ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
South Park the Streaming Wars Part 2 (2022) ⭐TMDB: 72% User Score 🎬 #Animation #Comedy #TVMovie 🗓 2022 🎞 movie 🌎 #UnitedStatesofAmerica ⏰ 52 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Part 2 မှာတော့ Pipi က သူ့ရဲ့ evil plan ကြီး ဖြစ်တဲ့ သူ့ရေကစားကွင်းကနေ လူတွေရဲ့ သေးကို စုထားပြီး ပြည်နယ်တစ်ခုလုံး သုံးဖို့အတွက် ဖြန့်ဝေပေးမှာဖြစ်ပါတယ်။ သူက Part 1 မှာ သူ့ပြိုင်ဖက်တွေကို ဖြုတ်ချခဲ့ပြီး တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ ရေဝန်ဆောင်မှု တစ်ခုထဲရှိအောင် ကြံဆောင်ခဲ့ပါတယ်။ သူ့အကြံအစည်အကြီးကြီးထဲမှာ နာမည်ကြီး အနုပညာရှင်တွေကိုပါ ကြေငြာရိုက်ပေးဖို့ နဲ့ Denver မြို့က သူတွေကို သူ့ရဲ့ရေဝန်ဆောင်မှု လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ပါဝင်ပါတယ်။ Cartman တို့ သူငယ်ချင်းတစ်စုကတော့ Part 1မှာ ပျောက်သွားတဲ့ Tolkien ရဲ့ အဖေကို လိုက်ရှာမှာပဲဖြစ်ပါတယ်။ Karen Marsh တဖြစ်လည်း Randy Marshက သူ့ကြောင့် ရေရှားမှု ဖြစ်လာရတယ်ဆိုပြီး သံဝေဂရကာသူ့ရဲ့ မူလပုံစံ Randy Marsh အဖြစ်နဲ့နေထိုင်ပြီး ရေရှားမှုကို သိပ္ပံနည်းကျ ဖြေရှင်းပေးဖို့ ကြိုးစားမှာဖြစ်ပါတယ်။ Streaming service တွေနဲ့ climate changeအကြောင်းကို satire အနေနဲ့ ရိုက်ထားတာဖြစ်ပါတယ်။...
Paltan (2018) ⭐IMDB: 5.2/10 (1 k Votes) 🎬 #Action #Bollywood #Drama #War #History 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 34 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paltan (2018)IMDb – 5.2/10 တောင်းဆိုမှုတွေကြောင့် အဟောင်းထဲက အကောင်းစားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Om Shanti Om (2007)က ဗီလိန်လူချောကြီး အာဂျွန်ရမ်ပယ်လ်၊ နွားရုပ်ကလေးလုပ်ပေးတဲ့အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ramaiya Vastavaiya (2013)က ဆိုနူးဆွတ်၊ထာ၀ရထက်တစ်ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Sanam Teri Kasam(2016)က မင်းသားဟာရှ်ဗာဒန်ရိန်းမင်းသားကြီး တိုက်ဂါးရှရော့ဖ် စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်ထားတဲ့ ရုပ်ရှင်။ 1967ခုနှစ်က တရုတ်နဲ့ အိန္ဒိယစစ်တပ်ကြား နယ်စပ်ကပဋိပက္ခ။တပ်စုအသစ်တစ်ခုရောက်လာတိုင်း မော်စီတုန်းရဲ့ မော်ဝါဒက စစ်သေနကနည်းဗျူဟာတွေနဲ့ရန်လာစကြတဲ့ တရုတ်စစ်တပ်ကို စိတ်ဓာတ်ရေးရာအရ ပြန်အနိုင်ယူဖို့ကြိုးစားကြတဲ့ တပ်စုအသစ်။ ပြတ်သားတဲ့ ဗိုလ်ချုပ်ရောက်လာချိန်မှာ နှစ်ဖက်တပ်တွေ အခြေအနေတင်းမာကုန်ပြီးတစ်ဘက်နဲ့ တစ်ဘက် စစ်မြှူနေကြပုံကို အသည်းတလှပ်လှပ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ KKKZ ~ Linn ~ Thaw တို့ပဲဖြစ်ပါတယ်)...
