ar
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Tarzan (1999) ⭐TMDB: 74% User Score 🎬 #Adventure #Animation #Comedy #Family #Drama 🗓 1999 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၉၉ ခုနစ်က ကာတွန်းကားဆိုပေမယ့် ဇာတ်အိမ် ဇာတ်ကွက် ခိုင်မာပြီး ပရိတ်သတ်တွေရဲ့ရင်ထဲထိ ထိုးဖောက်နိုင်ခဲ့တဲ့ Tarzan ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
...

Wolves (2014) ⭐IMDB: 5.3/10 (11 k Votes) 🎬 #Action #Horror #Fantasy #Romance #Thriller 🗓 2014 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 38 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။ အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်က သူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်း အရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကို ပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စား ဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားကောင်းလေးဖြစ်ပြီး  ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။
...

Veteran (2015) ⭐IMDB: 7.0/10 (8 k Votes) 🎬 #Action #Crime #Family #Comedy #Thriller 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 3 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ဇာတ်ကားကောင်းကောင်းကို အခွီလေးနဲ့ ရောကြည့်ချင်တဲ့လူတွေအတွက် မင်းသား Hwang Jung Min နဲ့ Yoo Ah In တို အပြိုင်သရုပ်ဆောင်ထားတဲ့ Veteran ဇာတ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာ အမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့ ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီး တစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာ ကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့် စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတို အဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူက ဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ သေကြောင်းကြံစည်သွားပါတယ်။ အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကို ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေကြားမှာ စုံထောက်ဒိုချောတိုအဖွဲ အမှန်တရားကို ဖော်ထုတ်ဖိုကြိုးစားကြတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
...

Reservation Road (2007) ⭐TMDB: 65% User Score 🎬 #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica #Germany ⏰ 1 နာရီ 38 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားက ဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီး သူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျ သွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့ အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူး တွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။ အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူး တွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်း ပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန် ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူ ဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာ ဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန် တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာ ဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့က ကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက် ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေ ထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့
...

Left Behind (2014) ⭐IMDB: 3.1/10 (43 k Votes) 🎬 #Action #Fantasy #SciFi #Thriller #ScienceFiction 🗓 2014 🎞 movie 🌎 #Canada #Japan #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Left Behind (2014) မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။ တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လူတွေရုတ်ချည်းဆိုသလို ထပျောက်သွားတာပါပဲ။ သာမန်ဖြစ်ရပ်တွေနဲ့ မတူဘဲ အံ့ဩဖို့ကောင်းတာကတော့ပျောက်သွားတဲ့လူတွေဟာ လူခန္ဓာချည်းပျောက်သွားပြီးတော့ သူတို့ရဲ့အဝတ်အစားတွေကျန်နေခဲ့တာပါပဲ။ ဒီလိုပျောက်ခြင်းမဆုံး ပျောက်ခြင်းတွေဖြစ်ပြီးနောက်ပိုင်း နေရာတစ်ဝှမ်းမှာ မတော်တဆမှုတွေဖြစ် အုတ်​အော်သောင်းနင်တွေ စပြီးဖြစ်လာပါတော့တယ်။ ~ ချီဆောင်ခြင်းအကျဉ်း ~ ခရစ်ယာန်တွေရဲ့ Holy Bible လို့ခေါ်တဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ “Rapture” လို့ခေါ်တဲ့ ချီဆောင်ခြင်းဆိုတာရှိပါတယ်။ ချုံ့ပြောရရင်တော့ AD ခုနှစ် ၃၃ ခုနှစ်ဝန်းကျင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မပြန်ခင်မှာ ကမ္ဘာပေါ်ကို နောက်တစ်ကြိမ်ပြန်ကြွလာမယ်လို့ ပြောသွားပါတယ်။ ကျမ်းစာအတော့ သခင်ယေရှုကမ္ဘာပေါ်ကို ပြန်မကြွလာခင်မှာ ဒီရုပ်ရှင်ထဲက Rapture ဆိုတဲ့ဖြစ်စဉ်ကြီးကဖြစ်လာမှာပါ။ ကျမ်းစာထဲမှာ Rapture ဖြစ်မယ့်အချိန်ကို ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ ခရစ်သက္ကရာဇ်နဲ့အတိအကျ​တော့ မဖော်ပြထားပေမဲ့ Rapture မဖြစ်လာခင်မှာဖြစ်လာမယ့်နိမိတ်တွေကို ဟောကိန်းထုတ်ထားတာတွေရှိပါတယ်။ Covid လို ကာလနာကပ်ဆိုးတွေ၊ ကမ္ဘာပျက်ကပ်နီးကြောင်းပြနေတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ပျက်ကပ်တွေပါသလို အမေရိကန်နဲ့ ရုရှားတို့ တစ်ချိန်မှာ ရန်ဘက်ဖြစ်ပြီး သူတို့ရဲ့မဟာမိတ်တွေအချင်းချင်းနဲ့ ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတဲ့အကြောင်းအပြင် တခြားကြောင်းတွေကိုပါ သမ္မာကျမ်းစာစတင်ပြုစုခြင်းခံရတဲ့အချိန်ကတည်းက ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)
...

