ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
What If...? (2008) ⭐IMDB: 5.8/10 (426 Votes) 🎬 #Comedy #Drama #Romance 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 24 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 What If…? (2008)==============IMDb Rating – 5.8/10 ဗစ်တာနဲ့ မာဂေါ့တို့ချစ်သူနှစ်ဦးဟာ ရှေ့နေရုံးမှာအလုပ်တူတူလုပ်နေကြတဲ့ ရှေ့နေတွေဖြစ်ကြပါတယ်။ ပျော်ရွှင်စွာအတူတူနေထိုင်ရင်း အိမ်ထောင်ပြုဖို့ကြိုးစားနေကြတဲ့သူတို့နှစ်ဦးအတွက် အပြောင်းအလဲကြီးဖြစ်လာစေတာကတော့ သူတို့ရုံးကရာထူးအကြီးဆုံးသူ ရုတ်တရတ်ဆုံးပါးသွားရာကနေ လစ်လပ်ရာထူးအတွက်ယှဉ်ပြိုင်ကြရာမှာနောက်ဆုံးယှဉ်ပြိုင်ရမယ်သူအဖြစ် ချစ်သူနှစ်ဦးထိပ်တိုက်တွေ့ဆုံကြပါတော့တယ်။ What if ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဗစ်တာအရွေးချယ်ခံလိုက်ရပြီး အတွင်းရေးမှုးနဲ့ဖောက်ပြန်တဲ့ဘဝ၊ မာဂေါ့ အရွေးချယ်ခံရပြီး ဘော့စ်နဲ့ ဖောက်ပြန်ကြတဲ့ဘဝ တွေကို ပြိုင်တူရှုစားရင်း သူတို့နှစ်ဦး အဆုံးသတ်မှာ ဘာကိုရွေးချယ်ပြီး ဘယ်လိုဇာတ်သိမ်းကြမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)

Shehzada (2023) ⭐IMDB: 5.1/10 (27 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 24 မိနစ် 14 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shehzada 2023IMDb 5.1/10Action/Comedy/Drama အခုတစ်ခါတင်ဆက်ပေးမှာကတော့ ပရိသတ်တွေရင်ထဲကိုရောက်ရှိပြီးသားဖြစ်တဲ့နာမည်ကြီးမင်းသား Kartik Aaryanနဲ့ မင်းသမီး Kriti Sanonတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ ဆေးရုံတစ်ခုမှာ သားယောက်ျား‌လေးရလို့ ပျော်ရွှင်နေကြတဲ့မိသားစုနှစ်ခုရှိနေပါတယ်။တစ်နေ့တည်းတစ်ချိန်တည်းမှာပဲ မွေးလာခဲ့ရပေမယ့် ကလေးနှစ်ယောက်ဟာတော့ကံချင်းမတူခဲ့ပါဘူး။ တစ်ယောက်ကတော့ လိုတိုင်းရတဲ့ဘဝမှာ နေရမှာဖြစ်ပြီး တစ်ယောက်ကတော့ ရုန်းကန်ရတဲ့ဘဝမျိုးမှာ နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကံတရားကို ပြောင်းလဲပစ်ချင်တဲ့သူတစ်ယောက်ရှိနေခဲ့ပါတယ်။ ချမ်းသာတဲ့ဘီလျံနာမိသားစုမှာ အလုပ်လုပ်နေရတဲ့ ဗယ်မီကီဟာ သူ့ကလေးနဲ့ အလုပ်ရှင်မိသားစုက ကလေးကို လဲပစ်ခဲ့ပါတယ်။ ကံတရားကမျက်နှာသာမပေးခဲ့တဲ့သူ့ဘဝလိုမျိုး ဒီကလေးလည်း ကြုံတွေ့စေရမယ်။ သူ့သားကတော့ ဘုရင်တစ်ပါးလိုဘဝမျိုးမှာပဲနေရမယ်လို့ ကြုံးဝါးရင်းနဲ့ပေါ့။ ဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ သားဖြစ်သူဘန်တူကို အမုန်းတရားတွေ လျစ်လျူရှုမှုတွေနဲ့ပဲ ဆက်ဆံခဲ့ပါတယ်။ ဘုရင်တစ်ပါးလိုဆက်ဆံခံနေရတဲ့သူ့သားအရင်းဖြစ်သူ ရာ့ဂျ်ကိုတော့ ကျေနပ်ပီတိ‌တွေနဲ့ပဲ ကြည့်နေခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းလဲပစ်ခံထားရတဲ့ကံတရားတွေနဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ။ ဘဝအမှန်တွေကိုရော သိသွားကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Linoleum (2022) ⭐IMDB: 6.7/10 (628 Votes) 🎬 #Comedy #Drama #Sci-Fi #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Linoleum (2022) ~ IMDb – 6.7/10, RT – 80%, Meta – 80% ~ အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။ တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က သူထိုက်တန်တာကို သက်သေပြဖို့ အခွင့်အရေးရလာပါတယ်။ ဒုံးကျည်ပြုတ်ကျတဲ့အတွက် ကမ်မရွန်တို့အိမ်က အစိုးရလုပ်ပိုင်ခွင့်အောက်ရောက်ပြီး ‌လုပ်စရာတွေမပြီးပြတ်ခင်အထိ အိမ်မှာနေလို့မရပါဘူး။ အဲ့အတွက်သူတို့မိသားစုဟာ ကမ်မရွန်ရဲ့ဇနီး အီရင်နဲ့ ညီမဖြစ်သူအိမ်မှာ ခဏသွားနေရပါတယ်။ အဲဒီရပ်ကွက်မှာပဲ သမီးဖြစ်သူက သူတို့လိုပဲ အိမ်ပြောင်းလာတဲ့ ကျောင်းက အသစ်ကောင်လေးနဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ကောင်လေးရဲ့အဖေကတော့ တခြားသူမဟုတ်ဘဲ ကမ်မရွန်နေရာကိုလုသွားတဲ့ ကန့်ရဲ့သားဖြစ်နေပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကနေ သူ့ကိုယ်ပိုင် ဒုံးကျည်ဆောက်ဖို့ လုံးပန်းနေခဲ့ပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက သဘောမတူတဲ့အတွက် စကားများခဲ့ပေမယ့် နောက်တော့ ဇနီးဖြစ်သူကလည်း အတူပါ၀င်ပြီး တည်ဆောက်ခဲ့ကြပါတယ်။ အားလုံးပြီးသွားလို့ လွှတ်တင်မယ့်နေ့မှာတော့ ကမ်မရွန်ဟာ သူ့ဘ၀ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှတ်ရလာပါတော့တယ်။ သူတစ်လျှောက်လုံးထင်နေတဲ့ အရာတွေက တကယ့်ဘ၀မှာ တကယ်ကော ဟုတ်ပါ့မလားဆိုတာကို ရသအစုံနဲ့ ကြည့်ပြီး Plot Twist အကြီးစားကြီးနဲ့အတူ စဉ်းစားခန်း၀င်လို့ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)