Revu (2024) ⭐IMDB: 7.6/10 (2 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Revu 2024 “ရီဗူ” ကြီးစိုးရတဲ့အာဏာကို တပ်မက်တဲ့စိတ်ဖြစ်လာတဲ့နေရာတိုင်းမှာအနည်းနဲ့အများတော့ တိုက်ပွဲဆိုတာ ဖြစ်လာတတ်တာပဲတဲ့ ။ အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူရုပ်ရှင်လေးကတော့အမှိုက်ကစပြဿာဒ်မီးလောင်ဆိုငလိုပဲ ဘာရယ်မဟုတ်တဲ့ပြဿနာလေးကသွေးချောင်းစီးရတဲ့အဖြစ်ရောက်သွားတဲ့ ပါလာရီဗူဆိုတဲ့ကမ်းရိုးတန်းရွာငယ်လေးက အဖြစ်ဆိုးတစ်ခုပေါ့။ အန်ဒရာပရာဒတ်ရှ်နားမှာ ဝေးလံခေါင်ဖျားကမ်းရိုးတန်းပေါ်ကရီဗူဆိုတဲ့ရွာငယ်လေးရှိပါသတဲ့။ ပင်လယ်နဲ့နီးတဲ့ရွာဆိုတော့စိတ်ကြမ်းလူကြမ်း တံငါသည်တွေ မုဆိုးတွေများတဲ့ရွာငယ်လေးဖြစ်ပြီးခိုက်ရန်ဖြစ်ပွားမှုတွေရှိတတ်တာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဘာရယ်မဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ထစ်ခနဲဆို တုတ်ဆွဲဓားဆွဲကြတဲ့ဒီရွာလေးမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သွေးချောင်းစီးရတဲ့အထိ ဖြစ်ဖူးပါသတဲ့။ ရန်ပွဲတွေနဲ့ အသားကျနေတဲ့ ရီဗူရွာသားတွေတောင် ပြန်ကြားရင်ထိတ်လန့်ရတဲ့ဒီအဖြစ်ဆိုးက ဘယ်ကနေစခဲ့တာလဲ။ တစ်ယောက်စကားတစ်ယောက်နားနဲ့ပျံ့နှံ့နေတဲ့ဒီဖြစ်ရပ်ဆိုးအကြောင်းမှာ ဘယ်ဟာကအမှန်လဲ။ ဘာမဟုတ်တဲ့အကြောင်းကိစ္စတစ်ခုမှာ ဒေါသဆိုတာဖက်တွယ်လာချိန်မှာဘယ်လောက်ထိ ပျက်စီးခြင်းတွေသယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Rampant (2018) ⭐IMDB: 6.3/10 (5 k Votes) 🎬 #Action #Historical #Horror #Thriller #Drama #Fantasy #History 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rampant (2018) ***************** ဒီတစ်ခေါက်ဇာတ်ကားကတော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီး သရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အရည်အချင်းမရှိတဲ့ဘုရင်ကြောင့် ချင်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်မြောက်ဖို့ကြိုးစားနေတဲ့ စစ်မက်ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှုကြောင့် အိမ်ရှေ့စံမင်းသားသေဆုံးသွားပြီး ညသရဲလို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေ ရောက်ရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း ဂျိုဆွန်းမှာမွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းက အိမ်ရှေ့စံရဲ့ သေတမ်းစာကို ရရှိပြီး ဂျိုဆွန်းကိုပြန်ရောက်လာပါတော့တယ်။ ရောက်ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံရေးအဖွဲ့အပြင် ညသရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အိမ်ရှေ့စံရဲ့ အစေခံရဲမက်နဲ့ တွေ့ဆုံကာ အခြေအနေတွေကို တဖြည်းဖြည်းချင်း နားလည်လာပါတော့တယ်။ နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေကြောင့် မင်းကြီးသေဆုံးကာ နန်းတော်တစ်ခုလုံး ညသရဲအဖြစ် ပြောင်းလဲသွားပြီး ဂျိုဆွန်းတစ်ပြည်လုံးကို ကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ တာဝန်ဖြစ်လာတဲ့အခါမှာတော့… မင်းသားဂန်ရင်းက သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်ပြီး ညသရဲတွေကို ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။)...
Tòkunbò (2024) ⭐IMDB: 3.9/10 (278 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 52 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tòkunbọ̀ (2024) *************** ဒီတစ်ခေါက်ဇာတ်လမ်းလေးကတော့ Nigeria နိုင်ငံက ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Tokunboလို့ခေါ်တဲ့ ကားမှောင်ခိုသမားတစ်ယောက်ကလေးရလာတဲ့အခါမှာ အလုပ်ကနေအနားယူလိုက်ပါတယ်။ ဒါပေမဲ့ ငွေးကြေးအကျပ်အတည်းဖြစ်လာတဲ့အခါမှာ အရင်အလုပ်ပြန်လုပ်ဖို့ကြိုးစားရင်းသူတင်သွင်းဖို့ပစ္စည်းက ကလေးမလေးတစ်ယောက်ဖြစ်လာပါတယ်။ Tokunbo တစ်ယောက် ကလေးမလေးကို ပို့ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲကလေးမလေးကရော ဘယ်သူလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာရှု့စားကြပါဦးခင်ဗျား။ (အညွှန်းကို Jack မှ ရေးသားထားပါတယ်)...
