ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
American Star (2024) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Thriller #Mystery #Drama 🗓 2024 🎞 movie 🌎 #UnitedStates #Spain #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဓိက ဇာတ်ဆောင်ကတော့ အားလုံးမြင်ဖူးပြီးသားဖြစ်တဲ့ John Wickထဲက ဟိုတယ်ပိုင်ရှင်ကြီး၊ Pirates of the Caribbeanထဲက Captain Blackbeardဖြစ်တဲ့ မင်းသားကြီးIan McShaneပါ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ စစ်သားဟောင်းကြီးတစ်ဖြစ်လဲ ကြေးစားလူသတ်သမားလုပ်တဲ့ ဝီလ်ဆန်အဖြစ်မြင်တွေ့ရမှာပါ။ ‘American Star’ဆိုတာက ကန်နေရီကျွန်းများထဲမှကမ်းခြေတစ်ခုမှာ သောင်တင်နေတဲ့ အမေရိကန်စစ်သင်္ဘောကြီးကိုခေါ်တာပါ။ ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ရေယာဥ်၊ သယ်ပို့ယာဥ်အဖြစ် အမျိုးမျိုးအသုံးတော်ချခဲ့ပြီး စစ်ကြီးအပြီးမှာလည်း ကုန်သယ်ဖို့၊ ဟိုတယ်ဖွင့်ဖို့ စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းရောင်းဝယ်ခဲ့ကြတဲ့ သင်္ဘောကြီးပါ။ နောက်ဆုံးတော့ ၁၉၉၄ခုနှစ်အရောက်မှာ ဟိုတယ်ဖွင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂရိကနေထိုင်းနိုင်ငံကိုပို့ဆောင်ရင်း လမ်းခုလတ်မှာ မုန်တိုင်းမိပြီး ဘာမှမဆီမဆိုင်တဲ့ ဖွယ်တီဗန်တူရာကျွန်းမာသောင်တင် နေခဲ့ပါတယ်…။ ၂၀၂၂ခုနှစ်အရောက်မှာတော့ ဒီသင်္ဘောပျက်ကြီးကို လူလုပ်သန္တာကျောက်တန်းအဖြစ်အသုံးချလိုက်တာမို့ ပင်လယ် မျက်နှာပြင်မှာလုံးဝမြင်တွေ့ရတော့မှာမဟုတ်ပါဘူး…။ ဘာလို့ဒီအကြောင်းတွေပြောနေရလဲဆိုရင် ဇာတ်လမ်းရဲ့အဓိက ဇာတ်ကောင်ကို ဒီသင်္ဘောနဲ့ ခိုင်းနှိုင်းပြီး ဇာတ်အိမ်တည်ထားလို့ပါပဲ…။ ကြေးစားလူသတ်သမားဖြစ်တဲ့ ဝီလ်ဆန်ဟာ သူ့ရဲ့ပစ်မှတ်ကို လုပ်ကြံဖို့အတွက် ဖွယ်တီဗန်တူရာကျွန်းကိုရောက်လာခဲ့ပါတယ်။ သို့ပေမယ့် ပစ်မှတ်ဟာ အဲ့ဒီကျွန်းမှာရှိမနေခဲ့တာကြောင့် ဝီလ်ဆန် တစ်ယောက် ပစ်မှတ်အလာကိုစောင့်ရင်း ကျွန်းပေါ်မှာအချိန်ဖြုန်းဖို့ ကြံခဲ့ပါတယ်။ ကျွန်းပေါ်မှာနေတဲ့ကာလအတွင်း ဝီလ်ဆန်ဟာဘယ်လို လူတွေနဲ့ကြုံတွေ့ရမလဲ၊သူ့အလုပ်ကိုရော ပြီးမြောက်အောင် လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။...
The Pregnancy Scheme (2023) ⭐IMDB: 4.7/10 (130 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Pregnancy Scheme (2023) တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကိုရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့်လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။ (ဒီရုပ်ရှင်ကိုaungmo3hanဘာသာပြန်ထားပါတယ်)...
