ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Trial (2023- )
⭐IMDB: 6.3/10 (76 Votes)
🎬 #Crime #Drama #Mystery
🗓 2023- 🎞 tv series
📺 #1080p
🌎 #India
⏰ 46 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Trial (2023)The Trial (TV Series)(2023)တခေတ်တခါက ရိုမန့်တွေနဲ့အသည်းစွဲခဲ့ရတဲ့ မမကာဂျိုး၊အခုတော့ အန်တီကာဂျိုးပေါ့။
မင်းသမီးချောကာဂျိုးကို ဝဘ်စီးရီးအနေနဲ့ ရှားရှားပါးပါးမြင်တွေ့ရမှာပါ။
“အချစ်ဆိုတဲ့ တရားရုံးမှာကျွန်မပျော်ရွှင်မှုသေဒဏ်ကျခံရမယ်လို့ တခါမှမတွေးခဲ့မိဘူး” ရှေ့နေနီယိုနိုကာတဖြစ်လဲ ကာဂျိုး။ကာဂျိုးက ဒီဇာတ်လမ်းထဲမှာ သမီးနှစ်ယောက်ရဲ့အမေ ခုံရုံးတရားသူကြီးရဲ့ဇနီးတယောက်အနေနဲ့အဓိကပါဝင်ထားပါတယ်။
သူ့ခင်ပွန်းဖြစ်တဲ့ ခုံရုံးတရားသူကြီးက လာဘ်ပေးလာဘ်ယူအနေနဲ့ လိင်အမြတ်ထုတ်မှုကျူးလွန်မှုကြောင့်
ထောင်ကျသွားပါတယ်။ဒီကိစ္စကြောင့်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပစ်ပယ်လာတဲ့အခါ ကာဂျိုးတယောက်
သူတတ်ကျွမ်းခဲ့တဲ့ ရှေ့နေအလုပ်ကိုပြန်လုပ်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။သူ့ရဲ့အလုပ်အပေါ်ကြိုးစားအားထုတ်မှုတွေကြောင့် တစထက်တစအောင်မြင်လာပြီးနောက်ပိုင်းမှာ သူ့ခင်ပွန်းဖြစ်သူ
တရားသူကြီးကို ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတော့တယ်။”စိတ်ရဲ့အသိနဲ့ သက်သေ” အဲဒီနှစ်ခုအကြား
ရွေးချယ်ဖို့ကြုံလာခဲ့ရင် သက်သေကိုပဲအဓိကထားမယ်ဆိုတဲ့ ဥပဒေကျောင်းကသင်ပေးလိုက်တဲ့အတိုင်း
ခံယူထားတဲ့ ကာဂျိုးတယောက် ခင်ပွန်းဖြစ်သူအပေါ်ရော ဘယ်လိုသက်သေတွေရှာပြီး
အမှန်တရားနောက်လိုက်မလဲ။အမှုဆိုတာ ကိုယ့်ကိုလာမပတ်သရွေ့ ခေါင်းအေးအေးထားရှင်းလို့ရပေမယ့်
ရွံစရာအကောင်းဆုံးအမှုကိုမှ ပတ်သက်တဲ့လင်ယောကျ်ားနဲ့ မိသားစုပျော်ရွှင်မှု၊ ဂုဏ်သိက္ခာ ဒါတွေအားလုံးကို
တပြိုင်တည်းပုခုံးထမ်းပြီး ရင်ဆိုင်ရမယ့် အမျိုးသမီးတယောက် ဘယ်လိုတွေစွမ်းဆောင်ပြမလဲဆိုတာကိုတော့….
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Zwe~YH တို့ပဲဖြစ်ပါတယ်)Quality : 720p DSNP WEB DL Total Episodes : 8EpsFormat : mp4Genres :Drama, Crime, MysteryDuration : 46minsSubtitle : Myanmar Subtitle ( Hardsub )...
