ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Naked Fear (2007) ⭐TMDB: 51.0% User Score 🎬 #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Naked Fear (2007)Genre – Thriller, Horror ဒွိုက်ဆိုတဲ့အရာရှိဟာ မြို့ပြောင်းလာပါတယ် သူ ပြောင်းလာတဲ့မြို့မှာ လူပျောက်တွေ အတော်များပေမဲ့လည်း ဘယ်သူမှ အဖတ်မလုပ်ကြပါဘူး။ တစ်ဖက်မှာလည်း ဒိုင်ယာနာဆိုတဲ့ကောင်မလေးဟာ နယ်မြို့လေးကနေ အလုပ်လုပ်ဖို့ဆိုပြီး မြို့ထဲကို ရောက်ရှိလာပါတယ်။ ထင်ထားသလိုမဟုတ်ပဲ အဖော်အချွတ်မယ်အဖြစ် လုပ်ကိုင်ရလို့ စိတ်ညစ်နေပေမဲ့လည်း အကြွေးတွေကြောင့် ကြိတ်မှိတ်သည်းခံနေရတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ပိုက်ဆံပိုဝင်အောင်ဆိုပြီး ဖောက်သည်လိုက်သွားရာကနေ လာခေါ်တဲ့လူက အမဲလိုက်ဝါသနာသူဖြစ်ပြီး တိရစ္ဆာန်တွေကို လိုက်ရတာ သဘောကျသူမဟုတ်ပဲ ကောင်မလေးတွေ တုံးလုံးပြေးတာကို သဘောကျနေတဲ့လူ ဖြစ်နေသောအခါ…။ (ဇာတ်ကားနာမည်အတိုင်းပါပဲ အမျိုးသမီး ကိုယ်လုံးတီးခန်းတွေ ပါဝင်သောကြောင့် ကြည့်ရှုသူများ သတိပြုစေလိုပါတယ်)
...

Wendy and Lucy (2009) ⭐TMDB: 68.0% User Score 🎬 #Drama 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကို ကြည့်မိတော့ လေးဖြူ ဆိုထားတဲ့ လေလွင့်သူ သီချင်းလေး ပြေးမြင်မိတယ် “ဘယ်ကိုသွားမလဲမသိတဲ့ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ ညနေများ…” ဆိုသလိုပဲ ဝန်ဒီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်း ခွေးမလေးဖြစ်တဲ့ လူစီနဲ့ နှစ်ယောက်သား ကားလေးတစ်စီးနဲ့ အင်ဒီယာနာကနေ အလက်စကားကို ခရီးနှင်နေတာပေါ့။ အိုရီဂွန်ကိုရောက်တော့ ကားက ပျက်သွားတယ် ဒီလိုနဲ့ ခွေးစာလည်း မရှိ လူစာလည်းမရှိတဲ့အပြင် ငွေကလည်းသိပ်မရှိတော့ ဝန်ဒီတစ်ယောက် စတိုးဆိုင်ထဲမှာ အလစ်သုတ်ရာကနေ အဖမ်းခံလိုက်ရတယ်။ ဒဏ်ကြေးဆောင်ပြီး ပြန်ထွက်လာတော့ စတိုးဆိုင်ရှေ့ ချည်ထားတဲ့လူစီလေးက မရှိတော့ဘူး ပျောက်ခြင်းမလှ ပျောက်သွားပါလေရော။ အဲဒီမှာ ကားကလည်းပျက် ငွေကလည်းမရှိ အိပ်စရာမရှိ တစ်ဦးတည်းသောအဖော် လူစီကလည်းပျောက်ပြီး ပါကင်စောင့် ဦးလေးကြီးရဲ့ အကူအညီလေးနဲ့ပဲ ဒုက္ခတောတွေကြားကနေ လူစီလေးကို ပြန်လိုက်ရှာဖို့ ကြိုးပမ်းရပါတော့တယ်။ ဒီ ဒရမ်မာကားလေးက Slow Burn စတိုင်လေးဆိုတော့ သာမန်ဒရမ်မာနဲ့ မတူပဲ ဇာတ်ကို ဒိုင်ယာလော့ခ်နည်းနည်းရယ် တင်ဆက်ပုံ ခပ်လေးလေးနဲ့ ရိုက်ပြထားတာပါ။ သရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း The Greatest Showman တို့ Shutter Island တို့ Manchester by the Sea တို့ထဲမှာ အပိုင်သရုပ်ဆောင်ထားတဲ့ Michelle Williams ဖြစ်ပြီး ဒီ ၂၀၀၈ ခုနှစ်ရုပ်ရှင်ထဲမှာတော့ အတော်ငယ်သေးတဲ့ပုံပဲ ရှိပါသေးတယ်။
...

