ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Nine Dead (2010) ⭐TMDB: 53.0% User Score 🎬 #Crime #Horror #Mystery #Drama #Thriller 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2010 ခုနှစ်ထွက်ရှိခဲ့တဲ့ ဒီ Horror/Thriller ဇာတ်ကားက သရဲကားမဟုတ်ဘဲ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခုပါ။ ဇာတ်လမ်းအစကို ပြန်ပေးဆွဲမှုတွေ များစွာနဲ့ စတင်ထားပါတယ်။ ပြန်ပေးဆွဲသမားဟာ သူစိမ်း ၉ယောက်ကို အခန်းတစ်ခုထဲမှာ သံတိုင်တွေနဲ့ လက်ထိပ်တွေခတ်ထားပြီး ဖမ်းဆီးထားပါတယ်။ သူတို့ ၉ယောက်ကို ဘာလို့ ဖမ်းဆီးခဲ့ရသလဲဆိုတဲ့ အဖြေကို ရှာနိုင်ရင် အသက်ရှင်ခွင့်ရှိမှာပါ။ ဒါပေမယ့် ၁၀မိနစ်ပြည့်တိုင်း ပြန်ပေးသမားက ဝင်လာပြီး ဘာလို့ ဒီကိုရောက်နေရသလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြရင် တစ်ယောက်ချင်းစီကို သတ်သွားမှာပါ။ မသိဖူး မဆုံဖူးကြတဲ့ လူ၉ယောက်ဟာ သူတို့တွေ ဘာကြောင့် အဖမ်းခံထားရလဲ သူတို့ဘဝမှာ ဘယ်လိုအမှားကြီးကြီးတွေ ကျူးလွန်မိခဲ့ကြရလဲ အတူတူ အဖြေရှာကြရပါတော့တယ်။...

Jack Reacher: Never Go Back (2016) ⭐IMDB: 6.1/10 (171 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2016 🎞 movie 🌎 #China #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jack Reacher 2: Never Go Back (2016) IMDb Rating (6.1) ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ…..။ Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။...

Secrets at the Museum (2023) ⭐IMDB: 5.7/10 (505 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secrets at the Museum ဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mystery & thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် နာတာလီဟာ သူမရဲ့ဖခင်ဖြစ်သူ Robert နဲ့ ဝေးကွာနေတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ Freeman ပြတိုက်ကို ပိုင်ဆိုင်ထား‌ပေမယ့်လည်း သူမရဲ့ဘဝကို သူမရဲ့ ချစ်သူဖြစ်သူ ပန်းချီဆရာ Alex အပါအဝင် လူတိုင်းကို လျှို့ဝှက်ထားဖို့အတွက် သူမရဲ့ ကွယ်လွန်သူ မိခင်ရဲ့ အမည်ကိုပဲ အသုံးပြုခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ Natalie ရဲ့ဖခင်သေဆုံးသွားတဲ့အခါမှာတော့ သူမဖခင်ရဲ့လက်ထောက်ဖြစ်သူ Derek ရဲ့အကူအညီနဲ့ သူမဟာ Freeman ပြတိုက်ကို ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က မူရင်းပန်းချီကားတွေကို ခိုးယူပြီး အတုတွေနဲ့ အစားထိုးနေတာကို နာတာလီကသိရှိလာခဲ့ပါတယ်။ အဲ့တာအပြင် သူမအဖေရဲ့ အချိန်မတိုင်မှီသေဆုံးမှုကို သံသယဝင်ရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ အမှန်တရားကို ရှာဖွေနေရင်းနဲ့ နာတာလီဟာ ပြတိုက်သာမက သူမရဲ့ အသက်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိဘနှစ်ပါးလုံးကွယ်လွန်သွားတဲ့ Natalie Freeman ဆိုတဲ့အမျိုးသမီးလေးရဲ့ မိဘနေရာကိုဆက်ခံပြီး ပြတိုက်ကိုဖျက်စီးဖို့ ကြိုးစားနေတဲ့လူရဲ့ ရန်ကနေကာကွယ်ရင်း မိသားစုဂုဏ်ကို ထိန်းသိန်းနိုင်ဖို့ ကြိုးစားခဲ့ပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...