Burn the House Down (2023- )
⭐IMDB: 7.4/10 (61 Votes)
🎬 #Drama #Mystery #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #Japan
⏰ 50 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Burn the House Down (2023)Burn the house down (2023)လက်စားချေခြင်းဟာ ပူလောင်တယ်ဆိုပေမဲ့ ကိုယ့်ရဲ့အရာအားလုံးကို လုယူသွားတဲ့လူ
ကိုယ့်ရဲ့ဘဝကို ချနင်းသွားတဲ့လူက ချမ်းသာပျော်ရွှင်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေဖို့ဆိုတာဖြစ်နိုင်ပါ့မလား…
သင်သာ ဒီလိုအဖြစ်မျိုးကြုံခဲ့ရင်ရော ဘယ်လိုရွေးချယ်မှုကိုလုပ်မှာလဲ။မီထာရာအီမိသားစုဟာ မျိုးရိုးစဉ်ဆက် ဆေးရုံဖွင့်ခဲ့ကြတဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်ခုပါ။
ပျော်ရွှင်မှုရော ချမ်းသာကြွယ်ဝမှုနဲ့ပါပြည့်စုံတဲ့ လူတကာအားကျရတဲ့ နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပေါ့။ဒါပေမဲ့ ပျော်ရွှင်မှုအတိပြီးတဲ့ ဒီမိသားစုဘဝလေးကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုအတွက် အမေဖြစ်သူကိုအပြစ်တင်ပြီး ကွာရှင်းပြီးတော့ သမီးနှစ်ယောက်ကိုပါ ထားခဲ့တဲ့
အမေ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့ နောက်အိမ်ထောင်ပြုသွားတဲ့ အဖေဖြစ်သူအပြစ်ရှိစိတ်နဲ့နောင်တတွေကို ရင်ဝယ်ပိုက်ရင်းနဲ့ ကိုယ်ရောစိတ်ပါပြိုလဲခဲ့ရတဲ့
သမီးဖြစ်သူကိုပါ မေ့လျော့သွားခဲ့တဲ့ အတိတ်မေ့ရောဂါသည်အမေလူတကာအားကျရတဲ့ သူဌေးသမီးလေးဘဝကနေ နေ့ချင်းညချင်း မိသားစုပြိုကွဲပြီး လမ်းပေါ်ရောက်ခဲ့ရတဲ့အန်ဇူတစ်ယောက်
၁၃ နှစ်အကြာမှာ အမေ့ရဲ့သူငယ်ချင်းဖြစ်တဲ့ အဖေ့ရဲ့နောက်မိန်းမ မာကိကိုကို လက်စားချေနိုင်ဖို့နဲ့
လွန်ခဲ့တဲ့ ၁၃ နှစ်က သူ့ရဲ့အိမ် သူ့ရဲ့မိသားစု သူ့ရဲ့ဘဝကိုပါ ပြာပုံအတိဖြစ်စေခဲ့တဲ့
မီးလောင်မှုရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်စုံစမ်းဖို့ အိမ်အကူအဖြစ် မီထာရာအီအိမ်ကြီးဆီကို တဖန်ခြေချဖို့ဖြစ်လာပါတော့တယ်။ဒီမီးလောင်မှုရဲ့နောက်ကွယ်မှာရှိနေတာ ဘယ်သူဖြစ်မလဲ။ အန်ဇူထင်ထားသလိုပဲ အဖေ့ရဲ့မယားငယ်မာကိကိုဖြစ်နေခဲ့တာလား။
နာမည်အတုနဲ့ဝင်လာတဲ့ အန်ဇူကရော တစ်ချိန်ကသူ့ရဲ့ဘဝကို နင်းခြေခဲ့တဲ့လူတွေကို ဘယ်လိုလက်စားချေသွားမလဲဆိုတာကိုတော့
ဒီ Burn Down the Houseဆိုတဲ့ရုပ်ရှင်လေးမှာပဲ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary, Blue, Summer တို့ပဲ ဖြစ်ကြပါတယ်။Genre….. Drama, Mystery...
Seasons (2023)
⭐IMDB: 5.6/10 (102 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 656.9 MB ⦿ 1.6 GB
🌎 #UnitedStates #Philippines
⏰ 1 နာရီ 49 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Seasons (2023)
သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာကင်းတဲ့ “၅၂၈” အချစ်ဆိုတာရှိပါ့မလား။ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနားမှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာမလား စိတ်ကူးတွေနဲ့ပေါ့။
ဒီလိုပါပဲ… ချာလီနဲ့ကတ်တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း “၅၂၈” အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှုတစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ်သူ ကတ်ဘ၀ထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့်တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကိုအဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက်မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Scooby-Doo! and the Gourmet Ghost (2018)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Adventure #Animation #Comedy #Family #Crime #Fantasy #Horror #Mystery
🗓 2018 🎞 video movie
📺 #720p #1080p
💿 739.9 MB ⦿ 1.7 GB
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scooby-Doo! and the Gourmet Ghost (2018)
~ IMDb – 6.5/10, Rotten Tomatoes – 63% ~
