ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
In Good Hands (2022) ⭐IMDB: 5.7/10 (4 k Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #Turkey ⏰ 1 နာရီ 46 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Single mother တစ်ယောက်ဖြစ်တဲ့Melisaဟာ ရောဂါကြောင့် ၅လပဲအသက်ရှင်ရတော့မယ်လို့ သိသွားတဲ့အခါ… တစ်ဦးတည်းသောသားလေးကို ဘယ်သူက စောင့်ရှောက်ပါ့မလဲ တွေးပူလာပါတယ်။ ဒါကြောင့် တစ်သက်လုံး ယောက်ျားတွေနဲ့ မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ပြီးခါမှ လူ့လောကမှာကျန်ရစ်မယ့် သားလေးအတွက် ရည်းစားထားဖို့ တစ်ဖန်တွေးရပြန်ပါပြီ။ ဒီလိုအချိန်မှာမှ လူ့ဂွစာ၊ လုပ်ငန်းရှင်၊ ပလေးဘွိုင်း၊ လူပျိုကြီးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိကြတဲ့အခါ။ စတွေ့တည်းက ဘုနဲ့ဘောက် သားလေးနဲ့လည်းအဆင်မပြေပေမဲ့ ဒီပလေးဘွိုင်းကိုပဲ ချဉ်းကပ်တော့မယ်လို့ Melisaတစ်‌ယောက် ဆုံးဖြတ်လိုက်ပါတယ်။ Melisaတို့သားအမိ ဒီပလေးဘွိုင်းကြီးနဲ့ ဘယ်လိုဆက်ဖြစ်မလဲ ခေါင်းမာတဲ့သားလေးကရော လက်ခံပါ့မလားဆိုတာ ကြည့်လိုက်ပါဦးနော်။...

The Importance of Being Earnest (2002) ⭐TMDB: 68.0% User Score 🎬 #Comedy #Drama #Romance #History 🗓 2002 🎞 movie 🌎 #UnitedKingdom #UnitedStates #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာဝောာ့ 2002ခုနစ်က ထွက်ရှိထားတဲ့ Romance/Comedy ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဂျက်ဟာ ချမ်းသာတဲ့အသိုင်းအဝိုင်းက မွေးစားခံလိုက်ရတဲ့ လူတစ်ယောက်ဖြစ်ပြီး ဆယ်စလီလို့ခေါ်တဲ့သူကို အုပ်ထိန်းသူအနေနဲ့ ထိန်းကျောင်းပေးရသူလည်းဖြစ်ပါတယ်။ သူတို့ဟာ နယ်မှာ နေထိုင်ကြတဲ့သူတွေဖြစ်ပြီး ဂျက်ဟာ မြို့ပေါ်ကို သွားချင်တိုင်း သွားလို့ရအောင် သူ့မှာ အန်းနက်လို့ခေါ်တဲ့ ညီရှိပါတယ်ဆိုပြီး လုပ်ဇာတ်ခင်းထားပါတယ် သူဟာ မြို့ပေါ်မှာ အန်းနက် အနေနဲ့ ပျော်ပါးပြီး နယ်မှာတော့ ဂျက်ဆိုတဲ့ နာမည်နဲ့ ဘဝနှစ်ခုကို‌ နေနေခဲ့တာပါ ဒါကို သူ့သူငယ်ချင်း အလ်ဂျီက သိရှိသွားခဲ့ပြီး အကြွေးနွံ့နစ်နေသူမို့ အနေအစားချောင်အောင် အန်းနက်ဆိုတဲ့ နေရာကို ဝင်ယူကာ နယ်မှာသွားနေပါတော့တယ် ဒီလိုနဲ့ အန်းနက်ဆိုတဲ့ နာမည် တစ်လုံးနဲ့ သူတိူ့နှစ်ယောက် ချစ်သူတွေ ရတဲ့အခါ ဘာဆက်လုပ်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ။...

