ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
https://m.media-amazon.com/images/M/MV5BNjQyZmUxZjEtNzI0ZS00OTI1LWE5ZTItNGE5NTI2NDg4MjRlXkEyXkFqcGdeQXVyMTc4MzI2NQ@@._V1_FMjpg_UX1000_.jpg Christmas Full of Grace (2022) ⭐IMDB: 4.5/10 (564 Votes) 🎬 #Comedy #Romance 🗓️ 2022 🎞️ Movie 📺 720p HD 🌎 N/A ⏰ 1 နာရီ 46 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်အခါသမယအတွက် ပရိသတ်ကြီး ရယ်ရယ်မောမောကြည့်ရအောင် ခရစ္စမတ်နောက်ခံ Brazilian romantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ဇာတ်လမ်းလေးကတော့ဥစ္စာပေါ၊ ရုပ်နည်းနည်းချောတဲ့ Carlinhos ဆိုသူဟာ သူရဲ့ ၁၀ နှစ်တာရည်းစား Bebela ကို လက်ထပ်ခွင့်တောင်းနေတဲ့အချိန်မှာပဲ Bebela ကတခြားမိန်းမတစ်ယောက်နဲ့အတူရှိနေတာကို သိလိုက်ရပါတော့တယ်။ ဒီလို Carlinhos တစ်ယောက် ပုလင်းကွဲလည်းရှ။ ချိုလည်းပေါက်ဖြစ်သွားတဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင် သူ့မိသားစုနဲ့ ခရစ္စမတ်ပိတ်ရက်ကို အတူဖြတ်သန်းဖို့ ချိန်းဆိုထားပြီးသားအချိန် လာဖြစ်နေပါတော့တယ်။ အဲတော့ မိသားစုရှေ့မှာ အရှက်မကွဲချင်တဲ့ Carlinhos ဟာ သူခုမှ ပထမဆုံးတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို သူ့ရည်းစားအသစ်ယောင်ဆောင်ခိုင်းပြီး သူ့မိသားစုနဲ့တွေ့ဖို့ အိမ်ခေါ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး

https://m.media-amazon.com/images/M/MV5BMzc3Yjg1MmUtODllMy00MmZkLTgyNDAtZDg0N2I4OWEzZTkxXkEyXkFqcGdeQXVyNTM0NTU5Mg@@._V1_FMjpg_UX1000_.jpg Serendipity (2001) ⭐IMDB: 6.8/10 (115 k Votes) 🎬 #Comedy #Romance 🗓️ 2001 🎞️ Movie 📺 720p HD 🌎 United States ⏰ 1 နာရီ 31 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Serendipity (2001)==============IMDb Rating – 6.8/10 ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို Bloomingdale ဆိုတဲ့ department storeတစ်ခုမှာ စတွေ့ခဲ့မိပါတယ်။ သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံတည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာသက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက်ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါတော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာတကယ်လဲရှိပါတယ်။ ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခုရှိတယ် Serenity လေ။ (Serenity ကို ‘သက်ငြိမ်’ လို့နာမည်ပေးခဲ့ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ်ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင်လေးထာ၀ရပိတ်သွားခဲ့ပါပြီ) ( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာကသူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်းနောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။ ဒါကတော့ ကံကြမ္မာမှာ သူတို့တွေရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါးသွားတော့ ဒါဟာနမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။ ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့တယ်။ တစ်ယောက်က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်ကမနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးလေးမှာ ရေးတယ်။သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် တစ်ယောက်ယောက်ဟာ တစ်ခုခုကို ပြန်ရှာတွေ့ပြီး အဆက်အသွယ်ပြန်ရကြမယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေကိုယ်စီနဲ့ပေါ့လေ . . . ကဲ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)

