ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
No One Will Save You (2023) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။ အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။ အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလို အတုလိုလို စဉ်းစားရခက်နေတာပါ။ ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရော ဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ The Divergent Series: Insurgent တို့Love and Monstersတို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။ မင်းသမီးကတော့ မှတ်မှတ်ရရUnbelievableဆိုတဲ့ စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။ သူနာမည်ကြီးခဲ့တဲ့Unbelievableစီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။ အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲ သူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။...

Dear Child (2023-2023) ⭐IMDB: 7.4/10 (8 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023-2023 🎞 tv mini series 🌎 #Germany ⏰ 47 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dear Child (2023)Dear Child (2023) A Netflix Mini Series  ~ IMDb – 7.5/10, Rotten Tomatoes – 84% ~ Stockholm Syndrome ဆိုတာကတော့ ပြန်ပေးဆွဲခံရတဲ့သူတွေမှာဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ။ ပြန်ပေးဆွဲခံရသူတွေက သူတို့ကို ပြန်ပေးဆွဲတဲ့သူတွေအပေါ် နားလည်ပေးပြီး ပြန်ပေးဆွဲတဲ့သူတွေ လိုချင်ရချင်တာကို ရအောင်ကူညီပေးတတ်တဲ့ အခြေအနေပါ။ ပြန်ပေးဆွဲသူနဲ့ ပြန်ပေးဆွဲခံရသူက ခပ်ဆင်ဆင်ဖြစ်လာတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုပြန်ပေးဆွဲတာပဲကွာ ဘာလို့ကိုယ်က ပြန်ပေးဆွဲတဲ့သူကိုသနားရမှာလဲ မဖြစ်နိုင်ပါဘူးကွာလို့တော့ မထင်ပါနဲ့။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ၈% လောက်က ဒီလို အခြေအနေမျိုးဖြစ်တတ်ကြပါတယ်။ ဒီဂျာမန် Mystery, Crime, Drama Series လေးက ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးပြန်ပေးဆွဲတဲ့ဇာတ်လမ်းတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအစမှာ ပြန်ပေးဆွဲခံရတဲ့သူက ထွက်ပြေးလာတယ်။ ပြေးလာရင်း ကားတစ်စီးနဲ့ တိုက်မိတယ်။ သူ့ကို ကားနဲ့တိုက်မိတဲ့သူက ဆေးရုံကားခေါ်ပေးပေမဲ့ ဆေးရုံကားရောက်လာတဲ့အချိန်မှာတော့ ကားတိုက်ခံရတဲ့သူနဲ့ သူ့သမီးလို့ပြောတဲ့ ကောင်မလေးတစ်ယောက်ကိုပဲတွေ့ရတယ်။ ဒီအမှုကို ရဲတွေက ကားတိုက်ပြေးမှုလို့ပဲ ထင်ထားကြပေမဲ့ တိုက်ခံရတဲ့ အမျိုးသမီးက လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်နဲ့ ဆင်တူနေတာကို သိလိုက်ရတယ်။ နာမည်ကလည်း ဆင်တူနေတယ်။ ပျောက်နေတဲ့ အမျိုးသမီးရဲ့ မိဘတွေက ဆေးရုံကို ရောက်လာတဲ့အချိန်မှာတော့ ပျောက်သွားတဲ့ ကောင်မလေးနဲ့ ပုံစံချင်းတူနေပေမဲ့ သူတို့သမီးမဟုတ်တာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့သမီးလို့ ပြောတဲ့ကောင်မလေးကတော့ ပျောက်နေတဲ့ အမျိုးသမီးငယ်ငယ်ကပုံစံနဲ့ ချွတ်စွပ်တူနေတာကို တွေ့လိုက်ရပါတယ်။ ဒီကောင်မလေးက သူတို့ရဲ့ ပျောက်နေတဲ့သမီးနဲ့ တစ်ပုံစံတည်းတူနေတယ်… ကားတိုက်ခံရတဲ့ အမျိုးသမီးက သူ့အမေပါလို့ပြောတယ်။ ဒါပေမဲ့ ကားတိုက်ခံရတဲ့သူက အရင် ၁၃ နှစ်က ပျောက်နေတဲ့ အမျိုးသမီးမဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုဖြစ်ရတာလဲ… အဖြစ်မှန်က ဘယ်လိုလဲ… ဒီ Series က ၂၀၁၉ က ထွက်ခဲ့တဲ့ Dear Child ဆိုတဲ့ နာမည်တူ ဂျာမန်ဝတ္ထုကိုပဲ ပြန်ရိုက်ထားတာပါ။ဇာတ်လမ်းက အနည်းငယ်ကွဲလွဲတယ်ဆိုပေမဲ့ တိုက်ရိုက်နီးပါး ကူးယူထားပါတယ်။ ပထမပိုင်းကိုကြည့်ပြီး စိတ်ဝင်စားသွားရင်း နောက်ဆုံးပိုင်းကို ဘယ်လိုရောက်သွားလဲမသိ ကြည့်မိသွားရလောက်အောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ Mystery ဆန်ဆန် စုံထောက်ဇာတ်လမ်း ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲမျိုးပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 700MB+...

