ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Listen out for Love (2022)
⭐IMDB: 5.5/10 (340 Votes)
🎬 #Comedy #Romance #TVMovie
🗓 2022 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 32 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Listen out for Love (2022)
ဒီတစ်ခါကတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေကိုကြိုက်တဲ့ကြည့်ရှုသူတွေအတွက် အကြိုက်တွေ့စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
Podcast ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ပေ့ပ် တစ်ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါခေါ်ပြီးအောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အကြောင်းပါလာတဲ့အခါ…
တစ်ဖက်မှာလည်း ပွဲတစ်ခုမှာ ကတောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်ယောက် အလုပ်ရလာတဲ့အခါ…
ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့ရေး ကြိုးစားရင်း အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာဖွေပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲလေးတွေဖြစ်မလဲ… ဘယ်လိုဟာသတွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Bodies (2023)
⭐TMDB: 72.0% User Score
🎬 #Crime #Mystery #SciFi #Fantasy #Drama
🗓 2023 🎞 video movie
🌎 #UnitedKingdom
⏰ 1 နာရီ 2 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bodies 2023 (Season 1)
Your browser does not support the video tag. IMDb Rating (7.5) / Rotten Tomatoes (83%)မတူညီတဲ့ Timeline ၄ ခုစလုံးမှာ တစ်ယောက်ထဲသေနေတဲ့ ဆန်းကြယ်စုံထောက်မှုခင်းဇာတ်လမ်းတွဲကြီးလာပါပြီ။
၁၈၉၀ ခုနှစ် အင်္ဂလိပ်-မြန်မာကျူးကျော်စစ်ကာလ ၊ ၁၉၄၁ ခုနှစ် ၊ လက်ရှိအချိန် ၂၀၂၃ နဲ့ အနာဂတ် ၂၀၅၃ ခုနှစ် စတဲ့မတူညီတဲ့ Timeline ၄ ခုစလုံးမှာ အလောင်းတစ်ခုဟာ တပြိုင်တည်း တစ်နေရာထဲမှာ ရောက်ရှိနေပြီး မတူညီတဲ့ စုံထောက် ၄ ယောက်က ဒီကိစ္စကိုဖော်ထုတ်ကြမှာပါ။တစ်သက်မှာ တစ်ခါပဲသေရသတဲ့။ စစ်ထွက်ကာနီး စစ်သူကြီးတွေ ကြုံးဝါးကြ။ သေအံ့မူးမူးလူတွေ အားတင်းကြ။ ဒီစကားလုံးနဲ့ပေါ့။ တစ်သက်မှာ တစ်ခါပဲသေရ ဘာကြောက်စရာရှိလဲပေါ့လေ။ဂေဘရီယယ် ဒီဖိုး ကတော့ တစ်ခါတည်းသေရုံနဲ့ အားမရပါဘူးတဲ့။ 1890 ခုနှစ် လောင်းဟားဗက်လမ်းပေါ်မှာ ဝတ်လစ်စားလစ် အမျိုးသားတစ်ယောက်ရဲ့အလောင်းကိုတွေ့တယ်။ ဘယ်ဘက်မျက်လုံးကနေ ခေါင်းခွံထဲကို ကျည်ဆံဝင်ထားတဲ့သေနတ်ဒဏ်ရာနဲ့။ ကျည်ဆံပြန်ထွက်သွားတဲ့အပေါက်မရှိ။ ရင်ခွဲစစ်ဆေးကြည့်ချိန်မှာ ဦးနှောက်ထဲ ကျည်ဆံရှာမတွေ့။ဒီလိုနဲ့ အမည်မသိအလောင်း ဂျွန်ဒိုး က 1890 ခုနှစ်မှာ ပတ်ရှုပ်ခဲ့ပြီးတော့ 1941 ကို ရောက်သွားပြန်ရော။ အမည်မသိအဖွဲ့ကြီးတစ်ခုက အဲဒီအလောင်းကိုလိုချင်ကြတယ်။ သူတို့ပြောတတ်တဲ့ စကားဝှက်က “သင့်အား ကိုယ်တော်က မေတ္တာထားတာကို သိပါ” တဲ့။ 1941 