Interstellar (2014) ⭐TMDB: 84.0% User Score 🎬 #Adventure #Drama #SciFi #ScienceFiction 🗓 2014 🎞 movie 🌎 #Canada #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 49 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ… ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး… Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ် … 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background music တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်… ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့… 21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာ ခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်… ၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့… ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား… ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်.. ..ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး. ..ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ  ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ.. .အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်…. (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် May Thazin Myint (Wendy) ဖြစ်ပါတယ်
...

Felines (2023) ⭐IMDB: 3.7/10 (114 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ GL ကားလေးတစ်ကားပါ။ မက်စ်က သူ့ကိုယ်သူ ထူးခြားတဲ့ လိင်စိတ်တိမ်းညွတ်မှုရှိသူလို့ လက်ခံထားပေမဲ့ တစ်ခါမှတော့ တခြားမိန်းကလေးတစ်ယောက်နဲ့ မတွဲခဲ့ဖူးသူပါ။ ငြီးငွေ့ဖွယ် ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ လီလီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လီလီနဲ့တွေ့ပြီးနောက် သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်ကနဲ့ မတူတဲ့ ပုံစံစရိုက်မျိုး ပေါ်လာခဲ့တဲ့ မက်စ်က လီလီ့ကို အစွဲလမ်းကြီး စွဲလမ်းခဲ့ပြီး အခုမှ ဘဝရဲ့လက်တွဲဖော်အစစ်ကို ရှာတွေ့ပြီလို့ ထင်မှတ်မိရုံရှိသေး၊ သူ လုံးဝ ထင်မထားတဲ့ လီလီ့ရဲ့ လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ချိန်မှာတော့.. ဆက်စီကျသလောက် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ လီလီဆိုတဲ့ မိန်းကလေးရဲ့ သရုပ်မှန်ကို မက်စ်တစ်ယောက် ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။
...

