ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Judge Me Not (2023) ⭐IMDB: 7.8/10 (68 Votes) 🎬 #Drama #Comedy 🗓 2023 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 38 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို ဥပဒေရေးရာ စီးရီးတစ်ခုဖြစ်တဲ့ Judge Me Not နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ Rating 7.8အထိ ရထားတဲ့ အပိုင်း ၈ ပိုင်းပါတဲ့ Legal Drama စီးရီးကောင်း တစ်ခု ဖြစ်ပါတယ်။ ဇာတ်ကြောင်း အသက် ၃၁ နှစ်အရွယ်နဲ့တင် တရားသူကြီး နေရာကို မဲအနိုင်ရရှိပြီး ရောက်လာတဲ့ ဇယ်မာဂျေးဂျွန်ဆန် ဟာ ဒီလိုရာထူးနေရာအတွက် ပထမဆုံး လူငယ် လူမည်းအမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူမဟာ ကိုယ်တိုင် စိတ်ကျန်းမာရေး ပြဿနာ၊ လက်တွဲဖော် အမျိုးသားနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်တာတွေ၊ ရှုပ်ထွေးတဲ့ မိသားစုဘဝတွေ ရှိနေပေမယ့် သူမကြုံဆုံရတဲ့ အမှုကိစ္စတွေကို ဘယ်လိုကျော်လွှား ဖြေရှင်းဖို့ ကြိုးစားလဲဆိုတာကို ရိုက်ကူးတင်ဆက် ပြထားပါတယ်။ ဒီစီရီးက တရားသူကြီး လင်းတိုလာရဲ့ အမှန်တကယ် ဘဝ ဇာတ်ကြောင်းတွေကို တစ်စိတ်တပိုင်း မှီငြမ်းပြီး ရိုက်ကူးထုတ်လုပ် ထားတာပါ။ ရုံးခွင်တွင်းမှာ သာမက လက်တွေ့ပြင်ပလောကမှာ သူမ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့် အမျိုးသမီး Inspiring ဇာတ်ကောင်တစ်ဦးအနေနဲ့ ကြည့်ရှုသင့်တဲ့ စီးရီးလေးတစ်ခုလို့ Recommand ပေးချင်ပါတယ်။...
Hellraiser: Deader (2005) ⭐TMDB: 47% User Score 🎬 #HellraiserFranchise #Horror #Mystery #Thriller 🗓 2005 🎞 movie 🌎 #Romania #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hellraiser: Deader (2005) Hellraiser ရဲ့ အခန်း နောက်တစ်ခု စဖွင့်ပါပြီ။သေတ္တာလေးက သေခြင်းတရားကို လှည့်စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို သိလာရပါလိမ့်မယ်။ ဒီဇာတ်ကားမှာတော့ နောက်ထပ်သတင်းထောက်တစ်ယောက် အလှည့်ပါ။ သတင်းရှာရင်း သေတ္တာနဲ့တိုင်ပတ်သွားတဲ့ နောက်သတင်းထောက်တစ်ယောက်ပေါ့။ သေခြင်းတရားကိုလှည့်စားဖို့လုပ်တဲ့သူနဲ့ Pinhead ကြားက ဓားစာခံဖြစ်သွားပေမဲ့ သူ့ဘာသာလွတ်လမ်းရှာသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအကြောင်းကိုတော့မရှင်းသေးပါဘူး။ သေတ္တာရဲ့အစွမ်းကတော့ ထင်တာထက်ပိုကြမ်းတယ်ဆိုတာကို တဖြည်းဖြည်းသိလာရပါပြီ။ တခြား Hellraiser တွေထက် ထူးခြားကောင်းမွန်နေတာမျိုး မရှိပေမဲ့ Franchise ထဲမှာ ၅/၁၀ ပေးလို့ရလောက်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Irumugan (2016) ⭐IMDB: 6.3/10 (4 k Votes) 🎬 #Action #Bollywood #Thriller #ScienceFiction #Mystery #SciFi 🗓 2016 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Iru Mugan (2016)မလေးရှားမစ်ရှင် IMDb6.3/10 မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦးတိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေကအေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီးတာဝန်ပေးရန်စီစဉ်ကြပါတော့တယ် အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာသူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါ မငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကိုထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာတစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ….. ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ်...