Prisoners of the Sun (2013) ⭐TMDB: 39.0% User Score 🎬 #Action #Adventure #Horror #Mystery 🗓 2013 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prisoners of the sun (2013) ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ခုခေတ်မှာ အလွန့်အလွန်ကိုရှားပါးသွားပြီးဖြစ်တဲ့ ရတနာသိုက်ရှာတဲ့ စွန့်စားခန်းရုပ်ရှင်ပါပဲဒဏ္ဍာရီတွေ ဝှက်စာတွေ ပိရမစ်တွေ ထောင်ချောက်တွေ စတဲ့အရာများစွာနဲ့ရင်တထိတ်ထိတ်နဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး ရုပ်ရှင်တွေပေါ့ခုခေတ်မှာတော့ တကယ့်ကိုရှားသွားတာပါ့အဲ့တော့ မကြည့်ရသေးရင် အသစ်ဆိုတဲ့အတိုင်းပရိသတ်ကြီးအတွက် ဒီကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့အီဂျစ်ကိုတိုးတက်အောင်လုပ်ပေးခဲ့တာကကောင်းကင်ကနေလာတဲ့ အရာတွေ ဂြိုလ်သားတွေပေါ့လူသားတွေအခေါ် နတ်ဘုရားပေါ့ သူတို့က လူသားတွေကိုစေတနာရှိလွန်းလို့ကူညီတာမဟုတ်ဘဲကမ္ဘာကြီးကိုသိမ်းပိုက်ချင်လို့ လာခဲ့တာပါဒီအိုဆိုင်းရစ်တွေကို လူသားဘုရင်ဖာရို့က ပြန်မောင်းထုတ်ခဲ့ပြီးသူတို့ကိုပြန်ခေါ်နိုင်မယ့်လျှို့ဝှက်ချက်ကို သင်္ချိုင်းဂူထဲထည့်ပိတ်ထားခဲ့ပါတယ်နှစ်ပေါင်းငါးထောင်ကြာမှ တစ်ခါရတဲ့အခွင့်အရေးကြီးမှာမျက်မှောက်ခေတ်အချိန် အိုဆိုင်းရစ်တွေကိုပြန်ခေါ်ဖို့ ကြိုးစားကြတဲ့အခါမှာခေတ်ဟောင်းကားဆိုပေမဲ့ 2013 ဆိုတော့ cgi ဘာညာလဲ မဆိုးတာမို့ပရိသတ်ကြီးတို့ lara croft အလွမ်းပြေကြည့်နိုင်မဲ့ စွန့်စားခန်းကားလေးပါပဲလို့ညွှန်းဆိုပေးလိုက်ပါတယ်.။…. အညွှန်းနဲ့ဘာသာပြန်ကတော့Saii Thurein Lynnပဲ ဖြစ်ပါတယ်...
Rimu Yumino (DASS-253-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 25 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rimu Yumino ဆိုတာ JAV လောကကို ရောက်လာတာမကြာသေးပေမယ့် သူမရဲ့ဝိသေသတွေကတော့ တခြားမင်းသမီးတွေနဲ့ကွဲပြားစွာ မှတ်မိနိုင်စွမ်းရှိပါတယ်။ DASS-253-Decensored ဒီဇာတ်လမ်းမှာတော့… သူမနဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်နေရာကနေ မြင်တွေ့ရမှာဖြစ်ပြီး အတော်ကိုမှတ်မိသွားစေနိုင်မယ့် Decensored Version နဲ့ တင်ဆက်လိုက်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Through My Window: Looking at You (2024) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 45 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြတင်းပေါက်ကျော်လာတဲ့ချစ်သူလေး တတိယကားထွက်ရှိလာပါပြီ….။ လူငယ်ဆန်ဆန် စပိန်အချစ်ကားလေးဖြစ်ပြီး ရှေ့နှစ်ကားမှာလည်း ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြောင့် အကြိုက်တွေ့ခဲ့ကြပါတယ်…။ ဒီတစ်ခေါက်ဇာတ်ကားလေးထဲမှာရော စာရေးဆရာမလေးနဲ့ ဝိုင်ဖိုင်ခိုးသုံးတဲ့သူဌေးသားလေးတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရဦးမှာပါ။ ဒုတိယကားမှာတုန်းက Long Distance Relationshipဖြစ်သွားလို့ ပြတ်စဲသွားခဲ့ကြတဲ့ ရာကဲနဲ့အာရိစ်ဟာ ဒီဇာတ်လမ်းအစမှာတော့ ကိုယ်စီကိုယ်စီပိုင်ရှင်အသစ်တွေရှိနေကြပါပြီ။ ခရစ်စမတ်ကျောင်းပိတ်ရက်ကိုရောက်တော့ အာရိစ်ဟာ လက်ရှိရည်းစားအသစ်နဲ့အတူ မွေးရပ်မြေကိုပြန်လာတော့ အရင်လိုပဲ ရာကဲကိုပြတင်းပေါက်လေးကကျော်ပြီး မြင်တွေ့နေရဆဲပါ။ ပိုင်ရှင်ကတော့ ကိုယ်မဟုတ်တော့ဘူးပေါ့…။ သို့ပေမဲ့ လူတိုင်းရဲ့ဘဝမှာ မမေ့ပစ်နိုင်တဲ့ ရည်းစားဟောင်း တစ်ယောက်တော့ ရှိကြစမြဲပါ။ အခုဆိုရင် ရာကဲရော အာရိစ်ပါ တစ်ယောက်ကိုတစ်ယောက် မမေ့နိုင်ဖြစ်ကာ ပြတင်းပေါက်လေးကနေသာ လှမ်းမျှော်ကြည့် နေရပါတော့တယ်။ အချစ်ကြီးချစ်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့အချစ်က ဒီလိုပဲအဆုံးသတ်သွားမှာလား… ဒါမှမဟုတ် ပြတင်းပေါက်လေးကကျော်ပြီး ဇာတ်လမ်းသစ်ကို တစ်ဖန်ပြန်စကြမလားဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ဗျာ…။ လူငယ်အချစ်ကားဖြစ်တာကြောင့် sexအခန်းများစွာပါဝင်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါခင်ဗျာ။...
Hunt to Kill (2010) ⭐TMDB: 56.0% User Score 🎬 #Action #Thriller #Adventure 🗓 2010 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာ အလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့ 2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင် ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34% သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့ အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့ လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုး တစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့ အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီ ပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါ တော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့ အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရ ပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့ မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာက အဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေ အကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကို လိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှား ရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင် ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သား အဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။...