Hør her'a! (2023) ⭐IMDB: 6.9/10 (128 Votes) 🎬 #Drama #Family #Comedy 🗓 2023 🎞 movie 🌎 #Norway #Pakistan ⏰ 1 နာရီ 23 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ 2023 မှာ ထွက်ရှိထားတဲ့ ပါကစ္စတန်ဟာသကားလေးတစ်ကားဖြစ်ပါတယ်။ နော်ဝေးနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ရင်း ​ဘဝကိုကြိုးစားရုန်းကန်နေကြတဲ့ ပါကစ္စတန် working class မိသားစုလေးတစ်စုရဲ့ နွေရာသီအားလပ်ရက် အဖြစ်အပျက်လေးတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။မာမုဒ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူရဲ့အားလပ်ရက် နွေရာသီကို အပန်းဖြေရင်း စိတ်အေးလက်အေးဖြတ်သန်းဖို့ စီစဥ်ထားပေမဲ့ပါကစ္စတန်မှာနေတဲ့ ဦးလေးဖြစ်သူ သူတို့ဆီ အလည်လာလိုက်တဲ့အချိန်မှာ သူ့ရဲ့အစီအစဥ်တွေအားလုံး ပျက်သွားပြီး ပျော်စရာအချိန်တွေကနေ စိတ်ညစ်စရာအချိန်တွေဆီကို နေ့ချင်းညချင်း ပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့မိသားစုကြားက အဖုအထစ်လေးတွေ အခက်အခဲတွေ ပြဿနာတွေနဲ့ အလွဲအချော်လေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရင်း ဘဝအမောလေးတွေကို တစ်ခဏတာပြေပျောက်စေလိုက်ပေါ့ဗျာ။...

The Chivalrous Detective: Patrridge Day (2019) ⭐TMDB: 0.0% User Score 🎬 #Adventure #Drama #Mystery #TheLegendofDetectiveSleekRat 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါလေးကတော့ အပိုင်း (၂) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီးအကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ် The Legend of Detective Sleek Rat – Channel Myanmar သူရဲကောင်းပိုင်ယွိထန်ဟာလျိုယန့်နဲ့ သိုင်းလောကကနေနှုတ်ထွက်ပြီးဇာတ်မြှုပ်နေသွားမယ်လို့ဆုံးဖြတ်ထားပေမယ့် လျိုယန့်ရဲ့ညီအမလိုအရမ်းရင်းနီးရတဲ့သူတစ်ယောက်ဒုက္ခရောက်တော့ မဖြစ်မနေဝင်ကူညီခဲ့ရတယ်။ အဲဒီလိုကနေပြီး လုယက်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့ ရစ်ငှက်ဆိုတဲ့အဖွဲ့နဲ့ပတ်သက်မိသွားပါတယ်။ နန်အန်းမင်းသားရဲ့သားမက်တော်ကနေပြီးပိုင်ယွိထန်ကို အချိန်(၁၀)ရက်ပေးပြီး ရစ်ငှက်ကိုဖမ်းအမိဖမ်းခဲ့ဖို့ အပေးအယူလုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ပိုင်ယွိထန်ဟာ (၁၀)ရက်အတွင်းအမှုဖော်နိုင်အောင်ကြိုးစားရင်းဒီအမှုဟာ ပစ္စည်းဥစ္စာလုယက်မှုသက်သက်မဟုတ်ပဲတခြားရည်ရွယ်ချက်ရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ဒီရှုပ်ထွေးတဲ့အမှုရဲ့ နောက်ကွယ်ကတရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ……သူ့ရဲ့အဓိကရည်ရွယ်ချက်ကရောတွေများဖြစ်နေမလဲ...

The Chivalrous Detective: Blood Shines Again (2015) ⭐TMDB: 0.0% User Score 🎬 #Adventure #Drama #Mystery #TheLegendofDetectiveSleekRat 🗓 2015 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါလေးကတော့ အပိုင်း (၁) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီးအကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ် The Legend of Detective Sleek Rat – Channel Myanmar ထူလုံအဖွဲ့ကိုချေမှုန်းနိုင်ခဲ့ပြီ ဆိုပေမယ့် သတ်ဖြတ်မှုတွေက ရှိနေပါသေးတယ်။မင်းကြီးက ပေါင်ချိန်နဲ့ ပိုင်ယွိထန်တို့ ထူလုံအဖွဲ့ကို ရှင်းလင်းလိုက်နိုင်ခဲ့ကြောင်းကိုသိရှိခဲ့ပေမယ့် ရာထူးနဲ့ ဆုလာဘ်တော်တွေ မချီးမြှင့်ပေးခဲ့ပဲ ပေါင်ချိန်ကို ဇာတိပြန်ခိုင်းခဲ့ပါတယ်။ သတ်ဖြတ်မှုတွေ တဖန်ပြန်စတင်လာချိန်မှာ ပိုင်ယွိထန်က သူ့သိုင်းပညာနဲ့ဉာဏ်ပညာကိုအသုံးပြုပြီး လိုက်လံသတ်ဖြတ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့်ဖမ်းမိန့်ထုတ်ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့နောက်ကွယ်က အဓိကကြံစည်သူပေါ်ထွက်လာခဲ့ပြီး အမှန်တရားလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အဓိက ကြံစည်သူက ဘယ်သူဖြစ်လိမ့်မလဲ……မင်းကြီးနဲ့ မယ်တော်ကြီးတို့ တော်ဝင်မိသားစုအတွင်းမှာရောဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...

