ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Paradise Now (2005) ⭐IMDB: 7.4/10 (23 k Votes) 🎬 #Crime #Drama #Thriller #War 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 #OccupiedPalestinianTerritory #France #Germany #Netherlands #Israel #PalestinianTerritories ⏰ 1 နာရီ 32 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Paradise Now (2005) ~ IMDb – 7.4/10, Rotten Tomatoes – 89% ~ “တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်” တဲ့။ ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။ အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။ Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ်နေခဲ့ရပြီး သူတို့ရဲ့မြေမှာ သူတို့ကိုယ်တိုင်ဟာ အကျဉ်းခံတွေလို ခံစားနေရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ချက်ကတော့ အညွှန်းထဲတောင် ဝှက်ထားဖို့မလိုပါဘူး။ ဒီကားထဲမှာ အဓိကကြည့်ရမှာက ဇာတ်လမ်းကိုထက် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးနေ့မှာ အတူရှိပေးကြတဲ့ သူတွေကိုပါ။ တကယ်တော့ အသေခံဖောက်ခွဲရေးသမားဆိုတာ လူသတ်သမားတွေပါပဲ။ ဒီလို အထိမခံတဲ့ကိစ္စကို ဒါရိုက်တာက သိမ်သိမ်မွေ့မွေ့ပဲ ပြသွားပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့သဘောလည်း သက်ရောက်ပါတယ်။ အော်စကာဆုအတွက် ပထမဆုံးတင်သွင်းခံရတဲ့ ပါလက်စတိုင်း ရုပ်ရှင်လည်း ဖြစ်သလို ရွှေကမ္ဘာလုံးဆုလည်း ရခဲ့ပါသေးတယ်။ ဒါ့အပြင်ကို ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်ကြီး ၃ခုထဲက တစ်ခုဖြစ်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ ဆု၃ဆုကိုလည်း ရရှိထားပါတယ်။ ဒီလောက်ဆို တခြားဆုတွေအကြောင်း ထုတ်မပြောတောင် လုံလောက်လှပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)

Runaway God of Wealth 2 (2021) ⭐TMDB: 0.0% User Score 🎬 #Comedy #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 23 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အတွဲ ၁ ရှိပါသေးတယ် အခုဇာတ်ကားကလဲ အတွဲ ၁ ရဲ့ အဆက်မဟုတ်ပါဘူးနာမည်သာတူပြီး ဇာတ်လမ်းကတခြား Plot နဲ့လာတာမို့မကြည့်ရသေးလဲ အတွဲ ၂ ကိုတန်းကြည့်လို့ရပါတယ်ကြည့်ချင်သူများအတွက် လင့်ပေးထားပါတယ် အတွဲ ၁ ကြည့်ရန် ဒီကိုနိပ့်ပါ ❏ ဆင်းရဲမွဲတေနေတဲ့ သူ့ရဲ့ဘဝကို အမြဲ အပြစ်တင်လေ့ရှိသူ ၊ချစ်ရသူ အမျိုးသမီးကိုလဲ သူဒီလို နိမ့်ကျရတဲ့ ဘဝရောက်တာဟာသူကြောင့်ဟု အမြဲတမ်း အပြစ်တင်လေ့ရှိသူ ၊လက်ရှိလုပ်ကိုင်ရာ အလုပ်ထဲမှာလဲ အဆင်မပြေဖြစ်နေသူ – ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက် နတ်ပြည်မှကြွယ်ဝချမ်းသာခြင်းနတ်ဘုရားတစ်ပါးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ဝမ်ကျားချန်ဟာ နတ်ဘုရားရဲ့ ကံ​ကောင်းခြင်း သံလိုက်အိမ်မြှောင်ကိုဖျက်ဆီးမိလိုက်ပြီး ၎င်းကို ၁၀ ရက်အတွင်းမှာ ပြန်ပြင်ပေးရမှာပဲဖြစ်ပါတယ် ။ ၁၀ ပြီးလို့ မပြင်နိုင်ပါက သူ့ရဲ့အသက်ကို ပေးဆပ်ရမှာဖြစ်တာမို့ကြိုးစားပြီး ပြင်ဆင်ဖို့ လုပ်ကိုင်ခဲ့ပါတယ် ။ ၁၀ ရက်ပြီးတဲ့နောက်ဝမ်ကျားချန်ဟာ ချစ်သူမိန်းကလေးဖြစ်သူ ဝမ်ရှောင်ဟွားနဲ့အတူတူပူးပေါင်းကာ တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပြီးတော့ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားက သူ့ကို ဆုလာဘ်အနေနဲ့ချမ်းသာတဲ့ဘဝတစ်ခုကို အပ်နှင်းခဲ့ပါတယ် ။ ဒါပေမဲ့ဒီချမ်းသာတဲ့ဘဝတစ်ခုရဲ့ ပေးဆပ်မှူဟာဆိုရင် သူ့ရဲ့ချစ်ရသူမိန်းကလေး သူ့ကို မေ့ပျောက်သွားတဲ့ ပေးဆပ်မှုဖြစ်တဲ့အကြောင်းသိရှိသွားတဲ့အခါ …? ❏ ဝမ်ကျားချန်တစ်ယောက် သူ့ရဲ့ ကံကြမ္မာတွေကိုပြောင်းလဲနိုင်ပါ့မလား ?❏ အဖြစ်မှန်အားလုံးသိပြီးတဲ့နောက်မှာ အရာတွေအားလုံးဟာ ပြန်ပြင်ဖို့ အခွင့်အရေးရှိပါဦးမလား ?❏ အမြဲတမ်း ချမ်းသာချင်နေတဲ့ ဝမ်ကျားချန်တစ်ယောက်ချမ်းသာပေမဲ့လဲ အထီးကျန်နေတဲ့ဘဝကြီးကို ဆက်လက်အံတုနိုင်ပါ့မလား? ❏ ဘာတွေဆက်ပြီးဖြစ်ကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါ ။ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ ငွေ နဲ့ မေတ္တာတရားမှာဘယ်အရာက အရေးကြီးသလဲဆိုတာ ခွဲခြားသိမြင်လာစေမှာ အမှန်ပါပဲရှင် ။