Vidyarthi (2023) ⭐IMDB: 9.1/10 (515 Votes) 🎬 #Bollywood #Drama #Romance #Action 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vidyarthi (2023) ဒီဇာတ်ကားက IMDb 9.1 ရထားတဲ့ ဇာတ်ကားဖြစ်ပြီးလုံးဝလက်မလွှတ်တန်းကြည့်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ တက္ကသိုလ်တက်စဉ်က ရတဲ့ Vibeမျိုးလည်း ရပြီးတော့အစပိုင်းမှာပေါ့ပေါ့ပါးပါးလေးနဲ့ နောက်ပိုင်းမှာရောဘယ်လိုတွေ ကြမ်းပြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ချိုင်တန်ညာဟာ အရွယ်လွန်မှစိုက်ပျိုးရေးမေဂျာသင်ဖို့အတွက် ကောလိပ်တတ်ဖို့ဖြစ်လာခဲ့ပါတယ်။သူတက်တဲ့ကောလိပ်မှာတော့ မျိုးရိုးအဆင့်အတန်းခွဲခြားတတ်ပြီးတော့မျိုးရိုးနိမ့်တဲ့သူတွေကို အနိုင်ကျင့်ပြီး မတူမတန်ဆက်ဆံတဲ့သူတွေရှိနေပါတယ် မျိုးရိုးမြင့်တဲ့ အချောအလှလေး မဟာလက်ချ်မီးနဲ့ မျိုးရိုးနိမ့်တဲ့ချိုင်တန်ညာတို့ တွေ့ပြီး ခင်ကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ…..လက်ခ်ျမီးရဲ့ အဖေ ဘူပါသီမှာလဲ သတ်ရတဲ့ထိ မုန်းတီး‌အငြိုးဖွဲ့နေတဲ့ရန်သူတော်ဆက်သ်ရမ်ရှိနေပြီး သမီးရဲ့အသက်ကိုရန်ရှာဒုက္ခပေးလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ….စတဲ့အချစ်အမုန်း ဇာတ်နိမ့်ဇာတ်မြင့် ရန်ငြိုးအာဃာတတွေနဲ့အတူစိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD TEAM မှ Moon, Aditi, Alex နဲ့ ToMo တို့ပဲ ဖြစ်ပါတယ်)...

Jeanne du Barry (2023) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Biography #Drama #History #Romance 🗓 2023 🎞 movie 🌎 #France #UnitedKingdom #Belgium ⏰ 1 နာရီ 57 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့ စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက် လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆို ဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက် သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာ နေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့် ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့ အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာ နာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက် အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကို တော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့……....

Spirit of Fear (2023) ⭐IMDB: 3.6/10 (225 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကထွက်ဖူးသမျှကားတွေထဲမှာ တော်တော်ထူးဆန်းတဲ့ Horror ကားပဲဖြစ်ပါတယ်။A Quiet Place တို့လိုအသံတိတ်တိတ်နေရပြီး စကားမပြောရတဲ့ဇာတ်ကားတွေတောင်မှ ဒီထက်ပိုပြောရပါသေးတယ်။ ဒီမှာကတော့စကားတွေပြောနေတာကို အာရုံစိုက်နေရတာထက် ဘယ်သူမှမရှိတဲ့ အိမ်တစ်အိမ်ထဲမှာ လက်မှာသွေးတွေစွန်းပြီး နိုးလာခဲ့တဲ့ လူတစ်ယောက်က ဘာလို့သူအဲ့လို သွေးတွေစွန်းပြီးနိုးလာရတာလဲ။ အိမ်ထဲမှာရော ဘာလို့ဘယ်သူမှ မရှိတာလဲ။အပြင်ရော ဘာလို့သွားလို့မရတာလဲ။ခြောက်ခြားစရာ အဖြစ်အပျက်တွေရော ဘာလို့ဖြစ်နေရတာလဲ။အဲ့ဒီအိမ်ထဲမှာ သော့နဲ့ပိတ်ထားတဲ့ မီးခံသေတ္တာတစ်လုံးကရော ဘာလို့ရှိနေရတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာကို သူတစ်ယောက်တည်း အိမ်ထဲမှာလျှောက်သွားပြီးတော့ အဖြေရှာနေပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။...