လောင်းဟားဗက်လမ်းမှာပဲတွေ့တဲ့ ဂျွန်ဒိုး က 1980 ခုနှစ်က အလောင်းပါပဲ။ ဒါပေမဲ့ ထူးခြားတာက အလောင်းပေါ်လာမှာကို ကြိုသိနေတဲ့ အဖွဲ့တစ်ခုရှိနေတယ်ဆိုတာပါ။ဒီလောက်နဲ့လည်း ဂေဘရီယယ် ဒီဖိုး က မကျေနပ်နိုင်ပါဘူး။ 2023 ကို ဆက်သွားပါတယ်။ လောင်းဟားဗက်လမ်းပေါ်မှာပါပဲ။ ကြိုသိနေတဲ့အဖွဲ့ကြီးက အလောင်းကို တွေ့ရမယ့်သူဖြစ်တဲ့ အမျိုးသမီး ရဲတပ်ကြပ် ဟာဆန် ကို အလောင်းနား မျှားခေါ်သွားပြန်ရော။ဒီဖိုး ရဲ့ ပန်းတိုင်က မပြီးသေးပါဘူးလေ။ 2053 ကို ဆက်သွားပါတယ်။ နောက်ထပ် အမျိုးသမီး ရဲတပ်ကြပ်ကပဲ အလောင်းတွေ့ရပြန်တာပဲ။ အဲဒီမှာ ဂျွန်ဒိုး က ဒီဖိုး ဖြစ်နေမှန်း သိရတာပေါ့။ဒီတော့ ခေတ်လေးခေတ်ရဲ့ မတူညီတဲ့ ရဲတပ်ကြပ်စုံထောက်ကြီးလေးယောက်။ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်။ အလောင်းတစ်လောင်းတည်းနဲ့ တိုင်ပတ်ကြတဲ့ဇာတ်လမ်းပါ။ ခေတ်တိုင်းမှာ ဒီအလောင်းအကြောင်းကို သိနေတဲ့အဖွဲ့ကြီးကလည်း ရှိနေပြန်။ အမှုပိတ်သိမ်းပြီး အလောင်းကို တိတ်တဆိတ်ပြန်လိုချင်ကြတဲ့ အဖွဲ့ကြီး။ သူတို့တွေရဲ့ သပွတ်အူဇာတ်လမ်းနဲ့ လူကြီးမင်းကို ဆွဲဆောင်သွားမယ့်ဇာတ်ကား။ဗြိတိန်အသံထွက် လှလှပပတွေနဲ့ အင်္ဂလန်စကားလုံးဆန်းဆန်းတွေ တသီကြီးပြောကြတဲ့ဇာတ်ကား။ အင်္ဂလိပ်စာလေ့လာရင် ဗြိတိန်လေယူလေသိမ်းကိုလေ့လာချင်ရင် ဒီဇာတ်ကားက တော်တော်အဆင်ပြေမှာပဲ။ ဇာတ်လမ်းကလည်း အချိန်ခရီးသွား လျှို့ဝှက်ဆန်းကြယ်ဖြစ်လို့ ထမင်းစားရင်းကြည့်ရင် ထမင်းလုတ်နဲ့ ပါးစပ် လွဲနိုင်တဲ့ဇာတ်ကားဖြစ်ပါကြောင်း။...
One Summer Night (2016)
⭐IMDB: 5.3/10 (134 Votes)
🎬 #BL #Drama #Romance
🗓 2016 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 38 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါရိုက်တာ Kim Hunရိုက်ကူးပြီး သရုပ်ဆောင် Kim Tae Hoon,
Shin Won Ho, Choi Jae Sung တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
BL Romance Dramaဖြစ်ပါတယ်..
ဇာတ်လမ်းအကျဥ်းကတော့ မြောက်ကိုရီးယားစစ်တပ်က စစ်သားတွေဖြစ်တဲ့
ယောင်းဂျွန်းနဲ့ ဂျယ်ဆောင်းတို့ ချစ်ကြိုးသွယ်နေစဥ်မှာပဲ အထက်လူကြီးက
သိသွားခဲ့တာကြောင့် ယောင်းဂျွန်းတစ်ယောက် တောင်ပိုင်းကို ထွက်ပြေးလာခဲ့ပါတယ်
အဲဒီနောက်မှာ ထယ်ဂယူဆိုတဲ့ သဝန်အရမ်းတိုတတ်တဲ့ ခပ်ဆိုးဆိုးကောင်လေးနဲ့
တွေ့ပြီး ချစ်မိသွားကြပါတယ် ယောင်းဂျွန်းက ထယ်ဂယူဆိုးသမျှ သည်းခံပြီး
ထယ်ဂယူရှာသမျှ ပြဿနာတွေကို လိုက်ဖြေရှင်းပေးရင်း ဒုက္ခများခဲ့ပါတယ်
နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ဂျယ်ဆောင်းတစ်ယောက် တောင်ပိုင်းကို ထွက်ပြေးပြီး
ယောင်းဂျွန်းကို လိုက်ရှာပါတော့တယ် ယောင်းဂျွန်းနဲ့ တွေ့ပြီးနောက်ပိုင်း
ထယ်ဂယူရဲ့ အထင်လွဲမှုတွေ ဖြစ်ပေါ်လာခဲ့သလို ယောင်းဂျွန်းမှာလည်း
ငွေကြေးအခက်အခဲတစ်ချို့ ဖြစ်လာခဲ့ပါတယ် ဒီပြဿနာတွေကို
ယောင်းဂျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှူခံစားပေးကြပါဦး...
Humming (2008)
⭐IMDB: 6.2/10 (180 Votes)
🎬 #Romance #Drama
🗓 2008 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 36 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး
တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။
အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ
အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။
သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။
ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို
စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း
သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ
ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ
အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက်
အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ
ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။...
Justice League x RWBY: Super Heroes and Huntsmen Part One (2023)
⭐IMDB: 5.3/10 (2 k Votes)
🎬 #Action #Adventure #Animation #Fantasy
🗓 2023 🎞 video movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Justice League x RWBY: Super Heroes & Huntsmen, Part One (2023)=================================================IMDb Rating – 5.2/10
DC ရဲ့ justice league animation ကားသစ်လေးပါ။Justice leagueတစ်ဖွဲ့လုံး Darkside နဲ့တိုက်ခိုက်ရင်း တစ်ခြားကမ္ဘာကို အပို့ခံလိုက်ရပါတယ် ။ အဲ့ဒီကမ္ဘာမှာ justice leagueတစ်ဖွဲ့လုံး ဆယ်ကျော်သက်တွေဖြစ်ကုန်ပြီး အစွမ်းတွေလည်းပျောက်ကုန်ပါတယ်။ အဲ့ဒီအစား သူတို့ရောက်သွားတဲ့ကမ္ဘာကအစွမ်းရှိတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ပြီး နေသားတစ်ကျဖြစ်ဖို့ကြိုးစားရပါတယ် ။
ကမ္ဘာအသစ်မှာ အစွမ်းအသစ်တွေရလာပြီး Batman ဆိုရင်အတောင်ပံတွေပေါက်လာပါတယ်။ နောက်ဆုံးတော့ သူတို့ကမ္ဘာကို ပြန်သွားဖို့ကြိုးစားရင်း မူလအစွမ်းတွေရဖို့ ကမ္ဘာသစ်ဆီကvillainကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Mom's Friend's Rice Cake Gift (2019)
⭐TMDB: 0.0% User Score
🎬 #Uncategorized #Romance
🗓 2019 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 22 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Step Mother’s Gifts Rice Cake (2018)*********************************
ဒီကားကတော့ ထုံးစံအတိုင်း stepmotherနဲ့ ဇာတ်လမ်းလေးပေါ့..
နည်းနည်းထူးတာက ဘွားတော်နေရာမှာသရုပ်ဆောင်တဲ့ လေဒီကြီးပါ..
အတော်လန်းပြီး ကြည့်ရတာ မိုက်နေပါတယ်…
သရုပ်ဆောင်လည်းကောင်းသလို လူငယ်လေးနဲ့ လေဒီကြီးကြား
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ကြည်နူးဖွယ်အိပ်ရာခန်းလေးတွေနဲ့မို့ ခံစားကြည့်ကြပါဦး...
Justice League x RWBY: Super Heroes and Huntsmen, Part Two (2023)
⭐IMDB: 7.3/10 (101 Votes)
🎬 #Action #Adventure #Animation #Fantasy
🗓 2023 🎞 video movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 15 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023)=================================================IMDb Rating – 7.3/10
DC animation နဲ့ အမေရိကန် anime ဇာတ်လမ်းတွဲ RWBY တို့တွဲဖက် crossover လုပ်ထားတဲ့ Huntsmen အပိုင်း ၂ ထပ်ထွက်လာပါပြီ။
ဂျက်စတစ်လိဂ်အဖွဲ့ ရူဘီတို့ကမ္ဘာထဲက ဗီလိန်ကြီးကို နှိမ်နင်းပြီးသူတို့ကမ္ဘာကို ပြန်လာခဲ့ပေမယ့်၊ ကေးဂေါ့ဆိုတဲ့ ဗီလိန်က မသေဆုံးသွားဘဲ လူသားကမ္ဘာထဲကို လွတ်မြောက်သွားပါတယ်။ ရူဘီတို့ကမ္ဘာထဲက ဝတ်စ်ဆိုတဲ့ မသေမျိုးတစ်ယောက်နဲ့ပူးပေါင်းကာ ဂျက်စတစ်လိဂ်တို့ကမ္ဘာကို အပိုင်သိမ်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက်လာတဲ့အခါမှာ…စူပါမန်း ဘတ်မန်း ဝန်းဒါးဝူးမန်းတို့ပါဝင်တဲ့ ဂျက်စတစ်လိဂ်နဲ့ RWBY တို့အဖွဲ့ ပူးပေါင်းကာ လူသားကမ္ဘာကို ကာကွယ်ရပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Five Nights at Freddy's (2023)