Adventures of the Naked Umbrella (2023) ⭐IMDB: 5.1/10 (218 Votes) 🎬 #Action #Comedy #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adventures of the Naked Umbrella (2023) Original ဆန်ပြီးတော့ ဇာတ်ကွက်ပိုင်း သိပ်မနက်နဲ့ဘဲ ပျော်ပျော်ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မီးစိတ္တဇရောဂါသည်တစ်ဦးအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆမ်ဝတူစကီဆိုတဲ့ သူဟာ မီးမြင်ရင် စိတ်ထဖောက်ပြီး အပြစ်ကျူးလွန်တတ်တာကြောင့် အစိုးရကနေ သုံးကြိမ်တိုင်တိုင် ပစ်ဒဏ်ချတာခံရသူဖြစ်ပါတယ်။ ခံဝန်ကတိနဲ့ လွတ်လာတဲ့ဆမ်ဟာ နောက်ပိုင်းမှာ သူ့အိမ်ထဲမှာပဲနေပြီး အွန်လိုင်ပေါ်က သူ့ရဲ့စကားပြောပွဲကနေတစ်ဆင့် လုပ်ကြံဇာတ်လမ်းတွေ အရေမရမဖတ်မရတွေကို ထိုင်ပြီးပြောလာခဲ့ပါတယ်။ တစ်နေ့မှာ သူလုပ်နေကျ စကားပွဲကိုလုပ်နေတုန်း အိမ်က ရုတ်တရက်မီးပျက်သွားပါတယ်။ သူ့ရဲ့မီးစက်ပျက်လို့ ပြင်ဖို့လုပ်တဲ့အချိန်မှာပဲ သူ့နောက်တွဲအိမ်ထပေါက်သွားပြီး သူ့ရဲ့ကမ္ဘာကြီးပျက်စီးသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ရဲ့စကားပြောပွဲမှာ ဂြိုဟ်သားတွေအကြောင်း တစ်စွန်းတစ်စထည့်ပြောခဲ့တာပါ။ ဒါကို တိုက်ဆိုင်မှုပေါင်းများစွာကြောင့် သံသယဝင်သွားတဲ့ ဆမ်ဟာ သူ့ရဲ့လုပ်ကြံဇာတ်လမ်းနဲ့ သူထောင်ချောက်ပြန်ဆင်ခံရတာလားဆိုတာကို အဖြေရှာဖို့ ရှာပုံတော်ထွက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Five Friends (2024) ⭐IMDB: 6.8/10 (574 Votes) 🎬 #Adventure #Comedy #Horror 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 54 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Five Friends (2024) IMDb Rating (7.5) Five Friends ဒါမှမဟုတ် Sekawan Limo လို့ နာမည်ရတဲ့ ရုပ်ရှင်က အင်ဒိုနီးရှားနိုင်ငံက ဒါရိုက်တာ Baya Skak ကိုယ်တိုင် ရိုက်ကူး တည်းဖြတ်ပြီးတော့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရိုက်တာ Bayu က ၂၀၁၈ မှ စတင်ပြီး တည်းဖြတ်လောက ရိုက်လာခဲ့ပေမယ့် အင်ဒိုနီးရှားအတွက် နာမည်ကြီး YouTube Influencer တစ်ယောက်ပါ။ ရိုက်ထားခဲ့တဲ့ ဇာတ်ကားတွေ အကုန်လုံးကလည်း IMDB 6 ဒါမှမဟုတ် 7 အထက်ရှိတဲ့ကားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင် ၂၀၂၄ က ထွက်ရှိထားတဲ့ ဒီ ဇာတ်ကားဟာဆိုရင်လည်း IMDB 7.5 အထိရရှိထားတဲ့ ဟာသသရဲဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အင်ဒိုနီးရားက တောင်တွေတိုင်းမှာ သူ့အစဉ်အလာနဲ့သူ ဒဏ္ဍာရီများစွာရှိပါတယ်။ မာဒိုပူရိုလိုခေါ်တဲ့တောင်ရဲ့ ဒဏ္ဍာရီလာ စကားတော့ “အနောက်ကိုလှည့်မကြည့်နဲ့၊ မင်းနောက် တစ်ခုခုလိုက်လာလိမ့်မယ်”ပေါ့။ တစ်နေ့မှာ ဘာဂါ့စ်လို့ခေါ်တဲ့ သက်လတ်ပိုင်းယောက်ျားလေးတစ်ယောက်က သူတက္ကသိုလ်ကျောင်းသားဘဝက ကျောင်းနေဖက်ဖြစ်ပြီး ကြိတ်ကြွေနေခဲ့ရတဲ့ လန်နီနဲ့အတူ မာဒိုပူရိုကတောင်ကို ခရီးထွက်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ လန်နီက သူတောင်တက်ဖို့ ချိန်းထားတဲ့ရက်က အင်ဒိုနီးရှားမှာ ပြဿဒါနေ့အကြီးစားဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ တောင်တက်ဖို့သွားရင်းတောင်ခြေက မှတ်ပုံတင်စခန်းမှာ အစောင့်တွေကတောင်ကို လူအရေအတွက် မဂဏာန်းနဲ့မတက်ရဘူးလို့ မှာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ ဒစ်ကီနဲ့ ဘာဂါ့စ်တို့ သူငယ်ချင်းနှစ်ယောက် တောင်စတက်ဖို့ဖြစ်လာပါတယ်။ အမှတ်မထင်ဘဲ လမ်းမှာလည်း ဂျူနာဆိုတဲ့ သူငယ်ချင်းတွေက ချန်ခဲ့လို့ တစ်ယောက်ထဲကျန်ခဲ့တဲ့ ခရီးသွား ဂျူနာဆိုတဲ့ အမျိုးသားနဲ့ထပ်ဆုံခဲ့ပါတယ်။ လမ်းမှာကျပြန်တော့လည်း မေ့လဲနေတဲ့ အန်ဒရူးဆိုတဲ့လူတစ်ယောက်နဲ့ ဘာဂါ့စ်တို့အဖွဲ့ ထပ်တိုးခဲ့ပါသေးတယ်။ ဒီလိုနဲ့ လူကလည်းငါယောက်ဖြစ်သွားတဲ့အပြင် တောင်ရဲ့ ဒဏ္ဍာရီကိုပါချိုးဖောက်လာတဲ့အခါ ကံဆိုးမိုးမှောင်တွေ စပြီးကျလာပါတော့တယ်။ ဒီလိုဆက်သွားရင် ဘာဂါ့စ်က