47 Ronin (2013) ⭐IMDB: 6.2/10 (164 k Votes) 🎬 #Action #Drama #Fantasy 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedKingdom #Japan #Hungary #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံကငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန်ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာလက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင်ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကိုကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကိုရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုထားနေ‌ေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်‌ေယာက်ဟာသတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ်တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာတာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာသူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက်ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်ကပြင်ထန်လွန်းလှတယ်။ဒီဇာတ်လမ်းမှာ အာကို‌ဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်းသခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာသခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာတစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲအရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက်ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲသူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလားအဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။—————-ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့John Wickဇာတ်ကား‌ေတွနဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဖြစ်လာတဲ့ မင်းသားကြီး Keanu Reevesပါလာတာပါပဲ။သူဟာဒီဇာတ်ကားမှာမှော်ဆန်တဲ့ကျွန်းတစ်ခုကနေထွက်ပြေးလွတ်မြောက်ပြီးဆာမူရိူင်းတို့ရဲ့နေရာကိုရောက်လာတဲ့ကောင်လေးတစ်ယောက်ရဲ့နေရာမှာသရုပ်ဆောင်ထားပါတယ်။ဆာမူရိုင်းတို့ရဲ့နေရာမှာ နေရတဲ့ဆာမူရိုင်းမဟုတ်တဲ့လူတစ်ယောက်အနေနဲ့ နေရထိုင်ရတာမလွယ်ပါဘူး။အနှိမ်ခံရတယ်။ အချိုးခံရတယ်။ဒါပေမယ့် သူကျေးဇူးမမေ့တတ်ပါဘူး။အိမ်ယာမဲ့သူ့ကိုကယ်ထားတဲ့ သူ့ရဲ့သခင်ကို သူချစ်တယ်။ဒါပေမယ့် သူ့သခင်သွေသွားတဲ့နောက်မှာရောသူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ။ဆာမူရိုင်းမဟုတ်တဲ့သူကရော ရိုနင်တစ်ယောက်ဖြစ်လာမှာလား။ကလဲ့စားခြေတဲ့အချိန်ကျရင်ရော သူက ဘယ်ဘက်ကရောက်နေမှာလဲဆိုတာလေးတွေပါကြည့်ရှုခံစားလိုက်ကြပါဦး။File Size –  1.3 GBQuality – bluray 1080pSubtitle –  burmeseTranslator – Nay Myo ThuEncoder – Thit San Khant Yoteshin Linkကို Web Browserမှ ဒေါင်းမ