Monsternado (2023) ⭐IMDB: 2.8/10 (111 Votes) 🎬 #Action #Horror #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 22 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကောင်အကြီးကြီးတွေနဲ့ သဘာဝဘေးအန္တရာယ်ရုပ်ရှင်ကားတွေကို ကြိုက်တတ်တဲ့သူတွေအတွက် ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားသစ်လေး တစ်ကားလာပါပြီ။ ဒီဇာတ်ကားကတော့ Monsternado ဆိုတဲ့နာမည်အတိုင်းပဲ သမိုင်းမတင်ခင်ကအကောင်ကြီးတွေအပြည့်ပါတဲ့ လေဆင်နှာမောင်းကြီးကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဇာတ်လိုက်ကြီး Matt ကတော့ ဒီလို ဖြစ်လာမှာကိုကြိုသိခဲ့ပေမယ့် သူပြောတာကိုဘယ်သူမှမယုံခဲ့ဘူး။ ဒါပေမယ့် သူခန့်မှန်းခဲ့တွေအားလုံး တကယ်ဖြစ်လာတဲ့အခါမှာတော့ ဒီလေဆင်နှာမောင်းကြီးကို တားဖို့ သိပ္ပံပညာရှင် Matt နဲ့အဖွဲ့ ဘယ်လိုကြိုးစားမလဲ…. ပြေးရင်းလွှားရင်း ဘယ်သူတွေနဲ့ဆုံပြီး ဘယ်အကောင်တွေနဲ့ကြုံရမလဲဆိုတာကတော့...

Tramps (2016) ⭐IMDB: 6.5/10 (6 k Votes) 🎬 #Adventure #Romance #Comedy 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားထဲမှာ ပါဝင်သူတွေကတော့ Fantastic Beastsကားတွေနဲ့ လူသိများတဲ့ အင်္ဂလိပ်မင်းသားချော Callum Turnerနဲ့ Tell Me Liesထဲက မင်းသမီးချောလေး Grace Van Pattenပဲဖြစ်ပါတယ်။ Dannyဟာ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပေမဲ့ အစ်ကိုဖြစ်သူက အချုပ်တစ်ရက်ကျနေတာကြောင့် အစ်ကို့အစား တရားမဝင်အလုပ်တစ်ခုကို လုပ်ပေးဖို့ဖြစ်လာပါတယ်။ လုပ်ပေးရမယ့်ကိစ္စကတော့ အထဲမှာဘာပါမှန်းမသိတဲ့ လက်ဆွဲအိတ်ကို ပို့ဆောင်ပေးရမှာပါ။ ကြောက်တတ်တဲ့Dannyက မလုပ်ချင်ဘူးလို့ ငြင်းပေမဲ့ အမေကပါ ဇွတ်လုပ်ခိုင်းတာကြောင့် မတက်နိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ တစ်ခါမှမလုပ်ဖူးတဲ့Dannyဟာ အိမ်ကစထွက်တည်းက တုန်တုန်ချိချိနဲ့ သူတက်စီးရမယ့် ကားက မိန်းကလေးမောင်းတာဖြစ်နေပါတယ်။ နှစ်ယောက်သားကြောက်ကြောက် လန့်လန့်နဲ့ လက်ဆွဲအိမ်ယူလာရင်း တစ်ဖန်လက်ဆင့်ကမ်းပေးရမယ့်အဆင့်မှာ လူလွဲပြီးပေးလိုက်မိပါတယ်။ ဒီလိုကိစ္စတွေနဲ့ မပတ်သတ်ဖူးတဲ့ Dannyအဖို့ အိတ်ထဲ ကလည်း ဘာပါမှန်းမသိ ပေးလိုက်မိတဲ့လူကလည်းတလွဲဆိုတော့ ခေါင်းမီးတောက်ပါပြီ။ ခုနကသူ့ကို ကားမောင်းပို့ပေးတဲ့မိန်းကလေးနဲ့ အိတ်ကိုပြန်ရှာဖို့ လုပ်ရပြန်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။...

