ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Humanist Vampire Seeking Consenting Suicidal Person (2023)
⭐IMDB: 7.2/10 (856 Votes)
🎬 #Comedy #Drama #Fantasy #Horror
🗓 2023 🎞 movie
🌎 #Canada
⏰ 1 နာရီ 31 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Humanist Vampire Seeking Consenting Suicidal Person (2023)
~ IMDb – 7.2/10, Rotten Tomatoes – 82% ~
“ရိုးရှင်းခြင်း၌ အလှတရားရှိ၏”တဲ့။
အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။
ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။
ဒီကားရဲ့ နာမည်ကို ကားနဲ့ဆီလျော်ပြီး နားလည်လွယ်အောင် ပြောရရင် “သတ်သေချင်သူများအား မေတ္တာဖြင့် သတ်ဖြတ်ပေးမည့် လူသားဆန်သူ ဗင်ပိုင်းယားမလေး”တဲ့။ ဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ရိပ်ဖမ်းသံဖမ်းတော့ သိလောက်ရောပေါ့။ Humanist Vampire Seeking Consenting Suicidal Person ဟာ ရိုးရိုးလေးနဲ့ ဇာတ်ဝင်ခန်းတွေက ကြည့်လို့ကောင်းနေတဲ့ ရုပ်ရှင်မျိုးပေါ့။ အားလုံးနဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Days of Happiness (2023)
⭐IMDB: 6.8/10 (103 Votes)
🎬 #Drama #Music
🗓 2023 🎞 movie
🌎 #Canada
⏰ 1 နာရီ 57 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Days of Happiness (2023)
~ IMDb – 6.8/10, Rotten Tomatoes – 100% ~
ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ လက်ထိပ်ဖျားမှာ ကစားတဲ့ ဘောပင်လေးတစ်ချောင်းသာသာပါပဲ။
အမ်မာဟာ အချစ်ကိုတွေ့ပြန်တော့လည်း သူ့တီးဝိုင်းထဲက ဆယ်လို (Cello) သမားလည်းဖြစ်၊ အိမ်ထောင်ကွဲစ သားတစ်ယောက်မိခင်ငယ်လေးဖြစ်တဲ့ နာအဲလ်ဖြစ်နေပြန်ပါတယ်။ အစကတည်းကမှ စိန်ခေါ်မှုတွေများပြီးသား ဘဝမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်လို့ လောင်းကြေးတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်မာလေးအတွက် အလုပ်နဲ့ အချစ် မျှခြေတွေက ဘယ်လိုဖြစ်ဦးမှာလဲ…
ဒီရုပ်ရှင်ဟာ မနှစ်က ၂၀၂၃ ခုနှစ်ကမှ ကနေဒါနိုင်ငံက ထွက်ထားတဲ့ Girl Love ပါဝင်တဲ့ Drama ကားလေးဖြစ်ပါတယ်။ ဒီကားထဲက အမ်မာလေးဟာဆိုရင်လည်း ပုံမှန်အချိန် ဆံပင်လေးချထားရင် ငုံထားမတတ်ချစ်ဖို့ကောင်းနေပြီး ဆံပင်တွေ ပြောင်နေအောင် အနောက်ကို သပ်လို့ စင်မြင့်ပေါ် အနက်ဝမ်းဆက်နဲ့ ထင်ပေါ်နေချိန်ကျရင်လည်း ပြေးလျက်ရမတတ် ခ,စားချင်စရာကောင်းပါတယ်။ အဲဒီလို Cute ကော Cool ကော တစ်ပြိုင်တည်း တွေ့ရတတ်သူက ရှားပါတယ်။ နောက်ပြီး အပြင်မှာ ဈေးကြီးပေးပြီးမှ ဝင်ကြည့်ခွင့်ရမယ့် သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမှုတွေကိုတင်မက အစမ်းလေ့ကျင့်တာတွေ နောက်ကွယ်က ရုန်းကန်မှုတွေကိုပါ ဒီမှာ အနီးကပ်ခံစားခွင့်ရမှာနဲ့တင် တော်တော် တန်နေပါပြီမို့ ကိုယ်တိုင်ကိုယ်ကျပဲ ဒေါင်းကြည့်လိုက်ကြပါဦးနော့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Neighbor Girl Stalking (2020)
⭐TMDB: 50.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 movie
🌎 #
⏰ 1 နာရီ 3 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*************************************ဆူဟွီဟာ အိမ်ထောင်သည်ဖြစ်ပေမဲ့ ယောက်ျားရဲ့ယုယမှူမခံရတာနှစ်ချီနေပြီဖြစ်ပြီး
အိမ်ထောင်ရေးအပေါ်စိတ်ဝင်စားမှုမရှိတော့တဲ့သူပါမကြာခဏ တစ်ကိုယ်တည်းအာသာဖြေနေတတ်တဲ့ဆူဟွီ့ကို ဘေးအိမ်ကကောင်လေးကသဘောကျကြောင်း
ဖွင့်ပြောလိုက်ပြီးတဲ့အခါမှာတော့…….ကောင်လေးရဲ့သရုပ်မှန်ကဘာလဲ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ
ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...