The Magic Roundabout (2005) ⭐TMDB: 53.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2005 🎞 movie 🌎 #France #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ငယ်ဘ၀ကိုပြန်လည်လွမ်းဆွတ်စေမဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကာတွန်းကားလေးရဲ့နာမည်ကတော့ The Magic Roundabout : The Movie ဖြစ်ပြီး IMDb Rating 5.2 ရရှိထားပါတယ်။ ဒူဂယ်ဆိုတဲ့ ခွေးလေးက အဝိုင်းရွာမှာ နေနေတဲ့ခွေးလေးတစ်ကောင် ဖြစ်ပြီး သူ့သခင်ကတော့ဖလောရန့်စ်ဖြစ်ပါတယ်။သူက အချို အရမ်းကြိုက်တတ်ပြီး အချိုမစားရရင် မနေနိုင်မထိုင်နိုင်ကို ဖြစ်နေတာပါ။ဒီလိုနဲ့ တစ်နေ့မှာ သကြားလုံးရောင်းတဲ့ လူဆီက သကြားလုံးတွေ စားရဖို့ကြံရင်းနဲ့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပြီး ကလေးတွေကစားနေတဲ့ ဆုံလည်မြင်းကြီးပျက်စီး သွားပါတော့တယ်။အဲ့ဒီအချိန်မှာ အဲ့ထဲမှာပိတ်လှောင်ထားခြင်း ခံရတဲ့ ရေခဲမကောင်းဆိုးဝါးဇီးဘတ် လွတ်မြောက်လာခဲ့ပြီး ဖလောရန့်စ် အပါအဝင်တခြားကလေးတွေကို ဆုံလည်မြင်းကြီး ထဲမှာ အေးခဲနေအောင်ပိတ်ထားခဲ့ပါတော့တယ်။ဇီးဘတ်ရဲ့ အကြံ အစည်ကတော့ နေကိုခဲအောင်လုပ်ပစ်ပြီး တစ်ကမ္ဘာလုံးကို သူ့စိတ်ကြိုက်ရေခဲတွေနဲ့ ဖုံးလွှမ်းအောင်လုပ်ပစ်ဖို့ပဲရှိပါတယ်။ သူ့ကိုတားဖို့အတွက် ဇစ်ဘဒီဆိုတဲ့ ရွာရဲ့သူရဲကောင်းရှိပေမဲ့ သူ့ကို အနိုင်မယူနိုင်တဲ့အခါမှာတော့ ဒူဂယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လာပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည် အောင်မြင်ဖို့ မှော်စိန်သုံးလုံးကို လိုအပ်ပြီး အဲ့ဒီစိန်တွေကို ဇီးဘတ် မရသွားအောင် ဒူဂယ်နဲ့သူငယ်ချင်း တိရစ္ဆာန်လေးတွေက ဘယ်လိုတားဆီးသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ်။...
Sukdulan (2003) ⭐TMDB: 40.0% User Score 🎬 #Adult #Drama 🗓 2003 🎞 movie 🌎 #Philippines ⏰ 1 နာရီ 43 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sukdulan (2003) အီလိန်းနဲ့အော်လေတို့ဟာ ချစ်ခင်လို့ယူခဲ့ကြတဲ့လင်မယားဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အော်လေရဲ့အိပ်ယာပေါ်က စွမ်းဆောင်ရည်ကြောင့် အကြိတ်အခဲတစ်ချို့ဖြစ်နေခဲ့ပါတယ်။ အော်လေဟာ ဇနီးချောဇနီးလှလေးကိုရထားပေမယ့်လည်း အပြာကားကြည့်မှပဲ စိတ်ထပြီးယောက်ျားကိစ္စ စွမ်းဆောင်နိုင်တဲ့အနေအထားဖြစ်နေတာပါ။ ခင်ပွန်းသည်ကိုချစ်ခင်ပေမဲ့ မျိုသိပ်ထားရတဲ့ အီလိန်းရဲ့ဆန္ဒတွေဟာ သူ့ကို အိမ်ထောင်ရှိမှန်းသိရက်လာကြောင်တဲ့ သူဌေးသားလူလည် မီဂယ်နဲ့အတွေ့မှာ ပေါက်ကွဲထွက်ကုန်တော့တာပါပဲ။ မဖြစ်သင့်မှန်းသိပေမယ့် ရှေ့ဆက်တိုးရင်း တဖြည်းဖြည်းရုန်းမထွက်နိုင်ဖြစ်လာတဲ့အခါမှာတော့…။ အခုချိန်မှာအမေခန်းရိုက်နေပြီဖြစ်ပေမဲ့ လှသွေးကြွယ်တုန်းဖြစ်တဲ့ Katya Santos ရဲ့ငယ်မူငယ်သွေးအလှအပတွေကိုတွေ့မြင်ရမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Red Right Hand (2024) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Action #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Right Hand (2024) ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90’s Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်”ဘစ်ကတ်”ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Brake (2012) ⭐IMDB: 6.1/10 (12 k Votes) 🎬 #Thriller #Crime #Action #Mystery 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာ ဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော် ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့ အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာ ကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီး ထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ ဇာတ်ကားအကျဉ်းချုပ်ကတော့ များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့ လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီး ဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ် သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာက တော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့ လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲ ဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာ အရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့ လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့ သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီ တစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင် ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Slow Video (2014) ⭐IMDB: 6.3/10 (716 Votes) 🎬 #Comedy #Drama #Fantasy #Romance 🗓 2014 🎞 movie 🌎 #SouthKorea #UnitedStates ⏰ 1 နာရီ 46 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားက အူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကို အသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာက အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုး မြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာ အနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူက လုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်း အလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာ ပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ် ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။...