⭐IMDB: 5.7/10 (15 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Five Nights at Freddy’s (2023)======================
ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်းနာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy’s ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲကအဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့်ပါပဲ။
သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေးဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို့ သူ့ညီဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်းမှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို့ စုံစမ်းပေမဲ့ မသိရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို့ ကြိုးစားလာတဲ့အခါ…
ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ်သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို့ ကြိုးစားရတာတွေက ဂိမ်းစတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက်သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့အမျိုးအစားပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Sila ay akin (2023)
⭐IMDB: 8.2/10 (6 Votes)
🎬 #Adult #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 45 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sila ay akin (2023)
Vivamax ရဲ့နာမည်အကြီးဆုံး၊ လူကြိုက်အများဆုံး၊ အဟော့ဆုံး အသည်းကျော်လေးနှစ်ယောက်ဖြစ်တဲ့ Angeli Khang နဲ့ Azi Acosta တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကိုဆိုရင် ငုတ်တုတ်ထိုင်နေရင်တောင် ကြည့်ကောင်းတယ်ဆိုတဲ့ ပရိသတ်တွေရှိတဲ့အတွက် အထူးတလည်တော့ညွှန်းစရာမလိုပါဘူး။
ဇာတ်လမ်းအကျဉ်းအနေနဲ့ သူတို့နှစ်ယောက်ဟာ ညီအစ်ကိုနှစ်ယောက်ကိုယူထားတဲ့ လင်ညီအစ်မတွေပါ။ နှစ်ယောက်လုံးက မိဘမဲ့တစ်ကောင်ကြွက်တွေဖြစ်ပြီး တွယ်တာစရာဆိုလို့ ခင်ပွန်းသည်တွေရဲ့မိခင်ကြီးနဲ့ သူတို့မွေးစားညီမလေးတစ်ယောက်သာ ရှိပါတယ်။ သူတို့ရဲ့ခင်ပွန်းသည်တွေဟာ ဂေးဘားတစ်ခုမှာ အဖော်အချွတ်ကချေသည်တွေဖြစ်တဲ့အတွက် အဲဒီကဆင့်ပွားလာတဲ့ လူမှုရေးပြဿနာတွေ၊ ဆင်းရဲမွဲတေမှုတွေ အစချီတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ပြဿနာတွေကို တစ်မိုးအောက်မှာအတူရင်ဆိုင်ရပုံတွေကို ရှုမြင်ရမှာဖြစ်ပါတယ်။
မင်းသမီးနှစ်ယောက်ကောင်းသလို ဇာတ်လမ်းလည်းကောင်းတဲ့ကားပါ။ ရှုစားကြပါဦး…
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Angaaragan (2023)
⭐IMDB: 8.3/10 (132 Votes)
🎬 #Bollywood #Horror #Thriller #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 9 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်)IMDb – 8.7/10
Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။
သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့….
ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်နေ့မှာ ဒီအပန်းဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့်ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်းဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။
အဲဒီမှာ ရှီဗာလည်း အပန်းဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီစစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်းဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်… လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲဆိုတာအားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Apocalypse Clown (2023)
⭐IMDB: 5.7/10 (295 Votes)
🎬 #Comedy #ScienceFiction
🗓 2023 🎞 movie
🌎 #Ireland #Belgium #UnitedKingdom
⏰ 1 နာရီ 43 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။
ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။
ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။
နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။
(ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း)...