The Curse (2023- )
⭐IMDB: 7.1/10 (8 k Votes)
🎬 #Comedy #Drama #Thriller
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 11 မိနစ် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Curse (2023) CompleteThe Curse (2023) Complete
~ IMDb – 6.9/10, Rotten Tomatoes – 89% ~
ဒီဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေကတော့ အားလုံးရဲ့အသည်းကျော်ဖြစ်သလို ရိုက်သမျှရုပ်ရှင်အားလုံး မကောင်းတာမရှိတဲ့ Emma Stone ရယ်၊ နာမည်ကျော် Comedian နဲ့ သရုပ်ဆောင် Nathan Fielder တို့က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာကလည်း ဒီကားရဲ့မင်းသား Nathan Fielder နဲ့ Good Time တို့၊ Uncut Gems တို့လို နာမည်ကျော် ဘောင်ဝင်တန်းဝင် Crime Thriller တွေကို ရေးခဲ့ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Benny Safdie ပါပဲ။ ဆိုတော့ ဒီစီးရီးဟာ အကောင်းစားစီးရီးတစ်ခုဖြစ်နေမှာ ပြေးကြည့်စရာမလိုပါဘူး။ ဒါပေမဲ့လည်း လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ Nathan Fielder ဟာ Comedian ပီသစွာပဲ သူ့ဇာတ်လမ်းဟာ Comedy ကားလို့ နာမည်တပ်ထားပေမဲ့ ဒီကားက အဖြစ်အပျက်တွေ ဇာတ်လမ်းတွေက Comedy ကားလို့တောင် ထင်စရာရှိမနေပါဘူး။ ဒါလည်း Benny Safdie လက်ချက်ပါကောင်းပါမှာပေါ့ ကျွန်တော်တို့မသိနိုင်ဘူး။ မသိရင် ဒိုကူရိုက်ထားသလိုလိုကြီးပါပဲ။ ဒါပေမဲ့ Comedy မဖြစ်ဘူးလားဆိုရင်တော့ ဖြစ်တော့ဖြစ်နေတာပါပဲ… စိတ်ညစ်စရာ ကကျိုးကကြောင်အဖြစ်အပျက်တွေကြားမှာ ဟာသသွားဖြစ်နေတာပါ။ Black Comedy တွေရဲ့ အရသာကို ကြိုက်တတ်ရင်တော့ ဒီလိုဟာသတွေကို ခင်ဗျားကောင်းကောင်းကြီး သဘောပေါက်မှာပါ။ ကြိုက်မှာပါ။ Satirical Black Comedy ဖြစ်နေတော့ Black Comedy ကိုမှ သရော်လုံး ထေ့လုံးလေးတွေလည်း ပါနေဦးမှာပါပဲ။ ဒီကားနာမည်မှာပါတဲ့ ကျိန်စာဆိုတဲ့စကားလုံး ဖြစ်တည်လာတဲ့ပုံကလည်း ဘာမှမဟုတ်တဲ့ အဖြစ်ကလေးတစ်ခုကနေလို့ပြောရမှာပဲ။ ကလေးလေးတစ်ယောက်ကို ဗီဒီယိုထဲ ရိုက်ဖို့ ဒေါ်လာတစ်ရာတန်ပေးပြီးမှ များနေလို့ ပြန်ပေး ၂၀နဲ့လဲပေးမယ်လုပ်ရာက ကလေးက ကျိန်စာတိုက်လိုက်လို့ဖြစ်သွားတယ်ပြောရမှာပဲ။ ဘာမှတော့မဟုတ်နေပါဘူး။ ဒါပေမဲ့ ဇာတ်ကားထဲက အမ်မာစတုန်းစကားလိုပဲ မထော်မနန်းနဲ့ လုပ်ချင်တာတွေလုပ်လိုက်ပြီးရင် အဲဒီနောက်မှာ အကျိုးဆက်တစ်ခုခုတော့ ရှိကိုရှိနေရမှာပါပဲ။ မရှိနေလို့ကိုမဖြစ်ပါဘူး။ အဲဒီအကျိုးဆက်ကိုတော့ ဒီပထမပိုင်းမှာ အရိပ်အမြွက်လောက်ပဲ ပြသွားသေးပေမဲ့ နောက်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာဦးမလဲ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ဝုန်းခနဲဒိုင်းခနဲထဖြစ်တာမျိုးလည်း မဟုတ်လို့ တော်တော်လေး အငြိမ်ဆန်ပြီး တစိမ့်စိမ့်ကြည့်တတ်ရင် အရသာရှိမယ့် ဟာသစီးရီးစစ်ပေမဲ့ ဟာသစီးရီးမဆန်တဲ့ဟာသစီးရီးပါပဲ။ ဒိုကူရိုက်နေသလားမှတ်ရတဲ့အခန်းတွေများတာမို့ လူတိုင်းအကြိုက်တွေ့ဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအခြေအနေကို သည်းခံကြည့်ပြီး အဲဒီအခြေအနေကနေ လွန်သွားတဲ့အခါမှာတော့ ခင်ဗျားမြင်ရမှာကတော့ ဇွတ်ဇတ်တွေထိုးထည့်မနေတဲ့ သူ့ဖလိုးနဲ့သူသွားနေတဲ့ တငြိမ့်ငြိမ့်ကြည့်ကောင်းတဲ့ စီးရီးတစ်ခုကိုပါပဲ။ Cast, Creator, Writer အကုန်ကောင်းပြီး တငွေ့ငွေ့ချင်းနဲ့မှ အရသာပေါ်ပြီး ဒါကြည့်ဒါကြည့် အတင်းထိုးထည့်မနေတဲ့ စီးရီးတွေကို ကြိုက်တတ်ရင်တော့ ဒီစီးရီးက ခင်ဗျားအတွက်ပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)...