https://image.tmdb.org/t/p/original/hU9ouAPcg2LG7n85WUxjKwPq2y4.jpg The Binge 2: It's A Wonderful Binge (2022) ⭐IMDB: 4.7/10 (802 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 40 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 It’s a Wonderful Binge (2022) Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။ အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​… ​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi, မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah, Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag, အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBနဲ့Tissueတို့မှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BODcwMzkyOTMyM15BMl5BanBnXkFtZTcwMTA2Mjg5MQ@@._V1_FMjpg_UX1000_.jpg Were the World Mine (2008) ⭐IMDB: 6.8/10 (6 k Votes) 🎬 #Adventure #Comedy #Fantasy 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 36 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Were the World Mine (2008)=====================IMDb Rating – 6.8/10 ရိုမီယိုနဲ့ဂျူးလီးယက်တို့ရဲ့ပဲ့ကိုင်ရှင်ကြီး ဝီလျံရှိတ်စပီးယားရေးတဲ့“A Midsummer Night’s Dream” ကိုသိကြမယ်ထင်ပါတယ်။အဲ့ဒီပြဇာတ်ကို ထည့်ရိုက်ထားတာမို့လို့ ဒီဇာတ်ကားကိုကြည့်ဖို့ဆိုအဲ့ဇာတ်ကြောင်း နားလည်ထားရင်ပိုအဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့နည်းနည်းတစ်မျိုးပဲဗျ။ ပေးချင်တဲ့မက်ဆေ့ဂ်ျကို မြင်အောင်ကြည့်တတ်ရင်တော့ သိပ်မဆိုးပါဘူးပဲပြောရမှာပေါ့လေ။ တင်မသီက ယောက်ျားလေးသီးသန့်ကျောင်းမှာတက်နေတဲ့ ကျောင်းသားတစ်ယောက်။ နောက်ပြီးတော့ သူကဂေးပေါ့။ အဲ့ခေတ်တုန်းကLGBT တွေကိုလက်မခံတဲ့သူ ခပ်များများဆိုတော့ ကျောင်းမှာအနှိမ်ခံလေးပေါ့။ သူ့ Crush ကလည်း အဖြောင့်ကြီးဖြစ်နေပြန်ပါတယ်။ တစ်နေ့ကျ သူတို့ကျောင်းမှာ ဝီလျံရှိတ်စပီးယားရဲ့ပြဇာတ်”A MidsummerNight’s Dream” ကိုကပြရမှာမို့ နတ်သူငယ် ပက်ခ်(ရော်ဘင်ဂွတ်ဖဲလိုး)နေရာကနေ သရုပ်ဆောင်ရမယ့် တင်မသီတစ်ယောက် ပြဇာတ်စာသားကျက်နေရင်း စတန့်ထွင်လိုက်ရာကနေ အဲ့ပြဇာတ်ထဲက အစွမ်းရှိတဲ့ခရမ်းရောင်ပန်းပွင့်ကို ရသွားပါတယ်။ ဒီတော့ အဲ့ခရမ်းရောင်ပန်းပွင့်က ဘာအစွမ်းရှိတာလဲ။ အဲ့ပန်းရဲ့အစွမ်းနဲ့တင်မသီ ဘာတွေလုပ်မိမလဲ။ နောက်ဆုံး အလွဲတွေကနေ ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (18+မဟုတ်ပေမယ့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တဲ့ ဇာတ်ဝင်ခန်းတွေပါပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BZmMzNjdkZDktMDBlMC00NTgyLThkMjEtYWU2ZDk5MGUwMDA3XkEyXkFqcGdeQXVyNTE4NDk0NQ@@._V1_FMjpg_UX1000_.jpg Six Characters (2022) ⭐IMDB: 7.7/10 (45 Votes) 🎬 #Drama #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Thailand ⏰ 2 နာရီ 07 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Six Characters (2022) မင်းသားMario ဖန်တွေ မျှော်နေကြတဲ့ Six Charactersဆိုတဲ့ ရုံကားကြီးဟာ ရုတ်တရက်ဆိုသလို 1080p ကြည်တောက်ရှင်းVersion ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားတဲ့အပြင် ထိုင်းထိပ်တန်း ဒါရိုက်တာကြီး M.L. Pundhevanop Dhewakul ရဲ့ နောက်ဆုံးရိုက်တဲ့ အနုပညာလက်ရာလည်းဖြစ်ပါတယ် ။ ကမ်ရွန် အဖြစ် Mario Maurerနမ်ဖ ဒါရနီ အဖြစ် Taew Natapohnသူဌေးမပါရာနီ အဖြစ် Rudklao Amratishaနထီ အဖြစ် Boy Pakornအမွန်ဖိချရတ် အဖြစ် Aff Taksaornဘူဖာ အဖြစ် Jiravich Pongpaijitအမရာ အဖြစ် Pancake Khemanit Jamikornစူရိယ အဖြစ် Sakrat Ruekthamrong ဇာတ်လမ်းအကျဉ်း တစ်နေ့မှာ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကမ်ရွန်ဟာ ရိုက်ကူးရေးလုပ်နေရင်း ရုတ်တရက် မီးပြတ်သွားခဲ့တာမို့ ရိုက်ကူးရေး ခဏနားခဲ့ရတယ် အဲဒီချိန်အတွင်းမှာပဲ ဇာတ်ကောင်၆ခုက သူတို့အကြောင်းရေးခဲ့တဲ့ စာရေးဆရာကို လာရှာတာဆိုပြီး ရောက်လာခဲ့ကာ သူတို့ဘဝဖြစ်ရပ်တွေကို ပြောပြခဲ့ပါတယ် ငယ်ကတည်းက အလုပ်ကိုပဲ ကြိုးစားခဲ့ပြီး အလှမယ်လေး အမွန်ဖိချရတ်ကိုချစ်မိကာ လက်ထပ်ယူခဲ့တဲ့ သူဌေးကြီး “စူရိယ”… သူဌေးကြီးနဲ့ လက်ထပ်ခဲ့ပေမဲ့ အတွင်းရေးမှူးဖြစ်သူ “နထီ” နဲ့ ချစ်ကြိုးသွယ်ခဲ့မိတဲ့ “အမွန်”… ကွာရှင်းမှုကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ “စူရိယ”နဲ့ “အမွန်” တို့ရဲ့ သားကြီး “ဘူဖာ”… “အမွန်” နဲ့ “နထီ” တို့ရဲ့ သမီးကြီးဖြစ်ပြီး ဘဝကံကြောင့် မိခင်ရဲ့ ခင်ပွန်းဟောင်းဆီမှာ အပျော်မယ်ဖြစ်ခဲ့တဲ့ “အမရာ”… သူတို့တွေရဲ့ မပြီးဆုံးတဲ့ ဇာတ်လမ်းကို ပြောပြခဲ့ရာက ဒါရိုက်တာကြီးက ပြီးအောင်အဆုံးသတ်ကာ ရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတယ် ဇာတ်ကောင်၆ခုရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ချင်စိတ်နဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်တွေရဲ့ ဇာတ်လမ်းရိုက်ကူးရေးပုံစံတွေကို တင်ဆက်ထားတာဖြစ်ပြီး Jan Dara 1&2 , Eternity , Mae bia ,Sri ayodaya 1&2 တို့ရဲ့ ဒါရိုက်တာဖြစ်တဲ့ M.L. Pundhevanop Dhewakul အတွက် နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်🤎 ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )

https://image.tmdb.org/t/p/original/iz2tpJJgSDBS646VYhmNkUmot4l.jpg 7 Women and a Murder (2021) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Comedy #Crime #Mystery 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Italy ⏰ 1 နာရီ 25 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 7 Women and a Murder (2021) ဇာတ်ကားရဲ့နာမည်ကိုက “7 Women and a Murder” တဲ့ …ဆိုတော့ အမျိုးသမီး ၇ယောက်နှင့် လူသတ်မှုပေ့ါ။ ကျွန်တော်တို့ရဲ့ ပုံမှန်နေ့စဉ်လူမှုဘဝမှာ အမျိုးသမီးတစ်ယောက်တည်းနဲ့တောင် တိုင်ပတ်နေရတဲ့အထဲမှာ ခုနှစ်ယောက်ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။ လူသတ်မှုတစ်ခုနဲ့ သူတို့ခုနှစ်ယောက်ကြားမှာ ဘယ်သူကတရားခံမှန်းမသိ တစ်ယောက်ကိုတစ်ယောက် လက်ညှိုး‌တွေထိုးပြီး ဘာကြောင့်သတ်တာလဲဆိုတဲ့ အဖြေကို သံသယမျက်ဝန်းခုနှစ်စုံနဲ့ အဖြေရှာကြတဲ့ပုံကို ပေါ့ပေါ့ပါ့ပါ့းနဲ့ စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ကြီးတစ်အိမ်မှာ အိမ်ထောင်ဦးစီးတစ်ယောက်ကို သူ့အခန်းထဲမှာ သေလျက်သားတွေ့လိုက်ကြတယ်။ အဲ့အချိန် တစ်ဆက်တည်းမှာပဲ တယ်လီဖုန်းကြိုး‌တွေဖြတ်ခံရ ကားကလည်း စက်နှိုးလို့မရဖြစ်ပြီး နောက်ဆုံး ခြံဝင်းဂိတ်တံခါးပါ သော့ခတ်ခံလိုက်ရတယ်။ အဲ့အချိန်အိမ်ထဲမှာကျန်ခဲ့တဲ့ အမျိုးသမီးတွေဟာ ရဲခေါ်မရ အကူညီတောင်းမရဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် လူသတ်သမားဘယ်သူလဲဆိုတာ အကြောင်းရင်းကိုယ်စီနဲ့ စွပ်စွဲကြပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်ကြမလဲဆိုတာကိုတော့… (ဇာတ်လမ်းအညွှန်းကို ကိုZwel Zan Aungက ရေးပေးထားပါတယ်။)

https://m.media-amazon.com/images/M/MV5BZmMzNjdkZDktMDBlMC00NTgyLThkMjEtYWU2ZDk5MGUwMDA3XkEyXkFqcGdeQXVyNTE4NDk0NQ@@._V1_FMjpg_UX1000_.jpg Six Characters (2022) ⭐IMDB: 7.7/10 (45 Votes) 🎬 #Drama #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 Thailand ⏰ 2 နာရီ 07 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Six Characters (2022) မင်းသားMario ဖန်တွေ မျှော်နေကြတဲ့ Six Charactersဆိုတဲ့ ရုံကားကြီးဟာ ရုတ်တရက်ဆိုသလို 1080p ကြည်တောက်ရှင်းVersion ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားတဲ့အပြင် ထိုင်းထိပ်တန်း ဒါရိုက်တာကြီး M.L. Pundhevanop Dhewakul ရဲ့ နောက်ဆုံးရိုက်တဲ့ အနုပညာလက်ရာလည်းဖြစ်ပါတယ် ။ ကမ်ရွန် အဖြစ် Mario Maurerနမ်ဖ ဒါရနီ အဖြစ် Taew Natapohnသူဌေးမပါရာနီ အဖြစ် Rudklao Amratishaနထီ အဖြစ် Boy Pakornအမွန်ဖိချရတ် အဖြစ် Aff Taksaornဘူဖာ အဖြစ် Jiravich Pongpaijitအမရာ အဖြစ် Pancake Khemanit Jamikornစူရိယ အဖြစ် Sakrat Ruekthamrong ဇာတ်လမ်းအကျဉ်း တစ်နေ့မှာ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကမ်ရွန်ဟာ ရိုက်ကူးရေးလုပ်နေရင်း ရုတ်တရက် မီးပြတ်သွားခဲ့တာမို့ ရိုက်ကူးရေး ခဏနားခဲ့ရတယ် အဲဒီချိန်အတွင်းမှာပဲ ဇာတ်ကောင်၆ခုက သူတို့အကြောင်းရေးခဲ့တဲ့ စာရေးဆရာကို လာရှာတာဆိုပြီး ရောက်လာခဲ့ကာ သူတို့ဘဝဖြစ်ရပ်တွေကို ပြောပြခဲ့ပါတယ် ငယ်ကတည်းက အလုပ်ကိုပဲ ကြိုးစားခဲ့ပြီး အလှမယ်လေး အမွန်ဖိချရတ်ကိုချစ်မိကာ လက်ထပ်ယူခဲ့တဲ့ သူဌေးကြီး “စူရိယ”… သူဌေးကြီးနဲ့ လက်ထပ်ခဲ့ပေမဲ့ အတွင်းရေးမှူးဖြစ်သူ “နထီ” နဲ့ ချစ်ကြိုးသွယ်ခဲ့မိတဲ့ “အမွန်”… ကွာရှင်းမှုကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ “စူရိယ”နဲ့ “အမွန်” တို့ရဲ့ သားကြီး “ဘူဖာ”… “အမွန်” နဲ့ “နထီ” တို့ရဲ့ သမီးကြီးဖြစ်ပြီး ဘဝကံကြောင့် မိခင်ရဲ့ ခင်ပွန်းဟောင်းဆီမှာ အပျော်မယ်ဖြစ်ခဲ့တဲ့ “အမရာ”… သူတို့တွေရဲ့ မပြီးဆုံးတဲ့ ဇာတ်လမ်းကို ပြောပြခဲ့ရာက ဒါရိုက်တာကြီးက ပြီးအောင်အဆုံးသတ်ကာ ရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတယ် ဇာတ်ကောင်၆ခုရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ချင်စိတ်နဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်တွေရဲ့ ဇာတ်လမ်းရိုက်ကူးရေးပုံစံတွေကို တင်ဆက်ထားတာဖြစ်ပြီး Jan Dara 1&2 , Eternity , Mae bia ,Sri ayodaya 1&2 တို့ရဲ့ ဒါရိုက်တာဖြစ်တဲ့ M.L. Pundhevanop Dhewakul အတွက် နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်🤎 ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )

https://m.media-amazon.com/images/M/MV5BODUxNzkyZDMtNjMyNy00YWNiLTkyNWYtMzEyNmU3MjliMjhjXkEyXkFqcGdeQXVyNjQyMzQ0ODU@._V1_FMjpg_UX1000_.jpg Zombiepura (2018) ⭐IMDB: 5.0/10 (219 Votes) 🎬 #Comedy #Horror 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 Singapore ⏰ 1 နာရီ 22 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇွန်ဘီကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ကားအမျိုးအစားပါပဲ။ ဘာပြီးရင်ဘာဖြစ်မလဲဆိုပြီး တစ်ဆက်တည်းကြည့်ဖြစ်သွားမယ့်ကားမျိုးပါ…။စစ်တပ်စခန်းတစ်ခုမှာ ဇွန်ဘီဗိုင်းရပ်စပြန့်လာတယ် အမြဲရေသာခိုတတ်တဲ့စစ်သား၊ စည်းကမ်းကြီးတဲ့အထက်အရာရှိ၊ စစ်ကန်တင်းကကောင်မလေး စတဲ့အဓိကဇာတ်ဆောင်တွေက ဇွန်ဘီကပ်ဘေးကနေလွတ်မြောက်အောင် ကြိုးစားကြတယ်။ ဗီလိန်လည်းပါပါတယ်…ကြုံလာတဲ့အခက်အခဲတစ်ခုကိုကျော်ဖြတ်ဖို့ ကြိုးစားရမှာ တစ်ဦးတည်းတစ်ကိုယ်ကောင်းဆန်ဆန်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားခြင်းထက်စာရင် စုပေါင်းကြိုးစားခြင်းကပဲအမြဲတမ်းအောင်နိုင်သွားတယ်ဆိုတဲ့ messageကို ရစေပါတယ် ။ setting, acting, zombie make up အကုန်အဆင်ပြေပါတယ်။ genreကတော့ comedyနဲ့horrorပေါင်းထားတာပါ။ အနောက်တိုင်းဇွန်ဘီကားတွေနဲ့ယှဥ်ရင်တော့ ပေါ့သလိုဖြစ်ပေမယ့် စင်္ကာပူculture, တရုတ်cultureနဲ့မစိမ်းတဲ့သူတွေ ဒါမှမဟုတ် သူတို့တွေရဲ့cultureတွေ ဘာသာစကားလေယူလေသိမ်းတွေကို သိချင်တဲ့သူတွေအတွက် အပျင်းလည်းပြေ cultureဗဟုသုတလည်းရတဲ့ ကားမျိုးပါပဲ။ ဒီကားမှာ အများဆုံးကြားဖြစ်မှာကတော့ “Even your mother can do better than you.” ပါပဲ ဟုတ်ပါတယ်..Uncle Rogerရဲ့လေယူလေသိမ်းနဲ့ပါပဲ။ ဒီကားကို Singaporean Director Jacen Tan ရိုက်ကူးထားပါတယ်..။

https://image.tmdb.org/t/p/original/zcdtY0xMBCL2hSCrK7e6FqtbeYf.jpg King Of Hotpot ( 2022 ) ⭐IMDB: ⁉️ 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 WEB-DL 1080p 🌎 ⁉️ ⏰ 1h 15 min 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချုံချင့်ဆိုတာနဲ့ များသောအားဖြင့်ကတော့ ဟော့ပေါ့ကိုပြေးမြင်မိကြမှာအမှန်ပါပဲနော် ဒီတစ်ခါမှာဆိုရင်တော့ CM ကပရိတ်သတ်ကြီး ချုံချင့် ဟော့ပေါ့နဲ့သက်ဆိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါရစေရှင် ❏ ဒီဇာတ်ကားလေးကတော့ ချုံချင့်မြို့တော်ကဟော့ပေါ့ဆိုင်လေးတစ်ခုကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ❏ အလောင်းကစားမတ် ဖဲရိုက် မာကျောက်ကစားဖို့လောက်ပဲသိတဲ့-ကုန်းဟော် ဒီဟော့ပေါ့ဆိုင်သေးသေးလေးမှာပဲ တစ်ဘဝလုံးကို ကုန်ဆုံးမသွားချင်သူ ၊အမြင်ကျယ်ကျယ်နဲ့ လောကကြီးတစ်ခွင် ခြေဆန့်ချင်သူ-ကျင်းရှန်း သူတို့ဆရာလဲဖြစ် အဖေလဲဖြစ်တဲ့ ကုန်းယောင်ကလဲဒီသားတပည့်ဖြစ်သူနှစ်ယောက်ရဲ့ မတူညီတဲ့စရိုက်တွေကြားမှာစိတ်ဆင်းရဲရတဲ့အပြင် လေပါဖြတ်သွားခဲ့ရပါတော့တယ်အဲဒီနောက်မှာတော့ ဆိုင်ရဲ့ စီးပွားရေးတွေကျဆင်းကာနောင်တတွေရပြီးနောက်မှာမှ ဆိုင်လေးကို ပြန်လည်ထူထောင်ဖို့ကြိုးစားခဲ့ပါတော့တယ် ကုန်းဟော်တစ်ယောက် ဟော့ပေါ့ပညာကို အခြေခံကနေစပြီးလေ့လာခဲ့တဲ့အပြင်သူ့ရဲ့ ဆရာတူအစ်ကိုဖြစ်သူ ကျန်းရှန်းနဲ့လဲ စီးပွားရေးပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ်တစ်ဖြည်းဖြည်းနဲ့ ဟော့ပေါ့လုပ်ငန်းအပေါ် ကုန်းဟော်တစ်ယောက်စိတ်ဝင်တစားဖြစ်လာခဲ့ပြီး မိသားစုရဲ့ နွေးထွေးသက်ဝင်မှုတွေကိုပါနားလည်လာခဲ့ပါတော့တယ် ဒီတော့ ဒီဇာတ်ကားလေးအတွင်းမှာချုံချင့်ရဲ့ အလှအပတွေ ၊ ဟော့ပေါ့ရဲ့ တစ်စေ့တစ်စောင်းအကြောင်းစုံ အပြင် မိသားစုရဲ့ နွေးထွေးမှု အစရှိတာလေးတွေကိုဟာသနှောကာ ရိုက်ပြထားတာဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင်

