ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Cassandra (2025) ⭐IMDB: 6.6/10 (5 k Votes) 🎬 #Drama #SciFi #Fantasy #Horror #Thriller 🗓 2025 🎞 tv series 🌎 #Germany ⏰ 53 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Cassandra (2025)IMDB – 6.5/10 M3GAN တို့လိုမျိုး AI Based စက်ရုပ်တွေနဲ့ အခြေပြုတင်ဆက်ထားတဲ့ဂျာမန် Horror, Sci-fi စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဗျ။ Netflix က ထုတ်လုပ်ပေးထားပြီး အပိုင်း ၆ ပိုင်း ပါဝင်တဲ့ စီးရီးလေးတစ်ခုပါ။ Netflix မှာ Dark လိုမျိုး ဂျာမန်စီးရီး အောင်မြင်ထားတော့ ဒီကောင်လည်းသူ့ခြေရာမှီနိုင်မလား တစ်ချက် ကြည့်လိုက်ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့မိသားစုလေးတစ်ခု အိမ်အသစ်တစ်လုံးကို ပြောင်းလာတယ်။ မြို့ထဲမဟုတ်တဲ့အပြင် ချောင်ကျပြီး ဈေးသက်သာလို့လာနေရသလိုဆိုပေမဲ့ ကျယ်ကျယ်ဝန်းဝန်းပါပဲ။ ဒီမှာတင် အိမ်ထဲမှာ ထူးဆန်းတဲ့ တီဗီဖန်သားပြင်တွေ အနီရောင်စက်ရုပ်ကိုတီဗီခေါင်းလေးတွေ မြေအောက်ခန်းမှာ အကြီးစား ဆာဗာခန်းတွေ တွေ့ပြီးတစ်ခုခုတော့ ထူးဆန်းနေကြောင်း သိလိုက်ရပါတယ်။ ညကျ Cassandra လို့ ခေါ်တဲ့ အရင်ရှေးခတ်က AI မော်ဒယ်တစ်မျိုးဟာဘာကြောင့်ရယ်မသိ နိုးထလာပြီး ဒီ မိသားစုလေးကို အဖက်ဖက်ကနေကူညီဖေးမဖို့ တောင်းဆိုပါတော့တယ်။ ဒီလိုနဲ့ Cassandra ဆိုတဲ့ AI ဟာ ဒီ မိသားစုနဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊တကယ်သဘောရိုးနဲ့ ကူညီမှာလား၊ နောက်ကွယ်မှာတော့ Cassandra ဆိုတာကဘာဖြစ်နေမလဲ စသဖြင့် လျှို့ဝှက်ချက်တွေနဲ့ သည်းထိတ်ရင်ဖို ခံစားရမယ့် စီးရီးကောင်းလေး ဖြစ်ပါကြောင်း။
...

Honey Lemon Soda (2025) ⭐IMDB: 6.3/10 (322 Votes) 🎬 #Animation #Drama #Comedy #Romance 🗓 2025 🎞 tv series 🌎 #Japan ⏰ 23 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 MyAnimeList – 6.8/10 ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံရတာတွေ စိတ်ဒဏ်ရာတွေကြောင့် တစ်ခုခုဆိုရင် ဘာမှမပြောနိုင် မလုပ်နိုင် ကျောက်ရုပ်ကြီးလို ကျောက်ခဲတုံးကြီးလို ဖြစ်သွားလို့ “ကျောက်ခဲမ” ဆိုပြီး နာမည်ပြောင်တောင် ပေးခံထားရတဲ့ အရှက်အကြောက်အလွန်ကြီးတဲ့ Uka ဆိုတဲ့ ကောင်မလေး။ အမြဲတမ်း Lemon Soda ဖျော်ရည် သောက်နေတတ်ပြီး မတရားတာမြင်ရင် မနေနိုင် ဝင်ပါတတ်တဲ့ ဘုဂလန့်ပြောတတ်သူ ဆံပင်ရွှေရောင်နဲ့ Kai ဆိုတဲ့ ကျောင်းမှာနာမည်ကျော်တဲ့ကောင်လေး။ ဒီလို ကောင်မလေးနဲ့ ကောင်လေးတို့ဟာ အထက်တန်းကျောင်းမတိုင်ခင်ကတည်းက အဖြစ်အပျက်လေး တစ်ခုကြောင့် တွေ့ဆုံခဲ့ကြပြီး အထက်တန်းကျောင်းမှာလည်း အတန်းတူတူ ဖြစ်လာတဲ့အခါမှာတော့ Uka နဲ့ Kai တို့ကြား ဘယ်လို ဆက်ဆံရေးတွေ ဘယ်လိုသံယောဇဉ်လေးတွေ ဖြစ်ပေါ်လာမလဲဆိုတာ ကြည့်ရမယ့် Romance Anime လေးတစ်ခု ဖြစ်ပါတယ်။ ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ One Punch Man S2 အပါအဝင် တခြား နာမည်ကြီး Anime တချို့ကို ထုတ်ပေးထားတဲ့ J.C.Staff Studio ပဲ ဖြစ်ပါတယ်။ တခြား Isekai စွန့်စားခန်းတွေ အက်ရှင်တွေကို ရိုးအီနေလို့ အချစ်တစ်လိုင်း မြည်းစမ်းချင်တယ်ဆိုရင်တော့ စမ်းသပ်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါစေဗျာ
...