Play (2011)
⭐IMDB: 7.1/10 (6 k Votes)
🎬 #Drama #Crime
🗓 2011 🎞 movie
🌎 #Sweden #France #Denmark #Finland
⏰ 1 နာရီ 58 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်က အသက်မပြည့်တဲ့ကလေးငယ်တွေ ကလေးအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်လုယက်တဲ့ ဖြစ်ရပ်မှန်ကိစ္စရပ်တွေပေါ်မှာ အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။
ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂိုသန်ဘာ့ဂ်မြို့အလယ်ပိုင်းမှာ အသက် ၁၂နှစ်နဲ့ ၁၄နှစ်ကြားကလေးငယ်တွေ အုပ်စုဖွဲ့ပြီး တခြားကလေးတွေကို အနိုင်ကျင့်လုယက်ခဲ့တာဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ သိရှိရတဲ့အကြိမ်ရေပေါင်း လေးဆယ်ခန့်ရှိပါတယ်။ ဒီကလေးတွေက အနိုင်ကျင့်လုယက်တယ်ဆိုပေမဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာထက် စကားလုံးတွေနဲ့ ဆွဲဆောင်အကျပ်ကိုင်ပြီး လုယက်ကြတာပါ။
ဒီဇာတ်လမ်းမှာဆိုလည်း ရွှေ့ပြောင်းလုပ်သားမိသားစုက လူမဲကလေးငါးယောက်အုပ်စုဟာ ကလေးငယ်လေးတွေဆီကနေ အဖိုးတန်ပစ္စည်းတွေကို လုယူတာမျိုးမဟုတ်ဘဲ ငါတို့ရှုံးလို့ပေးလိုက်ရတယ်ဆိုတာမျိုးဖြစ်အောင် နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောဆိုပြီး လုယက်တာကို တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ ၂၀၁၂ခုနှစ်မှာ နော်ဒစ်နိုင်နိုင်ငံများရုပ်ရှင်အဖွဲ့ကပေးတဲ့ ထူးချွန်ဆုကို ဆွတ်ခူးခဲ့သေးတာမို့ ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
Pretty Young Sister (2020)
⭐TMDB: 90.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 tv movie
🌎 #SouthKorea
⏰ 1 နာရီ 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*****************************မော်ဒယ်မင်းသမီးလေ အဓိကပါဝင်ထားတာမို့သူ့အလှတွေနဲ့တင်တန်ပါတယ်..ပါဝင်တဲ့အခန်းတွေကလည်း ရှယ်ဗျား…အရက်တူတူသောက်ရင်းက အဆင့်တက်သွားကြတဲ့ မင်ဆူနဲ့ဂျီယောင်းတို့သမီးရည်းစားဆက်ဆံရေးထိရောက်သွားနိုင်မလားမင်ဆူနဲ့မတွဲပါဘူးပြောပြီး ဝူယောင်းနဲ့ sexလုပ်ဖြစ်သွားပုံတွေကိုပါကြည့်ရှုကြရမှာပဲဖြစ်ပါတယ်...
Nightmare on 34th Street (2023)
⭐IMDB: 3.6/10 (111 Votes)
🎬 #Horror #Comedy
🗓 2023 🎞 movie
🌎 #UnitedKingdom #Norway
⏰ 2 နာရီ 10 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nightmare on 34th Street (2023)=========================
ခရစ္စမတ်ရာသီကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတဲ့Slasher/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဝေဒနာနဲ့ စိတ်ဒုက္ခတွေခံစားနေရတဲ့လူသုံးယောက် တစ်ယောက်တစ်မျိုးစီသောင်းကျန်းကြပုံကို ပုံပြင်လေးတွေအနေနဲ့ပြောပြသလို ရှုစားရမှာဖြစ်ပါတယ်။
လူ့အသိုင်းအဝိုင်းနဲ့ မိသားစုရဲ့ဒဏ်တွေကို မျိုသိပ်မထားနိုင်တော့တဲ့နောက်မှာတော့ ဆန်တာရယ်၊ နတ်သူငယ်ရယ်၊ နှင်းလူသားရယ်လို့နာမည်ပြောင်ရခဲ့တဲ့ စိတ္တဇလူသတ်သမားသုံးယောက်ပေါ်လာပါတော့တယ်။ သူတို့သုံးယောက်သား ထောင်ထဲမှာဆုံမိသွားကြပြီးထောင်ဖောက်လွတ်မြောက်လာပြီးတာနဲ့ သုံးယောက်ပေါင်းပြီးထပ်သောင်းကြမ်းကြပြန်ပါတယ်။ Christmas ရဲ့ cozy vibeလေးနဲ့Halloween ဆန်ဆန် သွေးသံတရဲရဲနဲ့ ကြောက်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zayar Maw ဖြစ်ပါတယ်)...
