ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Wild Boys (2017) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Adventure #Comedy #Drama #Fantasy #Mystery 🗓 2017 🎞 movie 🌎 #France ⏰ 1 နာရီ 50 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ Adventure, Fantasy တို့လို ထူးထူးခြားခြားဇာတ်လမ်းတွေကြိုက်တတ်တဲ့ ပရိတ်သတ်တွေအတွက်ပါ Tanguy, Romuald, JeanLouis, Sloane, Hubert ဆိုတဲ့ကောင်လေး ငါးယောက်ဟာ ပိုက်ဆံရှိအသိုင်းအဝိုင်းကလာတာဖြစ်ပြီး ဆိုးသွမ်းကြပါတယ်… မကောင်းမှုဒုစရိုက်မှန်သမျှလုပ်ပါတယ် တစ်နေ့မှာ အမှုတစ်ခုကိုကျူးလွန်ပြီး အပြစ်ဒဏ် ခတ်ခံရတဲ့အနေနဲ့… ကျွန်းတစ်ခုဆီကိုခေါ်ဆောင်သွားခံရပါတယ်… အဲဒီကျွန်းဟာများပြားလွန်းတဲ့ ပဟေဠိတွေနဲ့ ပြည့်နှက်နေပြီး ကောင်လေးငါးယောက်ကရော ဘာတွေဖြစ်ကြမလဲဆိုတော့ ကြည့်ရှုရမှာပါ...
Agent Vinod (2012) ⭐IMDB: 5.2/10 (8 k Votes) 🎬 #Action #Adventure #Bollywood #Thriller #Romance 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ် ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။ Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ် Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီး ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်… ခြေရာအားလုံးက “424” ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် “၄၂၄” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။ တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။...
Shaun of the Dead (2004) ⭐TMDB: 75% User Score 🎬 #Comedy #Horror 🗓 2004 🎞 movie 🌎 #France #USA #UnitedKingdom #UnitedStates ⏰ 1 နာရီ 41 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်…ရိုက်ကူးကုန်ကျစရိတ် Budget $6 million ပဲကုန်ကျခဲ့ပေမယ့် Box office $38.7 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် ဝင်ငွေအရလဲအောင်မြင်ခဲ့ပြီး နောက်ဆက်ထွက်မယ့် ၂ ကားကိုလဲ ပံ့ပိုးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံးသမားတစ်ယောက်ဟာသူ့အချစ်ဆုံးသူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင်ပါတယ်။ သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့ငကြောင်ကမ္ဘာထဲမှာ ဇွန်ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ ရှောင်တို့အဖွဲ့ အသက်ရှင်လွတ်မြောက်နိုင်မှာလား? ဇွန်ဘီတွေကြားထဲ သူတို့အဖွဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….ရယ်မောပျော်ရွှင်အောင်ရိုက်ကူးထားပါတယ်။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။...
After the Flood (2024) ⭐TMDB: 68% User Score 🎬 #Drama #Crime #Mystery 🗓 2024 🎞 Series 🌎 #UnitedKingdom ⏰ 48 မိနစ် 43 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 After the Flood (2024)After the flood (2024)IMDb – 6.3 Rt – 64%Peaky Blinders စီးရီးမှာ အေဒါ သွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sophie Rundle ရဲ့ အသစ်ထွက် စုံထောက်စီးရီးအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ မှုခင်းစီးရီးတွေသဘောကျတဲ့လူတွေအကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျို မာရှယ် (Sophie Rundle) ကတော့ စုံထောက်သင်တန်းသူဖြစ်ပြီး လက်ရှိမှာတော့ ယော့ရှိုင်းယားက ဝါးတားဆိုက်မြို့မှာ ရဲအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ။တစ်နေ့မှာ မိုးအကြီးအကျယ်ရွာတာကြောင့် ရေကြီးပြီးတော့ မြို့တွင်းက လူတွေအကုန် နေရာရွေ့ပြောင်းလိုက်ရပါတယ်။ ရေကျသွားချိန်မှာတော့ ကားပါကင်တစ်ခုရဲ့ ဓာတ်လှေကားမှာ အမျိုးသားအလောင်းတစ်လောင်းတွေလို့အကြောင်းကြားလာတာနဲ့ ဂျိုက အရင်သွားစစ်ဆေးပေမဲ့လည်း အမည်မသိအလောင်းဖြစ်နေပါတယ်။ ရေကြီးနေတဲ့အချိန် ဓာတ်လှေကားထဲကမထွက်နိုင်ပဲ ရေနစ်သေတာလို့ အစောပိုင်းမှာယူဆထားကြပေမဲ့ ရင်ခွဲစစ်ဆေးအပြီးမှာတော့ ရေမကြီးခင်နှစ်ရက်အလိုကတည်းက အသတ်ခံထားရတဲ့အလောင်းဖြစ်နေတဲ့အခါမှာ ဂျို မာရှယ်တစ်ယောက် တစ်ကိုယ်ထဲစုံစမ်းရင်း နောက်ကွယ်က အရှုပ်တော်ပုံတွေနဲ့ တွေ့ဆုံဖြေရှင်းရတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါဗျ။...