Ubel Blatt (2024) ⭐IMDB: 5.6/10 (305 Votes) 🎬 #Animation #Action #Adventure #Drama #SciFi #Fantasy 🗓 2024 🎞 tv series 🌎 #Japan #China ⏰ 24 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာကျ ဇာတ်လမ်းလည်းအဆင်ပြေမယ် Action တွေကလည်း သွေးထွက်သံယို ခြေပြတ်လက်ပြတ် ခါးပြတ်ခေါင်းပြတ်နဲ့ ကြမ်းပေ့ရမ်းပေ့ အသေကြုံးမယ့်ဆိုတဲ့ Dark Fantasy စွန့်စားခန်း အမျိုးအစား Anime လေး လာပြီဗျာ။ ဇာတ်တည်ထားတာက စိတ်ကူးယဉ်ကမ္ဘာပေါ့ အရိပ်နယ်မြေလို့ခေါ်တဲ့ Wischetech တိုင်းပြည်က နယ်စပ်ထိ လာကျူးကျော်မှာကို စိုးရိမ်လို့ အင်ပါယာကနေ သူရဲကောင်း ၁၄ ဖော်ကို စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ စစ်ပွဲအပြီးမှာ သတင်းထွက်လာတယ် ၃ ယောက် သေဆုံးတယ် ၄ ယောက်က သစ္စာဖောက်တယ်ဆိုပြီး ၇ ယောက်ပဲ ကျန်တော့တယ်။ အဲဒါတွေဖြစ်ပျက်ပြီး နှစ်ပေါင်း ၂၀ ကျော်မှာ သူရဲကောင်း ၇ ဖော် ယူဆောင်ပေးတဲ့ ရွှေခေတ်ရောက်နေပြီပေါ့။ နယ်စပ်မြို့လေးမှာ သူရဲကောင်းတွေ အုပ်ချုပ်တဲ့ ငြိမ်းချမ်းတဲ့ “တစ်ဖက်ကမ်း” ဆိုတာကို နယ်စပ်ဒေသက ဒုက္ခသည်တွေက သိပ်သွားချင်ကြတယ်။ ဒါပေမဲ့ သွားချင်တိုင်းသွားမရကြဘူး နယ်စပ်ကို အုပ်ချုပ်နေတာက နာမည်ခံ ဘုန်းတော်ကြီးတွေ ဟိုဖက်ကမ်း ကူးချင်ရင် လှူဒါန်းပါတယ်ဆိုပြီး လာဘ်ထိုးမှ ခရီးသွားလာခွင့် ရတာမျိုး။ ဒီတော့ MC ရယ် ကလေးမလေးတစ်ယောက်ရယ် ကိုယ်ပိုင်အကြောင်းပြချက်နဲ့ ဘဲကြီးတစ်ပွေရယ် သူတို့ ၃ ယောက်ကို မှောင်ခိုလုပ်ပေးမယ့် မိန်းမတစ်ယောက်ရယ် ၄ ယောက်သား စွန့်စားခန်းထွက်ရာကနေ MC က ဘာကောင်လဲ ဘာလို့ ဒီလို ရည်ရွယ်ချက် ရှိနေရတာလဲ အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ စသဖြင့်မေးခွန်းတွေနဲ့အတူ အလန်းစား ဖိုက်တင်ခန်းတွေနဲ့ တဖြည်းဖြည်း ပုံဖော်တင်ဆက်သွားမယ့် Anime အသစ်လေး ဖြစ်ပါတယ်။ Anime ကို ကြမ်းတယ်ဆိုပြီး Manga မှာ သွားစပ်စုကြည့်လိုက်တာတော့ ဆီနဲ့ရေလို ဖြစ်သွားတာတော့ ဘဝင်မကျမိဘူး။ Anime မှာ အိပ်ရာပေါ်ကအခန်းတွေ ဆင်ဆာကြောင့် နားလည်းပါးရိုက် ဖြုတ်ချခဲ့တာကို နားလည်ပေမဲ့ တချို့ Action ခန်းတွေ ကျန်ခဲ့တာကျ သိပ်မမိုက်ဘူးလို့ ယူဆမိပါတယ်။ ဒါပေမဲ့လည်း Anime အနေနဲ့ချည်းဆို တော်တော် Enjoy ဖြစ်စေမှာတော့ သေချာပါတယ်၊ အပတ်စဉ် အတူတူစောင့်ကြည့်ကြတာပေါ့ဗျာ။
...

Patience (2025) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Drama #Crime 🗓 2025 🎞 tv series 🌎 #UnitedKingdom #Germany #Belgium ⏰ 47 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Patience ( 2025 ) IMDb Rating (7.5) 2019ခုနှစ်ကထွက်ရှိခဲ့တဲ့ French-Belgian စုံထောက် series တစ်ပုဒ်ဖြစ်တဲ့ Astrid et Raphaëlle ( Astrid : Murder in Paris ) ကို English အမည် “ Patience “ ဆိုပြီး remake ပြန်လုပ်ထားတာပဲဖြစ်ပါတယ်။ Patience Evans ဟာ အော်တစ်ဇင် ရောဂါဝေဒနာ ခံစားနေရသူဖြစ်သော်ငြားလည်း ဉာဏ်စမ်းပဟေဠိတွေဖြေရှင်းရတာကို သဘောကျတဲ့ ကပ်သီးကပ်သပ်ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလို အဖေဖြစ်သူရဲ့သင်ကြားပေးမှုကြောင့်ရော ကိုယ်ကိုကိုယ်တိုင်ကလည်း ဉာဏ်ပြေးတဲ့အတွက်ကြောင့် ပြစ်မှုဗေဒ နယ်ပယ်မှာလည်း ငယ်ငယ်ကတည်းက ကျွမ်းကျင်လာခဲ့သူဖြစ်ပါတယ်။ Patienecရဲ့ စွမ်းရည်တွေကို သတိထားမိသွားပြီး သဘောကျသွားတဲ့ စုံထောက် Bea MetCalf ဟာ သူမကို သူ့ရဲ့အမှုစုံစမ်းရေးအဖွဲထဲမှာ ခေါ်ယူခဲ့ပြီး နှစ်ယောက်သား ပါတနာကျကျ ထူးဆန်းတဲ့အမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို chemistry မိမိ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ IMDB’s users reviewsတွေအရတော့ original version က အပိုင်းလေးဆယ်ကျော်ထိရှိတဲ့အတွက်ကြောင့် 6 ပိုင်းပဲ ရှိတဲ့ remake versionထက်စာရင် ပိုပြည့်စုံတယ်ပြောကြသလို orginal ကိုမမှီပေမယ့်လည်း eng versionမှာ ပါဝင်သူ အကုန်လုံး chemistry မိမိ နဲ့ ပုံဖော်သွားနိုင်တယ်စသဖြင့် reviewပေါင်းစုံရှိသော်ငြားလည်း Patience နဲ့ Metcalfတို့ကြားက chemistry physics တို့ကို ကြည့်ရတာနဲ့တင် တန်‌ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)
...

