ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Kyaa Super Kool Hain Hum (2012) ⭐IMDB: 5.0/10 (4 k Votes) 🎬 #Bollywood #Comedy #Uncategorized #Drama 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kyaa Super Kool Hain Hum (2012)“ခပ်ချိုချို တလွဲဖြစ်ခြင်းများ”============================= အတည်ပေါက်နဲ့ခွီရတာမျိုးမဟုတ်ဘဲ ပေါတောတောနဲ့ တကယ်ခွီတကယ်ရယ်ရတဲ့အတွက် နောက်ဆက်တွဲရုပ်ရှင်နှစ်ကားပါထပ်ထွက်ခဲ့တဲ့ ဟင်ဒီစကားပြော ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို သရုပ်ဆောင်တွေကလည်းအရမ်းချောတဲ့ထဲ မပါတဲ့အပြင် ဇာတ်လမ်းအစမှာ ခပ်ပေါ့ပေါ့ဟာသတစ်ကားကြည့်မိသွားသလို ခံစားသွားရစေနိုင်ပေမဲ့ မိနစ်အနည်းငယ်ကြာတာနဲ့ကွာလတီရှိတဲ့ ဟာသကားဆိုတာကို သဘောပေါက်သွားကြမှာပါ။ ဇာတ်လမ်းကတော့ ထွေထွေထူးထူးမဟုတ်ဘဲ ဆစ်ဒ်နဲ့ အာဒီဆိုတဲ့ လူငယ်နှစ်ယောက်အိပ်မက်တွေနောက်လိုက်ရင်း ကပေါက်တိ ကပေါက်ရှာတွေဖြစ်တာကို ဇတ်ကွက်ဖော်ရိုက်ကူးထားတာ။ ရုပ်ရှင်ထဲမှာသုံးထားတဲ့ ပြက်လုံးတွေကလည်း အရိုင်းဆန်သလိုရှိပေမဲ့ အခြေအနေကိုလိုက်ပြီးသဘာဝကျကျရယ်ရအောင် သူ့နေရာနဲ့သူ ထည့်ထားတဲ့အတွက် စိတ်ပင်ပန်းလို့ဟက်ဟက်ပက်ပက်ရယ်ချင်နေတဲ့သူတွေ တကယ်ကြည့်သင့်တဲ့ရုပ်ရှင်လေးတစ်ခုပါပဲ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Shaolin Popey 3 (1995) ⭐TMDB: 87% User Score 🎬 #Action #Comedy #ShaolinPopey 🗓 1995 🎞 movie 🌎 #China #HongKong #Taiwan ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ရှေ့ ၂ ကား ကိုတင်ဆက်ပေးပြီးဖြစ်ပါတယ်၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Shaolin Popey 3 မှာတော့ ရှောင်လင်ကိုယ်တော်လေးတို့မောင်နှမ၂ယောက်ဟာ ကမ္ဘာကိုယ်ခံပညာပြိုင်ပွဲကိုဝင်ပြိုင်ဖို့ဟာဝိုင်ယီကိုသွားကြရမှာဖြစ်ပါတယ်။ ဟာဝိုင်ယီကိုရောက်တဲ့အခါအဲဒီမှာအခြေချနေထိုင်နေတဲ့ ညီအစ်ကို(၂)ယောက်နဲ့ရေစက်ဆုံပြီးလူဆိုးတွေရန်ကကူညီပေးလိုက်တဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့သူကရှောင်လင်ကိုယ်တော်လေးရဲ့အစ်မ ရှောင်ယင်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးက ရှောင်လင်ကွန်ဖူးရဲ့အစွမ်းကိုကြားသွားပြီးတော့သူတို့ရှောင်လင်ကိုယ်တော်လေးကိုဖမ်းခေါ်သွားပါတယ်။ကိုယ်တော်လေးကိုပြန်ကယ်ဖို့ကြိုးစားရင်းဟာဝိုင်ယီကိုသိုင်းပြိုင်ပွဲအမည်ခံနဲ့ရောက်လာပေမယ့်တခြားတာဝန်ရှိသေးတာကြောင့် သူတို့ရဲ့ချစ်ဇာတ်လမ်းကရှေ့ဆက်ဖို့ခက်ခဲနေပါတယ်။ဟာဝိုင်ယီမှာပါ ကိုယ်တော်လေးတို့ဘယ်လိုအစွမ်းပြမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။...