Yaaro (2022)
⭐TMDB: 90.0% User Score
🎬 #Bollywood #Horror #Thriller #Crime #Mystery
🗓 2022 🎞 movie
🌎 #India
⏰ 1 နာရီ 41 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yaaro (2022)“မဖိတ်ခေါ်ထားသော ဧည့်သည်”
ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ်psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ်
“ဂျွန်” က ခန့်မှန်းရခက်တဲ့လူသူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်းတစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက်အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ “ဂျွန်” တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတယ်
ချန်နိုင်းမြို့ကြီးမှာ တစ်နေ့တခြား ကွင်းဆက်လူသတ်မှုတွေ များလာတယ် သတင်းတွေမှာတော့“အိမ်ပြင်မထွက်ပါနဲ့ သူစိမ်းအဝင်မခံပါနဲ့” စသဖြင့် တောက်လျှောက် တက်နေတာပဲ
တစ်နေ့ ညဘက်ကြီး ခြံထဲကို လူစိမ်းတစ်ယောက် ဝင်လာပြီး “ရေတိုက်ပါ” လို့ ဂျွန်ကို ပြောတယ်ဂျွန်လည်း ပထမ တော့ အတင်းငြင်းလွှတ်ပေမယ့် နောက်ဆုံးတော့ သူစိမ်းအတွက် ရေသွားယူနေတုန်းပြန်လာတော့ အဲဒီလူ မရှိတော့ဘူး
အဲဒီအချိန် အမှတ်တမဲ့ သူ့အိမ်ပေါ်ထပ် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တဲ့ အခါမှာတော့သူ့အိမ်ပေါ်မှာ လူစိမ်းတစ်ယောက်ရှိနေတာကို သိလိုက်ရတော့တယ်
Therapy နဲ့ ပြရတဲ့အထိ အိပ်မက်ဆိုးတွေ တောက်လျှောက်မက်လာတယ် အိပ်မက်ထဲကိုညဘက် ရေလာတောင်းတဲ့ ကြောင်တောင်တောင်လူ ပြန်ရောက်လာတယ်အိမ်မက်ထဲမှာ အက်ဆီးဒင့်တစ်ခုကလည်းထပ်တလဲလဲပြန်ပေါ်လာတယ်နောက်နေ့တစ်ညမှာလည်း အိမ်ထဲမှာ “တစ်စုံတစ်ယောက်” ရှိနေတာကိုထပ်ကြုံရတဲ့အခါမှာတော့ ဂျွန်တစ်ယောက် မနေနိုင်မထိုင်နိုင် ကြောက်လန့်ပြီးသူစိမ်းတစ်ယောက်ကို အကူအညီတောင်းရပါတော့တယ်
ဆောင်းရာသီညနေခင်းမှာ နွေးနွေးထွေးထွေးဝတ် ကော်ဖီပူပူတစ်ခွက်ဖျော်ပြီးမိသားစုနဲ့ ဖြစ်ဖြစ် တစ်ကိုယ်တည်းဖြစ်ဖြစ် chill ဖို့ “jump scare”ကောင်းကောင်းနဲ့ slasher တစ်ကားရှာနေသူတွေ အတွက် ထိုင်ရာမထ ကြည့်လို့ရမယ့် တမီလ်ကား လေးပါ
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကYunni ~ Dee ~ KKKZ ~ Alex ~ Cherry တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Life on Our Planet (2023- )
⭐IMDB: 8.2/10 (526 Votes)
🎬 #Documentary
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 51 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Life on Our Planet (2023)CM ပရိသတ်ကြီးတို့ကို Netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့Docuseries တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Your browser does not support the video tag.IMDB rating 8.2 အထိ ရထားတာမလို့အချိန်ကုန်ခံရကျိုးမနပ်မှာကိုတော့ စိတ်ပူစရာမလိုပါဘူး။Docuseries ဆိုတဲ့အတိုင်း ကမ္ဘာပေါ်က ကျွမ်းကျင်ပညာရှင်တွေရဲ့အချက်အလက်တွေကို ကိုးကားပြီး ရိုက်ကူးပုံဖော်ထားတာမလို့အပန်းဖြေကြည့်ရင်း ဗဟုသုတပါ တိုးဦးမှာပါ။ Series နာမည်ဖြစ်တဲ့ Life On Our Planet ဆိုတဲ့အတိုင်းဒီမှတ်တမ်းရုပ်ရှင်မှာတော့ ကမ္ဘာကြီးရဲ့ သက်ရှိတွေအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ သက်ရှိတွေ ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲဆိုတာကနေစပြီးဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ သက်ရှိတွေဖြစ်ပေါ်လာပုံအထိအသေးစိတ်ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုင်နိုဆောမျိုးစိတ်တွေအကြောင်းလည်းတင်ဆက်ပြောပြထားတာမလို့ အားလုံးစိတ်ဝင်စားကြမှာ အသေချာပါပဲ။ဒါ့အပြင် ကမ္ဘာကြီးကိုယ်တိုင်နဲ့ သူ့ပေါ်မှာ နေထိုင်ကြတဲ့သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေကိုပါ ကြည့်ရှုရဦးမှာပါ။ ဒီ series လေးရဲ့ ထူးခြားချက်တစ်ခုကတော့ အကြောင်းအရာတွေကိုတင်ဆက်တဲ့အခါမှာ စာသင်ပြသလို ဖတ်ပြနေတာမျိုးမဟုတ်ဘဲလက်တွေ့ရိုက်ကူးထားတဲ့ clip တွေ, CG နဲ့ ဖန်တီးထားတဲ့ clip တွေကိုရောစပ်ရိုက်ပြထားတာမလို့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။Docuseries တွေ ကြည့်ရတာ ပျင်းတဲ့သူတွေတောင် အကြိုက်တွေ့စေမှာမလို့သေချာပေါက်ကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်။...