စကူဘီဒူးပရိသတ်တွေအတွက် 2018 က ထွက်ခဲ့တဲ့ မူလလက်ရာ ကားကောင်းတစ်ကားပါ။ ဒီတစ်ခါမှာတော့ စားဖိုမှူးနဲ့ပတ်သက်တဲ့ သဘာ၀လွန်ဖြစ်ရပ်ကို စုံစမ်းကြတာဖြစ်ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ဖရက်ရဲ့ ဦးလေးဘော်ဘီက သူတို့မွေးရပ်မှာ ချက်ပြုတ်ရေးအပန်းဖြေစခန်းဖွင့်တာကို သူတို့အုပ်စုသွားကြရင်း Mystery Case နဲ့ကြုံရတာပါ။ ဖရက်တို့ရဲ့ ဘိုးဘေးဖြစ်သူ နာမည်ကျော်စားဖိုမှူးအက်၀ပ်ဒူဖလေက တော်လှန်ရေးစစ်ပွဲအတွင်းမှာ မြို့ရဲ့သူရဲကောင်း လေးစားခံရတဲ့သူပါ။ ပါဆယ်စနစ်ကို စတီထွင်ခဲ့တဲ့သူပါတဲ့။ တစ်ရက်မှာ သူ့အင်းကနေ သရဲနီကြီးလို့ အော်ရင်း ပျောက်သွားပါလေရော။ အဲဒီချိန်ကစပြီး အင်းမှာ သရဲနီကြီး ခြောက်နေတယ်ဆိုတဲ့ ဇာတ်လမ်းတွေ ဒီနေ့ထိ ရှိနေပါတယ်။
ဖရက်ဦးလေးဘော်ဘီက ဒီအင်းကို ခေတ်မီနည်းပညာနဲ့ပြန်လည်ဆန်းသစ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ချက်ပြုတ်တဲ့ အစီအစဉ် လုပ်တဲ့အခါမှာ သရဲနီကြီး ပြန်ပေါ်လာပါတော့တယ်။ စကူဘီဒူးတို့တစ်သိုက် ဒီသရဲနီကို လိုက်ဖမ်းကြရင်း စားဖိုမှူးဒူဖလေရဲ့ သမိုင်းကြောင်းကိုပါ သိလိုက်ရတဲ့အခါ…
ဒူဖလေက မြို့သူမြို့သားတွေသိထားသလို သူရဲကောင်းပဲလား… သရဲနီကိုရော ဘယ်သူက ဇာတ်လမ်းဆင်ထားတာလဲဆိုတာ ဆက်လက်အားပေးလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Shiv Shastri Balboa (2022)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Bollywood #Comedy #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 1006.3 MB ⦿ 2.2 GB
🌎 #India
⏰ 2 နာရီ 10 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shriv Shastri Balboa(2023)IMDb 6.8/10Comedy/Drama
မင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။အငြိမ်းစားယူထားတဲ့ လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။
ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်းကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေအကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာအဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။
ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကိုဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။...
Bird Box: Barcelona (2023)
⭐IMDB: 5.5/10 (371 Votes)
🎬 #Horror #Mystery #SciFi #Thriller #Drama #ScienceFiction
🗓 2023 🎞 movie
📺 #720p #1080p
💿 832.3 MB ⦿ 1.5 GB
🌎 #Spain #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bird Box Barcelona (2023)
ဒါဟာ ၂၀၁၈ မှာထွက်ရှိခဲ့တဲ့ Bird Box ရုပ်ရှင်ကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ခုပါ။နောက်ဆက်တွဲဇာတ်လမ်းတော့မဟုတ်ပါဘူး။ဘာစီလိုနာမှာ ဆင်ဆင်တူ ဖြစ်ပျက်နေပုံကို ပြသထားတာပါ။ထူးဆန်းတဲ့အရာတစ်ခုကြောင့် ကမ္ဘာပျက်ကိန်းကြီး တစ်ခုဖြစ်ခဲ့ပြီး အဲဒီအရာကို မြင်လိုက်တဲ့သူတိုင်းဟာ သေကြောင်းကြံသွားကြပါတယ်။ဒါမှမဟုတ် အဲဒီအရာရဲ့ ကျေးကျွန်တွေဖြစ်လာပြီး အခြား မျက်လုံးကို အုပ်ထားတဲ့သူတွေကို အတင်းမျက်လုံးဖွင့်အောင် လုပ်လိုက်ကြပါတယ်။အဲဒီအရာကလည်း မျက်လုံးတွေဖွင့်ကြည့်မိအောင် မျိုးစုံလှည့်စားစည်းရုံးတတ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်အဖြစ် ဆီဘက်ရှန်ဆိုတဲ့သူနဲ့ သူ့ရဲ့ သမီး အန်နာတို့ ပါပါတယ်။ဇာတ်လမ်းက လှည့်ကွက်လေးတွေနဲ့မို့ အများကြီးတော့ ပြောပြလို့မရပါဘူး။သူတို့တွေလည်း ဒီကပ်ဘေးကြီးထဲကနေ ဘယ်လိုလွတ်အောင် ရုန်းကန်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Bang Bang (2014)
⭐IMDB: 5.6/10 (25 k Votes)
🎬 #Action #Adventure #Bollywood #Comedy #Romance #Musical #Thriller
🗓 2014 🎞 movie
📺 #720p #1080p
💿 1.9 GB ⦿ 7.1 GB
🌎 #France #India
⏰ 2 နာရီ 34 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကိုမှီငြမ်းထားတာဖြစ်ပါတယ်…။
နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်…မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။
ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။...