Operation Arctic Cure (2024) ⭐IMDB: 6.5/10 (22 Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Operation Arctic Cure (2024)IMDb – 6.5/10 အာတိတ်ကုသမှုစစ်ဆင်ရေးလို့ဆိုရမဲ့ အမေရိကန်မှတ်တမ်းရုပ်သံကိုNational Geographicကနေ ထုတ်လွှင့်ခဲ့တဲ့အတွက်မှတ်တမ်းရုပ်ရှင်နှစ်ခြိုက်သူတို့ ကြည့်ရှုခံစားရဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်စစ်ပွဲသတင်းထောက်တစ်ဦးဖြစ်တဲ့ ဘော့ဘ်၀ုဒရက်ဖ်တစ်ယောက် သူ့ရဲ့ကင်မရာမန်းနဲ့အတူအီရတ်တိုက်ပွဲအတွင်း ပေါက်ကွဲမှုတစ်ခုမှာ အကြီးအကျယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာတွေသက်သာလာချိန်မှာတော့ အီရတ်နဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေကပြန်လာတဲ့အမေရိကန်စစ်ပြန်တွေအများစု ခံစားကြရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့တွေးတောရင်းဒီ Operation Arctic Cureလို့ခေါ်တဲ့ မြောက်ဝင်ရိုးစွန်းဒေသဆီ စစ်ပြန်တစ်စုကိုဦးဆောင်ပြီးတောင်တက်ခရီးကြမ်းသွားတဲ့ အစီအစဉ်လုပ်ခဲ့ပါတယ်။ သူတို့တွေတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကိုမှတ်တမ်းတင်ထားရင်းစစ်ပွဲအတွင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါထိခိုက်ခဲ့တဲ့ ဒီအမေရိကန်စစ်ပြန်ကြီးတွေသူ့တို့စိတ်အတွင်းထဲက နာကျင်မှုဒဏ်ရာဒဏ်ချက်တွေကို လျော့ပါးသွားအောင်ကုစားနိုင်မှာလားဆိုတာရှုစားကြရမှာပါဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်)...
My Awesome Neighboor [DLDSS-112] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါတင်ဆက်ပေးမယ့် မင်းသမီးကတော့ အားလုံးနဲ့မစိမ်းလှမှာဖြစ်တဲ့Suzume Mino ပါပဲ…Jav လောကမှာ ကျင်လည်ဖူးပြီးသားညိုကီတွေကတော့ဒီမင်းသမီးကို တစ်ကွေ့မဟုတ်တစ်ကွေ့မှာ အားပေးခဲ့ဖူးမှာသေချာပါတယ် ညို့တတ်တဲ့မျက်ဝန်းတဲ့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ရင့်ကျက်တည်ငြိမ်တဲ့အလှတွေဟာတစ်မျိုးတော့ ရင်ခုန်ဖို့ကောင်းနေမှာသေချာပါတယ်…. အခုဒီကားထဲမှာလဲ တည်ငြိမ်လှပတဲ့မမနဲ့ ဘေးအိမ်ကအိမ်နီးချင်းတို့ရဲ့ရင်ခုန်စရာဇာတ်လမ်းလေးမှာ မမရဲ့ပညာတွေမူယာတွေအလှအပတွေကိုရှုမငြီးလေက်အောင် ခံစားရမှာဖြစ်တာဖို့ ညိုကီတို့အားပေးနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
风速极战 (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်ပြိုင်ပွဲတိုင်းမှာရှုံးပွဲမရှိ ချန်ပီယံဆုချည်းပဲရခဲ့တဲ့ အားဟွာအရင်က ဖုန်းယွင်ဆိုင်ကယ်အသင်းမှာ ညီအစ်ကိုဖြစ်ခဲ့ပေမဲ့ဆယ်စုနှစ်တစ်ခုလုံးမပြောမဆိုပျောက်ကွယ်သွားခဲ့တဲ့ အားထန် အားဟွာနဲ့အားထန်တို့၂ဦးဟာ ဖုန်းယွင်ဆိုင်ကယ်အသင်းရဲ့အားကိုးရတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီးတော့ အကြောင်းအရင်းအမျိုးမျိုးကြောင်းအားထန်ကမပြောမဆိုပျောက်သွားပြီး အားဟွာတစ်ယောက်တည်းအသင်းနာမည်ကိုဆက်လက်ထိန်းသိမ်းခဲ့ရပါတယ် ။ ဒီလိုနဲ့အားဟွာတစ်ယောက်ဆယ်စုနှစ်တစ်ခုလုံးဆိုင်ကယ်မောင်းတာကိုလက်မလျှော့ခဲ့ဘဲ ချန်ပီယံဆုတွေချည်းယူခဲ့ပါတယ် ။တစ်နေ့မှာတော့ ဟောင်ကောင် -ကျူးဟိုင်-မကာအိုစူပါချန်ပီယံဆုပြိုင်ပွဲကြီးမှာ အားဟွာက ချန်ပီယံဆုထပ်ရသွားခဲ့ပါတယ် ။အဲဒီနေ့မှာ ဆယ်နှစ်လောက်သတင်းမရ ပျောက်ကွယ်သွားခဲ့တဲ့အားထန်ကပြန်ပေါ်လာပြီးတော့ချန်ပီယံအားဟွာကိုစိန်ခေါ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ဇာတ်လမ်းထဲမှာတော့ ဇာတ်လမ်းနာမည်အတိုင်း Lost but winဘယ်လိုဖြစ်သွားမလဲဆိုတာရယ် ၊ ငယ်ငယ်ကတည်းက ဘယ်တော့မှအားဟွာကိုမနိုင်ခဲ့တဲ့ အားထန်တစ်ယောက်ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော်...
Galaxy Writer (2024) ⭐TMDB: 57% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်တွေကို အမြဲတမ်း ကြည့်နေရပေမဲ့ ရုပ်ရှင်တစ်ကားကဘယ်လိုဖြစ်လာသလဲဆိုတာကိုတော့ သိပ်မစဉ်းစားမိကြပါဘူး။CM ရဲ့ ပရိသတ်တွေအတွက် ဇာတ်ညွှန်းရေးဆရာတွေအကြောင်းကိုရိုက်ကူးထားတဲ့ Galaxy Writer ဆိုတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားမထောင်တဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ပြင်ဆင်ချက်အကြံပေးမှုအားလုံးကို နားထောင်တဲ့ဇာတ်ညွှန်းရေးဆရာနှစ်ယောက်၊တစ်ယောက်က မာနကြီးတယ် တစ်ယောက်က သတ္တိရှိတယ်။ သူတို့နှစ်ယောက် ပေါင်းပြီးရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုနဲ့ ကုမ္ပဏီကြီးတွေကိုစိန်ခေါ်လိုက်တဲ့အခါ ပိုက်ဆံနဲ့ အိပ်မက်ကိုဘယ်လို ချိန်ဆကြမလဲဆိုတာကို အောက်ခြေကဇာတ်ညွှန်းရေးဆရာတွေရဲ့ ဘဝကို ဟာသလေးတွေနဲ့အတူစိတ်အပန်းဖြေ ကြည့်ရှုခံစားလိုက်ရအောင်နော်။...
Fairy Tale Killer (2024) ⭐TMDB: 0% User Score 🎬 #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 10 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လုံအန်းမြို့ပြင်ရှိ လယ်တောမှာ အလောင်းတစ်လောင်းတွေ့ရာမှစလို့အဆိုပါ လယ်တောပိုင်ရှင်ဖြစ်သူဟာ လွန်ခဲ့တဲ့၅ နှစ် လူပျောက်မှုနဲ့ရော လက်ရှိ လူသေအလောင်းနဲ့ပါဆက်စပ်နေမှန်း ပေါ်လာတဲ့အခါ မှုခင်းရဲအရာရှိဖန်းယွီနဲ့သူ့တပ်ဖွဲ့ဝင်တွေ ဒီအမှုကို စုံစမ်းဖို့ ဖြစ်လာပါတော့တယ် မှုခင်းရဲတပ်ဖွဲ့က သံသယရှိနေတဲ့ တရားခံဟာ အခင်းဖြစ်ပွားတဲ့နေ့ကယာဉ်ထိန်းရဲ ချွေးရှောင်ထျန်းရဲ့လုပ်ဖော်ကိုင်ဖက်ကိုကားနဲ့တိုက်ပြီး ထွက်ပြေးရမှာစလို့ချွေးရှောင်ထျန်းပါ ရဲအရာရှိဖန်းနဲ့ ပူးပေါင်းပြီး အဆိုပါအမှုကိုဖော်ထုတ်ဖို့ ဖြစ်လာတဲ့အခါ သူတို့အားလုံး သံသယရှိနေတဲ့သူကရောတကယ့်တရားခံအစစ်ဟုတ်ရဲ့လားဆိုတာကို ဒီဇာတ်ကားလေးမှာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...