Private Lesson (2022) ⭐IMDB: 4.6/10 (2 k Votes) 🎬 #Comedy #Romance 🗓 2022 🎞 movie 🌎 #Turkey ⏰ 1 နာရီ 29 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Azraဟာ တက္ကသိုလ်ကျောင်းသူလေးတွေကို နှစ်ကိုယ်တည်း သီးသန့်ကျူရှင်ပေးတဲ့ဆရာမတစ်ယောက်ပါ။ ကျောင်းသားမိဘတွေရှေ့မှာ ကျူရှင်ဆရာမလို့အမည်ခံထားပေမဲ့ တကယ်တော့ မိဘတွေကတားမြစ်ထားတဲ့ ကလေးတွေဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပေးတဲ့သူပါပဲ။ ကျောင်းသူလေးတွေ ဖြစ်ချင်တာမှန်သမျှ ရည်မှန်ချက်တွေ အချစ်ရေးတွေကို ဖြစ်မြောက်အောင် သင်ကြားပေးသူပေါ့။ သူများတွေကို သင်ခန်းစာပေးနေသူဟာ ကိုယ်တိုင်လည်း သင်ခန်းစာယူရမယ့်အဖြစ်တွေ ကြုံလာရပါတယ်။ ဘာတွေဆက်ဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော်။...

