ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
A Royal Christmas Holiday (2023)
⭐IMDB: 6.0/10 (264 Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Royal Christmas Holiday (2023)=========================IMDb Rating – 6.0/10
CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကိုမရနိုင်ဖြစ်နေတာကြာပါပြီ။
တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသားတစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ်တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Adire (2023)
⭐IMDB: 6.6/10 (67 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #Nigeria
⏰ 2 နာရီ 4 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adire (2023)============IMDb Rating – 6.6/10
မြို့ကြီးတစ်မြို့မှာ “နင်တို့တွေကေသီ့ကို ကျော်ဖို့မစဉ်းစားနဲ့”ဆိုတဲ့စာသားနဲ့လိုက်ဖက်လောက်အောင် ဦးစားပေးခံရတဲ့ ညငှက်မလေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူဟာ ညငှက်ဘဝကိုစိတ်ကုန်နေပြီ။သူ့ဝါသနာက အမျိုးသမီးအတွင်းခံဒီဇိုင်နာ။ တစ်နေ့ကျ သူ့ရဲ့စားကျက်နယ်ထဲကနေ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးလာတယ်။သူ့ရဲ့ဦးတည်ရာက သူ့ဘဝအခြေချလို့ရမဲ့ မထင်မရှားမြို့ငယ်လေးတစ်ခု။
အဲဒီမြို့ငယ်လေးဟာ သိပ်မဖွံ့ဖြိုးသေးဘူး။ မြို့ခံအမျိုးသမီးတွေဟာလည်းလိင်အသိပညာဗဟုသုတတွေ နည်းပါးပြီး ရှေးရိုးစွဲဆန်ကြတယ်။ အမျိုးသမီးတွေဟာ အရှက်အကြောက်ကြီးပြီး လင်ယူသားမွေးဖို့ပဲ ဖြစ်တည်နေသလိုမျိုး၊ အိပ်မက်တွေကိုစွန့်လွှတ်ထားရတဲ့အမေတွေ၊ ဗိုင်းကောင်းကျောက်ဖိလွန်းအားကြီးပြီး လွတ်ထွက်သွားတဲ့သမီးပျိုတွေ၊ အဲလိုမြို့လေးကို အိပ်မက်သစ်စမဲ့ ရဲရင့်တဲ့ညငှက်မလေးရောက်လာတယ်။ သူ မသိတာကတော့သူ့ကိုပြန်ခေါ်ဖို့ လိုက်လာကြတဲ့သူတွေရှိတယ်ဆိုတာကိုပေါ့။ အဲလိုမျိုးနဲ့ဇာတ်လမ်းကအဆုံးထိဆွဲခေါ်သွားမှာပါ။ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းရဲ့စိတ်နေစိတ်ထားနဲ့ လူ့သဘောလူ့သဘာဝကို ရှုထောင့်မျိုးစုံကနေ မီးမောင်းထိုးပြထားတာဖြစ်လို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
The Warrior Queen of Jhansi (2019)
⭐IMDB: 4.9/10 (714 Votes)
🎬 #Action #Adventure #Drama #History #Fantasy #War
🗓 2019 🎞 movie
🌎 #UnitedKingdom #India
⏰ 1 နာရီ 43 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Warrior Queen of Jhansi (2019)==========================
ဒီရုပ်ရှင်ကတော့ သမိုင်းကိုအခြေခံပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်းဖန်တီးထားတာပါ။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ က အိန္ဒိပြည်ကနေအကျိုးအမြက်တွေရရှိအောင် လုပ်နေတဲ့ကာလမှာပဲ ဂျန်စီပြည်နယ်ရဲ့အုပ်စိုးသူဖြစ်နေတဲ့ ဘုရင်မရာနီက ပြည်နယ်ကို အလွယ်တကူအပ်ဖို့ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံး အထိ သူဘယ်လိုခုခံသွားသလဲဆိုတာကိုကြည့်ရှုရမှာပါ။
ဒီဇာတ်လမ်းမှာတော့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့အဲဒီခေတ်အခါကအခြေအနေတွေကိုထင်ဟပ်အောင်ရိုက်ကူးထားပါတယ်။ ဒါရိုက်တာSwati Bhise က ရိုက်ကူးထားပြီးတော့ VIWIFF ရဲ့ Impact Awardကို ရရှိထားပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
Wind Chill (2007)
⭐TMDB: 58.0% User Score
🎬 #Adventure #Drama #Horror #Thriller
🗓 2007 🎞 movie
🌎 #Canada #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wind Chill (2007)==============
မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။
ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ်ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။
အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်းတစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေးကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေမယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ်စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။
အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင်လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေအကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Wind Chill (2007)
⭐TMDB: 58.0% User Score
🎬 #Adventure #Drama #Horror #Thriller
🗓 2007 🎞 movie
🌎 #Canada #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wind Chill (2007)==============
မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။
ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ်ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။
အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်းတစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေးကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေမယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ်စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။
အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင်လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေအကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Wind Chill (2007)
⭐TMDB: 58.0% User Score
🎬 #Adventure #Drama #Horror #Thriller
🗓 2007 🎞 movie
🌎 #Canada #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wind Chill (2007)==============
မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။
ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ်ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။
အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်းတစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေးကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေမယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ်စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။
အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင်လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေအကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Amityville Exorcism (2017)
⭐IMDB: 1.9/10 (2 k Votes)
🎬 #Horror
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 18 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Amityville Exorcism (2017)=====================
မသန့်တဲ့သစ်သားကြောင့် အိမ်မသန့်တာတွေဘာတွေ မကြုံဖူးရင်တောင်အရပ်စကားနဲ့ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီ Horror ရုပ်ရှင်မှာလည်းအဲဒီဖြစ်ရပ်မျိုးပါပဲ။
ဇာတ်လမ်းအကျဉ်း-ဘုန်းတော်ကြီးဘန်နာဟာ အမ်မတီဗေးလ်အိမ်ကြီးမှာ အပနှင်ပေးရင်းအသက်ဆုံးသွားခဲ့တဲ့ဖာသာရဲ့ ညီ ဖြစ်ပါတယ်။ တစ်နေ့မှာ ချားစ်ဆိုတဲ့ကန်ထရိုက်ကို သွားတွေ့ရာက သူကိုယ်တိုင် အပနှင်ရဖို့ ဖြစ်လာပါတယ်။ ချားစ်ဟာသူ့မိသားစုကို ပြန်သတ်မှုနဲ့ ထောင်ကျနေသူပါ။ ချားစ်တစ်ယောက် အမ်မတီဗေးလ်အိမ်ကြီးက သစ်ခွဲသားဟောင်းတွေကို သူပြင်ဆင်ပေးတဲ့ အိမ်တွေအဆောက်အအုံတွေမှာ ပြန်သုံးမိရာက အပူးအကပ်ဇာတ်လမ်းပြန်စတင်လာပါ။အမ်မတီဗေးလ်အိမ်ကြီးမှာ မကောင်းဆိုးဝါးကင်းစင်သွားပေမဲ့ အဲဒီသစ်ခွဲသားဟောင်းတွေမှာ မကောင်းဆိုးဝါးတွေကပ်ပါသွားခဲ့ပါတယ်။
အဲဒါကြောင့် ဖာသာဘန်နာဟာ အဲဒီသစ်ခွဲသားတွေရှိရာ ဂျယ်ရမီနဲ့အေမီဒူကိန်းတို့သားအဖဆီ ရောက်ရှိလာပါတယ်။ ဘာသာတရားကိုမယုံကြည်တဲ့ဂျယ်ရမီ၊မိတဆိုးသမီးလေးအေမီနဲ့ ဖာသာဘန်နာတို မကောင်းဆိုးဝါးကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီတစ်ခါရော အပြီးနှင်ထုတ်နိုင်ပါ့မလားဆိုတာကို ကြည့်ကြရမှာပါ။သရဲကားတော်တော်များများလို သရဲခြောက်တဲ့အိမ်ကြီးရယ်၊ စွဲကပ်နေတဲ့မကောင်းဆိုးဝါးတွေရယ်၊ ပူးကပ်ခံရတဲ့လူတွေရယ်၊ အပနှင်မဲ့ ဘာသာရေးဆရာရယ်နဲ့အခြေခံထားတာဖြစ်ပေမဲ့… Horror ပရိသတ်တွေအတွက်တော့ အပျင်းပြေကြည့်လို့ရမဲ့ ဇာတ်လမ်းမျိုးပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
The Hitcher II: I've Been Waiting (2003)
⭐TMDB: 47.0% User Score
🎬 #Horror #Thriller #Action
🗓 2003 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hitcher II: I’ve Been Waiting (2003)============================