Chaw (2009) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Action #Adventure #Comedy #Horror #Thriller 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chaw(2009) *************Train To Busanထဲက မင်းသမီး‌ ဂျောင်ယူမီ ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်…. ဆမ်မယ်ရီဆိုတဲ့ရွာလေးက သာယာအေးချမ်းပြီး ပြစ်မှုကင်းစင်တဲ့ရွာငယ်လေးဖြစ်ပြီးရဲသားဂင်ဟာဒီရွာလေးကို ပြောင်းရွှေ့တာဝန်ကျလာခဲ့ပါတယ်။ ဗြောင်းဆူရွန်းကတော့ သုတေသနစာတမ်းပြုစုဖို့အတွက် ဆမ်မယ်ရီရွာလေးမှာရောက်ရှိနေတာဖြစ်ပြီး ချွန်းအီမန်နဲ့ ဘဲ့မန်းဘယ်တို့ကတော့လက်‌ဖြောင့် မုဆိုးကြီး‌တွေပဲဖြစ်ကြပါတယ်။ စုံထောက်ရှင်းကတော့ အမှုတစ်ခုကို စုံစမ်းဖို့အတွက် ဆမ်မယ်ရီရွာကိုရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်ကစပြီး အရင်က ဘာပြစ်မှုမှ မရှိခဲ့တဲ့ဆမ်မယ်ရီရွာလေးမှာ ထူးထူးဆန်းဆန်း လူသေမှုတွေ ဖြစ်ပေါ်လာ‌ပါတော့တယ်။ ဒီ လူသေမှုတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်ဖို့အတွက်လူငါးယောက် ပါဝင်တဲ့ အမဲလိုက်အဖွဲ့က တောထဲကို ထွက်ခွာကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက Adventure,Action, Comedy,အမျိုးအစားတွေကို ရောနှောထားတဲ့ဇာတ်ကားကောင်းလေးမို့လို့ အားလပ်ချိန်မှာ မိသားစုနဲ့ ရုပ်ရှင်အတူကြည့်ရင်းအပန်းဖြေဖို့ ဇာတ်ကားရွေးချယ်နေတယ်ဆိုရင်တော့ဒီဇာတ်ကားလေး ညွှန်းပေးလိုက်ချင်ပါတယ်။...

子不语:夜行郎 (2023) ⭐TMDB: 0.0% User Score 🎬 #Action #Drama #Fantasy 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးမှာ ပန်းပဲသမားလေးလုလီရဲ့ ကံဆိုးမှုတွေနဲ့ရင်နင့်စရာတွေကို ခံစားရမှာဖြစ်ပါတယ်။ မင်္ဂလာဦးဇနီးလေးသေဆုံးသွားပြီးနောက် ဇာတိက ထွက်လာတဲ့ လုလီဟာတိုက်ဆိုင်စွာနဲ့ ညခရီးသွားတစ်ဦးကို ဆရာတင်ခဲ့ပြီးလူအများက လေးစားရတဲ့ ညခရီးသွားတစ်ဦး ဖြစ်သွားခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် လုလီဟာ ဇာတိကို ပြန်ရောက်လာခဲ့ပြီးမိုးခေါင်ရေခန်းခြင်းကို ဖြစ်ပေါ်စေတဲ့ မိုးခေါင်မိစ္ဆာကိုဖြေရှင်းတဲ့အချိန်မှာ သူ့ဇနီးသေဆုံးရခြင်းရဲ့ အကြောင်းရင်းရဲ့ နောက်ကွယ်မှာ ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေတာ သိခဲ့ရပါတယ်။ အမှန်တရားကို ရှာဖွေနေတဲ့ အချိန်မှာလည်း မိန်းကလေးတစ်ယောက်ကသူ့အတွက်နဲ့ သေဆုံးသွားခဲ့ပါတယ်။ ရန်ငြိုးအဟောင်းနဲ့အသစ်ပေါင်းစပ်ပြီးနောက် မိစ္ဆာကိုနှိမ်နင်းရတဲ့ညခရီးသွားဆိုတာကို သူမလုပ်ချင်တော့အောင် ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ဘယ်လို ယုတ်မာမှုတွေ ရှိခဲ့တာလဲ……မိစ္ဆာဆိုတာ မိစ္ဆာပဲဆိုပေမယ့် မိစ္ဆာထက် ကြောက်ဖို့ကောင်းတဲ့အရာကလူ့စိတ်ဖြစ်ကြောင်းကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။...