Dexter (2006-2013) ⭐IMDB: 8.7/10 (736 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓️ 2006-2013 🎞️ Series 📺 1080p 🌎 #UnitedStates ⏰ 56 မိနစ် 53 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dexter Season 1 (2006) အခုတင်ပေးထားတဲ့ စီးရီးကတော့ စိတ္တဇလူသတ်သမား သတ်သမားတစ်ယောက်အကြောင်းပါပဲ။ စာမှားရိုက်ထားလားဆိုပြီး နှစ်ခါပြန်မဖတ်ပါနဲ့ မှန်ပါတယ်။ စိတ္တဇလူသတ်သမားတွေကိုမှ တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်ချင်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပါ။ စိတ္တဇလူသတ်သမား သို့မဟုတ် ကွင်းဆက်လူသတ်သမားတွေကိုက အခြားလူသတ်သမားတွေနဲ့မတူပါဘူး။ အရမ်းပိရိတယ်၊ အကွက်ကျတယ်၊ ဉာဏ်များတယ်။ ဒီတော့ ဒီလိုလူတွေကိုမှပြန်လိုက်သတ်ဖို့ဆိုရင် ကတုံးပေါ်ထိပ်ကွက် ဂျင်ပေါ်ကထုံးလိုဖြစ်နေဖို့လိုပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသွားတာက သူဟာ ရဲဌာနမှာအလုပ်လုပ်နေတဲ့ သွေးကျွမ်းကျင်မှုခင်းပညာရှင်ဖြစ်နေတာပါပဲ။ ဒီတော့ အမှုတွေကိုစုံစမ်းလိုက်ပြီးရင် ရဲဌာနတစ်ခုလုံးမရိပ်မိအောင် လိုက်ဖြုတ်လိုက်နဲ့ အတော်ကို ဥာဏ်များရတဲ့အလုပ်ပါပဲ။ ကြည့်ကြည့်လိုက်ကြပါဦး။File size…(1.4 GB)/(600 MB)

The Secret Garden (2020) ⭐IMDB: 5.6/10 (9 k Votes) 🎬 #Drama #Family #Fantasy #Mystery 🗓️ 2020 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #France #UnitedStates #China ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Secret Garden (2020) ~ IMDb – 5.6/10, Rotten Tomatoes – 67% ~ လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

The Secret Garden (2020) ⭐IMDB: 5.6/10 (9 k Votes) 🎬 #Drama #Family #Fantasy #Mystery 🗓️ 2020 🎞️ movie 📺 1080p FHD 🌎 #UnitedKingdom #France #UnitedStates #China ⏰ 1 နာရီ 40 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Secret Garden (2020) ~ IMDb – 5.6/10, Rotten Tomatoes – 67% ~ လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)

Tokyo Family (2013) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Drama #Family 🗓️ 2013 🎞️ Movie 📺 720p 🌎 #Japan ⏰ 2 နာရီ 27 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tokyo Family (2013)===============IMDb Rating – 7.5/10 ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန်နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါမသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေအတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲအိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ “နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာတော့မလွယ်” သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်းဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူဆန်တဲ့ကမ္ဘာ။ “ဝေးခဲ့သူမို့ ” ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေးပိုခမ်းနားစေတဲ့အခါ… အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ… အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေမရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ “အရိပ်စစ်”ရဲ့အတိတ်ဟာာအမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ်လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ နောက်ပြန်မစီးနိုင်တဲ့ အဲဒီမြစ်တွေ…။( ” ” ) – From Songs of Htoo Eain Thin (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)

Tokyo Family (2013) ⭐IMDB: 7.5/10 (2 k Votes) 🎬 #Drama #Family 🗓️ 2013 🎞️ Movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 27 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tokyo Family (2013)===============IMDb Rating – 7.5/10 ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန်နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါမသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေအတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲအိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ “နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာတော့မလွယ်” သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်းဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူဆန်တဲ့ကမ္ဘာ။ “ဝေးခဲ့သူမို့ ” ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေးပိုခမ်းနားစေတဲ့အခါ… အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ… အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေမရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ “အရိပ်စစ်”ရဲ့အတိတ်ဟာာအမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ်လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ နောက်ပြန်မစီးနိုင်တဲ့ အဲဒီမြစ်တွေ…။( ” ” ) – From Songs of Htoo Eain Thin (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့WiRa Aung ဖြစ်ပါတယ်)