Dicks: The Musical (2023) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Comedy #Musical #Music 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dicks: The Musical ( 2023 ) A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်းဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကိုချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်းတစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲသူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ အမွှာ၂ကောင်ဟာသူတို့မိဘတွေကို ပြန်ပေါင်းထုပ်အောင်လုပ်ပေးပြီး မိသားစုတစ်ခုတည်ထောင်ဖို့ ကြံကြတယ်။အဖေနဲ့ပဲ နေခဲ့ရတဲ့ကောင်က အမေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးနားသွားချ ,အမေနဲ့ပဲနေခဲ့ရတဲ့ကောင်က အဖေ့ဆီ နောက်တစ်ကောင်အယောင်ဆောင်ပြီးသွားနားသွားချဖို့ ကြံကြတယ်။ဘာမှတော့ တူမနေပါဘူး။ ဒါပေမဲ့ ဆံပင်တုစွပ်လိုက်ရုံနဲ့ သူတို့အဖေအမေတွေက မမှတ်မိပါဘူး။အဲဒီလိုနဲ့ သူတို့မိဘတွေကို ပြန်ပေါင်းထုပ်ဖို့လုပ်ရင်း သူတို့သိလိုက်ရတာကသူတို့အဖေက ဂေးနေပြီး သူတို့အမေက ဗဂျိုင်နာကြီးပါ ပြုတ်ထွက်နေတာ သိလိုက်ရတယ်။ဘာပဲဖြစ်ဖြစ် ဇွဲမလျှော့တမ်း ကြိုးစားကြည့်တဲ့ ညီအစ်ကို၂ကောင်သူတို့အဖေနဲ့အမေကို ပြန်ပေါင်းအောင်လုပ်ပေးနိုင်မလား ဆက်ကြည့်ရမယ့်ဇာတ်ပေါ့။ ရိုက်တဲ့ဒါရိုက်တာကလည်း Boratတို့ The Dictatorတို့ရဲ့ ဒါရိုက်တာ Larry Charlesပါ။အဲဒီကားတွေ ဘယ်လောက်ရယ်ရလဲ အားလုံးအသိပါပဲ။ဇာတ်ကတော့ ၄ခန်းလောက်ပဲပါသလားမှတ်ရအောင် နှစ်ဖြတ် သုံးဖြတ် လေးဖြတ်ဆိုတာနဲ့ ပြီးသွားတဲ့ ဇာတ်ပါပဲ။ဇာတ်အိမ်ကတော့ အရမ်းမြန်ပေမဲ့ ဟာသကားက ရယ်ရရင် သူ့တာဝန်ကျေပြီဆိုတော့ကြည့်လို့ကောင်းတဲ့ဟာသကားလို့ပဲ ပြောရမယ်။ ကြည့်လို့ တော်တော်လည်း ရိုင်းပါတယ်။မျက်လုံးပေါက်နေတဲ့ အကျိအချွဲတွေနဲ့ ဗဂျိုင်နာကြီး လိပ်ပြာလို ပျံသွားတဲ့ ဇာတ်ဝင်ခန်းကိုတော့သေချာကြည့်မိတဲ့လူတွေ တော်တော်နဲ့ မေ့နိုင်မယ်မထင်ဘူး။ဇာတ်ကသာတိုပေမဲ့ ငစားလုပ်ထားတာကတော့ နည်းပေါင်းစုံပါတယ်။ ဘုရားသခင်ကလည်း တော်တော်စားစားပါပဲ။လခွမ်းဆိုပြီး ထိုင်ထိုင်ရယ်ချင်တဲ့လူတွေအတွက် အံကိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...