Conjuring Curse (2023) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #Mystery #Thriller 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုပဲ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်ဒီရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ဒဏ္ဍာရီထဲက ဖုန်းရွှေဂိုဏ်း ပါးဖုန်းထဲက အဖွဲ့ဝင်ဖြစ်သူ လီကွမ်းကျန့်ဟာနှစ် ၇၀ ကျော်မှ ကျဲ့ကျီတစ္ဆေမြို့နဲ့ ပတ်သက်တဲ့ သတင်းကို ပို့ပေးခဲ့ပါတယ်။အဘိုးဖြစ်သူ ဝူလောင်ကုန်ရဲ့ မပြီးခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက်ဝူရှဲဟာ ကျန်းချီလင်နှင့် ဝမ်ဖန့်ကျီတို့နဲ့အတူ စွန့်စားရေးခရီးကို စတင်ခဲ့ပါတယ်။ ကောင်းကင်ပေါ်မှ ကြယ်တာရာရဲ့ လမ်းညွှန်မှုအတိုင်း သူတို့ဟာမြေအောက်ဂူရဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့ပြီး ကလေးရုပ်တုတွေနဲ့ ပြည့်နေတဲ့ဂူထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ထိုဂူထဲမှာ မျက်ကန်းကိုမထိနဲ့၊နောက်ပြန်မသွားနဲ့၊ အခေါင်းကိုမဖွင့်နဲ့၊ လရောင်ကို မထိနဲ့ စတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်နှက်နေပါတယ်။ စည်းကမ်းတွေကို ၇ ကြိမ်တိတိချိုးဖောက်ရင် မိစ္ဆာကြီးလည်းရောက်လာနိုင်ပါသေးတယ်။ စည်းကမ်းတွေ ချိုးဖောက်ရင် ဘယ်လို ဒဏ်ပေးခံရမလဲ ……သူတို့အဖွဲ့ရော မြေအောက်ဂူထဲကနေ အသက်ရှင်လျက် ထွက်ခွါနိုင်ပါ့မလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ရအောင်နော်။...

