ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Woodsman (2004) ⭐TMDB: 69% User Score 🎬 #Crime #Drama 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီးKevin Baconပါဝင်တဲ့ တစ်ချိန်က အတော်လေးနာမည်ကြီးခဲ့တဲ့ IMDb 7.1 ရ old but goldလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ sensitive plot ဆိုပေမဲ့ သရုပ်ဆောင်တွေနဲ့ဒါရိုက်တာတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဖော်မှုကြောင့် ရင်ထဲအတွေးတစ်ခုရောက်စေမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ ဝေါ်လ်တာဟာ သက်ငယ်မုဒိမ်းမှုနဲ့ ဂျေး ၁၂ နှစ်အောင်းရပြီးတော့ အခုမှပဲ ပြင်ပလောကနဲ့ ထိတွေ့ခွင့်ရသူတစ်ယောက်၊ ဒါပေမဲ့ ၁၂ နှစ်တာကာလက ဝေါ်လ်တာကို သူ့ရဲ့အတိတ်ကနေ ရုန်းထွက်နိုင်ဖို့ မကူညီနိုင်သေးပါဘူး။ တစ်ချိန်က ကိုယ့်ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ရွံရှာနေတာကတစ်ကြောင်း ပတ်ဝန်းကျင်ရဲ့Social punishment တွေပုတ်ခတ်မှုတွေကတစ်ကြောင်းနဲ့ ဆိုက်ကိုဖြစ်နေလို့ ဆရာဝန်နဲ့ ဆွေးနွေးနေရသူပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့အိမ်ရှေ့က မူလတန်းကျောင်းလေးနားမှာ သံသယဝင်စရာလူတစ်ယောက် ပေါ်လာပြီး ကလေးပျောက်မှု မုဒိမ်းမှုတွေဖြစ်လာပါတော့တယ်။ မြွေမြေချင်းခြေမြင်တဲ့ဝေါ်လ်တာကတော့ ဒီလူရဲ့လှည့်ကွက်တွေကိုသိနေပေမဲ့ ရဲဘက်ကတော့ သက်ငယ်မုဒိမ်းကောင်တံဆိပ်တပ်ခံရတဲ့ဝေါ်လ်တာကိုပဲ သံသယရှိနေတဲ့အခါမှာတော့…. ပုံပြင်ထဲက Woodsmanက ဝံပုလွေဗိုက်ထဲက ကလေးမလေးကို ကယ်တင်ခဲ့သလို ဝေါ်လ်တာရော အတိတ်ကနေ ရုန်းထွက်ပြီး အန္တရာယ်ထဲကကလေးတွေကို ကယ်တင်နိုင်မလား ရှုစားကြပါဦး။...
Thirteen (2003) ⭐TMDB: 66% User Score 🎬 #Drama 🗓 2003 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။)...
First Daughter (2004) ⭐TMDB: 61% User Score 🎬 #Comedy #Drama #Family #Romance 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။...
Dreamcatcher (2003) ⭐TMDB: 56% User Score 🎬 #Drama #Horror #ScienceFiction #Thriller 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။ သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်းေလးယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။...
The Alamo (2004) ⭐TMDB: 58% User Score 🎬 #Drama #History #War 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 6/10 Award – 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။ အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။...
