ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
What Women Want (2000)
⭐IMDB: 6.4/10 (214 k Votes)
🎬 #Comedy #Fantasy #Romance
🗓️ 2000 🎞️ Movie
📺 #1080p #720p
💿 2.1 GB ⦿ 910.7 MB
🌎 #UnitedStates
⏰ 2 နာရီ 7 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
What Women Want (2000)
~ IMDb – 6.4/10, Rotten Tomatoes – 54% ~
ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။
အဲဒါကတော့” မင်းတို့မိန်းမတွေလိုချင်တာဘာလဲ “ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲMel Gibsonကြီးက သိသွားခဲ့ပါတယ်။
ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။
အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ရရှိသွားပါတော့တယ်။ ဘာအစွမ်းမှ မရှိခဲ့တဲ့အချိန်မှာတောင် စားဘဲကြီး ပတ်လုပ်နေတဲ့ နစ်ခ်တစ်ယောက်ဟာ အစပိုင်းမှာတော့ သူ့အစွမ်းတွေကြောင့် စိတ်ညစ်နေပေမဲ့ အဲဒီအစွမ်းတွေ အားကိုးနဲ့ပဲ ဘယ်လိုတွေ မွှေနှောက်ပြဿနာရှာရင်း ဘယ်လို လှလှပပလေး ဇာတ်သိမ်းသွားမလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားထဲက နစ်ခ်ကတော့ မိန်းမတွေ လိုချင်တဲ့အရာကို ကောင်းကောင်းကြီး သိသွားပါပြီ။ ခင်ဗျားတို့ ကျွန်တော်တို့ကတော့“မင်းတို့ မိန်းမတွေ လိုချင်တာ ဘာလဲ”ဆိုပြီး မေးနေကြတုန်းပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုChuckမှ ပြန်ဆို ရေးသားထားပါတယ်)
Bomma Blockbuster (2022)
⭐IMDB: 8.2/10 (2 k Votes)
🎬 #Action #Bollywood #Comedy #Drama #Romance
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 2.6 GB ⦿ 1.3 GB
🌎 #India
⏰ 2 နာရီ 1 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bomma Blockbuster (2022)IMDb – 8.2/10
ဇာတ်လမ်းအကျဉ်း
ထုတ်လုပ်သူဒါရိုက်တာကြီးတယောက် စူပါစတားမင်းသားတွေ နာမည်ကြီးဒါရိုက်တာတွေသုံးပြီး ရုပ်ရှင်တွေထုတ်နေပေမဲ့ ကားတိုင်း အရှုံးပေါ်နေလို့ စိတ်ညစ်နေတယ်။ဝက်ဝက်ကွဲအောင်မြင်ပြီး ရုံတင်ငွေတွေသောက်သောက်လဲရမဲ့သာမာန်သရုပ်ဆောင်တယောက် သာမာန်ဒါရိုက်တာတယောက်ကို စတားဖြစ်သွားစေမဲ့ဇာတ်လမ်းတပုဒ်ကို လိုချင်နေတဲ့အချိန် မတော်တဆမှုတခုကနေ ရလာတဲ့ဇာတ်ညွှန်းတပုဒ်ကို ဖတ်မိခဲ့တယ်။
အဲဒီဇာတ်ညွှန်းက တံငါရွာလေးတရွာက ရုပ်ရှင်ဇာတ်ညွှန်းတွေ တအားရူးသွပ်တဲ့ ရာဂျူးရဲ့ ဇာတ်ညွှန်း။သူ့ဘ၀ဇာတ်လမ်းကို ရုပ်ရှင်ဆန်အောင်ကို နေပြီးမှ ရေးထားတဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိဇာတ်လမ်း။တနေ့မှာ သူအရမ်းကြိုက်ရတဲ့ ဒါရိုက်တာကိုယ်တိုင်ရိုက်ပေးရမယ်ဆိုပြီး အိပ်မက်တွေနဲ့ ရာဂျူးရဲ့ဇာတ်ညွှန်း။
အဖေဖြစ်သူရဲ့ ထောက်ခံအားပေးမှုနဲ့ ဇာတ်ညွှန်းရေးနေတဲ့ ရာဂျူးတယောက် အဖေဆုံးတဲ့အခါညီမဖြစ်သူနဲ့အတူ သူ့ဇာတ်ညွှန်းကို အဆုံးသတ်အောင်ဖန်တီးနိုင်မှာလား။လက်တွေ့ဘ၀ထဲမှာရုပ်ရှင်ဆန်အောင် တမင်ဖန်တီးပြီး လုပ်တတ်တဲ့ ရာဂျူးတယောက် သူ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်လိုက်ကြရအောင်ဗျ။(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ chiclon3,Sai,Thaik Sanတို့ပဲဖြစ်ပါတယ်)
Nefarious (2023)
⭐IMDB: 6.3/10 (7 k Votes)
🎬 #Horror #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 969.9 MB ⦿ 456.9 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nefarious (2023)
တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့်Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက်ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင်ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် သေသွားတာကြောင့်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေါက်တာ ဂျိမ်းစ်မာတင်ကို သေဒဏ်ချဖို့ အချိန်မတိုင်ခင် ထောင်ဆီ လွှတ်လိုက်ပါတယ်။ဒီလိုနဲ့ ဂျိမ်းစ်လည်း လူသတ်သမားနဲ့ နှစ်ယောက်တည်း စကားပြောကြည့်တဲ့အခါမှာ အက်ဝါ့ဒ်က သူဟာ လူမသတ်ခဲ့ကြောင်းသူ့ကို နာဖာရီးယားမက်စ်ဆိုတဲ့ နတ်ဆိုးက ပူးကပ်ပြီး လူတွေကို သတ်ခဲ့တာဖြစ်ကြောင်း ပြောလာပါတယ်။တကယ်ပဲ အက်ဝါ့ဒ်ကို နတ်ဆိုးက ပူးကပ်နေတာလားဒါမှမဟုတ် ရူးသွပ်နေတဲ့ လူသတ်သမားတစ်ယောက်လားဆိုတာကိုဇာတ်ကားအဆုံးထိ မေးခွန်းတွေ များစွာနဲ့ ရင်တထိတ်ထိတ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
Aum Mangalam Singlem (2022)
⭐IMDB: 7.7/10 (192 Votes)
🎬 #Bollywood #Romance #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 2.6 GB ⦿ 1.2 GB
🌎 #India
⏰ 2 နာရီ 45 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aum Mangalam Singlem (2022)*******************************************IMDb – 7.6/10
ငယ်ငယ်ကတည်းကနေ ခင်လာပြီး တတွဲတွဲနေလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်။ချစ်သူတွေဆိုလည်း ဟုတ်။မိဘအသိုင်းအဝိုင်းကလည်း လွပ်လပ်ခွင့်ပေးထားပေမဲ့ နေရင်းနေရင်း ဒီ RS ဆိုတာကြီးကို ငြီးငွေ့လာကြတယ်။
မင်္ဂလာဆောင်မယ်လို့ စီစဉ်ထားရင်းကနေ စင်ဂယ်လ်ဘ၀ဆိုတာဘာလဲလို့ ချစ်သူက မေးလာတဲ့အခါမှာတော့ အလယ်တန်းကျောင်းတက်ကတည်းကတွဲလာတဲ့ သူတို့နှစ်ယောက် စင်ဂယ်လ်ဆိုတာ ဘာလဲ ရေရေရာရာမသိကြပါဘူး။
ဒီတော့ RS ကို Pause လုပ်လိုက်ပြီး စင်ဂယ်လ်လုပ်ကြည့်ကြမယ်ပေါ့။ဇာတ်လမ်းနာမည်ကကို ငါတို့ရဲ့ စင်ဂယ်လ်ဖြစ်ရင်လုပ်မဲ့စာရင်းတဲ့။သူတို့တွေ စင်ဂယ်လ်ဘ၀ကိုပဲ တပ်မက်ပြီး စင်ဂယ်လ်ပဲ လုပ်လိုက်ကြမလား
တယောက်ကိုတယောက် ပြန်တွယ်တာသွားပြီး အသက်ထက်ဆုံးပျော်ရွှင်စွာနေသွားကြလေသတည်းဆိုပြီးပဲ ဇာတ်သိမ်းသွားမလားဆိုတာလေးကိုRS တွေ ချစ်ကြည်နူးတစ်တီတူးကြပုံ စင်ဂယ်လ်ဘ၀ရဲ့ ငြိမ်းချမ်းသာယာပုံတွေကိုနှိုင်းယှဉ်ကြည့်လိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Sai~Thaik San တို့ပဲဖြစ်ပါတယ်)
I Am Not a Serial Killer (2016)
⭐IMDB: 6.2/10 (15 k Votes)
🎬 #Drama #Horror #Thriller #Mystery
🗓️ 2016 🎞️ Movie
📺 #720p #1080p #480p
💿 880.8 MB ⦿ 2.1 GB ⦿ 424.1 MB
🌎 #Ireland #UnitedStates #UnitedKingdom
⏰ 1 နာရီ 43 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I Am Not a Serial Killer (2016)
ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I’m not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။
တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။
အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။
ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ …
Director Billy O’Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Vo Aung Dinပါ။)
You Do You (2023)
⭐IMDB: 4.7/10 (557 Votes)
🎬 #Uncategorized #Comedy #Romance
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.5 GB ⦿ 663.2 MB
🌎 #Turkey
⏰ 1 နာရီ 39 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
You Do You(2023)
*****************
ကိုယ့်ဘဝမှာ ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ။ သူများတွေ ဘယ်လိုပဲပြောနေနေ ဘယ်လိုပဲယူဆဆ၊
ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြကြိုးစားရင်း ပြာပုံထဲကျနေပြန်ရုန်းထနေရမှာပါ။ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခံယူချက်လေးနဲ့ ဖက်ရှင်လောကထဲ လျှောက်လှမ်းချင်တဲ့