Men Are from QC, Women Are from Alabang (2024) ⭐IMDB: 7.6/10 (96 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Men Are From QC, Women Are From Alabang (2023) ==================================== IMDb Rating – 7.6/10 Long Distance Relationship ဇာတ်ကားတွေကြည့်ဖို့ ရှာနေကြတယ်ဆိုရင်တော့ ဒီကားက သင့်အတွက် တကယ်ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားပါ QC ကကောင်လေးနဲ့ Alabangက ကောင်မလေး တို့က ကောလိပ်ကတည်းက အတူရှိခဲ့ကြပြီး အနေေ၀းတာတွေနဲ့ အခြားပြဿနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြတယ် ဒါပေမယ့် အခု သူတို့ လုပ်ငန်းခွင် လက်တွေ့ဘ၀မှာ စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့ အတွက် လောကကြီးရဲ့ တကယ့် အခြေအနေအရှုပ်အထွေးတွေက သူတို့ကို ေ၀းကွာအောင် တွန်းပို့လာတဲ့အချိန်မှာတော့… သူတို့နှစ်ယောက် ဘယ်လိုတွေဆက်လုပ် မလဲဆိုတာကို ကြည့်ရှု့လိုက်ကြရအောင်နော်...
Journey of Love (2024) ⭐IMDB: 8.9/10 (40 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 9 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Journey of Love (2024) အစ္စလာမ်ကျမ်းစာနှင့်အလ္လာရှင်မြတ်ကို ကိုးကွယ်ယုံကြည်သူအစ္စလာမ်ကျောင်းက အသက် ၂၀ အရွယ် ဆရာမလေး တီရာ(ဖာတီရာ)ကသူ့ကိုသဘောကျနေတဲ့ သာမန်လူပေါ်ကြော့လေး ရေးဟန် အပေါ် တိတ်တခိုးမေတ္တာသက်ဝင်နေခဲ့ပါတယ်။ဒါပေမယ့် ဘာသာတရားရဲ့ထိန်းကျောင်းပဲ့ပြင်မှုနဲ့ သူမရဲ့အနာဂတ်မှာပညာဆက်လက်သင်ကြားလိုခြင်းတို့ကြောင့် အချစ်ရေးကို ရှေ့တန်းမတင်နိုင်ဘဲ ရှိနေခဲ့ပါတယ်။ဖာတီရာနဲ့နီးစပ်ဖို့အတွက် ရေးဟန်က ကျမ်းစာသင်ဖို့ သူမကျောင်းကို ရောက်လာခဲ့ပါတယ်။ဖာတီရာရဲ့ဖခင်ဟာ သားဖြစ်သူရဲ့ကျန်းမာရေးကြောင့် သူငယ်ချင်းသူဌေးဖြစ်သူ ဆက်ရာထံမှာ အကြွေးတွေတင်နေခဲ့ပြီးကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်ချင်နေသူလည်းဖြစ်ပါတယ်။မိသားစုရဲ့ အခက်အခဲအကြပ်အတည်း၊ ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ ဖာတီရာတစ်ယောက်သူချစ်ရတဲ့ ရေးဟန်နဲ့ ပေါင်းဖက်နိုင်ဖို့ သူယုံကြည်အားကိုးထားတဲ့ အလ္လာရှင်မြတ်က ကူညီပေးနိုင်ပါ့မလား…ချစ်ကြသူနှစ်ဦးရဲ့ချစ်ခရီးလမ်းက ချောမွေ့နိုင်ပါ့မလား… ဒီဇာတ်ကားလေးက ၂၀၂၄ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်ကိုအခြေခံကာရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (အညွှန်း နဲ့ ဘာသာပြန်ကတော့Dao Phyoပဲ ဖြစ်ပါတယ်)...
Lapachhapi (2017) ⭐IMDB: 7.6/10 (813 Votes) 🎬 #Bollywood #Drama #Horror #Mystery #Thriller 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 53 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lapachhapi 2017 (တူတူပုန်းတမ်း) တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာကခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကိုရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင်ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။ အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင်မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ ……..ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ …….ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ….ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်)...