Nenjam Marappathillai (2021) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Thriller #Horror 🗓️ 2021 🎞️ movie 📺 720p 🌎 #India ⏰ 2 နာရီ 17 မိနစ် 31 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 အခုတစ်ခါတင်ဆက်ပေးမှာကတော့ တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ မာရီရမ်ဆိုတဲ့ မိန်းကလေးက ငယ်ငယ်ကတည်းက ဘုရားကျောင်းမှာကြီးပြင်းလာခဲ့ရတာပါ။ မိဘတွေမရှိတဲ့အတွက် စစ္စတာက သူ့ရဲ့အမေ၊ အဖဘုရားသခင်က သူ့ရဲ့အဖေလို့ သတ်မှတ်ပြီး အရွယ်ရောက်ချိန် ဘုရားကျောင်းကနေ စွန့်ရတဲ့အချိန်အထိ၊ ဘုရားကျောင်းအတွက် အမြဲမပြတ်ထောက်ပံ့လေ့ရှိတဲ့ မိန်းကလေးပါ။ ဘာသာတရားကိုအရမ်းကိုင်းရှိုင်းပြီး စစ္စတာလည်း မာရီရမ်ကို ဘုရားကျောင်းကိုပြန်မကြည့်တဲ့ တခြားကလေး‌တွေထက် ပိုပြီးသံယောဇဉ်ဖြစ်နေခဲ့ရတာပါ။ တစ်နေ့ကျတော့ မာရီရမ်အတွက် အလုပ်တစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာပါတော့တယ် ရမယ့်ငွေကမနည်း လုပ်ရမယ့်အလုပ်က ၄နှစ်သားကလေးကို ထိန်းရမယ်ဆိုတော့ မာရီရမ်တစ်ယောက် တက်ကြွပြီး စစ္စတာမလုပ်စေချင်တဲ့ကြားကနေ စံအိမ်တော်ကြီးဆီကိုသွားလိုက်တဲ့အချိန်မှာတော့…. Review and Translated by Bruce

Sister Sister (2019) ⭐IMDB: 6.0/10 (250 Votes) 🎬 #Adult #Asian #Drama #Romance #Thriller 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #Vietnam ⏰ 1 နာရီ 44 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sister Sister ကင်ကရေဒီယို အသံလွှင့်ရုံက သန်းခေါင်ယံရင်ဖွင့်စကားများဆိုတဲ့အစီအစဉ်ကိုတင်ဆက်သူတစ်ယောက်ပါကင်ကချမ်းသာတဲ့မိသားစုက ပညာတတ်ခင်ပွန်းတစ်ယောက်လဲရှိတယ်လောလောလတ်လတ်ကိုယ်ဝန်ပျက်ကျထားပြီး မိသားစုရေးအဆင်မပြေတာလေးတွေတော့ရှိတာပေါ့ ကင်ကသူတင်ဆက်ရတဲ့အစီအစဉ်မှာ ဖုန်းခေါ်ဆိုလာတဲ့သူတိုင်းကို နှစ်သိမ့်ပေးရင် အမ်ဂိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ကို သံယောဇဉ်တွယ်လာတယ် အဲ့ကောင်မလေးကိုသူ့ရည်းစားကဗိုက်တစ်လုံးနဲ့ထားခဲ့တာပါ တစ်နေ့မှာတော့ ကောင်မလေးကိုသူအလုပ်လုပ်နေတဲ့ဆိုင်က ဆိုင်ရှင်ကအနိုင်ကျင့်နေလို့ ကင်က သူ့ကိုအိမ်ပေါ်ခေါ်တင်လာတယ် အဲ့အချိန်မှာ ကင်ရယ် သူ့ခင်ပွန်းရယ် သူခေါ်လာတဲ့ ကောင်မလေးရယ် သုံးယောက်ဘယ်လိုစခန်းသွားကြမလဲဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဟာ ဟာ ဟာဆိုပြီး သုံးခါလောက်ဖြစ်အောင် အလှည့်အပြောင်းတွေပါမဲ့အပြင်မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့အခန်းလေးတွေတော့ ပါပေမဲ့ Suspense Drama လက်စ်ဘီယန်ဇာတ်ကားကောင်းလေးမို့ CM ပရိသတ်တို့ လက်မလွှတ်တမ်းကြာ့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ

Inside (2023) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Drama #Thriller 🗓️ 2023 🎞️ movie 📺 1080p 🌎 #UnitedKingdom #Germany #Belgium #Switzerland #Greece ⏰ 1 နာရီ 46 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Inside (2023) Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင်“ဟေး မာကရီနာ” ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး “နီမို” ထွက်လမ်းကိုဘယ်လိုရှာမလဲ။နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

Inside (2023) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Germany #Belgium #Switzerland #Greece ⏰ 1 နာရီ 46 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Inside (2023) Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင်“ဟေး မာကရီနာ” ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး “နီမို” ထွက်လမ်းကိုဘယ်လိုရှာမလဲ။နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။