အမျိုးသမီးလေး မာဗေ့ဗ်ရဲ့ ဇာတ်လမ်းလေးကိုရိုက်ကူးပြထားတာပါ။မာဗေ့ဗ်ဟာ တီထွင်ဖန်တီးမှုဉာဏ်ရှိပြီး ဖက်ရှင်လောကမှာ အခြေချရပ်တည်ချင်သူလေးပါ။သို့ပေမဲ့ အမေဖြစ်သူကတော့ ရုံးထိုင်အလုပ်တစ်ခုခုကိုအခြေတကျလုပ်စေချင်တာမို့
အလုပ်အင်တာဗြူးတွေခဏခဏဖြေခိုင်းပါတယ်။ဖြေခိုင်းတိုင်းလည်း မာဗေ့ဗ်တစ်ယောက် အမေ့ရဲ့ဘီဒိုကြီးထဲက အဝတ်အစားလှလှတွေထုတ်ဝတ်သွားပြီး
အင်တာဗြူးကို ကျအောင်ဖြေလေ့ရှိပါတယ်။ တကယ့်သမီးအလိမ္မာလေးပါပဲ။မာဗေ့ဗ်ရဲ့ အမေဖြစ်သူဟာ တစ်ချိန်က ထိတ်ထိတ်ကြဲ နာမည်ကြီးသတင်းထောက်ပါ။
သိတဲ့အတိုင်းအပင်မြင့်လေ လေတိုက်လေဆိုတော့ ကြိတ်ပြီးမုန်းနေတဲ့ရန်ဖက်တွေလည်းရှိတာပါပဲ။ဒီလိုနဲ့ တစ်နေ့ကျတော့ အဲ့ဒီရန်ဖက်ဖြစ်သူဟာ အကွက်ကျကျစီစဥ်ပြီး မာဗေ့ဗ်တို့မိသားစုကို လမ်းဘေးရောက်အောင်ကြံပါတော့တယ်။မာဗေ့ဗ်တစ်ယောက် ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ၊ ဒီရန်ဖက်ဆိုသူကရောဘယ်သူလဲ၊
ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကိုလူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ လိုက်ပါကြည့်ရှုလို့ရမယ့် Comedy Romanceကားလေးတစ်ကားပါပဲ။
I Am Not a Serial Killer (2016)
⭐IMDB: 6.2/10 (15 k Votes)
🎬 #Drama #Horror #Thriller #Mystery
🗓️ 2016 🎞️ Movie
📺 #1080p #720p
💿 1.5 GB ⦿ 680.0 MB ⦿ 2.0 GB
🌎 #Ireland #UnitedStates #UnitedKingdom
⏰ 1 နာရီ 43 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I Am Not a Serial Killer (2016)
ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I’m not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။
တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။
အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။
ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ …
Director Billy O’Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Vo Aung Dinပါ။)
Diary of a Fleeting Affair (2022)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Romance #Drama #Comedy
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.7 GB ⦿ 760.5 MB
🌎 #France
⏰ 1 နာရီ 40 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Diary of a Fleeting Affair(2022)
*****************************
ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီမွန်ဆိုတဲ့ လိင်စိတ်မပြည့်ဝတဲ့အိမ်ထောင်သည်တစ်ယောက်ဟာသူ့မိန်းမမသိအောင်ဖောက်ပြန်ချင်ပါတယ်၊ ဒါပေမယ့် ဖောက်ပြန်ခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် သူ့ဘဝပျက်နိုင်တယ်ဆိုတာကိုလည်း သူသိထားပါတယ်၊
တစ်နေ့ပါတီတစ်ခုကအပြန်မှာ ရှားလော့တ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဆီက ဖုန်းနံပါတ်ကိုရခဲ့တယ်၊ နောက်နေ့မှာသူ့ကိုဖုန်းဆက်ပြီးဆိုင်တစ်ဆိုင်မှာချိန်းလိုက်တယ်၊ သူ့ဘဝအကြောင်း သူ့မိသားစုအကြောင်းတွေ
သူ့မိန်းမ မသိအောင်အခြားတစ်ယောက်နဲ့အတူနေတာသူ့အတွက်စိတ် မလုံခြုံကြောင်း၊ သူနဲ့အတူအိပ်တဲ့မိန်းမတွေသူ့ကိုလာပြီတွယ်ကပ်နေမှာကို
ကြောက်တဲ့အကြောင်းတွေ အကုန်ပြောပြလိုက်တယ်၊ရှားလော့တ်ကလည်း သူ့အတွက်လိင်ကိစ္စတစ်ခုသာလိုအပ်ကြောင်း အခြားအကြောင်းတွေကို
စိတ်မဝင်စားကြောင်းပြောပြလိုက်တယ်၊နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဆက်ဆံရေးဟာ လိင်ကိစ္စတစ်ခုတည်းအတွက်သာဖြစ်ကြောင်း
သဘောတူညီမှုရသွားတယ်၊ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ပျော်ပါး နေရင်းနဲ့ အနေတွေကြာလာတော့
နှစ်ဦးသားသဘောတူထားတဲ့စည်းကိုကျော်လွန်လာတဲ့အခါမှာတော့ ……..