Ribbon (2017) ⭐IMDB: 6.9/10 (694 Votes) 🎬 #Bollywood #Drama #Family 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ribbon 2017 (နှောင်ကြိုးလေး) ကာရန်နဲ့ ဆာဟာနာတို့ဟာ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်းအလုပ်ကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါ့၊ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ဘဲ ဆာဟာနာ့မှာ ကိုယ်ဝန်ရှိလာပါတော့တယ်။ သာမာန်မိသားစုတွေဖြစ်တဲ့အပြင် အလုပ်မှာ အရမ်းကြိုးစားပြီးတော့ နေရာတစ်နေရာရနေတဲ့ဆာဟာနာဟာ ဒီကလေးကို မလိုချင်ခဲ့ပါဘူး။ ကိုယ်ဝန်ရတာကို သိသွားပြီးတဲ့နောက်မှာတော့ကလေးအရမ်းလိုချင်တဲ့ ကာရန်တစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ပေမယ့်ကလေးမလိုချင်လို့ ဖျက်ချမယ်ဆိုတဲ့ ဆာဟာနာပြောတဲ့စကားသံကိုကြားပြီးနောက်မှာတော့ ကာရန်နဲ့ ဆာဟာနာတို့ဟာ ပြဿနာတွေ တက်ပါတော့တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတဲ့ကြား အိမ်ချေးငွေတွေ,ဆာဟာနာရဲ့ဖခင်ဖြစ်သူ ဆိုင်အသစ်ဖွင့်တဲ့အတွက် ကူညီလုပ်ကိုင်ပေးနေရတာတွေအပြင်ကလေးတစ်ယောက်ကို ပျိုးထောင်ရဖို့ မလွယ်လှတဲ့ ခေတ်ကြီးမှာကာရန်နဲ့ ဆာဟာနာတို့ ဒီကိုယ်ဝန်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ ……. သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ နပန်းလုံးရင်း နှစ်ပါးသွားကြမလဲဆိုတာတွေကိုကြည့်ရှုရမယ့် မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Dead Ahead (2024) ⭐TMDB: 0% User Score 🎬 #Drama #War 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးတစ်မြို့မှာပြည်သူတွေကအေးအေးချမ်းချမ်းနေနေခဲ့တယ်။တစ်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ပြင်ဆင်နေခဲ့ကြပြီးအားလုံးပျော်ရွှင်စွာမင်္ဂလာယူနေကြတဲ့အချိန်မှာပြည်သူယောင်ဆောင်ထားတဲ့ဂျပန်တွေရောက်လာပြီးတော့လူ၁၀၀ကျော်ကိုသတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့မင်္ဂလာဦးညမှာ ဇနီးနဲ့အဖေကိုဆုံးရှုံးလိုက်ရတဲ့သတို့သားဟာဂျပန်တွေကိုနာကျည်းမုန်းတီးပြီးတော့လက်စားချေဖို့ဆုံးဖြတ်ချလိုက်ပါတယ်။ဂျပန်တပ်ဖွဲ့နောက်ကိုလိုက်ရင်း တောင်ပေါ်လမ်းမှာတော်လှန်ရေးတပ်နဲ့ဆုံသွားပြီးတော့ ဂျပန်တွေကိုပြန်ပြီးပညာပြ ချေမှုန်းပြီးလက်စားချေတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
The Day We Lit Up the Sky (2021) ⭐IMDB: 3.5/10 (61 Votes) 🎬 #Comedy #Music 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 48 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြောဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာလောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလိုဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင်ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ်ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကိုအကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့်ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါတစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံး ညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့စိတ်ကြိုက်စည်းချက်နဲ့အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးကတွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကိုပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် လောင်ကော်ဟာလည်းအကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူအရှုံးသမားလိုဆက်ဆံခံနေ ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲသူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ် နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကိုဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်းအကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ...