3 Ninjas Kick Back (1994) ⭐IMDB: 4.5/10 (9 k Votes) 🎬 #Action #Comedy #Family #Sport 🗓️ 1994 🎞️ Movie 📺 720p HD 🌎 #UnitedStates #Japan ⏰ 1 နာရီ 34 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 3 Ninjas Kick Back (1994)=================== များလှစွာသော Three Ninjas တွေထဲကမှ နောက်ထပ်ကားကောင်းလေး တစ်ကားပါ ပရိသတ်ကြီးရေ .. ၁၉၉၄ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်က ကြိုက်လွန်းလို့ ခဏခဏကြည့်ပြီး အလွတ်နီးပါးရနေတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ကြောင်းကတော့ .. ရော့ကီ၊ ကော့တ်နဲ့ တမ်တမ် ဆိုတဲ့ညီအစ်ကို သုံးယောက် ရှိကြသဗျ။ သူတို့ဟာ နွေရာသီအားလပ်ရက်တွေမှာ အဘိုးဖြစ်သူရဲ့ အပန်းဖြေအိမ်လေးကို သွားပြီးနင်ဂျာသိုင်း သင်ကြပါတယ်။ တစ်ခုသောနွေရာသီမှာတော့အဘိုးဖြစ်သူက လွန်ခဲ့တဲ့ အနှစ် ၅၀ က သူ ပြိုင်ပွဲဝင်ရင်းဆုရခဲ့တဲ့ဓားမြှောင်တစ်ချောင်းရဲ့ သမိုင်းကို မြေး ၃ယောက်ကိုပြောပြပါတော့တယ်။ ဒီလိုနဲ့ ဒီဓားမြှောင်က တိုကျိုမှာရှိတဲ့ရွှေလှိုဏ်ဂူတစ်ခုရဲ့ သော့ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ ဒီဓားမြှောင်ကို အဘိုးဖြစ်သူဟာ ယခုလက်ရှိ ဂျပန်နိုင်ငံ ကိုဂါမြို့မှာကျင်းပတဲ့ နင်ဂျာပြိုင်ပွဲမှာ အနိုင်ရသူကို ပြန်ပြီး လက်ဆင့်ကမ်းချီးမြှင့်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ က ရန်ကြွေးကိုခုထိ မကျေချင်သူက ဒီဓားမြှောင်ကို အရယူဖို့ ကြိုးစားရင်း အဘိုးဖြစ်သူ ဒုက္ခကြုံရတဲ့အခါမှာ ရော့ကီ၊ ကော့တ်နဲ့ တမ်တမ်တို့ ညီအစ်ကို(၃)ယောက် အဘိုးရှိရာ ဂျပန်ပြည်ကို လိုက်သွားပြီး စွန့်စားခန်းဝင်ကြတာကို ကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemyဖြစ်ပါတယ်)