https://image.tmdb.org/t/p/original/phXWlfOuTxzOnO96BNZ8CiSJqZk.jpg Exorcist: The Beginning (2004) ⭐IMDB: 5.1/10 (37 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2004 🎞️ Movie 📺 1080p FHD 🌎 United States, United Kingdom, France, Italy, Pakistan ⏰ 1 နာရီ 54 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Exorcist The beginning (2004) ==================== Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့ မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲ ဖာသာမယ်ရင်။ စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေ ဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်း သုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။ တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်း ခရစ်ယာန်ဘုရား‌ကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာ‌ပေးဖို့ပါပဲ။ ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းက ရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေ ကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့ အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာ‌ ကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီး သတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့ မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင် နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှ ရှုစားပေးကြပါဦး…..

https://m.media-amazon.com/images/M/MV5BN2E3Y2U3NzEtMWM1NS00ODQ0LTg3ZGQtOWU2ZTM1OTJmZjliXkEyXkFqcGdeQXVyNjkzNzc0MjY@._V1_FMjpg_UX1000_.jpg Joyland (2022) ⭐IMDB: 7.6/10 (1 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Pakistan ⏰ 2 နာရီ 07 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Joyland (2022) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Joyland ဟာ Saim Sadiq လို့ခေါ်တဲ့ ပါကစ္စတန် ဒါရိုက်တာလက်သစ်တစ်‌ယောက်ရဲ့ ပွဲဦးထွက်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ဒိုင်ဆုတွေလည်းရခဲ့သလို မဆန်းပေမဲ့ မတ်တပ်ရပ်ပြီးဩဘာပေးခံခဲ့ရပါတယ်။ ဆန်းတာတော့ ကိန်းမှာ ပထမဆုံးပွဲဦးထွက်ပြတဲ့ ပါကစ္စတန်ကားဖြစ်သလို ပထမဆုံးဆုရခဲ့တဲ့ကားဆိုလည်း မမှာပါဘူး။ အကောင်းဆုံး LGBTQ+ ကားအနေနဲ့ Queer Palm ဆုကိုလည်းရခဲ့ပါတယ်။ ရုပ်ရှင်ဟာ ဖီးမနစ်နဲ့ Queer ကို အသားပေးထားတဲ့ ရုပ်ရှင်ပါပဲ။ ပါကစ္စတန်မှာ‌တော့ နိုဝင်ဘာကမှ ရုံတင်တာဖြစ်ပေမဲ့ အော်စကာမှာ ပါကစ္စတန်ကိုယ်စားပြုအဖြစ်ပြိုင်ဖို့ အရွေးခံခဲ့ရပြီး ဒီဇင်ဘာ၂၁မှာတော့ အော်စကာရဲ့အင်တာရုပ်ရှင်ဆုအတွက်ပြိုင်တဲ့ထဲ ပဏာမအဆင့်ရွေးချယ်ခံရတဲ့ ပထမဆုံး ပါကစ္စတန်ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကတော့ မိသားစုတစ်စုထဲက ဘောင်မဝင်သလိုဖြစ်နေတဲ့ အငယ်ဆုံးသားကို ဗဟိုချက်မအဖြစ်ထားပြီး သူ့မိန်းမနဲ့ သူ့အလုပ်ရှင် Queer တို့ အခြေအနေတွေကို ပုံဖော်ပြသွားပြီး အပေါ်ကဆိုခဲ့သလို သူတို့နိုင်ငံက အမျိုးသမီးအခွင့်အရေး နဲ့ LGBTQ+ Community အပေါ် ပတ်ဝန်းကျင်အမြင်တွေကို သိသိသာသာကိုပြသွားပါတယ်။ Sadiq ပြောတာတော့ သူငယ်ငယ်ကရှင်သန်ဖူးတဲ့ပတ်ဝန်းကျင်နဲ့ မဝေးလှတဲ့နေရာက Transgender အသိုင်းအဝိုင်းကို သူသိခဲ့ရာကနေ ဒီရုပ်ရှင်အတွက် ကုန်ကြမ်းရလာတယ်လို့ဆိုပါတယ်။ သမိုင်းဝင် ရှားပါး ပါကစ္စတန်ရုပ်ရှင်ဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