Employee of the Month (2021) ⭐IMDB: 5.8/10 (160 Votes) 🎬 #Comedy #Thriller #Crime 🗓 2021 🎞 movie 🌎 #Belgium ⏰ 1 နာရီ 15 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့CM က တာဝန်မယူပါဘူးနော်။*** ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။ အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲဆိုတာ ကျွမ်းကျင်လှသူ အင်းနစ်ရဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့်ရပြီး အလောင်းဖျောက်ဖို့ ကြိုးစားကြရာမှာ ရုံးခန်းထဲမှာ လူတွေဝင်လိုက်ထွက်လိုက် ဖြစ်နေတာမို့ ထင်သလိုမဖြစ်ဘဲ အခက်အခဲတွေ တသီကြီးနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ သူဌေးအလောင်းကို ရွှေ့ဖို့လုပ်နေရင်း ရုံးက နီကိုက သိသွားလို့ နီကို့ကိုပါ ဖမ်းထားပြီး ဘယ်လိုလုပ်ရမလဲ ကြံရာမရဖြစ်နေကြတုန်း နီကိုကပါ အနိစ္စသဘောနဲ့ ကိစ္စချောသွားပြန်တာမို့ တစ်လောင်းကနေ နှစ်လောင်းအဖတ်တင်သွားပါတော့တယ်။ ဒီလိုနဲ့ အင်နစ်နဲ့ မယ်လိုဒီတို့ အခက်အခဲတွေကြားက အောင်အောင်မြင်မြင် အလောင်းတွေဖျောက်နိုင်မလား.. ဘယ်လိုအန္တရာယ် အတားအဆီးတွေကိုရင်ဆိုင်ကြရမလဲ.. အလောင်းတွေကို မဖျောက်နိုင်ဘဲ အဖမ်းပဲခံလိုက်ရမလား.. အင်နစ်တစ်ယောက် ၁၇ နှစ်စာ သန့်ရှင်းသုံးပစ္စည်းတွေကို ကိုင်တွယ်ခဲ့တဲ့အရည်အချင်းတွေကိုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ပြီး လွတ်မြောက်သွားမလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ အခွီတစ်လိုင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး… (ဒီကားရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

Jack Reacher (2012) ⭐TMDB: 66.0% User Score 🎬 #Action #Crime #Mystery #Thriller #Drama 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jack Reacher (2012) IMdb Rating (7.0) လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ သူတို့ဆီရောက်လာတယ်.Jack က barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာ Jack နဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ……….. Jack Reacher ဇာတ်ကားဟာ မြောက်အမေရိကမှာ $80.1million အခြားနိုင်ငံတွေမှာ$ 138.3million နဲ့အတူ Total worldwide $218.3million ဝင်ငွေရရှိခဲ့ပါတယ်. ဒီဇာတ်ကားအတွက်သူတို့သုံးခဲ့တဲ့ငွေကတော့ $60ပဲဖြစ်ပါတယ်.ရင်းငွေထက်သုံးဆကျော်ပြန်ရရှိခဲ့တယ်ပေါ့ဗျာ Jack reacher ဇာတ်ကားဟာ 2005 တုန်းက ထွက်ခဲ့တဲ့ Lee Child ရဲ့ one shot ဆိုတဲ့ novel ကိုပြန်ရိုက်ထားတာပါ Jack reacher ရဲ့ sequel ဖြစ်တဲ့ Jack Reacher : Never Go Back ကိုတော့ october 21 ရက်နေ့ကစပြီး နိုင်ငံတကာမှာ ရုံတင်နေပါပြီ Jack Reacher ဇာတ်ကားဟာ IMDB မှာဆိုရင်ဖြင့် 7/10 အထိရထားပြီး rotten tomatoes မှာတော့ 62% ရရှိထားလို့ rating ကောင်းတယ်ဆိုရပါမယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ Jack reacher အဖြစ် mission imposisble,edge of tomorrow,war of the worlds တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ Tom Cruise က သရုပ်ဆောင်ထားပြီး Helen Rodin အဖြစ် Rosamund Pike နဲ့ James barr အဖြစ် Joseph Sikora တို့ကသရုပ်ဆောင်ထားပါတယ်.Director ကတော့ Christopher McQuarrie ပါJack Reacher ဟာ action thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တေ့ာ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ (ရုပ်ရှင်အညွှန်းကို Aung Kyaw Myat’s FB မှကူးယူဖော်ပြပါသည်။)]File size…(4.5 GB)/(1.6 GB)/(950 MB)Quality….BluRay4K HEVC/1080p/720pFormat…mkv/mp4Duration….02:10:24Subtitle….Myanmar Subtitle(Hardsub)Encoder….Ka NaungYoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...