Squared Love Everlasting (2023) ⭐IMDB: 4.3/10 (233 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 43 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပို​လန်ရုပ်ရှင်​တွေဖြစ်တဲ့​ Squared Love ဇာတ်ကား​တွေ​ရဲ့​ တတိယ​မြောက်​ဇာတ်ကား​ဖြစ်တဲ့​ Squared​ Love​ Everlasting​ က​ Romance​ Comedy​ အမျိုး​အစား​ဇာတ်ကား​ဖြစ်ပြီး​ ၂၀၂၃ ခုနှစ်​မှာ​ထွက်ရှိ​ခဲ့တဲ့​ Netflix​ ရဲ့ဇာတ်ကားဖြစ်ပါတယ်။ အရင်​နှစ်ကား​မှာ​ သရုပ်ဆောင်​ခဲ့တဲ့​သူတွေပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရင်​ဇာတ်ကား​နှစ်ကားကိုမကြည့်ရသေးရင်လည်း ဒီဇာတ်ကားကိုကြည့်လို့ရမှာပါ။ Rom/Com အမျိုးအစား​ပီပီ​ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားလို့ရမဲ့​ လှပတဲ့အချစ်​ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အန်​ဇိုစတက်ဖန်နဲ့ မိုနီကာတို့နှစ်ဦးသား လက်ထပ်ဖို့စိုင်းပြင်နေတဲ့အချိန်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီ​ကိစ္စ​က​ သူတို့​နှစ်ဦးရဲ့​ relationship​ ကိုပါသက်ရောက်လာခဲ့တဲ့အခါ​ သူတို့​နှစ်ဦးကြားကနားလည်မှုကို​ ပြန်လည်တည်ဆောက်နိုင်ပါ့မလား သူတို့​ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲ​တွေကို​ရော​ ကျော်​လွှားနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီ​နောက်​ဆုံး​ဇာတ်ကားက​ Squared​ ​Love​ ​ရုပ်ရှင်​တွေထဲမှာ​ အကောင်း​ဆုံး​လို့သတ်မှတ်နိုင်ပါတယ်။ ဥရောပ​အချစ်ဟာသကားလေးဖြစ်တဲ့အတွက်​ ကြည့်နေ​ကျ​ အမေရိကန်​ရုပ်ရှင်​တွေနဲ့​ မတူတဲ့​ vibe တစ်ခုတော့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​က​ရိုး​ရှင်းပေမဲ့​ ကြည်နူးဖို့လည်းကောင်းပြီး ပိုလန်ရဲ့ သဘာဝရှုခင်းနဲ့ညမြင်ကွင်းအလှတွေကို​ ကြည့်ရတာနဲ့တင်တန်နေပြီလို့ဆိုနိုင်ပါတယ်။ Rom/com ကြိုက်​တဲ့သူတွေ​၊ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုကြည့်ပြီး​ စိတ်​အပန်းဖြေ​လိုသူတွေကြည့်သင့်တဲ့ကားလေးပါ။...

The Heart of Suhita (2023) ⭐IMDB: 8.6/10 (91 Votes) 🎬 #Asian #Drama #Romance 🗓 2023 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 17 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Heart Of Suhita (2023)IMDb – 8.6/10 မိုးအေးအေးမှာ အချစ်ဒရာမာအေးအေးလေးနဲ့ ခံစားကြည့်ရှုချင်တဲ့သူတွေအတွက်အင်ဒိုဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rating 8.6 ထိရရှိထားပြီးဇာတ်အိမ်ကောင်းကောင်းနဲ့မို့ အကြိုက်တွေ့ကြမှာပါ။ ဇာတ်လမ်းအကျဉ်းအာလင်နာဆူဟိတာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်း သိတတ်လိမ္မာပြီးကိုယ့်ဖြစ်ချင်တာကိုလည်း ရအောင်လုပ်တတ်တဲ့သူတစ်ဦးပါ။ အိုင်အန်ဝါဆိုတဲ့အစ္စလာမ်ဘော်ဒါကျောင်းမှာ ကြီးပြင်းခဲ့ရပြီး ဂုစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဂုစ်ဟာ အာလင်နာကို နည်းနည်းလေးမှတောင်စိတ်မဝင်စားပေမဲ့နှစ်ဖက်မိဘရဲ့ပေးစားမှုကြောင့် နှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြပါတယ်။အာလင်နာဟာ ယောက္ခထီး ယောက္ခမတွေရဲ့ အချစ်ကိုရပေမဲ့ခင်ပွန်းအချစ်မခံရတဲ့သူတစ်ယောက်ပေါ့။ တစ်ဖက်မှာလည်းဂုစ်ဟာ ရန်းဂနစ်ဆိုတဲ့ကောင်မလေးကိုသာ စိတ်ဝင်စားနေတဲ့အခါ…ရှေ့ဆက်သူတို့‌တွေဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်အိမ်ခိုင်မာပြီးငြိမ့်ငြိမ့်လေးနဲ့ အဆုံးထိဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Alex~KKKZ~ToMo~Cherry တို့ပဲဖြစ်ပါတယ်။)...

Robots (2005) ⭐TMDB: 64.0% User Score 🎬 #Adventure #Animation #Comedy #Family #Romance #SciFi #ScienceFiction 🗓 2005 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကိုပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံးဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့်ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့်ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီးIMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက်ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးကငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလိုအကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ်ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကိုတက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာသူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီးupgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရလာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။...