နာမည်ကျော် ၁၉၈၆ The Hitcher ရဲ့ direct-sequel ဖြစ်ပါတယ်။The Hitcher ရဲ့အဖြစ်အပျက်တွေအပြီး ဆယ့်ငါးနှစ်အကြာမှာ JimHalsey ဟာ ရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်းအမှုတစ်ခုမှာမလိုအပ်ပဲအင်အားသုံးခဲ့တဲ့အတွက် အလုပ်ကဆိုင်းငံ့ခံလိုက်ရပါတယ်။ အဲ့ဒါနဲ့ကပ္ပတိန်အက်စ်ထရစ်ချ်ဆီကိုဆက်သွယ်ပြီး ချစ်သူကောင်မလေးဖြစ်တဲ့ မက်ဂီနဲ့အတူ တက္ကဆက်ကိုစိတ်ပြေလက်ပျောက်ခရီးထွက်လာခဲ့ပါတယ်။
တက္ကဆက်အဝေးပြေးလမ်းပေါ်မှာ ဂျင်မ်ရဲ့အတိတ်စိတ်ဒဏ်ရာတွေပြန်ပေါ်လာခဲ့ပြီး ကားကြုံလိုက်သူတစ်ယောက်နဲ့အတူ လွန်ခဲ့တဲ့ ၁၅နှစ်ကအဖြစ်အပျက်တွေတကျော့ပြန်ကြုံရချိန်မှာတော့..။ The Hitcher(1986) ထဲမှာ Jim Halsey အဖြစ်သရုပ်ဆောင်ခဲ့တဲ့ C. ThomasHowell ကပဲပြန်ပြီးပါဝင်ထားပါတယ်။ မူရင်းကားကိုမမီပေမယ့်လည်းကြည့်ကောင်းတဲ့ Road Thriller ကားကောင်းတစ်ကားပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
The Columnist (2019)
⭐IMDB: 6.2/10 (2 k Votes)
🎬 #Comedy #Crime #Drama #Horror #TVMovie #Thriller
🗓 2019 🎞 movie
🌎 #Netherlands
⏰ 1 နာရီ 24 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Columnist (2019)================IMDb Rating – 6.2/10
အခုလိုအင်တာနက်ခေတ်မှာ Cyber bullying လို့ခေါ်တဲ့ အွန်လိုင်းပေါ်ကနေတစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၊ အကြောင်းအရာတစ်စုံတစ်ခုကို အမုန်းပွားဝေဖန်တဲ့ကောမန့်တွေရေးပြီး ဝိုင်းဆဲအနိုင်ကျင့်ကြတာမျိုးကို လူတိုင်းရင်းနှီးကြမှာပါ။
ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးဆောင်းပါးရေးသားသူတစ်ဦးဖြစ်တဲ့ Femkeက သူ့ဆီကို Hate comments တွေ Death threats တွေအပြည့်နဲ့ အင်တာနက်မှာအတိုက်ခိုက်ခံနေရတဲ့သူတစ်ယောက်ပါ။ Femke က လူသားအချင်းချင်း ကြင်ကြင်နာနာဆက်ဆံသင့်ကြောင်းနဲ့ မတူညီတဲ့သဘောထားရှိတဲ့သူတွေကို ရန်သူလို့မသတ်မှတ်သင့်ကြောင်း ဆောင်းပါးတွေရေးသား ပြောဆိုနေပေမဲ့ သူ့ကိုတိုက်ခိုက်နေတဲ့ မကောင်းတဲ့ကောမန့်တွေကရပ်မသွားပါဘူး။
နောက်တော့ Femke တစ်ယောက် သည်းမခံနိုင်တော့ဘဲ သူ့ဆီကို hate commentsတွေ ရေးနေတဲ့သူတွေအကုန်လုံးကို လိုက်လက်စားချေဖို့ကြိုးစားပြီး သူကိုယ်တိုင်က တားမြစ်ဖို့ကြိုးစားနေတဲ့လူတစ်ယောက်အဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုရင်ဖိုစွာကြည့်ရှုရမဲ့ Thrillerဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo zin ဖြစ်ပါတယ်)...
The Hitcher (2007)
⭐TMDB: 59.0% User Score
🎬 #Crime #Thriller #Horror
🗓 2007 🎞 movie
🌎 #UnitedStatesofAmerica #UnitedKingdom
⏰ 1 နာရီ 25 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hitcher (2007)==============
ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်းသည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။
ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီးအနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီလူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thronesထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Beanကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြားပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်းလည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Rest Stop: Don't Look Back (2008)
⭐TMDB: 50.0% User Score
🎬 #Horror #Thriller
🗓 2008 🎞 tv series
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rest Stop: Don’t Look Back (2008)==========================
Rest stop ပထမကားအဖြစ်အပျက်တွေအပြီးတစ်နှစ်အကြာကိုအခြေခံထားပါတယ်။ စစ်ပြန်တစ်ဦးဖြစ်တဲ့ဂျက်ဆီရဲ့အစ်ကိုတွမ်ဟာအားလပ်ရက်ရချိန်မှာ သူ့ညီပျောက်ဆုံးမှုကိုစုံစမ်းဖို့ သူ့ညီနဲ့ နစ်ကိုးလ်တို့သွားရာလမ်းအတိုင်း နောက်ကလိုက်ခဲ့ပါတယ်။သူနဲ့အတူ ချစ်သူမိန်းကလေး မာရီလင်နဲ့ နစ်ကိုးလ်သူငယ်ချင်းလည်းဖြစ် ကြိတ်ကြိုက်နေတဲ့ငနဲလည်းဖြစ်တဲ့ ဂျဲရ်တို့ပါဝင်ပါတယ်။