Raid (2023) ⭐IMDB: 7.7/10 (45 Votes) 🎬 #Action #Bollywood #Thriller 🗓 2023 🎞 movie 🌎 # ⏰ 2 နာရီ 1 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raid (2023)IMDb 7.7/10 ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် အခုထွက်ရှိတာတဲ့အက်ရှင်ကားလေးကတော့ အင်ဒိုးနီရှားအက်ရှင်ကား Raidမဟုတ်တဲ့တမီလ်Raid အက်ရှင်ဇာတ်ကြမ်းပဲ ဖြစ်ပါတယ်။ဒါရိုက်တာ အက်စ်ပီကာသီရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး ၂၀၁၈ခုနှစ်ထွက်ကန်နာဒါရုပ်ရှင် Tegaruကို ပုံစံပြောင်းပြန်လည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိပရာဘာကာရန်ဟာ ချင်းနိုင်းမြို့က ရာဇဝတ်ကောင်တွေအကုန်လုံးကိုကိစ္စတုံးပေးချင်တဲ့အတွက် လူမိုက်တွေအားလုံးရဲ့နောက်ကွယ်ကလက်မည်းကြီး ဂန်းစတားအန်ကယ်နဲ့ ဒဲ့ငြိပါတော့တယ်။အဲဒီမှာပဲ စီးနင်းမှုတွေလုပ် လူဆိုးတွေနဲ့ ရဲတွေချ လူဆိုးတွေအချင်းချင်းချလုံးဝအက်ရှင်အလန်းစားတွေနဲ့ ပတ်ချနေတဲ့ကြားထဲက ဇာတ်အရှုပ်အရှင်းတွေကိုတော့ပရိသတ်ကြီးပဲ တိုက်တာခိုက်တာတွေကြည့်ရင်း ရှုမြင်ခံစားကြပါတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Lesson (2023) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #Germany ⏰ 1 နာရီ 43 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှတော့ IMDB 6.5/10, Rt 76% ရရှိထားတဲ့ အသစ်ထွက် Thriller ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Daryl McCormack (Good Luck to You, Leo Grande), မင်းသမီးကြီး Julie Delpy (Before Midnight) နဲ့ မင်းသားကြီး Richard E. Grant (Jack and Sarah) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာကလည်း Merlin, Doctor Who တို့ကို ရိုက်ကူးခဲ့သူ Alice Troughton ဖြစ်တာမို့ ဝေဖန်သူတွေဆီကလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ လီယမ်က တက်သစ်စစာရေးဆရာလေးဖြစ်ပြီး သူ့မှာ စာသားတွေကို တစ်ခါမြင်ရုံနဲ့ အလွတ်မှတ်မိနိုင်တဲ့ စွမ်းရည်တစ်ခုပိုင်ဆိုင်ထားပါတယ်။ သူက ကျူတာလုပ်ရင်း ဘဝကိုတိုးတက်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အားလုံးကလေးစားရသူ နာမည်ကြီးစာရေးဆရာကြီး စင်ကလဲရ်ရဲ့အိမ်မှာ သူ့ရဲ့သားငယ်လေးဘာတီ့ကို အောက်စဖို့ဒ်ကျောင်းဝင်ခွင့်ရအောင် ကျူတာလုပ်ပေးဖို့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပါတယ်။ သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သူရဲ့သားကို ကျူတာလုပ်ပေးရမှာမို့ စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ ဘာတီတို့ရဲ့စံအိမ်ကြီးကို ရောက်ရှိခဲ့ချိန်မှာတော့ သူ့ကို ထင်မထားခဲ့တာတွေက ဆီးကြိုနေခဲ့ပါတော့တယ်။ တင်းကြပ်တဲ့ဖခင်ရဲ့ စည်းကမ်းတွေအောက်မှာ တော်လှန်တတ်တဲ့ သားငယ်လေးဖြစ်သူဘာတီ့ကို ကျူတာလုပ်ပေးရတာက လီယမ့်အတွက်တော့ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲ။ စကားကို ခပ်ပြတ်ပြတ်ပြောတတ်ပြီး မာနကြီးသူ မစ္စတာစင်ကလဲရ်နဲ့ ရင်းနှီးချင်တာကြောင့် သူ့ရဲ့မိန်းမဖြစ်သူ ဟယ်လင်နဲ့ စကားစမြည်ပြောဆို ရင်းနှီးဖို့ကြိုးစားရင်း အဲဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စတစ်စနဲ့ ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့… လီယမ်က မူရင်းရည်ရွယ်ချက်အတိုင်း ဘာတီ့ကို ဝင်ခွင့်အောင်အောင် လုပ်ပေးလိုက်နိုင်မှာလား.. သူလေးစားရတဲ့ပုဂ္ဂိုလ်မိသားစုရဲ့ လျှို့ဝှက်ချက်ကရော ဘာများဖြစ်မလဲ… လူအရောက်အပေါက်ဝေးတဲ့နေရာက စံအိမ်ကြီးထဲမှာ လျှို့ဝှက်ချက်တွေကို သိရှိထားတဲ့ လီယမ်တစ်ယောက်ရော ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား.. သူ့ရဲ့အထူးစွမ်းရည်ကိုရော ဘယ်လိုတွေ အသုံးချမလဲ.. ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန် စိတ်ဝင်စားဖွယ် ရှုစားလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...

The Marsh King's Daughter (2023) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Drama #Thriller #Crime #Mystery 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်ကြီး ပြန်ပေးသမား လူသတ်သမားရဲ့ သမီးဖြစ်သူအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ အဓိကမင်းသမီးအဖြစ် စတားဝေါရ်မင်းသမီး ဒေစီရစ်ဒလီက ပါဝင်ထားပါတယ်။ Divergent, Illusionist တို့လို နာမည်ကျော်ကားတွေရဲ့ ဒါရိုက်တာ Neil Burger ကပဲ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဟယ်လင်နာဟာ အဖေဖြစ်သူ မုဆိုး ဂျေကော့ နဲ့အတူ ကလေးဘဝထဲက မုဆိုးပညာတွေ သင်ပြီးတောထဲမှာပဲ မိသားစုသုံးယောက် နေလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အမေက သူ့ကိုခေါ်ပြီးထွက်ပြေးလာတော့မှ သူ့အဖေဟာ သူ့အမေကို အတင်းဖမ်းဆီးပေါင်းသင်းထားတာသိလိုက်ရပါတော့တယ်။ သူတို့သားအမိနောက်ကိုလိုက်လာရင်း ဂျေကော့ အဖမ်းခံလိုက်ရပြီး ထောင်နန်းစံသွားတဲ့အခါ ဟယ်လင်နာလည်း ဘဝသစ်စခဲ့ပြီး သမီးတစ်ယောက် ယောကျ်ားတစ်ယောက်နဲ့တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့အဖေ ထောင်ထဲကနေထွက်ပြေးလွတ်မြောက်သွားကြောင်း ကြားလိုက်ရတဲ့အခါ အတိတ်က အရိပ်တွေကို ရင်ဆိုင်ပြီးဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။...