Wild Cards (2024) ⭐IMDB: 7.1/10 (3 k Votes) 🎬 #Drama #Comedy #Mystery #Crime 🗓 2024 🎞 tv series 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 44 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Wild Cards (2024) IMDb (7.0/ 10) ဒီစီးရီးလေးက ဇန်နဝါရီ ၂၀၂၄ မှာထွက်ရှိထားတဲ့ ရာဇဝတ်မှုဖြေရှင်းတဲ့ စီးရီးလေးပဲ ဖြစ်ပါတယ်။ Max Mitchell အဖြစ် အဓီကဇာတ်ဆောင်မင်းသမီးချောလေး Vanessa Morgan ကသရုပ်ဆောင်ထားပြီး Cole Ellis အဖြစ် စူပါမန်းမင်းသား ဟင်နရီကာဗယ်နဲ့ဆင်တဲ့မင်းသားချော Giacomo Gianniotti ကပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ပူးပေါင်းပြီး သာမန်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီးပါးနပ်တဲ့နည်းလမ်းတွေနဲ့ အမှုဖြေရှင်းတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာပါ။လက်ရှိအချိန်ထိ Season နှစ်ခုထွက်ရှိထားပြီး ပထမ Season မှာတင်Review ကောင်းတွေများစွာ ရရှိထားပါတယ်။အထူးသဖြင့် ပရိတ်သတ်တွေကသူတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီမှုကို ချီးကျူးထားကြပါတယ်။ ဇာတ်လမ်းမှာတော့ မင်းသမီးမက်စ်က ရဲမဟုတ်ပေမဲ့လည်းအသေးအဖွဲကစ တစ်ခုခုမှားနေရင် တန်းရိပ်မိနိုင်စွမ်းရှိပြီးမင်းသားအက်လစ်ကတော့ ဇွဲကောင်းပြီးသမားရိုကျနည်းအတိုင်းပဲ လုပ်တတ်တဲ့ ရဲအရာရှိဖြစ်ပါ။ အက်လစ်က သူအရင်ကလိုက်ခဲ့တဲ့အမှုမှာ ဂွင်ဆင်ခံရလို့ရာထူးက ချထားခံရတာကြောင့် အမှုလိုက်တဲ့ရဲအဖြစ်ကနေပင်လယ်ပိုင်ရဲအဖြစ်ပြောင်းလုပ်နေရတယ်။ အဲဒီအချိန်မှာပဲ မက်စ်က အိမ်တစ်အိမ်ကိုအိမ်အကူအဖြစ်အယောင်ဆောင်ရင်း ဝင်ခိုးဖို့လုပ်နေတာပါ။ဝင်ခိုးတာ မအောင်မြင်သွားလို့ အဖမ်းခံရတဲ့အချိန်မှာပဲအက်လစ်နဲ့ ဆုံစည်းခဲ့ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က အက်လစ်တို့ဌာနမှာ မီလီယမ်ချီတန်ဖိုးရှိတဲ့ကြွေပြားစေ့အခိုးခံရတဲ့အမှုကို ဆွေးနွေးနေကြတယ်။ဝါရင့်ရဲအရာရှိကြီးတွေ‌ အဖြေရှာဖို့ စတင်ဆွေးနွေးနေစဉ်မှာပဲဒါကို အစအဆုံးကြားလိုက်ရတဲ့ မက်စ်ကတော့ပါးနပ်သူပီပီ ဖြစ်နိုင်ခြေတွေအားလုံးကိုတွက်ဆထားပြီးပြီ ဖြစ်တယ်။ ဒီအကြောင်းတွေကို အက်လစ်ကို ပြန်ပြောပြတဲ့အချိန်မှာတော့ မက်စ်ကိုဆက်ဖမ်းမထားတော့ဘဲ အမှုကို သူနဲ့ အတူဖြေရှင်းဖို့အခွင့်အရေးပေးလိုက်ပါတော့တယ်။ ဒါပေမဲ့ မက်စ်က ဒီအခွင့်အရေးကို အသုံးချပြီး သူလွတ်ဖို့အတွက်ပဲ အသုံးချသွားမလား၊အမှုကိုပဲကူညီဖြေရှင်းပေးသွားမလား ဆိုတာကိုတော့ဒီစီးရီးလေးကို ကြည့်ရှုရင်းသာ အဖြေရှာလိုက်ကြရအောင်။
...

Paradise (2025) ⭐IMDB: 7.9/10 (9 k Votes) 🎬 #Drama #Crime #Action #Thriller 🗓 2025 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 52 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ၂၀၂၅ခုနှစ်အသစ်စက်စက်ထွက် စောင့်ကြည့်သင့်တဲ့ စီးရီးလေးတစ်ခုလာပါပြီ။ ဇာတ်လမ်းက ထုံးစံအတိုင်းလူသတ်မှုကို စုံစမ်းကြမယ့်ကားလေးပါ။သေဆုံးသူက အမေရိကန်သမ္မတ သူ့ရဲ့စံအိမ်မှာ ဘယ်သူမှမသိလိုက်ဘဲလုပ်ကြံခံရပြီး သူ့ရဲ့ဘော်ဒီဂတ်ခေါင်းဆောင် အေးဂျင့်ကောလင်းစ်ကစုံစမ်းမှုတွေ လုပ်သွားမှာပါ။ ဇာတ်လမ်းအများစုမှာ သက်တော်စောင့်တွေရဲ့ role ကို ကျော်သွားပေမဲ့ဒီစီးရီးမှာတော့ သူတို့ကို အပြောင်းအလဲအနေနဲ့ အဓိကထားရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်း သမ္မတအိမ်တော်ကို စောင့်ကြပ်နေတဲ့ လုံခြုံရေးခေါင်းဆောင်ကောလင်းစ်ဟာ မနက်ခင်း ၈နာရီ သူအလုပ်ဆင်းတဲ့အချိန်သမ္မတက ပုံမှန်နိုးချိန်ထက်နောက်ကျတဲ့ထိ အိပ်ခန်းထဲက ထွက်မလာသေးလို့ဝင်ကြည့်ရာကနေ သွေးအိုင်တဲ့ လဲကျသေဆုံးနေတဲ့သမ္မတကိုမြင်တွေ့ခဲ့ပြီး သူအလုပ်စမဝင်ခင် သမ္မတကိုယ်တိုင်သူ့ကိုအင်တာဗျူးခဲ့တဲ့ မှတ်ဉာဏ်ဟောင်းလေး ပြန်ပေါ်လာပါတယ်။ စဝင်ကတည်းက ပွင့်လင်းပျော်ပါးတတ်တဲ့သမ္မတနဲ့ စကားစမြည်ပြောကြရင်းခင်မင်ကြတယ်ဆိုပေမဲ့ ကိစ္စတစ်ခုကြောင့် သက်တော်စောင့် ကောလင်းစ်ကသမ္မတကို သေစေချင်လောက်တဲ့ထိ ဖြစ်သွားခဲ့ပါတယ်။ ဆိုတော့ လူသတ်သမားက ကောလင်းစ်လား ဘာကိစ္စတွေဖြစ်ခဲ့တာလဲကျန်ရှိနေသေးတဲ့ဇာတ်ကြောင်းတွေအများကြီးကို ဆက်လက်အဖြေထုတ်ရှုစားရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
...