Sir (2018) ⭐IMDB: 7.7/10 (9 k Votes) 🎬 #Bollywood #Drama #Romance 🗓 2018 🎞 movie 🌎 #India #France ⏰ 1 နာရီ 39 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sir (2018)”အချစ်တဲ့လား ဆရာ”IMDb – 7.7/10 ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးဒါရိုက်တာရိုဟီနာဂီရာရဲ့လက်ရာ ရိုမန့်စ်ရုပ်ရှင်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရတ်နာဆိုတဲ့ အမျိုးသမီးလေးက ရွာကလူတွေရဲ့အပြော၊အမြင်တွေကိုဂရုမစိုက်ဘဲ မွမ်ဘိုင်းမြို့ကြီးဆီအလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ ရည်မှန်းချက်ကြီးပေမဲ့ မိဘတွေကိုမလွန်ဆန်နိုင်တာကြောင့်အိမ်ထောင်ပြုလိုက်ရာက ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရသူ။ မိတ်ဆွေအကူအညီနဲ့ အိမ်တစ်အိမ်မှာ အိမ်အကူအလုပ်ရခဲ့ပြီးရွာမှာကျန်ခဲ့တဲ့မိသားစုကိုပြန်ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ရတ်နာအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အက်ရှ်ဝင်နဲ့ ရတ်နာတို့ကြား လောကဓံရဲ့ရိုက်ချက်တွေနဲ့ဘ၀ပေါ်ရှုမြင်ပုံတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TOMO ~ ALEX ~ Vတို့ပဲဖြစ်ပါတယ်)...
Peo-jeul (2018) ⭐IMDB: 5.3/10 (29 Votes) 🎬 #Crime #Mystery #Thriller 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 31 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Puzzle (2018) ************* Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ လက်ရှိပြသနေတဲ့ Good Partner, Korea-Khitan War စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသားကြီး Ji Seung Hyun က… အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Extraordinary Attorney Woo ထဲက Kang Ki Young ကလည်း support role အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း————- ဒိုဂျွန်းက အလုပ်အကိုင်ကောင်းနဲ့ ငွေကြေးနဲ့ မိသားစုဘဝ အရာအားလုံးပြည့်စုံနေသူလို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ အိမ်ထောင်ကွဲနေ အမျိုးသားတစ်ဦးဖြစ်ပါတယ်…. ကြိုးစားအလုပ်လုပ်ပြီးတော့ နိုင်ငံခြားမှာ နေထိုင်တဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးကိုထောက်ပံ့နေရသူပါ။ သံသယအရမ်းကြီးတဲ့ ဒိုဂျွန်းက လူတိုင်းကိုမယုံမကြည် မိန်းမကိုသဝန်တိုလွန်းလို့ အိမ်ထောင်ကွဲခဲ့ရပါတယ် သမီးဖြစ်သူရဲ့မွေ့းနေမှာ ကိုရီးယားပြန်လာမယ်လို့ ကတိပေးထားတဲ့ မိန်းမနဲ့ သမီးက ပြန်မလာတဲ့အခါ… ဒိုဂျွန်းတစ်ယောက် စိတ်လေပြီးတော့ မူးအောင်သောက်ရင်း ဆယ်ရွန်းဆိုတဲ့ ထူးဆန်းတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်။ ဆယ်ရွန်းနဲ့တွေ့တဲ့အချိန်က စပြီးတော့ ဂျောင်ဒိုဂျွန်းရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်… မထင်မှတ်ထားဘဲ သူဟာ လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့ရပြီးတော့ ဝရမ်းပြေးဖြစ်လာတယ်။ ဒါပေမဲ့ ဂျောင်ဒိုဂျွန်းကို အဲဒီလိုဖြစ်အောင်လို့ နောက်ကွယ်က စေခိုင်းသူရှိနေခဲ့ပါတယ်… အဲဒီလူက ဘယ်သူဖြစ်မလဲ… ဒီပဟေဠိကို ဒိုဂျွန်းတစ်ယောက် အဖြေရှာနိုင်ပါ့မလားဆိုတာ… ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး…. ၁၈+ ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုနှင့်အတူတကွကြည့်ရှုရန်မသင့်တော်ပါ။...
Allied (2016) ⭐IMDB: 7.1/10 (172 k Votes) 🎬 #Action #Drama #Romance #War #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #China #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Allied (2016) IMDb Rating (7.1) / Rotten Tomatoes (60%) မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီးမျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်…မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး…သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေသူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။...
