ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Kapil Returns (2023) ⭐IMDB: 9.7/10 (83 Votes) 🎬 #Bollywood #Drama #Sport 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kapil returns 2024 အိပ်မက်ပန်းတိုင် မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စုယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ်သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာကဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါ ဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ် ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲ ဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
My Dictator (2014) ⭐IMDB: 6.1/10 (156 Votes) 🎬 #Drama 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 8 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Dictator (2014) ******************** မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်း အဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေ စိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကို လွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာ ပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီး ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာ သူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီး အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်က နိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာ မမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင် ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကို အဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။)...
Hiraya (2024) ⭐IMDB: 5.3/10 (15 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 45 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟီရာယာဆိုတာ ဆန်ရိုကေးတိုက်နယ်အပိုင်ရွာတစ်ခုကမြစ်ကမ်းဘေးမှာ ဒဏ်ရာတွေနဲ့လဲနေလို အဘွားကြီးတစ်ယောက်က ကယ်ထားတဲ့ဇစ်မြစ်မသိရတဲ့ မိန်းမလှလေးတစ်ယောက်ပါ။ သူ့ကိုစတွေ့ကတည်းက နာမည်တစ်ခုကလွဲလို ဘာမှမေးမရတဲ့အပြင် ခေါင်းထိထားတဲ့ဒဏ်ရာကြောင့်အတိတ်ကလည်းမေ့နေပြန်ပါသေးတယ်။ ရပ်ထဲရွာထဲက အတင်းပြောတတ်တဲ့အမျိုးသမီးတွေရဲ့စကားအရတော့ သူ့ကိုရှာတွေ့ခဲ့တဲ့ မြစ်ဘေးဟာ သုံးနှစ်တစ်ကြိမ် သူယောင်မတွေက ယောကျ်ားတွေကိုမြူဆွယ်ဖြားယောင်းပြီးခေါ်သွားတတ်တဲ့ ပါးစပ်ရာဇဝင်တစ်ခုရှိတဲ့အတွက် သူ့ကိုလည်း အဲ့ဒီကလာတဲ့ လူယောင်ဆောင်တစ်ဦးလိုဆိုကြပြန်ပါတယ်။ ဒါပေမယ့် စကားမပြောတတ်၊အတိတ်ကို မမှတ်မိတဲ့ ဟီရာယာဟာ တွေ့သမျှယောက်ျားတိုင်းနဲ့လိုက်အိပ်ပြီး အဲ့ဒီလိုသူနဲ့အိပ်ဖူးတဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေ စိပ်လာချိန်မှာတော့ တစ်ရွာလုံးနဲ့ထိပ်တိုက်တွေ့ဖိုဖြစ်လာပါတော့တယ်။ နောက်ပိုင်းထွက်တဲ့ Vivamax ကားတွေထဲမှာဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော...
The Fatal Encounter (2014) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Action #Drama #History 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 16 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Fatal Encounter (2014)IMDb: 6.7/10Genre: Action, Drama ကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။ နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိနေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။ မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး အကွက်ကျကျ လုပ်ကြံသတ်ဖြတ်ဖို့စီစဥ်ထားတဲ့ကြံစည်မှုမှာ မင်းကြီးရှောင်ထွက်နိုင်ပါ့မလားဆိုတာကို နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေအများကြီး ခေါင်းဆောင်အနေနဲ့ရော အရံအနေနဲ့ပါ ပါဝင်အားဖြည့်ပေးထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်တဲ့အပြင် ထုတ်လုပ်ရေးမှာလည်း ဆုတွေရထားတာမလို့ ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။...