Modern Family (2009) ⭐TMDB: 79% User Score 🎬 #Comedy 🗓 2009 🎞 Series 🌎 #UnitedStatesofAmerica ⏰ 22 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Modern Family S01 (2009)*************************အပိုင်းသစ် (၈+၉+၁၀) The Big Bang Theory တို့ Young Sheldon တို့ The Office တို့ဆိုတဲ့ နာမည်ကြီးဟာသရှိုးတွေကို Sitcom လို့ခေါ်ကြပါတယ်။ တီဗီမှာပြသတဲ့ဟာသရှိုးတွေဖြစ်ပြီး ဟာသရုပ်ရှင်ကားတွေနဲ့မတူဘဲ တစ်မူထူးခြားရယ်ရပြီး စိတ်ဝင်စားစရာကောင်းတဲ့ရှိုးမျိုးတွေပါ။ အခုလည်း ၂၀၀၉ ခုနှစ်ကနေ၂၀၂၀ ခုနှစ်အထိထုတ်လွှင့်ခဲ့တဲ့ Sitcom ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Modern Family ဖြစ်ပြီး IMDb Rating 8.5 အထိရရှိထားတဲ့အတွက်ကြည့်မကောင်းမှာ စိတ်ပူစရာမလိုပါဘူး။ Season 11 ခုထွက်ရှိထားပြီး စုစုပေါင်းအပိုင်း ၂၅၀ ရှိတဲ့အတွက်Sitcom ကြိုက်တဲ့ လူတွေအတွက်တော့ ရွေးချယ်ကြည့်ရှုစရာ Sitcom ရှိုးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ နာမည်က Modern Family ဆိုတဲ့အတိုင်း ဒီ Sitcom က မိသားစုအကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ အဓိကအနေနဲ့ မိသားစု ၃ ခုပါဝင်ပြီး အဲ့ဒီမိသားစု ၃ ခုပေါင်းလိုက်ရင် ခေတ်မှီမိသားစုဖြစ်သွားတယ်ဆိုတဲ့သဘောနဲ့ ဒီလိုနာမည်ပေးထားတာဖြစ်ပါတယ်။ မိသားစုတစ်ခုချင်းစီတိုင်းမှာ စိတ်ဝင်စားစရာအကြောင်းအရာတွေ နေ့စဉ်လှုပ်ရှားမှုပုံစံတွေ တွေ့ကြုံရတဲ့အခက်အခဲတွေအမျိုးမျိုးအဖုံဖုံရှိပြီး မိသားစု ၃ ခုဆိုတော့ပိုလို့တောင် ဇာတ်အိမ်ကြီးက ကျယ်ပြန့်သွားပြီးကြည့်ကောင်းတဲ့ ရေရှည်ရပ်တည်နိုင်ခဲ့တဲ့ရှိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ ပထမမိသားစုကတော့ ဖေးလ်နဲ့ကလယ်ရာတို့မိသားစုဖြစ်ပြီး သူတို့မှာကလေး ၃ ယောက်ရှိပါတယ်။ကလေး ၃ ယောက်ဆိုတာများတဲ့ထဲမှာ ပါတဲ့အတွက် ခေတ်ဆန်ဆန်အဖေနဲ့ အရမ်းစိုးရိမ်တတ်တဲ့အမေနဲ့တွေ့တဲ့အခါမှာတော့ မိသားစုထဲမှာမရိုးနိုင်တဲ့ ဟာသဆန်ဆန်ဖြစ်ရပ်လေးတွေကို တွေ့မြင်ရမှာပါ။ ဒုတိယမိသားစုကတော့ မစ်ချဲနဲ့ကမ်မရွန်ဆိုတဲ့ လိင်တူချစ်သူနှစ်ယောက်ရဲ့ မိသားစုဖြစ်ပြီး မကြာသေးခင်ကဗီယက်နမ်က ကလေးမလေးတစ်ယောက်ကိုမွေးစားထားတာဖြစ်ပါတယ်။ သူတို့လည်း ဂေးမိသားစုဖြစ်တဲ့အထိုက်အလျောက် ပတ်ဝန်းကျင် မိသားစုရဲ့ဝေဖန်မှုအခက်အခဲတွေကိုကြုံတွေ့ရတာပါပဲ။ တတိယမိသားစုကတော့ ကလယ်ရာနဲ့မစ်ချဲတို့ရဲ့ အဖေဖြစ်သူဂျေးနဲ့မိထွေးဂလော်ရီယာတို့မိသားစုဖြစ်ပြီးဂျေးလည်း အသက်ကြီးမှနောက်အိမ်ထောင်ပြုရတဲ့အတွက် မယားပါသားနဲ့တိုင်တွေပတ်တာတွေ ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်ပြောဆိုမှုတွေကို ခံရတဲ့ အခက်အခဲတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေကို ဒီမိသားစုတွေ ဘယ်လိုကျော်လွန်ပြီး ပျော်ရွှင်ရတဲ့ရှိုးပွဲလေးတစ်ခုဖြစ်လာအောင်ဘယ်လိုပုံဖော်သွားမယ်ဆိုတာကိုပြသထားတဲ့ ရှည်လျားတဲ့ခရီးစဉ်ကြီးကိုတော့ စိတ်ဝင်စားသူတွေကိုယ်တိုင်စီးနင်းလိုက်ပါရှုစားဖို့ပဲ ညွန်းပေးလိုက်ချင်ပါတယ်။ (အညွှန်းကိုSaw Layမှ ရေးသားပေးထားပါတယ်)
...

Love You to Death (2025) ⭐IMDB: 6.4/10 (84 Votes) 🎬 #Comedy #Drama #Romance 🗓 2025 🎞 tv series 🌎 #Spain ⏰ 41 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Season 1 အပိုင်းသစ် ( ၁ , ၂ ) စပိန် Romance, Comedy စီးရီး Love You To Death ကတော့ Apple TV+ ကပြသနေတဲ့ဟာသစီးရီးသစ်တစ်ခုဖြစ်ပါတယ်။ ခေါင်းလေးနည်းနည်းမူးလို့ ဆရာဝန်သွားပြတဲ့ရာအူးလ်တစ်ယောက် သူ့မှာနှလုံးကင်ဆာဖြစ်နေတာကိုသိလိုက်ရပြီး သုံးပတ်အတွင်း ခွဲစိတ်မှုလုပ်ရင်တောင် အသက်ရှင်နိုင်ခြေက ၃၀ ရာခိုင်နှုန်းပဲရှိပါ တော့တယ်။ ဒီလိုအခြေအနေမှာ ရည်းစားကပါပစ်သွားတာခံလိုက်ရတဲ့ရာအူးလ်ဟာ အသေတတ်ဖို့အတွက်သာပြင်ဆင်နေခဲ့ရင်း စျာပနခန်းမတစ်ခုမှာ ကျောင်းနေဖက်သူငယ်ချင်းမာတာနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ မာတာဟာ လုပ်ငန်းခွင်မှာလူတော်တစ်ယောက်ဖြစ်ပေမယ့် ဘဝကို ပေါ့ပေါ့တန်တန်တွေးပြီး ရည်းစားတွေအများကြီးနဲ့ပျော်သလိုသာ နေတတ်သူပါ။ တစ်ရက်မှာတော့ ညီမဖြစ်သူရဲ့ကလေးကြိုဆိုပွဲသွားရင်း သူ့မှာကိုယ်ဝန်ရှိနေတာကို မထင်မှတ်ဘဲသိလိုက်ရပါတယ်။ သူ့စရိုက်နဲ့ကလေးတစ်ယောက်ကိုတာဝန်ယူဖို့မဖြစ်နိုင်တာကြောင့် မာတာဟာ ကလေးကိုဖျက်ချမယ်လို့ဆုံးဖြတ်ထားတုန်းမှာပဲ ရာအူးလ်နဲ့တွေ့ဆုံခဲ့တာပါ။ ရာအူးလ်နဲ့မာတာဟာ ခဏတာသာယာမှု အတွက် ချိန်းတွေ့ကြည့်ခဲ့ကြပေမယ့် တစ်ယောက်ဆီမှာတစ်ယောက် တစ်ဘဝစာလေးနက်မှုတွေရှာတွေ့ကြပုံကို ဟာသနှောကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File Size –698MB  / 316MB Quality –WEB-DL 1080p HEVC / 720p Episodes –  7 Eps Duration –  39 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre :   Drama , Comedy , Romance Translator – July Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p)   >>Usersdrive/YoteShin/gdtot/Megaup Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p)   >>Usersdrive/YoteShin/gdtot/Megaup (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)
...