Free Willy 3: The Rescue (1997) ⭐TMDB: 62% User Score 🎬 #Drama #Family #Adventure 🗓 1997 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ဂျက်စီလေးဟာ လုံးလုံး လူပျိုပေါက်သွားပါပြီ။ လက်တောက်လောက်ပြဿနာအိုးလေးကတည်းက မြင်လာခဲ့တဲ့ ကောင်ဆိုးလေးကို သန့်သန့်ခန့်ခန့် ၁၆ နှစ် အရွယ်သုတေသနလက်ထောက်လေးအဖြစ် မြင်ရတာဟာ ကြည်နူးစရာပါပဲ။ပင်လယ်ကြီးက အပြောကျယ်တယ်သာဆိုတာ ဂျက်စီနဲ့ ဝီလီတို့ကတော့ ခုလည်း ပြန်တွေ့ကြပြန်ပါပြီ။ဒီတစ်ခါက်မှာတော့ ဝီလီ့မှာရော သတင်းကောင်းတစ်ခု ရှိလို့နေပါတယ်။ ဘယ်လိုအခြေအနေတွေထပ်ကြုံလို့ ဘယ်လိုကယ်တင်ကြရပြန်ဦးမှာလဲ။ အဲ့ဒါတွေကိုတော့ ထုံးစံအတိုင်းပဲ မပြောပြပါဘူး၊ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါ။ဂျက်စီ လူပျိုဖြစ်သွားလို့ ကလေးငယ်လေး မမြင်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေမယ့်ပရိတ်သတ်တချို့အတွက်တော့ ဟောဒီ့ Free Willly 3 မှာ ဂျက်စီ့ထက် အပုံကြီး ပိုချစ်ဖို့ကောင်းတဲ့မက်စ်ဆိုတဲ့ မိတ်ဆွေသစ်လေးတစ်ဦးပါဦးမယ့်အကြောင်းကို အကြိုသတင်းပါးလိုက်ပါတယ်။မိတ်ဆွေသစ်ရယ် အန္တရာယ်သစ်ရယ်နဲ့ဝီလီ့ချစ်သူတို့ရဲ့ နှလုံးသားကို ဖမ်းစားဦးမယ့်စွန့်စားခန်းအသစ် ဖွင့်လှစ်လိုက်ပါပြီ။...
Sexy Voice (2017) ⭐TMDB: 90% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 31 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************** အသံသရုပ်ဆောင်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် နယ်မြိုလေးကနေ ဆိုးလ်ကို တစ်ယောက်တည်းတက်လာခဲ့တဲ့ ရီအာဆိုသူ မိန်းကလေးဟာAudition တွေ ဖြေပေမဲ့လည်း ဆက်တိုက်ကို ကျနေပါတယ်တစ်ဖက်ကလည်း နယ်က အဖေက နယ်ကိုပဲ ပြန်ဆင်းလာခဲ့ဖို ခေါ်နေပါပြီအဖေကလည်း ခေါ်နေပြီ အလုပ်မရသေးလို ကြံရာမရဖြစ်နေတဲ့ ရီအာလည်း 18+ စာတွေကို ဖတ်ပြရတဲ့ ကုမ္ပဏီလေးမှာ အလုပ်ဝင်လျှောက်ရင်း အလုပ်ရသွားတဲ့အခါမှာတော့…. ကိတ်လည်းကိတ် ကြိတ်လည်းကြိတ်တဲ့ကားလေးမို့ ဖိုးသားတို့သဘောကျမှာသေချာပါတယ်...
No Strings Attached (2011) ⭐IMDB: 6.2/10 (245 k Votes) 🎬 #Comedy #Romance 🗓 2011 🎞 movie 🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး….အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး…တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်….ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ….။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့….။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။...
