ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Madame Web (2024) ⭐IMDB: 3.7/10 (33 k Votes) 🎬 #Action #Adventure #SciFi #Fantasy #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel’s Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။ မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ ဇာတ်လမ်းအကျဉ်း ကတ်စီ ဝက်ဘ် ဟာ အရေးပေါ်ကယ်ဆယ်ရေး ဆေးအကူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ရေထဲကျသွားပြီး နှလုံးရပ်သွားပါတယ်။ နှလုံးပြန်နိုးလာပြီး အသက်ရှင်လာချိန်မှာတော့ အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်နေရပြီးကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူအစွမ်းတွေရှိနေတဲ့ အီဇီကီရယ်ဆိုတဲ့လူကလည်း သူ့အနာဂတ်ကို ကြိုမြင်နိုင်နေပြီး အနာဂတ်မှာသူ့ကိုသတ်မဲ့ ပင့်ကူမယ် ၃ ယောက်ကို ဆယ်ကျော်သက်ဘဝမှာလိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ ကလေးမ သုံးယောက်ကို ကတ်စီဝက်ဘ်က အီဇီကီရယ် လက်ထဲကနေ ဘယ်လို ကယ်တင်ပြီး ပြန်တိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။ ဘယ်လိုတိုက်တိုက် Sydney Sweeney နဲ့ Dakota Johnson တို့တိုက်မှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။...
The Black Mass (2023) ⭐IMDB: 4.3/10 (184 Votes) 🎬 #Biography #Country #Horror #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သီအိုဒေါရောဘတ်ဘန်ဒီ(ခေါ်)တဒ်ဘန်ဒီရဲ့ ဗားရှင်းအမျိုးမျိုးနဲ့ဇာတ်လမ်းတွေထဲက တစ်ခုပေါ့။ တဒ်ဘန်ဒီနေရာကနေ အမေရိကန်သရုပ်ဆောင် မင်းသားချော ဇက်အက်ဖရွန် သရုပ်ဆောင်ခဲ့တဲ့ Extremely Wicked, Shockingly Evil and Vile (2019)လည်း နာမည်ကြီးခဲ့ဖူးတယ်။ တဒ်ဘန်ဒီဆိုတာ ၁၉၇၀ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပြန်ပေးဆွဲ၊မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး ရာဇဝတ်ကောင်တွေထဲက တစ်ယောက်ပေါ့။ သူ သတ်ပြီးသား သားကောင်တွေကို ပုတ်သိုးစပြုနေတာတောင် အလှတွေပြင်ပေးပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုကြတယ်။ သူလုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ကြာငြင်းဆိုခဲ့ပြီးနောက်မှာ ၁၉၇၄နဲ့ ၁၉၇၈အကြား ပြည်နယ် ၇ခုမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ၃၀ကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒီပြစ်မှုတွေနဲ့ ဖလော်ရီဒါ ပြည်နယ်အကျဉ်းထောင်မှာ လျှပ်စစ်ထိုင်ခုံနဲ့ သေဒဏ်ပေးခဲ့ပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကုန်လုံးကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီရုပ်ရှင်မှာတော့ တဒ်ဘန်ဒီရဲ့ မိန်းကလေးဆောင်တစ်ခုထဲမှာ ထင်တိုင်းကြဲခဲတဲ့အမှုတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Becoming Jane (2007) ⭐TMDB: 73.0% User Score 🎬 #Biography #Drama #Romance 🗓 2007 🎞 movie 🌎 #UnitedKingdom ⏰ 2 နာရီ 1 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 7Rotten Tomatoes – 58% “ငါတို့တွေ အတူမရှိနိုင်ရင် ဘဝက ဘာအဓိပ္ပါယ်ရှိမှာလဲ” ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာပေမယ့် စာရေးဆရာမဖြစ်ချင်တဲ့ ဂျိမ်းအော်စတန်တစ်ယောက်။ သူ့အမေက မိသားစုငွေကြေးကြပ်တည်းနေလို့ သူဌေးမကြီးရဲ့ တူနဲ့ လက်ဆက်ပေးချင်နေပါတယ်။ ဒါပေမဲ့ ဂျိမ်းက အိမ်ထောင်မပြုရဖို့အရေး ဆန့်ကျင်နေတုန်းမှာ လန်ဒန်ကနေ တွမ်လက်ဖွိုင်းဆိုတဲ့လူတစ်ယောက် ရောက်လာပါတယ်။ စစတွေ့ကတည်းက အဆင်မပြေခဲ့တဲ့နှစ်ယောက်က အချိန်ကြာလာတဲ့အမျှ သံယောဇဉ်တွေ တွယ်မိလာပါတော့တယ်။ ဒီလိုနဲ့ ဂျိမ်းက အချစ်ကိုပဲရွေးချယ်သွားမလား မိသားစုကိုငဲ့ညှာပြီး မိဘသဘောတူတဲ့လူနဲ့ပဲ လက်ထပ်သွားမလား… UK စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Alice in wonderland မှာ White Queen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anne Hathawayနဲ့ X-manမှာ Professor Charles အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား James McAvoy အပြင် Harry Potter ထဲက Professor McGonagall ဖြစ်တဲ့ Maggie Smithတို့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲဖြစ်ပါတယ်...