https://image.tmdb.org/t/p/original/ekWbRm3JXXzstpgtgebMV4nrjUz.jpg Joyland (2022) ⭐IMDB: 7.6/10 (1 k Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 Pakistan ⏰ 2 နာရီ 07 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Joyland (2022) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Joyland ဟာ Saim Sadiq လို့ခေါ်တဲ့ ပါကစ္စတန် ဒါရိုက်တာလက်သစ်တစ်‌ယောက်ရဲ့ ပွဲဦးထွက်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ဒိုင်ဆုတွေလည်းရခဲ့သလို မဆန်းပေမဲ့ မတ်တပ်ရပ်ပြီးဩဘာပေးခံခဲ့ရပါတယ်။ ဆန်းတာတော့ ကိန်းမှာ ပထမဆုံးပွဲဦးထွက်ပြတဲ့ ပါကစ္စတန်ကားဖြစ်သလို ပထမဆုံးဆုရခဲ့တဲ့ကားဆိုလည်း မမှာပါဘူး။ အကောင်းဆုံး LGBTQ+ ကားအနေနဲ့ Queer Palm ဆုကိုလည်းရခဲ့ပါတယ်။ ရုပ်ရှင်ဟာ ဖီးမနစ်နဲ့ Queer ကို အသားပေးထားတဲ့ ရုပ်ရှင်ပါပဲ။ ပါကစ္စတန်မှာ‌တော့ နိုဝင်ဘာကမှ ရုံတင်တာဖြစ်ပေမဲ့ အော်စကာမှာ ပါကစ္စတန်ကိုယ်စားပြုအဖြစ်ပြိုင်ဖို့ အရွေးခံခဲ့ရပြီး ဒီဇင်ဘာ၂၁မှာတော့ အော်စကာရဲ့အင်တာရုပ်ရှင်ဆုအတွက်ပြိုင်တဲ့ထဲ ပဏာမအဆင့်ရွေးချယ်ခံရတဲ့ ပထမဆုံး ပါကစ္စတန်ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကတော့ မိသားစုတစ်စုထဲက ဘောင်မဝင်သလိုဖြစ်နေတဲ့ အငယ်ဆုံးသားကို ဗဟိုချက်မအဖြစ်ထားပြီး သူ့မိန်းမနဲ့ သူ့အလုပ်ရှင် Queer တို့ အခြေအနေတွေကို ပုံဖော်ပြသွားပြီး အပေါ်ကဆိုခဲ့သလို သူတို့နိုင်ငံက အမျိုးသမီးအခွင့်အရေး နဲ့ LGBTQ+ Community အပေါ် ပတ်ဝန်းကျင်အမြင်တွေကို သိသိသာသာကိုပြသွားပါတယ်။ Sadiq ပြောတာတော့ သူငယ်ငယ်ကရှင်သန်ဖူးတဲ့ပတ်ဝန်းကျင်နဲ့ မဝေးလှတဲ့နေရာက Transgender အသိုင်းအဝိုင်းကို သူသိခဲ့ရာကနေ ဒီရုပ်ရှင်အတွက် ကုန်ကြမ်းရလာတယ်လို့ဆိုပါတယ်။ သမိုင်းဝင် ရှားပါး ပါကစ္စတန်ရုပ်ရှင်ဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BYmY2ZDUxNzUtYWZlYy00MThhLWI5NjktZDhjZTU3MDY5YTM3XkEyXkFqcGdeQXVyNTYxMDgzODI@._V1_FMjpg_UX1000_.jpg Drishyam 2 (2022) ⭐IMDB: 8.6/10 (20 k Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 India ⏰ 2 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Drishyam 2 (2022) IMDb-8.6/10 ကဲ တောင်းဆိုနေတဲ့ Drishyam 2CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီးအနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက်အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူးသူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာအိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ်သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလားကြည့်ရှူခံစားကြည့်ပါဦး

https://m.media-amazon.com/images/M/MV5BYmJhZmJlYTItZmZlNy00MGY0LTg0ZGMtNWFkYWU5NTA1YTNhXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Drishyam (2015) ⭐IMDB: 8.2/10 (85 k Votes) 🎬 #Bollywood #Crime #Drama #Mystery 🗓️ 2015 🎞️ movie 📺 720p HD 🌎 India ⏰ 2 နာရီ 43 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 MDb (8.2/10)…Rotten Tomatoes (79%) ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေ အသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။အသိဉာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ဒီဇာတ်ကားမှာ………မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့ မဟုတ်မခံ ရိုးသားကြိုးစားသူ…..သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကို အကြပ်ကိုင်ပါတော့တယ်။ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေးပါပဲ။ဘယ်သူလဲဆိုတော့ ထောက်လှမ်းရေးက ရဲချုပ်ပါ။ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကိုသဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည်သရုပ်ဆောင်ထားပြီး သူက ၄ တန်းအောင်လူနဲ့ ပြိုင်မှာပါ။၄ တန်းပဲအောင်ထားတဲ့ လူကလဲ ခပ်ပေါ့ပေါ့တော့ မဟုတ်ချေ။ သူက ရုပ်ရှင်ဇာတ်ကားတွေကို နေ့ညမပြတ် တောက်လျှောက်ကြည့်နေတဲ့ ရုပ်ရှင်တွေကနေ အသိပညာ အမြင်ဗဟုသုတတွေကို စဉ်ဆက်မပြတ် သောက်သုံးနေတဲ့လူ။ ဒီလိုလူနှစ်ယောက်ရဲ့ အမှန်နှစ်ခုကမိသားစုအရပါ ထိပ်တိုက်တွေ့လာတဲ့အခါ…………..။အင်မတန့်ကို စိတ်ဝင်စားစရာဇာတ်ကားဖြစ်ပါတယ်။ဇာတ်ကားအစကတည်းက ဇာတ်ရှိန်တက်လာတာ ဇာတ်လမ်းသာ ပြီးသွားတယ်။ ဇာတ်ရှိန်က မကျသေးဘဲရင်ဘတ်ထဲမှာ ခိုးလို့ခုလု တစ်လစ်ကြီး ကျန်နေခဲ့ပါတယ်။ ဒါရိုက်တာကလဲ ဇာတ်ရှိန်ကိုတောက်လျှောက်တင်ချင်လို့ ထင်ပါတယ်။ Bollywood ရဲ့ အကတွေတောင် မထည့်ထားပါဘူး။ဒီနှစ်ထဲ ထွက်ရှိပြီးသမျှ Bollywood ဇာတ်ကားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားပါပဲ။Rating တွေအနေနဲ့လဲ IMDb (8.2/10) နဲ့ Rotten Tomatoes (79%) ထိရရှိထားပါတယ်။ဒီဇာတ်ကားကိုကြည့်ပြီး မေးခွန်းထုတ်စရာတွေ များပြားသွားပါတယ်။ ဘယ်သူ့ကိုမှ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး….ကိုယ့်ဖာသာကိုယ်မေးခွန်းထုတ်ချင်တာပါ။ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝလက်လွတ်မခံသင့်ပါဘူး။ကျွန်တော်ဒီဇာတ်ကားကို မိတ်ဆွေတို့ကိုကြည့်စေချင်တဲ့အကြောင်းရင်းလဲ ရှိပါတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုမှာ တရားရုံးက သက်သေမခိုင်လုံဘဲ သံသယတရားခံကို သေဒဏ်အထိပြစ်ဒဏ်ချထားတာကို ဘဝင်မကျနိုင်လို့ပါ။ဒီဇာတ်ကားထဲက ထုတ်နုတ်မှုတစ်ခုကို တင်ပြရရင်……“အပြစ်ရှိတဲ့လူလို့ သတ်မှတ်ရမယ့် သက်သေမရမချင်း …..အပြစ်ရှိရင်တောင်အပြစ်ပေးလို့မရဘူးလို့ ဥပဒေက အခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါပဲ။ ——————————————————-