Turn Heaven and Earth Upside Down (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ စွန်းဝူခုန်းနဲ့တန်းတူစွမ်းအားကြီးတဲ့မျောက်တစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။သူကတော့နားရွက်(၆)ဖက်ရှိတဲ့မျောက်နီမျိုးနွယ်ဘုရင်တစ်ပါးဖြစ်ပြီးတော့စစ်မက်လိုလားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့လောဘစိတ်ကြောင့် ကျန်တဲ့အင်အားကြီးမျောက်မျိုးနွယ်တွေကိုအနိုင်ယူခဲ့ပြီး နောက်ဆုံးမှာအောင်နိုင်ခြင်းဘုရားကိုပါအနိုင်ယူခဲ့တယ်။(စွန်းဝူခုန်းကအနောက်အရပ်ကပြန်လာပြီးနောက်ပိုင်းတရုတ်ကျမ်းစာအရဘုရား၃၅ဆူထဲက နောက်ဆုံးဘုရားဖြစ်တဲ့အောင်နိုင်ခြင်းဘုရားဖြစ်သွားတယ်လို့ဆိုတယ်)သူကသူရဲကောင်းကြီးကိုအနိုင်ယူလိုက်ပေမယ့် သူထင်သလိုမပျော်နိုင်ပဲဗလာဆန်ပြီးအထီးကျန်ဘဝနဲ့နေနေရတယ်။ တစ်နေ့မှာတော့ သူ့ကိုယ်သူအောင်နိုင်ခြင်းဘုရားပါဆိုပြီးကြွေးကျော်ပြီးရောက်တာတဲ့ကောင်လေးတစ်ယောက်ကြောင့်သူ့ဘဝဟာပြောင်းလဲလာပါတော့တယ်။...
Visitors - Complete Edition (2023) ⭐IMDB: 6.2/10 (45 Votes) 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 1 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Visitors 2023 (ဧည့်သည်)IMDb 6.2 ကမ္ဘာကြီးပေါ်မှာ ယှဉ်တွဲနေထိုင်နေကြတဲ့ လူကောင်းလူဆိုးဆိုတာရှိသလိုလူသားတွေကြားမှာ ရင်းနှီးမှုနဲ့ပဲရှေ့တန်းတင်နေထိုင်ချင်ကြတဲ့မကောင်းဆိုးဝါးတွေလည်းရှိပါတယ် မကောင်းဆိုးဝါးတိုင်းကတော့မကောင်းတာမဟုတ်ပါဘူးပေါ့ ဒီဂျပန်ကားလေးကတော့အဆိုတော်တစ်ယောက်နဲ့ ဇွန်ဘီတွေကြားက သံယောဇဉ်ကိုရိုက်ပြထားတာပါ ဒီဇွန်ဘီတွေကို လိုက်သတ်နေတဲ့လူတစ်စုရယ်ဇွန်ဘီကယ်လိုရှင်သန်နေတဲ့အဆိုတော်နဲ့ ဒီအဆိုတော်ကိုဗဟိုပြုရင်းရှင်သန်နေတဲ့ ဇွန်ဘီတစ်သိုက်တိုရဲ့ အသက်ရှင်ဖိုလမ်းကိုကြိုးစားကြပုံတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ဆာတိုလိုခေါ်တဲ့ ကောင်လေးဆီကို သူ့သူငယ်ချင်း၃ယောက်ဟာ ဖုန်းအဆက်အသွယ်မရတာနဲ့ စိတ်ပူပြီးလိုက်လာရာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ ဒီလိုလိုက်လာရာကနေပဲ ကံဆိုးမိုးမှောင်ကျပြီးတော့နာနာဆိုတဲ့ကောင်မလေးကစတင်ပြီး ဇွန်ဘီဖြစ်သွားရာကနေ သူငယ်ချင်း၃ယောက်လုံး အချင်းချင်းကိုက်ကြပြီးဇွန်ဘီတွေ ဖြစ်လို့သွားပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဇွန်ဘီတွေက ကြီးစိုးလာပြီး လူသားတွေကိုကျွန်ပြုရာကနေ နောက်ပိုင်းမှာ ဇွန်ဘီတွေ ဘယ်လိုဖြစ်သွားမလဲ …….. ဇွန်ဘီတွေကို လိုက်လံနှိမ်နင်းနေတဲ့ ဇွန်ဘီသတ်သမားနဲ့ ဇွန်ဘီသူငယ်ချင်းအုပ်စု ဘာတွေဆက်ဖြစ်ကြမလဲ ….ဆိုတာတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo တိုပဲဖြစ်ပါတယ်...