Sathiya Sodhanai (2023) ⭐IMDB: 7.6/10 (68 Votes) 🎬 #Bollywood #Comedy #Drama #Crime 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sathiya Sothanai (2023) “အမှန်တရားရဲ့တိုက်ပွဲ”IMDb 8.6/10 ၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ “A Jackfruit Mystery” ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုးယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ …ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ဒီလိုကနေ လူရိုးလေးပရာဒိတစ်ယောက် လူသတ်မှု‌ထဲ ရောက်လာတဲ့အခါမှာတော့ လောဘကြီးတဲ့ ရဲတွေရဲ့ လက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာအလွဲလွဲအချော်ချော်တွေနဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါစို့နော်။(ဒီဇာတ်လမ်းကိုတော့ V ~ ToMo ~ KKKZ ~ Dee တို့က ညွှန်းဆိုဘာသာပြန်ထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

My Horrible Father-In-Law Who I Wish Death Upon Made Me Cum So Many Times! Akari Tsumugi (2020) ⭐TMDB: 0.0% User Score 🎬 #Adult #Drama 🗓 2020 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Akari Tsumugi ဆိုတာနဲ့ နူးညံ့မှုအပြည့်နဲ့ မြင်လိုက်ရင်ပဲ ဂရုဏာသက်စရာ JAV မင်းသမီးလေးအဖြစ် သိကြမှာပါ။ ကြည်လင်ရှင်းသန့်တဲ့ရုပ်ရည်နဲ့ Slim Type လေးနဲ့ ချစ်စရာကောင်းသူလေးဖြစ်ပါတယ်။ IPX-555-Decensored ဒီဇာတ်လမ်းမှာတော့ သူမရဲ့ သနားစဖွယ်ဘဝကိုလိုက်ပါခံစားရမှာပါ။ Decensored Version နဲ့မလို့ Akari Tsumugi ပရိတ်သတ်တွေကျေနပ်ကြမှာပါ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...

The Teachers' Lounge (2023) ⭐IMDB: 7.6/10 (2 k Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 39 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Teachers’ Lounge (2023) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကားနာမည်နဲ့ လိုက်အောင်ပဲ ဒီရုပ်ရှင်မှာ ကျောင်းတစ်ကျောင်းရဲ့ ဆရာများနားနေခန်းထဲက ပြဿနာတွေကို အခြေတည်ပြီး ကျောင်းက ကလေးတွေ ကျောင်းကလူတွေနဲ့ ချိတ်ဆက်ပြသထားတယ်။ ကျောင်းတစ်ကျောင်းမှာ ခိုးမှုတွေဖြစ်နေတယ်။ ဒီခိုးမှုတွေက တော်တော်များနေပေမဲ့ ဘယ်သူလား ဘာလားလဲမသိရသေးဘူး။ ပိုက်ဆံတွေအများကြီးပျောက်သွားတာတွေလည်းရှိတယ်။ ဒီတော့ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်ရေးတွေပေါင်းပြီး ကလေးတွေကို စစ်ကြဆေးကြတယ်။ ဒီနောက် ကလေးတစ်ယောက်ကို မသင်္ကာလို့ မိဘခေါ်ပေမဲ့ မိဘက သူတို့ပေးလိုက်တဲ့ငွေတွေပါလို့ ပြောတဲ့နောက် ကလေးကို မတရားစွပ်စွဲသလိုဖြစ်ပြီး ဆရာမတွေ ကွိုင်တက်ကုန်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျောင်းဆရာမက လျှို့ဝှက်ကင်မရာတပ်ပြီး သူခိုးဖမ်းဖို့ကြံတယ်။ ကျောင်းဝန်ထမ်းတစ်ယောက်ကို ရိုက်မိသွားတယ်။ ဒါပေမဲ့ စစ်တော့ စွပ်စွဲပါတယ်ဆိုပြီး ငိုပြီးယိုပြီး ကျောင်းကထွက်သွားတယ်။ ဒီနောက် ကျောင်းက အကုန်လုံးကို လိုက်စွပ်စွဲနေပါတယ်ဆိုပြီး ကောလာဟလတွေ သတင်းတွေ မိဘတွေ ကလေးတွေကြား ပြန့်လာရာက ဒီပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆရာများနားနေခန်းထဲ ပြဿနာတွေဖြေရှင်းကြတဲ့အကြောင်းပေါ့။ မထင်ထားခြင်းများနဲ့ ဒီဇာတ်ဟာ ပြည့်နှက်နေတယ်။ မဖြစ်မနေဆိုတဲ့ အရာတွေမထည့်ဘဲ လိုအပ်တယ်ထင်တာတွေပဲ ပြသွားခဲ့တယ်။ ဒီကားက ရုပ်ရှင်ပွဲတော်ကြိုက်ကားမျိုးဆိုတော့ ဒီလိုအအေးစား ဒရာမာတွေကို မကြိုက်တတ်တဲ့သူတွေအတွက်တော့မဟုတ်ဘူး။ ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်ကြမယ်ဆိုရင်တော့ ကြည့်လို့အရသာရှိတဲ့ ရုပ်ရှင်ပါပဲ။ စီနီမာတိုဂရပ်ဖီဆုတွေ မင်းသမီးဆုတွေ ဇာတ်ညွှန်းဆုတွေလည်း ရုပ်ရှင်ပွဲတော်တွေမှာ တစ်သီတစ်သန်းကြီးရထားတယ်။ သူ့ဇစ်မြစ်ဖြစ်တဲ့ ဂျာမန်က အကယ်ဒမီပေးပွဲမှာလည်း ဆုတွေတစ်သီကြီးရထားတဲ့ ဂျာမန်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Battle of Snakes (2023) ⭐TMDB: 0.0% User Score 🎬 #Thriller 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်… တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း…သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်… လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေးဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်…ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်းကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့… ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့…ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ…ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ…နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ…စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...