Lock-On Love (2018) ⭐IMDB: 6.1/10 (285 Votes) 🎬 #Comedy #Romance 🗓 2018 🎞 movie 🌎 #Japan ⏰ 1 နာရီ 35 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lock-On Love (2018)IMDb: 6.1/10Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။ မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ရှိစုမဲ့စု မာနလေးပါ ကုန်သွားပါတော့တယ်။ သူ့လိုလူကိုမှ ငြင်းရလားဆိုတဲ့ စိတ်နဲ့ ထပ်ဖန်ကြိုးစားရင်းက အဲ့ဒီမိန်းကလေးကို အတည်ချစ်မိသွားတဲ့နောက်မှာတော့… ကျောင်းသားအချစ်ကား ပေါ့ပေါ့ပါးပါးလေးလို့အလွယ်လေးပြောရင် ရပေမဲ့ အဲ့ဒီ့ထက်လည်းပိုပါတယ်၊ တစ်ဖက်က တံတိုင်းကြီးကာချိန် တစ်ဖက်က တံတားထိုးနေခဲ့သလိုပေါ့.. ။ လူသား ၂ယောက်ကြား တူညီတဲ့ မေတ္တာပေါက်ဖွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမှလည်း မဟုတ်တာ။ လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို အလုံးစုံနားလည်နိုင်ဖို့မဖြစ်နိုင်ဦးတောင် အကောင်းဆုံးလုပ်ပေးနိုင်တာတွေဟာတော့ လက်လှမ်းမီတဲ့နေရာတွေမှာ အမြဲရှိပါတယ်။ သူ့အတွက်ဆိုပြီး တွေးပေးနေသ၍ အားထုတ်မှုတိုင်းဟာ သေးငယ်တယ်ရယ်လို့ မရှိပါဘူး။ ချစ်ခြင်းမေတ္တာဟာ ကြာကြာနှပ်ထားတဲ့ ဟင်းတစ်ခွက်လိုပါပဲ.. အချိန်နဲ့ အားစိုက်မှုပေးလေလေ အရသာရှိတဲ့ အမယ်တစ်ခွက် ရလေလေပေါ့။ အညွှန်းရေးသူကတော့ Zပါ။...
Monday First Screening (2023) ⭐TMDB: 0% User Score 🎬 #Uncategorized #Romance #Comedy #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 44 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Monday First Screening ( 2023) ဒီဖိလစ်ပိုင် အချစ်ကားက ဖိလစ်ပိုင်အချစ်ကားပေမဲ့ ထူးတော့ ထူးပါတယ်။ ဘာလိုဆို အချစ်ကားပေမဲ့ လူငယ်တွေ လူလတ်တွေအကြောင်းမဟုတ်ဘဲ တော်တော်ကိုမြင်ရခဲတဲ့ အငြိမ်းစား အဘိုးကြီးနဲ့အဘွားကြီးက အချစ်ဇာတ်လမ်းကို ပြထားတာမလိုပါပဲ။ အသက်၆၀ကျော်လို ပင်စင်ယူပြီးမှ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုပြတာဆိုပေမဲ့ သူတိုဖိလစ်ပိုင်က ပင်စင်စားတွေရတဲ့အခွင့်အရေးတွေ ဘာတွေကိုလည်း မြင်ရမယ်။ ဒါကတော့ ကောင်းတဲ့ဘက်ပေါ့။ အဲဒီပင်စင်စားဘဝရဲ့ မကောင်းတဲ့ဘက်ကိုလည်း ပြတော့ပြထားတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကတော့ အမြဲမြင်နေကျအရာပဲမို သိပ်တော့မထူးလှပါဘူး။ ကောင်းတဲ့ဘက်ကတော့ တနင်္လာနေ့ မနက်မှာပြတဲ့ ပထမဆုံးရုပ်ရှင်ပြသမှုကို အသက်၆၀ပြည့် သက်ကြီးနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခမဲ့ကြည့်ခွင့်ရတာတို ဘာတိုပေါ့။ အတုယူချင်စရာကောင်းမယ့် အချက်တွေပါပဲ။ သူတိုလူကြီးချင်း မိတ်ဖွဲဆွေဖွဲဖြစ်ကြမယ်။ တစ်ပတ်ရုပ်ရှင်တစ်ကား ဘာစရိတ်မှမကုန်ဘဲကြည့်ခွင့်ရမယ်။ လူလွတ်တွေ မုဆိုးဖို မုဆိုးမတွေဆိုရင်လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဇာတ်အိမ်တည်ဆောက်ပုံကတော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ဒီလိုထူးထူးခြားခြားအကြောင်းအရာကို အတုယူချင်ယူစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ တည်ဆောက်ပြထားတာမို ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဒီလိုကားတွေမှာ စာဖိုင်က တစ်ခါတလေ အခက်အခဲရှိတတ်တာမို ဒီကားက စာဖိုင်က အပြည့်တော့မစုံပါဘူး။ ၅ရာခိုင်နှုန်းလောက်တော့ လိုနေပါလိမ့်မယ်။ နည်းနည်းလေးတော့ သည်းခံပေးရပါလိမ့်မယ်။ ဒါပေမဲ့လည်း ဇာတ်ကိုတော့ မထိခိုက်တာကြောင့် ကြည့်လိုတော့ လုံးဝအဆင်ပြေပါတယ်။ ဒီလိုအတုယူချင်စရာကောင်းတဲ့ အသိုင်းအဝိုင်းတစ်ခုအကြောင်းကို မြင်ရမှာမို တန်တော့တန်မှာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော...