Risen (2021) ⭐IMDB: 3.5/10 (3 k Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2021 🎞 movie 🌎 #Australia #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 UFO လို့ခေါ်တဲ့ပန်းကန်ပြားပျံကြီးနဲ့ပတ်သတ်ပြီးတော့ မတူညီတဲ့သီအိုရီတွေ အမြင်တွေရှိလာခဲ့ကြတာဟိုးအရင်ခေတ် တွေကတည်းက အခုထက်ထိပါပဲ။ဂြိုလ်သားတွေ ပန်းကန်ပြားပျံ တွေရှိတယ်လို့တပ်အပ်အတည်ပြုပြောနိုင်တဲ့သူမရှိသေးသလို မရှိဘူးလို့ပြောရအောင်လည်း ဟိုနားဒီနားလေးမှာ ပန်းကန်ပြားပျံ တွေမြင်ဖူးသလိုလို ဂြိုလ်သားတွေမြင်ဖူးသလိုလိုသတင်းတွေက မကြာမကြာပေါ်ထွက်လာတာကိုသတိထားမိကြမှာပါ။ အဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ရုပ်ရှင်တွေထွက်ခဲ့ဖူး တာလည်း မနည်းမနောပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေး ကလည်း ဂြိုလ်သားတွေရောက်လာရင် ကမ္ဘာကြီးကိုကျူးကျော်မှာ ဆိုတဲ့အတွေးတစ်ခုကို လှလှပပမျက်စိထဲမြင်သာအောင်ရိုက်ကူး ထားတဲ့ Risen ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ အေးချမ်းသာယာနေတဲ့ညနေခင်းလေးတစ်မှာ မြို့လေးတစ်မြို့ပေါ်ကို ဥက္ကာခဲလိုအရာကြီးကျလာခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီမြို့အတွက် ကံဆိုးတာကအဲ့ဒီဘာမှန်းမသိတဲ့အရာကြီးထဲကနေ အဆိပ်ငွေ့တွေထွက်လာပြီး အချိန်တစ်ခဏလေးအတွင်းမှာတင် တစ်မြို့လုံးကိုသေစေခဲ့ပါတော့တယ်။အဲ့ဒါကြောင့်အစိုးရက အဲ့ဒီ ကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက် အတော်ဆုံးဇီ၀ဗေဒပညာရှင် နှစ်ယောက်ကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့ လော်ရာလို့ခေါ်တဲ့အာကာသဇီ၀ဗေဒပညာရှင်ဖြစ်ပြီး အဲ့ဒီစစ်ဆေးမှုမှာ သူမထင်မှတ်ဘဲလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိ ဖြစ်လာပုံတွေကိုစိတ်ဝင်စားစရာအမြင်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။...
In the Shadows (2001) ⭐TMDB: 54% User Score 🎬 #Action #Drama #Thriller 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ hollywood stunt သမားတွေရဲ့ အလုပ်လုပ်ပုံနဲ့ သည်းထိတ်ရင်ဖိုမှုခင်းအကြောင်း ရောစပ်ပြီးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လိုက်ကတော့ Eric O’Bryne လို့ခေါ်တဲ့ ကြေးစားလူသတ်သမားဖြစ်ပြီးတော့ ဝါရင့် Hollywood stunt သမားတစ်ယောက်ကို လက်စားချေတဲ့အနေနဲ့ သတ်ဖို့ တာဝန်ရခဲ့ပါတယ်။ ဒါပေမဲ့ သတ်ဖို့ကြိုးစားရင်း stuntသမားနဲ့ ရင်းနှီးပြီး သူလိုချင်ခဲ့တဲ့ သာမာန်ဘဝကို ခဏတာ ပိုင်ဆိုင်ပြီးတဲ့နောက် တာဝန်ကျေအောင်လုပ်ဖို့ အချိန်ရောက်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြည့်ကြပါခင်ဗျာ...