The Taste of Ricecake - Director's Edition (2018) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 10 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************************************** နတ်ဆရာမဟာ သရဲတွေမြင်တတ်တယ်…..ဒါက သူ့အတွက် အတော်ခက်ခဲတဲ့အခြေအနေ….ဒီလိုအနေအထားကိုကျော်ဖြတ်ဖို့ ဟောကိန်းအရ ဘဲကြီးတစ်ပွဲနဲ့တစ်ညတာကုန်ဆုံးရမယ်.. ဆိုတော့ အဲ့ဒီမှာစတာပဲ… ကွီးယားမင်းသမီးအချောလေးတွေမို့ ဘာပဲဖြစ်ဖြစ်ဘေကုန်ရကျိုးနပ်စေပါတယ်…...

AWOL-72 (2015) ⭐IMDB: 3.9/10 (1 k Votes) 🎬 #Action #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 AWOL-72 (2015)============== ကွန်ရက်ဒ်မေလာဆိုတာ မရိန်းတပ်သားတစ်ယောက်၊ ဒါပေမဲ့ အစိုးရဆီကနေ လျှို့ဝှက်ပစ္စည်းတစ်ခုကို ယူပြီး ချစ်ရသူနဲ့အတူ မိသားစုဘဝလေး တည်ထောင်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒီမှာ ရုရှား ထောက်လှမ်းရေးနဲ့ လော့အိန်ဂျလိစ် ရဲဌာနက စုံထောက်အဒမ်တို့ကလည်း ဒီ မရိန်းတပ်သားကို AWOL သွားလို့ လိုက်လံပြီး ထောက်လှမ်းနေကြတာပေါ့။AWOL ဆိုတာ တပ်ထဲကနေ စစ်ပြေးထိလုပ်ဖို့ မရည်ရွယ်ပေမဲ့ ခွင့်မရှိပဲတာဝန်ပျက်ကွက်ပျောက်ဆုံးတာကို ဆိုလိုတာပါ။ ဒီမှာတင် မေလာ့နောက်ကို ရုရှားထောက်လှမ်းရေးနဲ့ စုံထောက်တွေအပါအဝင် ထူးဆန်းတဲ့လူတစ်ယောက်ကလည်း နောက်ယောင်ခံလိုက်နေတာပါ။ ဒီလိုနဲ့ မေလာတစ်ယောက် ချစ်ရတဲ့လူနဲ့ သာမန်ဘဝလေး ရရှိဖို့အတွက်လိုက်နေတဲ့လူတွေလက်က ထွက်ပြေးနေရပြီး ဘယ်လိုအခက်အခဲပေါင်းစုံကြုံရမလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်မြူးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့åçThura Aung ဖြစ်ပါတယ်)...

The Dirty 3rd: Next Generation (2023) ⭐IMDB: 6.6/10 (69 Votes) 🎬 #Crime 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 47 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Dirty 3rd: Next Generation (2023)============================ ဒီကားကတော့လူမဲတွေရဲ့ ရပ်ကွက်ထဲကအထာတွေစရိုက်တွေအကြောင်းရိုက်ထားတာပဲဖြစ်ပါတယ်။ Zaireတစ်ယောက်သူ့ပထွေးသူ့အမေကိုရိုက်နေတာမြင်တော့စိတ်မထိန်းနိုင်ပဲသူ့ပထွေးကိုပစ်သတ်မိသွားပါတယ်။ သူ့အမေကသူ့ကိုထောင်မကျစေချင်တာကြောင့်သူအဖိုးရှိတဲ့Houston ကိုပြေးခိုင်ပါတယ်။ မြင်လဲမမြင်ဖူး အဆက်အသွယ်လဲမရှိတဲ့အဖိုးကို Zaire တစ်ယောက်ရှာတွေ့မှာလားသူ့အဖိုးကဘယ်လိုလူမျိူးလဲ ဘာအလုပ်လုပ်တဲ့သူလဲ သူ့ကိုရောကြိုဆိုမှာလားဆိုတာတွေကို ကြည့်ရှုရမယ့် ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Zar Ni Oo ဖြစ်ပါတယ်)...