Trim Season (2023) ⭐IMDB: 4.6/10 (424 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြား ဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန် တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကို ရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါ သေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကို Trim Season လို့ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်က ဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင် ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူ တစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်း တန်းစီနေတာပါပဲ။ အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီး အိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့ စတင်ထွက်ခွာလာခဲ့ပါတော့တယ်။ စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီး လူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကို ခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေး တွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီး ရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလို သဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ် လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။
...

A Quiet Place (2018) ⭐TMDB: 74% User Score 🎬 #Drama #Horror #SciFi #ScienceFiction 🗓 2018 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Quiet Place (2018) IMDb Rating (7.5) / Rotten Tomatoes (96%) အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။ အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။ တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုသူရပါ) A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=a+quiet+placeကြည့်ပါ။
...

The Heretics (2017) ⭐IMDB: 4.8/10 (2 k Votes) 🎬 #Fantasy #Horror #Thriller 🗓 2017 🎞 movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ Horror နဲ့ Thriller Vibe ကိုအချိုးကျကျ ပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားပါ ဂလိုရီယာ က ငယ်ငယ်တုန်းက ဘာသာရေးအစီအရင်တစ်ခုအတွက် ထူးဆန်းတဲ့လူတစ်စု ပြန်ပေးဆွဲတာ ခံရဖူးပြီး ထရော်မာရနေတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဂျွန်ကတော့ ငယ်ငယ်ကတည်းက အဖေဖြစ်သူနှိပ်စက်တာ ခံရပြီး စိတ်ဒဏ်ရာရနေခဲ့တယ်။ သူတိုနှစ်ယောက်က ဆွေးနွေးပွဲတစ်ခုမှာ တွေ့ခဲ့ကြပြီး ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။ တနေ့မှာတော့ ဂလိုရီယာ က ဂျွန်နဲ့တွေ့ပြီး အပြန်မှာ လူထူးဆန်း တစ်ယောက်ပြန်ပေးဆွဲတာခံရပြီး ပျောက်သွားတယ်။ ဂလိုရီယာကို ပြန်ပေးဆွဲခဲ့ကြတဲ့သူတွေက ဘယ်သူလဲ၊ သူတိုရဲ့ ထူးဆန်းတဲ့ အစီအရင်တွေက ဘာအတွက်လဲ။ ဂျွန်ကရော ဂလိုရီယာကိုပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့…. ထင်မထားရတဲ့ plot twist တွေနဲ့အတူ တစ်ကားလုံး အပိုအလို မရှိအောင်ဆွဲခေါ်သွားနိုင်ပြီး အသည်းတအေးအေး၊ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ (မိသားစုနှင့်အတူကြည့်ရှုရန်မသင့်သော ဇာတ်၀င်ခန်းအချိုပါ၀င်ပါသည်)
...