သူတို့သွားမယ့် အဝေးပြေးလမ်းဟောင်းဆိုတာ မြေပုံပေါ်မှာမရှိတဲ့အတွက် လမ်းဘေးဆီဆိုင်လေးတစ်ခုမှာ ဆီထည့်ရင်း ဝင်စုံစမ်းကြရာကနေ နစ်ကိုးလ်နဲ့ပတ်သက်တဲ့သဲလွန်စတွေနဲ့အတူ အဝေးပြေးလမ်းဟောင်းကိုပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြရင်း နစ်ကိုးလ်နဲ့ ဂျက်စ်တို့ကို ကိုယ်စီပြန်တွေ့ခဲ့ကြရသလို သူတို့ကိုနှိပ်စက်သတ်ဖြတ်ခဲ့သူတွေနဲ့ပါရင်ဆိုင်တိုးမိခဲ့ချိန်မှာတော့..။
ပထမကားမှာ မရှင်းခဲ့တဲ့ပဟေဠိတွေကိုပါ ဒီထဲမှာထည့်ရှင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ RV ပေါ်ကခြောက်ခြားစရာ တရားဟောဆရာမိသားစု၊ ထရပ်ကားမောင်းသမား သူတို့ကြားက ဆက်နွယ်ပတ်သက်မှုတွေ၊ သူတို့ဘာကြောင့်ဘယ်လို ဒီဘဝကိုရောက်ခဲ့ကြသလဲဆိုတာတွေကိုပါ တွေ့ရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
The Departed (2006)
⭐TMDB: 82.0% User Score
🎬 #Crime #Drama #Thriller
🗓 2006 🎞 movie
🌎 #HongKong #USA #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 31 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (8.5)….Rotten Tomatoes (90%)
ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြောရအောင်။
တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။
The Departed (2006) (IMDb Rating 8.5/10) ဆိုတဲ့ကားးပါ။
မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (IMDb Rating 8.1/10) ဆိုတာပါ။
ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ ကြည့်မိပါတယ်…
ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကို နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာကလည်း ဒီရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။
ကျနော် ပထမ တစ်ကြိမ် ကြည့်တုန်းက Leonado Dicaprio ထက် Matt Damon ကို ပိုကြိုက်တာမို့
Matt Damon ကို ဗီလိန် လုပ်ခိုင်းတယ်လို့ ခံစားရပြီး.. ပြီးအောင် ဆက်မကြည့်ဖြစ်။
နောက်ပြီး စကားပြောတဲ့ အခွန်းတိုင်းလိုလို “F” words က မလွတ်ဘဲ စကားလုံးတိုင်း ကြမ်းတာမို့ တော်ရုံသည်းခံနိုင်တဲ့သူတောင် စကားပြောခန်းတွေ ဆက်မကြည့်ချင်။
ဟိုတလောကမှ လီယိုနာဒိုကို ပြန်တူးရင်း ကြည့်ရင်း သဘောကျလာတာမို့ ပြန်ကြည့်မယ် ဆိုပြီး ရွေးချယ် ကြည့်လိုက်မိတယ်။
သာမာန်အားဖြင့် ရုပ်လက္ခဏာအရ Matt Damon ကို အကောင်း
Dicaprio ကို အဆိုး ထားရမှာ ဖြစ်ပေမဲ့ ဒီ ရုပ်ရှင်မှာတော့ ပြောင်းပြန် ပြန်ထားတာမို့ ထူးဆန်းမှု တစ်ခုပါ။
ကြည့်ရင်းနဲ့ သူတို့ မူလ ရုပ်ပျောက်ပြီး Matt ကို အမြင်ကပ် ..Dicaprio ကို သနားလာအောင် သရုပ်ဆောင်နိုင်တာမို့ စီစဉ်သူရော သရုပ်ဆောင်တွေပါ မှော်အောင်တယ်လို့ ခံစားရပါတယ်။
ဇာတ်လမ်း သဘော အရ …
Jack Nicolson က ဒေသ တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက်ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။
သူ့လက်တံရှည်တာမို့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲတွေက အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။
ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေတဲ့ ကလေးလေးကို ငယ်ကတည်း စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damon ပါ။
တချိန်တည်းမှာပဲ တခြားနေရာက မိသားစုမှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင်လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprio ပါ။
တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူးတပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson ရဲ့ မွေးစားသားက အမဲစက် Record မရှိဘဲ လူကြီးကြိုက်နဲ့ ရာထူး တစ်နေရာရသွားပါတယ်။
Dicaprio ကတော့ မိသားစု အမဲစက်နဲ့လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ပဲ နေရမယ်လို့ ကမ်းလှမ်းခံရပါတယ်။
Martin Sheen
Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား)
Alec Baldwin တို့က အထက်လူကြီးတွေပေါ့။
Undercover ရဲ Dicaprio ရဲ့ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့်ရှိတာဖြစ်ပါတယ်။
Matt Damon က သူ့မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာလည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခုရသူဖြစ်လာပါတယ်။
သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ
ရဲတပ်ဖွဲ့နဲ့လူဆိုးဂိုဏ်းကြား ဉာဏ်ကစားမှုတွေကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။
.