Jackson Bazaar Youth (2023) ⭐IMDB: 6.0/10 (412 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 50 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jackson Bazaar Youth (2023) “မြွေပူရာကင်းမှောင့်” IMDb – 6.0/10 အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကိုရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်းစကားပြောအိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျက်ဆန်ဘက်ဇာဆိုတာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ပေမဲ့မြေကွက်နာမည်ပေါက် မရကြသေးတဲ့ ရပ်ကွက်လေးတစ်ခု။အဲဒီရပ်ကွက်မှာပဲ ဂျက်ဆန်ဘက်ဇာဆိုတဲ့ ယူကျုချန်နယ်ဖွင့်ထားပြီးဘုရားကျောင်းပွဲတော်တွေမှာ ထရမ်းပတ်တီးမှုတ်ဖျော်ဖြေတဲ့ အဖွဲ့လေးလည်းရှိတယ်။ ရပ်ကွက်ထဲမှာ ဖြစ်သမျှကို ဒိုင်ခံဖြေရှင်းပေးနေကြတဲ့သူတွေဆိုလည်းဟုတ်ပေါ့။ရပ်ကွက်ကိုပေးနေတဲ့ရေက လာလိုက်မလာလိုက်ဖြစ်နေလို့ သောကများနေကြရတဲ့အထဲမှာဟိုက်ဝေးလမ်းမကြီးဖောက်ဖို့ ရပ်ကွက်ဖယ်ပေးရမယ်လို့ သတင်းရာကစရဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းရဖို့ ပြဿနာကြီးပေါ်လာခဲ့ချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ပဲဖြစ်ပါတယ်)...
Desperate Sniper (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အန္တရာယ်တွေကို ကာကွယ်မယ့်ကြေးစား ဝံပုလွေနက် အဖွဲ့လေးအကြောင်း ရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်နော်… သာမန်ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ တိုက်ရည်ခိုက်ရည်ပဲကွဲပြားသွားသူတွေ စုပြီး ဖွဲ့စည်းထားတဲ့ ဝံပုလွေနက်ကြေးစားအဖွဲ့ဟာ မစ်ရှင်တွေ တာဝန်တွေကို အခကြေးငွေဖြတ်ပြီး လက်ခံနေတာပေါ့… ဇာတ်လမ်းအစမှာဆို မှောင်ခိုလူကုန်ကူးတဲ့ဆီကတောင်ဓားစာခံ ပြန်ပေးဆွဲခံရသူကို ကယ်တင်ခဲ့တာပေါ့…ဒီလိုတော်လွန်းတဲ့အဖွဲ့ကို ကြေးအများကြီးနဲ့ ဟယ်ရီဆိုတဲ့လူတစ်ယောက်က ဆေးတစ်မျိုးကို ပို့ဆောင်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်… ပို့ရမှာကတော့ ချာချိုင်ဗိုလ်ချုပ်ရဲ့ တပ်စခန်းမြေကိုပေါ့…ဒီလောက်ရိုးရှင်းတဲ့ အလုပ်ကို အခကြေးအများကြီးပေးထားတာတော့ စဉ်းစားစရာပဲပေါ့လေ…ဒါပေမယ့် တစ်ဖက်မှာ ဒီဗိုလ်ချုပ်ကို လုပ်ကြံနေတဲ့ပြောက်ကျားတပ်လည်း ရှိနေတော့ သူရန်ကြောက်လို့လည်း ဖြစ်နိုင်တာပါပဲ… ဒီတော့ ဝံပုလွေနက်အဖွဲ့ ဒီမစ်ရှင်ကို အောင်မြင်မှာလား…ပြောက်ကျားအဖွဲ့က ဘယ်သူတွေလဲ…သူတို့ပို့တဲ့ ဆေးကရော ဘာဆေးလဲ…ဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ်...