The Dark Sisters (2023) ⭐IMDB: 4.1/10 (67 Votes) 🎬 #Drama #Horror #Thriller #Mystery 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Channel Myanmar ပရိသတ်ကြီးကို ခု2023 မှာတင် ထွက်ရှိထားတဲ့ “Dark Sisters” နဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဉ်းကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အရင်ကလို နွေးနွေးထွေးထွေးပြန်ဖြစ်ဖို့ကြိုးစားတာကနေ ဇာတ်အိမ်တည် ထားတာပါ….. ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်ကနွေးထွေးမှုတွေပဲ ရှိခဲ့တာမဟုတ်ပဲ ဒဏ်ရာတွေလည်းရှိနေတာပါ အခြားစိတ်လှုပ်ရှား ဖွယ်ရာ ရုပ်ရှင်များနှင့်မတူဘဲ သေဆုံးမှုပတ်ဝန်းကျင်တွင် ရင်တထိတ်ထိတ်ဖြင့် ရင်ဆိုင်ကြုံတွေ့ရသော မိန်းကလေးများ၏ စိတ်ခံစားမှုများကို အမှန်တကယ်ပြသတဲ့ ကားမျိုးပါ။ မိန်းကလေးတစ်ဦးတစ်ယောက်စီရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကို ဖိစီးမှုကြောင့် ဆုံးရှုံးရခြင်းတွေ ရုန်းကန်ပုံတွေကို ဇာတ်ကားမှာ ကောင်းကောင်းမွန်မွန် ဖော်ပြထားတာကိုကြည့်ရှူခံစားရမှာပါ “Dark Sisters” ရုပ်ရှင်က သည်းထိတ်ရင်ဖိုဆန်ဆန် ခြောက်ချားစရာ ဆန်ဆန် ဇာတ်ကားမျိုးကြည့်ရှုလိုသူများအတွက် ရွေးချယ်မှုတစ်ခုပါလို့ပဲ ညွှန်းဆိုလိုက်ရပါတယ်
...

A Quiet Place: Day One (2024) ⭐IMDB: 6.7/10 (43 k Votes) 🎬 #Horror #ScienceFiction #Thriller #Drama #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။ ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အရင်နှစ်ကားကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီး Lupita Nyong’o ကတော့ 12 Years A Slave, Black Panther, Us တို့လို ကားကြီးတွေမှာ ပါဝင်ခဲ့တဲ့သူမျိုး ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်း*************** ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ဆာမီရာဟာ မြို့ထဲကို ပီဇာစားဖို့ နောက်ဆုံးတစ်ခေါက်အဖြစ်ထွက်လာပါတယ်။ အဲဒီအချိန်မှာပဲ အသံထွက်တာနဲ့ လိုက်သတ်တဲ့ ဂြိုလ်သားတွေ ဆင်းလာပြီး ကမ္ဘာစပျက်တော့တာပါပဲ။ အားလုံး လွတ်ရာကို ပြေးဖို့ကြိုးစားနေတုန်းမှာ ဆာမီရာ တစ်ယောက် မသေခင် ပီဇာစားနိုင်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာ မြင်ရမှာပါ။ ထုံးစံအတိုင်း သည်းထိပ်ရင်ဖို အသက်ရှင်ဖို့ ကြိုးစားရတဲ့ စွန့်စားခန်းတွေကို ကြည့်သွားရမှာပါ။ ကြည့်လိုက်ကြပါဦး…. A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=a+quiet+placeကြည့်ပါ။
...

A Quiet Place Part II (2020) ⭐IMDB: 7.2/10 (282 k Votes) 🎬 #Drama #Horror #SciFi #ScienceFiction #Thriller 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Quiet Place Part 2 (2020) IMDb Rating (7.2) / Rotten Tomatoes (91%) Quiet Place 2 လာပါပြီ။ အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။ အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။ အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်း လူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ….။ ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။ A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=a+quiet+placeကြည့်ပါ။
...