Common Side Effects (2024) ⭐IMDB: 8.6/10 (1 k Votes) 🎬 #Comedy #Animation #Drama #Thriller 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ လက်တွေ့ဘဝမှာ ကြုံတွေ့နေရတာကို အမှန်တကယ်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်…… ရောဂါ ထူပြောလှတဲ့ ကမ္ဘာကြီးမှာ ဆေးဝါးတွေကလည်း များပြားလို့နေပါတယ်……ဒါပေမဲ့ ရောဂါအရှင်းပျောက်စေတဲ့ ဆေးဝါးမျိုးကတော့ အင်မတန်ကို ရှားပါးလှပါတယ်…..ဘာကြောင့်များပါလဲ…. တကယ်တော့ ရောဂါထူပြောနေမှကို ချမ်းသာကြွယ်ဝမဲ့သူတွေက ဒုနဲ့ဒေး ရှိနေလို့ပါ……ရောဂါကို ရေရှည်စွဲကုပြီး သူတို့ထုတ်တဲ့ ဆေးဝါးကို သေတပန်သက်တဆုံး မီဝဲသွားစေချင်တဲ့သူတွေကြောင့် ဒီလို ရောဂါအရှင်းပျောက်မဲ့ ဆေးဝါးတွေပေါ်လာဖို့ဆိုတာ အလှမ်းဝေးနေပါသေးတယ်….. ဒီကားလေးထဲမှာတော့ အဲဒီလို ဆေးကုမ္ပဏီတွေကို ဆန့်ကျင်နေတဲ့ လူတစ်ယောက်က ရောဂါအားလုံးနီးပါးပျောက်စေတဲ့ မှိုတစ်မျိုးကို ရှာတွေ့သွားခဲ့ပါတယ်…..အဲဒီလို ရှာတွေ့သွားတာကို ဆေးဝါးကုမ္ပဏီတွေဘက်က ဘယ်လိုလိုက်လံတားဆီးမလဲ….သူကရော ဘယ်လိုကျော်လွှားမလဲဆိုတာမျိုး ကြည့်ရှုရမှာပဲဖြစ်ပါတယ်
...

Family Guy (1999) ⭐TMDB: 74% User Score 🎬 #Animation #Comedy 🗓 1999 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Family Guy ကိုတော့ မသိတဲ့လူမရှိလောက်ဘူးထင်ပါတယ်။ အကုန်လုံးမကြည့်ဖူးကြရင်တောင်မှ Reels တွေမှာ Clips တွေမှာ မြင်ဖူးကြမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ဖြစ်တဲ့ Seth MacFarlane ရဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Reference တွေ၊ Rac!st Jokes တွေ၊ S*xual Jokes တွေတစ်ပုံတစ်ပင်နဲ့ Random Bullsh!t Go! ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ တော်တော်လေးရယ်ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်သလို တော်တော်လေးလည်း ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ “မင်းက ဒါကို စော်ကားတယ်လို့မြင်တယ် ငါကတော့ ဟာသတစ်ခုလို့ပဲမြင်တယ်။” ဒီဇာတ်လမ်းတွဲကိုကြည့်မယ်ဆိုရင်တော့ အပေါ်ကလူလိုမကြည့်ပါနဲ့၊ အောက်ကလူလိုကြည့်ပါ။ ဘာလို့လည်းဆိုတော့ လူဖြူလူမည်း၊ အာရှ ဥရောပ၊ Straight/Gay မခွဲခြားပဲအားလုံးကို ဟာသလုပ်ထားတာကြောင့်မလို့ပါ။ တစ်ချို့သောဟာသများက ချက်ခြင်းရယ်ရမှာဖြစ်ပြီး၊ တချို့သော ဟာသတွေကတော့ တွေးကြည့်လေရယ်ရလေဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Seth MacFarlane ဟာ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးရုံ၊ ထုတ်လုပ်ရုံ၊ ဇာတ်ညွှန်းရေးရုံတင်မကပဲ PeterQuagmireStewieBrian စသဖြင့် ဇာတ်ကောင်တော်တော်များများရဲ့ အသံကိုလည်း ဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲမလို့ ဘဝအမောတွေပြေအောင်ကြည့်လိုက်ကြပါ။ ကျွန်တော်ပြောတဲ့အပေါ်ကလူလိုမျိုးကြည့်ရင်တော့ ဘဝအမောတွေပါစို့သွားမှာဖြစ်လို့ မကြည့်ခင် ကိုယ်ဘယ်လိုလူလဲ သုံးသပ်ပြီးမှကြည့်ပါလို့ အကြံပေးပါတယ်ခင်ဗျာ။
...

Beheneko: The Elf-Girl's Cat is Secretly an S-Ranked Monster! (2024) ⭐IMDB: 5.6/10 (205 Votes) 🎬 #Animation #Action #Adventure #Comedy #SciFi #Fantasy 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 (ဦးဆုံး သတိပေးချင်တာကတော့ R-Rated Ecchi အမျိုးအစားလည်း ပါဝင်တဲ့အတွက် Waifu လေးများရဲ့ Oppai တွေနဲ့ ကောက်ကြောင်းအလှများကို ပွင့်လင်းစွာ တင်ဆက်ထားမှုကြောင့် မိသားစု၊ ကလေးသူငယ်များနဲ့ ကြည့်ရှုရန်အဆင်မပြေပါကြောင်း) နောက်ထပ် Isekai တစ်ကားလာပါပြီ၊ ထူးခြားတာ ဒီကောင်ကျ လူ့ပြည်ကနေသေပြီး Isekai ရောက်တာမဟုတ်ပါဘူး၊ Isekai မှာပဲ သေပြီး ချက်ချင်း လူဝင်စားအဖြစ်နဲ့ S-Rank ရှိတဲ့ Behemoth ဆိုတဲ့ Monster အဖြစ် ဝင်စားတာပါ။ ဒါပေမဲ့လည်း ပုံသဏ္ဍာန်ကျ Behemoth ဆန်ဆန် ဖြစ်မနေပဲ ကြောင်ပေါက်လေးသာသာပဲ ဖြစ်နေပါတယ်။ ဟုတ်ပါတယ် MC က ကြောင်ပေါက်လေးပါ။ ဝင်္ကပါ Dungeon ထဲမှာ သေတော့မလို ဖြစ်နေတုန်း ဧရာမပေါက်ဆီနဲ့ စွန့်စားသူ အချောအလှ Elf မလေးက ကယ်တင်ပြီး မွေးစားခဲ့ပါတယ်။ MC အတွက်တော့ အကိတ်မလေးနဲ့ အတူတူနေရတယ် ပြုစုဂရုစိုက်တာခံရတယ် အသက်ကယ်ပေးတဲ့အတွက် သူလေးကိုပဲ တသက်လုံး ကာကွယ်စောင့်ရှောက်သွားတော့မယ်ဆိုပြီး သစ္စာကျိန်ဆိုကာ တခြားအလန်းစား စကီလေးတွေတသိုက်နဲ့ တူတူ စွန့်စားခန်းတွေ ဘယ်လိုထွက်ကြမလဲဆိုတာ သွားရည်တမြမြနဲ့ စိတ်ဝင်စားစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သူက S-Rank ရှိတဲ့ Monster ဆိုတာကို ပိုင်ရှင် Elf မလေး မသိအောင် ကြောင်ဘဝလေးနဲ့နေရင်း ဘယ်လိုတွေ စခန်းသွားကြမလဲ တခြား Oppai ဆိုဒ်မျိုးစုံရှိတဲ့ ကောင်မလေးတသိုက်နဲ့ စွန့်စားခန်းတွေဘယ်လို ထွက်ကြမလဲဆိုတာတော့ တစ်ရှူးလေးဆောင်ထားကြရင်း အားပေးလိုက်ကြပါဦးလို့
...