What! The Heist (2023) ⭐TMDB: 48% User Score 🎬 #Comedy #Crime 🗓 2023 🎞 Series 🌎 #Malaysia #Singapore ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ လူလိမ်တွေစု အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ထီဆု သန်းတစ်ရာကို လိမ်လည်ဖို့ကြိုးစားကြတဲ့ ဟာသကားပဲ ဖြစ်ပါတယ်။ ရောဂါသည်သမီးလေးအတွက် ခွဲစိတ်ဖို့ပိုက်ဆံလိုနေတဲ့ ဝါရင့်သရုပ်ဆောင် Chao Yan Fatt က သူ့ငယ်သူငယ်ချင်း ထောင်ကထွက်ပြေးလာတဲ့ Choi ဆီကနေ ဆက်သွယ်ခံခဲ့ရပြီး ထီဆုကြီးလိမ်ဖို့ လူလိမ်အဖွဲ့မှာ ပါဖို့အပြောခံခဲ့ရတယ်။ Yan Fatt က အစတော့ငြင်းပေမဲ့ သူ့သမီးလေးရဲ့ရောဂါက အခြေအနေပိုဆိုးလာတာကြောင့် လက်ခံလိုက်ပြီး အဲဒီလူလိမ်တွေအဖွဲ့ထဲပါခဲ့တယ်။ Yan Fatt အပါအဝင် အဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်ခြောက်ယောက်က သီးသန့်နယ်ပယ်တွေမှာ တစ်ယောက်စီကျွမ်းကျင်ကြပြီး ထီကုမ္ပဏီရဲ့ ထီပေါက်နံပါတ်ကိုလိမ်လည်ဖို့ ဘယ်လိုတွေအကွက်ဆင်ကြိုးစားကြမလဲဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Maliko (2024) ⭐IMDB: 5.9/10 (9 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 49 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆွီတီကဆေးကိုယ်စားလှယ်မလေးတစ်ယောက်ဖြစ်ပြီး သူ့ဆေးတွေအရောင်းသွက် စျေးကွက်ရစေဖို့အတွက်ဘာမဆိုပေးမဆပ်ဖို့ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ စျေးကွက်ချဲ့ထွင်ဖို့အတွက် မာလီကိုဆိုတဲ့တောမြို့လေးတစ်ခုကိုရောက်လာခဲ့ပြီး အဲ့ဒီမြို့သူ ပြောင်းဖူးသည် ရွာသူမလေးတစ်ယောက်ကိုသဘောကျသွားရာကနေနည်းမျိုးစုံနဲ့ချဉ်းကပ်ပါတော့တယ်။ဒီကားမှာတော့ မာလီကိုမြို့ရောက် ဆွီတီရဲ့စွန့်စားခန်းတွေကိုရှုစားရမှာဖြစ်ပါတယ်။ဆွီတီအဖြစ် စင်တင်မိတ်ဆက်ပေးထားတာကတော့ တစ်တော့ဆယ်လီမလေး Aica Veloso ပါပဲ။...

Kung Nag-aatubili (2024) ⭐TMDB: 0% User Score 🎬 #Adventure #BL #Drama 🗓 2024 🎞 Series 🌎 # ⏰ 21 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Mini ဇာတ်လမ်းတိုလေးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်အကြောင်းကို Bromance ဆန်ဆန် ရိုက်ကူးပြသွားတဲ့ ဇာတ်လမ်းလေးါပ ပန်းချီပညာကို အရမ်းသဘောကျပြီး သူ့ရဲ့ ဆရာက Thesis အနေနဲ့ ရှု့ခင်းပုံဆွဲခိုင်းတာကြောင့် နယ်ဘက်တစ်နေရာကို သွားတာပေါ့ အဲ့မှာ ရှု့ခင်းလှတဲ့နေရာကို သွားပြီး ပုံဆွဲနေရင်း အဲ့က ကောင်လေးတစ်ယောက်နဲ့ ခင်မင်သွားတဲ့ ချိန်မှာတော့...