Schumacher (2021) ⭐IMDB: 7.4/10 (25 k Votes) 🎬 #Biography #Documentary #Sport 🗓 2021 🎞 movie 🌎 #Germany ⏰ 1 နာရီ 53 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Schumacher (2021)==============IMDb Rating – 7.4/10 ” MichaelSchumacher” ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက်လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( SportCar အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ World Driver’s Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စားပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာBenetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။ Ferrari နဲ့အတူတူ 2000 ကနေ 2004 ခုနှစ်ထိ ၅နှစ်ဆက် World Championshipကိုရယူနိုင်ခဲ့တာကSchumacherကို ဖော်မြူလာဝမ်းလောကရဲ့ GOAT တစ်ပါးလို့သတ်မှတ်ခံခဲ့ရသလို လက်ရှိအကောင်းဆုံး ဒရိုင်ဘာဖြစ်တဲ့ Hamilton တောင် မချိုးဖျက်နိုင်သေးတဲ့ Record ပဲဖြစ်ပါတယ်။ ကဲပြောတာလည်းများသွားပြီးတော့ MichaelSchumacherတစ်ယောက်ရဲ့ အနိမ့်အမြင့် အတက်အကျဘဝဇာတ်ကြောင်းတွေကိုရိုက်ပြထားတဲ့Schumacherဆိုတဲ့ Documentary ဇာတ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

Grow Up, Tony Phillips (2013) ⭐IMDB: 6.5/10 (142 Votes) 🎬 #Comedy #Drama 🗓 2013 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Grow Up, Tony Phillips (2013)======================IMDb Rating – 6.5/10 Grow Up Tony Phillips ဆိုတဲ့ Comedy, Drama ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ဟောလိုဝင်းကို သဘောကျတဲ့ တိုနီက ၁၈ နှစ်သားအရွယ်ရောက်တာတောင်ဟောလိုဝင်း ဝတ်စုံဝတ် Trick or Treat ဆော့ပြီး ချိုချဉ်လိုက်တောင်းချင်နေတုန်းပေါ့။ အရပ်စကားနဲ့ဆို နည်းနည်း ကလေးစိတ်မကုန်သေးတာပေါ့ဗျာ။ ကျွန်တော်တို့တောင် နည်းနည်းအသက်လေးရလာရင် သီတင်းကျွတ်လို ရာသီမှာတောင် ရပ်ကွက်ထဲအိမ်စေ့ပတ်ပြီး လိုက်ကန်တော့ဖို့ရှက်စပြုလာပြီမလား။ တိုနီကတော့ သူမြတ်နိုးရတဲ့ ပျော်ပွဲရွှင်ပွဲလေးကို အရွယ်ရောက်လာပေမဲ့ဆက်ဆင်နွှဲဖို့ကြိူးစားနေတုန်းပါ။ ဒီတော့ အပေါင်းအသင်းတွေက ငကြောင်ကောင် ဘာညာနဲ့လှောင်တာခံရတာပေါ့။ တိုနီတစ်ယောက် သူမြတ်နိုးရတဲ့ဟောလိုဝင်းကို စွန့်လွှတ်ပြီး တခြားသူတွေလို ကလပ်တက်ပါတီတက်ပဲလုပ်မှာလား၊ ဆက်လက်ဆုပ်ကိုင်ထားပြီး သူ့ရဲ့ယုံကြည်မှုနဲ့ပဲ တခြားသူတွေရဲ့အမြင်ကို ပြောင်းလဲပစ်လိုက်မလားဆိုတာရယ် တိုနီရဲ့ ဘဝလေးရယ်ကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...