Poker Night (2014) ⭐IMDB: 6.2/10 (9 k Votes) 🎬 #Crime #Mystery #Thriller #Action #Horror 🗓 2014 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ Giancarlo Esposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့ အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင် ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Gold ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDb Rating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာ လူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေ ရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင် ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လို ထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင် ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်း ကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့ အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ် ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့ နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီး လွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေက ကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ် ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည် အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာ အကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကို လူသစ်လေးတွေကိုပြောပြကြပါတယ်။ ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ခေါ်တဲ့ထူးချွန်ရဲတစ်ယောက် ဖြစ်ပြီး ရဲသားရာထူးကနေစုံထောက်ရာထူးကို တက်လှမ်းတော့မှာ ဖြစ်တဲ့အတွက် သူသိသင့်သိထိုက်တဲ့ပညာတွေကို ပိုကာကစားရင်းနဲ့ ပြောပြနေကြပါတော့တယ်။ဖြစ်ချင်တော့အဲ့ဒီကနေအပြန်မှာပဲ လူဆိုးတစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး သူသင်ယူထားတဲ့ ပညာတွေကို ချက်ချင်းကြီ းပြန်အသုံးချဖို့လိုလာတဲ့အခါမှာတော့ သူ့ရဲ့စီနီယာကြီးတွေဆီက ရထားတဲ့ဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိတွေကို ပေါင်းစပ်ပြီး လွတ်မြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာ ကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။...
Divines (2016) ⭐IMDB: 7.4/10 (11 k Votes) 🎬 #Crime #Drama 🗓 2016 🎞 movie 🌎 #France #Qatar ⏰ 1 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပါရီဆင်းရဲသားရပ်ကွက်က ကောင်မလေးတစ်ယောကရဲ့ လောကဓံအနိမ့်တွေ၊ သူငယ်ချင်းကြားက သံယောဇဉ်ကြိုးတွေ၊ မြို့ပြရဲ့ ခက်ထန်မှုတွေကို ဘွင်းဘွင်းကြီး ထင်ဟပ်နေတဲ့ “Divines”။ ၁၅ နှစ်သမီး ဒူနီယာဟာ အရွယ်နဲ့မမျှအောင် လူမှုအဆင့် အတန်းကွာခြားမှုကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားထားရတဲ့ မိန်းကလေးတစ်ယောက်ပါ။ ပိုင်ဆိုင်တာဆိုလို့ ဝိုင်းစက်စက် မျက်လုံးတွေရယ်၊ လက်ရဲဇက်ရဲနိုင်တဲ့ စရိုက်ရယ်၊ မိုင်မိုနာလို့ ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ ရှိတဲ့ ဒူနီယာဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တံတိုင်းတွေ အထပ်ထပ်ချထားပြီး ရည်မှန်းချက်ကြီးတဲ့ သူလေးတစ်ယောက်။ သူမလို မိန်းကလေးဟာ ရပ်ကွက်ရဲ့ အကျော်ဇေယျ မူးယစ်ဆေးဒိုင် ရေဗက်ကာရဲ့ လက်အောက်ကို ရောက်သွားတဲ့အချိန်မှာ သူမစိတ်ကူးမျှော်မှန်းထားတဲ့ အိပ်မက်ကို အကောင်အထည် ဖော်လာနိုင်တော့မလား? ဒါမှမဟုတ် မတူညီတဲ့ အိပ်မက် အသစ်တွေများ ရလာမလားဆိုတာကို ဒီပြင်သစ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။...