False Trail (2011) ⭐IMDB: 6.5/10 (6 k Votes) 🎬 #Mystery #Thriller #Crime 🗓 2011 🎞 movie 🌎 #Sweden ⏰ 2 နာရီ 5 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB -6.5 Rotten Tomato – 100% Rating မြင့်မှကြည့်ချင်တဲ့သူတွေအတွက် အရမ်းမိုက်တဲ့ ဆွီဒင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နယ်မြို့လေးတစ်မြို့က အမဲလိုက်အဖွဲ့က သစ်တောထဲမှာသားကောင်ပစ်လို့ပြင်ဆင်နေကြရင်းနဲ့ အရက်ဆိုင်မှာအလုပ်လုပ်တဲ့ အဲလင်းရဲ့ကားကိုအမှတ်မထင် တွေ့သွားတယ်။ ကားထဲမှာဘယ်သူမှမရှိပေမယ့် သွေးစသွေးနတွေနဲ့ ဖရိုဖရဲဖြစ်နေတာကိုတွေ့တော့ ရဲတပ်ဖွဲ့မှူးမတ်က အမဲလိုက်အဖွဲ့မှာ ပါတဲ့ ရဲအရာရှိဖြစ်တဲ့ တိုစတန်ကိုဖုန်းဆက်ခေါ်လိုက်တယ်။ အခြေအနေကိုစမ်းစစ်ပြီးနောက်မှာတော့ အဲလင်ဟာအသတ်ခံရတာ ဖြစ်နိုင်တယ်လို့ဆုံးဖြတ်လိုက်တယ်။ အလောင်းနဲ့ လူသတ်လက်နက်ကို ရှာမတွေ့ပေမယ့် သံသယရှိသူတွေကိုစစ်ဆေးမေးမြန်းရင်းနဲ့ ကားပေါ်မှာကျန်ခဲ့တဲ့လက်ဗွေရာနဲ့ကိုက်ညီတဲ့ ရာရီဆိုတဲ့သူကို ရှာတွေ့သွားတယ်။ ရာရီက တိုစတန်နဲ့တစ်ချိန်တစ်ခါက ပြဿနာတစ်ချို့ ရှိခဲ့ဖူးတော့ ပုဂ္ဂိုလ်ရေးပြဿနာတွေပါမှာစိုးတဲ့အတွက် မတ်က စတော့ခ်ဟုမ်းက မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အကူအညီ တောင်းလိုက်တယ်။ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အဲ့မြို့မှာမွေး အဲ့မြို့မှာကြီးပြင်းခဲ့တဲ့ အဲရစ်ကို အမှုစစ်ဖို့လွှတ်လိုက်တယ်။ အဲရစ်ရဲ့စစ်ဆေးမှုတွေအရ ရာရီဟာလူသတ်ပါတယ်ဆိုတဲ့ လုံလောက်တဲ့သက်သေတွေ မရတဲ့အတွက်ရာရီလွှတ်လိုက်ရတယ်။ အကုန်လုံးက ရာရီကိုလူသတ်တရားခံလို့ထင်နေချိန်မှာ အဲရစ်က လူသတ်သမားက အခြားလူဖြစ်နိုင်တယ်လို့ထင်တဲ့အတွက် စစ်ဆေးမှုဆက်လက်လုပ်ဆောင်ပါတော့တယ်။ အဲရစ်တစ်ယောက် လူသတ်သမားအစစ်ကိုရှာဖွေနိုင်မလားဆိုတာဆက်လက် ကြည့်ရှူပေးကြပါဦး...