My Christmas Hero (2023)
⭐IMDB: 6.5/10 (602 Votes)
🎬 #Drama #Family #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Christmas Hero (2023)===================
ခရစ္စမတ်စ်ကာလဟာနီကိုးလ်တို့မိသားစုအဖို့ နီကိုးလ်ရဲ့အဘွားဖြစ်သူဒိုရိုတီမရှိဘဲဆင်နွှဲရမယ့် ပထမဦးဆုံးသော ခရစ္စမတ်စ်လေးပါ။ နီကိုးလ်ရဲ့အဘိုးဖြစ်သူဂျွန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဂျွန် စစ်ပွဲတွင်းမှာ ကျဆုံးသွားခဲ့တာနှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့ထိတိုင်အောင်ကို ဒိုရိုသီကမမေ့နိုင်သေးဘဲ အမြဲတမ်းတပြီးချစ်နေခဲ့တာကြောင့် နီကိုးလ်နဲ့ နီကိုးလ်ရဲ့အမေတို့နှစ်ယောက်လုံးဟာ ငယ်ငယ်လေးကတည်းကစပြီး ဒိုရိုသီ့ဆီကနေ အဘိုးဖြစ်သူရဲ့အကြောင်းတွေ၊ အမှတ်တရတွေကိုကြားသိထားရပြီး အလွတ်တမ်းမှတ်မိနေခဲ့တာပေါ့။
ဒီလိုနဲ့ ဒိုရိုသီဆုံးပါးသွားပြီးနောက်ပိုင်းမှာ နီကိုးလ်ရဲ့အမေဟာ အမေဖြစ်သူကိုသတိရတဲ့စိတ်၊ အဖေဖြစ်သူကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ စိတ်ခံစားရသက်သာရအောင်လို့ စေတနာ့ဝန်ထမ်းအလုပ်တွေကိုပဲ ဆက်တိုက်မနားတမ်းလုပ်နေခဲ့ပါတယ်။ ဒါနဲ့ပဲ နီကိုးလ်တစ်ယောက် မကြာခင်ရောက်လာတော့မယ့်ခရစ္စမတ်စ်မှာ သူ့အမေဖြစ်သူကို ခံစားရသက်သာရအောင်လို့ အဘွားဆီကနေတစ်စိတ်တစ်ပိုင်း အနည်းငယ်လောက်ပဲ သိထားခဲ့ရတဲ့ အဘိုးဖြစ်သူရဲ့စစ်ပွဲတွင်းကအကြောင်းတွေကိုစုံစမ်းဖို့ကြံပါတော့တယ်။ ဒီတော့ သူအောင်မြင်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ “My Christmas Hero”ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Fiona Gillen ဖြစ်ပါတယ်)...
You Get Me (2017)
⭐IMDB: 4.7/10 (14 k Votes)
🎬 #Crime #Drama #Mystery #Thriller #Romance
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
You Get Me (2017)
ဒီကားလေးကတော့ မင်းသမီးချောလေး”ဘယ်လာသွန်း”က အဓိကဇာတ်ကောင် “ဟိုလီ” အဖြစ်ပါဝင်ထားတဲ့ Crime Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ “ဟိုလီ” ဟာ ဒီမြို့မှာ သူ့မိထွေးနဲ့အတူအခြေချခါစ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့ “ဟိုလီ”ပါတီတက်ရင်း “တိုင်လာ”ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညနဲ့ နောက်နေ့တစ်ဝက်တာအချိန်ကို ပျော်ပျော်ပါးပါး အတူကုန်ဆုံးခဲ့ကြတယ်။ “ဟိုလီ”အတွက် သူတို့အတူကုန်ဆုံးခဲ့တဲ့အချိန်ဟာထူးခြားပေမဲ့လို့ “တိုင်လာ”အတွက်တော့ ပျော်ခဲ့ရတဲ့သာမန်အချိန်တွေပဲဖြစ်ခဲ့ဟန်တူပါတယ်။
“တိုင်လာ”ဟာ ပါတီမှာတုန်းက သူ့ကောင်မလေး”အယ်လီ”နဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာကြောင့် သူတို့ ၂ဦးကိစ္စပြတ်သွားပြီလို့ထင်နေခဲ့ပေမဲ့ ကောင်မလေးရဲ့ ဖြေရှင်းချက်တွေကို နားထောင်အပြီးမှာတော့ သူတို့ချစ်သူ၂ဦး ပြန်လည်ပေါင်းထုပ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါမှာ အသစ်ရောက်လာတဲ့ကျောင်းသူဟာ အခြားသူမဟုတ်၊ “တိုင်လာ”နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ “ဟိုလီ”ပဲဖြစ်ပါတယ်။
တဖြည်းဖြည်း “ဟိုလီ”တစ်ယောက် သူတို့သူငယ်ချင်းအုပ်စုထဲကို ဝင်ရောက်လာပြီး “အယ်လီ”နဲ့ လက်ပွန်းတတီး ခင်မင်လာခဲ့တယ်။ “တိုင်လာ”ကတော့ “အယ်လီ”နောက်ကွယ်မှာ မှားမိထားတာကို ထုတ်မပြောနိုင်ဖြစ်နေခဲ့တယ်။ အလန်းဇယားလေး”ဟိုလီ”က Social Media မသုံးတာဟာ “အယ်လီ့”သူငယ်ချင်းအတွက် အထူးအဆန်းဖြစ်နေခဲ့တယ်။ တစ်နေ့တော့ အဲဒီသူငယ်ချင်းဟာ ကျောင်းမှာ ရုတ်တရက်ကြီး သူနဲ့မတည့်တာကိုသောက်မိပြီး တက်ကာ သတိလစ်သွားခဲ့တယ်။
“ဟိုလီ”ဟာ “တိုင်လာ”နဲ့နီးစပ်ဖို့ကို နည်းမျိုးစုံသုံး ကြိုးစားနေပြီး သူလိုချင်ရဖို့အတွက် ဘေးလူထိခိုက်တာကိုလည်း မမှုတဲ့သူဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ “တိုင်လာ”တစ်ယောက် “ဟိုလီ့”နာမည်အပြည့်အစုံကိုသိလိုက်ရပြီး အွန်လိုင်းမှာရှာကြည့်တဲ့အခါမှာတော့ “ဟိုလီ”ဟာ အန္တရာယ်ရှိတဲ့ပြဿနာအိုးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီအချိန်မှာတော့ “တိုင်လာ”ဟာ အသိနောက်ကျသွားပြီလား… “ဟိုလီ”တစ်ယောက် ဘယ်လောက်အထိ လက်လွန်ကြက်သွန်လိုက်ပြီလဲ… ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