The Last Flight (2009) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Adventure #Drama #Romance 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 35 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Flight (2009)================ ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William NewtonLancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Millerအကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Volဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare”အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။ ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာအချစ်ဆိုတဲ့အကြောင်းကို ပြသသွား တာဖြစ်ပါတယ်။ ဇာတ်လမ်းသွားကိုလည်း မရိုးရအောင် ပြင်သစ်နဲ့ တွားရက်လူမျိုးစုတွေကြားက ပြဿနာတွေ၊ကိစ္စရပ်တွေ၊ သဘောထားတွေကိုပါ စုံအောင်ထည့်ပြီး ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ မာရီးဟာ…သူ့ရဲ့ချစ်သူကိုရှာဖွေရင်း ကန္တာရထဲကိုရောက်လာပြီး ဘာတွေဖြစ်လာမလဲ။ ဘာဒုက္ခတွေခံစားရမလဲ။ ဘယ်လိုလူတွေနဲ့တွေ့ကြုံကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ ဖြစ်ရပ်မှန်မှာတော့ – လေယာဉ်မှူးဟာ Avro Avian ဆိုတဲ့ လေယာဉ်နဲ့ စံချိန်သစ်တင်ဖိုကြိုးစားရင်း ဆာဟာရကန္တာရထဲကျော်ဖြတ်စဉ် လေယာဉ်ပျက်ကျခဲ့ရတာပဲဖြစ်ပါတယ်။ ဝေဒနာကို ၈ရက်တိုင်တိုင်ခံစားခဲ့ရပြီး သူ့ရဲ့ချစ်သူ Millerအတွက် နေ့စဉ်မှတ်တမ်းလေးတစ်ခုချန်ရစ်ကာ လူ့လောကကြီးကိုစွန့်ခွါသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအခြေခံကာ ယခုဇာတ်ကားအပါအဝင် “TheLancaster Miller affair “ ဆိုတဲ့ TV Series နဲ့အတူ “The Lost Desert Flyer”ဆိုတဲ့ Documentary series တစ်ခုလည်းထွက်ရှိဖူးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Boဖြစ်ပါတယ်)

Peter von Kant (2022) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #France #Belgium ⏰ 1 နာရီ 25 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Peter von Kant (2022) ~ IMDb – 6.5/10, RT – 76%, Meta – 62% ~ အချစ်ဆိုတဲ့အရာနဲ့ ပတ်သက်လာရင် စွဲလမ်းမှုဆိုတဲ့ ခံစားချက်က အမြဲကပ်ပါလာစမြဲပါ။ ရယူခြင်း သို့ ပေးဆပ်ခြင်းဆိုပြီး အချစ်ရဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့​ပေမယ့် ဘယ်သူမှ ​သေ​သေချာချာ မရှင်းပြနိုင်ခဲ့သလို အချစ်စိတ်နဲ့ တွဲပါလာတတ်တဲ့ ​မျှော်လင့်ခြင်း ပြဿနာကလည်း အခုထိ​ ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ခုဖြစ်​နေဆဲပါ။ ဒီဇာတ်ကားက​ ချစ်ခြင်းတရားကလူတစ်​ယောက်ကို ဘယ်လိုမျိုး ဒုက္ခ​ပေးနိုင်လဲဆိုတာကို ​ဖော်ညွှန်းပြထားတဲ့ ပြင်သစ် Romance, Drama ဇာတ်ကားပါ။ ထိပ်သီးရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ပီတာဗွန်ကန့်ဟာ မိတ်​ဆွေဖြစ်သူ နာမည်​ကြီး မင်းသမီး ဆီဒိုနီရဲ့မိတ်ဆက်​​ပေးမှုနဲ့ အမီရ်ဘန်ဆလမ်ဆိုတဲ့ သက်လတ်လူငယ်​လေးတစ်​ယောက်နဲ့ သိကျွမ်းပြီး ချစ်စိတ်​ဝင်ခဲ့ပါတယ်။ ထိုစိတ်နဲ့ပဲ ​ကောင်​လေးကို မင်းသားအဖြစ် စင်တင်​ပေးကာ မျိုးစုံ​​ထောက်ပံ့​ပေးခဲ့​ပေမယ့် ​​အောင်မြင်လာတဲ့အချိန်မှာ ​ကောင်​လေးဘက်က ​​​ကျေးစွပ်သလိုလုပ်လာသလို ပီတာဘက်က အချစ်စိတ်နဲ့ ​ပေးဆပ်ထားသ​လောက် ​သူပေးတိုင်းပြန်မရတဲ့အခါ ကတောက်ကဆ​တွေ စဖြစ်ရာက​နေ ​မျှော်လင့်ချက်တစ်ခုကြောင့် ဆိုးရွားတဲ့အကျိုးဆက်​တွေ ဖြစ်လာပါ​တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMမှ ပြန်ဆို ရေးသားထားပါတယ်)

[21+] A Business Trip With 2 Lady Bosses Tsubasa Amami and Sumire Mizukawa [IPX-869-Decensored] ⭐⁉️ 🎬 #Adult 🗓️ ⁉️ 🎞️ Movie 📺 720p HD 🌎 #⁉️ ⏰ 2 နာရီ 30 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tsubasa Amami နဲ့ Sumire Mizukawa တို့လို JAV ရဲ့ ဝါရင့် ၂ ယောက်ပါတဲ့ ဒီဇာတ်ကားက ပြည့်ဝတဲ့ရသကိုပေးမှာပါ။ မမ ၂ ယောက်ရဲ့အထာတွေက အလန်းစားတွေဖြစ်ပြီးတော့ ဖြူစင်တဲ့အလုပ်သင်ကောင်လေးကို ဘယ်လိုအထက်စီးကဆက်ဆံသွားမလားဆိုတာ… IPX-869 ဒီဇာတ်လမ်းက မတူကွဲပြားတဲ့ပုံစံနဲ့ မိုက်ပါတယ်။ 1080p Version ကတော့ Censored Version ဖြစ်ပြီး 720p ကတော့ Decensored Version ဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။