Blur (2022) ⭐IMDB: 4.7/10 (75 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Australia ⏰ 1 နာရီ 38 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြတိုက်ရဲ့ ဒါရိုက်တာနဲ့ သမိုင်းဌာနရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်တဲ့ ဆိုဖီအယ်လန် ဟာ အီရတ် နိုင်ငံထဲက Nimrod ဒေသမှာ သမိုင်းဝင်နေရာတွေက ရုပ်တုတွေကို ဖျက်ဆီးပစ်နေတဲ့ဘေးကနေသွားရောက်ကယ်ဆယ်ခဲ့ပြီးတော့ အိမ်အပြန်လမ်းမှာ ရုပ်တုတစ်ခုကို ဓာတ်ပုံရိုက်ပြီးယူလာခဲ့တယ်….. သူရိုက်ခဲ့တဲ့ ရုပ်တုရဲ့ပုံဟာ ရှေးဟောင်းနတ်ဆိုးတစ်ပါးရဲ့ ပုံဖြစ်နေတယ်ဆိုတာကို မသိခဲ့ဘူးပေါ့…. ဒီလိုထူးဆန်းတဲ့ နတ်ဆိုးဟာ ဆိုဖီ နဲ့ သူ့သူငယ်ချင်း ဂျိတ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုဒုက္ခပတ်ပေးမလဲဆိုတာကို ရိုက်ပြထားတဲ့ Horror/Thriller ဇာတ်ကားလေးတစ်ကားပါပဲ….. ကျန်တာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါဦးနော် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Bramayugam (2024) ⭐IMDB: 8.4/10 (4 k Votes) 🎬 #Bollywood #Horror #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bramayugam 2024 “စံအိမ်ကြီးရဲ့ ကျိန်စာ”IMDb 8.4/10 ဒီကားကတော့ ၂၀၂၄ ရဲ့ တတိယမြောက်ရုံတင်ငွေအများဆုံးပြန်ရခဲ့တဲ့မလေယာလမ်းဟော်ရာရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ရုံတင်ငွေက ၈၅ကုဋေထက်တောင်ကျော်လွန်ပြီးပြန်လည်ရရှိထားတဲ့အပြင်Rating အနေနဲ့လည်းမဆိုးတာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ် ဝင်လာပြီးရင် ပြန်ထွက်လမ်းမရှိတဲ့စံအိမ်ကြီးတစ်ခု ..ခရီးသွားတွေကိုဆွဲဆောင်ပြီးအန်စာတုံးဂိမ်းဆော့ခိုင်းတယ်လောင်းကြေးကတော့ အချိန်ပါတဲ့ နိုင်ရင်ပြန်ထွက်ခွင့်ရှိမှာဖြစ်ပြီးရှုံးရင်တော့ထာဝရပိတ်လှောင်မိနေမဲ့ဂိမ်းမျိုးပေါ့ ဒီစံအိမ်ထဲကို တောထဲသရဲခြောက်လို့ထွက်ပြေးလာတဲ့ ပါနန်လို့ခေါ်တဲ့သီချင်းဆိုတဲ့ကောင်လေးတစ်ယောက်ရောက်သွားခဲ့တယ် လူမရှိဘူးမှတ်ပြီးတောထဲလည်းငတ်ပြတ်လာခဲ့တာဆိုတော့စားစရာတွေယူစားမိတယ်ပေါ့ ဒီလိုနဲ့စံအိမ်ရဲ့ထမင်းချက်ကတွေ့သွားပြီးသူကတစ်ဆင့်စံအိမ်ရဲ့သခင်ဆီကိုရောက်သွားလေရဲ့ အဲဒီဆရာကြီးကဒီကောင်လေးရဲ့သီချင်းဆိုဟန်အသံကိုသဘောကျသွားခဲ့ပြီးတော့သူ့အိမ်မှာညစာစားပြီးမှပြန်သွားဖို့စကားဆိုလာခဲ့တယ်ကောင်လေးလည်း ငတ်လာတာတစ်ကြောင်းသွားဖို့မရှိတာတစ်ဖုံဆိုတော့တစ်ညတာတည်းခိုလိုက်မိတယ်ပေါ့ဗျာ ဒါပေမဲ့နောက်နေ့မနက်တွေမှာ သူဘာတွေတွေ့ကြုံရမယ်ဆိုတာကိုသာကြိုသိနေခဲ့ရင်သူဘာတွေများလုပ်လောက်မလဲဒီဂိမ်းကိုသူအနိုင်ရပြီးထွက်သွားနိုင်ပါ့မလားဆိုတာကတော့…. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ်...