Mystery of Error (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာလည်း နန်းတွင်းကားတွေကို ကြိုက်နှစ်သက်ဆဲပရိသတ်ကြီးအတွက်နန်းတွင်းဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ လက်ရှိတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့မင်းကြီးဖြစ်သူကျိုးစူးဝမ်ကို သူ့ရဲ့ဦးရီးတော်ဖြစ်တဲ့ ကျိုးတိက ပုန်ကန်ဖို့လုပ်ခဲ့ပြီးတော့နန်းမြို့တော်ကိုဝိုင်းကာ အတင်းအညံ့ခံခိုင်းခဲ့ပါတယ် ။ ဒီလိုတွေဖြစ်မှာကိုကြိုသိခဲ့တဲ့ အရင်မင်းကြီးက သူ့သားတော်ကိုဒီလိုအခက်အခဲတွေကလွတ်အောင် အစီအစဉ်အချို့ချမှတ်ပေးခဲ့ပါတယ် ။သူ့ရဲ့လူယုံတော်ဝမ်ယင်းကို မျက်နှာပြောင်းလဲခြင်းအတတ်နဲ့ဝမ်းယင်းရဲ့တပည့် ဟူယန်နဲ့သားတော်ကျိုးစူးဝမ်တို့ရဲ့မျက်နှာကိုလဲလှယ်စေခဲ့ပါတယ် ။ သားတာ်ကို ဦးရီးတော်ကျိုးတိဆီက လက်လံသတ်ဖြတ်မခံရအောင်ဟူယန်ရဲ့မျက်နှာနဲ့ ဆက်လက်အသက်ရှင်စေခဲ့ပါတယ် ။ဒါပေမဲ့ ဘုရင်ဖြစ်သွားတဲ့ ဟူယန်အစစ်ကလည်း ကျူးစူးဝမ်ဆိုတဲ့သရုပ်နဲ့အတူ ပုန်ကန်ဖို့ကြိုးစားလာချိန်မှာတော့ကျိုးစူးဝမ်အစစ်တစ်ယောက် ဟူယန်ဆီကနေ လုပ်ကြံခံရပါတော့တယ် ။ အဲဒီလုပ်ကြံမှုကြောင့် သေမလိုဖြစ်သွားတဲ့ ကျိုးစူးဝမ်ကို ဓားပြမလေးကျန်းရှန်းကယ်တင်ကာ ရွာမှာဖမ်းထားလိုက်ပါတော့တယ် ။ဇာတ်လမ်းထဲမှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် သူ့မျက်နှာနဲ့သူ့နာမည်ဖျက်၊ လုပ်စားနေတဲ့ ဟူယန်ကိုဘယ်လိုချေမှုန်းမလဲ ?ယူယန်မျက်နှာနဲ့သူ့ကို ဘယ်သူကယုံကြည့်ပါ့မလဲ ?ဘုရင်နေရာမှာထိုင်နေတဲ့ ကျိုးတိကိုရောဘယ်လိုကိုင်တွယ်ကြမလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုလိုက်ပါ...
东北狠人沙猩猩 (2024) ⭐TMDB: 10% User Score 🎬 #Action #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှားရှင်းရှင်းဟာ အငိုအဆိုအလွန်ကောင်းတဲ့ ဈာပနာပွဲစီစဉ်သူတစ်ယောက်ပါ။မိဘမဲ့ဖြစ်တဲ့သူဟာ သူငယ်ငယ်ကတည်းကတိတ်တခိုးချစ်ရတဲ့ကောင်မလေးကိုလက်ထပ်ပြီး မိသားစုလေးတည်ဆောက်ဖို့ဟာသူ့အတွက်အိပ်မက်ကြီးဖြစ်ခဲ့တယ်။ ယောက္ခမလောင်ကြီးကယွမ်(၁)သိန်းနဲ့ တင်တောင်းဖို့ပြောလာတဲ့အတွက်ရရာနည်းနဲ့ ပိုက်ဆံရှာဖို့ကြိုးစားတော့တာပေါ့။ အဲဒီအချိန်မှာ ရှန်ထျန်းမင်နဲ့ ရှန်ကျားယီတို့သားအဖဟာ သဲကန္တာရထဲမှာနိင်ငံရတနာရှေးဟောင်းပစ္စည်းတစ်ခုကိုရှာတွေ့သွားတဲ့အချိန်မှာမသမာသူတွေနဲ့ကြုံပြီး အသက်ဘေးကြုံနေရပါတယ်။လျှို့ဝှက်တဲ့လူတစ်ယောက်က ရှန်ကျားယီကို ကယ်လိုက်ပေမယ့်ရတနာပစ္စည်းကိုယူသွားခဲ့ပါတယ်။ အဖေထားခဲ့တဲ့နောက်ဆုံးပစ္စည်းကိုပြန်ယူနိုင်ဖို့အတွက် ရှန်ကျားယီက အဲဒီလူကိုလိုက်ရှာရင်းငွေလိုနေတဲ့ရှားရှင်းရှင်းကို အခကြေးငွေပေးပြီးငှားလိုက်ပါတယ်။ ဒီလိုနဲ့ ရှားရှင်းရှင်းရဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ဘဝကနေပြီးတော့နိုင်ငံ့ရတနာကိုကာကွယ်စောင့်ရှောက်သူသူရဲကောင်းအဖြစ်ပြောင်းလဲသွားမယ့်ဘဝလမ်းခရီးဟာစတင်လိုက်တာပဲဖြစ်ပါတယ်...