Runaway God of Wealth ( 2019 ) ⭐⁉️ 🎬 #Comedy #Drama 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 14 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကလေကချေလူမိုက် ဝမ်ကျားချန်မသိနားမလည်တဲ့ညီလေးကိုသူ့ကိုယ်သူသူလျိုပါလို့ပြောထားတဲ့ ဝမ်ကျားချန် ဝမ်ကျားချန်တစ်ယောက်မူးပြီးအိပ်ပျော်သွားတိုင်းကြွယ်ဝခြင်းနတ်မင်းကိုအိပ်မက်မက်ပါတယ်။တစ်နေ့မှာတော့အိပ်မက်ကနိုးထလာတဲ့အချိန်မှာပိုက်ဆံအများကြီးရပြီး ညတွင်းချင်းသူဌေးဖြစ်သွားပါတယ်။ကြွယ်ဝခြင်းနတ်မင်းကကောင်းချီးပေးတာပဲဆိုပြီးအထိန်းအကွပ်မရှိသုံးဖြုန်းတော့တာပေါ့….. သူထင်ထားသလိုကြွယ်ဝခြင်းနတ်မင်းပေးတာမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာ……လူမိုက်ဂိုဏ်းရဲ့လိုက်လံသတ်ဖြတ်တာကိုခံရတဲ့အချိန်မှာ……ဝမ်ကျားချန်တစ်ယောက်ဘယ်လိုလုပ်ရပါ့မလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားပါဦး

The Last Flight (2009) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Adventure #Drama #Romance 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 35 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Last Flight (2009)================ ဒီဇာတ်ကားလေးကတော့ 1933 ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာဆာဟာရကန္တာရထဲ လေယာဉ်ပျက်ကျသွားတဲ့ William NewtonLancaster ခေါ် Bill Lancaster နဲ့ သူရဲ့ ချစ်သူ Jessie Millerအကြောင်းကိုအခြေခံပြီးဇာတ်အိမ်တည်ထားတဲ့ Le Dernier Volဆိုတဲ့ ဝတ္ထုလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ကတော့ ကျွန်တော်တိုငယ်စဉ်က သည်းခြေကြိုက် “Taxi” ကား အပါအဝင် ဇာတ်လမ်းကောင်းပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားပြီး ဆုတွေအများကြီးကိုသိမ်းပိုက်ထားတဲ့မင်းသမီး Marion Cotillard ပါဝင်သလို၊ “Love Me If You dare”အပါအဝင် အခြားဇာတ်လမ်းကောင်းများတွင်လည်း သရုပ်ဆောင်၊ဒါရိုက်တာ အဖြစ် လျှောက်လှမ်းလာပြီး ဆုတွေလည်းအများကြီး ရခဲ့ဖူးတဲ့ မင်းသား Guillaume Canet တို့က လိုက်ဖက်ညီစွာ ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာပါ။ ဇာတ်ကားလေးရဲ့ အဓိကချပြထားတဲ့အကြောင်းအရာကတော့ ဘေလ်ရဲ့ချစ်သူ မာရီးဟာ ဘေလ်ကို မနားမနေ ရှာဖွေရင်း ဒုက္ခမျိုးစုံကို အံတုကာအချစ်ဆိုတဲ့အကြောင်းကို ပြသသွား တာဖြစ်ပါတယ်။ ဇာတ်လမ်းသွားကိုလည်း မရိုးရအောင် ပြင်သစ်နဲ့ တွားရက်လူမျိုးစုတွေကြားက ပြဿနာတွေ၊ကိစ္စရပ်တွေ၊ သဘောထားတွေကိုပါ စုံအောင်ထည့်ပြီး ခင်းကျင်းပြသထားတာဖြစ်ပါတယ်။ မာရီးဟာ…သူ့ရဲ့ချစ်သူကိုရှာဖွေရင်း ကန္တာရထဲကိုရောက်လာပြီး ဘာတွေဖြစ်လာမလဲ။ ဘာဒုက္ခတွေခံစားရမလဲ။ ဘယ်လိုလူတွေနဲ့တွေ့ကြုံကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ ဖြစ်ရပ်မှန်မှာတော့ – လေယာဉ်မှူးဟာ Avro Avian ဆိုတဲ့ လေယာဉ်နဲ့ စံချိန်သစ်တင်ဖိုကြိုးစားရင်း ဆာဟာရကန္တာရထဲကျော်ဖြတ်စဉ် လေယာဉ်ပျက်ကျခဲ့ရတာပဲဖြစ်ပါတယ်။ ဝေဒနာကို ၈ရက်တိုင်တိုင်ခံစားခဲ့ရပြီး သူ့ရဲ့ချစ်သူ Millerအတွက် နေ့စဉ်မှတ်တမ်းလေးတစ်ခုချန်ရစ်ကာ လူ့လောကကြီးကိုစွန့်ခွါသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုအခြေခံကာ ယခုဇာတ်ကားအပါအဝင် “TheLancaster Miller affair “ ဆိုတဲ့ TV Series နဲ့အတူ “The Lost Desert Flyer”ဆိုတဲ့ Documentary series တစ်ခုလည်းထွက်ရှိဖူးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Boဖြစ်ပါတယ်)