.
.
အဲဒီကားကိုကြည့်ပြီး ကြိုက်လွန်းလို့ မူရင်း ဟောင်ကောင် ကားတွေပါ ရှာကြည့်လိုက်တော့ အဲဒီကားကလည်း မင်းသား ၂ ယောက် အပြင် ဇာတ်ပို့တွေကိုပါ မင်းသားကြီးတွေ သုံးထားတာပါ။
ဟောင်ကောင် ကားကတော့ ဇာတ်ရုပ် လိုက်ဖက်တယ်လို့ ခံစားရပါတယ်။
Andy Lau ကရဲ သူလျှို နေရာက ဖြစ်ပြီး
Tony Leung ကတော့ လူဆိုးဘက်ရောက် Undercover ရဲ အဖြစ်
ဒါ့အပြင် Anthony Chau-Sang Wong နဲ့ Eric Tsang စ တဲ့ မင်းသားကြီးတွေပါ ပါ လို့ ကားကောင်း တစ်ကား ဖြစ်မယ် ဆိုတာ ငြင်းမရပါဘူး။
ဟောင်ကောင်ကားကို ၂ ကားလုံး ကြည့်မယ် ဆိုရင် ၂ က စကြည့်ပြီးမှ ၁ ကို ကြည့်ပါလို့။
၂ က ငယ်ဘဝတွေကို ရိုက်ထားတာမို့ Edison Chen နဲ့ Shawn Yue စတဲ့ မင်းသား အငယ် ၂ ယောက်ကို သုံးထားပါတယ်။
တစ်ကားပဲ ကြည့်မယ် ဆိုရင်တော့ ၁ ကို ပဲ ကြည့်ပါ။ ၁ ဇာတ်သိမ်း ကြည့်ပြီးရင် ၂ က ကြည့်လည်း မထူးတော့ဘူး ခံစားရပါတယ်။
ဒီကားတွေ ကြည့်ပြီး ကျနော် ခံစားမိတာကတော့ ကျနော်တို့ကို အန္တရာယ်ကနေ ကာကွယ်နေတယ်လို့…ထင်ရ …ယုံကြည်ရ…
အသံကောင်းဟစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာရော ဘယ်လောက် ပရော်ဖစ်ရှင်နယ်ဆန်တဲ့ စိတ်ဓာတ်မျိုးတွေ ရှိမလဲ၊ ဘယ်လို စိတ်ဓာတ် ပုပ်ပွမှုတွေရှိမလဲ ကျနော်တို့ ဘယ်လော...
The Watcher in the Woods (1980)
⭐TMDB: 60.0% User Score
🎬 #Fantasy #Horror #Thriller
🗓 1980 🎞 movie
🌎 #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 23 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒစ္စနေးကနေ ထုတ်ပေမဲ့ အရမ်းကြောက်ဖို့ကောင်းတဲ့ ဟော်ရာကား
အမေရိကန်မိသားစုဖြစ်တဲ့ ပေါလ်နဲ့ဟယ်လင်တို့ဟာ သမီးနှစ်ဦးနဲ့အတူ အင်္ဂလန်ကျေးလက်ပိုင်းက စံအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းနေ့မှာပဲ သမီးနှစ်ယောက်ဟာ ပတ်လည်ဝိုင်းနေတဲ့ တောအုပ်ထဲမှာသွားကစားကြရင်းထူးခြားတဲ့ အမျိုးအမည်မသိတဲ့ခံစားချက်ကိုရရှိခဲ့သလို သမီးကြီးဖြစ်တဲ့ ဂျန်က အိမ်ကြီးပေါ်ကိုရောက်တော့လည်း မှန်ထဲမှာ သူ့အရိပ်ပေါ်မလာဘဲ မျက်လုံးစည်းခံထားရတဲ့ မိန်းကလေးတစ်ယောက်အရိပ်ပေါ်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။
တဖြည်းဖြည်းပတ်ဝန်းကျင်နဲ့ရင်းနှီးလာရင်း သိခဲ့ရတာက သူတို့ခြံဝင်းကြီးထဲက ဧည့်သည်ဆောင်မှာနေထိုင်တဲ့ သူတို့ရဲ့အိမ်ရှင် အယ်လ်၀ုဒ်ဆိုတဲ့အမျိုးသမီးကြီးမှာ တစ်ချိန်က ဂျန်နဲ့ရွယ်တူဆယ်ကျော်သက်သမီးလေးရှိခဲ့ပြီး ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုပါပဲ။
ဒီလိုနဲ့ ဂျန်ရော သမီးငယ် အယ်လီပါ ထူးခြားတဲ့ အရိပ်အယောင်တွေအသံတွေရဲ့ခြောက်လှန့်မှုကိုဆက်တိုက် တွေ့ကြုံခံစားလာရပြီး မမြင်နိုင်တဲ့တစုံတရာဟာ သူတို့ကိုဆက်သွယ် အကူအညီတောင်းနေတယ်ဆိုတာကိုသိလာရပါတော့တယ်။ သူတို့ကိုခြောက်လှန့်နေတဲ့အရာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးရဲ့တစ္ဆေဖြစ်မလား? အဲ့ဒီခြောက်လှန့်မှုတွေဟာ သူတို့ညီအစ်မနဲ့ဘယ်လိုပတ်သက်နေမလဲ? သူတို့ကိုဆက်သွယ်တောင်းခံလာတဲ့ အကူအညီကိုရောပေးအပ်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားကြပါ။...