O Kala (2023) ⭐⁉️ 🎬 #Drama #Romance 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 1 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 O Kala ( 2023 ) ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ မသိသူမရှိတဲ့ထုတ်လုပ်​​ရေးကြီးဖြစ်တဲ့ “Disneyနဲ့ Hotstar” တို့က ပူး​ပေါင်းပြီးရိုက်ကူးထားတဲ့O Kalaဆိုတဲ့ တေလဂူ အချစ်ရိုမန့်စ်ကား​​ကောင်း​လေးပဲဖြစ်ပါတယ် ထုတ်လုပ်​ရေးအပိုင်းကလည်းရှယ်ဖြစ်သလို ​အော်စတာဆုရဒါရိုက်တာSs Rajamouliကိုယ်တိုင်က First Lookကိုထုတ်လွှင့်ခဲ့တာဖြစ်ပြီး Deepak Kolipakaဆိုတဲ့ အရည်ချင်းရှိဒါရိုက်တာ​ကရိုက်ထားတာလည်းဖြစ်ပါတယ် ဒီကားရဲ့အဓိက​ခေါင်း​ဆောင်​တွေအ​နေနဲ့က​​တော့ မင်းသား​နေရာမှာ ​အောင်မြင်မှူ​တွေနဲ့အလားအလာရှိပြီးသရုပ်​​ဆောင်ရာမှာ စိတ်အားထက်သန်တဲ့မင်းသား Gourish Yeleti နဲ့ ​မင်းသမီး​နေရာမှာက​တော့ မြန်မာနိုင်ငံမှာလူသိများတဲ့ “​လေဆန်တိုးမယ့်မညှိုးပန်း”ဇာတ်ကားထဲက ​စောမြရဲ့ညီမအဖြစ်သရုပ်​​​ဆောင်ခဲ့တဲ့ Roshni Sahotaတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အစမှာ​တော့ “ဟာရီကာ” ကစိတ်ဓါတ်ကျပြီး သတ်​သေဖို့အထိ​တောင်​တွေး​နေတဲ့ မိန်းက​လေးတစ်​ယောက်ဖြစ်ပြီးမ​သေခင်အ​ကြောင်းအရင်းတစ်ခု​ကြောင့် ဘားကိုသွားရာမှ ” ဟာရှာ “ဆိုတဲ့​ကောင်​လေးနဲ့ ​တွေ့ပြီးဘဝဇာတ်​ကြောင်း​တွေကို ဖလှယ်ခဲ့ကြပါတယ် မူလအစက​တော့ ဟာရီကာက ယုံကြည်မှူအပြည့်နဲ့ စွန့်စားလိုစိတ်ရှိတဲ့​​ခေတ်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး သူ့အတန်း​ဖော်တစ်​ယောက်နဲ့ကုမ္ပဏီတစ်ခုတည်​ထောင်ခဲ့ကာ အိုးချင်းထားအိုးချင်းထိပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ် အချစ်​​ရေး​ရော​ရှေ့​ရေးပါအဆင်​​ပြေ​နေတဲ့သူ့ဆီမှာ မ​မျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကဝင်​မွှေတဲ့အခါ ဟာရီကာ ဘယ်လို​ဖြေရှင်းမလဲ သူကြုံလိုက်ရတဲ့ ကံကြမ္မာဆိုးကဘာလဲ သူရင်ဖွင့်သမျှကိုစိတ်ရှည်ရှည် နား​ထောင်​ပေး​နေတဲ့ ဟာရှာဆိုသူက​ရော ဘယ်လို​နောက်​ကြောင်း​တွေရှိ​​နေမလဲဘာရည်ရွယ်ချက်နဲ့သူ့အနားကပ်လာသလဲ သူတို့နှစ်​ယောက်ဘာ​တွေဆက်ဖြစ်ကြမလဲဆိုတာ ရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ်

Soulmate (2023) ⭐⁉️ 🎬 #Drama #Romance 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Soulmate (2023) “အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ” အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကိုဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။ Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Our Beloved Summer ထဲက Kim Dami,Our Blooming Youth ထဲက Jeon SoNee နဲ့20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။