All I Want for Christmas: The Magic Time Machine (2022) ⭐IMDB: 5.7/10 (66 Votes) 🎬 #Adventure #Comedy #Family 🗓 2022 🎞 movie 🌎 #Denmark ⏰ 1 နာရီ 33 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 All I Want for Christmas: The Magic Time Machine (2022)======================================== လူစီယာက ခရစ္စမတ်ကျောင်းတော်မှာ စာသင်နေတဲ့ကျောင်းသူလေးပါ။တစ်နေ့မှာ သူတို့ကျောင်းအုပ်ကြီးက သူ ဆန်တာကလော့စ်ဖြစ်ခဲ့တဲ့ အချိန်တုန်းက စိတ်ဒဏ်ရာကို သတိရသွားပြီး ခရစ္စမတ်ကို ဖျက်သိမ်းလိုက်ဖို့အမိန့်ချလိုက်ပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်လိုမျိုး ကျောင်းအုပ်ကြီးစကားကပဲ အတည်ဖြစ်နေတဲ့အချိန်မှာ လူစီယာက ခရစ္စမတ်ဖြစ်မြောက်ရေးအတွက် ကြိုးစားပါတော့တယ်။ ကလေးတွေကိုဆို အရာမသွင်းချင်တဲ့ လူကြီးတွေ ဆပ်ကပ်အဖွဲ့တွေ အချိန်ခရီးသွားစက်တွေနဲ့ လူစီယာတစ်ယောက် ခရစ္စမတ်ကို ဘယ်လိုကယ်တင်မလဲ။ ကျောင်းအုပ်ကြီးရဲ့ စိတ်ဒဏ်ရာကရော ဘာများလဲဆိုတာ ဒီဇင်ဘာလမှာခရစ္စမတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...

Under the Age (2020) ⭐IMDB: 5.5/10 (495 Votes) 🎬 #Drama #Romance 🗓 2020 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Di Bawah Umur [2020] (IMDb 5.5/10) အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်..သူ့နာမည်က လာနာတဲ့… လာနာကို အာယို သဘောကျတယ်ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်…အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်…ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ…တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာသူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကိုဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်…အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့…ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ် အညွှန်း န့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...

Genie (2023) ⭐IMDB: 5.9/10 (4 k Votes) 🎬 #Comedy #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genie (2023)==========IMDb Rating – 6.0/10 Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီးရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီးIMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင်ရိုက်ကူးထားတာပါ။ လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ်ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီးပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင်ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...

B&B Merry (2022) ⭐IMDB: 6.1/10 (884 Votes) 🎬 #Comedy #Romance #TVMovie #Drama 🗓 2022 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ B&B Merry ဆိုတဲ့ Comedy/Romance ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်လေးကတော့ ထရေစီဝိုက်စ် ဆိုတဲ့ နာမည်ကြီးခရီးသွားဘလော့ဂ်ဂါလေးနဲ့ B&B ဆိုတဲ့မိသားစုတည်းခိုခန်းလေးကို မနည်းကျားကန်နေရတဲ့ ဂရေဟမ် ဆိုတဲ့ ဓာတ်ပုံဝါသနာရှင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော် မိဘတွေရဲ့အမွေအနှစ်ဖြစ်တဲ့ မိသားစုတည်းခိုခန်းလေးကို ခရစ္စမတ်မှာ ပရိုမိုးရှင်းလုပ်ဖို့ ထရေစီ ကိုဖိတ်ခေါ်ခဲ့ပြီးတော့ ထရေစီ ရဲ့ နောက်ထပ် ရီဗျူးလုပ်စရာဟော်တယ်နဲ့ကလည်း B&B နဲ့ပြိင်ဖက်တွေဆိုတော့ ဘယ်လိုအရှုပ်တွေဖြစ်ပြီး ခရစ္စမတ်မှာ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို ဖန်တီးကြမလဲဆိုတာကိုတော့……. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။...

Woman in Gold (2015) ⭐IMDB: 7.3/10 (62 k Votes) 🎬 #Biography #Drama #History 🗓 2015 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating – 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ပြခန်းမှာ ပြသထားခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ အဓိကဇာတ်ဆောင်ဖြစ်‌တဲ့ Maria Altmann ဟာ Adele Bloch-Bauer ရဲ့တူမပါ။ 1998 ခုနှစ်မှာ ဩစတြီးယားအစိုးရက မတရားသိမ်းယူခံထားရတဲ့အနုပညာပစ္စည်းတွေကို ပိုင်ရှင်ဆီပြန်လည်အပ်နှင်းဖို့ ရီစတီကျူးရှင်းကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ ထိုအခါ Maria Altmann ဟာလည်းသူမအဒေါ်ရဲ့ ပုံတူပန်းချီကားကိုပြန်လည်ရရှိနိုင်ဖို့အတွက် ရှေ့နေတစ်ယောက်ကိုငှားခဲ့ပါတယ်။ Eric Randol Schoenberg ပါ။ Maria နဲ့ Randol တို့နှစ်ယောက် ဩစတီးယားနိုင်ငံကိုသွားခဲ့ပြီး သူမရဲ့ပန်းချီကားနဲ့စပ်လျဉ်းတဲ့အမှုကိုစဉ်းစားရာမှာ ထည့်သင့်တဲ့အချက်အလက်တစ်ချို့ကို ကော်မတီကိုသွားပေးခဲ့ပါတယ်။ တကယ်တော့ ဩစတြီးယားအစိုးရက လူထုအာရုံစိုက်ရုံမျှသာ ရီစတီကျူးရှင်းကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပြီး အနုပညာပစ္စည်းများကို ပြန်လည်အပ်နှင်းလိုတဲ့ဆန္ဒမရှိပါဘူး။ ထိုအခါ Maria Altmann နဲ့ Randol Schoenberg တို့နှစ်ယောက်ဘာဆက်လုပ်ကြမယ်ဆိုတာကို ရုပ်ရှင်ထဲမှာကြည့်ရှုခံစားကြပါခင်ဗျာ။...