https://channelmyanmar.org/wp-content/uploads/2022/12/Screenshot-2022-12-29-105156.png [21+] Former Aunt-An Mitsumi [MEYD-787] ⭐IMDB: ⁉️ 🎬 #Adult #Asian 🗓️ 787 🎞️ Movie 📺 1080p FHD 🌎 ⁉️ ⏰ 2 နာရီ 00 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 An Mitsumi ဆိုတာက JAV မင်းသမီးတွေထဲ တော်တော်ကို ပွင့်လင်းမြင်သာတဲ့ မမကြီးတစ်ယောက်ဖြစ်ပါတယ်။ မျက်ဖန်လှလှ ပြည့်တင်းတဲ့ခန္တာကိုယ်နဲ့ အရှိန်အဝါတွေထွက်နေတတ်တဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး ကောင်လေးတွေနဲ့ဆိုရင် ထူးခြားတဲ့အပြုအမူတွေနဲ မောင်လေးစား..စား …လုပ်တတ်တဲ့ တကယ့်မမကြီးဖြစ်ပါတယ်။ MEYD-787 ဒီဇာတ်လမ်းမှာလဲ မနူးမနပ်ကောင်လေးကို ဘယ်လိုပေးဆပ်သွားဦးမလဲဆိုတာ…..။ 1080p Version ကတော့ Censored Version ဖြစ်ပြီး 720p ကတော့ Decensored Version ဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

https://image.tmdb.org/t/p/original/aBBJRyS17TIrdXih3uSYvPAR3Ua.jpg The Boy, the Mole, the Fox and the Horse (2022) ⭐IMDB: 8.0/10 (2 k Votes) 🎬 #Animation #Family 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 34 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Boy, the Mole, the Fox and the Horse (2022)==================================IMDb Rating – 8.0/10 ကြာချိန် ၃၄မိနစ်သာရှိတဲ့ Animation ဇာတ်လမ်းတိုလေးတစ်ပုဒ်ဖြစ်ပါတယ်။ လမ်းပျောက်နေတဲ့ကောင်လေးတစ်ယောက်ရယ်၊ ကိတ်မုန့်ကြိုက်တဲ့ပွေးတစ်ကောင်ရယ်၊ စကားနည်းတဲ့မြေခွေးတစ်ကောင်ရယ်၊ ဆွတ်ဆွတ်ဖြူတဲ့မြင်းတစ်ကောင်ရယ်။ ဒီ Animation လေးထဲမှာ ကောင်လေးဟာ လမ်းပျောက်နေတယ်။ဒီလိုနဲ့ပွေးတစ်ကောင်နဲ့ဆုံတယ်။ မြေခွေးတို့ မြင်းတို့နဲ့ ထပ်ဆုံပြီး ကောင်လေးလိုချင်တဲ့အိမ်ကို လိုက်ရှာပေးကြတယ်။ ဇာတ်လမ်းလေးကဒါပါပဲ။သို့သော်……..။ “မင်းပြောဖူးသမျှထဲ အရဲရင့်ဆုံးစကားကဘာလဲ”၊ “ကူညီပါ”။တစ်ယောက်တည်း မလုပ်နိုင်တာတွေ ကြုံရတဲ့အခါ အကူအညီတောင်းပါ။အကူအညီတောင်းတာက အရှုံးပေးတာမဟုတ်ပါဘူး။ ရှက်တာလိုလိုနဲ့ မာနခံပြီး ပေတေနေမှသာ တကယ်ရှုံးသွားမှာပါ။ လူတိုင်းလမ်းပျောက်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်လို့ပျောက်နေမှန်း သိရင်ခင်ဗျားတော်တယ်။ တစ်ချို့ လမ်းပျောက်တာကျ အပျင်းကြီးပြီးထိုင်နေလို့ လမ်းပျောက်တာမဟုတ်ဘူး။ ရှေ့ဆက်သွားနေလို့၊ မရပ်တန့်ဘဲ ဆက်ကြိုးစားနေလို့သာ လမ်းပျောက်တာ။ ဇာတ်ကောင်အားလုံးပေါင်းမှ ၄ကောင်တည်း။ ကြာချိန်ကလည်းနာရီဝက်သာသာတည်း။ ဒါပေမယ့် တဒင်္ဂနစ်မျောသွားစေမယ့် မျက်လုံးအေးစေမယ့် ဇာတ်လမ်းလေး။ ကြည့်ပြီးသွားရင် တွေးစရာတစ်ခုခု၊ ရလဒ်အဖြေတစ်ခုခုကျန်ခဲ့ပါစေကြောင်း…..။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe ZinLynn ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BYmY2ZDUxNzUtYWZlYy00MThhLWI5NjktZDhjZTU3MDY5YTM3XkEyXkFqcGdeQXVyNTYxMDgzODI@._V1_FMjpg_UX1000_.jpg Drishyam 2 (2022) ⭐IMDB: 8.6/10 (20 k Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Drishyam 2 (2022) IMDb-8.6/10 ကဲ တောင်းဆိုနေတဲ့ Drishyam 2CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီးအနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက်အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူးသူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာအိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ်သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလားကြည့်ရှူခံစားကြည့်ပါဦး