Pom Poko (1994)
⭐TMDB: 72.0% User Score
🎬 #Adventure #Animation #Comedy #Drama #Family #Fantasy
🗓 1994 🎞 movie
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့
Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။
အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင်
နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯
စတာပါ တကယ်ပါ။
လုံးဝမပြောလို့ကလည်းမဖြစ်ပြန်သေးဘူးဆိုတော့လည်း
နည်းနည်းလောက်တော့ပြောပြလိုက်ပါဦးမယ်။
ဇာတ်လမ်းလေးကဒီလိုစပါတယ်…….
ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာ
တာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ ….
ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့
လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေက
မြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့
တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီး
မြို့သစ်တစ်ခုတည်ဆောက်ဖို့ကြိုးစားကြပါတော့တယ် ……
အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်
သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။
ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို
အသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ …….
ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့
အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။
လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာ
အခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။
နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေ
မျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေက
ဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။
တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့်
အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့
ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့
CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။...
A Shoplifting Girl-Jun Kasui [SSIS-840-Decensored]
⭐-
🎬 #Asian #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jun Kasui ဆိုတာ အသက် ၂၂ ပဲရှိသေးတဲ့ JAV မင်းသမီးလေးဖြစ်ပြီး တော်ယုံတန်ယုံလူမသိပေမယ့် လုံးဝအမိုက်စား
Underrated မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။
အပြစ်ပြောစရာ တစ်စက်ကလေးတောင် အဆီအပိုမရှိပါဘူး။
SSIS-840-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကို ချောက်တွန်းခံရတဲ့ကောင်မလေးတစ်ယောက်အဖြစ်
သနားစဖွယ်တွေ့မြင်ရမှာပါ။
JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။
Underrated တွေ ဖော်ထုတ်တင်ဆက်ရတာ သဘောတွေ့တဲ့ Dark Side Production ကနေ
ပရိတ်သတ်ကြီးအတွက် Jun Kasui ကို Decensored Version နဲ့တင်ဆက်လိုက်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Dracula Untold (2014)
⭐TMDB: 64.0% User Score
🎬 #Action #Drama #Fantasy #Horror
🗓 2014 🎞 movie
🌎 #Japan #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dracula Untold (2014)==========Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။
ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ….တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ…အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား….ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား…
ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ….ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်…
တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီးတိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်…စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်…သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်…
တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..
ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး…ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်…
တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး…ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်…
မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်…ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်…ထို ၃ ရက်အတွင်းမှာ လူသားရဲ့သွေးကိုမသောက်ပဲနေနိုင်မှ ဘလက်ဟာ လူသားပြန်ဖြစ်မှာပဲဖြစ်ပါတယ်…တကယ်လို့သာ လူသားရဲ့သွေးကိုသောက်မိရင်တော့ သူတစ်သက်လုံး Dracula အဖြစ်နဲ့ရှင်သန်သွားရတော့မှာပဲဖြစ်ပါတယ်….
ဒီလိုအပေးယူတဲ့ပြီးတဲ့နောက်မှာတော့ ဘလက်တစ်ယောက်ဘာတွေဖြစ်လာနိုင်မလဲ…အင်အားကြီးမားလှတဲ့ တူရကီတပ်ကြီးကို သူရင်ဆိုင်နိုင်မလား….သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီဖြစ်တဲ့ ဘလက်ဟာလူသွေးမသောက်ပဲတကယ်ကောနေနိုင်မှာလား….စိတ်ဝင်စားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး...
The Beautiful Legged Female Teacher Who Became The Target Of This Pantyhose Maniac Has Legs That Are 85cm Long! What Thighs! Pregnancy Fetish Fuck From A Crazy Stalker Airi Kijima (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Romance
🗓 2020 🎞 movie
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ ပရိသတ်ကြီးကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့ ချစ်ဖို့ကောင်းလှတဲ့ မင်းသမီးလေး Airi Kijima ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ…..
IPZZ-053 ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသမီးလေး Airi Kijima ဟာ ယောက်ျားလေးကျောင်းက ဆရာမတစ်ယောက်ဖြစ်ပါတယ်…..ငယ်ငယ်လှလှဆရာမလေးဆိုတော့ ကျောင်းသားတွေစိတ်က မရိုးမရွဖြစ်တာနဲ့ပဲ ဆရာမရဲ့ အချိုရည်ထဲ အချစ်ဆေးမှုန့်လေးတွေ ခပ်လိုက်တာကနေ ငုပ်လျှိုးနေတဲ့ ဆရာမရဲ့ အချစ်စိတ်လေးတွေ အဆင့်ဆင့်ပေါက်ဖွားလာပုံကိုကြည့်ရှုရမှာဖြစ်လို့ သေချာမုချကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးလို့ ညွှန်းဆိုရင်းနဲ့ပဲ…………..