သူတို့ရဲ့ လူငါးယောက်အဖွဲ့ထဲက တစ်ယောက်က လူမဟုတ်ဘူးဆိုတာကို သတိထားမိသွားတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Little Girl Blue (2023) ⭐IMDB: 6.3/10 (384 Votes) 🎬 #Drama #History #Documentary #Biography 🗓 2023 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 35 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Little Girl Blue (2023) IMDb Rating (6.3) / Rotten Tomatoes (83%) ပြင်သစ်ရဲ့ နာမည်ကြီး စာရေးဆရာမနဲ့ ဓာတ်ပုံဆရာမဖြစ်တဲ့ ကာရိုးအချလာချီ ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ documentary ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြင်သစ်တွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို ဒရာမဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းဖြစ်အောင် ဒါ့အပြင် ဇာတ်အိမ်ကိုလည်း နက်နဲအောင် လုပ်ထားတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အတ္ထုပတ္တိဆန်ဆန် ဇာတ်ကားမျိုးတွေကို ကြိုက်တဲ့သူမျိုးအတွက် ကွက်တိလို့ပဲဆိုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Gandu (2010) ⭐TMDB: 54% User Score 🎬 #Drama 🗓 2010 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gandu (2010) ကြည့်ဖူးသမျှ India ကားတွေထဲက လိင်မှုကိစ္စမှာအပွင့်လင်းဆုံး အကြမ်းဆုံးဇာတ်ကားဆိုရင် Kama Sutra: A Tale of Love ကိုပဲပြေးမြင်ကြပါလိမ့်မယ်။ Kama Sutra ကတကယ်တမ်းလည်း သူ့ခေတ်သူ့အခါကကြမ်းခဲ့တာအမှန်ပါပဲ။ ကြမ်းလွန်းလို့ India မှာတောင်ရုံတင်ခွင့်မရခဲ့ပါဘူး။ အခုတင်ဆက်ပေးမယ့်ဇာတ်ကားကလည်း နောက်ကနေသူ့ခြေရာကိုနင်းခဲ့တာပါပဲ။ ၂၀၀၉ မှာထွက်ခဲ့တဲ့ဇာတ်ကားဟာ ၂၀၁၂ မှာမှရုပ်ရှင်ပွဲတော်တစ်ခုကတစ်ဆင့် အများရှေ့ကိုရောက်ခဲ့တာပါ။ ဇာတ်ကားနာမည်က Gandu လို့ခေါ်ပါတယ်။ Ganduဆိုတာ ဗမာစကားနဲ့ဆိုရင်အဓိပ္ပါယ်တစ်မျိုးထွက်ပေမယ့် ဘင်္ဂါလီစကားမှာတော့ ငပေါ၊ငကြောင်၊ကျပ်မပြည့်အစရှိတာတွေကိုခေါ်တာပါ။ ဇာတ်လမ်းကတော့ Gandu လို့အများခေါ်ကြတဲ့ ရပ်ပ် ဝါသနာရှင်လူငယ်တစ်ယောက်၊ မိခင်ကိုမကျေနပ်၊ သူ့ဘ၀ကိုမကျေနပ်၊ လောကကြီးကိုမကျေနပ်၊ အားလုံးကိုသီချင်းတွေနဲ့ဖောက်ခွဲဖော်ထုတ်ချင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ တစ်ကားလုံးနီးပါးကို အဖြူအမည်းနဲ့တင်ဆက်ထားပြီး ဇာတ်ကြောင်းကိုလည်း စိတ္တဇ ဆန်ဆန်ပုံဖော်ထားတာပါ။ Gandu ဇာတ်လမ်းကိုကြည့်ပြီးနားလည်ဖို့မဟုတ်ပါဘူး။ခံစားဖို့သက်သက်ပဲဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ကြမ်းတမ်းတဲ့လိင်မှုကိစ္စတွေ၊ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေကြောင့် အများကြီးဝေဖန်တိုက်ခိုက်မှုတွေကြုံခဲ့ရပေမယ့် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိထားပါတယ်။ခံစားကြည့်စေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Detective (1985) ⭐TMDB: 53% User Score 🎬 #Comedy #Crime #Drama 🗓 1985 🎞 movie 🌎 #France #Switzerland ⏰ 1 နာရီ 38 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective (1985) IMDb Rating (5.7) စုံထောက်ရုပ်ရှင်လို့ ပြောလိုက်ရင်တော့ လူအများက သဲထိပ်ရင်ဖိုဖြစ်ကြမယ်လို့ တော်တော်များများက တွေးထားကြတာများပါတယ်။ ဒါပေမဲ့ ဒီ ဇာတ်ကားဟောင်းတော့ ဒရာမာကို အသားပေးရိုက်ကူးထားတဲ့ ဟာသ မှုခင်ကားလို့ပြောလည်းမမှားပါဘူး။ ဇာတ်အိမ်ကိုတော့ လူသတ်မှုတစ်ခုဖြစ်သွားလို့ အလုပ်ထုတ်ခံလိုက်ရတဲ့ စုံထောက်နှစ်ယောက်က လူသတ်မှုကို ပြန်ပြီးစုံစမ်းစစ်ဆေးတာနေ အစပြုထားတာပါ။ တစ်ချိန်ထဲမှာလည်း အတွဲတစ်တွဲဟာ လက်ဝှေ့မန်နေဂျာတစ်ယောက်ကို သန်းနဲ့ချီငွေချေးပြီး ပြန်အကြွေတောင်းနေခန်း၊ ဒါ့အပြင် တစ်ချိန်ထဲမှာ မာဖီးယားကပါ ဟိုတယ်တစ်ခုထဲမှာပဲ လာဆုံပြီး သုံးတွဲပြိုင် အရှုပ်အရှင်းတွေ ရှာပုံတော်ထွက်ကြပုံကိုမြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Checkmate (2024) ⭐IMDB: 4.3/10 (344 Votes) 🎬 #Action #Comedy #Thriller 🗓 2024 🎞 movie 🌎 #Argentina ⏰ 1 နာရီ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားစောင့်မျှော်နေသူတွေအတွက် အသစ်ထွက်ရှိတဲ့ စပိန် ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။အက်ရှင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေက အရမ်းအကြမ်းကြီးမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ အပျင်းပြေ ကြည့်လို့ကောင်းတဲ့အတွက် နားနားနေနေပေါ့ပေါ့ပါးပါးကြည့်လို့ ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ ဇာတ်ကားနာမည်ကတော့ Checkmate ဖြစ်ပြီး စပိန်နိုင်ငံကျော် မင်းသားမင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒူကဲဆိုတဲ့လူက နိုင်ငံတကာထောက်လှမ်းရေးအေးဂျင့်ဟောင်း တစ်ယောက်ဖြစ်ပြီး တာဝန်ကြောင့်သူ့အစ်ကိုသေဆုံးခဲ့ပြီး နောက်မှာတော့ ရာထူးကနေအနားယူခဲ့ပါတယ်။ဒီလိုနဲ့ ၃ နှစ်ဆိုတဲ့ အချိန်တစ်ခုကြာသွားခဲ့ပြီးနောက်မှာတော့ သူ့အစ်ကိုရဲ့သမီး သူ့တူမဟွာနာက သူ့ဆီရောက်လာခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူ့တူမရောက်လာတဲ့နေ့မှာပဲ သူ့အိမ်တိုက်ခိုက်ခံခဲ့ရပြီး သိပ်မကြာခင် မှာပဲတူမဖြစ်သူကိုလူဆိုးတွေကဖမ်းဆီးသွားပါတော့တယ်။ သူ့တူမကိုပြန်ရွေးဖို့အတွက် ဆီးချိုရောဂါပျောက်တဲ့ဆေးနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကိုသွားခိုးပြီးလာလဲခိုင်းတဲ့ အခါမှာတော့ သူ့ရဲ့အရင်တုန်းကအသိအကျွမ်းအဖွဲ့ဝင်တွေကို ပြန်စုဆောင်းပြီး တူမဖြစ်သူကိုပြန်ရွေးဖို့ကြိုးစားပုံတွေကို အက်ရှင် ဒရာမာ ဟာသစုံစုံလင်လင်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။...
Deep Fear (2022) ⭐IMDB: 5.0/10 (899 Votes) 🎬 #Horror 🗓 2022 🎞 movie 🌎 #Belgium #France ⏰ 1 နာရီ 20 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deep Fear (2022) IMDb Rating (5.0) / Rotten Tomatoes (93%) သဲထိပ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတို့အတွက် တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားသုံးယောက်ဟာ ဘားမှာဆိုရဲ့ ပဲရစ်ရောက်တုန်း ကြုံတောင့်ကြုံခိုက် ပဲရစ်ကိုသွားလည်ဖို့ ရွယ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ လမ်းပြဟာ ပဲရစ်ရဲ့ နာမည်ကြီး မြေအောက်လိုဏ်ဂူဖြစ်တဲ့ “ကာတာကွန်း” ဆိုတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။ နှစ်ရာနဲ့ချီ ကမ္ဘာစစ်သက်တမ်းမှီတဲ့အထိ နာမည်ကြီးနေတဲ့ ပဲရစ်တစ်မြို့လုံးရဲ့ မြေအောက်ကို ဖုံးနေတဲ့ အဲဒီမြေအောက်လိုဏ်ဂူမှာ ဘာတွေရှိနေမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
The Back-Up Plan (2010) ⭐TMDB: 61% User Score 🎬 #Comedy #Romance 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Backup Plan (2010) မမကြီး Jennifer Lopez နဲ့ Hawaii Five-0 မင်းသား Alex O’Loughlin တို့ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ဇိုဝီဟာ ဘယ်ယောက်ျားကိုမှ အလွယ်တကူမယုံတတ်တဲ့ပြဿနာရှိတဲ့အပြင်သူနဲ့အရမ်းနီးစပ်လာရင်လည်း ပြန်ပထုတ်တတ်တဲ့အကျင့်ရှိသူပါ။ယောက်ျားတော့မလိုချင်ပေမဲ့ ကလေးတော့လိုချင်ပြီးမိသားစုတစ်ခုလိုချင်တဲ့အတွက် သုက်ရည်ဘဏ်ကနေ အလှူရှင်ရှာပြီး သန္ဓေတည်အောင်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့နေ့မှာတင် စတန်နဲ့ တွေ့ခဲ့ပြီး ဇိုဝီရဲ့အချစ်အပေါ်ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်။ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မှာကိုယ်ဝန်ရှိနေတာသိလိုက်ရပြီးဇိုဝီကဒီကိစ္စကို စတန်ကိုပြောပြမလားစတန်ကရော ဒီအကြောင်းကိုသိရင် ဆက်နေမှာလားဆိုတာ..။ Comedy Romance ဇာတ်ကားလေးမလို့ အပျင်းပြေကြည့်လို့ကောင်းပါတယ်။...