Peaky Blinders (2013-2022) ⭐IMDB: 8.8/10 (561 k Votes) 🎬 #Crime #Drama 🗓️ 2013-2022 🎞️ Series 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 05 မိနစ် 45 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Peaky Blinders Seasons 1-6အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင်Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။ဒါပေမယ့် ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပါ။အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာတစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။တစ်ဂီနီ = ၂၁ သျှီလင် = ၁ပေါင်+၁သျှီလင်ရှိပါတယ်။တစ်ပေါင်မှာတော့ ၂၀ သျှီလင် ရှိပါတယ်။ပြီးတော့ အဲဒီခေတ်က ၁ ပေါင်ဟာ ယနေ့ခေတ် ပေါင် ၄၀ ခန့် နဲ့ ညီမျှတာကိုလည်းသတိပြုသင့်ပါတယ်။ဒါမှပဲ တစ်လကို ၅ ပေါင်လောက်ရတဲ့အလုပ်ဆိုရင်ကိုသူတို့ မက်မက်မောမော ရှိတာကို မအံ့သြမှာပါ။နောက်တစ်ခုက ဒီစီးရီးမှာ ဝင်စတန် ချာချီလည်း အရေးပါတဲ့နေရာက ပါဝင်ထားပါတယ်။ပိကီဘလိုင်ဒါတွေရဲ့ ကာလဟာ ဝင်စတန် ချာချီတစ်ယောက်နန်းရင်းဝင်၊ ဝန်ကြီးချုပ်မဖြစ်ခင် တစ်ဆင့်ချင်းတက်လှမ်းနေတဲ့ ကာလဖြစ်တာကိုလည်းသတိပြုပေးပါ။မိတ်ဆက်လို့ ပြီးပြီဆိုရင်တော့ ဇာတ်လမ်းအကျဉ်းကို ပြောပြပါမယ်။ဘာမင်ဟမ်၊ အင်္ဂလန်မှာ ပိကီဘလိုင်ဒါတွေလို့ ခေါ်တဲ့ရှဲလ်ဘီမျိုးရိုး ဂန်းစတားမိသားစုလေး ရှိပါတယ်။နယ်မြေကျဉ်းလေးထဲမှာ အလုပ်ခပ်သေးသေးလေးတွေလုပ်နေတဲ့ ဂိုဏ်းအသေးစားလေးပါပဲ။၁၉၁၈ နိုဝင်ဘာလမှာ ပထမကမ္ဘာစစ်ပြီးဆုံးခဲ့ပြီးလအတော်ကြာ ၁၉၁၉ ခုနှစ်မှာ ရှဲလ်ဘီမိသားစုရဲ့သားလတ် သောမတ်စ်ရှဲလ်ဘီ (သို့) တွမ်မီ ရှဲလ်ဘီဟာမိသားစု ဆီကို ပြန်ရောက်လာခဲ့ပြီး ဂန်းစတားအလုပ်တွေကို ဦးဆောင်ပါတော့တယ်။အဲဒီအချိန်မှာ အိုင်ယာလန်တော်လှန်ရေးတွေ၊ကွန်မြူနစ်တွေ နဲ့ ပိကီတွေထက် အများကြီး ကြီးမားတဲ့ ဂိုဏ်းတွေမင်းမူနေကြချိန်ဖြစ်ပြီး အဲဒီ အင်အားစုကြီးတွေထဲမှာရုန်းကန်တိုက်ခိုက်ရင်း ပိကီဘလိုင်ဒါတွေဟာထိပ်ဆုံးနေရာကို ရောက်ဖို့ နည်းမျိုးစုံ ကြိုးစားကြတဲ့အခါ……ဒီရုပ်ရှင်ရဲ့ ကာရိုက်တာတိုင်းဟာ တစ်မျိုးစီ ကြိုက်နှစ်သက်စရာ ကောင်းပေမယ့်တွမ်မီ ရှဲလ်ဘီ ကတော့ အထူးခြားဆုံး အပြောင်မြောက်ဆုံး ဇတ်ကောင်ပါပဲ။နဖူးကို သေနတ်နဲ့တေ့ထားချိန်မှာဆေးလိပ်လေးခဲနေတဲ့ စတိုင်နဲ့ပဲ အားလုံးကိုကြွေကျသွားအောင်လုပ်သွားပါလိမ့်မယ်။တွမ်မီရှဲလ်ဘီဟာ အလွန်ရဲရင့်ပါတယ်။အလွန်လည်းသူရဲဘောကြောင်တတ်သူ ဖြစ်ပါတယ်။သူဟာ သစ္စာရှိသူဖြစ်သလို နောက်ကျောကနေလည်း ဓားနဲ့ကောင်းကောင်းထိုးတတ်ပါတယ်။တွမ်မီဟာ အေးစက်မာကြောသူဖြစ်သလို အလွန်လည်းအချစ်ကြီးပြန်ပါတယ်။တွမ်ဟာ သိပ်ကိုပါးနပ်သလို အင်မတန်လည်း တုံးအတတ်ပါတယ်။တွမ်မီရှဲလ်ဘီ၊ ရှဲလ်ဘီမိသားစု ပိကီဘလိုင်ဒါတွေကိုကြည့်စေချင်တဲ့ စေတနာနဲ့အကောင်းဆုံးတင်ဆက်ပေးသွားပါမှာမို့ အားပေးကြပါဦး။(Review by Littleneo)File Size – 700MB @Episode