The Blob (1988)
⭐TMDB: 67.0% User Score
🎬 #Horror #Mystery #ScienceFiction
🗓 1988 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1988 မှာထွက်ရှိခဲ့တဲ့ old but gold ဖြစ်တဲ့ body horror/sci-fi ကား တင်ဆက်ပေးလိုက်ပါတယ်
သူ့ခေတ်သူ့အခါက practical effect တွေက ကြည့်လို့ကောင်းပြီး ငယ်ငယ်ကကြည့်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ဖီလင်ကိုပါ ပေးစွမ်းနိုင်မဲ့ ဇာတ်လမ်းမျိုးပါ
ဇာတ်လမ်းအကျဥ်းကတော့ တစ်ည မြို့လေးတစ်မြို့မှာ ဥက္ကာခဲတစ်ခဲ ကျလာခဲ့ပါတယ် ဒါကိုသွားစပ်စုတဲ့ အဘိုးကြီးတစ်ယောက်ကို “Blob”ဆိုတဲ့ ဇီဝပစ္စည်းတစ်ခု ကူးစက်သွားခဲ့ပြီးတော့တစ်မြို့လုံးကို ပျံ့သွားပါတယ်
ဒါကို အဓိကဇာတ်ကောင် ဇိုးကျောင်းသားဖြစ်တဲ့ Brian နဲ့ Megg တို့နဲ့အတူ သူတို့မြို့လေးက ရဲတွေ ပြည်သူတွေပါ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာအကာအကွယ်ဝတ်စုံတွေနဲ့ အစိုးရလူတစ်စုက ကယ်ဖို့ ရောက်လာခဲ့ပြီး တစ်မြို့လုံးကိုလည်း Quarantine ချထားဖို့ အမိန့်ပေးထားခဲ့ပါတယ်
သူတို့ squad က ကာနယ်ဖြစ်သူ ဒေါက်တာမယ်ဒိုးစ်က Blob ရဲ့ဇစ်မြစ်ကို ရှင်းပြပေမယ့် မယုံတဲ့ ဇိုးကျောင်းသား Brian က သူတို့ ကွာရန်တင်းကနေ ထွက်ပြေးပြီး အကောင်ကြီးရဲ့ ဇစ်မြစ်ကို သူ့ဘာသူ အဖြေရှာပါတော့တယ်...
The Maiden Heist (2009)
⭐IMDB: 6.0/10 (17 k Votes)
🎬 #Comedy #Crime
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိထားတဲ့ The Maiden Heist ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားထဲမှာ ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman,Christopher Wlaken နဲ့ William H Macy တို့ကအဓိကပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့ရော်ဂျာရယ် ချားလ်စ်ရယ် ဂျော့ဂျ်ရယ်ဆိုတဲ့ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့လူသုံးယောက်ဟာ ပြတိုက်တစ်ခုကလုံခြုံရေးဝန်ထားတွေပါ သူတို့တွေဟာ အဲ့ပြတိုက်မှာရှိတဲ့အနုပညာလက်ရာတစ်ခုစီကိုစွဲလမ်းနေကြတာကြောင့် အခုချိန်ထိအနားမယူပဲတာဝန်ထမ်းဆောင်နေကြတာပါ ရော်ဂျာနဲ့ချားလ်စ်က ပန်းချီကားတစ်ခုစီကိုစွဲလန်းနေကြပြီး ဂျော့ဂျ်ကတော့ ရုပ်ထုကြီးတစ်ခုကိုစွဲလမ်းနေပါတယ်ဒါပေမဲ့ တစ်ရက်မှာ သူတို့အလုပ်လုပ်နေတဲ့ပြတိုက်က ဒိန်းမတ်မှာရှိတဲ့ပြတိုက်တစ်ခုနဲ့သဘောတူညီမှုရသွားပြီ ဒီကအနုပညာလက်ရာအချို့ကို ဒိန်းမတ်ကိုရွှေ့ပြောင်းဖို့ဖြစ်လာပါတော့တယ် ကံဆိုးချင်တော့ သူတို့စွဲလမ်းနှစ်သက်နေတဲ့အနုပညာလက်ရာသုံးခုလုံးရွှေ့ပြောင်းမယ့်စာရင်းထဲပါလာတဲ့အခါ………..