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Revanche (2008)
⭐IMDB: 7.5/10 (16 k Votes)
🎬 #Crime #Drama #Romance #Thriller
🗓 2008 🎞 movie
🌎 #Austria
⏰ 2 နာရီ 01 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.5 , RT – 96 %
ရသပေါင်းစုံ ပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းနဲ့ ဂျာမနီ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။
သင့်မှာ သိပ်ချစ်ရတဲ့ လူ တစ်ယောက်ရှိလား။ အဲဒီလူရဲ့ ဖြစ်တည်မှု၊ အပြုမူ၊ ကာရိုက်တာ၊ အလုပ်၊ အကုန်လုံးကို အရာရာ နားလည်ပေးနိုင်တဲ့အထိ ချစ်ပေးရတဲ့ Favourite person မျိုး ရှိပြီလား။ ယောင်္ကျားလေးတွေက ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးကိုဆိုရင် အသက်ပါပေးပြီး ကာကွယ်ပေးချင်ကြတာက သဘာဝပါပဲ။ အကယ်၍ ကိုယ် နှစ်နှစ်ကာကာ ချစ်ရတဲ့ ကောင်မလေးကို လက်လွတ်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော ….. ရင်ကွဲမတတ် ခံစားရမှာက မလွဲဧကန်ပါပဲ။
တာမာရာနဲ့ အဲလက်စ်က သိပ်ကို ချစ်ကြတဲ့ရည်းစားတွေပါ။ ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတော့ ၂ယောက်လုံး ဆင်းဆင်းရဲရဲနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရှာဖွေနေကြရပါတယ်။ ဒါပေမယ့် လောကကြီးရဲ့ Matrix အတိုင်း ဆင်းရဲလေ ပိုပြီးဆင်းရဲလေ ဆိုတော့ ကြံမိကြံရာတွေ ကြံရပါတော့တယ်။ အဲလက်စ်တစ်ယောက် မရတဲ့အဆုံး ဘဏ်ဓားပြတိုက်ပါတော့တယ်။ ဒါပေမယ့် ဘဏ်ဓားပြတိုက်မှုအတွင်း အဲလက်စ်ရဲ့ကောင်မလေး တာမာရာက ရဲပစ်လိုက်တဲ့ ကျည်ဆံကြောင့် သေဆုံးသွားရပါတော့တယ်။ အဲလက်စ် တစ်ယောက် သူသိပ်ချစ်ရတဲ့ကောင်မလေးကို ဆုံးရှုံးလိုက်ရတော့ သူ့ကောင်မလေးကို သတ်သွားတဲ့ ရဲကို ရှာပြီး လက်စားချေဖို့လုပ်ပါတော့တယ်။ အဲလက်စ် တစ်ယောက် ဘယ်လို လက်စားချေမလဲ ….. အဲလက်စ်ဘက်ကအမြင် ….. ရဲရဲ့အမြင် ….. မိသားစုဝင်တွေဘက်ကအမြင် ….. လူပေါင်းမျိုးစုံ ဘက်ပေါင်းမျိုးစုံရဲ့အမြင်ဘက်ကနေ စုံလင်စွာနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
ကိုရီးယား/ဂျပန် ရုပ်ရှင်တွေ Dramaကောင်းမှန်း သိပေမယ့် ဂျာမနီ Drama ဘယ်လောက်ကောင်းကြောင်းကို ယခုရုပ်ရှင်မှာ မျက်မြင်တွေ့ရှိရမှာပါ။ ဇာတ်လမ်းက အနိမ့်ကနေ အမြင့်ထိကို ဆွဲခေါ်သွားနိုင်ပြီး ရုပ်ရှင်ရဲ့ run time ၂နာရီက ကုန်သွားလို့ကုန်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ပါဘူး။
အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။...