Never Have I Ever (2020-2023)
⭐IMDB: 7.9/10 (66 k Votes)
🎬 #Comedy #Drama
🗓️ 2020-2023 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 32 မိနစ် 20 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Never Have I Ever (S1+S2+S3)Season 4File size…(700 MB)/(320 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….0o:30:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Kite (2014)
⭐IMDB: 4.4/10 (6 k Votes)
🎬 #Action #Crime #Thriller #Drama
🗓️ 2014 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 499.2 MB
🌎 #SouthAfrica #Mexico #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကောင်မလေးတစ်ယောက်ကို မှောင်ကုပ်နေတဲ့
တိုက်ခန်းဟောင်းတစ်ခုကိုခေါ်လာရာကနေဇာတ်လမ်း
စထားတယ်။
ကောင်မလေးကြည့်ရတာလဲ စိတ်နဲ့လူနဲ့မကပ်သလိုပဲ.
အဖွားကြီးတစ်ယောက်ကတော့ ခေါ်လာတဲ့ယောကျာ်းကို
ဒီလိုမိန်းကလေးတွေမခေါ်လာဖို့ ပေါက်ပေါက်ဖောက်နေတုန်း
ခုနကကောင်မလေးလက်စွမ်းပြလိုက်တာ အဲ့ကောင်သေပါ
လေရော. အဲ့ကောင်မလေးနာမည်က ဆာဝါ.လှလှပပနဲ့
ချစ်စရာကောင်းပေမယ့် သူ့ဘဝဇာတ်ကြောင်းကတော့
မလှပနိုင်ဘူး. သူ့မိဘနှစ်ယောက်စလုံးက ငယ်ငယ်ကတည်းက
အသတ်ခံလိုက်ရတာ. လက်စားပြန်ချေဖို့ သတ်ခဲ့တဲ့တရားခံ
ကို ပြန်ရှာရင်းနဲ့ငယ်ဘဝကအကြောင်းတွေကိုသိလာရတဲ့အခါမှာတော့…
အလကားနေMFလို့အမြဲဆဲနေတဲ့ ကျွန်တော်တို့ရဲ့
Samuel L Jacksonကြီးပါဝင်သရုပ်ဆောင်ထားတဲ့
ဇာတ်ကားဖြစ်လို့ ကြည့်လို့ကောင်းမှာအသေအချာဆိုတာတော့
ပြောနေစရာမလိုလောက်ဘူးထင်ပါတယ်.
Action .Thriller အမျိုးအစားဖြစ်ပြီး ၁နာရီခွဲကြာမြင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
The Double (2011)
⭐IMDB: 5.9/10 (31 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 2.1 GB ⦿ 712.9 MB
🌎 #UnitedStates #UnitedArabEmirates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hachi A dog’s tale, Unfaithful, Pretty Woman
Runaway Brideစသဖြင့်ကားတွေအပြင် 90s born
တို့ရဲ့အသည်းစွဲဖြစ်တဲ့ မင်းသားကြီး Richard Gereရဲ့action
ဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ပေါလ် ရှာပတ်ဆန်ဆိုတာကတော့ CIAကအငြိမ်းစား
ယူထားတဲ့အေးဂျင့်တယောက်ပါ။ အမေရိကန်နဲ့ရုရှားတို့
အကြားဆက်ဆံရေးတင်းမာလာချိန်မှာပဲ ရုရှားနဲ့မကင်းတဲ့
အမေရိကန်လွှတ်တော်အမတ်တစ်ယောက်ကို ရုရှားလုပ်ကြံ
သတ်ဖြတ်ရေးသမားကသတ်ဖြတ်တာကိုခံခဲ့ရပါတယ်။
ဒီလုပ်ကြံသတ်ဖြတ်မှုက ပေါလ် လွန်ခဲ့တဲ့နှစ်၂၀ကဖမ်းဆီးလို့
မရနိုင်ခဲ့တဲ့ဆိုဗီယက် လူသတ်သမား ကက်ရှီးယပ်စ်ဆိုသူရဲ့
လက်ချက်နဲ့ဆင်တူနေတဲ့အတွက် ကက်ရှီးယပ်စ်အမှုကိုအထူး
လေ့လာသူဖြစ်တဲ့ FBIအေးဂျင့် ဘန် ဂီရီနဲ့လက်တွဲပြီးအဖြေ
ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူတို့ဒီလိုရှာဖွေနေရင်းမှာပဲ
တွေ့ရှိလာရတဲ့လျှို့ဝှက်ချက်တွေက တယောက်နဲ့တယောက်