The Venice Murders (2023) ⭐IMDB: 4.3/10 (171 Votes) 🎬 #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 26 မိနစ် 46 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Venice Murders (2024) The Venice Murders ဆိုတဲ့ ခေါင်းစဉ်အတိုင်း အတိုင်း ဒီဇာတ်လမ်းရဲ့ ဇာတ်အိတ်ကို ဗင်းနစ်မှုက လူသတ်သမားတွေရဲ့ လူသတ်မှုအကြောင်း ဇာတ်အိမ်တည်ထားတာပါ။ တစ်နေ့မှာ စီလီယာလို့ခေါ်တဲ့ အမေရိကန်သူဟာလေး ဝင်ငွေကောင်းတဲ့အလုပ်ကို လုပ်နေလျက်နဲ့ ကျောင်းဆက်တက်ချင်လို့ ရှိသမျှစုငွေတွေအားလုံးနီးပါးကိုရင်းပြီး အီတလီမှာယဉ်ကျေးမှုအနုပညာဘာသာကို သင်ဖို့ အီတလီနိုင်ငံဗီးနစ်မြို့ကိုလာခဲ့ပါတယ်။ လာလာချင်းဖို့ ကံအားသင့်လျော်စွာနဲ့ သူတက်မယ့်ကျောင်းကနေပြီးတော့ သူ့ကိုလာကြိုပေးဖို့ မက်တီယိုဆိုတဲ့ကိုယ်စားလှယ်တစ်ယောက်ကို လွှတ်ပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ ဒီကိုယ်စားလှယ်ဆိုတဲ့သူကို သူ့ရဲ့အခန်ဖော်ဖြစ်တဲ့ အီဗီကလည်း သိနေခဲ့ပါတယ်။ ဒီလိုနဲ့ မက်တီယိုနဲ့သိကြတဲ့ သူငယ်ချင်းနှစ်ယောက် တစ်ညမှာ ညစာအတူသွားစားခဲ့ကြပါတယ်။ ဒါပေမဲ့ ညစာစားအပြီး အီဗီကအရင်ပြန်သွားခဲ့ပါတယ်။ အီဗီ့ကိုစိုးရိမ်တကြီးနဲ့ အီဗီနောက်ကနေလိုက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း အီဗီဟာအစမရှိအောင်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့နောက်နေ့မနက်လည်း ကျောင်းဆောင်ကို အီဗီတစ်ယောက်ပြန်မရောက်လာတဲ့အခါမှာတော့ စီလီယာဟာ ရရာနည်းမျိုးစုံသုံးပြီး သူ့သူငယ်ချင်းကိုကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Markဖြစ်ပါတယ်။)
...

Downfall (2004) ⭐TMDB: 79% User Score 🎬 #Biography #Drama #History #War 🗓 2004 🎞 movie 🌎 #Austria #Germany #Italy ⏰ 2 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 IMDb (8.2)…Rotten Tomatoes (91%)…Metacritic (82%) ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ ” Downfall”မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့…….။ ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ Director: Oliver HirschbiegelMain actors: Bruno Ganz, Alexandra Maria Lara, Ulrich Matthes (အညွှန်းကို Momolay မှကူးယူဖော်ပြပါသည်။)
...

Fenglou Chronicles: Tale of the Spirit Fox (2025) ⭐TMDB: 80% User Score 🎬 #Fantasy #Romance 🗓 2025 🎞 tv movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ရှန်းရှာနတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်2025 ထွက် ရုပ်ရှင်အသစ်စက်စက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ – လွန်ခဲ့တဲ့ ၁၈ နှစ်က လူသားမိန်းကလေး ဟန်ရှို့ရဲ့ မိသားစုဟာ အမှားတစ်ခုကြောင့်တစ်မိသားစုလုံး အသတ်ခံခဲ့ရပါတယ်။ သူတို့မိသားစုကို သတ်သွားသူကတော့မြေခွေးနတ်ဖြစ်သူ ဟူဖုန့်လုံပဲ ဖြစ်ပါတယ်။ ၁၈ နှစ်ကြာတဲ့အခါမှာ ဟန်ရှို့ဟာ ဟူဖုန့်လုံကို ကလဲ့စားချေဖို့အတွက်လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြေခွေးမျိုးနွယ် အတွင်းပိုင်းက ပဋိပက္ခတွေနဲ့ကြုံတွေ့ခဲ့ရပြီး ဖုန့်လုံရဲ့အဘိုး မြေခွေးမျိုးနွယ်အကြီးအကဲဖြစ်သူကဂျပန်က နတ်ဆရာတစ်ဦးနဲ့ ပူးပေါင်းပြီး မြေခွေးမျိုးနွယ် ခေါင်းဆောင်နေရာကို လုဖို့ ကြံစည်နေပါတယ်။ မထင်ထားဘဲ မျိုးနွယ်ခြား မကောင်းဆိုးဝါးတွေဟာ သူတို့နယ်မြေကိုရောက်တာနဲ့ပြည်သူတွေရဲ့ အသက်နဲ့ အစွမ်းအားတွေကို စုပ်ယူသတ်ဖြတ်ပါတော့တယ်။ပြည်သူတွေကို ကယ်တင်ဖို့အတွက် မြေခွေးမျိုးနွယ်က ဘယ်လိုစီစဉ်ကြမလဲ……ကလဲ့စားချေချင်တဲ့ ဟန်ရှို့တစ်ယောက်ရော ကလဲ့စားချေနိုင်ပါ့မလား……အန္တရာယ်ရှိမှန်းသိသိနဲ့ ဟန်ရှို့ကို အနားခေါ်ထားတဲ့ ဟူဖုန့်လုံကရော ဘာအတွက်ကြောင့်လဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Offworld: Alien Planet (2024) ⭐IMDB: 3.6/10 (108 Votes) 🎬 #Drama #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Offworld : Alien Planet (2024) ဒီဇာတ်လမ်းလေးကတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းသလို လူတွေရဲ့စိတ်အနေထားတွေကိုပါ ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတာမျိူးပါ။ ကမ္ဘာကြီးကပျက်စီးနေပြီ လူသားတွေအသက်ရှင်နေထိုင်ဖို့အာကာသကို နယ်ချဲ့ပြီး နယ်မြေသစ်ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ ခရီးသည်တွေကိုရေခဲခဲပြီး ဂြိုလ်တစ်ခုပေါ်အသွားမှာ အာကာသယျာဉ်ပျက်ကျပါတော့တယ်။ ဒီလိုနဲ့ ကွန်မန်ဒါတစ်ယောက် သူ့ရဲ့အဖွဲ့သားတွေရော ခရီးသည်တွေကိုပါကယ်တင်ဖို့ကြိုးစားရင်းနဲ့ အသက်ရှင်သန်ရပါတော့တယ်။ ပျက်ကျသွားတဲ့ဂြိုလ်ပေါ်မှာ လူတွေကသေပြီးရင် ဇွန်ဘီလိုလိုတွေပြောင်းကုန်တာကြောင့် ဘယ်လိုအခက်ခဲတွေကြုံရမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ အရမ်းကိုအားထည့်ထားတဲ့ရုပ်ရှင်မဟုတ်ပဲ cgiတွေကလည်း သိပ်တော့မကောင်းပေမဲ့ သူ့ရဲ့ပေးချင်တဲ့အဓိပ္ပာယ်ကိုတော့ သေချာထိမိနေအောင်ပေးနိုင်တာမို့လို့ အပျင်းပြေကြည့်ရင်တောင် အချိန်ဖြုန်းလို့ကောင်းတာတော့အမှန်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Markဖြစ်ပါတယ်။)
...

