ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

قناة بسيطة

🚩 Channel was restricted by Telegram

إظهار المزيد
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
Silver and the Book of Dreams (2023) ⭐IMDB: 5.4/10 (888 Votes) 🎬 #Adventure #Drama #Romance #Fantasy #ScienceFiction #SciFi #Thriller 🗓 2023 🎞 movie 🌎 #Germany #Ireland ⏰ 1 နာရီ 33 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီး Amazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အ​မေဖြစ်သူ ​နောက်အိမ်​ထောင်ပြုမှာမို့ လန်ဒန်ကို​ ပြောင်း​ရွှေ့လာတဲ့ လစ်ဗ်နဲ့ မီယာ ညီအစ်မနှစ်​ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်​တွေကို ထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ လစ်ဗ်တစ်​ယောက် အိပ်မက်ထဲမှာ သူ့ပ​ထွေးဘက်က သားဖြစ်တဲ့ ဂ​ရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့က တခြားသူ​တွေရဲ့အိပ်မက်​ထဲမှာ လျှောက်သွားနိုင်တဲ့ Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီ စာအုပ်​ကြောင့် သူတို့​တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်း​တွေ ရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီး စာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်​ရောက်မှု တစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်​တွေကို အပြင်​လောကမှာ အ​ကောင်အထည်​ဖော်ရင်း အပြန်အလှန်အ​နေနဲ့ သူတို့ရဲ့အဆိုးဆုံး အိပ်မက်​တွေပါ လက်​တွေ့ဖြစ်လာတာပါ။ ​အဖွဲ့သား​တွေထဲမှာ ကောင်းတဲ့အိပ်မက်​ရော ဆိုးဝါးတဲ့အိပ်မက်​ပါ တကယ်ဖြစ်လာတဲ့​နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာ ပျက်​အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီး​တွေ ရှိ​နေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ။...

Kida (2022) ⭐IMDB: 9.5/10 (30 Votes) 🎬 #Bollywood #Drama #Thriller #Family 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kida (2023) ဆိတ်တစ်ကောင်နှင့်တိုင်ပတ်ကြသူများIMDb – 9.3/10 နိုဝင်ဘာလကပဲ ရုံတင်သွားပြီး ဇာတ်လမ်းအသားပေးရိုက်ကူးထားတဲ့ တမီလ်ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပိုက်ဆံမရှိပါဘဲ မြေးဖြစ်သူကို ဒီပါဝလီပွဲအတွက် အဝတ်အစားသစ်ဝယ်ပေးမယ်လို့ ကတိပေးထားတဲ့ အဘိုးကြီးတစ်ယောက်။ အဖေတွေအချင်းချင်းကြားက အတ္တမာနတွေကြောင့် နှစ်ဦးနီးစပ်ဖို့ အခက်ကြုံနေရတဲ့ချစ်သူနှစ်ဦး။ဒီပါ၀လီပွဲတော်ရက်မတိုင်မှာပဲ မိန်းကလေးရှင်ဘက်က တခြားလူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ထားတဲ့အတွက်ဒီပါ၀လီမတိုင်ခင်ညမှာခိုးပြေးဖို့ကြံစည်ထားကြသူတွေ။ ပွဲတော်အတွက် သုံးစရာစွဲစရာရဖို့ ခိုးဖို့ဝှက်ဖို့ကြံနေကြတဲ့ လူတစ်စု။ အရက်ပဲမူးနေတဲ့ သားသတ်သမားကို ဆိတ်သတ်တဲ့ခုံကနေ အလုပ်ဖြုတ်လိုက်တဲ့အတွက် ကိုယ်ပိုင်ခုံထောင်ဖို့ ကြံနေတဲ့အရက်သမားသားသတ်သမားကြီး။ ဒီလို ကိုယ်စီကိုယ်စီ စိတ်ကူးတွေ အကြံတွေနဲ့သူတို့တွေဟာ ဆိတ်တစ်ကောင်ကို အကြောင်းပြုပြီးဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Creatura (2023) ⭐IMDB: 6.8/10 (471 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 51 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

The Marvels (2023) ⭐IMDB: 5.9/10 (63 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ Webrip ကွာလာတီအကြည်ဖြစ်ပေမဲ့ အသံကတော့ cam နဲ့ပေါင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ဒါကြောင့် သူတို့သုံးယောက်ခွဲမရတော့ဘဲ အတူပေါင်းပြီး ခရီးဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ခရီးဥသျှောင် ဒါဘန်းရဲ့အကြံက စကြဝဠာတစ်ခုလုံးပါ ပျက်စီးသွားနိုင်ကြောင်းသိရတဲ့အခါ မာဗယ် ၃ ယောက် တားဆီးဖို့ ကြိုးစားကြပါတော့တယ်။...