Gangs of Galicia (2024) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Drama #Crime #Thriller 🗓 2024 🎞 tv series 🌎 #Spain ⏰ 56 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ana ကတော့ ရှေ့နေ့တစ်ဦးဖြစ်ပြီး အလုပ်အပေါ် သေချာကြိုးစားလုပ်ကာ အမှု့တိုင်းကို နိုင်နေတဲ့ သူတစ်ယောက်ပေါ့… သူ့အဖေဖြစ်သူကတော့ အပျော်တမ်းရွက်လှေမောင်းပေးသူပါ… တစ်နေ့မှာတော့ သူ့အဖေ အသတ်ခံလိုက်ရပါတယ် အကြောင်းပြချက်မရှိဘဲ အသတ်ခံလိုက်ရတဲ့နောက်မှာ သူ့အဖေနောက်ဆုံး ရေးခဲ့တဲ့ သေတမ်းစာနဲ့ အမွေခွဲတမ်းတွေကို ဖတ်ရတဲ့ အခါမှာ သူ့အဖေက သာမာန်လူတစ်ယောက်မဟုတ်ဘဲ မှောင်ခိုဒုစရိုက်ခေါင်းဆောင်ဖြစ်ပြီး ဒီနေရာမှာ ဇာတ်မြှုြှုနေတာဆိုတာကို သိလိုက်ရတဲ့နောက်… သူ့အဖေ ဖွက်ခဲ့တဲ့ ယူရို၆ သန်းနဲ့ Galiciaမြို့မှာ ana တစ်ယောက် သူ့အဖေအကြောင်းစုံစမ်းရင်း တစ်ခြားအမှု့ ဒုစရိုက်လောကသားတွေနဲ့ ဆုံတေွ့ ရတာတွေကို ကြည့်ရှု့ရမှာပါ ။ ( အညွှန််းရေးသားထားသူကတော့...
Out of the Blue (2006) ⭐TMDB: 64% User Score 🎬 #Crime #Drama 🗓 2006 🎞 movie 🌎 #NewZealand ⏰ 1 နာရီ 44 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရာဇဝတ်မှုလုံးဝမရှိလုနီးပါးအေးချမ်းလှတဲ့နယူးဇီလန်နိုင်ငံရဲ့ Aramoana မြို့လေးမှာ သေနတ်သမားတစ်ယောက်က လူပေါင်း ၁၃ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဖြစ်ရပ်မှန်တစ်ခုကိုရိုက်ကူးထားတာပါ။ တွေ့ရာလူလိုက်ပစ်သတ်နေတဲ့သေနတ်သမားရဲ့ရက်စက်မှုကို ချောက်ချားစရာမြင်တွေ့ရမှာဖြစ်ပေမယ့် မှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တာကြောင့် သာမန်နေ့ရက်တွေကိုအေးအေးချမ်းချမ်း ဖြတ်ကျော်နေကြတဲ့ဒေသခံတွေဆီ ရုတ်တရက်ရောက်ရှိလာတဲ့ကြမ္မာဆိုး၊ အရွယ်နဲ့မလိုက်အောင် သေနတ်သမားရှေ့မှာကြောက်ရွံ့မှုကို ခံစားခဲ့ကြရတဲ့ကလေးငယ်လေးတွေ၊ သေနတ်သမားရန်ထက် သားသမီးအတွက်ပူလောင်သောကဝေခဲ့ကြရတဲ့မိဘတွေရဲ့ပုံရိပ်တွေကို အဓိကပြသသွားပါတယ်။ ၁၉၉၀ နိုဝင်ဘာလ ၁၃ ရက်မှာ ကလေးငယ်လေးဦးအပါအဝင် လူ ၁၃ ယောက်သေဆုံးစေခဲ့တဲ့ Aramoana massacre ဟာ နယူးဇီလန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးလူအစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ရပ်မှန်ပါ။ လူဦးရေအနည်းငယ်သာရှိပြီး ပျင်းစရာကောင်းလောက်အောင် အေးချမ်းလွန်းလှတဲ့ ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာ အလုပ်လက်မဲ့ တစ်ဦးဖြစ်တဲ့ဒေးဗစ်ဂရေးဟာ စိတ်ဖောက်ပြန်သွားပြီး ရိုင်ဖယ်တစ်လက်နဲ့ ကလေးတွေပါမချန် တွေ့ကရာလူကိုပစ်သတ်ခဲ့ပါတယ်။ ပုံမှန်နေ့ရက်တွေမှာ တိရစ္ဆာန်ပျောက်တဲ့အမှုတွေလောက်သာ လိုက်ဖြေရှင်းရတဲ့ မြို့ခံရဲအင်အားစုဟာ လူအင်အားမရှိ၊ လေ့ကျင့်မှုမရှိ၊ လက်နက်မရှိဘဲ ရွာထဲမှာ ၂၄ နာရီကြာအောင်ပိတ်မိ နေတဲ့အသက်ရှင်ကျန်ရစ်သူတွေကို အသက်စွန့်ကာကွယ်ကယ်တင် ပေးခဲ့ကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာချိန်မှာတော့ ဒေးဗစ်ဂရေးကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။...