Deadtectives (2018) ⭐IMDB: 5.9/10 (3 k Votes) 🎬 #Comedy #Horror 🗓 2018 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲရှိတဲ့နေရာတွေကို သွားပြီးသရဲတွေကိုရှင်းလင်းရေးလုပ်တဲ့ နေရာမှာနာမည်အကြီးဆုံး Ghost Buster တို့ Conjuring ထဲက ဝါရန်တို့ကိုတော့မသိတဲ့သူက ခပ်ရှားရှားပဲဖြစ်မှာပါ။ အခုတင်ဆက်ပေးမဲ့ IMDb Rating 5.9 ရရှိထားတဲ့ Deadtectives ဆိုတဲ့ ဇာတ်ကားလေးကလည်းအဲ့လိုနာမည်ကြီးရုပ်ရှင်တွေကို Inspire ယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ဒီကား ကျတော့ အတည်ပေါက်ကြီးတွေအပြင် ဟာသလေးတစ်ဝက် လောက် ထည့်ပြီးသရဲတွေကိုလည်းအရမ်း Serious မလုပ်ထားတဲ့ အတွက်ပေါ့ပေါ့ပါးပါးသရဲကားကြည့်ချင်တဲ့ အသည်းငယ်သူတွေ အတွက်ကတော့အဆင်ပြေစေမဲ့ကားလေးဖြစ်ပါတယ်။ ဆမ် ကိတ် လွိုက် ဟာဗီယာတို့လေးယောက်ပါဝင်တဲ့သရဲဖမ်းတဲ့ အဖွဲ့က အခုလည်းမုန့်ဖုတ်ဆိုင်တစ်ဆိုင်မှာ သောင်းကျန်းနေတဲ့ သရဲကိုသွားရောက်နှိမ်နင်းနေကြပါတယ်။ပစ္စည်းတွေအပြည့်အစုံ တပ်ဆင်ထားပြီး သရဲတွေနဲ့ပတ်သတ်လာရင်တကယ်ကြမ်းတဲ့ ဆရာကြီးတွေလို့ထင်ရပေမဲ့ လုပ်ဇာတ်တွေခင်းပြီးသူတို့ကို အကူအညီတောင်းတဲ့သူတွေကို ဂျင်းထည့်နေကြတဲ့အဖွဲ့ ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ဂျင်းထည့်တဲ့အကွက်တွေက သူတို့ရဲ့အစီအစဉ်ကို ကြည့်ရှုတဲ့လူတွေအတွက်ရင်ခုန်စရာ မကောင်းတော့တဲ့အချိန်မှာတော့ သူတို့ကုမ္ပဏီကသူတို့အဖွဲ့ကို ဖျက်သိမ်းဖို့ တော်တော်နီးလာပါတော့တယ်။ဒါပေမယ့် သူတို့ အတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ မက္ကဆီကိုမှာရှိတဲ့ကြမ်းလှ ပါချည်ရဲ့ဆိုတဲ့ သရဲခြောက်တဲ့အိမ်ကြီးဆီကို လွှတ်လိုက်ပါ တော့တယ်။ဒီလိုနဲ့ အလုပ်သက်တမ်းတစ်လျှောက်လုံး ဂျင်းထည့် လာခဲ့ကြတဲ့ ဆမ်တို့အဖွဲ့တကယ့်သရဲအစစ်တွေနဲ့ တွေ့တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ဟာသလေးတွေနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
It Gets Better (2012) ⭐IMDB: 7.1/10 (132 Votes) 🎬 #Drama #Romance 🗓 2012 🎞 movie 🌎 #Thailand ⏰ 1 နာရီ 43 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “It Gets Better” (2012) ဇာတ်ကားလေးရဲ့ထိုင်းနာမည်အတိုင်း လိင်ပြောင်းအမျိုးသမီးလေးတွေက“ဘယ်သူ့ကိုမှ ငါတို့ကိုလာချစ်ပေးဖို့မတောင်းဆိုဘူးသူတို့ရဲ့ဖြစ်တည်မှုကို စာနာ နားလည်ပေးရင် ကျေနပ်ပါပြီ” ဆိုတဲ့ “ไม่ได้ขอให้มารัก” (Mai Dai Khor Hai Maa Rak) ဒါ့အပြင် ဒီဇာတ်ကားက လိင်တူချစ်ကြိုက်မိခြင်းက ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြောင့်ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကြား စိတ်ဆန္ဒတွေ၊ အတွေးများစွာနဲ့ ဗျာများခဲ့ရပုံ၊လိင်ပြောင်းအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဂရုဏာသက်ဖွယ်သူတို့ရဲ့ဘဝ ဇာတ်ကြောင်းအစုံအလင် မသက်ဆိုင်တဲ့ storyline 3 ခုကို ဟန်ချက်ညီညီ ပေါင်းစပ်ရိုက်ကူးပြသထားပါတယ်။ ပထမဆုံးအနေနဲ့ အဖေဖြစ်သူတည်ထောင်ထားတဲ့ ဂေးဘားကိုအမွေဆက်ခံဖို့ရောက်လာတဲ့ ကောင်ချောလေး သွန့်မိုင်နဲ့လိင်ပြောင်အမျိုးသမီးလေးတွေကြားက အချစ်ဇာတ်လမ်း၊ ဒုတိယမြောက်ဇာတ်လမ်းအနေနဲ့ ငယ်စဉ်ကတည်းက မိန်းကလေးစိတ်ပေါက်နေတဲဒင်းကိုဖအေဖြစ်သူက ကိုရင်ဝတ်ခိုင်းရင်း ဘုန်းကြီးကျောင်းက ဦးပုဇဉ်းတစ်ပါးကိုသဘောကျမိပြီးကလေးပီပီ ချဉ်းကပ်ပုံလေးတွေနဲ့အတူ နောက်ဆုံး နယ်ဘက်က အဖေဖြစ်သူဆီ ခဏခဏသွားချောင်းရင်းလိင်ပြောင်းအမျိုးသမီးကြီးဆာထန်နဲ့ တောသားလေးကြားကဇာတ်လမ်းလေးတွေကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Lailaပဲ ဖြစ်ပါတယ်။...