Pride (2007) ⭐TMDB: 67% User Score 🎬 #Drama #Sport 🗓 2007 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကိုရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားကရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက်ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိစည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေးပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်းရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကိုဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ်အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ Pride, Determination,Resilience နဲ့ Philadephia Department of Recreation ကို ကိုယ်စားပြုတဲ့ Team PDR ရဲ့ကြိုးစားအားထုတ်မှုတွေကို အပြည့်အဝမြင်တွေ့ရမှာဖြစ်ပါတယ်။ ” နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားသူတွေရဲ့ဆီမှာ ဂုဏ်သိက္ခာကတော့ အမြဲတမ်းရှိနေမှာပါ”ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မယ့်စိတ်ခွန်အားဆေးကောင်း တစ်ခွက် ဖြစ်နိုင်စေဖို့အတွက် ဒီဇာတ်လမ်းကလေးကို CM ကနေပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက် ပေးလိုက်ပါတယ်။...
Bhimaa (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhimaa (2024) ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက်တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံအိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါအဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲကလူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်ကသွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်ကအဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ်သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလိုသူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်...
Fate/Grand Order: First Order (2016) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Action #Animation #Fantasy 🗓 2016 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 12 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့ Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။ လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာ ပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့ လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။ မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီး လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး စီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူ ဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့ မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီး မစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့ သူရဲကောင်းတွေကရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။...
Shaolin Popey II: Messy Temple (1994) ⭐TMDB: 42% User Score 🎬 #Action #Comedy #ShaolinPopey 🗓 1994 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 20 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ်၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိကသရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။ သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင်ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့်မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကိုလွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကိုဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်...
Passion (2012) ⭐IMDB: 5.3/10 (24 k Votes) 🎬 #Adventure #Drama #Horror #Thriller #Crime #Mystery 🗓 2012 🎞 movie 🌎 #France #Germany ⏰ 1 နာရီ 42 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။ စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦး ဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင် သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့် The notebooks တို့ Mean Girls တို့မှ မင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှ သစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါ ပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့ လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကို Thriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲ အကြံပေးလိုက်ပါတယ်ခင်ဗျာ...
Sugar (2024) ⭐TMDB: 79% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #Ireland #UnitedStatesofAmerica ⏰ 33 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sugar (2024) Apple TV ရဲ့ လတ်တလောထွက်ရှိထားပြီး Rating 8 လောက်ထိရထားတဲ့ လူကြည့်များနေတဲ့ Crime Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် Batman ကားထဲမှာလည်း Villan Penguin အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး A-tier list အဆင့်ရှိတဲ့ မင်းသားကြီး Colin Farrell က ဦးဆောင်ပါဝင်ထားပါတယ်ဒီဇာတ်လမ်းတွဲမှာ Colin Farrel ကို အလွတ်တမ်းစုံထောက် ဂျွန်ရှူးဂါးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်…ရှူးဂါးဟာ စုံထောက်လောက လူပျောက်ရှာတဲ့နေရာမှာ အရမ်းနာမည်ကြီးလွန်းလို့…နိုင်ငံရပ်ခြား အာရှနိုင်ငံတွေက ယာကူဇာဂိုဏ်းသားတွေကအစ ခေါ်သုံးရတဲ့ လူတစ်ယောက်ပါတယ်… အိမ်ထောင်မရှိ ကလေးမရှိ…သီးသန့်ဆန်တဲ့ဘဝနဲ့ နေထိုင်တဲ့ ဂျွန်ရှူးဂါးဟာ အမှုအပ်တဲ့နေရာကိုလိုက်ပြီး ကမ္ဘာပတ်နေရတဲ့လူဖြစ်ပါတယ်…တစ်နေ့မှာ သူငယ်ငယ်က ရုပ်ရှင်တွေမှာ အားကျခဲ့ရတဲ့ မင်းသားကြီး ဂျွန်နသန်ဆီးဂဲလ်ရဲ့ မြေးမဖြစ်သူ အိုလီဗီယာဆီးဂဲလ်ပျောက်ဆုံးမှုကို ကိုင်တွယ်ဖို့ အလုပ်အပ်လာပါတယ်…အမှုကပျင်းစရာကောင်းပေမယ့် ဂျွန်နသန်ဆီးဂဲလ်မျက်နှာကြောင့် မြေးမဖြစ်သူကိုရှာဖွေပေးဖို့ လက်ခံလိုက်ပေမယ့်…တကယ့်စုံစမ်းမှုစတင်တဲ့အခါမှာ ဒီပျောက်ဆုံးမှုက ထင်သလောက် မရိုးရှင်းဘဲ ဆီးဂဲလ်မိသားစုတွေပါ ပါဝင်ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဂျွန်ရှူးဂါးရဲ့ ဂျိန်းစဘွန်းဆန်ဆန် စွန့်စားခန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်...