သူတို့ရဲ့စွဲလမ်းမှုတွေကို အဝေးကိုရောက်မသွားအောင်သူတို့ဘာလုပ်ကြမလဲအသက်အရွယ်ရလာမှ သူတို့နှစ်သက်တဲ့အနုပညာလက်ရာတွေတခြားနိုင်ငံကိုရောက်မသွားအောင် သူတို့ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုကြည့်ရှုခံစားရမှာပါ
ဒီဇာတ်ကားလေးမှာ ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်လမ်းလေးကလည်းကောင်း ဟာသနှောပြီးရိုက်ကူးထားတာကြောင့် အပျင်းပြေစေမယ့်ရုပ်ရှင်တစ်ကားပါ...
My House (2023)
⭐IMDB: 3.6/10 (215 Votes)
🎬 #Horror #Mystery #Thriller #Drama
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 29 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thriller/Horror အမျိုးအစားဖြစ်ပြီး အိမ်ကြီးတစ်လုံးထဲမှာပဲ ရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ်
မိတဆိုးမလေး “ကာလာ” နဲဲ့ သူ့အဖေဖြစ်သူတို့နှစ်ယောက်တည်း အတူနေကြတယ်
အဖေဖြစ်သူကလည်း လျှို့ဝှက်တတ်လွန်းပြီး အိမ်ကို တံခါးဂျက် အထပ်ထပ် လုံခြုံရေးအထပ်ထပ်နဲ့ထားပြီး ကာလာ့ကိုလည်း ဘယ်တော့မှ အပြင်ပေးမထွက်ပါဘူး
သူ့အဖေစကားအရ သူ့အဖေက တချိန်က လူတစ်ယောက် ဓားထိုးခံရမှုကို မျက်မြင်သက်သေထွက်ဆိုခဲ့တယ် ဒါ့ကြောင့် ရာဇဝတ်သားတွေ သူတို့မိသားစုကို ရန်ပြုလာမှာစိုးရိမ်ပြီး အိမ်ပြောင်းနေခဲ့တယ်
သမီးလေး ကာလာတစ်ယောက် ဗီဒီယိုကင်မရာတစ်လုံးနဲ့ပဲ တစ်အိမ်လုံးလျှောက်ရိုက်ပြီး အချိန်ကုန်လေ့ရှိပြီး… တစ်နေ့ သူ့အဖေ အပြင်သွားနေတုန်း သူတို့အိမ်ဝကို သူစိမ်းတစ်ယောက်ရောက်လာပြီးနောက်ပိုင်း
ကာလာတစ်ယောက် သူသိထားသမျှတွေကို သံသယစပြီး ဝင်လာခဲ့တယ်
အပြစ်ကင်းစင်တဲ့ကောင်မလေး ကာလာရဲ့ ဘဝကလည်း အိပ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပြီး
သူဘယ်လိုဆက်အဖြေရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ...
Eye for an Eye (2022)
⭐IMDB: 6.6/10 (228 Votes)
🎬 #Action #Drama
🗓 2022 🎞 movie
🌎 #China
⏰ 1 နာရီ 14 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်းစုဝေးနေတဲ့ Eye For An Eye ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်ကလာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာအဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်းလက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်းသူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကိုရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့…
ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်ကတစ်အိမ်လုံး အသက်ခံရပေမယ့်သူတစ်ယောက်တည်း လွတ်မြောက်လာပြီးသူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင်သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကိုဒိုင်ယာရီမှတ်သလို…မှတ်တမ်းရေးသလို…ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်…
နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်...မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်…နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး…ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကိုရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့…အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမကရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်းကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်...