Running Out of Time (1999) ⭐TMDB: 73.0% User Score 🎬 #Action #Crime #Drama #Thriller 🗓 1999 🎞 tv movie 🌎 #HongKong ⏰ 1 နာရီ 32 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Running Out of Time (1999) ~ IMDb – 7.3/10, Rotten Tomatoes – 90% ~ Directed by“Johnnie To” Four Heavenly Kings of Cantopop လို့ဆိုကြတဲ့ အန်ဒီလောင်၊ ဂျက်ကီချောင်၊ အာရွန်ကော့၊ လီယွန်လိုင်တို့ထဲ အန်ဒီလောင်က ရုပ်ရှင်လိုင်းထဲတော့ အဂေါ်ဆုံးလို့ ကျိန်းသေပြောလို့ရတယ်။ ပြောလို့ရဆို သူ သရုပ်ဆောင်နယ်ပယ်ကို သေသေချာချာစဝင်တာကလည်း အန်းဟွေရဲ့ Boat People နဲ့စတာဖြစ်သလို ပထမဆုံးခေါင်းဆောင်မင်းသား စဖြစ်တာကလည်း Shaw Brothers ရဲ့ အက်ရှင်ကား On the Wrong Track နဲ့စတာ။ နောက် ဝေါင်ကာဝေးရဲ့ ပထမဆုံးရုပ်ရှင် As Tears Go By, နောက် ဟောင်ကောင်အက်ရှင်ရိုမန့်မာစတာပိစ်တစ်ကားဖြစ်တဲ့ ဘန်နီချန်းရဲ့ A Moment of Romance… ၁၉၉၉မှာ ဂျွန်နီတိုရဲ့ Running Out of Time နဲ့ သရုပ်ဆောင်ဆုရခဲ့သလို အဲဒီနောက်မှာ Infernal Affairs ကားတွေရိုက်ခဲ့တယ်။ ဒါက တကယ့်အထင်ကရတွေချည်း။ ဂျွန်နီတိုတို့ ဝေါင်ကာဝေးတို့နဲ့ကားတွေ တခြားကားကောင်းတွေ မနည်းဘူး။ ကျန်တဲ့သုံးယောက်လည်း ဒါရိုက်တာကောင်းတွေနဲ့တွဲလုပ်ဖူးပေမဲ့ သူ့လောက်တော့မများဘူး။ ဒါပေမဲ့ ကျန်တဲ့သုံးယောက်မှာလည်း ကိုယ်ပိုင်မာစတာပိစ်ကားတွေရှိနေတာပါပဲ။ Four Heavenly Kings ဟာ Four Heavenly Kings တော့ ပီသခဲ့တယ်။ အန်ဒီလောင်နဲ့ ဂျွန်နီတို တွဲရိုက်ဖူးတာ ၇ကား၈ကားလောက်တော့ရှိတယ်။ အဲဒီထဲကမှ Running Out of Time နဲ့ Blind Detective ကတော့ အကြမ်းဆုံးပဲ။ Running on Karma, Needing You, Love on a Diet နဲ့ A Moment of Romance III တို့ကတော့ အစောပိုင်းကားတွေဆိုတော့ သူ့ပုံစံသိပ်မပေါ်သေးဘူး။ Running Out of Time မှာတောင် ဂိုဏ်းစတားရုပ်ရှင်မဟုတ်ဘဲ Heroic Action ဆန်ဆန်ဆိုတော့ ဒါမျိုးက သူ့ဆီမှာပဲ တွေ့နိုင်တဲ့ကားမျိုးမဟုတ်နေဘဲ ဟောင်ကောင်အက်ရှင်စီနီမာတစ်ခုလုံးမှာ နိုင်းချင်းတွေ့နေကျကားတွေပဲ။ အထူးသဖြင့် ဂျွန်ဝူးဆီမှာပေါ့။ ဂျွန်ဝူးလို အပစ်အခတ်ကြမ်းတယ်လို့တော့ မဆိုလိုဘူးပေါ့။ နည်းနည်းထူးမှာက ညှိနှိုင်းရေးသမားနဲ့ ဓားစာခံဖမ်းအကြပ်ကိုင်တဲ့လူဆိုးတွေကြားက အဖြစ်တွေကို ရိုက်ပြထားတာပဲ။ ဒါမျိုးအများကြီးတော့ မတွေ့ဖူးဘူးပေါ့။ အန်ဒီလောင်နဲ့အတူ သရုပ်ဆောင်ထားတာက သူသုံးနေကျထဲက Sean Lau နဲ့ Lam Suet နောက် Waise Lee တို့ပါပဲ။ သူ့ကားတွေထုံးစံအတိုင်း သူသုံးနေကျ သရုပ်ဆောင်တွေနဲ့တော့ ကြမ်းနေတာပါပဲ။ Sean Lau ကို Mad Detective မှာနဲ့ တော်တော်ကွဲပြားတဲ့ ကာရိုက်တာနဲ့ပြထားသလို ဒီကားက သူ့နောက်ပိုင်းကားတွေလို Hero မပါတဲ့ကားမဟုတ်ဘဲ Hero ပါတဲ့ကားဖြစ်နေတော့ အန်ဒီလောင်က အဲဒီဟီးရိုးနေရာက သရုပ်ဆောင်ထားတာကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ Blind Detective မှာလည်း အန်ဒီလောင်နဲ့ ဟီးရိုးပါတဲ့ကားထပ်ရိုက်ဖူးတော့ အန်ဒီလောင်နဲ့ရိုက်ရင် ဒီလိုကားမျိုးတွေဖြစ်နေတတ်တယ်လို့ အကြမ်းဖျဉ်းသတ်မှတ်ရမှာပဲ။ အန်ဒီလောင်နဲ့ ဂျွန်နီတိုတွဲရိုက်ဖူးတဲ့ထဲက အကောင်းဆုံး၂ကားဖြစ်တဲ့ Running Out of Time နဲ့ Blind Detective မှာတူတာက နှစ်ခုလုံးက အက်ရှင်ထက် လူဆိုးနဲ့ရဲ ဉာဏ်ကစားတာကို ပြသွားတာပဲ။ ရဲကို ဂျွန်နီတို အကောင်းရိုက််ပြသွားတဲ့ သိပ်မများတဲ့ကားတွေထဲက ကားတွေပေါ့။ Running Out of Time 2 တော့ ထပ်ထွက်ပေမဲ့ ဂျွန်နီတိုရိုက်တာ မဟုတ်တော့သလို အန်ဒီလောင်လည်းမပါတော့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
BTOB TIME: Be Together the Movie (2023) ⭐TMDB: 0.0% User Score 🎬 #Documentary #Music 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 41 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 BTOB Time Be Together The Movie အညွှန်း အချိန်အကြာကြီးတည်မြဲနိုင်တဲ့ အချစ်တွေကို လက်ညှိုးညွှန်ပြပါဆိုရင်တော့နှစ်ဦးနှစ်ဖက်လုံးဟာ ရယူလိုခြင်းအလျင်းမရှိ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့အရင်းတည်ထားတဲ့ အိုင်ဒေါ နဲ့ ပရိသတ်တွေရဲ့ဆက်ဆံရေးလို့ပဲဆိုချင်ပါတယ် BTOB နဲ့ Melody တို့ရဲ့ ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေဟာ ရုပ်ရှင်တစ်ခုဖြစ်ခဲ့ရင်အဓိကဇာတ်ဆောင်တွေဟာ Melody ဖြစ်ပြီး နောက်တစ်ကြိမ် မင်းတို့တွေဆီကို လှမ်းလာနေတာဟာ BTOB ဖြစ်ပါလိမ့်မယ် ဒီရုပ်ရှင်လေးမှာ သေချာပေါက်ပါဝင်မှာကတော့ သံယောဇဉ်ကြိုးတွေ မြဲမြဲချည်ထားတဲ့ ၁၀ နှစ်တာ အပြန်အလှန် ချစ်ခြင်းတွေပေါ့Idol တွေနဲ့ Fan တွေရဲ့ နှလုံးသားချင်းထပ်တူကျတဲ့နေရာ ၊ ရင်ခုန်သံတွေ တူညီနေတဲ့နေရာက Concert တွေဆိုလည်း မမှားပါဘူး။အဲဒီလို မှော်ဆန်တဲ့အခိုက်အတန့်လေးကို လှပတဲ့ရုပ်ရှင်လေးတစ်ခုအဖြစ် ဖန်တီးပုံဖော်ထားတဲ့BTOB Time Be Together The Movie လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်တာမို့BTOB နဲ့ Melody လေးတွေကြားထဲက လှပတဲ့သံယောဇဉ်တွေ ၊ သိမ်မွေ့တဲ့ရစ်ဖွဲ့မှုတွေ ၊ချစ်ခြင်းမေတ္တာတွေကို တစ်ဝကြီးမြင်တွေ့ရပြီး ကြည်နူးစိတ်ဖြစ်ရမယ့် Movie လေးဖြစ်တာမို့သီချင်းတွေကို အတူတူလိုက်ပါခံစားသီဆိုရင်း စီးမြောလိုက်ကြရအောင် Melody လေးတို့ရေ အညွှန်း နဲ့ ဘာသာပြန်ကတော့ShinandCaliပဲ ဖြစ်ပါတယ်။...
Femme (2023) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 35 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျူးလ်ဟာ drag queen တစ်ယောက်ဖြစ်ပြီး ပွဲတွေမှာ ဖျော်ဖြေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ ပွဲပြီးလို့ အိမ်ပြန်တဲ့လမ်းမှာ ဂေးမုန်းတီးတဲ့ လူမိုက်တစ်စုက ပစ်မှတ်ထားတိုက်ခိုက်တာကို ခံလိုက်ရပြီး သူ့ဘဝရော၊ အလုပ်တွေပါပျက်စီးသွားခဲ့ပါတယ်။ ဒီလိုဆိုးဝါးတဲ့ဖြစ်ရပ်တွေအပြီး တစ်ညမှာတော့ ဂေးအပူထုတ်ခန်းမှာ သူ့ကိုတိုက်ခိုက်ခဲ့တဲ့ ပရက်စတန်ကို တွေ့ခဲ့ပြီး လက်စားပြန်ချေဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။ 1917 ရဲ့သရုပ်ဆောင် George MacKay ရဲ့ ပုံမှန်ထပ် ထူးခြားကွဲထွက် နေတဲ့ သရုပ်ဆောင်ပုံတွေကိုပါကြည့်ရှုကြရမှာပါ။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။...