Horror Story (2023) ⭐IMDB: 6.2/10 (105 Votes) 🎬 #Drama #Comedy 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 35 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိ ထားပါတယ်။ ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကား ဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့ လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့ လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာ မလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့ အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင် မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုက ဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့ သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးက သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီ အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲ မြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့ လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူး ပြသထားပါတယ်။ တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ် ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေး တစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှု တွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ် ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့ မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲ တကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေး သာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော် အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်း ချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း အလုပ်ရှိအကိုင်ရှိ စီးပွားရေးသမားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရတဲ့အခါမှာတော့ တိုမက်ရဲ့ဘ၀မှာ အလုပ်မရှိအကိုင်မရှိ ပိုက်ဆံမရှိမှုက လက်တွေ့လောကရဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်း စစ်စစ်ဖြစ်နေကြောင်းကို အတွေးတစ်မျိုးနဲ့ရိုက်ကူးတင်ဆက် ထားတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။...
Juliet 2 (2023) ⭐IMDB: 8.2/10 (475 Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 34 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Juliet 2 (2023) ဂျူးလိယက် IMDb-8.2/10 လူတိုင်းရဲ့ဘဝမှာ လက်မလွှတ်နိုင်တဲ့သူကိုယ်စီရှိကြပါတယ်။တချို့တွေလည်း ရင်ထဲကသူ့ကို မေ့မရကြသလို ဂျူးလိယက်တစ်ယောက်လည်းအဖေတစ်ခုသမီးတစ်ခုဘဝမလို့ အဖေဆုံးသွားတာက သူ့ရဲ့ဘဝတစ်ခြမ်းကို ဖဲ့ပေးလိုက်ရသလို ခံစားနေရတာပေါ့။ နေ့ဘက်မှာလည်း မပျော်ရွှင်နိုင် ညဘက်ရောက်တော့လည်း အဖေ့ကိုပဲတမ်းတနေလို့အိပ်ဆေးတွေသောက်နေရတဲ့ဂျူးလိယက်တစ်ယောက် အဖေ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့သူတို့တစ်ချိန်ကအိမ်ဟောင်းကို အပေါင်ပြန်ရွေးဖို့ ထွက်လာခဲ့တာပေါ့။ အလုပ်ကိစ္စမပြီးပြတ်သေးတာကနေ အလုပ်နဲ့ပတ်သက်တဲ့ငွေတွေလည်းပါလာပြီးမိန်းကလေးတစ်ယောက်တည်း နယ်ဘက်ကိုခရီးထွက်လာတာဆိုတော့ မသမာသူတွေရဲ့မျက်စိကျစရာ ပစ်မှတ်ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ V ~ ToMoတို့ပဲဖြစ်ပါတယ်)...
Die Hart (2023) ⭐IMDB: 5.2/10 (4 k Votes) 🎬 #Action #Comedy #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Die Hart the Movie(2023) *********************** ဟာသမင်းသား ကယ်ဗင်ဟာ့ထ်ရဲ့ ဟာသအက်ရှင်ကားအသစ်ထွက်လာပါပြီ။မင်းသမီးကတော့ Game of Thrones ရဲ့ နာမည်ကြီးမင်းသမီး Nathalie Joanne Emmanuel ပါပဲ။ ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ ကယ်ဗင်ဟာ့က ကယ်ဗင်ဟာ့အနေနဲ့ပဲ သရုပ်ဆောင်ထားတာပါ။ ကယ်ဗင်ဟာ ဒဝိန်းသရော့ဂျွန်ဆန်နဲ့အတူ အက်ရှင်ဟီးရိုးရဲ့ တွဲဘက်ဟာသကောင်အနေနဲ့ ဇာတ်ကားတွေအများကြီး သရုပ်ဆောင်ရင်း လက်ရှိအခြေအနေကို စိတ်ပျက်လာပါပြီ။ သူက အက်ရှင်ကားမှာ ဟာသကောင်အနေနဲ့မဟုတ်ဘဲ အတည်အက်ရှင်ဟီးရိုးအနေနဲ့ ရိုက်ချင်တာပါ။ ဒါပေမဲ့ သူ့ကိုဘယ်သူမှ အတည်မမှတ်ကြပါဘူး။ အဲဒီမှာပဲ အက်ရှင်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ ကလောက်ဗန်ဒဗဲဒီက သူ့ကို အက်ရှင်ကားတစ်ကားမှာမင်းသားလုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ မင်းသားလုပ်ဖို့ဆိုရင် အက်ရှင်သင်တန်းတစ်ခုကို အောင်မြင်အောင် တက်ရမယ်လို့ ပြောပါတယ်။ အဲဒီကျောင်းကနေပဲ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်း၊ ဂဲဂဒေါ့တို့လိုလူတွေကို မွေးထုတ်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။ အဲဒီ လျို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဘယ်လိုတွေ တလွဲတွေဖြစ်မလဲဆိုတာကို...