Brother Bear (2003) ⭐TMDB: 73% User Score 🎬 #Animation #Adventure #Family 🗓 2003 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရွာတစ်ရွာမှာ ညီအကို ၃ ယောက်ရှိပါတယ် စီကာ နှင့် သူ၏ ညီ နှစ်ယောက် ဖြစ်တဲ့ ဒီနိုင်း နဲ့ ကီနိုင်း တို့ ဖြစ်ကြပါတယ်… သိပ်မကြာခင် အချိန်တွင်းမှာ ကီနိုင်း ဟာ အရွယ်ရောက်လာသော ယောင်္ကျားတစ်ယောက်အဖြစ် မိုးကောင်းကင်က ချပေးသော နိမိတ်ပုံ ကို ရယူရမယ့် ပွဲကို တက်ရတော့မှာပါ… ဒီနိုင်း ကတော့ အရာရာကို ဆင်ခြင်တက်သူ ဖြစ်သော်လဲ ကီနိုင်း ဟာ ငယ်ရွယ်သွတ်လတ်ပြီး လုပ်ချင်ရာကို တဇွတ်ထိုး လုပ်တက်သူ တစ်ဦး ဖြစ်၍ အကိုကြီးဖြစ်သူ စီကာ မှာ ညီဖြစ်သူကို ဘယ်သော အခါမှ စိတ်မချတက်ပါ… တစ်ရက်မှာတော့ သူတို့ ညီအကို သုံးဦး ကြားထဲသို့ ကံကြမ္မာဆိုးကြီး တစ်ခု မဖိတ်ခေါ်ရပဲ နဲ့ ဝင်ရောက်လာခဲ့လေသော အခါ….. (ဒီဇတ်ကားကို ကိုမျိုးမင်းသူသန်းမြင့် မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး ဇတ်ဝင်ခန်း သီချင်းတွေက အစ အားလုံးကို သေချာ ဘာသာပြန်ပေးထားတာ ဖြစ်လို့ ကြည့်ရှုရတာ ခံစားမှု ပိုကောင်းစေမှာပါ)
...

Pixels (2015) ⭐IMDB: 5.6/10 (161 k Votes) 🎬 #Action #Comedy #Fantasy #ScienceFiction #SciFi 🗓 2015 🎞 movie 🌎 #UnitedStates #China #Canada #India #France #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pixels (2015) ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊ ၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့  Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊ သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီး ငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။
...

Brother Bear 2 (2006) ⭐TMDB: 66% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2006 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Brother Bear 2 (2006) IMDb Rating – 6.1/10Rotten Tomatoes – 50% နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။ တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ… နောက်ဆုံးမှာ ခီနိုင်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားမလဲ
...

Reverse the Curse (2023) ⭐IMDB: 6.3/10 (364 Votes) 🎬 #Comedy #Drama #Romance #Sport 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 ထွက် ဒီရုပ်ရှင်ကားလေးကတော့ အဖေနဲ့ သား ဆက်ဆံရေးကို ဘေ့စ်ဘောနောက်ခံလေးနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ Cast တွေကတော့ David Duchovny, Stephanie Beatriz, Logan Marshall-Green တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အဖေနေရာက သရုပ်ဆောင် David Duchovyရဲ့ ဝတ္ထု ကို သူကိုယ်တိုင်ပဲ Direct လုပ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း အနေနဲ့ Marty ဟာ အဆုတ်ကင်ဆာကို ခံစားနေရပြီး အသက်ရှင်ဖို့လည်း သိပ်မကျန်တော့ပါဘူး။ သူက ဘေ့စ်ဘောအသင်း Boston Red Sox ကို အရူးအမူး အားပေးပေမယ့် Red Sox ဟာ ချန်ပီယံ မရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ သူ့သားဖြစ်သူ Teddy ဟာ Red Sox တွေရဲ့ ပြိုင်ဘက် Yankees တွေရဲ့ ရုံမှာ မြေပဲ လိုက်ရောင်းပြီး စာရေးဆရာ ဖြစ်ဖို့ ကြိုးစားနေသူပါ။ အဖေ နဲ့ သားက စကားမပြော အဆက်အသွယ်မလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး Marty ရဲ့ nurse ဖြစ်တဲ့ Mariana က Teddy ကို ဖုန်းဆက်ပြောမှ အဖေဖြစ်သူ Cancer ဖြစ်နေမှန်း သိရတာပါ။ ဒီလိုနဲ့ Teddy က ဖခင်ဖြစ်သူ နဲ့ အတူ သွားနေရင်း Mariana နဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Teddy သိလာတာက Marty ရဲ့ ကျန်းမာရေးက Red Sox အသင်းရဲ့ အနိုင် အရှုံးနဲ့ ဆက်စပ်နေတယ် ဆိုတာပါပဲ။ Red Sox အသင်းကလည်း အရှုံးများနေတဲ့အတွက် Teddyက သူ့အဖေ ကျန်းမာရေး ကောင်းအောင် လှည့်ကွက်တွေ အမျိုးမျိုးသုံးရပါတော့တယ်။ သားရဲ့ ဘဝမှာ ပျက်ကွက်ခဲ့မိတဲ့ အဖေနဲ့ အဲ့ဒီအတွက် အဖေ့ကို အပြစ်ပေးပြီး ရှောင်ဖယ်နေခဲ့တဲ့ သားရဲ့ ဆက်ဆံရေးက ဝမ်းနည်းစရာလည်း ကောင်းပြီး ကြည်နူးစရာလည်းကောင်းတာမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
...