The Rover (2014) ⭐IMDB: 6.4/10 (52 k Votes) 🎬 #Action #Crime #Drama #SciFi 🗓 2014 🎞 movie 🌎 #Australia #UnitedStates ⏰ 1 နာရီ 43 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Rover (2014) review The Rover ဟာ Western Film ဆန်ဆန် ရိုက်ကူးထားတဲ့ဩစတြေးလျ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ကမ္ဘာ့စီးပွားရေးပျက်ကပ်အပြီး ၁၀ နှစ်အကြာဩစတြေးလျရဲ့ လူအရောက်အပေါက်နည်းတဲ့ သဲကန္တာရဆန်ဆန်နေရာတစ်ခုကို အခြေတည်ထားပြီး အဓိကဇာတ်ဆောင်တွေအဖြစ်Guy Pearce နဲ့ Robert Pattinson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအနေနဲ့ ဩစတြေးလျရဲ့ ကြီးမားတဲ့တောဧရိယာတစ်ခုလုံးဟာစွန့်ပစ်နယ်မြေ ဖြစ်နေပြီး ဥပဒေမဲ့ ရမ်းကားမှုတွေ ကြီးစိုးနေပါတယ်။လုယက်မှုတစ်ခု မအောင်မြင်တဲ့နောက်မှာတော့ အာချီ၊ ကေလက်ဘ်နဲ့ ဟင်နရီကထွက်ပြေးခဲ့ပြီး ဟင်နရီ ရဲ့ ညီ ရေး (Robert Pattinson) ကိုဒဏ်ရာကြောင့်သေပြီလို့ ယူဆကာ ထားခဲ့ကြပါတယ်။ ရေးကို ထားခဲ့ရတဲ့အပေါ် အာချီ နဲ့ ဟင်နရီတို့ အချင်းများရာကနေ၃ ယောက်သားစီးလားတဲ့ ကားက လမ်းကနေတိမ်းချော်ပြီး အပျက်အစီးပုံထဲကို ဝင်တိုးခဲ့ပါတယ်။ကားကို ပြန်ဆွဲမထုတ်နိုင်တဲ့နောက် အာချီက လမ်းဘေးကတွေ့တဲ့ကားတစ်စီးကို သော့ဖျက်ပြီး ခိုးယူမောင်းနှင်သွားခဲ့ပါတယ်။ သူမသိတာကတော့ အဆိုပါကားကတစ်ကိုယ်တည်းသမား အဲရစ် (Guy Pearce) ရဲ့ ကားဖြစ်နေတာပါပဲ။အဲရစ်က သူတို့ရဲ့ကားကို ဆွဲထုတ်နိုင်ခဲ့ပြီးတော့နောက်ကနေ တောက်လျှောက်လိုက်လာခဲ့ပါတယ်။အတော်လေးအကြာမှာ ဟင်နရီက အဲရစ်ကို ကားရပ်ပြီး ဆင်းတွေ့ခဲ့ပါတယ်။အာချီက ထုံးစံအတိုင်း အာဝင်ချောင်တော့ အဲရစ်က လည်ပင်းထညှစ်တာ ခံရပါတယ်။ဟင်နရီလည်း အဲရစ်ကို သေနတ်ဒင်နဲ့မိတ်ဆက်ပေးပြီး လမ်းပေါ်မှာ တစ်ရေးသိပ်ခဲ့ပါတယ်။ အဲရစ်လည်း နိုးလာခဲ့ပြီးတော့ သူတို့ရဲ့ထရပ်ကားကြီးနဲ့ပဲကားပျောက်ရှာပုံတော်ဖွင့်ပါတော့တယ်။နေရာ တော်တော်များများကို ဝင်မေးပြီးတဲ့နောက်မှာဟင်နရီတို့သေပြီလို့ထင်ကာ ထားခဲ့တဲ့ ရေးနဲ့တွေ့ခဲ့ပါတယ်။ ရေးကလည်း သူတို့ကားကိုတွေ့တော့သူ့အစ်ကို ဟင်နရီအကြောင်းကို မေးသလို အဲရစ်ကလည်းရေးရဲ့အစ်ကို ဘယ်မှာလဲ အတင်းမေးမြန်းခဲ့ပါတယ်။ သေနတ်ဒဏ်ရာနဲ့ ပင်ပန်းမှုဒဏ်ကြောင့် မေ့လဲသွားတဲ့ ရေးကိုစတိုးဆိုင်ပိုင်ရှင်အကူအညီနဲ့ ဆရာဝန်တစ်ယောက် ရှိတဲ့ဆီကို ခရီးဆက်ခဲ့ပါတယ်။ရေးရဲ့ဒဏ်ရာကို ခွဲစိတ်အပြီးမှာတော့ဟင်နရီ ရှိနိုင်မယ့်နေရာကို ရေးကို သေနတ်နဲ့ချိန်ပြီး မေးပါတော့တယ်။ရေးက သူကိုယ်တိုင် လိုက်ပို့ပေးမယ်လို့ သိမ်းသွင်းကာရည်ရွယ်ချက်မတူတဲ့ လူနှစ်ယောက်ရဲ့ တူညီတဲ့ခရီးစဉ်ကို စတင်ပါတော့တယ်။ သူ့ရဲ့ကားနောက်ကို ရေကုန်ရေခမ်းလိုက်နေတဲ့ အဲရစ်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ….ရေးရဲ့ သူ့အစ်ကို ကို တွေ့ချင်စိတ်က သံယောဇဉ်လား လက်စားချေချင်စိတ်လား…တစ်ခရီးတည်းသွားကြမယ့် သူတို့နှစ်ယောက်ကရောရည်ရွယ်ချက်တွေ ပြည့်မြောက်နိုင်မလား ဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်ပါလာတော့တယ်။...