သံသဃတွေ၀င်လာစေခဲ့ပါတယ်။ ပေါလ်ရဲ့ကက်ရှီးယပ်စ်နဲ့
အတိတ်နောက်ကြောင်းတွေကဘာတွေလဲ။
ဘန်ကလည်း ဘာ့ကြောင့် ကက်ရှီးယပ်စ်အကြောင်းကို
ဒီလောက်စွဲလမ်းနေရတာလဲ။
သူတို့နှစ်ယောက်စလုံးရဲ့ လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။
အဆုံးမှာတရားခံအစစ်ကဘယ်သူဖြစ်မလဲဆိုတာကို
The Double ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျ။
Rufus (2012)
⭐IMDB: 6.2/10 (1 k Votes)
🎬 #Drama #Horror
🗓️ 2012 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 464.2 MB
🌎 #Canada
⏰ 1 နာရီ 51 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rufus (2012)
နယ်မြို့လေးတစ်မြို့ကို ရူဖက်စ်ဆိုတဲ့ကောင်လေးတစ်ယောက် အဘွားကြီးတစ်ယောက်နဲ့အတူရောက်လာပါတယ်။ နောက်တော့ အဘွားကြီးဟာ ဒီထပ်ဝေးဝေးမသွားနိုင်တော့ဘူးပြောပြီး ကားရှေ့တက်ပြီး အသေခံသွားပါတော့တယ်။
ထူးခြားတာက ဒီအဘွားရဲ့အသက်ဟာ ၁၀၇နှစ်ရှိနေပြီဖြစ်ပြီး ကောင်လေးကတော့ အဲ့ထက်အသက်ပိုရှည်ပါတယ်။ ဆိုတော့ ကောင်လေးကဘာလဲပေါ့? ဘာသတ္တဝါလဲ?သွေးစုပ်ဖုတ်ကောင်လိုပဲ အသွေးအသားကြိုက်တဲ့ အမူအကျင့်၊ မအိုတဲ့ခန္ဓာကိုယ် ရှိနေပေမယ့် နေရောင်ထဲလည်းသွားနိုင်နေပါတယ်။
ဒီတော့ မြို့တစ်မြို့ကို အသိမရှိ၊ အဖော်မရှိနဲ့ ရောက်လာတော့ မြို့ကရဲမှူးကသာခေါ်ထားရတာပေါ့။ သူရောက်လာပြီးနောက်မှာ မြို့ငယ်လေးထဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Horror, Drama ကားလေးထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ရအောင်နော်။
Horror ဆိုပေမယ့်လည်း အထိတ်တလန့်ပုံစံမျိုးမဟုတ်ဘဲ လူငယ်အချစ်၊ မိသားစုအချစ်ကို ပိုရိုက်ကူးပြထားတာမျိုးတွေ့ရမှာပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
Straw Dogs (2011)
⭐IMDB: 5.8/10 (35 k Votes)
🎬 #Action #Drama #Thriller
🗓️ 2011 🎞️ Movie
📺 #1080p #720p
💿 2.0 GB ⦿ 828.7 MB
🌎 #UnitedStates
⏰ 1 နာရီ 50 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1971 က နာမည်တူဇာတ်ကားကိုပဲ ပြန်လည်ဖန်တီးထားတဲ့
သည်းထိပ်ရင်ဖို ဒရာမာဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေး
ချင်ပါတယ်။
The Legend of Tarzan The Northman စတဲ့ဇာတ်ကားတို့နဲ့
နာမည်ကြီးလာခဲ့တဲ့Skarsgård မိသားစု၀င်တယောက်ဖြစ်တဲ့
Alexander Skarsgårdနဲ့ Hairspray, Sonic the
hedgehog, Enchantedစသဖြင့် ကျရာဇာတ်ကောင်
အတော်များများမှာသရုပ်ဆောင်နိုင်တဲ့James Marsdenတို့က
ပါ၀င်သရုပ်ဆောင်ထားပါတယ်။
ဘလက်ဝါးတား မစ္စစပီဆိုတာက အမေရိကန်နိုင်ငံရဲ့
တောင်ဘက်ကမြို့လေးတမြို့။ Redneck လို့ခေါ်ကြတဲ့
ရှေးရိုးစွဲလူဖြူတွေအများစုနေထိုင်ကြတယ်။ဒီနေရာကို
ပြောင်းလာတာက ဒေးဗစ် ဆန်မနာဆိုတဲ့ရုပ်ရှင်စာရေးဆရာနဲ့
မင်းသမီးငယ်ငယ်ချောချောလေး အေမီ ကိတ်စ်တို့လင်မယား
နှစ်ယောက်ပါ။အေမီကိတ်စ်ရဲ့ဇာတိဖြစ်တဲ့ဘလက်၀ါးတား
မြို့လေးကလူတွေကအပြင်လူကိုသိပ်ပြီး မကြိုဆိုတတ်သလို
မြောက်ပိုင်းကလာတဲ့သူဌေးလိုလိုပညာတတ်ဆရာကြီးတွေ