Shaolin Popey (1994) ⭐TMDB: 58% User Score 🎬 #Action #Comedy #ShaolinPopey 🗓 1994 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 27 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ်ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူး ပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာအလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားကယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်းကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီးရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်...
Feng Shui (2018) ⭐IMDB: 6.1/10 (371 Votes) 🎬 #Asian #History #Drama 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 6 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက္စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။ တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင္လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။ မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။ သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့…. ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ? ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်….. ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်…. ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-woo ဟုန်ဆိုးမင်းသားအဖြစ် Ji Sung ချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကြာဖြူလွင်ပါ)...
Sweet Release (2024) ⭐IMDB: 5.3/10 (18 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ==================== ရီယန်းနဲ့ဇန် တို့ဟာ ငယ်ငယ်လေးကတည်းကတွဲလာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ အခုချိန်မှာတော့ သူတို့ချစ်သူနှစ်ယောက်လုံးဟာ အကြောင်းကိုယ်စီနဲ့အဝေးကိုထွက်သွားတဲ့အတွက် စိတ်ပြေလက်ပျောက် ခရီးထွက်ကြဖို့ဖြစ်လာပါတယ်။ အဲ့ဒီခရီးကို မိမိကိုယ်ကိုပြန်လည်ရှာဖွေရေး ခရီးစဉ်အဖြစ် အမည်ပေးလိုက်ကြပြီး သူတို့နဲ့အတူ ဇန်းရဲ့အိမ်နီးချင်းဖြစ်တဲ့ ပဟေဠိဆန်ပြီးအမြဲဝမ်းနည်းနေတတ်တဲ့ လူးကပ်စ်ဆိုတဲ့ ကောင်လေး တစ်ယောက်လည်း အမှတ်မထင်ပါလာခဲ့ပါတယ်။ Ataska Mercado နဲ့ Dyessa Garcia ဆိုတဲ့တက်သစ်စ Vivamax မင်းသမီးလေးနှစ်ယောက်ခေါင်းဆောင်ပါဝင်ထားပြီး သူတို့ရဲ့ခရီးစဉ်အတိုင်း ပျော်စရာတွေ ဝမ်းနည်းစရာတွေ အနိမ့်အမြင့်အတက်အကျတွေနဲ့ ရင်ဖိုလှိုက်မောစရာတွေကို သူတို့နဲ့အတူလိုက်ပါခံစားရမယ့် Road Movie ကောင်းကောင်းတစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Set It Up (2018) ⭐IMDB: 6.5/10 (64 k Votes) 🎬 #Comedy #Drama #Romance 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Set It Up (2018) IMDb (6.5) / Rotten Tomatoes (68 %) Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။ Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့ တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့ နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ် သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲ အောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။ ဇာတ်လမ်းလေးက ပေါ့ပါးပြီး ရယ်လည်းရယ်ရတယ် ချစ်ဖို့လည်းကောင်းတယ်လူတွေရဲ့သဘာဝအရ အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း ဒီအိမ်မက်ယောင်ယောင်ထဲမှာပဲ နှစ်မြုပ်နေတတ်တယ် အဲ့ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Ann Mary မှတင်ဆက်ထားပြီး ဘာသာပြန်ကတော့ Yazar Htun ပါ။)...