Living Next Door- Yuko Ono(AOI) [DLDSS-310-Decensored] ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 6 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသမီး Yuko Ono တဖြစ်လဲ Aoi ဆိုတာက JAV လောကရဲ့ Original နတ်ဖုရားမတစ်ပါးပါ… အချိုးအစားနဲ့ ဂိုက်ဆိုက်မှာတော့ ပြိုင်ဖက်ကင်းတယ်ဆိုရအောင် ကွက်တိကျသူပါ… ရုပ်ရည်လေးကလဲအချောဆိုတော့ ပြောစရာကိုမရှိတော့ပါ။ DLDSS-310-Decensored ဒီဇာတ်လမ်းမှာတော့ သူမကိုဘေးအိမ်က မမကြီးအဖြစ်မြင်တွေ့ရမှာဖြစ်ပြီးမောင်လေးတွေအပေါ်ရက်စက်တတ်တဲ့ဇာတ်ကောင်က သူမနဲ့လိုက်ဖက်လွန်းပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Decensored Version နဲ့ဆိုတော့ Aoi ပရိတ်သတ်တွေ ကျေနပ်ကြမှာပါ။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Persepolis (2007) ⭐TMDB: 79.0% User Score 🎬 #Animation #Biography #Drama 🗓 2007 🎞 Series 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Persepolis (2007) IMDb rating – 8/10 French-Iranian ဝတ္ထုရေးဆရာ “Marjane Satrapi” က ၂၀၀၀ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Persepolis” ကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာထွက်ရှိခဲ့တဲ့ film adaptation ဖြစ်ပါတယ်။ သူ့ဘဝခရီးအနိမ့်အမြင့်အတက်အကျအကြောင်းတွေ ကြည့်ရမယ်ဆိုတာထက် အဓိကထူးခြားနေတဲ့အချက်က သူဟာ အီရန်နိုင်ငံသူတစ်ဦးပါ။ သူတွေ့ကြုံခဲ့ရတဲ့ အီရန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ယှဉ်ပြီး သူ့ဘဝ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်။ အီရန်နိုင်ငံရဲ့စစ်ပွဲတွေနဲ့၊ အကျိုးဆက်အရ အီရန်ပြည်သူတွေ နှစ်ရှည်လများစွာ ဆင်းရဲဒုက္ခတွင်းကျရတာတွေကို မီးမောင်းထိုးပြထားပါတယ်။ အီရန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ်ခဲ့ရတာတွေ၊ နေ့ရက်တိုင်းမှာ ကြောက်လန့်စိတ်နဲ့နေရတာတွေကို ပုံဖော်ပြသထားပါတယ်။ အီရန်နိုင်ငံမှာ လူသားအရင်းအမြစ်တွေ၊ လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့အကြောင်းကို သူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြသထားပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်တွေက အမျိုးသမီးတွေအပေါ် ဘယ်လောက်ထိချုပ်ချယ်ဖိနှိပ်လဲဆိုတာတွေ ကမ္ဘာသိအောင်ချပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း သူဟာ နိုင်ငံရေးစိတ်အားထက်သန်တဲ့မိသားစု၊မဟုတ်မမှန်တာကို ရပ်ထိုင်ကြည့်မနေနိုင်တဲ့ မိသားစု၊လူသားဆန်တဲ့ ပညာတတ်မိသားစုကနေ မွေးဖွားလာတဲ့သူပါ။ အီရန် နိုင်ငံ ရဲ့ ခေတ်ဆိုးစနစ်ဆိုးမှာ မွေးဖွားလာခဲ့တော့ ကျောင်းစတက်တဲ့အချိန်တည်းက မင်းစိုးမင်းညစ်ကိုသစ္စာရှိဖို့ မှိုင်းတိုက်ခံခဲ့ရတယ်။ အသက်ငယ်ငယ်လေးနဲ့ အစ္စလာမ်မစ်တော်လှန်ရေးနဲ့ တွေ့ကြုံခဲ့တယ်။ အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက် အီရန် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုမှာ မဟုတ်မမှန်တာကို ခေါင်းငုံ့မခံနိုင်၊ထုတ်ဖော်ပြောတတ်တဲ့ Marjane ကို သူ့မိဘတွေက ပညာကောင်းကောင်းသင်နိုင်ဖို့ ဩစတီးယား၊ ဗီယင်နာမြို့ကို ပို့လိုက်ကြရတယ်။ နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူတဲ့လူမျိုးတွေကြား အသက်ငယ်ငယ်နဲ့ အီရန်နိုင်ငံဖွားမိန်းကလေးတစ်ယောက်အနေနဲ့ ရပ်တည်နေနိုင်ဖို့ သူကြိုးစားခဲ့ရတယ်။ Animation အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ Oscar ဆုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီး တခြားဆုတွေအများကြီးရရှိထားပါတယ်။ ဗဟုသုတတွေ အပြည့်ပေးစွမ်းမယ့်ဇာတ်လမ်းဖြစ်တာမို့ လက်မလွှတ်ဘဲ ကြည့်ရှုလိုက်ကြပါဦးနော်၊ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။
...

Juni (2024) ⭐IMDB: 8.6/10 (12 Votes) 🎬 #Bollywood #Romance #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်)IMDb 8.6/10 ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်းခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းကမိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကိုအမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကိုတိတ်တခိုးလေးချစ်ကြိုက်မိရာကနေ …….ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ ….. ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ….ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်)
...