Secret Name (2021) ⭐IMDB: 6.4/10 (335 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 720p 🌎 #France ⏰ 1 နာရီ 48 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secret Name (La place d’une autre) (2021)==============================Genre – DramaIMBb Rating – 6.4/10 ဒီကားလေးကို ကြည့်ပြီး ကျွန်တော် တစ်ခု ပြေးမြင်မိတာကတော့ဝင်ကစွပ်အကောင်လေးတွေအကြောင်းပါ။ ကိုယ်နဲ့မသက်ဆိုင်တဲ့အခွံလေးထဲ ဝင်ရောက်နေထိုင် ရှင်သန်ကြတယ်မဟုတ်လား…။ ဒီဇာတ်လမ်းလေးကလည်း ၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံ အခြေပြုထားတဲ့ ဒရမ်မာကားလေးတစ်ကားပါ။ ဇာတ်ဆောင်ဖြစ်သူ နေလီရဲ့ဘဝဟာ အင်မတန်မှ ကြမ်းတန်းလွန်းလှတယ် ဘာတစ်ခုမှ အဆင်ပြေတာမရှိသလို စားဖို့သောက်ဖို့ ခိုးဝှက်တာကအစ ပြည့်တန်ဆာအဆုံး လုပ်ခဲ့ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ လေလွင့်ပေတေနေတုန်းကြက်ခြေနီအသင်းနဲ့ ချိတ်ဆက်မိပြီး ဝင်ကူညီရာကနေ စစ်ပွဲရှေ့မျက်နှာပြင်ထိ ခက်ခက်ခဲခဲ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ခရီးသွားမိန်းကလေးတစ်ယောက်ကို ကယ်တင်ပေးပြီး အကျိုးအကြောင်းမေးကြည့်တော့ သူဟာဆွစ်ဇာလန်သူတစ်ယောက်ပါ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေဆီကို လာရောက်ခိုလှုံကြောင်း ပြောပြပါတယ်။ အကြောင်းအရာကတော့ ချမ်းသာတဲ့လူကုံထံ အမျိုးသမီးတစ်ယောက်ရဲ့အိမ်ကို စာဖတ်သူအနေနဲ့ သွားရောက်ရမှာတဲ့ သူ့ကိုလည်းမြင်ဖူးခြင်းမရှိလို့ ထောက်ခံစာနဲ့ အတူလာရပါတယ်ပေါ့။ ဒီလိုနဲ့ပြောဆိုနေတုန်း အမြှောက်ဆန်မှန်ပြီး ဒီဆွစ်ဇာလန်သူဟာ သေဆုံးသွားပါတော့တယ် ဒီအချိန်မှာ သွားစရာလမ်းပျောက်နေတဲ့နေလီတစ်ယောက် သူနဲ့ ပုံစံသိပ်မကွာတဲ့ ဒီမိန်းကလေးအဖြစ်ဟန်ဆောင်ပြီး ချမ်းသာတဲ့အမျိုးသမီးကြီးရဲ့အိမ်ကို စာဖတ်သူအနေနဲ့ ဝင်ရောက်လာခဲ့ပါတော့တယ် (သူ့ဘဝက ကြမ်းတမ်းပေမယ့် စာဖတ်တတ်တဲ့သူတစ်ယောက်ပါ)။ တခြားလူတစ်ယောက်ရဲ့နေရာကိုဝင် ဟန်ဆောင် မုသားတွေပြောရင်း နေထိုင်ရတဲ့ နေလီတစ်ယောက် ဘယ်လိုတွေဖြတ်သန်း ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Soulmate (2023) ⭐⁉️ 🎬 #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 2 နာရီ 4 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Soulmate (2023) “အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ” အားလုံးစောင့်မျှော်နေခဲ့ရတဲ့ Soulmate (2023) ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကိုဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။ Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Our Beloved Summer ထဲက Kim Dami,Our Blooming Youth ထဲက Jeon SoNee နဲ့20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အညွှန်းကိုတော့Hmweက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။