Thirst (2023) ⭐IMDB: 4.0/10 (115 Votes) 🎬 #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 မှာထွက်ရှိထားတဲ့ Horror, Suspense, Thriller ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ ဒါရိုက်တာ Eric Owen ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Lori Kovacevich, Brain Cogley, Brian Villalobos, Amelia Glazner တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Knox County လို့ခေါ်တဲ့မြို့ငယ်လေးမှာ ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ ပေါ့ဆမှုကြောင့် ရေညစ်ညမ်းမှု ဖြစ်ပွားကာ အိပ်မပျော်တဲ့ ရောဂါဟာ ပျံ့နှံ့သွားပါတယ်။ ရေညစ်ညမ်းမှုကြောင့် ဘုံဘိုင်ရေကို လုံးဝသောက်သုံးလို့မရတဲ့ အခြေအနေမှာ ကလေးရဖို့ကြိုးစား နေတာကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ ထိုအချိန်မှာ ကံကောင်း ကံဆိုးစွာနဲ့ပဲ ကလေးရလာခဲ့ပါတယ်။ ရေသန့်ဘူးပြတ်တောက်မှုကြောင့် သောက်ရေရရှိဖို့အတွက် အဆိုပါစုံတွဲဟာ သူတို့သူငယ်ချင်းတွေနဲ့အတူ စွန့်ပစ်ထားတဲ့ စိုက်ပျိုးမွေးမြူရေးခြံက ရေကန်လေးဆီသွားရပါတော့တယ်...
Mossad (2019) ⭐IMDB: 5.7/10 (812 Votes) 🎬 #Action #Comedy 🗓 2019 🎞 movie 🌎 #Israel ⏰ 1 နာရီ 35 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mossad (2019) IMDb Rating (5.7) အူလှိုက်သည်းလှိုက် ရယ်ရစေမဲ့ အစ္စရေး ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အေးဂျင့် Guy Moran က အစ္စရေးနိုင်ငံ Mossad ရဲ့ အရမ်းတော်တဲ့ လျှိဝှက်အေးဂျင့်တစ်ယောက်၊ ဘယ်လောက်တော်လဲဆို သူ မစ်ရှင်တစ်ခုလုပ်တိုင်း ဗုံးတွေပေါက်ပြီး လူတွေသေလို ရာထူးပြုတ်ပြီး ပျော့ပျော့အိအိကစားကွင်းရဲ့ လုံခြုံရေးအစောင့်အဆင့်ထိ လျှောသွားတယ်။ တစ်နေ့မှာ ကမ္ဘာအနှံ့က ဖုန်းတိုင်းကိုထုတ်လုပ်တဲ့ ဘီလီယျံနာသူဌေးကြီး ပြန်ပေးဆွဲခံလိုက်ရပြီး Guy က ပြန်ပေးဆွဲသမားတွေနောက် လိုက်ဖမ်းရင်း သူ့သူငယ်ချင်း ထိခိုက်သွားတယ်။ ဘယ်လိုထိခိုက်လဲဆို ပြိုကျတဲ့ တံတားပိပြီး ကားပေါက်ကွဲလို လျှောသွားတာ။ ဒါပေမဲ့ Guy တစ်ယောက် သူ့ရဲ့ လျှိဝှက်အေးဂျင့်ရာထူးကို ပြန်ရဖို ပြန်ပေးဆွဲသမားတွေကို ရအောင်ဖမ်းမယ်ဆိုပြီး အမေရိကန် CIA ကလာတဲ့ အေးဂျင့် Harris နဲ့ ပူးပေါင်းဖြစ်ပါတော့တယ်။ ဒီလိုနဲ့ မစ်ရှင်အတွင်းမှာ Mossad ရဲ့ အသုံးမကျမှုတွေကြောင့် ဖြစ်လာမဲ့ တစ်လွဲဟာသတွေ၊ Dark humorတွေ၊ နိုင်ငံရေးသရော်မှုတွေအကုန်လုံးနဲ့ အဆက်မပြတ်ခွီနေရမဲ့ အစ္စရေး Comedy/ Action ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
The Post-Truth World (2022) ⭐TMDB: 61% User Score 🎬 #Crime #Drama #Mystery 🗓 2022 🎞 movie 🌎 #Taiwan ⏰ 2 နာရီ 1 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မီဒီယာတွေက အမှန်ပြောနေတာလား…တရားစီရင်ချက်တိုင်းက ဖြောင့်မတ်မှန်ကန်နေလား….ဒီအဖြေမသိတဲ့ ပုစ္ဆာနှစ်ပုဒ်ကို The Post Truth World ဆိုတဲ့ကားလေးက စဉ်းစားစရာတချို့ပေးသွားမှာပါ….ဇာတ်လမ်းလေးကတော့ တက်လမ်းတွေအပြည့်ရှိတဲ့ ဘေ့စ်ဘောကစားသမားလေးကျန်းကျန်ယိတစ်ယောက်က သူ့အိပ်မက်ကို အကောင်အထည်ဖော်မယ့်အမေရိကန် ကစားသမားအဖွဲ့ထဲ ပါဝင်ခွင့်ရချိန်မှာပဲ….သူချစ်ရတဲ့ ချစ်သူ သေဆုံးသွားခဲ့ပြီး…သူကလည်း လူသတ်သမားအဖြစ်နဲ့ သံတိုင်အနောက်ကို ရောက်သွားခဲ့ပါတယ်… ၇ နှစ် ကြာတဲ့အထိ သေဒဏ်ပေးမယ် တစ်သက်တစ်ကျွန်းချမယ်နဲ့မပြတ်သားနိုင်တဲ့ ဆုံးဖြတ်အမိန့်ကို စောင့်ရင်း…လျိုလီမင် ဆိုတဲ့ မီဒီယာသမား တစ်ဦးကို အသုံးချပြီးထောင်အပြင်ကို ထွက်ပြေးနိုင်ခဲ့ပြီး… သူသဲလွန်စတွေကိုရှာဖွေခဲ့တယ်…. ထူးဆန်းတာက သူအသုံးချတဲ့ မီဒီယာသမားကလည်း သူ့အမှုကိုပြန်လည်တူးဆွပြီး သူအပြစ်မဲ့ကြောင်းကို သက်သေရှာနေတာတဲ့….သူတို့ချင်း ယုံကြည်မှုရပြီး ပူးပေါင်းမိမှာလား…တကယ်ပဲ ကျန်းကျန်ယိက သူအပြစ်မရှိကြောင်း သက်သေပြဖို့ ထွက်ပြေးခဲ့တာလား… သူတကယ်ပဲ အပြစ်မရှိဘူးလား….နောက်ပြီး လျိုလီမင်ကရောဘာလို့ ဒီအမှုကို ပြန်တူးဆွတာလဲ…ရဲဖက်ဆိုင်ရာနဲ့ တရားရုံးကတော့ကျန်းကျန်ယိက လူသတ်သမားလို့ တစ်ထစ်ချဆုံးဖြတ်ခဲ့တာပဲ…ဒါက မှားယွင်းနေခဲ့တာလား…ဒီအမှုကို ပြန်တူးဆွလို့ ဘာနောက်ဆက်တွဲတွေ ကြုံတွေ့ရဦးမှာလဲ… စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးမို့ CM ချစ်ရတဲ့ ပရိသတ်တို့လည်းအတူကြည့်ပြီး ဦးနှောက် အလုပ်ပေးလိုက်ကြရအောင်...