M.F.A. (2017) ⭐IMDB: 5.9/10 (7 k Votes) 🎬 #Drama #Horror #Thriller 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 M.F.Aဆိုတာက “Master of Fine Arts”၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီး ဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာပါ….။ နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာ အပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး….။ တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက် သဘောကျမိသွားတယ်ပေါ့….။ ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကို ပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော….။ ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်း မျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့….။ ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးက သူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်….။ တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်း အကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ….. နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့ လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကို စီးမျှောကြည့်ရှုလို့ရပါပြီ...

The Erotic Misadventures of the Invisible Man (2003) ⭐TMDB: 52.0% User Score 🎬 #Adult #Comedy #SciFi #ScienceFiction 🗓 2003 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရသလို အတွေးကိုလက်တွေ့ပုံဖော်ရိုက်ကူးထားတဲ့ Adultကားပဲဖြစ်ပါတယ်…. ငယ်ငယ်တုန်းက ဘော်ဒါတွေစုံရင်ပေါက်ကရပြောကြတဲ့အခါငါသာကိုယ်ပျောက်ရင်ဆိုတဲ့ အတွေးမျိုးနဲ့ ပြောခဲ့ကြတာတွေညဘက်စိတ်စွဲပြီးမက်တဲ့ wet dreamတချို့ကလိုဒီထဲက MCဟာလဲ အရည်တမျိုးနဲ့ထိတွေ့ပြီးကိုယ်ပျောက်သွားပါတယ်… နဂိုတည်းက မှောင်တတ်တဲ့ဇလေးရှိတော့လှပျိုဖြူတွေထဲ ကိုယ်ပျောက်ကောင်ဘာတွေဆက်လုပ်မလဲဆိုတာကိုတော့ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Pulimada (2023) ⭐IMDB: 5.8/10 (284 Votes) 🎬 #Bollywood #Thriller #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pulimada (2023) “နွားသိုးကြိုးပြတ်”IMDb – 7.2/10 ငယ်ရွယ်စဥ်အခါက အမေဖြစ်တဲ့သူကို တခြားလူတွေက အရူးမကြီးဆိုပြီးတော့ သံကြိုးတွေနဲ့ခတ်ထားပြီး သေဆုံးသွားတာတောင်မှသံကြိုးတန်းလန်းနဲ့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရတဲ့ သားဖြစ်သူ ဗင်းဆင့်ဟာ သူ့အမေလိုမျိုး သူလည်း မျိုးရိုးလိုက်ပြီး ရူးသွားမှာကိုကြောက်တာနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့တဲ့သူပေါ့။ စီစဥ်ထားတဲ့ မင်္ဂလာပွဲတွေအကုန်လုံးကို လက်မခံဘဲနေရင်းကနေမှ သူသဘောကျတဲ့ကောင်မလေးကို တွေ့သွားပြီး လက်ထပ်ဖို့အတွက်သူ့ရဲ့ စိတ်အခြေအနေ အဆင်ပြေရဲ့လားဆိုတာကို စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးရင်း ဆရာဝန်ရဲ့ အားပေးမှုတွေနဲ့အတူသူသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဗင်းဆင့်ဟာ သူသဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းနဲ့ဘဲ နှစ်ယောက်သား ညှိနှိုင်းမှုတွေလုပ်ရင်း အဆင်မပြေတာလေးတွေလည်း ရှိခဲ့ပါတယ်။ဒီလိုနဲ့ပဲ မင်္ဂလာဆောင်ရမယ့်ရက်လေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ လူပျိုသိုးကြီးကိုဗင်းဆင့်ကတော့သဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေတော့တာပေါ့။ ဒီလိုနဲ့ပဲ သတို့သမီးကို သွားပြီးတော့ ခေါ်တဲ့အချိန်မှာတော့ သတို့သမီးဟာ အိမ်မှာမရှိဘဲ ပျောက်ဆုံးလို့နေပါတော့တယ်။လူပျိုသိုးကြီးဗင်းဆင့်ဟာလည်း အရှက်ကြီးရှက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ မင်္ဂလာပွဲကို ဖျက်ပစ်ခဲ့တော့တာပေါ့။အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တောထဲမှာ လူသားစားတဲ့ကျားက သောင်းကျမ်းနေပြီး တောထဲကို ဝင်လာသမျှသူတွေရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေရပြီး လူတွေ ထိတ်လန့်လို့နေနေရပါတယ်။ မင်္ဂလာပွဲပျက်သွားတဲ့ ဗင်းဆင့်ဟာ ဒေါသတွေ အရှက်တရားတွေနဲ့အတူတူ အန္တရာယ်ရှိတဲ့ ခရီးတစ်ခုအဖြစ်နဲ့ကျားကြီးသောင်းကျန်းနေတဲ့ရွာကို သွားဖို့ လုပ်ရင်းနဲ့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Alex~V~BpL~Aditi တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Rustin (2023) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Biography #Drama #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rustin (2023) ~ IMDb – 6.6/10, Rotten Tomatoes – 85% ~ Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်…Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်…သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်… အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။ သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့“ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်”ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။ ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။ Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့...

Apocalypse Evil (2023) ⭐TMDB: 30.0% User Score 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 9 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Apocalypse Evil ဆိုတဲ့ Horror,Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အယ်လီနာတို့ မိသားစုလေးက အဖေ အမေ သမီးတစ်ယောက်နဲ့ အရမ်းပျော်ရွှင်ရတဲ့ မိသားစုလေးဖြစ်ပြီး အပန်းဖြေခရီးတွေလည်း မကြာခဏအတူတူထွက်ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့မိသားစုကို ကံကြမ္မာဆိုးကြီးတစ်ခုက ဝင်ရောက်လာပြီး အဖေဖြစ်သူသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အမေဖြစ်သူ အယ်လီနာနဲ့ သမီးဖြစ်သူစီလီယာတို့ နှစ်ယောက်တည်း အကြွေးတွေဗလပွနဲ့ ကျန်ခဲ့ပါတော့တယ်။ဒါပေမယ့်လည်း အယ်လီနာက အလုပ်ကြိုးစားပြီး သမီးလေးမျက်နှာမငယ်အောင် ကြိုးစားပေးခဲ့ပါတယ်။တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ အတူအပြင်ထွက်ပြီးပျော်ပါးဖို့သမီးဆီမှာ ခွင့်တောင်းပြီး အယ်လီနာ အိမ်ကထွက်လာခဲ့ပါတယ်။စီလီယာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုမျိုး သမီးဖြစ်သူကပါ မတော်တဆဖြစ်ပြီး ဆုံးသွားပါတော့တယ်။အိမ်ပြန်ရောက်‌လို့ စီလီယာသေဆုံး နေတာကိုတွေ့လိုက်ရတဲ့အခါ သူ့ယောက်ျားရဲ့ အလုပ်ကလူသေတွေကို အသက် ပြန်သွင်းနိုင်တဲ့ နည်းလမ်းကိုသိသွားပြီး စီလီယာ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလိုအသက်ပြန်ရှင်အောင် လုပ်ပေးတဲ့နည်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့အခါမှာတော့ ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့လာရမလဲ ဆိုတာကိုတော့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့ဗျ။...