About Joan (2022) ⭐IMDB: 6.0/10 (206 Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ movie 📺 1080p FHD 🌎 #France #Germany #Ireland ⏰ 1 နာရီ 42 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 About Joan (2022) IMDb 6.2 ရထားတဲ့ ပြင်သစ်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျိုအန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ။ပြင်သစ်ကားတွေရဲ့ ထုံးစံအတိုင်း Love and Relationship ကို အနုပညာမြောက်အောင် တင်ပြထားတာပါ။ ဂျိုအန် ဆိုတဲ့ အမျိုးသမီး က အသက်ငယ်ရွယ်တဲ့အချိန်မှာ အချစ်ဦး နဲ့ ရင်သွေးကလေး ရသွားခဲ့ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် သူ့ချစ်သူနဲ့ကွဲသွားပြီး ပြန်ဆုံတဲ့အချိန်ရောက်တော့လည်း သူ့ချစ်သူမှာ သက်ဆိုင်သူအသစ်ရှိနေပါပြီ။ဒီတော့ ဂျိုအန်တစ်ယောက် ရည်းစားဦးကို ဖွင့်မပြောဘဲ ထားခဲ့ပါတယ်။ဒီကြားထဲ မိခင်ဖြစ်သူက နောက်ယောက်ျားနဲ့ဖောက်ပြန်ပြီး သူတို့မိသားစုကို ထားသွားပါတယ်။အဲဒီလို စိတ်ဒဏ်ရာတွေနဲ့ ဂျိုအန်တစ်ယောက် သူ့သားနဲ့အတူတူ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကိုအတိတ်ကို ပြန်တွေးတဲ့ပုံစံနဲ့ ရိုက်ကူးပြထားပါတယ်။Single Mom ဖြစ်တဲ့ ဂျိုအန်ရဲ့ ဘဝဖြတ်သန်းပုံ အသေးစိတ်ကိုအနုပညာရသမြောက်အောင် ဘယ်လိုဖန်တီးထားတယ် ဆိုတာတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။

Utama (2022) ⭐IMDB: 7.4/10 (952 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Bolivia #Uruguay #France ⏰ 1 နာရီ 28 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Utama (2022) IMDb – 7.4/1024 Wins & 17 Nominations သိမ်းငှက်တစ်ကောင်ဟာ သူ့ဘဝကို ဘယ်အချိန်မှာ အဆုံးသတ်လဲတဲ့တောင်ပံတွေမဖြန့်နိုင် အားအင်ချိနဲ့တဲ့ ဘဝနေဝင်ချိန်မှာ သိမ်းငှက်‌တစ်ကောင်ဟာနောက်ဆုံးခွန်အားနဲ့ တောင်ထိပ်ကိုတက်ပြီး အဲ့ကနေ ပြုတ်ကျခံပြီး ကျောက်ဆောင်တွေနဲ့ တိုက်သေပါတယ် တဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်ရရင်လဲ အဲ့လိုပါပဲကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ထင်တဲ့တစ်ချိန်ကျရင် ဘယ်သူမှဆက်လက်ရှင်သန်ချင်မှာ မဟုတ်ပါဘူးဒီစပိန်စကားပြော ဇာတ်ကားလေးထဲမှာ စပိန်ကားတွေရဲ့မြင်နေကျ ကလက်စီကယ်ဂစ်တာတွေ ပေါင်တံရှည်တွေကို ကြည့်ရမှာမဟုတ်ပါဘူးအဲ့အစား သင်တို့ကို ခံစားချက်တွေတနင့်တပိုးနဲ့ တွေးစရာတွေ အပြွတ်လိုက်ထည့်ပေးမှာပါဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးမှာ ဘဝရဲ့အဓိပ္ပာယ်ကို ရှာ‌ဖွေကြည့်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်။

Plane (2023) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Action #Thriller #Adventure 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica #PuertoRico ⏰ 1 နာရီ 47 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ….

Plane (2023) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Action #Thriller #Adventure 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica #PuertoRico ⏰ 1 နာရီ 47 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ….