Me and Mr. Christmas (2023) ⭐IMDB: 5.9/10 (63 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Me and Mr. Christmas (2023)=====================IMDb rating – 5.9/10 ခရစ်စမတ်ရောက်ဖို့လည်းနီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးတို့အတွက် Christmas vibe အပြည့်ကိုခံစားရစေမယ့် Romanceဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်း –Zoe Deans ဆိုတဲ့မိန်းကလေးက သူ့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နှစ်တိုင်း အားလပ်ရက်တွေမှာတောင်အနားမယူဘဲ အလုပ်အကြောင်းပဲတွေးနေတဲ့ ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင်ထားတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူ့ကုမ္ပဏီကအခုမှစတင်တည်ထောင်ထားတာကြောင့် လူသိနည်းပြီး မှန်ကန်တဲ့ဖောက်သည်တစ်ယောက်နဲ့ဆုံဆည်းချင်တာက သူ့ရဲ့ဆန္ဒပါ။ အဲဒီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တဲ့ သူတို့မြို့ရဲ့ Mr Chirstmas ရွေးချွယ်ပွဲကြီးကိုသတိရသွားပါတော့တယ်။ ဒါမှ သူ့အတွက် Mr Chirstmas အဖြစ်ကိုယ်စားပြုပြီး ယှဉ်ပြိုင်ပေးမယ့်ကောင်လေးတစ်ယောက်ရှိဖို့လိုအပ်နေတာပါ။ အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ ပုံတုံးတုံးစာအုပ်ဆိုင်ပိုင်ရှင်လေးနဲ့တွေ့သွားတဲ့အချိန်မှာတော့သူရှာတွေ့တဲ့သူက Mr Chirstmas ဖြစ်ဖို့ထိုက်တန်တဲ့သူလား၊ ပြိုင်ပွဲမှာရော ဘယ်လိုတွေယှဉ်ပြိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...

Divorce Bait (2022) ⭐IMDB: 4.4/10 (204 Votes) 🎬 #Comedy #Romance 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Divorce Bait (2022)============== ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို trust issues ‌ခေါ် လူတွေကိုမယုံကြည်တဲ့ကိစ္စတွေက ဖြစ်တတ်ပါတယ် အဲ့ထဲမှာ အလက်စစ်ဆိုတဲ့ သာယာတဲ့အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်း အပါအဝင်ပေါ့လေ။ အလက်စစ်က ယောင်္ကျားဖြစ်သူအပေါ် ယုံကြည်မရှိ သင်္ကာမကင်းဖြစ်နေတဲ့အတွက် ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဖေ့စ်ဘုတ်ပို့စ်အတုတင်လိုက်ရာကနေဇာတ်အိမ်စတည်ထားပါတယ်။ အကြောင်းအရင်းကတော့ သူ့ယောင်္ကျားဖြစ်သူကို ဘယ်မိန်းမက လာရှုပ်မလဲသိချင်တဲ့အတွက်ကြောင့်ပါပဲ။ ‌ဒါကြောင့် သူ့ယောင်္ကျားဖြစ်သူ တစ်ယောက် ဘယ်လိုတွေကျော်ဖြတ်မလဲ ဘယ်မိန်းမတွေက လာရှုပ်မလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Khant Sett Naing ဖြစ်ပါတယ်)...