Wild at Heart (1990) ⭐TMDB: 70% User Score 🎬 #Crime #Romance #Thriller 🗓 1990 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wild at Heart (1990) IMDb Rating (7.2) / Rotten Tomatoes (66%) မင်းသားကြီး နစ်ခ်ကိတ်ခ်ျလို့ပြောလိုက်ရင် မသိတဲ့ဘယ်သူမှမရှိပါဘူး။ ဒီ Wild at Heart ဇာတ်ကားကတော့ နာမည်ကျော်မင်းသားကြီး Nicolas Cage ရဲ့ ငယ်စဉ်ဘဝက ပွဲဦးထွက်ဇာတ်ကားတွေထဲ Old But Gold ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း———————ဆေလာဆိုတဲ့သူဟာ မကြာသေးခင်ကမှ ထောင်ထဲကနေ ခံဝန်နဲ့ထွက်လာသူပါ။ ထောင်ထဲမရောက်ခင်က လူမိုက်တွေနဲ့ပေါင်းပြီး မျိုးစုံပေတေခဲ့ပေမယ့် ချစ်ရတဲ့ကောင်မလေးတစ်ယောက်ကြောင့် ပြောင်းလဲကာ ထောင်ထဲဝင်ပြီး ပြစ်ဒဏ်တွေကိုခံယူခဲ့ပါတယ်။ ထောင်ထဲနေ ပြန်ထွက်လာတဲ့အခါမှာလည်း ကောင်မလေးနဲ့အတူတူ သမ္မာသမတ်ကျကျနေဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ကောင်မလေးရဲ့ စိတ္တဇဖြစ်နေတဲ့အမေဟာ ကောင်မလေး ဆေလာနဲ့အခြေကျသွားမှာကို စိုးရိမ်သွားတဲ့အခါမှတော့ နည်းလမ်းမျိုးစုံနဲ့ ဆေလာတို့အတွက်ကို ဒုက္ခပေးဖို့ကြိုးစားပါတော့တယ်။ (18+ အခန်း တချို့ နဲ့  ဝတ်လစ်စလစ်အခန်း တချို့ပါဝင်သောကြောင့်မိသားစုနဲ့ အတူတူကြည့်ရန်မသင့်တော်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Love Across Time (2024) ⭐IMDB: 7.2/10 (336 Votes) 🎬 #Drama #Romance #Uncategorized #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Across Time (2024)===================== အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အားလုံးကတော့ အချိန်ခရီးသွားတယ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ လကြတ်တဲ့နေ့မှာအချိန်ခရီးသွားမယ် ရေထဲမတော်တဆပြုတ်ကျတဲ့အခါအချိန်ခရီးသွားမယ် စသဖြင့် ပုံစံအမျိုးမျိုးနဲ့အချိန်ခရီးသွားကြတဲ့ဆီမှာ၁၇၀၀ခုနှစ်များရဲ့ သမိုင်းဝင်မိသားစုတစ်ခုက ချားစ်ဟာ ၂၁ရာစုဆီကိုဘယ်လိုအနေအထားနဲ့ အချိန်ခရီးသွားမှာလဲ။ ချားစ်ပိုင်ဆိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကို ရောင်းပစ်ဖို့အတွက်ဘဏ်ကိုယ်စားလှယ်တစ်ဦးအနေနဲ့လာရောက်နေထိုင်သူ ချယ်လ်ဆီးက ချားစ်နဲ့တွေ့ပြီးဘယ်လိုလှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါက်ဖွားလာမလည်းဆိုတာတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။
...

Money Bastion (2024) ⭐TMDB: 47% User Score 🎬 #Crime #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စတော့ရှယ်ယာလောကဟာ လည်တဲ့သူချမ်းသာပြီး အ သူခံရစမြဲရှိတယ်။စွန့်စားစိန်ခေါ်မှုတွေကိုကြိုက်ပြီး လောဘကြီးတဲ့လူတွေရဲ့သဘာဝကိုအသုံးချပြီး ရှယ်ယာစျေးကွက်ကိုချယ်လှယ်ပြီး လိမ်စားတဲ့သူတွေရှိကြတယ်။ ပါမောက္ခဟန်ဆိုတဲ့စတော့ရှယ်ယာအကြံပေးအစီအစဉ်တင်ဆက်သူ (William Feng) ဟာညီကိုတွေနဲ့ပူးပေါင်းပြီးတော့ စတော့ရှယ်ယာစျေးကွက်ကိုအသုံးချပြီးတော့ လူတွေကိုအကွက်ချလိမ်လည်နေခဲ့တယ်။ ရဲဘက်ကရိပ်မိသွားပြီး လိုက်ဖမ်းတဲ့အချိန်မှာ မြို့ရဲ့ထိပ်တန်းလုပ်ငန်းစုရဲဥက္ကဌကြီးကသူတို့ညီကိုတွေကိုကူညီခဲ့ပြီး သူ့အတွက်အလုပ်လုပ်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။တကယ်တမ်းကျတော့ သူဌေးကြီးကသူလုပ်ခဲ့တဲ့တရားမဝင်လုပ်ငန်းတွေအတွက်အပြစ်အစားခံမယ့်သူရှာနေတာပဲဖြစ်ပါတယ်။ သူဌေးကြီးမသိလိုက်တာကတော့သူ့ကိုယ်သူမုဆိုးလို့ထင်နေပေမယ့် တကယ်တမ်းတော့သူကသားကောင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။စီးပွားရေးဉာဏ်ကြီးရှင်တွေကြားက တိုက်ပွဲတစ်ခုမှာ နောက်ဆုံးသားကောင်ဟာဘယ်သူဖြစ်နေမလဲ။
...