Fight The Horse And Grab The Knife ( 2024 )
⭐-
🎬 #Action #Martial
🗓 2024 🎞 tv series
🌎 #China
⏰ 1 နာရီ 35 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းလေးကတော့ လျောင် စုန့် ဟန့် သုံးပြည်ကိုအခြေတည်ထားပြီး ရုံချီဧကရာဇ်နှစ်၃နှစ်မှာ တစုန့်ပြည်ရဲ့ နာမည်ကျော်စစ်ဦးစီမှူးယန်ယဲ့ဟာလျောင်ပြည်နဲ့စစ်တိုက်ရာမှာ အရေးမသာခဲ့ဘဲ လျောင်ပြည်ရဲ့စစ်သူကြီးလျိုကျန့်ရှန်းဦးဆောင်တဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်အောက်မှာအသက်ကိုစတေးသွားခဲ့ရပါတယ် သူ့ရဲ့နာမည်ကြီး ရွှေဓါးဟာလည်းလျောင်ပြည်ရဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ်
ယန်ယဲ့ရဲ့ စစ်သည်တော်တစ်လက်ဖြစ်တဲ့ ကျောင်းကွမ်းဖူကတော့အသက်ဘေးကနေလွတ်ပြီးတော့ လျောင်ပြည်ရဲ့လျိုယဲ့မြို့လေးမှာ တည်းခိုဆောင်လေးဖွင့်ကာဇာတ်မြှုပ်နေပြီးတော့ တစ်နေ့မှာရွှေဓါးကို ပြန်ယူပြီးတော့တစုန့်ပြည်ကို ပြန်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပါတယ်
ထိုနည်းတူစွာပဲတစ်ဖက်မှာလည်း ယန်ယဲ့ရဲ့ သမီးတွေဖြစ်တဲ့ ယန်ချီနဲ့ယန်ယင်းကလည်း လျောင်ပြည်ရဲ့ ဝန်ကြီးအိမ်တော်ကိုခိုးဝင်ပြီး သူတို့ဖခင်ရဲ့ ရွှေဓါးကိုပြန်လည်ခိုးယူခဲ့ပါတယ်
အင်အားကြီးတဲ့ လျောင်စစ်တပ်က အလွတ်မပေးဘဲ သူတို့နှစ်ယောက်ကိုလိုက်လံဖမ်းဆီးရာမှာတော့ ဇာတ်မြှုပ်နေတဲ့ ကျောင်းကွမ်းဖူနဲ့ တစုန့်လူမျိုးချင်းတူတဲ့ယန်ယဲ့ရဲ့ သမီးတွေနဲ့ ဆုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ ယန်ယဲ့ရဲ့ရွှေဓါးကို တကယ်ပဲ တစုန့်ပြည်ကိုပြန်လည်ပို့ဆောင်နိုင်ပြီးစစ်ဦးစီးမှူးယန်ယဲ့အတွက် ကလဲ့စားချေပေးနိုင်မှာလားဆိုတာကိုတော့ရှေးခေတ်စစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်...
Kaali Khuhi (2020)
⭐IMDB: 3.6/10 (1 k Votes)
🎬 #Bollywood #Drama #Horror #Mystery #Thriller
🗓 2020 🎞 movie
🌎 #India
⏰ 1 နာရီ 31 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaali Khuhi (2020) အမှောင်ရေတွင်း
ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးတွေကြည့်ရတာ ရိုးအီနေတဲ့သူတွေအတွက်အင်စတာဂရမ်ဖော်လိုဝါသန်းချီပိုင်ဆိုင်ထားကြတဲ့ Riva Arora နဲ့ Sanjeeda Sheikh တို့အလှပဂေးလေးနှစ်ယောက်ရဲ့ သရဲကားလေးတစ်လှည့်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်
ရှီဗန်ဂီဆိုတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်က နာမကျန်းဖြစ်နေတဲ့အဘွားရွာဆီပြန်ရင်းထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာတဲ့အချိန်..
ရွာခံသူငယ်ချင်းတစ်ယောက်နဲ့အတူကစားရင်း တွေ့ခဲ့မိတဲ့ကြောက်စရာရုပ်သွင်နဲ့အဘွားတစ်ယောက်နဲ့ သူပြောလိုက်တဲ့စကားတွေ…ရွာထဲက ထူးဆန်းတဲ့အမှောင်ရေတွင်းနဲ့ တစ်ရွာလုံးကြုံတွေ့နေတဲ့ ကပ်ရောဂါ….သူလိုသမီးမိန်းကလေးမွေးထားမိလို့ အမေ့ကိုအဘွားကကြိမ်းမောင်းတဲ့စကားတွေ…
အဘွားဖြစ်သူ အိမ်အပေါ်ထပ်မှာ ရုတ်တရက်လဲကျသေဆုံးသွားပုံနှင့်သူမသေခင်မြင်တွေ့လိုက်ရတဲ့ထိတ်လန့်စရာရုပ်သွင်တစ်ခုဒါတွေအားလုံးက ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာကတော့….
အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Delicious Mother-in-law (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 22 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Delicious Mother in Law
ဒစ်ဂျစ်တယ်မားကင်းမှာလို buy one get twoပရိုမိုးရှင်းရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်…
လိုအင်ဆန္ဒတွေများနေတဲ့ မိန်းမနှစ်ယောက်ကြားဗျာများနေပုံကို စိတ်ဝင်စားအောင်ရိုက်ပြထားမှာပါ..
ငယ်ငယ်လှလှ ကောင်မလေးကတမျိုး တည်ငြိမ်ရင့်ကျက်သဖွယ်ဟန်တဲ့ရင်ထဲကဆန္ဒတွေများပြားလှတဲ့ မမလှလှကတမျိုးကြားဘယ်လို buy 1 get 2တွေဖြစ်ကုန်ပြီး ဗျာတွေများကုန်မလဲဆိုတာကိုတော့….
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