R.A.D.A.R.: The Adventures of the Bionic Dog (2023) ⭐IMDB: 4.4/10 (50 Votes) 🎬 #Adventure #Family #ScienceFiction #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းလေးကတော့ မိသားစုနဲ့အတူတူ ပေါ့‌ပေါ့ပါးပါးကြည့်လို့ရမယ့် စက်ရုပ်ခွေးလေးရေဒါအကြောင်းပါပဲ….။ ဒီခွေးလေးကို ဒေါက်တာ ဗန်ဟွတ်ဆိုသူ စိတ္တဇလူဆိုးကြီးကဖန်တီးခဲ့တာပါ…။ ရည်ရွယ်ချက်ကတော့ စက်ရုပ်ခွေးလေးရဲ့ အစွမ်းကို အသုံးချပြီး ကမ္ဘာအနှံ့က ရတနာတွေရှာဖွေဖို့ပေါ့လေ…..။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ဖန်တီးထားတယ်ဆိုပေမယ့် စက်ရုပ်ခွေးလေးရေဒါဟာ မေတ္တာတရားကိုသာလိုလားတောင့်တသူပါ…။ တစ်နေ့မှာ ဒီခွေးလေးဟာ ရတနာရှာထွက်ရင်း သူတို့အပူနဲ့သူတို့ ရတနာရှာ ထွက်လာတဲ့ ဂေ့ဘ်နဲ့ ကိုင်လီဆိုတဲ့ကလေးနှစ်ယောက်နဲ့ ခင်မင်ခဲ့ပြီး…. သူလိုလားတောင့်တတဲ့ မေတ္တာတရားကိုခံစားမိတဲ့အခါ… စက်ရုပ်ခွေး ရေဒါလေးဟာ ဂေ့ဘ်တို့အနားပဲနေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့….။ ဒါကို လူဆိုးကြီး ‌ဒေါက်တာ ဗန်ဟွတ်က လက်ခံပါ့မလား….၊ ဂေ့ဘ်တို့ကိုရော ဘယ်လိုဒုက္ခတွေပေးဦးမှာလဲ….၊ ရေဒါလေးရဲ့အစွမ်းတွေက ဘာတွေဖြစ်မလဲ  ဂေ့ဘ်တို့ကရော စက်ရုပ်ခွေးလေးနဲ့အတူ လူဆိုးကြီးကိုဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ...

Finding Dory (2016) ⭐TMDB: 70.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2016 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်…. ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O’ Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside Out နဲ့ နှိုင်းယှဉ်ပြီး ပြောရရင် Hank ဇာတ်ကောင်ဟာ ဒီကားရဲ့ Bing Bong လို့ ပြောလို့ရပါတယ်လေ ဒါပေမယ့် Bing Bong ထက်စာရင်တော့ Hankဟာ ပိုပြီး လက်တွေ့ဆန်ကာ ကိုယ်ချင်းစာဖို့ ကောင်းခဲ့တယ် Inside Out မှာ မထင်မှတ်ပဲပေါ်လာခဲ့တဲ့ Bing Bong ဟာ လူကြိုက်အများဆုံးဖြစ်ခဲ့သလို ဝမ်းနည်းစရာလည်း ကောင်းခဲ့တယ် Hank ကလည်း ထိုနည်းတူစွာပါပဲလေ….. Inside Out က ဘာဝမ်းနည်းလို့ ဝမ်းနည်းရမှန်း မသိရလောက်အောင် ရီဝေဝေခံစားချက်တွေ ပေးခဲ့တယ်ဆိုရင် အခု Finding Dory ဟာ ကြည့်ရှုသူတွေကို အားအင်တွေပေးခဲ့တယ် ဒီဇာတ်ကားရဲ့ စကားတစ်ခွန်းဖြစ်တဲ့ Just Keep Swimmingဆိုတဲ့ စကားဟာ ကျွန်တော်တို့အတွက် မှန်ကန်လွန်းနေခဲ့ပါတယ်လေ… 1. မိဘတွေကို ယုံကြည်ပါ2. သူတပါးကို ကူညီပါ ကူညီခြင်းကိုလည်း လက်ခံတတ်ပါစေ3. အခွင့်အရေးကိုလက်မလွတ်ပါနဲ့ မှန်ကန်စွာ အသုံးချတတ်ပါစေ4. ရဲရင့်ပါ သတ္တိရှိပါ5. ဇွဲလုံ့လ လုံးဝ မလျော့ပါနဲ့6. ကိုယ်ဒုက္ခရောက်နေတဲ့ အချိန် ကိုယ့်နားမှာ ရှိနေတဲ့သူဟာတကယ့် သူငယ်ချင်းကောင်းပဲ ကျွန်တော်တို့တွေအားလုံးလည်း ဘဝကဘယ်လိုပဲ ထိုးနှက်နေပါစေလေ ငါးပြာမလေး Dory လိုပဲ ဆက်လက်ကူးခတ် ရှေ့ဆက်လိုက်ကြရအောင်ဗျာ ” Just Keep Swimming “ (ဇာတ်ကား ဘာသာပြန်သူကတော့ Han Htoo Zaw ဖြစ်ပြီး အညွန်းရေးသူကတော့ Ye Khant Minပဲ ဖြစ်ပါတယ်)...