Coyote (2017)
⭐IMDB: 7.1/10 (2 k Votes)
🎬 #Action #Drama #Western
🗓 2017 🎞 movie
🌎 #Hungary
⏰ 2 နာရီ 12 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားတဲ့ ဟန်ဂေရီ Action/Drama ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
မီရှီက တွေဝေတတ်ပြီး လုပ်သမျှအဆင်မပြေတဲ့ လူငယ်လေးတစ်ယောက်ပါ။ ချစ်သူနဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ကြိုးစားရာမှာ အဆင်မပြေတာတွေကြုံခဲ့ရပြီး ဘဝကို စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ ဆုံးပါးသွားတဲ့ အဘိုးဖြစ်သူက ဟန်ဂေရီက တူစကိုဆိုတဲ့မြို့လေးက သူပိုင်တဲ့အိမ်နဲ့ မြေကို သူ့ကိုအမွေပေးခဲ့တာကြောင့် သူက အမွေဆက်ခံရဖို့ ဖြစ်လာပါတော့တယ်။
လက်ရှိနေနေတဲ့မြို့ကြီးကနေ မြို့ငယ်လေးက အမွေရတဲ့ အိမ်လေးကို သွားပြီး ချစ်သူနဲ့ အေးအေးဆေးဆေးနေဖို့ အိမ်ကို ပြင်ဆောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မထင်ထားတဲ့ အန္တရာယ်တွေက သူတို့ကို ဆီးကြိုနေခဲ့ပါတော့တယ်။
အဲဒါကတော့ မြို့က အာဏာရှိတဲ့လူကြီး ပါလ်ဆိုအီကာလ်က သူ့ကို မြေရောင်းဖို့ အတင်းအကျပ် ဖိအားပေးခဲ့တာပါပဲ။ သူ့အဘိုးရဲ့အမွေအနှစ်မို့ အဆုံးစွန်ထိ ကာကွယ်ဖို့ ကြိုးစားပေမဲ့ လူပျော့လူညံ့လေးဖြစ်သူ မီရှီတစ်ယောက် မြို့ခံအာဏာရှိသူ ပါလ်ဆိုအီကာလ်နဲ့ ယှဉ်ပြိုင်ပြီး သူ့ရဲ့အိမ်နဲ့ခြံလေးကို ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...
Magic Carpet Rides (2023)
⭐IMDB: 7.0/10 (88 Votes)
🎬 #Comedy #Romance #Drama #TVMovie
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 49 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Magic Carpet Rides (2023)======================IMDb Rating – 7.0/10
Social Influencer တစ်ယောက်ဖြစ်တဲ့ Callie က သူနဲ့တွဲနေတဲ့ဘဲတွေတစ်ယောက်ပြီးတစ်ယောက်အကြောင်းကို ဖောက်သည်ချပြီးအင်တာနက်ပေါ်တင်ရင်း နာမည်ကြီးဖို့ကြိုးစားနေတဲ့မိန်းကလေးတစ်ယောက်။ နောက်တော့ သူ အခုခေတ်အင်တာနက်ကမ္ဘာနဲ့အဆက်ပြတ်ပြီး ဖုန်းတောင်မသုံးဘဲ လက်တွေ့ဘဝမှာပဲနေထိုင်တဲ့ ကောင်ချောလေး Leo နဲ့တွေ့ခဲ့တယ်။
အင်တာနက်မှာနာမည်ပေါက်ဖို့ကိုပဲစိတ်နှစ်ထားတဲ့ Callie လည်း သူ့page followerတိုးပြီး လူကြိုက်များလာဖို့ရည်ရွယ်ချက်နဲ့ Leo နဲ့ဒိတ်ပြီးLeoရဲ့ အကြောင်းတွေကို ဗီဒီယိုစတင်တော့တာပါပဲ။ အဲဒီမှာ ဖုန်းစွဲနေတဲ့အင်တာနက်ဆယ်လီ Callie နဲ့ ဖုန်းလုံးဝမသုံးဘဲ အင်တာနက်လောကအကြောင်းမသိတဲ့ Leo တို့အချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာရင်ခုန်စိတ်လှုပ်ရှားစွာဆက်လက်ကြည့်ရှုနိုင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Once Upon a Lifetime (2021)
⭐IMDB: 7.4/10 (82 Votes)
🎬 #Drama #Fantasy
🗓 2021 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ Once upon a lifetime ဆိုတဲ့အတိုင်း ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်ပေးမှုတွေနဲ့ healing ဖြစ်စေတဲ့ခံစားချက်တွေကို joy ဆိုတဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ကောင်မလေးတစ်ယေက်နဲ့ပုံဖော်ပြီး ရောထွေးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့…
လူကောင်သေးသေးလေးဖြစ်တဲ့ သောမတ်စ်တစ်ယောက် ပန်းခြံထဲမှာတစ်ယောက်တည်း ထိုင်ကစားနေတဲ့အချိန်မှာ သူ့အတန်းထဲကလူကောင်ကြီးကြီးတစ်ယောက်ရောက်လာပြီး သူ့ကိုလာအနိုင်ကျင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အာရုံကတော့သစ်ပင်လေးတွေကိုပဲ စိုက်ကြည့်နေတဲ့ကောင်မလေးဆီမှာပဲ ရှိနေခဲ့တာပေါ့ ဒီလိုနဲ့ကောင်မလေးကိုသွားစကားပြောရင်းနဲ့ ကောင်မလေးကသောမတ်စ်ကို မျက်စိကျသွားပြီး အိမ်အထိလိုက်လာတဲ့အထိဖြစ်သွားပါတယ်။ ထူးဆန်းတာက ကောင်မလေးမှာမျိုးရိုးနာမည်ရောဘယ်သူဘယ်ဝါလဲဆိုတာကို အဲဒီကောင်မလေးကိုယ်တိုင်မသိခဲ့တာပါ။ ဒီလိုကနေ သောမတ်စ်ရဲ့အမေက သူတို့အိမ်မှာတစ်ညအိပ်ခိုင်းလိုက်ပြီး နောက်တစ်နေ့ရောက်တဲ့အချိန်မှာ တစ်ညတွင်းအချင်း ကောင်မလေးက ၉ နှစ်အရွယ်ကနေ အသက် ၁၅ နှစ်အရွယ်ကိုပြောင်းသွားတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားပေးကြပါဦး။...