A Difficult Year (2023) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 59 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အဲလ်ဘတ်နဲ့ဘရူနိုဆိုတဲ့ ကလိမ်ကျတတ်တဲ့လူလိမ်နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံမိရာကနေခင်မင်သွားခဲ့ပါတယ် သူတို့နှစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ဖို့လှုံ့ဆော်တဲ့တက်ကြွလှုပ်သူများအဖွဲ့ရဲ့ ဟောပြောဆွေးနွေးပွဲမှာ မုန့်နဲ့ဘီယာတွေအခမဲ့တိုက်ကျွေးတယ်ဆိုလို့ တက်ရောက်ရာကနေ ထိုအဖွဲ့ထဲသို့ ဘုမသိဘမသိနဲ့အဖွဲ့ဝင်ဖြစ်လာပါတယ် အဲ့အဖွဲ့မှာတက်ကြွလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ သူတို့အတွက် ကိုယ်ကျိုးစီးပွားအမြတ်ထွက်အောင်ခိုးပြီးလုပ်လေ့ရှိပါတယ် ဒါပေမဲ့ အဲလ်ဘတ်တစ်ယောက် အဲ့အဖွဲ့ရဲ့ဦးဆောင်သူ”ဗယ်လန်တိုင်း”ဆိုတဲ့ကောင်မလေးကိုချစ်မိသွားတဲ့အခါမှာ……….. ဗယ်လန်တိုင်းကရော အဲလ်ဘတ်က တက်ကြွလှုပ်ရှားမှုတွေမှာ တကယ်စိတ်ပါလို့မဟုတ်ဘဲ အကျိုးစီးပွားအတွက် ပါဝင်ခဲ့တာဆိုတာကိုသိသွားမလား...
City on Fire (1987) ⭐TMDB: 70.0% User Score 🎬 #Action #Crime #Drama 🗓 1987 🎞 movie 🌎 #HongKong ⏰ 1 နာရီ 45 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City on Fire (1987) ~ IMDb – 7/10, Rotten Tomatoes – 85% ~ Directed by“Ringo Lam” John Woo ဟာ ၁၉၈၆မှာ A Better Tomorrow နဲ့ Heroic Bloodshed Genre ကို ရုပ်လုံးပေါ်စေခဲ့ပြီးနောက် ချောင်ယွန်ဖတ်လည်း နာမည်ပြန်တက်လာခဲ့တယ်။ ဒီတက်လာတဲ့ သူ့နာမည်ကို ဆက်ထိန်းနိုင်ခဲ့တဲ့ကားတွေလည်း သူဆက်တိုက်ဆက်ရိုက်ခဲ့တယ်။ City on Fire (1987) ဟာ A Better Tomorrow ပြီးတဲ့နောက် အာရှတစ်ခွင်ရော မြောက်အမေရိကမှာပါ လူသိများလာတဲ့ ချောင်ယွန်ဖတ်ကို ဆထက်တိုးလူသိများအောင် လုပ်ပေးခဲ့တယ်။ ရင်ဂိုလန်းကတော့ City on fire နဲ့ စအောင်မြင်လာခဲ့သလို City on Fire နဲ့ပဲ ဟောင်ကောင်အကယ်ဒမီမှာ ဒါရိုက်တာဆုခဲ့ရတယ်။ နောက် Prison on Fire ကို ဆက်ရိုက်ခဲ့တယ်။ ဒီ Prison on Fire ကို ကိုးရက်အတွင်းဇာတ်ညွှန်းရေးခဲ့ပြီး ရက်နှစ်ဆယ်အတွင်းရိုက်ခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေ ပါးစပ်ဖျားမှာ သူ့ရဲ့ အအောင်မြင်ဆုံးကားလည်းဖြစ်နေတယ်။ နောက် School on Fire ဆက်ရိုက်ခဲ့တယ်။ နောက် အမေရိကန်ကိုတက်ပြီး ဗန်ဒိန်းနဲ့ သုံးလေးကားရိုက်ခဲ့သေးတယ်။ သိပ်တော့ မအောင်မြင်လိုက်ဘူး။ အဲဒီကားတွေထဲမှာ သူ့အအောင်မြင်ဆုံးကတော့ City on Fire လို့ပြောရမှာပဲ။ အဲဒါကလည်း တာရန်တီနိုကြောင့်လို့ပဲပြောရမလိုလို။ တာရန်တီနိုရဲ့ Reservoir Dog က City on Fire ကို Homage ပေး Inspiration ယူထားတယ်လို့ တာရန်တီနိုကိုယ်တိုင်လည်းပြောဖူးတယ်။ It influenced me a lot လို့ပြောဖူးတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေကြားတော့ Reservoir Dog ဟာ Reservoir Dog ကို ကူးထားတာသက်သက်ပဲလို့ ဝေဖန်ကြတာလည်းရှိဖူးတယ်။ ပုဂ္ဂလိကအမြင်အရတော့လည်း Inspiration ယူတာထက်တော့ပိုနေတယ်။ ဒါပေမဲ့လည်း အရသာတော့မတူပါဘူး။ Reservoir Dog ကို တာရန်တီနိုဟာ သူ့နည်းသူ့ဟန် သူ့အငွေ့အသက်နဲ့ သူရိုက်ခဲ့သလို City on Fire ရဲ့ ဟောင်ကောင်အငွေ့အသက်တွေကို သူမယူခဲ့ပါဘူး။ ယူလို့လည်းမရပါဘူး။ ယူချင်လည်းမရပါဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ Reservoir Dog ကလည်း ရုပ်ရှင်ကောင်းတစ်ခုပဲ။ ရင်ဂိုလန်းကိုယ်တိုင်လည်း The French Connection ဆီက Inspiration ယူခဲ့ရတာပါပဲ။ ဒါပေမဲ့ Heroic Bloodshed Genre ဟာ ဟောလိဝုဒ်ကိုရော ဟောင်ကောင်ကိုရော ထိုးဖောက်ခဲ့သလို City on Fire ကလည်း အသွင်ယူရဲကားတွေရဲ့ နမူနာယူစရာအသစ်တစ်ခုလိုဖြစ်လာခဲ့တယ်။ ဇာတ်ကတော့ ချောင်ယွန်ဖတ်က အသွင်ယူရဲ။ အသွင်ယူတာက ပိုးစိုးပက်စက်ကြီးအသွင်ယူတာ။ သူ့အထက်လူကြီးကလွဲ သူ့ကိုဘယ်သူမှမသိဘဲ လူဆိုးသူခိုးထင်ပြီး တခြားရဲကပါ ပြန်ဖမ်းဖို့အလုပ်ခံရတဲ့အထိ အသွင်ယူတာ။ Infernal Affairs ပုံစံမျိုးပေါ့။ ဒါပေမဲ့ သူသတင်းပေးလိုက်တဲ့ လူဆိုးတစ်ယောက်က သူ့မိတ်ဆွေလည်းဖြစ်ခဲ့ဖူးတော့ အဲဒီလူသေသွားတဲ့နောက် သူ့မိတ်ဆွေကို သူသစ္စာဖောက်လိုက်မိတဲ့စိတ်က သူ့ကိုခြောက်လှန့်နေခဲ့တယ်။ ဒီတော့ သူက ဒီဘဝက ထွက်ချင်နေပြီ။ ဒါပေမဲ့ သူ့အထက်လူကြီးက သူ့ကိုနောက်ဆုံးတစ်မှုတော့လုပ်ပေးပါဆိုပြီးပြောလို့ အဲဒီအမှုအတွက် လူဆိုးတွေကြားဝင်ရင်း ဆက်ဖြစ်လာတဲ့ ဇာတ်ကိုပြထားတဲ့ ဟောင်ကောင်ရွှေခေတ် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
TEKKEN: The Motion Picture (1998) ⭐TMDB: 54.0% User Score 🎬 #Action #Adventure #Animation #Drama #Fantasy #SciFi #Thriller 🗓 1998 🎞 tv series 🌎 #Japan ⏰ 57 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက 1998က ထွက်ရှိခဲ့တဲ့ Tekken gameရဲ့ anime ဇာတ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ DVD ခွေကို အိမ်ကလူကြီးတွေ မရှိတုန်း ထိုးကြည့်ပြီး မပေါ့်တပေါ်လေးတွေ ခိုးကြည့်တာ သတိရကြမှာပါ 😛 Version ကလဲ DVD Version ကို 720p လောက်လေးပဲ ရလို့ လောလောဆယ်တော့ ဒီဗားရှင်းလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး IMDb 5.2နဲ့ RTမှာ 5.3ရထားပါတယ်။ ဒီဇာတ်လမ်းက မိရှီိမာမိသားစုတွေရဲ့ ရန်ငြိုးကို အဓိကဇာတ်လမ်း တည်ထားတာပါ။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်တဲ့ ဟဲဟချိမိရှိမာ ချောက်ကမ်းပါးပေါ်က ပစ်ချတာခံခဲ့ရပြီး သေရာပါဒဏ်ရာတွေနဲ့ သေကံမရောက်ခဲ့တဲ့ ခါဇုယ မိရှီမာဟာ အဖေကို ကလဲ့စားချေဖို့ မိရှီမာလုပ်ငန်းစုက ပြုလုပ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မိရှီမာလုပ်ငန်းစုရဲ့တရားမဝင် စမ်းသပ်ချက်တွေကို ထောက်လှမ်းချင်နေတဲ့ အစိုးရအဖွဲ့တွေက ဒီကိစ္စကိုစုံစမ်းဖို့ အေးဂျင့် ၂ယောက်ကို အဆိုပါပြိုင်ပွဲမှာ ပြိုင်ဖို့စေလွှတ်လိုက်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ ခါဇုယက သူ့အဖေကိုလက်စားချေနိုင်မလား၊ မိရှီမာလုပ်ငန်းစုရဲ့ မသမာမှုတွေကို ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုရမှာပါ။...