Web (2023) ⭐IMDB: 9.0/10 (9 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 WEB(2023) IMDb-8.6/10 စိတ္တဇဆန်ဆန် Thriller ကားကောင်းကြိုက်တဲ့သူတွေအတွက်IT ကုမ္ပဏီမှာလုပ်နေတဲ့ အာဘီနဲ့သူငယ်ချင်းလေးယောက်အဖွဲ့ ကအလုပ်မှာ ထူးချွန်ကြပေမဲ့ သောက်စားမူးယစ်ပြီး ပါတီပွဲတွေလှည့်တက်ပျော်ပါးနေကြသူတွေ မိဘအုပ်ထိန်းသူတွေတောင်ထိန်းမရလို့ ခေါင်းစားနေကြရတဲ့ အဆိုးမလေးတွေတဖြည်းဖြည်းသူတို့က ပါတီတွေကနေ မူးယစ်ဆေးတွေပါလာကြသည်ထိ တစ်နေ့သူတို့ပါတီကနေ အရက်တွေဆေးတွေသုံးပြီးအပြန် သတိရလာတဲ့အချိန်ချောက်ချားစရာအတိနေရာတစ်ခုမှာရောက်နေပြီးမျက်နှာအမာရွတ်ခြေထောက်ထော့ကျိုးနဲ့ ကြောက်စရာလူတစ်ယောက်.. သူတို့တွေဒီနေရာကိုဘာကြောင့်ရောက်သွားရလဲလွတ်မြောက်နိုင်ကြမလားဆိုတာ ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ရှုစားကြည့်ပါဦး (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ ToMo တို့ပဲဖြစ်ပါတယ်)...

Ligaw na bulaklak (2023) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Thriller 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 31 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ligaw na bulaklak (2023) ကယ်ဗင်ပတ်စ်ကွယ်ဟာ တက်သစ်စမင်းသားတစ်ယောက်ဖြစ်ပြီး လတ်တလော ကားရိုက်များနေတာကြောင့် အနားယူချင်နေတယ်လို့ သူ့ဘေးနားက လူတချို့ကို ပြောထားခဲ့မိပါတယ်။တစ်နေ့မှာ ရိုက်ကွင်းအပြီး ပါတီတစ်ခုကအပြန်လမ်းမှာ မတော်တဆမှုကြုံပြီး သတိလစ်မေ့မျောသွားခဲ့ပါတယ်။ သူနိုးထလာချိန်မှာတော့ သူဟာ တဲတစ်လုံးကိုရောက်နေပါတယ်။ ခြေထောက်မှာလည်း ဒဏ်ရာရထားတဲ့ သူ့ကို မိန်းမလှလေးတစ်ယောက်က ပြုစုပေးနေတာကိုတွေ့လိုက်ပါတယ်။ အဲဒီမိန်းကလေးဟာ သူ့ကို အားရှိတယ် အနာကျက်သက်သာတယ်ဆိုပြီး ဘာမှန်းမသိတဲ့ ပရဆေးတွေ အတင်းတိုက်ကျွေးလေ့ရှိတယ်။ သူတို့နေတဲ့နေရာဟာ ဝေးလံခေါင်ဖျားလွန်းပြီး လူရယ်လို့ ဒီမိန်းကလေးအပြင် စကားလုံးဝမပြောတဲ့ ဒွန်ဆိုတဲ့လူကြီးတစ်ယောက်သာရှိပါတယ်။ ကယ်ဗင် တစ်စထက်တစ်စ ရိပ်စားမိလာတာက ဒီနှစ်ယောက်ဟာ သူ့ကိုကယ်တင်ထားတယ်ဆိုတာထက် အကျဉ်းချထားသလိုသဘောထားပြီး ဒီနေရာကပြန်လွတ်ဖို့ လမ်းစမမြင်ဘူးဆိုတာပါပဲ။ ဖုန်းလိုင်းမမိ အကူအညီတောင်းစရာ တစ်ခြားလူရယ်လို့မရှိတဲ့ ဒီနေရာကနေ သူဘယ်လိုအလွတ်ရုန်းမလဲ… Chloe Jenna, Sheila Snow နဲ့ Sheree တို့လို အမိုက်စားမင်းသမီးသုံးယောက်အပြိုင်ကြဲထားတဲ့ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Pervert Middle-aged Teacher tastes the Fresh Lips of His Student: Kana Momonogi’s Saliva-drenched Kiss Rape (2023) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Drama 🗓 2023 🎞 Movie 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kana Momonogi လေးကို သိသူ များကြမှာပါ မသိကြသေးလို့ ညွှန်းရရင် သူမက Slim ဆိုတာ ဒီလို ပိန်ပါးရတယ် စံထားရအောင် ပါးရမယ့်နေရာပါးပြီး ဖောင်းရမယ့်နေရာဖောင်းသူလေးပါ။ IPZZ-061 မှာတော့ သူမရဲ့နှုတ်ခမ်းပါးတွေအကြောင်း ခံစားကြည့်ရှုရမှာပါ။ Decensored Version နဲ့မလို့  Kana Momonogi ကို ကျေနပ်ကြမယ်ထင်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

破军X档案隐身人 (2023) ⭐TMDB: 30.0% User Score 🎬 #Mystery #ScienceFiction 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်……လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာအမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။ အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီးအစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလားလူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။ အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါလျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်းပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ……ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ……...