ကိုကြည့်မရဘူး။ ဒီလိုအချက်တွေနဲ့သွားညီနေတဲ့ဒေးဗစ်
တယောက်က မြို့ရဲ့အချောလေး အေမီကိုမှပိုင်ဆိုင်သွားခဲ့
တော့မျက်စိစပါးမွှေးစူးစရာဖြစ်နေခဲ့တယ်။အထူးသဖြင့်
ကတော့ ချာလီဆိုတဲ့အေမီရဲ့ရည်းစားဟောင်းနဲ့သူ့ရဲ့
သူငယ်ချင်းလက်သမားအဖွဲ့နဲ့ တွန် ဟက်ဒွန်ဆိုတဲ့
ဘုကလန့်အရက်သမားနည်းပြဟောင်းတို့ရဲ့မျက်စိထဲမှာပါပဲ။
ဒီခပ်ထန်ထန် ဘီယာလက်ကမချ သေနတ်တကားကားနဲ့
သူ့ကိုကြည့်မရတဲ့မြို့ခံတွေအကြား မြို့သားကြီးဒေးဗစ်
တယောက်ဘယ်လိုရှင်သန်ရမလဲ။ သူတို့ကိုမကြိုဆိုတဲ့ဒီမြို့
မှာသူတို့ဆက်ရောနေသင့်ရဲ့လား။ချာလီရဲ့ အေမီအပေါ်
မပြတ်နိုင်သေးတဲ့ မျက်၀န်းတွေအောက်နဲ့ဒေးဗစ်နဲ့အေမီတို့ရဲ့
ခပ်တင်းတင်းအိမ်ထောင်ရေးတို့အကြားဘယ်လိုဆက်ဖြစ်ဦးမှာလဲ။
သူတို့သုံးယောက်ရဲ့အရှုပ်တော်ပုံတွေက နောက်ဆုံးမှာတော့
ဘယ်လိုပြီးဆုံးသွားမလဲဆိုတာကိုStraw dogs ဆိုတဲ့
ဒီဇာတ်ကားလေးမှာရှူစားပေးပါဦး………….
Dabbe 2 (2009)
⭐IMDB: 3.0/10 (3 k Votes)
🎬 #Horror #Mystery
🗓️ 2009 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 471.4 MB
🌎 #Turkey
⏰ 1 နာရီ 21 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားကတော့ Dabbe series တွေထဲမှာ နည်းနည်းလေး
ချာတယ်လို့ ပြောလို့ရတယ်။သို့သော်လည်း သူ့ဟာနဲ့သူတော့ မဆိုးပါဘူး။
Dabbe ကားတွေ series လိုက်ရှိပေမယ့် ဒီကားကတော့
Dabbe ဆိုတဲ့ နာမည်နဲ့ အလိုက်ဆုံးပဲ။
ဒီဇာတ်ကားတွေအရ Dabbe ဆိုတာ ကုရ်အာန် ကျမ်းစာထဲက
ကမ္ဘာပျက်ကိန်းကြီးပေါ့။ ကမ္ဘာပျက်ကိန်းဆိုက်ရောက်တဲ့အခါ Dabbe
ဆိုတဲ့ သတ္တဝါကြီးဟာ တစ်ကမ္ဘာလုံးကို သူ့ကွန်ရက်တွေနဲ့ ရစ်ပတ်ပြီး
အိမ်တိုင်းကို ဝင်ရောက်လိမ့်မယ်လို့ (ဒီကားအရ) ကုရ်အာန်ထဲမှာ
ဆိုထားတယ်။တွေးကြည့်လေ။တစ်ကမ္ဘာလုံးကို ရစ်ပတ်ထားတဲ့
ကွန်ရက်ကြီး ။ကမ္ဘာ့ကွန်ရက်ကြီး ။ World Wide Web ။ www. အင်တာနက်
အင်တာနက်ပေါ်ပြီးနောက်မှာ ကျွန်တော်တို့ ဘဝတွေဟာ တစ်ဆစ်ချိုး
ပြောင်းလဲသွားတယ်။အင်တာနက်ပေါ်ကနေ တစ်ဦးနဲ့ တစ်ဦး
အမုန်းစကားတွေ ဖြန့်ကြတယ်။စကားလုံးတွေနဲ့ ခြိမ်းခြောက်ကြတယ်။
စိတ်တွေကို အဆိပ်ခပ်ကြတယ်။Internet ပေါ်က negative comments
တွေကြောင့် ကိုယ့်ကိုကိုယ် သတ်သေသူတွေတောင် ဒုနဲ့ ဒေးပဲ။
ဒီကားထဲမှာတော့ အင်တာနက်ပေါ်လာပြီးနောက် ကမ္ဘာပျက်ကိန်းနဲ့
ကြုံရတဲ့ မိသားစုတစ်စုအကြောင်းကို Horror အနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။
Vacation (2015)
⭐IMDB: 6.1/10 (117 k Votes)
🎬 #Uncategorized #Comedy #Adventure
🗓️ 2015 🎞️ Movie
📺 1080p #720p
💿 849.6 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။
ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။
မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။
ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။
ဒါ့အပြင် Thor မင်းသား Chris Hemsworthပာဝင်ပြောင်ထားပာသေးတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာ
မိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။
လမ်းတျောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးထဲထိကိုမပြီးပါဘူး။
အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)
97 Minutes (2023)
⭐IMDB: 3.6/10 (408 Votes)
🎬 #Thriller #Action
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.0 GB ⦿ 570.7 MB
🌎 #UnitedKingdom #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
97 Minutes (2023)
လေယာဥ်ပြန်ပေးဆွဲကားကောင်းကောင်း ကြည့်ချင်သူများအတွက်“97 Minutes” ဆိုတဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ခရီးသည်လေယာဥ်တစ်စီးကို အကြမ်းဖက်တွေက စီးနင်းထားပြီး ဒီလေယာဥ်မှာလဲ လောင်စာက ၉၇ မိနစ်စာပဲကျန်ပါတယ်။အကြမ်းဖက်တွေကလဲ ဘာမှဆက်သွယ်တောင်းဆိုချက်မျိုးမလုပ်ဘဲ လေယာဥ်ကိုသာထိန်းချုပ်ထားတဲ့အခါ သူတို့ရည််ရွယ်ချက်ကဘာလဲ။မြေပြင်မှာလဲဒီကိစ္စကိုလှမ်းဖြေရှင်းမယ့် NSA ကဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကြားမှာသဘောထားကွဲလွဲမှုတွေကရှိနေတော့ ခရီးသည်တွေရဲ့ကြမ္မာကဘယ်လိုဖြစ်မလဲ။ခရီးသည်တွေအတွက် အခွင့်အရေးလေးတစ်ခုရှိနေတာကတော့အကြမ်းဖက်တွေကြားမှာ အသွင်ယူထားတဲ့အေးဂျင့်တစ်ယောက်ရှိနေတာပါပဲ။ဒါပေမဲ့ဒီအေးဂျင့်တစ်ယောက်ထဲလဲ ကျန်တဲ့သူအားလုံးကိုနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။
ဒီ ၉၇ မိနစ်အတွင်းမှာ ဒီပြသနာအားလုံးကိုဖြေရှင်းလို့ရနိုင်မလားအကြမ်းဖက်တွေရဲ့ရည်ရွယ်ချက်ကဘာလဲခရီးသည်တွေရဲ့ကြမ္မာကရောဘယ်လိုဖြစ်မလဲဆိုတာplot twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ mystery ဇာတ်လမ်းကောင်းပါပဲ
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။
Ali & the Queens (2021)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Comedy #Drama
🗓️ 2021 🎞️ Movie
📺 #1080p #720p
💿 1.8 GB ⦿ 747.0 MB
🌎 #Indonesia
⏰ 1 နာရီ 41 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အာလီဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ မိဘတွေရဲ့
သဘောထားမတိုက်ဆိုင်မှုကြောင့် ငယ်ငယ်ကတည်းက
မိတဆိုးလေး ဖြစ်ခဲ့ရပြီး ဆွေမျိုးတွေက ချစ်ခင်
ကြည့်ရှုပေးခဲ့ပေမယ့် မိခင်မေတ္တာကို လိုအပ်တောင့်တ
နေခဲ့ရပါတယ်.
တစ်နေ့မှာ ဖခင်ဆုံးပါးသွားပြီး. အမေက သူထင်ထားသလို
မသေခဲ့ဘဲ သူ့အတွက် လေယာဉ်လက်မှတ် တစ်စောင်ထားခဲ့ပြီး
သူနဲ့လည်း အတူရှိချင်တဲ့သူဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့.
အရာအားလုံးကို နောက်ချန်ထားပြီး. မေတ္တာလေး တစ်စွန်း
တစ်စ ရလိုရငြားစိတ်နဲ့ အင်ဒိုးနီးရှားကနေ နယူးယောက်အထိ
တစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်.
သူ့အတွက်တော့ အမေနဲ့တွေ့ရဖို့က ဦးစားပေးဖြစ်ခဲ့ပေမယ့်
ထင်ထားသလို ဖြစ်မလာခဲ့ဘဲ အမေနဲ့တွဲဖက်ဟောင်း အင်ဒိုနီးရှား
အမျိုးသမီးကြီးတွေနဲ့ တွေ့ပြီး အဖွဲ့ကျသွားပါတော့တယ်..