Say Anything... (1989) ⭐TMDB: 71.0% User Score 🎬 #Comedy #Drama #Romance 🗓 1989 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Say Anything… (1989) ~ IMDb – 7.3/10, RT – 98%, Meta – 86% ~ Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally… တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally… နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။ သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး လိုက်လေရဲ့။ ကောင်မလေးက သူ့ကို စိတ်ဝင်စားပေမဲ့လည်း အဖေတစ်ခုသမီးတစ်ခုနေနေတဲ့ သူတို့ဘဝမှာ သူ့အဖေရဲ့ အတွေးတွေက သူ့ကို လွှမ်းမိုးထားတော့ သူ့စိတ်အတိုင်းသွားရခက်နေခဲ့တယ်။ ဒီလိုနဲ့ကောင်လေးကပဲ ကောင်မလေးကို ပြောင်းလဲပေးနိုင်မလား။ ကောင်မလေးကပဲ ကောင်လေးကို ပြောင်းလဲပေးသွားမလားဆိုတဲ့ ဇာတ်ပေါ့။ A Walk to Remember နဲ့တောင် နည်းနည်းခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Say Anything ကတော့ ကလပ်စစ်ပိုဖြစ်သလို သူ့ထဲက ကတ်ဆတ်ကြီးအကျယ်ကြီးဖွင့်ပြီး မ,လာပြီး ကောင်မလေးအိမ်ရှေ့ရောက်လာတဲ့အခန်းကတော့ ရိုမန့်ရုပ်ရှင်သမိုင်းရဲ့ Iconic အခန်းတွေထဲပါသလို သူ့ဇာတ်ကလည်း Reality တော်တော်ဆန်တဲ့ဘက်ကို သွားတယ်။ ဇာတ်ကြောင်းက Romanceကားပေမဲ့ Reality မတရားဆန်နေတော့ ဇာတ်ကြောင်းသစ်သလိုဖြစ်နေတယ်။ ရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရုပ်ရှင်ဆန်ပေမဲ့ အတွင်းမှာ ပိုနက်နဲခါးသက်တဲ့အရာတွေကိုလည်း ထည့်ထားတဲ့ရုပ်ရှင်လို့ ပြောကြပေမဲ့လည်း တကယ်တမ်း ဒီရုပ်ရှင်ကြည့်ဖို့ ဒါတွေမလိုပါဘူး။ Say Anything ဟာ အတန်းထဲက ကိုယ်ကြိတ် Crushနေတဲ့ ကောင်မလေးကို ရဲရဲတင်းတင်းလိုက်ပိုးရင်း ကောင်မလေးဘက်က အခြေအနေပေးလာတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အခင်းအကျင်းမှာ ဘဝတွေအတိုင်း မိသားစု ကျောင်းစတဲ့ လွမ်းစရာဆွေးစရာ အဖြစ်တွေပေါ်လာတဲ့ ဇာတ်ပါပဲ။ တစ်ခါတလေ ဒါတွေက ကျွန်တော်တို့ငယ်ဘဝတွေပေါ့။ တစ်ခါတလေ လွမ်းစရာအတိနဲ့ ဇာတ်တွေ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Mission: Chapter 1 (2024) ⭐TMDB: 77.0% User Score 🎬 #Action #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mission Chapter 1 (2024)”ဒါ့စ်ရှယာ အရှုပ်တော်ပုံ”======================================== ရုံတင်စဉ်က အထိုက်အလျောက် အောင်မြင်မှုရခဲ့တဲ့ IMDb 7.5/10 ရ တမီလ်စကားပြောAction, Thriller ရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ တမီလ်ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့အာရွန်ဗီဂျေးနဲ့ အာဘီဟာဆန်တို့ အပြိုင်သရုပ်ဆောင်ထားကြပြီး နောက်ပိုင်းထွက်တဲ့အမျိုးအစားတူရုပ်ရှင်တွေထဲမှာ တော်တော်လေးကောင်းတယ်လို့ပြောလို့ရတဲ့ရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့.. အိန္ဒိယ-ပါကစ္စတန်နယ်စပ်မှာ အိန္ဒိယဘက်အခြမ်းထဲကိုဘယ်သူမှန်းမသိတဲ့လူစိမ်းတွေဝင်လာလို့ အိန္ဒိယနယ်ခြားစောင့်တပ်ကအသည်းအသန်လိုက်ရှာနေတယ်။ သူတို့တွေဟာ ပါကစ္စတန်အစွန်းရောက်သမားတွေဖြစ်ပြီး အိန္ဒိယသမိုင်းတစ်လျှောက်အကြီးမားဆုံး ဖောဂာ်ခွဲမှုတွေလုပ်ဖို့ လန်ဒန်အထိ အဖွဲ့ဝင်တွေ ဖြန့်ပြီး စနစ်တကျ စီစဉ်နေကြတဲ့သူတွေပါ။ တချိန်ထဲမှာပဲ ဂူနာဆိုတဲ့ ဇာတ်လိုက်ဖြစ်သူကလည်း သူ့သမီးလေးကို ခွဲစိတ်ဖို့ လန်ဒန်ကိုသွားရင်းအဲဒီပြဿနာတွေကြားထဲမှာ ကြားညှပ်ပြီး ရဲတွေအတင်းလိုက်ဖမ်းတာခံရတဲ့အခါ…။ဒီရုပ်ရှင်ဟာ Tollywood ရုပ်ရှင်လောကမှာ မြင်ရခဲတဲ့ အမျိုးအစားဖြစ်ပြီးဇာတ်လမ်းကလည်း တကယ်ကိုကောင်းတာမလို့ အိန္ဒိယ action thrillerကြိုက်သူတွေဆိုရင် အနည်းဆုံး နှစ်ခေါက်လောက်တော့ ထပ်ကြည့်မိမယ့် ရုပ်ရှင်လေးပါပဲ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Manku Bhai Foxy Rani (2023) ⭐IMDB: 9.0/10 (540 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manku Bhai Foxy Rani (2023)တောင်ခြင်္သေ့ကြီး ကိုလူအေး IMDb-9/10 ပြဇာတ်မှာ ရဲစွမ်းသတ္တိအပြည့်နဲ့တောင်ခြင်္သေ့ကြီးနေရာကကပြတဲ့ ရာဂျက်ရှ်ဟာ နေ့စဉ်ဘဝမှာတော့ရိုးအေးပြီး ရှက်တတ်တဲ့သူ ၊ သူငယ်ချင်းမိသားစုအတွက်ဘာမဆိုအမြဲလုပ်ပေးချင်သူ ၊ ရိုးလွန်းအလွန်း ရှက်တတ်လွန်းလို့၂၆ နှစ်ရောက်သည်ထိ ရွယ်တူတွေ ရည်းစားကိုယ်စီရှိနေချိန်သူ့မှာ မိန်းကလေးတွေ အနားတောင်မကပ်ရဲခဲ့။ သူငယ်ချင်းကို ဘယ်လောက်ခင်ခင် ကောင်မလေးကအရင်ဆိုတဲ့ ဘော်ဒါတွေကြားတဖြည်းဖြည်းနဲ့ ရာဂျက်ရှ် အထီးကျန်လာတယ် ။သူလည်း အားကျမခံ ကောင်မလေးရဖို့အရေး ကြိုးစားတော့တာပေါ့တစ်သက်လုံးကောင်မလေးတွေနား မကပ်ရဲခဲ့တဲ့သူက ကောင်မလေးရဖို့အဲဒီလောက်လွယ်ကူပါ့မလား အလွဲလွဲအချော်ချော်တွေကြား အချစ်စစ်တကယ်တွေ့သွားမလား….. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်...