Die Hart (2023) ⭐IMDB: 5.2/10 (4 k Votes) 🎬 #Action #Comedy #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Die Hart the Movie(2023) *********************** ဟာသမင်းသား ကယ်ဗင်ဟာ့ထ်ရဲ့ ဟာသအက်ရှင်ကားအသစ်ထွက်လာပါပြီ။မင်းသမီးကတော့ Game of Thrones ရဲ့ နာမည်ကြီးမင်းသမီး Nathalie Joanne Emmanuel ပါပဲ။ ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ ကယ်ဗင်ဟာ့က ကယ်ဗင်ဟာ့အနေနဲ့ပဲ သရုပ်ဆောင်ထားတာပါ။ ကယ်ဗင်ဟာ ဒဝိန်းသရော့ဂျွန်ဆန်နဲ့အတူ အက်ရှင်ဟီးရိုးရဲ့ တွဲဘက်ဟာသကောင်အနေနဲ့ ဇာတ်ကားတွေအများကြီး သရုပ်ဆောင်ရင်း လက်ရှိအခြေအနေကို စိတ်ပျက်လာပါပြီ။ သူက အက်ရှင်ကားမှာ ဟာသကောင်အနေနဲ့မဟုတ်ဘဲ အတည်အက်ရှင်ဟီးရိုးအနေနဲ့ ရိုက်ချင်တာပါ။ ဒါပေမဲ့ သူ့ကိုဘယ်သူမှ အတည်မမှတ်ကြပါဘူး။ အဲဒီမှာပဲ အက်ရှင်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ ကလောက်ဗန်ဒဗဲဒီက သူ့ကို အက်ရှင်ကားတစ်ကားမှာမင်းသားလုပ်ဖို့ ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ မင်းသားလုပ်ဖို့ဆိုရင် အက်ရှင်သင်တန်းတစ်ခုကို အောင်မြင်အောင် တက်ရမယ်လို့ ပြောပါတယ်။ အဲဒီကျောင်းကနေပဲ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်း၊ ဂဲဂဒေါ့တို့လိုလူတွေကို မွေးထုတ်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။ အဲဒီ လျို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဘယ်လိုတွေ တလွဲတွေဖြစ်မလဲဆိုတာကို...
Die Hart 2: Die Harter (2024) ⭐IMDB: 4.3/10 (1 k Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Action , Comedy , နာမည်ကြီး Comedy Actor တွေဖြစ်တဲ့ Kevin Hart နဲ့ John Sena တို့ရဲ့ Die Hart 2 ဖြစ်ပါတယ်… ဟာသလောကနေအနားယူပြီး တွမ်ခရုစ်လို အက်ရှင် စတားဖြစ်ချင်တဲ့ ကယ်ဗင်ဟတ်အတွက်…စီဂျီအိုင် ဂရင်းစခရင်တွေဆိုတာ စိတ်ပျက်စရာဖြစ်လာတယ်… စတန့်သမားမပါဘဲ အက်ရှင်တွေကို ကိုယ်တိုင်လုပ်မယ်ဆိုပြီး ကယ်ဗင်ဟတ်ဟာ သူ့ရဲ့သစ္စာအရှိဆုံး စတန့်သမားကို အလုပ်ဖြုတ်လိုက်ပါတယ်…. အဲ့ဒီနောက်ကစပြီး သူ့ဘဝမှာ ဂြိုလ်ဆိုးဝင်သလိုဖြစ်ပြီး…. လူဆိုးဂိုဏ်းတစ်ခုက ပြန်ပေးဆွဲတာကို ခံလိုက်ရတယ်… ဒါပေမယ့် သူကိုယ်တိုင်ကတော့ အက်ရှင်ရုပ်ရှင်ရိုက်နေတယ် ထင်ပြီး အလိုက်သင့်နေနေခဲ့တယ်… ဒါပေမယ့် အဖြစ်အပျက်တွေအားလုံးဟာ သူ့ career ကို ပျက်စီးဖို့ကြံနေတဲ့ လူတစ်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ကယ်ဗင်ဟတ်နဲ့ ဂျွန်ဆီးနားတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမယ့် အက်ရှင်ဟာသကားကောင်းလေးဖြစ်ပါတယ်…. ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်...