The Wakhan Front (2015) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Drama #Fantasy #Mystery #War #Thriller 🗓 2015 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 44 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3 RTမှာ92%ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေ တစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေ စပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့ တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့် ​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကို ရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း ​နေမှန်း သိလိုက်ရပါ​တော့တယ်။...

Ehrengard: The Art of Seduction (2023) ⭐IMDB: 5.8/10 (891 Votes) 🎬 #Comedy #Drama #Romance #Uncategorized 🗓 2023 🎞 movie 🌎 #Denmark #Sweden ⏰ 1 နာရီ 35 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟိုးရှေးရှေးတုန်းက ဘာအန်ဟာဆန်ဆိုတဲ့တိုင်းပြည်ကြီးမှာ ပုံတူပန်းချီရေးဆွဲရာမှာဝါသနာထုံပြီး ဖြားယောင်းဆွဲဆောင်ခြင်း အတတ်ပညာကိုပါ တတ်ကျွမ်းတဲ့ ကာဇို့သ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်ပေါ့နော်…။ သူဟာ အမျိုးသမီးတွေကို ဖြားယောင်းဆွဲဆောင်ရာမှာ ကျွမ်းကျင်သူ၊ ပရိယာယ်ကြွယ်သူ၊ အချစ်ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဟပြောတတ်သူပါ…။ တကယ်တော့ ဒီဇာတ်ကောင်ဟာ 1790 ဝန်းကျင် ဥရောပမှာ မိန်းမလိုက်စားသူ အဖြစ်နာမည်ကျော်ခဲ့တဲ့ အီတလျံသား၊ လူစွန့်စား၊ စာရေးဆရာ Casanova ကိုမှီငြမ်းပြီးပုံဖော်ထားတာပါ…။ ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းပြည်ရဲ့ အမွေခံမင်းသားလေးဟာ အိမ်ထောင်ပြုဖို့ စိတ်မပါတာကြောင့် သားဖြစ်သူအတွက်၊ ထီနန်းအတွက် ရတက်မအေးဖြစ်နေရတဲ့ မိဖုရားကြီးဟာ ကာဇို့သ်ကိုဖိတ်ခေါ်ပြီးအကူအညီတောင်းရပါတယ်…။ ဘယ်လိုအကူအညီလဲဆိုတော့ မင်းသားလေးကို အချစ်ရေးအချစ်ရာစိတ်ဝင်စားလာအောင်၊ ဖြားယောင်းခြင်းအတတ်ပညာတွေ သင်ယူခိုင်းဖို့ပါတယ်…။ ကာဇို့သ်ကလည်း သူတတ်ကျွမ်းတဲ့ ဖြားယောင်းခြင်းပညာကို မင်းသားလေးဆီ သင်ကြားပေးရင်းပဲ တော်ဝင်မျိုးနွယ် အမျိုးသမီးချောလေးဖြစ်တဲ့ အီဟန်ဂါ့နဲ့ တွေ့ဆုံကာ သဘောကျသွားပါလေရော…။ ကာဇို့သ်ရဲ့ စိတ်ထဲမှာလည်း အီဟန်ဂါ့ရဲ့ ပုံတူကို ရေးဆွဲချင်စိတ်တွေ တဖွားဖွားဖြစ်ခဲ့ရတယ်ပေါ့…။ ဒီတော့ မိန်းကလေးတိုင်းကို ဖြားယောင်းတတ်တဲ့ ကာဇို့သ် သူတကယ်တမ်း မြတ်နိုးတဲ့အီဟန်ဂါ့လေးကို ဆွဲဆောင်နိုင်ပါ့မလား…။ သူရေးဆွဲချင်တဲ့ ပုံတူပန်းချီလေးကိုရော ဘယ်လိုဆန်းဆန်းကြယ်ကြယ် ရေးဆွဲနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲ စီးမျှောခံစားကြည့်လို့ရပါပြီ…...