Takas (2024) ⭐IMDB: 6.4/10 (28 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 49 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Takas (2024) အိန်ဂျယ်နဲ့လက်စီတို့ဟာ ငယ်စဉ်ကတည်းက အချစ်ဆုံးသူငယ်ချင်းနှစ်ဦးဖြစ်ပြီး မိဘမဲ့တွေဖြစ်တဲ့အတွက် တစ်ဦးအပေါ်တစ်ဦးပဲ တွယ်တာစရာရှိတဲ့သူတွေပါ။ အရွယ်ရောက်လာချိန်မှာ အိန်ဂျယ်နဲ့ပတ်သက်နေတဲ့ ရည်းစားဖြစ်သူက အိန်ဂျယ်အပေါ်အဓမ္မပြုကျင့်ဖို့ကြိုးစားချိန်မှာ နှစ်ယောက်ပေါင်းရိုက်သတ်ပစ်ခဲ့ပြီးတဲ့နောက် နယ်မြို့လေးတစ်မြို့ကိုထွက်ပြေးလာခဲ့ပြီး စျေးသည်တွေအဖြစ် ဇာတ်မြုပ်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အိန်ဂျယ်က နယ်ခံလို့ထင်ရတဲ့ အမျိုးသားတစ်ယောက်နဲ့ထပ်ပတ်သက်မိပါတယ်။ ဒီတစ်ကြိမ်မှာတော့ အိန်ဂျယ့်အပေါ်ထားခဲ့တဲ့ လက်စီရဲ့သဘောထားအမှန်တွေပေါ်ပေါက်လာခဲ့ပြီး သူတို့ဘ၀တွေကမောက်ကမဖြစ်ဖို့အကြောင်းပေါ်လာပါတော့တယ်။ မဖြစ်သင့်တာတွေဖြစ်မလာအောင် လက်စီတစ်ယောက်အချိန်မှီတားနိုင်ပါ့မလား…။ Pantaxa Laiya လက်ထွက် ဂိုဏ်းတူညီအစ်မတွေဖြစ်တဲ့ Audrey Avila နဲ့ Cess Garcia တို့နှစ်ဦးခေါင်းဆောင်ပွဲကြမ်းထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
My Bloody Valentine (2009) ⭐TMDB: 55.0% User Score 🎬 #Horror #Mystery #Thriller 🗓 2009 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Bloody Valentine (2009)===================== ဟောလိုးဝင်းနဲ့လိုက်မယ့် အတော်အသင့် ခြောက်ခြားစရာ ရုပ်ရှင်တစ်ကားကို ရွေးကြည့်မယ်ဆိုရင် My Bloody Valentineက မဆိုးတဲ့ကားပါပဲ။ SuperNaturalရဲ့ Dean Winchester , Jesen Ackelesရဲ့ Box Officeမှာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်တယ်။SuperNatural အစောပိုင်းကာလနဲ့ ခပ်ဆင်ဆင်အရသာလိုချင်တဲ့ Dean ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ့် ကားမျိုးလည်းဟုတ်တယ်။ တစ်ခုရှိတာက ဒီရုပ်ရှင်က Slasher filmပါ။ပြောရရင်တော့ ချွန်ထက်တဲ့လက်နက်တွေနဲ့ ခန္ဓာကိုယ်ကို ဟက်တက်ခွဲ လူသတ်တာတွေပြတဲ့ Horror Filmတစ်မျိူးပါပဲ။အရမ်းကြီးတော့ ကြောက်ဖို့မကောင်းလှပါဘူး။ခေါင်းကို ကိတ်မုန့်ခွဲသလို ပါးစပ်ကနေ ဂေါ်ပြားထိုးစိုက်ပြီး လှီးပစ်တာလောက်ပဲပါပါတယ်။ အားနည်းချက်ကတော့ တရားခံကိုထင်ယောင် ထင်မှားဖြစ်အောင် ပတ်ပြပြီး Plot twistလေး ထည့်ထားပေမယ့် ဇာတ်ကြောင်းအရ တရားခံကသိသာလွန်းနေတာပါပဲ။တရားခံကို ဖုံးဖို့ အားစိုက်မကြိုးစားဘဲ ဒီအတိုင်းရေလိုက်ငါးလိုက်လေး ထားလိုက်ရင် ဒီကားရဲ့ Ratingက ဒီထက်ပိုကောင်းသွားမှာပါ။Box officeမှာ အောင်မြင်တယ်ဆိုတော့ အများစုတော့ ကြိုက်ကြပုံပါပဲ။ Jesen Acklesကို ကြိုက်လို့ပဲကြည့်ကြည့် Hollowen Horror Movieအနေနဲ့ပဲ ကြည့်ကြည့် ကြည့်ပျော်ရှုပျော်ရှိမယ့်ကားဆိုတာတော့ အာမခံလို့ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ဖြစ်ပါတယ်...