Lady in the Lake (2024) ⭐IMDB: 5.9/10 (738 Votes) 🎬 #Drama #Crime #Mystery 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 55 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၆၆ ခုနှစ် အမေရိကန်နိုင်ငံ ဘယ်လ်တီမိုးမြို့ရဲ့ကျေးဇူးတော်နေ့မှာ ကလေးငယ်တစ်ယောက်ပျောက်ဆုံးရာကနေစတင်ပြီး အမျိုးသမီးနှစ်ဦးရဲ့ဘဝတွေ ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားပါတယ်။ မင်းသမီး Natalie Portman သရုပ်ဆောင်ပေးထားတဲ့ မတ်ဒီဆိုတဲ့အမျိုးသမီးဇာတ်ကောင်ဟာ အတိတ်က လျှို့ဝှက်ချက်တစ်ခုကိုကြိုးစားဖုံးကွယ်နေတဲ့ ဂျူးအိမ်ထောင် ရှင်မတစ်ဦးဖြစ်သလို စုံစမ်းစစ်ဆေးရေးသတင်းသမားတစ်ဦး ဖြစ်ချင်တဲ့အိပ်မက်ရှိသူပါ။ တစ်ချိန်တည်းမှာပဲ ကလီယိုဆိုတဲ့လူမည်းအမျိုးသမီးကတော့ လူမည်းအခွင့်အရေးအတွက်နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ရင်း မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသူ ဖြစ်ပါတယ်။ အစပိုင်းမှာ သူတို့နှစ်ဦးရဲ့ဘဝတွေက သီးခြားစီလို့ထင်ရပေမယ့် ကလီယိုရဲ့ထူးဆန်းစွာသေဆုံးမှုကို မတ်ဒီတစ်ယောက်အစွဲ အလမ်းကြီးလာတဲ့အခါမှာတော့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့စိတ်ဝမ်းကွဲမှုကြီး တစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်။ Lady In The Lake ဟာ မှုခင်း Thriller ဇာတ်လမ်းကောင်း တစ်ခုတင်မကဘဲ အိပ်မက်တွေအတွက် အမျိုးသမီးတွေ မထင်မှတ်ဘဲပေးဆပ်လိုက်ရတဲ့တန်ဖိုးတွေအကြောင်းကိုပါ ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ File Size – 802 MB / 377 MB Quality –WEB-DL 1080p 5.1CH , 720p Episodes – 7 Eps Duration – 55 min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Drama , Mystery Translator –JULY Encoder – Min Wai ( Season 1)Onging Season Ep-1 (1080p)>>CM App/YoteShin/Megaup/Usersdrive Ep-1 (720p) >>>CM App/YoteShin/Megaup/Usersdrive/StreamSb Ep-2 (1080p)>>CM App/YoteShin/Megaup/Usersdrive Ep-2 (720p) >>>CM App/YoteShin/Megaup/Usersdrive/StreamSb -ကျန်ရှိသောအပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်...