Story of White Coat: Indecent Acts (1984) ⭐IMDB: 6.6/10 (112 Votes) 🎬 #Adult #Comedy #Drama 🗓️ 1984 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 56 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မျှော်လင့်ချက်တွေ တစ်ပွေ့တပိုက်နဲ့သူနာပြုရာမလေးသူက သူနာပြုအဆင့်မရောက်သေးတဲ့ အလုပ်သင်မလေးအရမ်းကို ချောမောပြီးတော့ အချစ်အကြောင်းနာမလည်တဲ့ပညာရည်သောက်စို့နေတဲ့ မာနခဲလေးသူက သူနာပြု မဖြစ်မချင်း အိမ်မပြန်ဘူးတဲ့လေဒါပေမဲ့ သူအလုပ်သင်တာဝန်ကျတဲ့ ဆေးရုံက… ဆေးရုံမှာ ဩဇာအရှိဆုံး လူကြီးတစ်ယောက်ရဲ့သားသူက အတော်တဏှာရူးပါတယ် တွေ့သမျှ ကောင်မလေးအိပ်မယ်ဆိုပြီး တာစူနေတဲ့သူ သူက ထုံစံအတိုင်းမနူးမနပ် သူနာပြုအလုပ်သင်လေးကိုကြံပါတော့တယ် သူကအမျိုးမျိုးကြံပြီးတဲ့နောက်ပိုင်းမှာတော့အရမ်းလှ အရမ်းကိတ် ရေဆေးငါလို မနူးမနပ်လေးကိုဘယ်လို အပီအပြင် ဖွတ်မလဲဆိုတာDS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်

Beneath the Green (2022) ⭐IMDB: 4.3/10 (39 Votes) 🎬 #Mystery #Sci-Fi #ScienceFiction #SciFi 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 # ⏰ 1 နာရီ 21 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beneath the Green (2022)=================== ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲကတစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက်နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာမှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်းမရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ်လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှမမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီးလွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက်တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာလွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင်ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွားတယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက်လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့်ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလားဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin MyoLwin ဖြစ်ပါတယ်)

Erotica Manila (2023- ) ⭐IMDB: 8.8/10 (10 Votes) 🎬 #Drama 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #Philippines ⏰ 48 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] Erotica Manila (2023)Erotica Manila (2023) Mini-Series  ~ IMDb rating – 8.8/10 ~ အပတ်စဉ်တင်ဆက်နေကျ Vivamax ဇာတ်လမ်းတွဲလေးတွေရဲ့နေရာကို နောက်ဆုံးဝင်ရောက်လာတဲ့အသစ်စက်စက် Mini-Series လေးဖြစ်ပါတယ်။ မနီလာမြို့တော်တစ်ဝန်းမှာ တွေ့ကြုံခံစားရနိုင်မယ့် အချစ်၊ ဘဝနဲ့ လိင်မှုကိစ္စအဖြာဖြာကို သီးခြားဇာတ်လမ်းတို လေးခုနဲ့ ပုံဖော်ပြသသွားမယ့် Anthology ပုံစံနဲ့ကြည့်ရှုခံစားရမှာပါ။ ” Episode 1 – Cinema Parausan “ပထမဆုံးအပိုင်းဖြစ်တဲ့ Cinema Parausan ကတော့ ရုပ်ရှင်ဝေဖန်ရေးသမား၊ ဝါသနာအိုးတစ်ယောက် ရုပ်ရှင်ရုံဟောင်းကြီးတစ်ခုမှာ ဂန္ထဝင်ညစ်ညမ်းရုပ်ရှင်တစ်ကားကို သွားကြည့်ခဲ့တဲ့အတွေ့အကြုံအကြောင်းဖြစ်ပါတယ်။ ရန်ကုန်ရဲ့ရုပ်ရှင်ရုံတွေအဆင့်မမြှင့်ရသေးခင် ကာလတစ်ခုကို အမှတ်ရစရာဖြစ်မှာပါ။ ဇာတ်ကားတွေဟာ ပိတ်ကားပေါ်မှာတင်မကပဲ ရုပ်ရှင်ရုံရဲ့ အမှောင်ထောင့်ချိုးတွေမှာ၊ အိမ်သာထဲမှာ၊ ခုံတန်းတွေပေါ်မှာတင် တိုက်ရိုက်ပြသနေတဲ့အပြင်၊ သူ့အနားကိုလိင်ကိစ္စဆွယ်ဖို့ချဉ်းကပ်လာတဲ့ မိန်းမရွှင်လေးတစ်ယောက်နဲ့ စကားလက်ဆုံကျမိ၊ ရုပ်ရှင်တွေအပေါ်အမြင်တွေ ဖလှယ်မိကြတဲ့အကြောင်း၊ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်နဲ့ ရုပ်ရှင် Taste မြင့်တဲ့ မိန်းမရွှင်လေးတစ်ယောက်အကြောင်းပါပဲ။ Pamasahe တစ်ကားတည်းနဲ့ ပရိသတ်ကိုဖမ်းစားသွားနိုင်ခဲ့တဲ့ တက်သစ်စလေး Azi Acosta ခေါင်းဆောင်ပါဝင်ထားပါတယ်။ Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid  (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်)Size ~ 700MB+