The Diving Bell and the Butterfly (2007) ⭐TMDB: 76.0% User Score 🎬 #Biography #Drama #History 🗓 2007 🎞 Series 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Diving Bell and the Butterfly (2007) ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက် တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက် လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက် စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့ စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့် သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့ The Diving Bell and the Butterflyဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး လေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက် အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ 94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
...

Together: Treble Winners (2024) ⭐TMDB: 100.0% User Score 🎬 #Documentary 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 43 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Together: Treble Winners (2024) Together: Treble Winners (2024)=======================နည်းပြကြီး ဂွာဒီယိုလာရဲ့ မန်းစီးအသင်းဟာဆိုရင် အရင်နှစ် (၂၀၂၂-၂၀၂၃) ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ဖလား(၃)လုံးအောင်ပွဲအတွက် မှတ်တမ်းရုပ်ရှင်သစ်အဖြစ် ရိုက်ကူးခဲ့ပြီး မန်စီးတီးအသင်းရဲ့ အသင်း အောင်မြင်မှု့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းအရာတွေ ၊ အသင်းရဲ့ကြိုးပမ်းမှု့အတွေ့အကြုံတွေကို မျှ‌ေ၀ပေးသွားမှာဖြစ်ပြီးဟာလန်း (Erling Haaland) ကလည်း ဒီမှတ်တမ်းရုပ်ရှင်ကအကောင်းဆုံးထဲကတစ်ခုဖြစ်မယ်လို့လည်း ပြောသွားခဲ့ပါတယ်။၂၀၁၈ က All or Nothing စီးရီးပြီးနောက် အကောင်းဆုံးထပ်ထွက်လာခဲ့တဲ့ Netflix ရဲ့ Documentary စီးရီးတစ်ခုဖြစ်ပြီး အပိုင်း ၆ပိုင်းပါ၀င်ကာ ဒီဇာတ်လမ်းကို ၀ယ်ယူဖို့အတွက် Netflix မှ စီးတီးအသင်းကို ပေါင် (ဂဏန်း၇လုံး)သန်းခန့်ပေးခဲ့ရတယ်လို့လည်း ဒေးလီးမေလ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်
...

Don't Look Up (2021) ⭐IMDB: 7.2/10 (599 k Votes) 🎬 #Comedy #Drama #SciFi #ScienceFiction 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 23 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Don’t look up (2021) ဇာတ်လမ်းက အရမ်းကောင်းတယ်ဗျာ။ သရုပ်ဆောင်ကတော့ All Stars လို့ ပြောရမှာပဲ။ လီယိုနာဒို၊ ဂျနီဖာလောရန့်၊ မရဲ စထရိ၊ ကိတ် ဘလန့်ချက်၊တင်မိုးသီး၊ မာ့ရိုင်လန့်၊ အာရီရာနာ ဂရန်ဒေ၊ ဘန်နီဒစ် ဒရက်စ် စသဖြင့် အများကြီးပဲ။ ဇာတ်လမ်းအကျဉ်း။ ပါမောက္ခ မင်ဒီ နဲ့ ပါရဂူကျောင်းသူ ကိတ်တို့ မတော်တဆ ဥက္ကာခဲကြီးတစ်ခုကို တွေ့သွားတယ်။အရွယ်အစားက ၁၀ ကီလိုမီတာလောက်ရှိပြီး ကမ္ဘာကြီးဆီကို တည့်တည့်ကြီး ပျံလာနေတာ။ဝင်တိုက်မိရင် ကမ္ဘာပျက်ပြီ။အဲဒါကို နာဆာကိုအကြောင်းကြား သမ္မတကိုလည်း သွားတွေ့တယ်။ခက်တာက သမ္မတက စောင်ပေါ။နာဆာညွှန်ချုပ်က သမ္မတရဲ့ စပွန်ဆာ မေ့ဆေးဆရာဝန်ဆိုတော့ ဘာမှနားမလည်ဘူး။သမ္မတ လက်ထောက်က သမ္မတရဲ့ သားကို ပြန်ခန့်ထားတာ။အဲဒီမှာ သူပြောတာကို မယုံကြတော့ ဒေါက်တာ မင်ဒီလည်း မီဒီယာတွေကနေ ကမ္ဘာပျက်တော့မယ်ဆိုတာ ယုံအောင်ကြိုးစားရတော့တာပေါ့။ဆိုရှယ်မီဒီယာ အကြောင်းတွေ နိုင်ငံရေးအကြောင်းတွေကို ထိုင်လှောင်ထားတာ။အူနာနေအောင်ကို ရယ်ရမယ့် ဟာသကားမျိုးပဲ။ကြည့်လိုက်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson နဲ့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။
...