Gilded Newport Mysteries: Murder at the Breakers (2024) ⭐IMDB: 5.4/10 (413 Votes) 🎬 #Mystery #TVMovie #Drama 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 24 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချိန်ကာလအားဖြင့် ၁၈၉၅ ဂျူလိုင်လ။ အမ်မာဟာ ချမ်းသာကြွယ်၀တဲ့ ဗန်ဒါဘစ်မိသားစုနဲ့ ဆွေမျိုးတော်စပ်သူ။ အမ်မာရဲ့ အဖေနဲ့အမေဟာ ဥရောပမှာ ပန်းချီကားတွေကိုသွားရောက်ရောင်းချနေကြသူတွေပါ။ အမ်မာဟာ ဆွေကြီးမျိုးကြီးထဲကဆိုပေမဲ့ အမွေစားအမွေခံတစ်ယောက်မဟုတ်ဘဲ သွေးနှောလို့သာ ဗန်ဒါဘစ်မိသားစု၀င်တစ်ဦးဖြစ်နေသူပါ။ အမ်မာဟာ အိမ်မှာ အိမ်ထိန်းအဖွားဖြစ်သူနဲ့အတူနေထိုင်ရင်း နယူးပေါ့ရဲ့သတင်းစာတိုက်တစ်ခုမှာ အမျိုးသမီးကဏ္ဍအတွက် သတင်းဆောင်းပါးတွေကိုရေးသားကာ ၀င်ငွေရှာနေတဲ့ ၂၁ နှစ်အရွယ် သတင်းထောက်မလေးတစ်ယောက်ပေါ့။ အမ်မာဟာ တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂါထရုရဲ့ ကပွဲကို ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီနဲ့တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ ကပွဲမှာ လူသေမှုတစ်ခုဖြစ်သွားပြီး ဒီအမှုဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဆိုတာကို သိရှိလိုက်ရချိန်မှာတော့ ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီဟာ လူသတ်သမားအဖြစ် မတရားစွပ်စွဲအကျဉ်းချခံလိုက်ရပါတယ်။ ဒီလိုနဲ့ အမ်မာတစ်ယောက် စုံထောက်ဂျက်စီဝှိုက်နဲ့အတူ ဒီလူသတ်မှုနောက်ကွယ်ကအကြောင်းစုံကိုစုံစမ်းရင်း မောင်ဖြစ်သူဘရေဒီ အပြစ်ကင်းစင်ကြောင်းသက်သေပြဖို့အတွက် လူသတ်သမားအစစ်ကိုရှာဖွေဖို့ရာ ကြိုးပမ်းရပါတော့တယ်။...
Beautiful Wedding (2024) ⭐IMDB: 3.9/10 (625 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beautiful Wedding(2024)============Romance, Comedy ဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူးအလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲလက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ်သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက်ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး….ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူးဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကိုမကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်…အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျသရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်။...
Bleeding Love (2023) ⭐IMDB: 5.5/10 (414 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bleeding Love (2023) အမေတွေကသားတွေကို အချစ်ဆုံးဖြစ်ပြီးတော့ အဖေတွေက သမီးတွေကိုအချစ်ဆုံးပဲဆိုတာ လူတိုင်းအသိပါပဲ။“ထူးအိမ်သင်” လိုပေါ့ …သမီးလေးမျက်နှာနဲ့ လောကကြီးကိုအံတုရဲတယ်ဆိုတာ ဖခင်တွေပါပဲ။မိန်းမအတွက်နဲ့ အသောက်စားအပျော်ပါး မလျော့ကြတဲ့ ယောကျာ်းလေးတွေဟာသမီးလေးအတွက်နဲ့ ဆေးလိပ်တွေ အရက်တွေဖြတ်ပြီး အလုပ်တွေကြိုးစားကြသူတွေပါ။ဒီလို အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာလေးတွေကို ကြည်နူးစရာကောင်းအောင်ရိုက်ကူးထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Bleeding Love ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလဲ အပြင်တကယ့်လက်တွေ့ဘဝမှာလဲ သားအဖအရင်းတွေဖြစ်ကြပါတယ်။အဓိကသရုပ်ဆောင်အနေနဲ့က အဖေအဖြစ်နဲ့ကလေးဆိုးတွေထိန်းကျောင်းပေးနေကျဖြစ်တဲ့မင်းသားကြီး Ewan McGregor (အိုဘီဝမ်ကီနိုဘီ) ဖြစ်ပြီးတော့သမီးဖြစ်သူကတော့ တက်သစ်စမင်းသမီးဖြစ်တဲ့ Clara Mathilde McGregor ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေဖြစ်သူကနေ မူးယစ်ဆေးစွဲပြီး ဆေးလွန်နေတဲ့သမီးဖြစ်သူကိုပြန်လည်ထူထောင်ရေးကို ပို့ပေးဖို့ ဇနီးဟောင်းကနေ အကူညီတောင်းလာခဲ့ပါတယ်။ခက်တာက အဖေနဲ့သမီး စကားမပြောဖြစ် မတွေ့ဖြစ်ခဲ့ကြတာ နှစ်အတော်ကြာနေပြီးမှ ခုလိုရုတ်တရက်ပြန်တွေ့ရတာပါပဲ။ဖခင်က စွန့်ပစ်သွားတယ်ဆိုပြီး Truama ရနေတဲ့သမီးဖြစ်သူနဲ့ ငယ်ရွယ်စဉ်က ဆိုးခဲ့မိုက်ခဲ့ပြီးအရက်ပါစွဲနေခဲ့တဲ့အဖေဖြစ်သူ ကားတစ်စီးနဲ့ နှစ်ယောက်သားအတူတူ အမေရိကန်က အဝေးပြေးလမ်းမပေါ်မှာသူတို့ကြားက အဖုထစ်တွေ မကျေလည်တာတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတာကိုမျက်ရည်လည်ရွဲနဲ့ကြည့်ရမဲ့ Family Drama ကားလေးဖြစ်ပါတယ်။ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...