Heavenly Forest (2006) ⭐IMDB: 7.4/10 (3 k Votes) 🎬 #Asian #Drama #Romance 🗓️ 2006 🎞️ Movie 📺 720p HD 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heavenly Forest (2006)================ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့(Collage of Our Life – Another Story) ဆိုတဲ့၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိတစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲမာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုးအတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီးရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီးနောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။

Mukhachitram (2022) ⭐IMDB: 7.1/10 (2 k Votes) 🎬 #Bollywood #Thriller #Drama #Crime 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 03 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mukhachitram 2022IMDb -7.1/10 မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားတဲ့အမေဖြစ်သူကိုမကယ်နိုင်ခဲ့တာကြောင့် ပလပ်စတစ်ဆာဂျရီဆရာ၀န်တစ်ယောက် ဖြစ်လာသူ ရာ့ဂ်ျကူးမား…ရာ့ဂ်ျတစ်ယောက်တစ်နေ့မှာ အောင်သွယ်တော်ရဲ့ချိတ်ဆက်မှုကြောင့် မဟာသီဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်၊ တစ်ဖက်မှာလည်း ရာ့ဂ်ျကိုဟိုးငယ်ငယ်လေးကတည်းက ကြိုက်နေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ မာယာတစ်ယောက် မတော်တဆမှုတစ်‌ခုကြောင့်သေမင်းနဲ့လွန်ဆွဲနေရချိန်မှာ ရာ့ဂ်ျ ၊ မဟာသီ နဲမာယာတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုတွေဆက်ဖြစ်သွားမလဲ … ဇာတ်လမ်းအစမှာတော့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးနဲ့စထားပြီးရာ့ဂ်ျ၊ မဟာသီ၊ မာယာ တို့သုံးယောက်သားက လောင်မြိုက်အောင်တဖြည်းဖြည်းနဲ့ ဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

Heavenly Forest (2006) ⭐IMDB: 7.4/10 (3 k Votes) 🎬 #Asian #Drama #Romance 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 57 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Heavenly Forest (2006)================ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့(Collage of Our Life – Another Story) ဆိုတဲ့၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိတစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲမာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုးအတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီးရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီးနောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။

When the Screaming Starts (2021) ⭐IMDB: 5.4/10 (389 Votes) 🎬 #Comedy #Horror 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 When the Screaming Starts (2022) ~ IGN – 8/10, Rotten Tomatoes – 100% ~ သင် Serial Killer တစ်ယောက် ဖြစ်ချင်ခဲ့ဖူးလား။ သင်ဟာ သမ္မတတွေ နိုင်ငံကျော်ဘောလုံးသမားတွေ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေမဖြစ်ခဲ့ရင်တောင် လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ဆိုရင် သူတို့လိုပဲ ကမ္ဘာ့သမိုင်းမှာအမြဲရှိနေမှာလေ… မဟုတ်ရင် Serial Killer တစ်ယောက်ရဲ့နေထိုင်ပုံ သတ်ဖြတ်ပုံ စတာတွေကို Interview တွေနဲ့ရော သူလူသတ်တဲ့နေရာမှာ ကင်မရာတွေထောင်ပြီးတော့ပါ တကယ်ကို အမှန်အကန်ရိုက်ထားတဲ့ Documentary Movie ကြီးကို ကြည့်ရမယ်ဆိုရင် ဘယ်လောက်များ Hype လိုက်မလဲ… အဲလိုအတွေးအခေါ်ကို ရိုက်ကူးထားတဲ့ When the Screaming Starts ဟာ ဒီ Message ကို ဟာသပေါင်းစုံနဲ့ ရောစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Norman Greysmith ဟာ Documentary ရိုက်ကူးသူ တစ်ယောက်ဖြစ်ပါတယ်။ Norman ဟာ အထက်ပါပုံစံ Documentary ကိုရိုက်ရင် လူတွေအရမ်းစိတ်ဝင်စားပြီး သူအောင်မြင်မှုတွေများစွာရမယ်လို့ ယုံကြည်သူပါ။ ဒီလိုနဲ့ Aidan Mendle ဆိုတဲ့ အရမ်းကြမ်းတဲ့ Serial Killer တစ်ယောက်ကို Internet ပေါ်က ရှာဖွေတွေ့ရှိပြီးနောက်မှာ သူ Documentary ဇာတ်လမ်းကို စတင်ပါတော့တယ်။ သရုပ်ဆောင်တွေကလည်း နာမည်အရမ်းမကြီးပေမယ့် တကယ် Comedian ရုပ် ပီသပြီး တကယ်ရယ်ရတာမို့ ဒီ လူသတ်ဟာသ ဇာတ်ကားကြီးက အတော်လေး Entertaining ဖြစ်စေမယ့်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)