Daybreakers (2010) ⭐TMDB: 63% User Score 🎬 #Action #Horror #SciFi #Thriller #Fantasy #ScienceFiction 🗓 2010 🎞 movie 🌎 #Australia #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Daybreakers (2009) IMDB: 6.4 Rotten Tomatoes: 69% Metacritic: 57% Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှ ခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့် လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။ သွေးသောက်၊ အသက်ရှည်တာကလွဲရင် ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှ သွေးဟာလည်းရှားပါးလာပါတယ်။ အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက် ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်း လူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။ အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။ အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawke လိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoe မစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့က အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။...
One Night (2024) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 31 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 မှာအသစ်စက်စက်ထွက်ထားတဲ့ အင်ဒိုဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ညတစ်ညမှာ ကာလာဟာ ဘားတစ်ခုမှာတစ်ယောက်တည်းသောက်နေတယ်။ သူနဲ့မလှမ်းမကမ်းမှာ အမျိုးသားတစ်ယောက်က သူ့ကို ခိုးကြည့်နေတယ်။ ဒါကိုကာလာလည်းသတိထားမိတယ်။ အချိန်အနည်းငယ်ကြာတော့ အဲ့အမျိုးသားဟာ ဘေရှင်းပြီး ပြန်ဖို့လုပ်တယ်။ ဒါပေမယ့်သူ့ပိုက်ဆံအိတ်က ကားပေါ်မှာ ကျန်ခဲ့တဲ့အတွက် ဝိတ်တာနဲ့အချင်းများနေတယ်။ ဒီအခြေအနေကို မကြည့်ဝံ့တဲ့ ကာလာလည်း ထိုအမျိုးသား အတွက်ပိုက်ဆံရှင်းပေးပြီး နှစ်ယောက်သားဘားကနေ ထွက်လာလိုက်တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကာလာကို ကားပါကင်ဆီလိုက်ပို့ရင်းနှစ်ယောက်သား လမ်းလျှောက် ထွက်လာကြတယ်။ အပြန်အလှန်စကားပြောရင်းနဲ့ တစ်ည တာပဲ သိကျွမ်းခွင့်ရတဲ့အတွက် တစ်ယောက်အကြောင်း တစ်ယောက်သိအောင် ဘာလျှိုဝှက်ချက်မှ မထားဘဲအပွင့် လင်းဆုံး ရင်ဖွင့်ကြမယ်လို့ သဘောတူလိုက်ကြတဲ့အခါမှာတော့...