The Last of the Mohicans (1992) ⭐TMDB: 74% User Score 🎬 #Action #Adventure #Drama #Romance #History #War 🗓 1992 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Won 1 Oscar, Another 6 wins & 17 nominations အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားဟာတော့ ၁၇ ရာစုက Red Indian လူမျိုးတွေနဲ့ ဗြိတိသျှနယ်ချဲ့တွေအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မင်းသားကြီး Daniel Day‑Lewis ကို မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့တဲ့ ဇာတ်ကားဆိုလဲမမှားပါဘူး။ Rating တွေကြည့်တာနဲ့တင် ဘယ်လောက်ကောင်းတဲ့ဇာတ်ကားဆိုတာ အထူးတလည် ညွှန်းပြစရာမလိုတဲ့အတွက် ကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေ။
...

Big World (2024) ⭐TMDB: 70% User Score 🎬 #Drama #Family 🗓 2024 🎞 tv movie 🌎 #China ⏰ 2 နာရီ 11 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (အညွှန်းနဲ့ဘာသာပြန်ကတော့Phu Thet Khinဖြစ်ပါတယ်။)File size…(7.6 GB) / (1.8 GB) / (944 MB)Quality….WEB-DL 4K HEVC / 1080p HEVC / 720pFormat…mkv / mp4Duration….02:11:00Genre…Drama,, FamilySubtitle….Myanmar Subtitle (Hardsub)Encoder….Swan Min HtetTranslated by Phu Thet Khin File size…(7.6 GB) / (1.8 GB) / (944 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….02:11:00 Genre…Drama,, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin Big World (2024) IMDb Rating (7.0) ဒီတစ်ခုကတော့ Must Watch တွေထဲမှာထိပ်ဆုံးကပါပဲ။ ဇာတ်ကြောင်းကတော့ လျှိုချွင်းဟယ်ဆိုတဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးက ဦးနှောက်အကြောသေရောဂါခံစားနေရပါတယ်။ ဉာဏ်ကောင်းပေမယ့် အဲ့ဒီရောဂါကြောင့် ပုံမှန်ကလေးတွေလို လူ့အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ အလုပ်ရဖို့ ကျောင်းကောင်းကောင်းတက်နိုင်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြင်လူတွေထက်ပိုဆိုးတဲ့ဒဏ်ရာကတော့ မိသားစုအတွက်ကိုယ်က၀န်ထုပ်၀န်ပိုးကြီးဖြစ်နေတာပါ။ဒီလိုရောဂါမျိုးတွေက မိသားစုအတွက်ကော ခံရသူအတွက်ပါအရမ်းခက်ခဲပါတယ်။ မိဘကိုလည်းငါ့ကိုဘာလို့ဒီလိုဖြစ်အောင်မွေးပေးခဲ့တာလည်းဆိုပြီးလည်း အပြစ်တင်မိတယ်။ သူ့အဖွားရောက်လာပြီးတော့ အဖွားရဲ့သူငယ်ချင်း‌‌တွေနဲ့တီးဝိုင်းမှာပါရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး သူအားတက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက သူ့အမေလိုမျိုးပဲသူ့‌အပေါ်လုံးလုံးကြီးနားလည်ပေးနိုင်တဲ့သူမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ လျှိုချွင်းဟယ်ပြောသလိုပါပဲ နေရောင်ခြည်မရောက်တဲ့အမှောင်မိုက်ဆုံးနေရာတွေမှာတောင် ရေညှိပင်လေးတွေက ပျိုနီပန်းလိုသိက္ခာရှိရှိပွင့်လန်းနိုင်အောင် သူ့အင်အားသူအသုံးချပြီး တိုက်ခိုက်နေကြတယ်တဲ့။ သူကိုယ်တိုင်ကလည်းအဲဒီလိုကြိုးစားရှင်သန်နေပေမယ့်လည်း အသက်နှစ်ဆယ်ကောင်လေးတစ်ယောက်အနေနဲ့ ဒီဒုက္ခတွေကိုဘယ်လောက်များဆက်ခံစားနိုင်မှာလဲ။ မသန်စွမ်းတစ်ယောက်ကို လူ့အဖွဲ့အစည်းရဲ့ဆက်ဆံပုံတွေကိုကွက်ကွက်ကွင်းကွင်း‌မြင်တွေ့နိုင်ပြီး မိသားစုတွင်းပြဿနာတွေကိုပါ သရုပ်ဆောင်ပိုင်ပိုင်နိုင်နိုင်နဲ့ချပြသွားတဲ့ကားပါ။ Cast တွေအနေနဲ့ကတော့ တော်တော်များများ Jackson Yee လို့သိကြမယ့် Chinese idol and actor ယိယန်ချန်းရှီပါ။ ချန်းရှီက သူ့ရဲ့ ML အနေနဲ့ပထမဆုံးကား Better days နဲ့တင် သရုပ်ဆောင်ပိုင်းမှာနေရာတစ်နေရာယူထားနိုင်ခဲ့ပြီး သူ့ထက်ဝါအများကြီးရင့်တဲ့မင်းသမီးကျိုးတုန်းယွီနဲ့တန်းတူသရုပ်ဆောင်စွမ်းရည်ကိုချပြနိုင်ခဲ့တဲ့သူမို့ ဒီကားမှာလည်းသရုပ်ဆောင်ကတော့ပြောစရာမလိုပါဘူး။ ချန်းရှီက များသောအားဖြင့် ဒီလိုသဘာ၀ဆန်တဲ့ကားတွေရိုက်တာများပြီး ကားတိုင်းကလည်း ကြည့်ရှုသူကို မက်ဆေ့ဒ်တစ်ခုအောင်အောင်မြင်မြင်ပေးနိုင်ပါတယ်။ သူ့ရဲ့လျှိုချွင်းဟယ်ကာရိုက်တာကိုကြည့်လိုက်ရင် စင်မြင့်ထက်ကကြယ်ပွင့်လေးဆိုတဲ့ Image ကိုတောင်မေ့သွားပြီး ဖန်တွေတောင်ပုံမှန်လူအဖြစ်ခံစားမိသည်အထိပါပဲ။ ကြည့်မိလို့အချိန်ပေးရတန်တယ်ဆိုတာထက်ကို‌ပိုတဲ့ Movie လေးတစ်ခုမို့ ရှုစားလိုက်ကြပါဦးရှင့်။
...