The Crocodile Hunter: Collision Course (2002) ⭐TMDB: 55% User Score 🎬 #Action #Adventure #Comedy #Family 🗓 2002 🎞 movie 🌎 #Australia #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Crocodile Hunter: Collision Course (2002) IMDb Rating (5.4) / Rotten Tomatoes (53%) သဘာဝတောရိုင်းတိရိစ္ဆာန်များအပေါ် တန်ဖိုးထားချစ်ခင်မှုနှင့် စွန့်စားခန်းတွေကိုရိုက် ပြသထားတဲ့ ရသစုံရစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ရိုက်ကူးမှုတွေနှင့် သဘာဝတွေစီကို ခြေတစ်လှမ်းခြင်းစီ သွားနေတဲ့ Steve Irwin နှင့် ဇနီး Terri Irwin တို့ရဲ့ စွန့်စားခန်းက ရယ်ရမယ့် ဇာတ်လမ်လေးတွေနဲ့ ရောယှက်ပြီး ပရိသတ်ကို ရင်ခုန်ပျော်စေမှာပါ။ ရုပ်ရှင်ထဲမှာ CIA ရဲ့ အရေးကြီးဒေတာများပါဝင်သွားတဲ့ ဂြိုဟ်တုတစ်လုံး ကျသွားပြီး ဒေတာတစ်စိတ်တစ်ပိုင်း ကြောင့်ပဲ စတင်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါတော့တယ်။ Magda Szubanski က ကြမ်းတမ်းတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီးတော့ သရုပ်ဆောင်ပီပြင်လှပါတယ်၊ Steve ရဲ့သဘာဝတောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရတဲ့ အခက်အခဲများနှင့် သူ၏ “Crikey!” catchphrase များသည် ရုပ်ရှင်ကို ပိုမိုပေါ့ပါးစေစွာကြည့်လို့ကောင်းစေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်များအပေါ်မှာ အလေးထားမှုနည်းသော်လည်း Steve Irwin ၏ မတက်မကျအတိုးမပျက် သဘာဝကို အားကျပြီးသွားချင်တဲ့ စိတ်နှင့် ဇာတ်လမ်းထဲမှာ ရိုးသားမှုတွေအပြည့်နဲ့ပဲရိုက်ထားတော့ ကြည့်ဖို့အတွက် ဆွဲဆောင်နေတော့တာပဲ။ သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့အရေးပါကြောင်း ရိုက်ကူးပြသထားပေမယ့်လည်း အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Tell It to the Bees (2018) ⭐IMDB: 6.5/10 (7 k Votes) 🎬 #Drama #Romance 🗓 2018 🎞 movie 🌎 #UnitedKingdom #Sweden ⏰ 1 နာရီ 49 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tell It to the Bees (2018) **************************** IMDb…6.5 ဇာတ်ကားဆန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…ဘာဆန်းသလဲဆိုတော့ ခပ်ရိုးရိုး ယောက်ျားမိန်းမအချစ်တွေလိုမျိုး မဟုတ်တော့ဘဲဒီတစ်ခါတော့ မိန်းကလေးအချင်းချင်း ချစ်ကြိုက်တဲ့ Lesbian ကားလေးပဲ ဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်း*************** 1952 ခုနှစ် Scotland နိုင်ငံမှာ Lydia ဆိုတဲ့ အိမ်ထောင်ကွဲ ကလေးအမေတစ်ယောက်ရှိပါတယ်…အိမ်ထောင်ကွဲ စီးပွားပျက်လို့ နေစရာပါအခက်အခဲဖြစ်နေသူ အမျိုးသမီးလေးပေါ့… အဲ့ဒီအချိန်မှာပဲ သူတို့မြို့လေးကို ရောက်လာသူကတော့ ဆရာဝန်မလေး Jean ဖြစ်ပါတယ်…Jean ဟာ ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးအချင်းချင်း စိတ်ဝင်စားသူတစ်ယောက်ပါ…ဒါပေမဲ့လည်း ခေတ်ကာလက 1952 ခု ဖြစ်နေလေတော့ LGBT တွေကို နှိမ့်ချနေချိန်ဖြစ်နေတာပေါ့… Jean လေးခမျာ အတည်တကျနေထိုင်ရာမြို့ရယ်လို့ မရှိဘဲ တစ်နေရာမှာ ခဏနေလိုက်မြို့အသစ်တစ်ခု ပြောင်းလိုက်နဲ့ သူ့ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရာကLydia တို့ရဲ့မြို့လေးကို ရောက်ရှိလာချိန်မှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ခံစားလိုက်ပါဦးနော် .. (အညွှန်းကို Paing မှ ရေးသားထားပါတယ်)...