https://image.tmdb.org/t/p/original/fYaLA6hmXPRnJqk4XHS2O82Rzph.jpg Water and Fire (2013) ⭐IMDB: 6.0/10 (5 k Votes) 🎬 #Drama #Romance 🗓️ 2013 🎞️ Movie 📺 720p HD 🌎 Turkey ⏰ 1 နာရီ 48 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Water and Fire(2013) လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား?? “ငါက လေထဲကအမှုန်အမွှားလေးပါ လေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ် ​မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ် ကံကြမ္မာရဲ့ အကျဉ်းသားပေါ့ အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်” ဒါကတော့ အကြည့်ချင်းဆုံဖို့အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီး ဖွဲ့ထားတဲ့ကဗျာပါ ကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာကျရှုံးဖို့ သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ….. ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလား ဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက် နှစ်နှစ်ကာကာချစ်နေတဲ့အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုက သူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား??? ပူလောင်တဲ့အချစ်နဲ့ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့သူအတွက်ကရော ​အချိန်ကြာလာရင် ငါ့ကိုချစ်လာမှပါဆိုတဲ့အတွေးက ရာနှုန်းပြည့်မှန်နိုင်ပါ့မလား??? Water and Fire ဆိုတဲ့နာမည်လေးအတိုင်းပဲ ဆန့်ကျင်ဘက်ကမ္ဘာက လူနှစ်ယောက်ရဲ့ နက်ရှိုင်းလှတဲ့ အချစ်တွေကိုဖော်ကျူးထားတာပါ ခပ်ဆွေးဆွေး Romantic ဇာတ်ကားကြည့်ရှူချင်တဲ့သူအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ ပြောပါစေ….

https://image.tmdb.org/t/p/original/wRfP0MPGaLNCWyQkWJI1rfjeVjS.jpg The Female General Fan Lihua ( 2022 ) ⭐IMDB: ⁉️ 🎬 #Action #Fantasy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 China ⏰ 1 နာရီ 16 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ရှေးခေတ်သူရဲကောင်းဖန်လိဟွားဟာဓားပြတွေနဲ့တိုက်ခိုက်ရာမှာ အထင်ကရကျော်ကြားတဲ့အတွေ့အကြုံအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဖန်လိဟွားက ဓားပြတွေကိုသုတ်သင်ရှင်းလင်းချင်တာကြောင့်သန်မာတဲ့ ရွှယ်တင်းရှန်နဲ့တွေ့ဆုံခဲ့ပြီး ရွှယ်တင်းရှန်းကိုလည်းမြင်မြင်ချင်းမှာပဲချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွှယ်တင်းရှန်ကတော့သူမကို လက်နက်ချပြီးသူမရဲ့ နယ်ပယ်ကိုပဲပြန်သွားစေချင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က အခက်အခဲတွေ ရည်ရွယ်ချက်တွေကိုတစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးပြီး ဓားပြတွေကိုအတူတူနှိမ်နှင်းဖို့လုပ်ဆောင်ခဲ့ကြတယ် ဒီလိုနဲ့အဆုံးသတ်မှာတော့သူတို့နှစ်ယောက်ရဲ့ကံကြမ္ပာကဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့်

https://image.tmdb.org/t/p/original/18XUe7CXroFahfBukmlWdOItWkm.jpg The Hunting ( 2022 ) ⭐IMDB: ⁉️ 🎬 #Action #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 China ⏰ 1 နာရီ 20 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နှစ်ကူးအားလပ်ရက်မှာ ရိုစရာချိုစရာမရှိတဲ့ တစ်ကိုယ်တည်းတောက်ပနေသူလေးတွေအတွက်အသင့်တော်ဆုံး သဲထိတ်ရင်ဖိုကားလေးကို CMမှတင်ဆက်ပေးလိုက်ပါတယ်။ ဝက်ဝံအမဲလိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ ချမ်းအေးတဲ့ဆောင်းရာသီမှာဝက်ဝံခြေရာခံတဲ့လူနှစ်ယောက်ဟာကောင်းကင်ကကျလာတဲ့အလင်းတန်းကြီးကိုတွေ့လိုက်ရတယ်။ ဥက္ကာခဲကြီးလား ဘာတွေလဲဆိုပြီး သူတို့သွားကြည့်တဲ့အချိန်မှာရက်စက်ကြမ်းကြုတ်တဲ့ ထူးဆန်းသတ္တဝါတွေနဲ့ကြုံတွေ့လိုက်ရတယ်။လူတွေကဝက်ဝံတွေကိုအမဲလိုက်တဲ့နယ်မြေဟာလူတွေကိုပြန်ပြီးအမဲလိုက်တဲ့နယ်မြေအဖြစ်ပြောင်းသွားပါတော့တယ်။ကောင်းကင်ပေါ်ကကျလာတဲ့သတ္တဝါတွေကိုလူတွေဟာဘယ်မျိုးများနှိမ်နင်းကြမလဲ….. သားကောင်ဘဝနဲ့ပဲလူတွေဟာနေသွားရတော့မှာလားဆိုတာကို သဲထိတ်ရင်ဖိုကြည့်လိုက်ကြပါဦးနော်……