Unexpected Love Hotel Room-Karen Kaede (IPZZ-240-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 26 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 AV IDOL တွေ တပုံကြီးရှိတဲ့အထဲ တစ်ခါကြည့်ဖူးတာနဲ့ စွဲနေတတ်တဲ့ IDOL လေးတွေဆို Karen Kaede က ထိပ်ဆုံးကပါပဲ။ နူးညံ့ညင်သာမှုအပြည့်နဲ့ ကြင်နာသနားတတ်တဲ့ သူ့မျက်ဝန်းတွေက ပျော်ဝင်စရာအတိပါ… ကြည်တောက်ချောမွတ်တဲ့အသားအရေနဲ့ ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကလဲ ယစ်မူးစရာချည်းပါပဲ… သွယ်လျတဲ့မျက်နှာကျနဲ့ အားလုံးကိုပေါင်းစပ်လိုက်တော့ သက်ရှိနတ်သမီးတစ်ပါးလို လင်းကျင်းထွက်နေသူလေးပါ။ သူ့အလှတွေကို ကာရန်စီရရင် ကုဋေလောက်ရှိနိုင်ပါတယ်…ဒါကြောင့်နာမည်က ကာရန်ကုဋေ(Karen Kaede) ဖြစ်နေတာလားတော့မသိ။ IPZZ-240-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမကိုဆံပင်တိုတိုနဲ့ရှုစားကြရမှာဖြစ်ပြီး ဘောစိရဲ့လှည့်ကွက်ကို မလွန်ဆန်နိုင်တဲ့ သနားစဖွယ်ကောင်မလေးအဖြစ် ဂရုဏာသက်စွာကြည့်ရှုရမှာပါ။ ဇာတ်လမ်းက JAV တွေထဲ မြင်နေကျ ပုံစံဆိုပေမယ့် ကာရန်ကုဋေနဲ့ Decensored Version နဲ့မလို့ မိုက်မှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Women (2021) ⭐IMDB: 4.3/10 (779 Votes) 🎬 #Crime #Horror #Thriller #Drama #Mystery 🗓 2021 🎞 movie 🌎 #UnitedStates #UnitedKingdom #Iceland #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ မိန်းကလေးတွေကိုအဓ္ဓမဖမ်းဆီးချုပ်နှောင်တဲ့ အကြောင်းရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျာ။ ဇာတ်ကားနာမည်ကတော့ Womenလို့ခေါ်ပြီး သူက 2021မှ ာထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်လမ်းကတော့ သတ်ဖြတ်ခံထားရတဲ့ မိန်းကလေးတစ်ဦးရဲ့ ရုပ်အလောင်းကိုရှာတွေ့မိရာကနေ စပါတယ်။ ဒီလိုနဲ့ အမှုကိုစုံစမ်းစစ်ဆေးသူဖြစ်တဲ့ စုံထောက်ဟော့ခ်ဟာ ဒီနားပတ်ဝန်းကျင်မှာ ဒီလိုမိန်းကလေးပျောက်ဆုံးတဲ့အမှုတွေ ဖြစ်ခဲ့ဖူးတာကို သတိထားမိပြီး သဲလွန်စရှာပါတော့တယ်။ တိုက်ဆိုင်စွာနဲ့ပဲ ပျောက်ဆုံးသွားတဲ့မိန်းကလေးတွေဟာ စာသင်တဲ့ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ ဘရက်ဒ်လီဂီလ်မိုးရဲ့ ကျောင်းသူတွေဖြစ်ခဲ့ဖူးကြတာကို ဟော့ခ်သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အဓိကသံသယရှိသူဖြစ်လာတဲ့ ဘရက်ဒ်လီကို ချည်းကပ်ဖို့ကြံရပါတော့တယ်။ ဒီမိန်းကလေးတွေကိုရော ဘာရည်ရွယ်ချက်နဲ့ ဖမ်းနေတာလဲ၊ တရားခံကရော ဘရက်ဒ်လီဟုတ်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ မှုခင်းစုံထောက်ကားကြိုက်သူတွေနဲ့ လျှို့ဝှက်သည်းဖိုကြိုက်တတ်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ။...