Aquaslash (2019) ⭐IMDB: 3.7/10 (3 k Votes) 🎬 #Mystery #Thriller #Horror #Comedy 🗓 2019 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 11 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mystery, Thriller ကြိုက်တဲ့သူတွေအတွက်လာပါပြီ.. Valley Hills အထက်တန်းကျောင်းမှ ဘွဲ့ရကျောင်းသားတွေစုပြီး Wet Valley Water Park ကိုလာရောက်အပန်းဖြေကြပါတယ်.. ရောက်ရောက်ချင်းညမှာတော့ သောက်စားပျော်ပါးကျနဲ့ပြီးသွားတယ်ပေါ့.. နောက်တစ်နေ့မှာ လျှောစီးပြီး ရေကူးကန်ထဲကို အမြန်ဆုံးရောက်တဲ့ အဖွဲ့က ဒေါ်လာ၅၀၀ ရမယ်ဆိုပြီး အဖွဲ့လေးတွေစုပြီးပြိုင်ကြပါတယ်… ကျောင်းသားလေးတွေမသိလိုက်တာက လျှောထဲမှာဘာတွေရှိနေမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့
...

Heart of the Hunter (2024) ⭐IMDB: 4.6/10 (606 Votes) 🎬 #Action #Thriller #Mystery 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 47 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇူကိုဟာ South Africaရဲ့ အထူးတပ်ဖွဲ့ဝင်‌ဟောင်း Assassinတစ်ယောက်ဖြစ်ပါတယ်…။ သူဟာနိုင်ငံတော်ကို ဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေ၊ ခြစားနေတဲ့ နိုင်ငံ‌ရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ရသူပါ…။ ကိုယ်ပိုင်မိသားစုလေးနဲ့အေးအေးချမ်းချမ်းနေချင်တဲ့ဇူကိုဟာ ဒီအလုပ်ကနေ အနားယူလိုက်တာ အချိန်အတော်ကြာခဲ့ပါပြီ…။ သို့ပေမယ့် ဒုစရိုက်သမားတွေကတော့ ပပျောက်မသွားပါဘူး…။ အခုလည်း ဇူကိုတို့နိုင်ငံမှာ သမ္မတဖြစ်ဖို့ရွေးကောက်ပွဲအနိုင်ရသူဟာ အကျင့်ပျက်ခြစားမှုတွေအများကြီးလုပ်ထားတဲ့မှတ်တမ်းရှိသူ ဒုစရိုက်သမားဖြစ်နေပြန်ပါတယ်…။ ဒီမှတ်တမ်းတွေကို သေချာဖုံးထားဝှက်ထားတော့ တော်ရုံလူမသိကြပါဘူး…၊ ဒါကို ဇူကိုတစ်ယောက်ဘယ်လိုတားဆီးသွားမလဲ…။ သူ့ရန်ဘက်တွေကရော အလွယ်တကူအလျှော့ပေးပါ့မလားဆိုတာကို ကြည့်ရှုရမယ့် crime actionကားလေးဖြစ်ပါတယ်
...

The Prince, The Witch, and The Mermaid (2002) ⭐TMDB: 45.0% User Score 🎬 #Asian #Drama #Fantasy #Romance #Action 🗓 2002 🎞 movie 🌎 #Thailand ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Prince, The Witch, and The Mermaid (2002) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆိုကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့်မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
...