Luxembourg, Luxembourg (2022) ⭐IMDB: 7.9/10 (4 k Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 50 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Luxembourg, Luxembourg (2023) ဥရောပရုပ်ရှင်တွေထဲကနေ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်တဲ့ယူကရိန်းနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။IMDb rating 7.9, Rotten Tomatoes 83% ရရှိထားပါတယ်။Drama ရုပ်ရှင် ကြိုက်နှစ်သက်သူဆိုရင်တော့ မိုးရွာတဲ့နေ့မှာ အိပ်ရာထဲကနေ အေးဆေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်မျိုးလို့ ပြောချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကိုလာနဲ့ ဗက်စ်ယာတို့ဟာ ယူကရိန်းက အမြွှာညီအစ်ကိုတွေပါ။ဘာမှမရှိတဲ့မြို့လေးမှာ ရှင်သန်ကြီးပြင်းကြရင်း ဗက်စ်ယာကတော့ ရဲဝန်ထမ်းဖြစ်သွားပြီးကိုလာကတော့ ဘတ်စ်ကားလည်း မောင်းသလို ကြုံရာအလုပ်တွေလုပ်သလို လူဆိုးလေးတစ်ယောက်ဖြစ်နေပါတယ် ။တစ်နေ့မှာ ကိုလာ့ဆီကို သူ့အဖေ လူဇင်ဘတ်နိုင်ငံမှာ မတော်တမှုအကြီးကြီးဖြစ်ကြောင်းသေလုမျောပါးဖြစ်နေကြောင်း ယူကရိန်းကောင်စစ်ဝန်ရုံးမှ ဆက်သွယ်လာပါတယ်။အဲဒါနဲ့ ကိုလာလည်း လူဇင်ဘတ်ကို သွားဖို့လုပ်ပါတယ်ဒါပေမယ့် အမေဖြစ်သူနဲ့ ဗက်စ်ယာတို့ကတော့ မသွားဖို့တားပါတယ်။ကိုလာကတော့ သွားဖို့ အတင်းလုပ်ပါတော့တယ်…… အညွှန်းန့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
B & B: Bujji and Bhairava (2024) ⭐IMDB: 7.8/10 (2 k Votes) 🎬 #Action #Adventure #Comedy #SciFi #Fantasy #Animation 🗓 2024 🎞 tv mini series 🌎 #India ⏰ 14 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 B & B: Bujji and Bhairava 2024ဘူဂျီအခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Animated series လေးကတော့ကလေးတင်မကလူကြီးတွေပါအကြိုက်တွေလောက်တဲ့ထိ ကောင်းတယ်လို့ဆိုရပါမယ်Imdb 7.8 ရရှိထားပြီး mini series တစ်ခုဖြစ်တာကြောင့် အချိန်ခဏပေးပြီး စိတ်အပန်းဖြေလိုက်ပါဦးရှင် ဗိုင်ရာဗာ…ရပ်ကွက်ထဲမှာမသိတဲ့လူမရှိ ကလေးတွေရဲ့ စွန့်စားခန်းသူရဲကောင်းအချစ်တော်ဆိုပေမဲ့လူကြီးတွေကတော့ မျက်မုန်းကျိုးနေပါတယ် စွန့်စားတတ်ပေမဲ့ အကြွေးတော့မပေးတတ်တဲ့ဗိုင်ရာဗာကဘာအလုပ်လုပ်လဲဆို ထွက်ပြေးတဲ့ရာဇဝတ်သားတွေကို ဆုကြေးရအောင်လိုက်ဖမ်းပေးတာပါသူ့ရဲ့အိပ်မက်က Complex ဆိုတဲ့အဖွဲ့ထဲဝင်ခွင့်ရဖို့ပါပဲ ဒါပေမဲ့ဒီထဲဝင်ခွင့်ရဖို့ကအဆင်မြင့်စီးတော်ယာဉ်ရှိမှဖြစ်မှာပါ ဒီဈေးကြီးတဲ့ယာဉ်က သူ့အတွက်တော့စိတ်ကူးယဉ်တစ်ခုလိုပဲပေါ့ သူနဲ့တွေ့ဖို့အကြောင်းဖန်လာတာကတော့ Complex ဆိုတဲ့အဖွဲ့အစည်းထဲက ဘူဂျီဆိုတဲ့စက်ရုပ်လေးစက်ရုပ်ဆိုပေမဲ့ ထမ်းဆောင်ရတဲ့တာဝန်ကို 99ခုထိအောင်မြင်ခဲ့ပြီး 100မြောက်မှာလုပ်ကြံခံခဲ့ရလို့ လေယာဉ်ပျက်ကျပြီး အိမ်မပြန်နိုင်သူတစ်ဦးပါ ဗိုင်ရာဗာနဲ့ တွေ့ဆုံပြီးအိမ်ပြန်ဖို့စီးတော်ယာဉ်ဖန်တီးပြီးပြန်လာပေမဲ့ Complex ကသူ့ကိုပြန်လက်မခံခဲ့ပါဘူးရာထူးတိုးဖို့ ဒီ Complex ထဲဝင်မှဖြစ်မဲ့ဘူဂျီရယ် Complex ထဲဝင်ဖို့က ပန်းတိုင်ဖြစ်နေတဲ့ဗိုင်ရာဗာတို့ ပူးပေါင်းပြီး အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ်...