Welcome 2 Life (2019)
⭐TMDB: 77.0% User Score
🎬 #Comedy #Family
🗓 2019 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 8 မိနစ် 26 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Welcome 2 Life 2019Welocme 2 Life (2019)
**************************အစ/အဆုံး
၂၀၁၉ တုန်းက ထွက်ခဲ့တဲ့ Idol-Actor ကြီး Rain နဲ့
The Glory က Unnie Im Ji Yeon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်
စုံထောက်ဇာတ်လမ်းကိုမှ အပြိုင်စကြဝဠာပုံစံလေးနဲ့ ရိုက်ကူးထားတာပါဇာတ်လမ်းအကျဉ်း
————–အီဂျယ်ဆန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး law firm တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့
JK law firm ရဲ့ အတော်ဆုံးရှေ့နေတစ်ယောက်ပါ
ဒါပေမဲ့ သူက ကိုယ့်ရဲ့အောင်မြင်မှုအတွက်ပဲ ကိုယ်သိပြီး
ဥပဒေကို လက်တစ်လုံးခြားလုပ်ချင်သူတွေကို ကူညီပေးလေ့ရှိတဲ့
တစ်ကိုယ်ကောင်းဆန်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်
ကားမတော်တဆမှုဖြစ်ပြီးနောက် parallel universe ကိုရောက်သွားပြီး
ဖြောင့်မှန်တဲ့ အမှုစစ် အီဂျယ်ဆန်း အဖြစ် အလုပ်လုပ်နေတဲ့ သူ့ကိုယ်သူတွေ့ရှိလိုက်ရပါတော့တယ်
လက်တွေ့ဘဝမှာတော့ ချစ်ရသူ ရာရှီအွန်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လမ်းခွဲခဲ့ပြီး
အောင်မြင်မှုကိုပဲ ရှေးရှုပြီး ဘဝကို လျောက်လှမ်းလာခဲ့တဲ့ ရှေ့နေ အီဂျယ်ဆန်းက
အပြိုင်စကြဝဠာမှာတော့ ချစ်သူရာရှီအွန်နဲ့ လက်ထပ်ထားပြီး သမီးလေးတစ်ယောက်လည်းရှိနေပါတယ်
အပြိုင်စကြဝဠာက ဖြောင့်မတ်မှန်ကန်တဲ့အမှုစစ် အီဂျယ်ဆန်းဘဝနဲ့
လက်ရှိကမ္ဘာက တစ်ကိုယ်ကောင်းဆန်တဲ့ ရှေ့နေအီဂျယ်ဆန်း
ဘဝနှစ်ခု အကူးအလူးကြားက အီဂျယ်ဆန်းရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု
ထိတ်လန့်မှု ပိုင်ဆိုင်မှု ဆုံးရှုံးမှုတွေကို ပုံဖော်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဒါ့အပြင် နိုင်ငံရေးရှုပ်ထွေးမှုတွေကြားက
တရားဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူနဲ့
တရားဥပဒေကို ကာကွယ်ထိန်းသိမ်းလိုသူတွေရဲ့ တိုက်ပွဲတွေကိုလည်း
Welcome 2 life drama မှာ ခံစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Phue Myat Naing မှ ရေးသားပေးထားပါတယ်...
World War II: From the Frontlines (2023-2023)
⭐IMDB: 8.2/10 (4 k Votes)
🎬 #Documentary #War #Politics #History
🗓 2023-2023 🎞 tv mini series
🌎 #UnitedKingdom
⏰ 57 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
World War II: From the Frontlines (2023)MDB 8.2 ရရှိထားတဲ့ documentary series တစ်ခုပါ။
ဒုတိယကမ္ဘာစစ်အတွင်း ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုအစစ်တွေကို အသုံးပြုထားပြီး စစ်အတွင်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တပ်သားတွေ၊ လေယာဉ်မှူးတွေ၊ ရေတပ်ဗိုလ်တွေနဲ့ ပြည်သူတွေကို မေးမြန်းပြီး သူတို့ရဲ့ခံစားမှုနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်လည်မျှဝေထားတာတွေပါဝင်ပြီး ဒုတိယကမ္ဘာစစ်တစ်ခုလုံးကို နားလည်ရလွယ်အောင် ရှင်းပြထားတဲ့ documentary series တစ်ခုဖြစ်ပါတယ်။...