The Book of Vision (2020)
⭐IMDB: 6.4/10 (3 k Votes)
🎬 #Drama #Mystery #History
🗓 2020 🎞 movie
📺 #720p #1080p
💿 619.8 MB ⦿ 1.5 GB
🌎 #Italy #UnitedKingdom #Belgium
⏰ 1 နာရီ 38 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 6.2/10
ဇာတ်လမ်းအညွှန်း
အေဗာ ဟာ ဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်မယ့်အစား
တက္ကသိုလ်တစ်ခုမှာ ဆေးပညာသမိုင်းကို သုတေသနလုပ်ဖို့
ဆုံးဖြတ်လာခဲ့ပါတယ်။ သူက ၁၈ရာစုပိုင်း ရှေးဟောင်းဆေးပညာ
သမိုင်းကို လေ့လာမှာဖြစ်ပြီး သူရှာတွေ့သွားတာကတော့
သမားတော် ဂျိုဟန်အန်းမက်သ် ရဲ့ လက်ရေးမှတ်တမ်းစာအုပ်
ဖြစ်ပါတယ်။
သမားတော် အန်းမက်သ်က လူနာတွေရဲ့ ခံစားချက်တွေ၊
အကြောက်တရားတွေနဲ့ စိတ်ကူးအိပ်မက်တွေကို နားထောင်ပေးရင်း
ဒါတွေကို အခြေခံပြီး လူနာတွေကို ကုသပေးတာဖြစ်ပါတယ်။
အဲ့ခေတ်အခါက သစ်ပင်၊တောတောင်တွေကို နတ်ကိုးကွယ်သလို
ကိုးကွယ်ကြတဲ့သူတွေနဲ့ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ယူဆ
ကြတဲ့သူတွေအကြား ပဋိပက္ခဖြစ်မှုတွေနဲ့အတူ ယနေ့ခေတ်ဆေး
ပညာအနေနဲ့ ဖြစ်တည်လာမယ့် ဆေးပညာအသစ်ကို အစားထိုး
အသုံးပြုလာကြတော့မယ့် အချိန်ကာလဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ
ဖြစ်တည်ခဲ့ကြတဲ့ လူနာတွေရဲ့ စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ
၊ စိတ်ကူးအိပ်မက်တွေအကြောင်းကို အန်းမက်သ်ရဲ့ စာအုပ်ထဲမှာ
ရေးသားထားပါတယ်။ အေဗာ တစ်ယောက် ဒီစာအုပ်ကို ဖတ်ရင်း
သူကိုယ်တိုင် ဇာတ်ဆောင်နေရာတွေမှာ ခံစားကြည့်ပြီး သူကြုံတွေ့
နေရတဲ့ အကျဉ်းအကျပ်အတွက် ဒီစာအုပ်ကနေ ဘယ်လို စိတ်ခွန်အား
ရသွားသလဲဆိုတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းက မိနစ်၉၀သာ ကြာမြင့်ပြီး ၁၈ရာစုအပြင်အဆင်လေး
တွေလည်း ကြည့်ရှုနိုင်မယ့်အပြင် mystery တွေကို လိုက်ပါခံစားလို့
ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် )...
Ice Sniper 2 (2023)
⭐TMDB: 0.0% User Score
🎬 #Drama #War
🗓 2023 🎞 Movie
📺 #480p #1080p
💿 449.4 MB ⦿ 1.1 GB
🌎 #China
⏰ 1 နာရီ 26 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီးရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။
ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာတပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။
မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။
ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရောဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။...
Escape Plan: The Extractors (2019)
⭐IMDB: 4.4/10 (16 k Votes)
🎬 #Action #Crime #Thriller #Adventure
🗓 2019 🎞 movie
📺 #720p
💿 825.1 MB
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1080p BluRay 5.1 Ch Quality နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။
ဒီဇာတ်ကားဆိုရင် အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တွေ ရဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကား Escape Plan: The Extractors (2019) ဟာဆိုရင်လည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံး နဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ။
1080p BluRay 5.1 Ch Quality နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။
ဒီဇာတ်ကားဆိုရင် အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone ပါ၀င်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တွေ ရဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကား Escape Plan: The Extractors (2019) ဟာဆိုရင်လည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံး နဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓါးစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ။...
Dope (2015)
⭐IMDB: 7.2/10 (88 k Votes)
🎬 #Adventure #Comedy #Crime #Drama
🗓 2015 🎞 movie
📺 #720p #1080p
💿 743.9 MB ⦿ 1.8 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။
ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာ
နေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့
လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။
သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက်
စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကို
လွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။
တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲက
မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေး
တယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့
သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။
ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်း
တို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက်
ဖို့အစီအစဉ်က ဒီမူးယစ်ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့
အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။
အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေး
ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသ
ဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။
ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့
ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့
အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့်
ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။...
Future Century Amazons (2017)
⭐IMDB: 4.3/10 (15 Votes)
🎬 #Action #Adult #Horror #Comedy #ScienceFiction #SciFi
🗓 2017 🎞 movie
📺 #720p
💿 372.6 MB
🌎 #Japan
⏰ 1 နာရီ 14 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Future Century Amazonies 2017
ဒီတစ်ခါ DS fan ညိုကီတို့အတွက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကိုတော့စိတ်ခိုင်မှကြည့်ကြဖို့ အကြံပေးချင်ပါတယ်…စိတ်မခိုင်လဲ ကြည့်လို့တော့တန်ပါတယ်….