Kill (2023) ⭐IMDB: 8.0/10 (6 k Votes) 🎬 #Action #Bollywood #Crime #Drama #Adventure #Thriller 🗓 2023 🎞 movie 🌎 #India #UnitedStates ⏰ 1 နာရီ 46 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kill (2023)“ရထား” IMDb 7.0 အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက်စားတို့ကိုပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streamingထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေးက ပြန်အရောက်ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါသတဲ့ သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ်ဆိုတာ သိသိရချင်း လိုက်သွားပြီးခိုးပြေးဖို့ စီစဥ်ပေမယ့် ကောင်မလေးက အန္တရာယ်များတာကြောင့်ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွားပါတယ် အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ်ရောက်နေတာ သိလိုက်ရတယ် ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲအသက်ရှူမနားရအောင် အက်ရှင်ပြကွက်ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ်...
NCIS: Sydney (2023) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Crime #Drama #Action #Adventure 🗓 2023 🎞 tv series 🌎 #Australia #UnitedStates #UnitedKingdom ⏰ 44 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 NCIS: Sydney (2023)IMDb: 5.9/10Rotten Tomatoes: 73%Genre: Action/Drama/Crime NCIS: Sydney ဟာ NCIS တွေထဲမှာ နောက်ဆုံးထွက်ထားတဲ့ စီးရီးစ်တစ်ခုဖြစ်ပါတယ်။သူဟာ မှုခင်းစုံထောက်အမျိုးအစားဖြစ်ပြီး တစ်ပိုင်းကိုအမှုတစ်မျိုးကြည့်ရမှာဖြစ်ပါတယ်။အတော်လေးကြည့်လို့ကောင်းတဲ့ စီးရီးစ်တစ်ခုဖြစ်ပြီး မိသားစုနဲ့လည်းကြည့်လို့ရမှာဖြစ်ပါတယ်။NCIS ဆိုတာကတော့ “ရေတပ်ဆိုင်ရာပြစ်မှုထောက်လှမ်းရေးအဖွဲ့” ဖြစ်ပါတယ်။ ဇာတ်ညွှန်းစစချင်းမှာ အဖွဲ့နှစ်ခုရှိတယ်။ အဲဒါက ဩစတြေးလျ ပြည်နယ်ရဲနဲ့ “NCIS”၊ ဘယ်လိုမှဆက်စပ်စရာအကြောင်းမရှိတဲ့အဖွဲ့နှစ်ခုပေါ့။ တစ်ခုက ရေတပ်နဲ့ဆိုင်တဲ့ပြစ်မှုထောက်လှမ်းရေး၊ နောက်တစ်ခုက ရဲတပ်ဖွဲ့။ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတော့ ဇာတ်လမ်းစစချင်း ဆစ်ဒနေဆိပ်ကမ်းမှာသုံးနိုင်ငံလုံခြုံရေးစာချုပ် ချုပ်ဖို့လုပ်နေတုန်း ရေတပ်တပ်ကြပ်ကြီးတစ်ယောက် ဆုံးသွားခဲ့တယ်။ဆစ်ဒနေမြို့မှာဖြစ်တာဆိုတော့ ရဲဆာဂျင် ဂျင်မ်ဒမ်ဆေးဦးဆောင်တဲ့ ဩဇီသားလေးများအဖွဲ့က ကိုင်ရတာပေါ့။ သူ့အဖွဲ့မှာဘယ်သူတွေပါလဲဆိုတော့ မှုခင်းစစ်ဆရာဝန် ရွိုင်းပန်ရို့စ်၊ လက်ထောက်ရဲ အီဗီကူပါး၊အသစ်စက်စက် တွဲဖက်မှုခင်းစစ် ကြောင်တောင်တောင်မလေး ဘလူးတို့ပါဝင်ပါတယ်။ဒါပေမယ့်လည်း ရေတပ်အမှုဆိုတော့ NCIS ပါဝင်ပါလာခဲ့ပါတယ်။သူတို့အဖွဲ့မှာကျအထူးအေးဂျင့် မစ်ချဲလ်မက်ကီနဲ့ အေးဂျင့် ဒီရှောင်န်ဂျက်ဆန်တို့ပါဝင်ပါတယ်။အဲဒီကစလို့ Chemistry မိမိနဲ့ အမှုတွေကိုဘယ်လိုမျိုးလိုက်သွားမလဲဆိုတာကိုကြည့်ရမှာပါ။ ဂျင်မ်၊ ဘလူး၊ ဒီရှောင်န် တို့သုံးယောက်ရဲ့ ဟာသတွေကလည်း ဝါးလုံးကွဲမရယ်ရရင်တောင်အတော်လေးကိုသဘောကျဖို့ကောင်းလှပါတယ်။မှုခင်းစုံထောက်တဲ့ဇာတ်လမ်းကိုသဘောကျတဲ့လူဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ အညွှန်းရေးသားသူ...
My Spy (2020) ⭐IMDB: 6.4/10 (36 k Votes) 🎬 #Action #Comedy #Family 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Spy(2020) (unicode) ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာအမေနဲ့ပဲကျန်ခဲ့လေရဲ့…ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီးစုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်…စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီးတစ်ယောက်ဖြစ်ပါတယ်….စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်…ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့…ကလေးမလေးက ဘယ်လိုတွေလုပ်လဲ…မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေဆက်နွယ်မှုရှိနေတာလဲ…တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ…ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလိုရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်…အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာကသရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ် (zawgyi) ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာအမေနဲ့ပဲကျန်ခဲ့လေရဲ့…ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီးစုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်…စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီးတစ်ယောက်ဖြစ်ပါတယ်….စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်…ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့…ကလေးမလေးက ဘယ်လိုတွေလုပ်လဲ…မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေဆက်နွယ်မှုရှိနေတာလဲ…တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ…ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလိုရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်…အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာကသရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ်...
Kaazh (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India #Australia ⏰ 2 နာရီ 2 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေးGenre – Drama တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလားဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကိုသွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းကစလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင်အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကိုရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက်ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။ သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီးအောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကိုပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ)...
My Spy: The Eternal City (2024) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ မသိနိုင်တဲ့လူတစ်စုရဲ့ လျှို့ဝှက်အကြံအစည်တွေနဲ့ သူတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံလာရချိန်မှာတော့… အစိုးရိမ်ကြီးတဲ့ ဂျေဂျေနဲ့ လူငယ်ပီပီ လွတ်လပ်ချင်တဲ့ ဆိုဖီတို့အကြား ဆက်ဆံရေးပြေလည်သွားနိင်မှာလား.. သူတို့နှစ်ယောက်ရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေကိုရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
Bad Boys for Life (2020) ⭐IMDB: 6.5/10 (181 k Votes) 🎬 #Action #Comedy #Crime #Thriller 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Boys for Life (2020) =================== IMDb Rating – 7.1/10 Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူးတွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီးအငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူတို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့်မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲအရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံးမှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်းကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေတာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။ Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=bad+boysကြည့်ပါ။...
Bad Boys II (2003) ⭐TMDB: 66% User Score 🎬 #Action #Comedy #Crime 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 27 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Boys 2 (2003) ============== IMDb Rating – 6.6/10 Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာ ဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက် ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန် တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီး တပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကို ခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။ Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=bad+boysကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)...