The Package (2018) ⭐IMDB: 5.6/10 (21 k Votes) 🎬 #Adult #Comedy #Thriller 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ Netflix ရဲ့ နောက်ထပ် ရုပ်ရှင်တစ်ခုကို ထပ်တင်ပေးလိုက်ပါပြီနော်… ဒီရုပ်ရှင်ကားကလဲ 18+ ပါပဲ 18+ ပေမယ့် ဟာသ ကားလေးမို့ အတော်ရယ်ရပါတယ် လိင်အင်္ဂါပုံတွေ ထင်ထင်ရှားရှားပြသပြီး သွေးထွက်သံယိုတွေ နဲ့ ညစ်ညမ်းစကားလုံးတွေ ပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပါ ရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင် လက်မြောက်ထားရတဲ့ ယောင်္ကျားလေး ၃ ယောက် မိန်းကလေး ၂ ယောက် ကျောင်းသား လူငယ်အုပ်စုဟာ အားလပ်ရက် အပန်းဖြေရန် တောအုပ်တစ်ခုထဲသို့ ခရီးထွက်ခဲ့ပါတယ်… စုံတွဲ တစ်ခုကတော့ Ex တွေဖြစ်ပြီး မတည့်လို့ လမ်းခွဲလိုက်ကြတာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ FA ကောင်ပါ …. နောက်ထပ် ကောင်လေး နဲ့ ကောင်မလေး ကတော့ အမွှာတွေ ဖြစ်ပြီး အမွှာအကိုက ညီမဖြစ်သူကို FA ကောင် သူငယ်ချင်းနဲ့ အတင်းပေးစားဖို့ကြံစဉ်နေသူပဲ ဖြစ်ပါတယ်.. ဒီခရီးစဉ်မှာ သူ့ ညီမကို ဘွတ်ဖို့ သူငယ်ချင်းဖြစ်သူကို အတင်းစည်းရုံးခဲ့ပါတယ်… 😛 ဒီလိုနဲ့ စိတ်ဆိုးပြီး ကွဲနေတဲ့ Ex အတွဲလဲ ပြန်အဆင်ပြေစပြု အမွှာညီမ ကို FA ကောင်က ချိန်နေတာ အောင်မြင်ခါနီး အကို ဖြစ်သူက မူးမူးရူးရူး နဲ့ ရှုးသွားပေါက်ပါတယ်… ရူးပေါက်နေရင်း သူ့အိတ်ဆောင် ဓါးမြောင်လေး နဲ့ သေးတန်း ကို လိုက်ဖြတ်ပြီး ဆော့ကစားနေရင်း မတော်တဆ ငယ်ပါ ကို ဖြတ်မိသွားပါလေရော :3 အဲ့ဒီမှာတင်ပဲ အားလုံး အရေးကြီးကိစ္စတွေနောက်ထားပြီး ငယ်ပါ ပြတ်သွားသူ ရဲ့ ဖွားဖက်တော် လေးကို ညကြီး မှောင်မှောင်မှာ စမ်းတဝါးဝါး နဲ့ လိုက်ရှာကြတော့တာပါပဲ ကဲ ဇတ်လမ်းလေးကတော့ လပြွတ် ပျောက်လို့ လိုက်လို့ရှာ သူ့ခဗျာ ငိုမဲ့ ငိုမဲ့ ပါ ခင်ဗျာ...
Free Willy (1993) ⭐TMDB: 62% User Score 🎬 #Adventure #Drama #Family 🗓 1993 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ …သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ ..သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်..ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကိုပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keikoသရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကိုအာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကြောင့်မို့ Keiko ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကြိုးပမ်းမှုတွေ ကြီးကြီးမားမားပေါ်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ ရုပ်ရှင်ထွက်ပြီး ၃နှစ်အကြာ ၁၉၉၆ မှာတော့ ဝေလငါးကြီး Keiko ကို မက္ကဆီကိုကနေအော်ရီဂွန်ကို ပြောင်းရွှေ့ပေးခဲ့ကြပြီး အော်ရီဂိုကမ်းခြေငါးပြတိုက်မှာ သူ့အတွက်အထူးသီးသန့်ပြုလပ်ထားတဲ့ ကန်ကြီးထဲမှာ နေစေခဲ့ပါတယ်။Keiko ဟာ သက်သာလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ၂၂ နှစ်ကြာ လှောင်ပိတ်ခံခဲ့ရာကနေ သဘာဝထဲကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သဘာဝနဲ့ အသားမကျတော့တဲ့ Keikoဟာ၂၀၀၃ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။...