Super Bear (2018) ⭐IMDB: 4.1/10 (141 Votes) 🎬 #Animation #Family 🗓 2018 🎞 movie 🌎 #China #UnitedStates ⏰ 1 နာရီ 25 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Super Bear (2019) ********************** တောရိုင်းထဲမှာ နေထိုင်ကျက်စားနေတဲ့ ဝက်ဝံသားအဖလေးနှစ်ကောင် ရှိပါတယ် .. ဆီဟငယ်ငယ်တုန်းက ဆီဟလေးအမေကို မှောင်ခိုသမားတွေလာဖမ်းသွားတာကြောင့် အမိမဲ့သားလေးကို ဝက်ဝံဖေဖေကြီးက အရမ်းချစ်ရှာပါတယ် .. တစ်နေ့ သူတို့သားအဖနှစ်ကောင်အပေါ် ကံဆိုးမိုးမောင်ကျပြီးတောရိုင်းမှောင်ခိုသမားတွေဟာ ဆီဟလေးကို ဖမ်းသွားပါတော့တယ် .. ဝက်ဝံဖေဖေကြီးက သားဖြစ်သူကို ဖမ်းသွားတဲ့ကားနောက် လိုက်ခဲ့ပေမယ့် မမှီခဲ့ပါဘူး .. ဒီလိုနဲ့ လမ်းပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေကို တရားမဝင်မှောင်ခိုလုပ်နေတဲ့အဖွဲ့ကိုလိုက်လံဖော်ထုတ်နေတဲ့ အေးဂျင့်ဟွန်တို့နဲ့ မထင်မှတ်ဘဲ တွေ့ဆုံမိပြီးသူ့သား ဆီဟကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် .. (အညွှန်းကို Tin Myo Lwin မှ ရေးသားထားပါတယ်)...
Back on the Society (2021) ⭐TMDB: 20% User Score 🎬 #Crime #Drama #Action #Thriller 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Back to the Societyဆိုတဲ့ဇာတ်ကားကတော့Jordan Chanအဓိကပါဝင်သရုပ်ဆောင်ထားတဲ့actionဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ ကျန်းရှန်းဟောင်ဆိုတဲ့တစ်ချိန်ကလူဆိုးဂိုဏ်းရဲ့ခေါင်းဆောင်ကတရားမဝင် ဥပဒေချိူးဖောက်တဲ့ပြစ်မှုတွေကိုကျူးလွန်လို့ရဲအရာရှိတွေကလာဖမ်းပြီးထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်အဲ့ချိန်မှာပဲသူ့ရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည်မိန်းမကစိတ်လှုပ်ရှားမှုကြောင့် ကလေးကိုရက်စောမွေးပြီးကလေးမွေးဖွားရခက်တဲ့ပြဿနာနဲ့ကြုံတွေကာမိခင်အသက်ဆုံးရှုံးလိုက်ရပါတယ် သမီးလေးမွေးဖွားပြီးနောက် ထိန်းပေးမဲ့လူမရှိလို့ငယ်ငယ်ထဲက မိဘမဲ့ကျောင်းမှာပဲနေခဲ့ရမှထောင်ထွက်ကျန်းရှန်းဟောကလည်း သမီးကိုချစ်တဲ့စိတ်နဲ့သူတစ်ယောက်ထဲ လုပ်ကိုင်ကျွေးမွေးပြီး အရင်တုန်းကလိူရှုပ်ထွေးတဲ့လောကကြီးထဲကို ပြန်မဝင်တော့ကြောင်း သစ္စာပြုခဲ့ပါတယ် ဒီလိုအေးအေးချမ်းချမ်းနဲ့ နှစ်တွေအများကြီးနေထိုင်လာရာကနေတစ်ရက်မှာ ကျန်းရှန်းဟော မထင်မှတ်ပဲလူတစ်ယောက်ကိုသတ်မိရာမှပြဿနာကစတင်ဖြစ်ပွားခဲ့တာပါထိုပြဿနာကြောင့်လည်း သူ့သမီးဖမ်းခံရပြီးလူကုန်ကူးခံလိုက်ရပါတယ်နောက်ဆုံးမှာသူ့သမီးကိုဖမ်းတဲ့လူက ဘယ်သူဖြစ်မလဲသူ့သမီးကိုရောအသက်ရှင်လျက်ပြန်ကယ်နိုင်မလားဆိုတာနောက်ဆုံးထိကြည့်ရှုပေးပါဦး...