My First Summer (2020)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Drama #Romance
🗓 2020 🎞 movie
🌎 #Australia
⏰ 1 နာရီ 18 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My First Summer (2020)
မိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လှပစွာရိုက်ကူးထားတဲ့
GL ရုပ်ရှင်ကားလေးဖြစ်ပြီး Rotten tomato လည်း 89% ရထားပါတယ်။
မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပျင်းလာခဲ့ရပြီး လောကကြီးအကြောင်း
ဘာမှနားမလည်တဲ့ အသက် ၁၆ နှစ်အရွယ်ကောင်မလေး ကလော်ဒီရာ…
မျက်စိရှေ့မှာတင် အမေရေနစ်သေဆုံးသွားတာကြောင့် နေ့ရက်တိုင်းကို
စိတ်ဒဏ်ရာတွေနဲ့ တစ်ယောက်တည်း ကျော်ဖြတ်နေရတဲ့ အချိန်မှာ
ရွယ်တူ ၁၆ နှစ်အရွယ် တက်တက်ကြွကြွနေတတ်တဲ့ ကောင်မလေး ဂရေ့စ်နဲ့တွေ့ခဲ့ပါတယ်။
အထီးကျန်ပြီး အလင်းရောင်မရှိ အုံ့မှိုင်းနေတဲ့ ကလော်ဒီရာရဲ့ဘဝကို
ဂရေ့စ်တစ်ယောက်က ပျော်ရွှင်မှုနဲ့ အလင်းရောင်လေးတွေပေးခဲ့ပါတယ်။
နေ့စဉ် အတူတူအချိန်ဖြုန်းကြရင်းနဲ့ ကောင်မလေးနှစ်ယောက်ကြားမှာ
သံယောစဉ်ကတစ်ဆင့် ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံလေးကို
လှလှပပလေး ရိုက်ကူးပြထားတဲ့ အပြင် ချစ်ခြင်းမေတ္တာဟာ
ဝမ်းနည်းမှုတွေကို ကုစားပေးနိုင်ပြီးတော့
မထင်မှတ်တဲ့နေရာမှလည်း ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာနိုင်ကြောင်းကို
ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ပြီးရင်
လုံးဝနောင်တရမှာမဟုတ်တာမလို့
GL သဘောကျတဲ့သူတွေအတွက်တော့
ကားကောင်းလေးတစ်ကားဖြစ်မှာပါ...
Role Play (2023)
⭐IMDB: 5.5/10 (10 k Votes)
🎬 #Action #Comedy #Romance
🗓 2023 🎞 movie
🌎 #UnitedStates #France #Germany #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့…။
ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
Khanzab (2023)
⭐IMDB: 4.7/10 (391 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 45 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကြမ်းလွန်းလို့ ကြည့်ခွင့်တောင်ပိတ်ရတယ်လို့နာမည်ကြီးနေတဲ့ ဖြစ်ရပ်မှန်အင်ဒိုသရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ်
1998 တုန်းက Banyuwangi ဆိုတဲ့အင်ဒိုကမြို့လေးတစ်မြို့မှာဖြစ်ခဲ့တဲ့ အောက်လမ်းပညာအကြောင်း အခြေခံရိုက်ကူးထားတာပါ သရဲကားစစ်စစ်ရှာဖွေနေသူတွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲရှင်။။
Khanzab (စေတန်) ဆိုတာက ဝတ်ပြုချိန်မှာ ခြောက်လှန့်တတ်တဲ့ နတ်ဆိုးဝိညာဉ်ပါ မျက်စိရှေ့တင်ပဲ ဖခင်ဖြစ်သူက ခေါင်းဖြတ်အသတ်ခံလိုက်ရလို့ အမုန်းတရားတွေ ကလဲ့စားတွေနဲ့ကြီးပြင်းလာခဲ့တဲ့ ရေဟာယူတစ်ယောက် ဖခင်အသတ်ခံလိုက်ရတဲ့ မွေးရပ်မြေကိုပြန်ဖို့အကြောင်းဖန်လာခဲ့တယ် သူ(မ)ဖခင်ဆုံးတော့ ဝတ်ပြုကျောင်းအဖြစ်လှူခဲ့တဲ့တစ်နေရာရှိပါတယ် ဒါပေမဲ့အဲဒီနေရာက ရှယ်ကိုအခြောက်အလှန့်ကြမ်းတာပါ Khanzab တွေကို တစ်စုတစ်စည်းတည်းတွေ့မြင်ရတဲ့နေရာဆိုလည်းမမှား ဝတ်ပြုတဲ့လူတွေကို နေ့နေ့ညညမရွေး အခြောက်အလှန့်ကြမ်းတဲ့နေရာပေါ့ ရေဟာယူဒီနေရာကိုပြန်ရောက်တော့ ဝတ်ပြုရင်းသူ(မ)ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒီဝိညာဉ်တွေကို သူ့ခန္ဓာကိုယ်ထဲဆင့်ခေါ်မိပြီး လောက၂ခုကိုချိတ်ဆက်တဲ့ ကြိုးတစ်ခုဖြစ်လာချိန်မှာတော့…. သူ(မ)နဲ့ မြို့ထဲကလူတွေဘယ်လိုအန္တရာယ် အခြောက်အလှန့်ကြမ်းကြမ်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်
(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ်...