In Love and Deep Water (2023) ⭐IMDB: 4.9/10 (339 Votes) 🎬 #Comedy #Mystery #Romance #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 7 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာ ဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာ သင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီး သူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာ ဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့ နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲ သွားပါတော့တယ်။ သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်း တွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူ လျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။ လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ် တွယ်လာခဲ့ပါတယ်။ ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကို တစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြော In Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီး ကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာ Kamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pitt ပါဝင်တဲ့ Babel ဇာတ်ကားမှာ ပါဝင်ခဲ့ပြီး Miyoshi Umeki နောက်ပိုင်းနှစ်ငါးဆယ် အတွင်း ပထမဆုံး အော်စကာဆန်ခါတင်စာရင်းဝင်တဲ့ ဂျပန်မင်းသမီးဖြစ်ပါတယ်။...

The Vaccine War (2023) ⭐IMDB: 7.6/10 (21 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 41 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Vaccine War (2023)IMDb-7.6/10 ဒီရုပ်ရှင်က လူသားအားလုံးရဲ့အကျိုးကို ဆောင်နေကြတဲ့သိပ္ပံပညာရှင်တွေကိုဂုဏ်ပြုထားတဲ့ဇာတ်လမ်းပါ။အထူးသဖြင့် အိန္ဒိယက အမျိုးသမီးသိပ္ပံပညာရှင်တွေကိုရည်ညွှန်းထားပါတယ်။The Tashkent Files (2019)၊ Kashmir Files (2022)တို့လို့ဆုတွေအများကြီးရခဲ့တဲ့ ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီးဗီဗက်အက်ဂ်နီဟိုတရီရိုက်ကူးခဲ့တဲ့ဆေးသိပ္ပံဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အသည်းရောင်ဘီကာကွယ်ဆေးကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမှပိုလီယိုကာကွယ်ဆေးကို နှစ်ဆယ့်နှစ်နှစ်ကျော်ကြာမှ မေးခိုင်ကာကွယ်ဆေးကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာမှ အိန္ဒိယပြည်သူတွေကို ထိုးပေးနိုင်ခဲ့တဲ့အတွက်သိပ္ပံပညာရှင် ဒေါက်တာတစ်စုကနေ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံပိုင်ထုတ်လုပ်နိုင်ဖို့အတွက်ကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားပါတယ်။ ဆရာဝန်တွေရဲ့ မိသားစုပြဿနာတွေ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအပေါ်ထားတဲ့စေတနာရယ်မလိုသူတွေရဲ့ ဒုက္ခပေးတိုက်ခိုက်မှုတွေရယ်နဲ့ ပေါင်းစပ်ဖန်တီးပုံဖော်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Finding Nemo (2003) ⭐TMDB: 78.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2003 🎞 movie 🌎 #USA #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေးတစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် … နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ … အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် … ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေးနီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေလူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်… ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေတစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေသဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ … ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ်...