Rewind (2023) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Drama #Romance #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 53 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rewind (2023) ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီးသူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကိုဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်းလော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီးကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ …….ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ …..အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား…. ဆိုတာတွေကိုကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။
...

Donnybrook (2018) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Action #Drama #Thriller #Crime 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jarhead Earl ဆိုတဲ့လူဟာ ဇနီးသည်နဲ့ ကလေးနှစ်‌ယောက်နဲ့အတူ အိမ်ငှားနေရာကနေ တစ်နေ့မှာ အိမ်ပြောင်းပေးရဖို့ဖြစ်လာပါတော့တယ်… ကလေးတွေနဲ့မိန်းမအတွက် အိမ်ပိုင်တစ်လုံး ဝယ်ပေးချင်တဲ့သူ့ရဲ့ဆန္ဒကို ဖြည့်ဖို့အတွက် “နပန်းထိုးပွဲ”လိုပြိုင်ပွဲကိုဝင်ပြိုင်ပြီး ဒေါ်လာ ၁သိန်းရအောင်ကြိုးပမ်းဖို့လုပ်ပါတော့တယ်… တစ်ဖက်မှာလည်း မိန်းမဖြစ်သူက Angus ဆိုတဲ့ လူအပေါ်အကြွေးအများကြီးတင်နေပါတယ်.. ရေစက်ကပါလာတော့ သူယှဉ်ပြိုင်တိုက်ခိုက်ရမယ့် ပြိုင်ဘက်က သူ့မိန်းမအကြွေး‌တင်နေတဲ့ Angus ဖြစ်လာတဲ့အခါမှာတော့
...

The Settlers (2023) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Crime #Drama #History #Western 🗓 2023 🎞 movie 🌎 #Chile #Argentina #UnitedKingdom #Taiwan #Germany #Sweden #France #Denmark ⏰ 1 နာရီ 40 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Settlers (2023) Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက်IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်းချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာစပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေသူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက်ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာမကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြားပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့…..။အများကြီးမညွှန်းတော့ဘဲ ကျန်တာကို ဇာတ်လမ်းမှာ ဆက်ပြီး ကြည့်ရှုကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
...

The Preparation (2017) ⭐IMDB: 8.1/10 (79 Votes) 🎬 #Drama #Family 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Preparation (2017) အညွှန်း ပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ?ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက်ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့်ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ?အရင်ဆုံး ” ငါသေရင် ” ၊ ” ငါသာသေသွားခဲ့ရင် ” ဆိုတာရဲ့ နောက်ကွယ်မှာဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကိုကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစားစွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစလုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ … IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့Reply 1988, Moon Lovers, Moving, High Kick 2 တို့လိုနာမည်ကြီး Kdrama တွေရဲ့ Kim Sung Kyun နဲ့ Shin Se Kyung ဆိုတာနဲ့တင်ကြည့်ရတာ အသားကျမယ့် Movie တစ်ကားမို့လို့ Highly recommended ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hnin Wutyi Myaingပဲ ဖြစ်ပါတယ်။
...