Murder Company (2024) ⭐IMDB: 3.9/10 (513 Votes) 🎬 #Action #War 🗓 2024 🎞 movie 🌎 #Bulgaria ⏰ 1 နာရီ 25 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊ ဒီမှာ မတူညီတပ်ရင်းတွေက အမေရိကန်စစ်သားတွေဖြစ်တဲ့ ဒုဗိုလ် Dean Smith၊ ဆာဂျင် Southern၊ တပ်သား Stubbs နဲ့ Coolidge နဲ့ ဆေးတပ်သား Miller တို့ဟာ တပ်စုတခုအနေနဲ့ စုစည်းမိခဲ့ကြပါတယ်၊ ရှေ့ပြေးကျုးကျော်မှုဟာထင်သလိုမဖြစ်လာတဲ့အခါ ဂျင်နရယ် Haskel ဟာ Smith တို့ကို တာဝန်တခုပေးပါတော့တယ်၊ ဒီတာဝန်ဟာ ပြင်သစ်နယ်မြေအတွက် အရေးပါတဲ့ နာဇီ ထိပ်တန်းအရာရှိတယောက်ဖြစ်တဲ့ Ramsey ကိုလုပ်ကြံဖို့ပါ၊ ဒီလိုလုပ်ကြံဖို့အတွက် Smith တို့ဟာ ၊Ramsey ရဲ့အကြောင်းကိုသိနေတယ့် ပြင်သစ်‌တော်လှန်‌ရေး တပ်သားတယောက်ဖြစ်တဲ့ Daquin ကိုအရင်ကပ်ထုတ်ခဲ့ရပြီး Ramsey ကိုလုပ်ကြံမဲ့အစီအစဉ်စခဲ့ကြပါတော့တယ်၊ Smith တို့အဖွဲ့ရဲ့တာဝန်ကိုပြီးမြောက်သွားကြမလားဆိုတာကို ဒီဇာတ်ကားကဆက်ပြီးပြောပြပါလိမ့်မယ် ၊ ဒုတိယကမ္ဘာကစစ်သားတို့ရဲ့ အိမ်ပြန်ချိန်ကိုလွမ်းဆွတ်ရပုံတွေ၊ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့ကြပုံတွေကို ဖော်ကျူးထားပြီး အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေအတွက် ချီးကျူးမှုတွေရထားတဲ့ ဇာတ်ကားကောင်းလေးတကားပါ
...

Appleseed (2004) ⭐TMDB: 67% User Score 🎬 #Action #Animation #ScienceFiction #Adventure #Drama #SciFi #Thriller #War 🗓 2004 🎞 movie 🌎 #Japan ⏰ 1 နာရီ 45 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ် ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် “ဘိုင်အိုရွိုက်”တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်
...

Horizon: An American Saga - Chapter 1 (2024) ⭐IMDB: 6.9/10 (13 k Votes) 🎬 #Drama #Western 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 3 နာရီ 1 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ အဘက်ဘက်ကနေ ထဲထဲဝင်ဝင် အစပျိုး ရိုက်ကူးတင်ဆက်ထားပါတယ်။ Box Office မှာ ၃၂ သန်းနီးပါး ရရှိခဲ့ပြီး IMDb Rating 6.9/10 နှင့် Rotten Tomatoes မှာ Audience Score 70% ရရှိထားကာ ဒီနေ့ခေတ် အမေရိကန်နိုင်ငံဆိုတာ ဖြစ်လာဖို့ ဘယ်ကနေ စတင်ခဲ့တယ်ဆိုတာကို စိတ်ကူးယဉ်ဇာတ်အိမ်တွေနဲ့ လက်တွေ့သမိုင်းကြောင်းတို့ကို ရောပြွန်းတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။
...

