါ။ ကျွန်တော့်အမြင်ပြောရရင် ဇာတ်လမ်းပိုင်းက ကျစ်လစ်ပြီးတော့ Plot twist ကလည်း ထင်မထားတာဖြစ်တာမို့“အော် အဲလိုလား” ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပါတယ်။မူရင်းဇာတ်လမ်းထဲက Main Rider ဇာတ်လမ်းမဟုတ်ပေမယ့် Kamen Rider Live&Evil, Kamen Rider Demon တို့ဟာလည်းဇာတ်အိမ်ခိုင်မာတဲ့ Riders တွေဖြစ်တာမို့ ကြည့်လို့ကောင်းပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။

Revice Forward: Kamen Rider Live & Evil & Demons (2023) ⭐⁉️ 🎬 #Action #Adventure #Drama #Fantasy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 17 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Revice Forward: Kamen Rider Live & Evil & Demons (2023) ၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲKamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ?Alicorn ဆိုတဲ့ အဖွဲ့အစည်းကရော ဘာလဲဆိုတာ Plot twist များစွာနဲ့ ကြည့်ရမှာပါ။ ကျွန်တော့်အမြင်ပြောရရင် ဇာတ်လမ်းပိုင်းက ကျစ်လစ်ပြီးတော့ Plot twist ကလည်း ထင်မထားတာဖြစ်တာမို့“အော် အဲလိုလား” ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပါတယ်။မူရင်းဇာတ်လမ်းထဲက Main Rider ဇာတ်လမ်းမဟုတ်ပေမယ့် Kamen Rider Live&Evil, Kamen Rider Demon တို့ဟာလည်းဇာတ်အိမ်ခိုင်မာတဲ့ Riders တွေဖြစ်တာမို့ ကြည့်လို့ကောင်းပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။