Florence Foster Jenkins (2016) ⭐IMDB: 6.8/10 (59 k Votes) 🎬 #Biography #Comedy #Drama #Music 🗓 2016 🎞 movie 🌎 #UnitedKingdom #France #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင် ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ ဖလောရန့်စ်ဟာ ပထမအိမ်ထောင်က ကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာ ခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကို မစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကို ဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှ ားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။ စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကို လက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမ ဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့ သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့ စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကို ယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါ ဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာ လွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေ များလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေ ရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့ တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ခန့်ဆန့်တဲ့ နာမည်ရခန်းမတစ်ခုဖြစ်တဲ့ ကာနေဂီဟောလ်မှာ ဖျော်ဖြေရမယ့်အခွင့်အရေးကို လိုချင်ပေမယ့် လှောင်ပြောင်နှာခေါင်းရှုံ့မယ့်သူတွေနဲ့ အဖြစ်ဆိုးကြီးကို ကြိုမြင်နေသူ ကော့စမီးမက်မွန်း အနေနဲ့ စိတ်မသက်သာစွာပဲ သဘောတူခဲ့ပါတယ်။ လေဒီဖလောရန့်စ်ကိုယ်တိုင်ကလည်း တိုင်းပြည်အတွက် အနစ်နာခံပေးခဲ့သူ စစ်သားတွေကို ဒီဖျော်ဖြေပွဲကို တက်ရောက်နိုင်ဖို့ လက်မှတ် ၁၀၀၀လှူဒါန်းခဲ့ပါတယ်။ ဂီတပွဲကလည်း မထင်မှတ်ထားဘဲ နာမည်ကြီးတွေပါ တက်ရောက်အားပေးခဲ့ပြီး သောက်စားလာတဲ့အရှိန်ကြောင့် ရော နာမည်ကြီးမင်းသမီးတွေကိုပါ တွေ့ရလို့ အပျော်လွန်နေတဲ့ စစ်သားတွေဟာ မဒမ်ဖလောရန့်စ်ရဲ့ ဖျော်ဖြေမှုကို ဟားတိုက်လှောင်ပြောင်စော်ကား လာခဲ့ပါတော့တယ်။ မဒမ်ဖလောရန့်စ်ရဲ့ ဂီတအပေါ်ရှုးသွပ်မှုကို လောင်စာပေးခဲ့သူ စိန့်ကလဲရ်ကပဲ ဒီအဖြစ်ဆိုးရဲ့တရားခံလား။ ရိုးသားမှုမရှိဘဲ ငွေမျက်နှာကြောင့် မဒမ်ဖလောရန့်စ်အပေါ် အကဲဖြတ်ကောင်းတွေ ပေးခဲ့သူတွေ၊ ချီးကျူးခဲ့သူ အပေါင်းအသင်းတွေကပဲ တရားခံလား။ ဘယ်လိုပဲဖြစ်ဖြစ် ဂီတအပေါ် ရိုးသားစွာခုံမင်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ နှလုံးသည်းပွတ်ကြွေမတတ် သီဆိုဖျော်ဖြေနေခဲ့တာတွေက အများအမြင်မှာ ရယ်စရာဟာသတစ်ခုလို ဖြစ်နေခဲ့တဲ့အဖြစ်မှန်တွေကိုသိပြီး သူထင်မှတ်ထားတဲ့ ကမ္ဘာကြီးက ပြောင်းပြန်ဖြစ်နေခဲ့တယ်ဆိုတာကိုနှစ်များစွာကြာမှ သိခဲ့ရပါတော့တယ်။ အစစ်အမှန်ပဲဖြစ်ဖြစ် အတုအယောင်ပဲဖြစ်ဖြစ် မဒမ်ဖလောရန့်စ်အတွက်တော့ သူမရဲ့ဂီတဘဝမှာ လူတွေက သူ့ကို သီချင်းမဆိုနိုင်ဘူးလို့ ပြောလို့ရချင်ရမယ်၊ သီချင်းမဆိုခဲ့ဘူးလို့တော့ ပြောလို့မရပါဘူး။...