Girls Against Boys (2012) ⭐IMDB: 4.8/10 (4 k Votes) 🎬 #Drama #Thriller #Horror 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လတ်စားချေတဲ့ဇာတ်ကားမျိုးကို ကြိုက်ရင် ဒီဇာတ်ကားကို ကြည့်စေချင်ပါတယ်ဗျ။ ဇာတ်လမ်းခေါင်းစဉ်အတိုင်းပဲ ယောက်ျားတွေကို မုန်းသွားတဲ့အမျိုးသမီးတွေအကြောင်းပေါ့ ဘာလို့ ယောက်ျားတွေကို မုန်းသွားရတာလဲ ပြီးတော့ ဘယ်လို လက်တုန့်ပြန်ကြသလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။
...

Deer Camp '86 (2022) ⭐IMDB: 5.6/10 (234 Votes) 🎬 #Comedy #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲကား ကြည့်ရတာလည်း ကြိုက်တယ် ရယ်လည်းရယ်ရချင်တဲ့သူတွေအတွက် Horror , Comedy , Thriller အရသာ 3 မျိုးလုံးပေးနိုင်တဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်က 1986ခု ၊ Detroit မြို့က ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ငတုံး ၆ ယောက် ၊ အမေရိကန်တွေ ရဲ့ ဆောင်းဦးရာသီရိုးရာတစ်ခုဖြစ်တဲ့ သမင်တွေကို အမဲလိုက်ဖို့ Michigan ကိုထွက်လာခဲ့ကြတယ်။ အမဲလိုက်ထွက်တဲ့ မုဆိုးတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ် ။အဲဒါတွေကတော့ – တောထဲကအစောင့်အရှောက်တွေကို လေးစားရမယ်– သမင်အမဲလိုက်တဲ့ရာသီမှာဆိုရင် သမင်တွေကိုဘဲ သတ်ရမယ်– သမင်အထီးတွေကိုဘဲ သတ်ရမယ် အမတွေကို မပစ်ရဘူး– ကိုယ်လိုအပ်သလောက်သာ သတ်ဖြတ်ရမယ် စသဖြင့် အမဲလိုက်တဲ့ စည်းကမ်းတွေရှိတယ်။ အဲဒီနယ်မှာက အရင်ကတည်းက နယ်ခံ အင်ဒီးယန်းလူမျိုး မိန်းကလေးတွေ အသတ်ခံရတာဘဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာဘဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နောက်ရက်အနည်းငယ်ကြာတဲ့အချိန်မှာ တောထဲမှာ အမဲလိုက်တဲ့မုဆိုးတွေ တနည်းမဟုတ် တနည်းဆိုးဆိုးရွားရွား အသတ်ခံရတယ်။ တစ်ရက် နယ်ခံ အင်ဒီးယန်း မိန်းကလေး အသတ်ခံရတဲ့အချိန် လက်စားချေဖို့အတွက် မကောင်းဆိုးဝါးတစ်ကောင် နိုးထလာတဲ့အချိန်မှာ မုဆိုးကနေ သားကောင်ဘဝ ပြန်ရောက်သွားတဲ့အခါ ၊ငတုံး ၆ ကောင်နဲ့ ဘယ်လိုဆက်စပ်နေသလဲ ၊ စည်းကမ်းဖောက်တဲ့သူတွေကော ဘယ်လိုအပြစ်ပေးခံရမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် IMDB 5.7 , ခရမ်းချဉ်သီး 84% ထိ ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲ ဖြစ်ပါတယ် ။ စကားပြောကြမ်းတမ်းတာတွေ သတ်တာဖြတ်တာတွေကြောင့် R Rated ဖြစ်ပြီး မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး
...