ဘဝမှာ တစ်ခါတစ်လေကျရင် မထင်မှတ်ထားတာတွေလည်း
ဖြစ်လာတတ်ပေမယ့် ကျွန်တော်တို့တွေ ချစ်ခြင်းမေတ္တာကို
မထင်မှတ်ထားဆုံးနေရာကလည်း မျှော်လင့်မထားဘဲ
ရရှိတတ်တယ် ဆိုတာကို ဒီ အင်ဒိုနီးရှားစကားပြော ဟာသဒရမ်မာ
ဇာတ်ကားလေးမှတစ်ဆင့် တင်ဆက်ပေးလိုက်ရပါတယ်.
Buddy Games (2019)
⭐IMDB: 4.8/10 (8 k Votes)
🎬 #Comedy
🗓️ 2019 🎞️ Movie
📺 #1080p #720p
💿 1.8 GB ⦿ 770.9 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Buddy Games (2019)
အခုမိတ်ဆက်ပေးမယ့် Buddy Games ဆိုတဲ့ ဇာတ်ကားလေးကတော့ အချစ်ဆုံးသူငယ်ချင်း ပေါက်ဖော်လေးယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။
Buddy Games ဆိုတဲ့အတိုင်း သူတို့လေးယောက်က မိတ်ဆွေဖြစ်ဂိမ်းကို ငယ်ငယ်ကတည်းကနေ ကြီးကောင်ကြီးမား လူလတ်ပိုင်းရောက်တဲ့အထိကို ကလေးတွေလို ပျော်ပျော်ပါးပါးဆော့ကစားခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နှစ်မှာ ဒီဂိမ်းလေးကိုဆော့နေရင်း ဘန်ဒါလို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်ထဲကတစ်ယောက်က နောက်တစ်ယောက်ဖြစ်တဲ့ ရှယ်လီဆိုသူကိုစနောက်ရင်း စိတ်ဆိုးသွားပြီး သူ့ကို သေနတ်အတုနဲ့ ပစ်လိုက်ရာကနေ ပြဿနာတွေတက်ပြီး ဇာတ်လမ်းလေးက အကြောင်းဖန်လာပါတော့တယ်။
ဒီဇာတ်ကားလေးက အရမ်းကိုပျော်ဖို့ကောင်းပြီး အခုလိုမေတ္တာတရားတွေခေါင်းပါးလာတဲ့ မျက်မှောက်ခေတ်ကြီးမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ သူငယ်ချင်းစိတ်ဓာတ်ကို ကွက်ကွက်ကွင်းပေါ်လွင်အောင်ရိုက်ပြထားပေးတဲ့ ဟာသပေါကားလေးတစ်ကားဖြစ်လို့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)
Marooned Awakening (2022)
⭐IMDB: 6.5/10 (60 Votes)
🎬 #Drama #Mystery #Thriller
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.3 GB ⦿ 541.9 MB
🌎 #UnitedKingdom
⏰ 1 နာရီ 15 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marooned Awakening (2022)
ဒီကားလေးက ဗြိတိန် Psychological Mystery Thriller အမျိုးအစားကားလေးဖြစ်ပါတယ်။ IMDb Rating အနေနဲ့ 6.8/10 ရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ဆုအနေနဲ့ဆိုရင် ဆုနှစ်ဆုဆွတ်ခူးထားပြီး Nomi တစ်ခု၀င်ထားပါသေးတယ်။
အဲလက်စ်ဆိုတဲ့ကောင်လေးက သူနေတဲ့ကျွန်းကနေထွက်ပြီး ကျွန်းမကြီးမှာ ဂျာနယ်လစ်အဖြစ်နဲ့အလုပ်လုပ်ချင်နေတဲ့သူပါ။ တစ်နေ့တော့ ကံကြမ္မာက မျက်နှာသာပေးလာလို့ အလုပ်ကမ်းလှမ်းခံရပေမဲ့ အလုပ်ကိုရဖို့အတွက်ဆိုရင် ဇာတ်လမ်းကောင်းကောင်းတစ်ပုဒ်လည်းလိုအပ်ပါတယ်တဲ့။ အဲဒါအပြင် အဲလက်စ်ရဲ့အဖေကလည်း သားဖြစ်သူကို ကျွန်းကနေမထွက်သွားစေချင်ပါဘူး။ ဆိုတော့ အဲလက်စ်တစ်ယောက်အနေနဲ့ နောက်ဆုံးမှာဇာတ်လမ်းကောင်းတစ်ပုဒ်ရှာနိုင်မသွားမလား… ကျွန်းကနေထွက်သွားနိုင်မလား… ကြည့်ရတာ မွန်းမွန်းကျပ်ကျပ်နဲ့ စိတ်၀င်စားဖို့ကောင်းပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)
The Blind Side (2009)
⭐IMDB: 7.6/10 (345 k Votes)
🎬 #Biography #Drama #Sport
🗓️ 2009 🎞️ Movie
📺 #1080p #720p
💿 3.2 GB ⦿ 1.2 GB
🌎 #UnitedStates
⏰ 2 နာရီ 9 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Blind Side (2009)
IMDb Rating (7.7) / Rotten Tomatoes (66%)
မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့
ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့်
အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။
American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့
အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့
ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့်
မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။