Free Willy 2: The Adventure Home (1995) ⭐TMDB: 59% User Score 🎬 #Adventure #Drama #Family #Comedy 🗓 1995 🎞 movie 🌎 #France #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော.. ဝေလငါးကြီး ဝီလီပြန်လာပါပြီ..။ ဒီတစ်ခါမှာတော့ လူပျိုပေါက်လေး ဖြစ်နေပြီဖြစ်တဲ့ဂျက်စီ့ကို တွေ့ရမှာပါ။ရှေ့ကားမှာ အရာရာအဆင်ပြေပြီးသားဖြစ်တဲ့ ဂျက်စီလေးဟာ ဒီကားမှာတော့နောက်ထပ်ပြဿနာလေး တစ်ခုထပ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ သူကရှာတဲ့ ပြဿနာမဟုတ်ဘဲ သူ့ဆီကိုမှ တကူးတက လာရှာတဲ့ ချစ်စရာ သက်ရှိပြဿနာလေးပဲဖြစ်ပါတယ်။ ဘာလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ပါနော်။ဇာတ်လမ်းအကြောင်းဆက်သွားရမယ်ဆိုရင်တော့ ဂျက်စီဟာ ဝီလီနဲ့ ပြန်ဆုံခဲ့ပါတယ်။ဝီလီဟာလည်း သူ့မိသားစုနဲ့အတူ ပြန်ဆုံနိုင်ခဲ့ပြီဖြစ်လို့ အခုဆို ဂျက်စီရော ဝီလီရောမိသားစုကိုယ်စီနဲ့ပါ။ တစ်ညမှာတော့ ရေနံတင်သင်္ဘောမှောက်ပြီး ရေနံဆီတွေ ပင်လယ်ထဲစိမ့်ကုန်ပါတော့တယ်။ ပင်လယ်သတ္တဝါတွေအတွက် ထိခိုက်မှုများမယ့် ဝီလီတို့အတွက်အန္တရာယ်များတဲ့ ဒီအခြေအနေကို ဂျက်စီနဲ့ ဝီလီ ဘယ်လိုဖြေရှင်းကြမလဲ။ ရှေ့တစ်ကားတုန်းက ပြောခဲ့သလိုပါပဲ ဒီကားမှာ ဝီလီနေရာကို Keiko သရုပ်မဆောင်တော့ပါဘူး။ဒီကားထဲက ဝေလငါးတွေကို အင်ဂျင်နီယာနဲ့ အနုပညာရှင်ပေါင်း ၄၅ ယောက်တို့နဲ့ နာရီပေါင်း၁သိန်းကျော်သုံးပြီး ၆လအတွင်း ဖန်တီးခဲ့ကြပါတယ်။ ဝေလငါး အရွယ်အစား တစ်ခုစီအတွက်ဖွဲ့စည်းပုံကို အရင်တည်ဆောက်ကြခဲ့ပြီး ပေါင် ၅၀၀၀ လောက်လေးတဲ့ ပေါ်လီယူရသိန်း(Urethane) အရေပြားနဲ့ အပေါ်က ပြန်အုပ်ထားတာပဲဖြစ်ပါတယ်။ဒီလို ဖန်တီးမှုထားမှုကြီးကိုမှ လုံးဝသက်ဝင်လှုပ်ရှားနေတဲ့ ဝေလငါးတွေအဖြစ်ရရှိဖို့အတွက်ဝေလငါးတစ်ကောင်ချင်းစီရဲ့ လှုပ်ရှားမှု ၁၆ ခုစာကို ရုပ်သေးပညာရှင် ၅ယောက်ကထိန်းချုပ်ပေးထားပါတယ်။ ရေမျက်နှာပြင်မှာ တစ်ဝက်လောက်ပဲပေါ်တဲ့ ရိုက်ချက်တွေအတွက်တော့ မြင်းကောင်ရေအား၁၀၀ ရှိတဲ့ ဟိုက်ဒရောလစ် ဒုံးစက်အငယ်စားလေး ၂လုံးစီ သုံးထားပါတယ်တဲ့။ဂျက်စီ၊ ဝီလီတို့နဲ့အတူ ရုပ်ရှင်ကြည့်ပရိသတ်တို့လည်း စွန့်စားခန်းကို ဆက်လို့ဖွင့်လိုက်ကြပါဦးလို့။...