ဝမ်းဒါးဝူးမန်းထဲက အမေဇွန်ကျွန်းလေးပေါ်မှာ ငါများရောက်သွားရက်တော့မချောဆယ်ယောက်ကိုယ်တစ်ယောက်ဖြစ်ရချည်သေးဆိုပြီး စိတ်ကူးယဉ်ဖူးတဲ့ညိုကီတွေအတွက် အနာဂတ်က အမေဇွန်စီးတီးလို့ခေါ်တဲ့ မိန်းမတွေချည်းရှိတဲ့မြို့လေးကို အခြေပြုတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပါ
ဖန်ပြွန်သန္ဓေသားနဲ့ပဲကလေးမွေးကြပြီး ယောကျာ်းတွေဆီက သုတ်ပိုးကိုအရှင်လတ်လတ်ပဲယူကြပါတယ် စိတ်ဆန္ဒပြေပျောက်ဖို့ကိုတော့ မိန်းမအချင်းချင်းပဲ တယောထိုးကြပါတယ်တဲ့ဇာတ်လမ်းလေးက ဆန်းသလို ပြောတဲ့ဒိုင်ယာလော့ခ်တွေကလည်း လုံးဝအလန်းပါသွေးထွက်သံယိုတွေ ညစ်ညမ်းအခန်းတွေသာမပါရင် ဖိုမတန်းတူညီမျှရေးဇာတ်ကားဆိုပြီးလူတကာလိုက်ပြလို့ကိုရအောင် ရှယ်ကောင်းပါတယ်အဲ့တော့ မိန်းမတွေချည်းရှိတဲ့ကမ္ဘာတွေကို လေ့လာချင်တဲ့ ညိုကီတွေအတွက်မူးရင် ဒိုင်ကြောင်တွေလွှတ်ဖို့ ကိုးကားစရာစကားတွေပါ ပါတာမို့ လက်မလွှတ်ကြဖို့တော့ အကြံပေးလိုက်ပါတယ်...
Operation Battleaxe 2: Bloodbath (2023)
⭐TMDB: 0.0% User Score
🎬 #Crime
🗓 2023 🎞 Movie
📺 #480p #1080p
💿 464.1 MB ⦿ 831.7 MB
🌎 #China
⏰ 1 နာရီ 28 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတွေရဲ့ အလိုဆန္ဒဟာ အတောမသတ်နိုင် ကြီးထွားလာပြီးလောဘအဖြစ်ပြောင်းလဲသွားတဲ့အခါ လောဘရဲ့ကျေးကျွန်အဖြစ်ကြိုးစေရာကရတော့တယ်၊အမိုက်မှောင်အတွေးတွေ ကြီးစိုးလာတဲ့အခါပြန်လမ်းမရှိတဲ့ စွဲလမ်းခြင်းမှာ ပိတ်မိနေတတ်ပါတယ်။
တစ်ချိန်က အားပု၊လိကျီနဲ့ ဝမ်ကျားဆိုတဲ့ ညီနောင်သုံးဦးရှိခဲ့ပါတယ်၊ဒါပေမဲ့ အားပု(ဟယ်ဇစ်ဝေ)ဟာ ပြဿနာတက်ပြီး အချုပ်ကျခဲ့ပြီးတစ်ခြားသော ဇာတ်မြှုပ်ကွက်တွေကြောင့် သူတို့သုံးဦးလုံးတစ်နေရာစီ ကွဲထွက်သွားပါတော့တယ်
ဒီလိုနဲ့ လိကျီဆိုသူဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ဂိုဏ်းနဲ့ပတ်သတ်နေတဲ့အခါ。。。ပျောက်ဆုံးနေတဲ့ ဝမ်ကျားကို。。。အားပု ထောင်ထဲကထွက်လာတဲ့အချိန်မှာရောအရင်ကညီနောင်သံယောဇဉ်ကို ဒီရုပ်ရှင်ထဲမှာ ဘယ်လိုပုံဖော်သွားမလဲ
ထောင်ထဲကထွက်လာပြီး မသမာမှုနဲ့ လွတ်ကင်းစွာနေနေတဲ့အားပုတစ်ယောက် လိကျီနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ 。。。ရဲတပ်ဖွဲ့ဝင်တွေကရဲ့ အမှုလိုက်ဖြေရှင်းပုံကို စိတ်ဝင်စားစွာ ကြည့်ရှုရမဲ့အပြင်မိမိကိုယ်ကို မှန်တယ်လို့ခံယူထားလို့လုပ်နေကြတဲ့သူတို့အားလုံးမှာ。。。ဘယ်လိုအရာမျိုးက အဖြစ်မှန်အစစ်မှန်လဲဆိုတာ ဆက်လက်ကြည်ရှုရမှာပါ...