Kismath (2024) ⭐IMDB: 7.9/10 (2 k Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kismat (2024) “ကံကြမ္မာ”============================ Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြောမှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိအလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက်မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။ အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းကရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီးသူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Inside (2007) ⭐TMDB: 67.0% User Score 🎬 #Horror 🗓 2007 🎞 movie 🌎 #France ⏰ 1 နာရီ 19 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror နှစ်သက်သူတွေအတွက်တော့ တကယ့်ကိုကားကောင်းတစ်ကားရလိုက်ပါပြီ။ Horror ရုပ်ရှင်တွေဆို ဝေဖန်လေကန်မှုတွေ ရှယ်ကြမ်းကြပေမယ့် Inside (2007) ကားလေးကိုတော့ ဝေဖန်ရေးသမားတော်တော်များများက Horror ကားအစစ်လို့ မှတ်ချက်ပြုထားကြတဲ့အတွက် အကြိုက်တူမတူ ပြောပေးကြဦးနော်…. ဇာတ်လမ်းအစမှာ ဆာရာ နဲ့ သူ့အမျိုးသားတို့စီးလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး အမျိုးသားက ပွဲချင်းပြီးဆုံးသွားပါတယ်။ ဆာရာကတော့ ကိုယ်ဝန်နဲ့အတူအသက်ဆက်ရှင်ခဲ့ပါတယ်။ မီးဖွားဖို့ရက်နီးလာပေမယ့် ဆာရာကတော့ ခင်ပွန်းစိတ်နဲ့ ဝမ်းနည်းနေတုန်းပါ။ ကလေးမွေးဖွားခါနီးတစ်ရက်အလိုမှာတော့ ဆာရာရဲ့အိမ်ကို အမည်မသိအမျိုးသမီးတစ်ယောက် တံခါးခေါက်ပြီး လာနှောင့်ယှက်ခဲ့ပါတယ်။ ဘယ်လိုပဲမောင်းထုတ်ပါစေ ထွက်မသွားတဲ့နောက် ရဲကိုဖုန်းဆက်တိုင်လိုက်ရပါတယ်။ ရဲတွေလည်း လာစစ်ဆေးပေမယ့် လာနှောင့်ယှက်တဲ့အမျိုးသမီးကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့…. ဆာရာနေထိုင်တဲ့ သာမာန်အိမ်လေးတစ်လုံးထဲမှာ စစ်မြေပြင်အလားထင်မှတ်ရလောက်အောင် သွေးသံတရဲရဲနဲ့အပြည့်ဖြစ်နေခဲ့ပါပြီ။ အမည်မသိအမျိုးသမီးကရော ဘယ်သူလဲ ? ဘာလို့ဒီလောက်အထိ ရက်စက်ရတာလဲ ? ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲ? Horror Fan တွေဆက်ကြည့်လိုက်ပါတော့နော်… R rated ဖြစ်ပြီး သွေးသံတရဲရဲနဲ့မို့ နှလုံးကောင်းသူတွေသာ ကြည့်ဖို့တော့ အကြံပြုချင်ပါတယ်ဗျာ
...

Straightheads (2007) ⭐TMDB: 52.0% User Score 🎬 #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားရဲ့ နောက်ထပ်နာမည်ကတော့ Closure ပါ။ ဇာတ်ကားကတော့ ၁ နာရီ ၁၅ မိနစ်တည်းမို့ ရှည်ရှည်ဝေးဝေးပြောစရာမရှိပါဘူး။ အဲလစ်ဆိုတဲ့ ၂၃ နှစ်အရွယ် ကောင်မလေးတစ်ယောက်က သူ့တိုက်ခန်းမှာ ကင်မရာလာတပ်ပေးတဲ့ အဒမ်ဆိုတဲ့ ကောင်လေးနဲ့ကြိုက်ပြီး ပါတီအတူတူသွားပြီးအပြန်မှာ လူတစ်စုက ကောင်လေးကိုရိုက်ပြီး ကောင်မလေးကို မုဒိမ်းဝိုင်းကျင့်သွားကြတယ်။ တစ်ရက်မှာ အဲလစ်က ကားမောင်းအပြန် သူ့ကိုမုဒိမ်းကျင့်သွားတဲ့အထဲက တစ်ယောက်ကိုတွေ့မိပြီး လက်စားပြန်ချေဖို့ နှစ်ယောက်သား အစီအစဉ်ဆွဲပြီး ပြန်သတ်ဖို့လုပ်ကြတဲ့ ဇာတ်ကားပါ။ “ဇာတ်အိမ်ကတော့ ထွေထွေထူးထူးမရှိသလို မြန်မြန်ဖြစ် မြန်မြန်ပြီးသွားတဲ့ ဇာတ်ကားမျိုးပါ။
...