Terrified (2017)
⭐IMDB: 6.5/10 (19 k Votes)
🎬 #Horror
🗓 2017 🎞 movie
🌎 #Argentina
⏰ 1 နာရီ 28 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ စပိန် horror ကားလေးဖြစ်ပြီးတော့
horror ချစ်သူတွေတော်တော်အကြိုက်တွေ့စေမှာပါ။
စပိန်ကားတစ်ကားအနေနဲ့ IMDB 6.5 တောင်ရထားလို့ ခေတော့မခေဘူးဗျ။
ဇာတ်လမ်း ဇာတ်အိမ်ကလဲစိတ်ဝင်စားဖို့ကောင်းသလို
ကြောက်ဖို့လဲတော်တော်ကောင်းပါတယ်။
ဇာတ်လမ်းကသာမာန်မဟုတ်တဲ့
သဘာဝလွန်ဖြစ်ရပ်တွေဖြစ်နေတဲ့ရပ်ကွက်တစ်ခုကို
သဘာဝလွန်ဖြစ်ရပ်တွေကိုအဓိကထားပြီးလေ့လာတဲ့ဒေါက်တာတစ်ဦးရယ်
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ရဲအရာရှိတစ်ယောက်အတူတူ
စုံစမ်းစစ်ဆေးရင်းနဲ့ ဘာဖြစ်လို့ ဒီရပ်ကွက်မှာ ဒီလိုတွေဖြစ်နေရတာလဲ
ဘာတွေကြုံတွေ့ရအုံးမလဲဆိုတာကို စောင်ကိုက်ရင်း
စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်။
သွေးထွက်သံယိုတွေ၊ Jump scare တွေအများကြီးပါလို့ကလေးသူငယ်များနဲ့
အသဲငယ်တတ်သူများမကြည့်ရင်ကောင်းပါတယ်ဗျ
(ကျွန်တော်တော့ဘာသာပြန်ပြီး တစ်ညလောက်အိပ်မပျော်ဘူးဖြစ်သွားတယ်)။
ဘာပဲဖြစ်ဖြစ်ပါ horror တွေ slasher တွေကြိုက်တတ်ရင် လက်မလွှတ်သင့်တဲ့
ကားမျိုးဖြစ်လို့ မြည်းစမ်းကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ်ခင်ဗျာ။...
Before I Go to Sleep (2014)
⭐IMDB: 6.3/10 (83 k Votes)
🎬 #Drama #Mystery #Thriller
🗓 2014 🎞 movie
🌎 #UnitedKingdom #UnitedStates #France #Sweden #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများကြည့်ဖူးကြတဲ့ Kingsman
ဇာတ်ကားထဲကနာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Colin Firth နဲ့
Mark Strong တို့နှစ်ယောက်နဲ့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ဂျင်းနီလိုဇာတ်ကားဖြစ်တဲ့
Bewitched ဇာတ်ကားထဲကမင်းသမီးကြီး Nicole Kidman တို့သုံးယောက်
ရိုက်ကူးထားတဲ့ 2014 တုန်းကထွက်ရှိထားတဲ့ Before I Go to Sleep ဆိုတဲ့
ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။I
MDb Rating 6.3 ရရှိထားပြီးအခုပြန်ကြည့်လဲကောင်းနေဆဲ စိတ်ဝင်စားစရာ
ကောင်းနေဆဲဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ခရစ္စတင်းဆိုတဲ့
အမျိုးသမီးတစ်ယောက်က အိပ်ရာကနိုးထလာပြီးမနက်တိုင်းမှာ သူ့အတိတ်က
ဘာအကြောင်းအရာတွေကိုမှ မမှတ်မိတော့တဲ့အတိတ်မေ့ရောဂါခံစားနေရပါတယ်။
သူအိပ်ရာနိုးတိုင်း သူ့ဘေးမှာယောက်ျားဖြစ်သူဘန်ရှိနေပြီး သူဘယ်သူလဲဆိုတာကို
နေ့တိုင်းရှင်းပြနေရပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိလာအောင်
ကုသပေးနေတဲ့ဒေါက်တာနက်ရှ်ဆိုတဲ့ ဆရာဝန်တစ်ယောက်လည်းရှိနေပြီး ဘန်မရှိတဲ့
အချိန်မှာ ခရစ္စတင်းနဲ့ ဒေါက်တာနက်ရှ်က သူ့အတွက်အကူအညီဖြစ်မဲ့အရာအားလုံးကို
လိုက်ကူညီပေးနေတာပဲဖြစ်ပါတယ်။ဒါပေမယ့် သူဒီလိုအတိတ်မေ့ရောဂါရသွားခဲ့တဲ့
အကြောင်းအရင်းကို မေးကြည့်လိုက်တဲ့အခါမှာ ယောက်ျားဖြစ်သူဘန်ပြောတဲ့စကားနဲ့
ဆရာဝန်ပြောတဲ့စကားမတူတဲ့အခါမှာ ခရစ္စတင်းတစ်ယောက် သူ့အတိတ်က
မှတ်ဉာဏ်တွေကို ပြန်ရချင်စိတ်တွေပြင်းပြလာပြီး မှတ်မိနိုင်ဖို့ကြိုးစားတဲ့အခါမှာ
ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။...