Life and Death Travel (2019)
⭐TMDB: 0.0% User Score
🎬 #Drama #Thriller
🗓 2019 🎞 Movie
📺 #480p #1080p
💿 342.2 MB ⦿ 667.5 MB
🌎 #China
⏰ 1 နာရီ 6 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လောကမှာ သရဲဆိုတာမရှိဘူး။ သရဲဆိုတာ လူတွေရဲ့အတွင်းစိတ်မှာပုန်းအောင်နေတဲ့ မကောင်းဆိုးဝါးစိတ်ကပြန်ချောက်လှန့်နေတာပါ။စိတ်တွေဖောက်ပြန်လာတဲ့အခါ ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေလုပ်လာတတ်ကြတယ်။ဒီဇာတ်လမ်းလေးမှာ လူ့စိတ်ကြောင့်ကြောက်စရာကောင်းတာတွေဖြစ်လာတတ်တဲ့ပုံကိုတင်ဆက်ပြထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့လူငယ်လေးတစ်စုခရီးတောင်ပေါ်ကိုအပျော်ခရီးထွက်လာကြတယ်။လူငယ်သဘာဝ ခရီးတစ်လျှောက်ရောက်တက်ရာရာ ပေါက်ကရတွေပြောကြတာပေါ့။သူတို့တွေတည်းတဲ့တည်းခိုခန်းကို ရောက်တဲ့အခါ လမ်းမှာပြောခဲ့တဲ့သရဲဇာတ်လမ်းထဲကအတိုင်း သရဲမနဲ့ကြုံတွေ့ကြရပါတယ်။အဲဒါတင်မကဘူး အားလုံးဟာထင်ယောင်ထင်မှားတွေဖြစ်ပြီး ကိုယ်စီပိတ်မိနေကြပါတော့တယ်…..ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး...
Escape Plan (2013)
⭐IMDB: 6.7/10 (251 k Votes)
🎬 #Uncategorized #Action #Thriller
🗓 2013 🎞 movie
📺 #1080p
💿 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်ချိန်က နာမည်ကျော်တွေဖြစ်တဲ့ Sylvester Stallone နဲ့ Arnold Schwarzenegger တို့ဒီဇာတ်ကားမှာအပြိုင်အဆိုင် သရုပ်ဆောင်ထားတာကိုကြည့်ရတာဟာ သူတို့ဘာကြောင့်နာမည်ကျော်ခဲ့လဲဆိုတာကိုပြောပြနေသလိုပါပဲ…ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Arnold နဲ့ Stallone တို့ရဲ့ ပရိသတ်တွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ…..(ဇာတ်ကားကထွက်နေတာကြာပြီဖြစ်ပေမယ့် ဒီလိုဇာတ်ကားကောင်းကောင်းလေးတွေကိုQuality ကောင်းကောင်းနဲ့ စာတန်းထိုးမှန်မှန်လေးကြည့်စေချင်လို့ နည်းနည်းနောက်ကျ မှတင်ပေးမိတာကို အားလုံးပဲနားလည်ပေးကြပါခင်ဗျာ….)
Quality….အကြည်Format…mkvhour….01:55:35subtitle….မြန်မာစာတန်းထိုး...
Escape Plan 2: Hades (2018)
⭐IMDB: 3.9/10 (34 k Votes)
🎬 #Action #Crime #Mystery #Thriller #SciFi
🗓 2018 🎞 movie
📺 #720p
💿 750.5 MB
🌎 #China #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကိုထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” လည်းပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း==========
Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။
တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။
မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်မကောင်းခဲ့ရင်တောင် ကြည့်ရတဲ့ ဖိုက်တင်ချခန်းတွေနဲ့ အချိန်ပေးရတာထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။
(ဘာသာပြန်သူကတော့ d3mon ပါ)
ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကိုထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” လည်းပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း==========
Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။
တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမာၻ႔အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။
မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်မကောင်းခဲ့ရင်တောင် ကြည့်ရတဲ့ ဖိုက်တင်ချခန်းတွေနဲ့ အချိန်ပေးရတာထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။
(ဘာသာျပန္သူကေတာ့ d3mon ပါ)...
An Unforgettable Year: Spring (2023)
⭐IMDB: 6.0/10 (60 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 682.0 MB ⦿ 1.3 GB
🌎 #Brazil
⏰ 1 နာရီ 19 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
An Unforgettable Year : Spring (2023)
******************************************
ဒီတစ်ခါတော့ An Unforgettable Year
ရာသီလေးခုထဲက Springမှာ ပေါက်ဖွားခဲ့တဲ့အချစ်ဇာတ်လမ်းလေးကို ရှုစားရမှာပါ…။
ပန်းတွေပွင့်ကြတဲ့ နွေဦးအလှဟာဆိုရင် ပန်းချီလေးဆွဲ ဘောင်လေးသွင်းထားသင့်တဲ့အလှလေးဗျ..။
ဒီဇာတ်လမ်းထဲမှာလည်း ဂျက်စမင်ဟာဆိုရင် ငယ်ငယ်လေးကတည်းက ပန်းချီပညာကို ရူးသွပ်သူ..၊
အချိန်ပြည့် ပန်းချီကိုရူးသွပ်သူပေါ့…။
သို့ပေမဲ့ ဂျက်စမင်ရဲ့ အမေဖြစ်သူကတော့ သမီးကို စီးပွားရေး ကောလိပ်သာဆက်တက်စေချင်ပြီး
ပန်းချီပညာနောက်ကိုလိုက်ခွင့်မပေးပါဘူး…။
ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် စာကိုသာကြိုးစားခဲ့ရပေမယ့် အထက်တန်းနှစ်မှာတော့
သင်္ချာကို တဗုန်းဗုန်းကျပါလေရော…။
ဘယ်လောက်ထိဆိုးသလဲဆိုရင် သင်္ချာစာမေးပွဲဖြေရင် စာမေးပွဲကိုစိတ်မပါနိုင်ဘဲ
အဖြေလွှာမှာ ပုံတွေချည်း ဆွဲနေလို့ သုညရခဲ့သူလေးပါ..။
သူ့အတွက်က သင်္ချာအောင်မှ အထက်တန်းအောင်ပြီး
အမေဖြစ်သူတက်စေချင်တဲ့ စီးပွားရေးကောလိပ်တက်နိုင်မှာပါ…။
ဒါမှမဟုတ် သင်္ချာမအောင်မယ့် အတူတူ အိမ်ကို ပုန်ကန်ပြီးပဲ
အနုပညာသင်တန်းတက်လိုက်ရမလားနဲ့ဝေခွဲမရဖြစ်နေပြီပေါ့…။
ဒီလိုနဲ့ ဂျက်စမင်တစ်ယောက် သင်္ချာအောင်ဖို့ ဂိုက်ဆရာလေး ဒါဗီနဲ့ဆုံတွေ့ခဲ့ပြီး…
ဒါဗီကပါ ပန်းချီပညာဘက်ကိုလိုက်သင့်ကြောင်း အားပေးအားမြှောက်ပြုလာတဲ့အခါ
မှာတော့ Springကာလ မမေ့နိုင်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် အစချီခဲ့ပါတော့တယ်…။...