O Kala (2023) ⭐⁉️ 🎬 #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 1 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 O Kala ( 2023 ) ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ မသိသူမရှိတဲ့ထုတ်လုပ်​​ရေးကြီးဖြစ်တဲ့ “Disneyနဲ့ Hotstar” တို့က ပူး​ပေါင်းပြီးရိုက်ကူးထားတဲ့O Kalaဆိုတဲ့ တေလဂူ အချစ်ရိုမန့်စ်ကား​​ကောင်း​လေးပဲဖြစ်ပါတယ် ထုတ်လုပ်​ရေးအပိုင်းကလည်းရှယ်ဖြစ်သလို ​အော်စတာဆုရဒါရိုက်တာSs Rajamouliကိုယ်တိုင်က First Lookကိုထုတ်လွှင့်ခဲ့တာဖြစ်ပြီး Deepak Kolipakaဆိုတဲ့ အရည်ချင်းရှိဒါရိုက်တာ​ကရိုက်ထားတာလည်းဖြစ်ပါတယ် ဒီကားရဲ့အဓိက​ခေါင်း​ဆောင်​တွေအ​နေနဲ့က​​တော့ မင်းသား​နေရာမှာ ​အောင်မြင်မှူ​တွေနဲ့အလားအလာရှိပြီးသရုပ်​​ဆောင်ရာမှာ စိတ်အားထက်သန်တဲ့မင်းသား Gourish Yeleti နဲ့ ​မင်းသမီး​နေရာမှာက​တော့ မြန်မာနိုင်ငံမှာလူသိများတဲ့ “​လေဆန်တိုးမယ့်မညှိုးပန်း”ဇာတ်ကားထဲက ​စောမြရဲ့ညီမအဖြစ်သရုပ်​​​ဆောင်ခဲ့တဲ့ Roshni Sahotaတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အစမှာ​တော့ “ဟာရီကာ” ကစိတ်ဓါတ်ကျပြီး သတ်​သေဖို့အထိ​တောင်​တွေး​နေတဲ့ မိန်းက​လေးတစ်​ယောက်ဖြစ်ပြီးမ​သေခင်အ​ကြောင်းအရင်းတစ်ခု​ကြောင့် ဘားကိုသွားရာမှ ” ဟာရှာ “ဆိုတဲ့​ကောင်​လေးနဲ့ ​တွေ့ပြီးဘဝဇာတ်​ကြောင်း​တွေကို ဖလှယ်ခဲ့ကြပါတယ် မူလအစက​တော့ ဟာရီကာက ယုံကြည်မှူအပြည့်နဲ့ စွန့်စားလိုစိတ်ရှိတဲ့​​ခေတ်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး သူ့အတန်း​ဖော်တစ်​ယောက်နဲ့ကုမ္ပဏီတစ်ခုတည်​ထောင်ခဲ့ကာ အိုးချင်းထားအိုးချင်းထိပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ် အချစ်​​ရေး​ရော​ရှေ့​ရေးပါအဆင်​​ပြေ​နေတဲ့သူ့ဆီမှာ မ​မျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကဝင်​မွှေတဲ့အခါ ဟာရီကာ ဘယ်လို​ဖြေရှင်းမလဲ သူကြုံလိုက်ရတဲ့ ကံကြမ္မာဆိုးကဘာလဲ သူရင်ဖွင့်သမျှကိုစိတ်ရှည်ရှည် နား​ထောင်​ပေး​နေတဲ့ ဟာရှာဆိုသူက​ရော ဘယ်လို​နောက်​ကြောင်း​တွေရှိ​​နေမလဲဘာရည်ရွယ်ချက်နဲ့သူ့အနားကပ်လာသလဲ သူတို့နှစ်​ယောက်ဘာ​တွေဆက်ဖြစ်ကြမလဲဆိုတာ ရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ်

Secret Name (2021) ⭐IMDB: 6.4/10 (335 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p 🌎 #France ⏰ 1 နာရီ 48 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secret Name (La place d’une autre) (2021)==============================Genre – DramaIMBb Rating – 6.4/10 ဒီကားလေးကို ကြည့်ပြီး ကျွန်တော် တစ်ခု ပြေးမြင်မိတာကတော့ဝင်ကစွပ်အကောင်လေးတွေအကြောင်းပါ။ ကိုယ်နဲ့မသက်ဆိုင်တဲ့အခွံလေးထဲ ဝင်ရောက်နေထိုင် ရှင်သန်ကြတယ်မဟုတ်လား…။ ဒီဇာတ်လမ်းလေးကလည်း ၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံ အခြေပြုထားတဲ့ ဒရမ်မာကားလေးတစ်ကားပါ။ ဇာတ်ဆောင်ဖြစ်သူ နေလီရဲ့ဘဝဟာ အင်မတန်မှ ကြမ်းတန်းလွန်းလှတယ် ဘာတစ်ခုမှ အဆင်ပြေတာမရှိသလို စားဖို့သောက်ဖို့ ခိုးဝှက်တာကအစ ပြည့်တန်ဆာအဆုံး လုပ်ခဲ့ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ လေလွင့်ပေတေနေတုန်းကြက်ခြေနီအသင်းနဲ့ ချိတ်ဆက်မိပြီး ဝင်ကူညီရာကနေ စစ်ပွဲရှေ့မျက်နှာပြင်ထိ ခက်ခက်ခဲခဲ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ခရီးသွားမိန်းကလေးတစ်ယောက်ကို ကယ်တင်ပေးပြီး အကျိုးအကြောင်းမေးကြည့်တော့ သူဟာဆွစ်ဇာလန်သူတစ်ယောက်ပါ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေဆီကို လာရောက်ခိုလှုံကြောင်း ပြောပြပါတယ်။ အကြောင်းအရာကတော့ ချမ်းသာတဲ့လူကုံထံ အမျိုးသမီးတစ်ယောက်ရဲ့အိမ်ကို စာဖတ်သူအနေနဲ့ သွားရောက်ရမှာတဲ့ သူ့ကိုလည်းမြင်ဖူးခြင်းမရှိလို့ ထောက်ခံစာနဲ့ အတူလာရပါတယ်ပေါ့။ ဒီလိုနဲ့ပြောဆိုနေတုန်း အမြှောက်ဆန်မှန်ပြီး ဒီဆွစ်ဇာလန်သူဟာ သေဆုံးသွားပါတော့တယ် ဒီအချိန်မှာ သွားစရာလမ်းပျောက်နေတဲ့နေလီတစ်ယောက် သူနဲ့ ပုံစံသိပ်မကွာတဲ့ ဒီမိန်းကလေးအဖြစ်ဟန်ဆောင်ပြီး ချမ်းသာတဲ့အမျိုးသမီးကြီးရဲ့အိမ်ကို စာဖတ်သူအနေနဲ့ ဝင်ရောက်လာခဲ့ပါတော့တယ် (သူ့ဘဝက ကြမ်းတမ်းပေမယ့် စာဖတ်တတ်တဲ့သူတစ်ယောက်ပါ)။ တခြားလူတစ်ယောက်ရဲ့နေရာကိုဝင် ဟန်ဆောင် မုသားတွေပြောရင်း နေထိုင်ရတဲ့ နေလီတစ်ယောက် ဘယ်လိုတွေဖြတ်သန်း ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