I Don't Like Younger Men 2 (2017) ⭐TMDB: 48% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [19+] I Don’t Like Younger Men 2 (2017) ************************************** ရှီဟျွန်းနဲ့ မင်ဂျောင်းဟာ တစ်အိမ်တည်းမှာ အတူတူနေတဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ်တစ်နေ့ကျတော့ မင်ဂျောင်းရဲ့အဖေဟာ မတွေ့ရတာ နှစ်၂၀ကျော်ကြာပြီမို့လို့မင်ဂျောင်းအိမ်ကိုသွားတဲ့အခါမှာမင်ဂျောင်းသူငယ်ချင်း ရှီဟျွန်းနဲ့တွေ့သွားပါတယ် …ရှီဟျွန်းကလည်း အသက်ငယ်ငယ်ယောကျာ်းလေးတွေကို သဘောမကျဘဲအဖေအရွယ်တွေကိုမှ သဘောကျတာမို့မင်ဂျောင်းအဖေနဲ့ရော ဘယ်လိုတွေ ဖြစ်သွားမလဲဘယ်လိုကြိုက်သွားကြမလဲဆိုတာကို ကြည့်ရှူရမှာပဲ ဖြစ်ပါတယ် …File Size : 2.31 GB, 779 MB Quality : 1080p,720p Format…mp4 Duration…01:38:48 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
Bride Wars (2009) ⭐TMDB: 62% User Score 🎬 #Comedy #Romance 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB: 5.5 Rotten Tomatoes: 10% Genre: Comedy/Romance ဇာတ်ကားကောင်းကြည့်ချင်တယ်ဆိုရင် Rating အပေါ်ကိုပဲမမှီခိုနဲ့ဆိုပြီးကြားဖူးတယ်။ တကယ်လည်း မှန်တယ်လို့ကျွန်တော်လက်ခံပါတယ်။ Bride Wars (2009) ကသက်သေပါပဲ။ တော်တော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသား၊ မင်းသမီးတွေကလည်း ပရိသတ်အချစ်တော်တွေမလို့ ကြည့်ရတာ တော်တော်လေးကိုတန်ပါတယ်။ ဇာတ်ညွှန်း သူငယ်ချင်းနှစ်ယောက် “အမ်မာ နဲ့ လစ်ဗ်” ဆိုပြီးရှိတယ်။ နှစ်ယောက်လုံးရဲ့ အိမ်မက်လည်း ဇွန်လထဲ ပလာဇာဟိုတယ်ကြီးမှာ မင်္ဂလာဆောင်ဖို့ အမ်မာရဲ့ကောင်လေးက လဖက်ချ်ချာ၊ လစ်ဗ်ရဲ့ကောင်လေးက ဒန်နီယယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသက်တမ်းကလည်း နှစ် ၂၀ တောင်ရှိနေပြီမလို့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို ဘာနဲ့မှဖျက်လို့မရခဲ့ပါဘူး။ ဒါကတော့ အထင်ပေါ့လေ။ ဒီလိုနဲ့ နှစ်ယောက်ဟာရှေ့ဆင့်နောက်ဆင့်ပဲ ကောင်လေးတွေရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုခံရပြီး မင်္ဂလာဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ဇွန်လထဲ ပလာဇာဟိုတယ်မှာပဲဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမယ့်လည်း ဇွန်လအတွက် ပွဲချိန် သုံးခုစာပဲကျန်ပါတော့တယ်။ ကံဇာတ်ဆရာ ရွဲ့တော့ နှစ်ယောက်ရဲ့ မင်္ဂလာပွဲက တိုက်တိုက်ဆိုင်ဆိုင် ရက်သွားတူနေပါတော့မယ်။ ကဲ အဲဒီမှာ အချစ်ဆုံးသူငယ်ချင်းကနေ၊ အမုန်းဆုံးသူငယ်ချင်းတွေ ဘယ်လိုများဖြစ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦး။ အမ်မာ အဖြစ်မင်းသမီး Anne Hathaway (မကြာနု) လစ်ဗ်အဖြစ် မင်းသမီး Kate Hudson ဒန်နီယယ်အဖြစ် မင်းသား Steve Howey ဖလက်ချ်ဂျာအဖြစ် မင်းသား Chris Pratt တို့က သရုပ်ဆောင်ထားပါတယ်။...
Love and Shukla (2017) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love and Shukla (2017)“ကြင်စဦးမောင်နှံ” ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါမိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာသူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ် ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် … သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက်တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ … ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရောဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ်...