The Elusive Samurai (2024) ⭐IMDB: 8.7/10 (48 Votes) 🎬 #Animation #Action #Adventure #Comedy #Drama #History 🗓 2024 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Elusive Samurai (2024)Genre – Anime, Adventure, ComedyIMDb – 8.7/10MyAnimeList – 7.7/10 “မျောက်လွှဲကျော် ဆာမူရိုင်းလေး” လာပါပြီ။ ဟုတ်ပါတယ် Anime ချစ်သူတွေအတွက်Demon Slayer Hashira Arc အပြီးမှာ အသစ်ထွက်ရှိလာခဲ့တဲ့ ဟိုးရှေးတုန်းက Shogunခေတ်အခြေခံ ဆာမူရိုင်း စွန့်စားခန်း Anime လေးပဲ ဖြစ်ပါတယ်။ အပိုင်း ၁ သာ ထွက်ရှိထားသေးပေမဲ့ ဇာတ်လမ်းဇာတ်အိမ်လေး ကောင်းနေတာရယ် ရုပ်ထွက်လေးတွေကချစ်စရာကောင်းတာရယ် ဟာသလေးတွေ ပါဝင်တာရယ် စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့်ချက်ချင်း ပြန်ပေးလိုက်ပြီး တစ်ပတ်တစ်ပိုင်း ပုံမှန် တင်ဆက်ပေးသွားမှာပါ။နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီစီးရီးရဲ့ မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ဆာမူရိုင်းတစ်ယောက်ကိုအခြေခံထားတယ်လို့ ဆိုပါတယ် ဇာတ်ကောင်နာမည်ကလည်း ဒါပါပဲ။ ဇာတ်လမ်းလေးက အကျဉ်းပြောပြရမယ်ဆို ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြို့ကနေအုပ်ချုပ်နေတဲ့ Shogun တစ်ယောက်ရှိတယ်ပေါ့။ သူက ပြောရမယ်ဆို အရည်အချင်းမရှိတဲ့ရုပ်သေးသာသာ Shogun ပါ။ ဒီလိုပြောလို့ သူ့ရဲ့၈ နှစ်အရွယ် သားဖြစ်သူ Tokiyuki ကလည်းပြေးလွှားရတာရယ် ပုန်းတာရယ်ကလွဲပြီး တခြားအရည်အချင်းမရှိတဲ့ ဆာမူရိုင်းလောင်းလျာလေးပါ။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနေရာ ဆက်ခံဖို့ထက် တိုင်းပြည်မှာအေးချမ်းသာယာနေရင်ပြီးရောဆိုပြီးဂုဏ်မမက်တဲ့လူလေးပေါ့။ တစ်ရက်မှာ သူတို့အားကိုးယုံကြည်ရတဲ့ အရည်အချင်းရှိတဲ့စစ်သူကြီးတစ်ယောက်ဟာ ပုန်ကန်နေတဲ့ အင်ပါယာကို သွားချေမှုန်းမယ်ဆိုပြီး တကယ်တမ်းတော့အဲဒီအင်ပါယာနဲ့ ပူးပေါင်းပြီး သစ္စာဖောက်ခဲ့ပါတယ်။ ပြီးတော့ ဒီ Kamakura မြို့လေးကိုလည်းသစ္စာဖောက်စစ်တပ်နဲ့အတူ အကုန်သတ်ဖြတ် မီးရှို့ဖျက်ဆီးလိုက်ချိန် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိတယ်ဆိုတဲ့နတ်ဆရာတစ်ယောက်နဲ့ သူ့သမီးဖြစ်သူဟာ Tokiyuki ကို ကယ်တင်ပေးခဲ့ပြီးဖအေနဲ့ တိုင်းပြည်ကိုဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ ရန်သူကို ပြန်လက်စားချေဖို့အတွက် စွန့်စားခန်းတွေထွက်ကြမဟာမိတ်တွေရှာကြသန်မာအောင်လုပ်ကြပြီး ဘယ်လိုပြန်သိမ်းပိုက်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကြည့်ပြီးတဲ့အချိန် မျောက်လွှဲကျော်လေးနဲ့ တူလို့မျောက်လွှဲကျော် ဆာမူရိုင်းလေးလို့ နာမည်ပေးလိုက်ပါတယ်ဗျာ။...