Secret Name (2021) ⭐IMDB: 6.4/10 (335 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #France ⏰ 1 နာရီ 48 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Secret Name (La place d’une autre) (2021)==============================Genre – DramaIMBb Rating – 6.4/10 ဒီကားလေးကို ကြည့်ပြီး ကျွန်တော် တစ်ခု ပြေးမြင်မိတာကတော့ဝင်ကစွပ်အကောင်လေးတွေအကြောင်းပါ။ ကိုယ်နဲ့မသက်ဆိုင်တဲ့အခွံလေးထဲ ဝင်ရောက်နေထိုင် ရှင်သန်ကြတယ်မဟုတ်လား…။ ဒီဇာတ်လမ်းလေးကလည်း ၁၉၁၄ ခုနှစ် ပြင်သစ်နိုင်ငံ အခြေပြုထားတဲ့ ဒရမ်မာကားလေးတစ်ကားပါ။ ဇာတ်ဆောင်ဖြစ်သူ နေလီရဲ့ဘဝဟာ အင်မတန်မှ ကြမ်းတန်းလွန်းလှတယ် ဘာတစ်ခုမှ အဆင်ပြေတာမရှိသလို စားဖို့သောက်ဖို့ ခိုးဝှက်တာကအစ ပြည့်တန်ဆာအဆုံး လုပ်ခဲ့ပြုခဲ့ရပါတယ်။ ဒီလိုနဲ့ လေလွင့်ပေတေနေတုန်းကြက်ခြေနီအသင်းနဲ့ ချိတ်ဆက်မိပြီး ဝင်ကူညီရာကနေ စစ်ပွဲရှေ့မျက်နှာပြင်ထိ ခက်ခက်ခဲခဲ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ခရီးသွားမိန်းကလေးတစ်ယောက်ကို ကယ်တင်ပေးပြီး အကျိုးအကြောင်းမေးကြည့်တော့ သူဟာဆွစ်ဇာလန်သူတစ်ယောက်ပါ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေဆီကို လာရောက်ခိုလှုံကြောင်း ပြောပြပါတယ်။ အကြောင်းအရာကတော့ ချမ်းသာတဲ့လူကုံထံ အမျိုးသမီးတစ်ယောက်ရဲ့အိမ်ကို စာဖတ်သူအနေနဲ့ သွားရောက်ရမှာတဲ့ သူ့ကိုလည်းမြင်ဖူးခြင်းမရှိလို့ ထောက်ခံစာနဲ့ အတူလာရပါတယ်ပေါ့။ ဒီလိုနဲ့ပြောဆိုနေတုန်း အမြှောက်ဆန်မှန်ပြီး ဒီဆွစ်ဇာလန်သူဟာ သေဆုံးသွားပါတော့တယ် ဒီအချိန်မှာ သွားစရာလမ်းပျောက်နေတဲ့နေလီတစ်ယောက် သူနဲ့ ပုံစံသိပ်မကွာတဲ့ ဒီမိန်းကလေးအဖြစ်ဟန်ဆောင်ပြီး ချမ်းသာတဲ့အမျိုးသမီးကြီးရဲ့အိမ်ကို စာဖတ်သူအနေနဲ့ ဝင်ရောက်လာခဲ့ပါတော့တယ် (သူ့ဘဝက ကြမ်းတမ်းပေမယ့် စာဖတ်တတ်တဲ့သူတစ်ယောက်ပါ)။ တခြားလူတစ်ယောက်ရဲ့နေရာကိုဝင် ဟန်ဆောင် မုသားတွေပြောရင်း နေထိုင်ရတဲ့ နေလီတစ်ယောက် ဘယ်လိုတွေဖြတ်သန်း ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)