Pamfir (2022)
⭐IMDB: 7.6/10 (2 k Votes)
🎬 #Action #Drama #Thriller #Crime
🗓 2022 🎞 movie
📺 #720p #1080p
💿 785.3 MB ⦿ 1.8 GB
🌎 #Ukraine #France #Poland #Chile #Luxembourg
⏰ 1 နာရီ 39 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pamfir (2022)
~ IMDb – 7.6/10, Rotten Tomatoes – 93% ~
” ဝတ်လစ်စလစ်အခန်းအနည်းငယ်ပါဝင်တာကြောင့် အသက်မပြည့်တဲ့ကလေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး “
Rotten Tomatoes 93% ရရှိထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့သလို ဆန်ခါတင်တစ်ဆုပါ ဝင်ခဲ့တဲ့ ယူကရိန်းရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ယူကရိန်းဇာတ်ကားတွေက ဟောလိဝုဒ်ကားတွေထက်စာရင် ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းက ဟောလိဝုဒ်ထက်မသာတောင် ယှဉ်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုအဆင့်အတန်းတစ်ခုကို ကောင်းကောင်းချပြထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီရုပ်ရှင်ရဲ့အစမှာ လီယိုနစ်ဆိုတဲ့ ဖခင်တစ်ယောက်၊ မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ သူ့ရဲ့နယ်စပ်ကဇာတိမြေကိုပြန်လာပြီး သူ့မိန်းမနဲ့ သားဖြစ်သူနဇာကို ပြန်လာတွေ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သား နဇာက သူ့အဖေကြာကြာနေအောင်ဆိုပြီး သူ့အဖေရဲ့ စာရွက်စာတမ်းတွေထားထားတဲ့ ဘုရားကျောင်းကို မီးရှို့ပစ်ပါတယ်။ အဲဒီမှာ ပြန်အလျော်ပေးဖို့ ပိုက်ဆံလိုတာကြောင့် ဖခင်ဖြစ်သူက သူဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ မှောင်ခိုအလုပ်ကိုနောက်တစ်ခါ ထပ်လုပ်ရဖို့ဖြစ်လာပါတယ်။
မှောင်ခိုလောကဆိုတာ အတော်ကိုရက်စက်တဲ့လောကပါ။ ဂွင်မကျော်သင့်တဲ့လူကိုကျော်မိရင် ဘဝပါပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီမှာ ဖြစ်ချင်တော့ ပိုက်ဆံရဖို့ တကယ့်ခေါင်ကြီးတစ်ယောက်ကို လီယိုနစ်တစ်ယောက် ဂွင်ကျော်ရိုက်ရပါတော့တယ်။ သူဂွင်ကျော်တာကို အဲဒီလူသိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ မှောင်ခိုသမားတွေရဲ့ လုပ်ကွက်တွေ၊ ဘဝတွေကိုမြင်ရမှာဖြစ်ပြီး ဖခင်တစ်ယောက်၊ သားတစ်ယောက်၊ ခင်ပွန်းသည်တစ်ယောက် ဖြစ်တဲ့ လီယိုနစ်အနေနဲ့ သူ့မိသားစုအတွက် ဘယ်လိုတွေပေးဆပ်သလဲတွေ့ရမှာပါ။ ဖခင်တစ်ယောက်ရဲ့ စိတ်ဓာတ်အတိုင်း သူ့သားကိုပညာသင်ဖို့၊ သူ့လို ပညာမတတ်တဲ့လူမဖြစ်ဖို့ အစွမ်းကုန်ဆုံးမတာတွေနဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုပါဖော်ကျူးထားပါတယ်။
ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Dmytro Sukholytkyy-Sobchuk အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးပြီးစီးဖို့ ၁၀ နှစ်အချိန်ယူခဲ့ရတယ်ဆိုပါတယ်။ ဇာတ်သိမ်းနဲ့ အဓိကသရုပ်ဆောင်ရဲ့ဟန်ပန်ကို သူစိတ်တိုင်းမကျမချင်းကို ရိုက်နေတာကြောင့်ပါ။ အဲဒီလိုရိုက်ကူးခဲ့တာကလည်း အကျိုးရှိခဲ့တယ်ပြောလို့ရမှာဖြစ်ပြီး Pamfir ဟာ နိုင်ငံတကာရုပ်ရှင်ဆုပေါင်း ၁၈ခုနဲ့ ဆန်ခါတင်စာရင်းပေါင်းများစွာဝင်ခဲ့ပါတယ်။ တောင်တန်းတွေရဲ့အလှ၊ ရုပ်ရှင်ရိုက်ကွက်အလှအပတွေနဲ့အတူ ဒရာမာကောင်းကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ မြည်းကြည့်ကြဖို့ ညွှန်းချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Oh My Ghost! The Fierce Escape from Covid-19 (2021)
⭐TMDB: 100.0% User Score
🎬 #Comedy #Horror
🗓 2021 🎞 Movie
📺 #720p
💿 792.4 MB
🌎 #Thailand
⏰ 1 နာရီ 39 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Oh My Ghost! The Fierce Escape from Covid-19 (2021)
ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။
အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။
ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့……ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ…..
အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ …..ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။
ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hazelပဲ ဖြစ်ပါတယ်။...
Shaitan (2023- )
⭐IMDB: 6.7/10 (4 k Votes)
🎬 #Crime #Drama #Action #Thriller
🗓 2023- 🎞 tv series
📺 #1080p
🌎 #India
⏰ 26 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shaitan (2023)Shaitan (2023)
IMDb-7.6/10
အမှန်အမှားဆိုတာ ကျပ်ပြားစေ့တစ်ခုရဲ့ ခေါင်းနဲ့ပန်းလို နံရံပါးပါးလေးပဲခြားတာ။”အများညီရင် ဤကို ကျွဲဖတ်”ဆိုတဲ့
စကားအတိုင်းပဲ ခေတ်အဆက်ဆက် အမှန်အမှားဆိုတာလည်း လုပ်ရပ်ပေါ်မကြည့်ဘဲ အများအမြင်မှာပဲလမ်းဆုံးတတ်တာမလား။“အမျိူးသမီးတယောက် သူ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်သာဘဲ ယောက်ျားတွေနဲ့ အိပ်ရတဲ့အခါ
အဲဒီအမျိုးသမီးကို ပြည့်တန်ဆာလို့သမုတ်ကြပြီး သူနဲ့အတူအိပ်တဲ့ယောက်ျားတွေကိုတော့ ဘာနာမည်မှမတပ်ကြဘူး” ဆိုတဲ့
ဘာလီ၊ မိခင်ရဲ့အလုပ်အပေါ် ရှက်ရွံ့စိတ်နဲ့ ဖအေလုပ်သူစွန့်ပစ်ခဲ့တဲ့ မိသားစုလေးယောက်ကို ပုခုံးထမ်းချင်ပေမယ့်
သူ့ကိုဘယ်သူမှ အလုပ်မပေးချင်ကြ။
ဒီလိုနဲ့ တရက်မှာ ကံဆိုးမသွားရွာ မိုးလိုက်လို့ရွာဆိုတဲ့အတိုင်း သူတို့မိသားစုထဲကို ကံကြမ္မာဆိုးကြီး၀င်ခဲ့ပြီး
လူ့အသိုင်းအဝိုင်းက သူ့ကိုလူသတ်သမားလို့သတ်မှတ်လိုက်ကြတဲ့အခါ။“သစ္စာစောင့်သိမှုနဲ့ ကိုယ်ကျင့်တရားဆိုတာ နိုင်ငံရေးသမားနဲ့ရဲတွေမှာရှိတဲ့အရာမဟုတ်ဘူး”ဆိုတဲ့
ရဲအရာရှိနာဂီရတ်ဒီ၊ အထက်ကပေးအပ်လာတဲ့ တာ၀န်ကို မပျက်ကွက်အောင်ထမ်းဆောင်ပေမယ့်
ကိုယ်ကျိုးမတွက်တဲ့ ရဲအရာရှိတစ်ယောက်။အဲဒီလို၂ယောက်တို့ ပေါင်းမိသွားတဲ့အချိန်မှာတော့ အမှန်တရားအတွက်သူတို့တွေ တိုက်ပွဲ၀င်ကြမလား။
ကလဲ့စားတစ်ခုအတွက်နဲ့ပဲ လမ်းဆုံးနေမလားဆိုတာ နိုင်ငံရေးလှည့်ကွက်တွေကို ဇာတ်အိမ်တည်ထားပြီး
ကိုးပိုင်းပဲပါ၀င်တဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်လိုက်ရအောင်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, Aditi, Moon, BpL, Yunni, Zweတို့ပဲဖြစ်ပါတယ်)File Size – 1.1GB / 500MBQuality – 1080p / 720pDuration – 29 min 41 sTotal Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama...