Vanished in Yosemite (2023) ⭐IMDB: 5.1/10 (269 Votes) 🎬 #Mystery #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် လျှိ့ဝှက်သည်းဖိုဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျနီဖာနဲ့ကတ်ထရီနာဆိုတဲ့ ညီအစ်မနှစ်ဦးဟာ Yosemite အမျိုးသားဥယျာဉ်ကို အားလပ်ရက်အလည်အပတ်ခရီးထွက်လာပါတယ်… Yosemite ဥယျာဉ်ကိုရောက်ပြီး ညရောက်တော့ သူတို့ညီအစ်မတည်းတဲ့ဟိုတယ်ရဲ့စားသောက်ဆိုင်မှာ ရစ်ခ်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အမှတ်မထင်ဆုံမိပါတယ်… ရစ်ခ်ကဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး ဥယျာဉ်ထဲမှာဓါတ်ပုံလိုက်ရိုက်ဖို့ ဂျနီဖာနဲ့ကတ်ထရီနာတို့ကိုဖိတ်ပါတယ်….နောက်နေ့ကျတော့ ဂျနီဖာကအစာအဆိပ်သင့်ပြီး နေမကောင်းဖြစ်နေတဲ့အတွက် ကတ်ထရီနာတစ်ယောက်ထဲ ရစ်ခ်နဲ့လိုက်သွားခဲ့ပါတယ်….နေ့လည်ပြန်ရောက်မယ်လို့ပြောခဲ့ပေမဲ့ ညနေအထိပြန်မရောက်လာတဲ့အခါ ဂျနီဖာဟာကတ်ထရီနာကိုစိတ်ပူလာပါတယ်…. ဒီလိုနဲ့ဂျနီဖာဟာ ကတ်ထရီနာကိုလိုက်ရှာဖို့အတွက် ရည်းစားဟောင်းဖြစ်သူ ဝေါ်လီကိုဥယျာဉ်ကိုလိုက်လာခဲ့ဖို့ပြောပြီး ကတ်ထရီနာကိုလိုက်ရှာပါတော့တယ်...
Good Bye, Lenin! (2003) ⭐TMDB: 76% User Score 🎬 #Comedy #Drama 🗓 2003 🎞 movie 🌎 #Germany ⏰ 2 နာရီ 1 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 7.7/10 အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။ အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ နောက်တစ်ခါနှလုံးဖောက်ရင် အသက်ပါ ပါနိုင်ကြောင်း ပြောလာတဲ့အခါ အဲလက်စ်တစ်ယောက် သူ့အမေ ထိုအဖြစ်အပျက်တွေကို မသိရှိရေး အသည်းအသန် ကြိုးစားရပါတော့တယ်။ နိုင်ငံကြီးက ခေတ်နဲ့အမီ တိုးတက်နေတဲ့အချိန် ဂျာမဏီနိုင်ငံက ကမ္ဘာ့ဘောလုံးပွဲမှာတောင် ချန်ပီယံဖြစ်နေတဲ့အချိန် အဲလက်စ်တစ်ယောက် အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ သူ့မိခင်အတွက် အရှေ့ဂျာမဏီရဲ့ ဆိုရှယ်လစ်အုပ်ချုပ်မှုစနစ်ကြီးကို တစ်ယောက်တည်းအသက်သွင်းနေရတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲလက်စ်တစ်ယောက် သူ့မိခင်ကို အဆုံးထိ လိမ်သွားနိုင်မလား… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
The Woodsman (2004) ⭐TMDB: 69% User Score 🎬 #Crime #Drama 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီးKevin Baconပါဝင်တဲ့ တစ်ချိန်က အတော်လေးနာမည်ကြီးခဲ့တဲ့ IMDb 7.1 ရ old but goldလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ sensitive plot ဆိုပေမဲ့ သရုပ်ဆောင်တွေနဲ့ဒါရိုက်တာတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဖော်မှုကြောင့် ရင်ထဲအတွေးတစ်ခုရောက်စေမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ ဝေါ်လ်တာဟာ သက်ငယ်မုဒိမ်းမှုနဲ့ ဂျေး ၁၂ နှစ်အောင်းရပြီးတော့ အခုမှပဲ ပြင်ပလောကနဲ့ ထိတွေ့ခွင့်ရသူတစ်ယောက်၊ ဒါပေမဲ့ ၁၂ နှစ်တာကာလက ဝေါ်လ်တာကို သူ့ရဲ့အတိတ်ကနေ ရုန်းထွက်နိုင်ဖို့ မကူညီနိုင်သေးပါဘူး။ တစ်ချိန်က ကိုယ့်ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ရွံရှာနေတာကတစ်ကြောင်း ပတ်ဝန်းကျင်ရဲ့Social punishment တွေပုတ်ခတ်မှုတွေကတစ်ကြောင်းနဲ့ ဆိုက်ကိုဖြစ်နေလို့ ဆရာဝန်နဲ့ ဆွေးနွေးနေရသူပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့အိမ်ရှေ့က