Dilig (2024)
⭐TMDB: 0.0% User Score
🎬 #Adult #Drama
🗓 2024 🎞 movie
🌎 #Philippines
⏰ 46 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dilig (2024)
ရိုဆာက မုဆိုးဖိုသူဌေးကြီးတစ်ဦးကို လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဘိုးကြီးမှာ သူနဲ့ ရွယ်တူသမီးတစ်ယောက်ရှိနေတဲ့အတွက် ဥယျာဉ်မှူး ငယ်ငယ်တောင့်တောင့်တစ်ယောက်ကိုရွေးချယ်ပြီး အဲဒီသမီးဖြစ်သူကိုပထုတ်ဖို့ကြံခဲ့ပါတယ်။
သမီးဖြစ်တဲ့ ကတ်တလင်းကလည်း သူ့ကိုတစ်ဖက်သတ်ချစ်သလို မိဘချင်းသဘောတူတဲ့ ငယ်သူငယ်ချင်းဒဲလ်ရှိပေမဲ့ ဥယျာဉ်မှူးကောင်လေးကိုမှ စွဲစွဲလန်းလန်းချစ်မိသွားတဲ့နောက်အခြေအနေတွေက ရိုဆာအကွက်ထဲကိုဝင်သွားမလား… အခြေအနေတွေရှုပ်ထွေးမသွားခင် ကယ်တင်ရှင်ပေါ်လာနိုင်မလား… ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။
Hibang ထဲက အမိုက်စားစကီလေးဖြစ်တဲ့ Rica Gonzales က ဗီလိန်ရီဆာအဖြစ် ပွဲကြမ်းပြထားပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Show Me Love (1998)
⭐TMDB: 71.0% User Score
🎬 #Comedy #Drama #Romance
🗓 1998 🎞 movie
🌎 #Denmark #Sweden
⏰ 1 နာရီ 25 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Show Me Love
Rating 7.5/10
အက်ဂနက်စ်ဟာ အတန်းထဲက
play girl လေး အယ်လင်းကို ကြိတ်သဘောကျနေခဲ့တယ်။
ဒါပေမယ့် အပေါင်းအသင်းမရှိတဲ့
သူဟာ အပေါင်းအသင်းပေါတဲ့
အယ်လင်းနဲ့ အခြေအနေချင်းမတူတာမို့
ဝေးဝေးကနေဘဲ တိတ်တိတ်လေးချစ်နေခဲ့ရတယ်။
ဒါပေမယ့် ၁၆ နှစ်ပြည့်မွေးနေ့ပွဲမှာ
အယ်လင်းနဲ့ ခင်မင်ဖို့အခွင့်အရေးရလာခဲ့တယ်။
တစ်ဘ၀လုံး ယောကျာ်းတွေကိုပဲ သဘောကျခဲ့တဲ့
အယ်လင်းတစ်ယောက် အက်ဂနက်စ်နဲ့
တွေ့ပြီးနောက်မှာ ပြောင်းလဲသွားမလား...
La Vie en Rose (2007)
⭐TMDB: 74.0% User Score
🎬 #Biography #Drama #Music #Romance
🗓 2007 🎞 movie
🌎 #France #UnitedKingdom #Czechia #CzechRepublic
⏰ 2 နာရီ 20 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့
ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့
နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။
အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေက
စပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်
အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရော
နောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်
တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်း
ခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကို
ပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းက
တာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်
အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။
အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူ
ဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်က
ဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်
တောင်းဆိုမှုကြောင့် “La Marseillaise” ကိုသီဆိုပြခဲ့ပြီး
ကမ္ဘာကြီးဆီကို “အီဒစ်ပီအပ်ဖ်” ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။
နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်
လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့
ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။
လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို “စာငှက်ကလေး” လို့
အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့
“အီဒစ်ပီအပ်ဖ်” ဆိုတဲ့ အနုပညာနာမည်ကို
စရခဲ့ပါတယ်။
ကံကြမ္မာလှည်းဘီးတစ်ပတ်လည်ပြီး လူးဝစ်လပ်ပလီး
တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရခဲ့ပါတယ်။
စုံထောက်တွေအနေနဲ့ မာဖီးယားတွေနဲ့
ပတ်သက်တယ်ဆိုပြီး အီဒစ်ပီအပ်ဖ်ကို သံသယဝင်လာခဲ့ပါတယ်။
ပရိသတ်ရဲ့ လက်မခံခဲ့တဲ့အပြင်
အချစ်ဆုံးသူငယ်ချင်းပါ ထိန်းသိမ်းခံလိုက်ပြီးမှာတော့
ကြံရာမရဖြစ်နေတဲ့ အီဒစ်ဟာ ရေးမွန်အက်ဆို နဲ့ တွေ့ဆုံခဲ့ပါတယ်။
သူ့အဆိုတော်ဘဝအတွက်တစ်ဆင့်တက်လာစေမယ့်
လက်ဟန် ခြေဟန်နဲ့ ဖျော်ဖြေမှု၊ ပိုပြီးသက်ဝင်ခံစားနိုင်မှု နဲ့
အခြားသင်ခန်းစာတွေကိုပါ လေ့လာခဲ့ရပြီး
အောင်မြင်တဲ့ အဆိုတော်ဘဝကိုတက်လှမ်းနိုင်ခဲ့ပါတော့တယ်။
ဇာတ်လမ်းအဆုံးသတ်ပိုင်းမှာ အီဒစ်ရဲ့
ကံမကောင်းတဲ့အချစ်ရေး၊ အောင်မြင်မှုဖိစီးလာပုံ နဲ့
ဇရာပိုင်းရောက်လာချိန် စိတ်ခံစားချက်တွေကို
လှလှပပ ပုံဖော်သွားနိုင်ပြန်ပါတယ်။
အီဒစ်ပီအပ်ဖ် အဖြစ်
သရုပ်ဆောင်ခဲ့သူ Marion Cotillard အနေနဲ့လည်း
အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် -အော်စကာဆု၊
BAFTA AWARD၊ ရွှေကမ္ဘာလုံးဆု နဲ့ César Award တွေပါ ဆွတ်ခူးနိုင်ခဲ့သလို
ဇာတ်ကားအနေနဲ့လည်း အကောင်းဆုံးမိတ်ကပ်၊ဆံပင်ပညာရှင်အော်စကာဆု၊ ဝတ်စုံဒီဇိုင်း BAFTA
AWARD၊ ၊ အကောင်းဆုံးဂီတရုပ်ရှင်ဆု BAFTA AWARDတွေ ရခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့
လက်လွတ်မခံဘဲ ကြည့်ရှုနိုင်ပါရန် တင်ဆက်ပေးလိုက်ပါတယ်။...