The Shipment (2021) ⭐IMDB: 3.5/10 (6 k Votes) 🎬 #Action #Crime #Drama 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိတ်သတ်ကြီးကို အက်ရှင်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီး မင်းသား မင်းသမီးတွေ မပါဝင်နေပေမယ့်လည်း ဇာတ်ကောင် စရိုက်ကို အကောင်းဆုံး ချပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းက အမေရိကန် ရေတပ်အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ စထရိုက်ကာဟာ မူးယစ်ထိန်းချုပ်ရေးအဖွဲ့ DEA နဲ့အတူ ကမ်းခြေစောင့် ရဲတွေနဲ့ ပူးပေါင်းပြီးတော့ မက်ဆီကိုနယ်စပ် လမ်းကြောင်းကနေ ဘိန်းဖြူတင်ပို့နေတဲ့ ကိုလံဘီယန် မူးယစ် ဂိုဏ်းက မိန်းကလေးနှစ်ဦး ပြန်ပေးဆွဲဖမ်းခေါ်ထားတာကို ကယ်ထုတ်ခဲ့ပါတယ်။ ဒီအခါမှာ မူးယစ်ဂိုဏ်း ခေါင်းဆောင်က စထရိုက်ကာရဲ့ မိသားစုကို ဖမ်းထားလိုက်ပြီး သူတို့ရဲ့ ရေငုပ် သင်္ဘောနဲ့ ဘိန်းဖြူပို့မယ့်အသုတ်ကို စထရိုက်ကာက လုံခြုံအောင် တာဝန်ယူပေးဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့ပါတယ်။ ပစ္စည်းတွေကို ရောက်အောင် မပို့နိုင်ရင် မိသားစု အသတ်ခံရမှာပါ။ စထရိုက်ကာ ပစ္စည်းတွေကို ပို့နိုင်ပါ့မလား၊ မိသားစုကိုရော အချိန်မီ ပြန်လည် ကယ်တင်နိုင်ပါ့မလား...
Don’t Touch My Sister- Mei Itsukaichi (ATID-576-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mei Itsukaichi ဆိုတဲ့ JAV မင်းသမီးလေးကတော့ လှတယ် ချစ်စရာကောင်းတယ် နှမြောစရာကောင်းအောင် JAV ဇာတ်လမ်းတွေနဲ့လိုက်ဖက်ပါတယ်။ ATID-576-Decensored ဒီဇာတ်လမ်းမှာတော့ တစ်ဦးတည်းသောညီမငယ်အတွက် ရဲရဲဝံ့ဝံ့စွန့်စားမယ့် သူမကို သနားစဖွယ်မြင်တွေ့ရမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Decensored Version နဲ့ဆိုတော့ Mei Itsukaichi ကို ဒီဇာတ်လမ်းနဲ့တင် မတင်းတိမ်နိုင်ဘဲ သူမရဲ့ တခြားဇာတ်ကားတွေပါလိုက်ရှာနေမိနိုင်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Sometimes I Think About Dying (2023) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့ လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလို စိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Wars ရုပ်ရှင်တွေထဲက’ရေး’အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Daisy Ridleyဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှု အသိုင်းအဝိုင်းမှာ ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေး ဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသ ထားတာနဲ့ပိုတူတယ်ဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊ မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်း တွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိ ကြတဲ့အဖြစ်မျိုးပေါ့….။ ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာ အလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေ စဖြစ်ခဲ့ပါတယ်…။ သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာ ခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။...
Frozen (2013) ⭐IMDB: 7.4/10 (661 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့ အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။ သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။ Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိူင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 7.4 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။...
Main Atal Hoon (2024) ⭐IMDB: 7.2/10 (4 k Votes) 🎬 #Biography #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Main Atal Hoon (2024)(ကဗျာတွေချစ်တဲ့ နိုင်ငံရေးသမား) IMDb-7.3/10 အိန္ဒိယသမိုင်းမှာ ရိုသေလေးစားခံရတဲ့ စာပေချစ်နိုင်ငံရေးသမားကြီး Atal Bihari Vijpayee ရဲ့ဘဝအတ္ထုပ္ပတ္တိဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် လက်ရှိနိုင်ငံရေးသမားတွေ အတုယူလိုက်နာနိုင်ဖို့ရည်ရွယ်ရိုက်ကူးထားကြပေမဲ့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တာမို့ ကြည့်မိလို့မှားမဲ့ဇာတ်လမ်းထဲမပါနိုင်ပါဘူး သရုပ်ဆောင်ပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်ကြီး Pankaj Tripathi ကအဓိကသရုပ်ဆောင်ထားပါတယ် အတာလ်ဆိုတဲ့ကောင်လေးဟာ ဟိုးငယ်ငယ်လေးတည်းက ကဗျာတွေစာတွေချစ်တတ်ပြီးကဗျာရွတ်ဖတ်ပွဲတွေမှာတက်ရွတ်ရင်း လူတွေအာရုံစိုက်နားထောင်ချင်လောက်အောင်အပြောအဟော ကောင်းသူလေးဖြစ်လာတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ မျက်စိရှေ့ဖြစ်လာတဲ့မတရားမှုတွေအတွက် အကြမ်းမဖက်နည်းနဲ့ တုံ့ပြန်ရင်း နိုင်ငံရေးအကျဉ်းသားဘဝကနေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲတွေ ဝင်ယှဉ်ပြိုင်တဲ့အဆင့်ထိရောက်လာပါတယ် ကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းမှာ မိသားစုချစ်ရသူတွေနဲ့ ဖြစ်ရတဲ့ကိစ္စတွေ ၊ ကဗျာတွေစာတွေချစ်တဲ့နူးညံ့တဲ့နှလုံးသားနဲ့ ပြတ်ပြတ်သားသား ရဲရဲလျှောက်လှမ်းရတဲ့ နိုင်ငံရေးအတွေးတွေနဲ့ယှဉ်ဆုံးဖြတ်ရတဲ့အချိန်တွေမှာ သူဘယ်လိုများရပ်တည်ရွေးချယ်ခဲ့မလဲ…. အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Frozen (2013) ⭐IMDB: 7.4/10 (661 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့ အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။ သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။ Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိူင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 7.4 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။...