မူလတန်းကျောင်းလေးနားမှာ သံသယဝင်စရာလူတစ်ယောက် ပေါ်လာပြီး ကလေးပျောက်မှု မုဒိမ်းမှုတွေဖြစ်လာပါတော့တယ်။ မြွေမြေချင်းခြေမြင်တဲ့ဝေါ်လ်တာကတော့ ဒီလူရဲ့လှည့်ကွက်တွေကိုသိနေပေမဲ့ ရဲဘက်ကတော့ သက်ငယ်မုဒိမ်းကောင်တံဆိပ်တပ်ခံရတဲ့ဝေါ်လ်တာကိုပဲ သံသယရှိနေတဲ့အခါမှာတော့…. ပုံပြင်ထဲက Woodsmanက ဝံပုလွေဗိုက်ထဲက ကလေးမလေးကို ကယ်တင်ခဲ့သလို ဝေါ်လ်တာရော အတိတ်ကနေ ရုန်းထွက်ပြီး အန္တရာယ်ထဲကကလေးတွေကို ကယ်တင်နိုင်မလား ရှုစားကြပါဦး။...
Dreamcatcher (2003) ⭐TMDB: 56% User Score 🎬 #Drama #Horror #ScienceFiction #Thriller 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။ သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်းေလးယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။...
The Alamo (2004) ⭐TMDB: 58% User Score 🎬 #Drama #History #War 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 6/10 Award – 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။ အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။...
First Daughter (2004) ⭐TMDB: 61% User Score 🎬 #Comedy #Drama #Family #Romance 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။...
Thirteen (2003) ⭐TMDB: 66% User Score 🎬 #Drama 🗓 2003 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating- 6.8/10 Award – 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။ သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။)...
Pattaya Heat (2024) ⭐IMDB: 6.1/10 (114 Votes) 🎬 #Action #Comedy #Crime #Thriller 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 58 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pattaya Heat ( 2024 ) ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကိုတစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။သူက ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။သူက သူ့အစီအစဉ်ကို အထမြောက်အောင်လုပ်ဖို့ လူတွေစုခဲ့တယ်။တစ်ယောက်က ၁၀မိနစ်အတွင်း လူ၁၀ယောက်လောက်ကို သွေးအေးအေးနဲ့သတ်နိုင်တဲ့ ထောင်ထွက်လူသတ်သမား။တစ်ယောက်က ခုနဆရာကြီးနဲ့ အညှိုးရှိတဲ့သူ။ အဲဒီလူတွေကိုသုံးပြီး ဒီရွှေတွေကိုယူဖို့ကိစ္စအောင်မြင်အောင် သူဘယ်လိုအကွက်ချလဲဆိုတာကိုTwistတွေနဲ့ အခန်းတွေခွဲပြီး တော်တော်ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဂန်းစတားကား ငတ်နေတဲ့လူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်လို့လည်း ပြောလို့ရတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...
Freaky Friday (2003) ⭐TMDB: 65% User Score 🎬 #Comedy #Family #Fantasy 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။...
Intolerable Cruelty (2003) ⭐TMDB: 59% User Score 🎬 #Comedy #Romance 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb rating – 6.3/10, RY -76% (Award – ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့အမှုသည် ရက်စ်ရက်စ်ရောသ့်ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။...