Minus 31: The Nagpur Files (2023) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Bollywood #Crime #Music #Mystery #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Minus 31: The Nagpur Files(2023)IMDb – 7.2/10 အမှန်တရားအတွက်ဆို အဆိုးတွေဘယ်လောက်ပဲကြုံရပါစေ ဘယ်အရာကမှ တားဆီးလို့မရဘဲရင်ဆိုင်တိုက်ခိုက်မယ့် အရာရှိအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။မင်းသမီးချော ရူချာအီနမ်ဒါ အရာရှိမလေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကိုဗစ်ကပ်ဆိုးကြီးရဲ့ ဒုတိယလှိုင်းဖြစ်နေတဲ့အချိန်မှာပေါ့။တံတားအောက်မှာ လာစွန့်ပစ်သွားတဲ့အလောင်းတစ်လောင်း။အဲဒီအလောင်းကို စစ်ကြည့်တဲ့အချိန်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ သူဌေးတစ်ယောက်ဖြစ်နေရော။ ဒီအမှုကို ကိုင်ရတာက ရဲမေ ပရက်ရှာ။သူ့မှာ မိသားစုပြဿနာနဲ့လုံးပမ်းနေရတာတဖက်။ကိုဗစ်ဆိုတာတကယ်မရှိဘူး အစိုးရဖန်တီးထားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတဲ့ ပြည်သူတွေကိုလိုက်ဖြေရှင်းနေရတာတစ်ဖက်နဲ့ အမြဲတမ်း စိတ်တိုနေရတယ်။ ဒီလိုပြဿနာတွေကြားထဲမှာပဲ လက်သည်မပေါ်တဲ့ အများစိတ်ဝင်စားနေတဲ့လူသတ်မှုကို ဖော်ထုတ်နိုင်မှာလားဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ဘာသာပြန်တက်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

寻龙诀:生死门 (2023) ⭐TMDB: 90.0% User Score 🎬 #Fantasy #Horror 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာသင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက်နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။ လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာတတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီးပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာသူတို့တွေဟာလက်စားချေနိုင်ပါ့လား……နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။...

Divinity (2023) ⭐IMDB: 5.8/10 (441 Votes) 🎬 #SciFi #Thriller #Fantasy #Horror #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Divinity (2023) ~ IMDb – 5.9/10, RT – 57%, Meta – 61% ~ ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။ လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်‌ဖြည်ပြသွားတာပါပဲ။ ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Eddie Alcazar က ဂိမ်းဒီဇိုင်နာလည်းဖြစ်တာကြောင့် တချို့အခန်းတွေမှာ ဂိမ်းလိုလို ဘာလိုလို ပုံစံလေးတွေတွေ့ရမယ်။ Cast တွေအနေနဲ့လည်း Baby Don’t Hurt Me Meme ထဲက Michael O’Hearn ကလည်းပါဝင်သလို Emily Willis တို့ Bella Thorne တို့လည်း ပါဝင်ပါတယ်။ ပေါကားလို့ထင်ရက်စရာရှိပေမဲ့လည်း ရယ်စရာတစ်ခန်းမှမပါတဲ့အပြင် လျှို့ဝှက်ချက်တွေ၊ သဘောတရားတွေ အပြည့်နဲ့ အဆုံးအထိ ကြည့်လို့အဆင်ပြေတဲ့ ရုပ်ရှင်တစ်ခုပါ။ ဒီရုပ်ရှင်ကို လူ ၁၀ ယောက်က ကြည့်မယ်ဆိုရင် ၁၀ ယောက်လုံးဆီက မတူညီတဲ့ Theory တွေ ထွက်လာနိုင်ချေရှိတဲ့ ရုပ်ရှင်မျိုးပါပဲ။ နက်နဲသလိုလို ရိုးရှင်းသလိုလိုနဲ့ တကယ် ခေါင်းစားချင်စရာရုပ်ရှင်ကြိုက်ရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

The Marvels (2023) ⭐IMDB: 5.9/10 (63 k Votes) 🎬 #Action #Adventure #Fantasy #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ Webrip ကွာလာတီအကြည်ဖြစ်ပေမဲ့ အသံကတော့ cam နဲ့ပေါင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ဒါကြောင့် သူတို့သုံးယောက်ခွဲမရတော့ဘဲ အတူပေါင်းပြီး ခရီးဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ခရီးဥသျှောင် ဒါဘန်းရဲ့အကြံက စကြဝဠာတစ်ခုလုံးပါ ပျက်စီးသွားနိုင်ကြောင်းသိရတဲ့အခါ မာဗယ် ၃ ယောက် တားဆီးဖို့ ကြိုးစားကြပါတော့တယ်။...

There's Something in the Barn (2023) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Comedy #Fantasy #Horror 🗓 2023 🎞 movie 🌎 #Norway #Finland #France ⏰ 1 နာရီ 40 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဥ်းလေးကတော့ ဘေလ်တို့မိသားစုက အမေရိကားကနေ နော်ဝေးကိုအိမ်ပြောင်းလာခဲ့ကြတယ်။ ဘေလ်ရဲ့ဇနီး ကယ်ရိုလ်က ကလေးတွေရဲ့မိထွေးပါ။ အဲဒါကြောင့် ဘေလ်က မိသားစုဘဝသစ်တစ်ခုဖြစ်လာအောင် ဆုံးသွားတဲ့ဦးလေးဆီက အမွေရခဲ့တဲ့ နော်ဝေးကခြံကြီးဆီကို ပြောင်းလာခဲ့တာပေါ့။ ဒါပေမဲ့ ခြံကြီးမှာက ထူးခြားတဲ့တင်းကုပ်ကြီးတစ်ခုရှိနေတယ်။ အဲဒါကတော့ တင်းကုပ်ကြီးမှာ နတ်သူငယ်တွေရှိနေတာပါပဲ။ တင်းကုပ်နဲ့ပက်သက်ရင် စည်းကမ်းတင်းကျပ်တဲ့နတ်သူငယ်တွေဖြစ်လို့ သူတို့နဲ့အန္တရာယ်ကင်းကင်းနေချင်ရင် လိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေကတော့ တင်းကုပ်မှာဆူညံသံတွေမဖွင့်ဖို့၊ အလင်းရောင်စူးစူးတွေမထွန်းဖို့ပါပဲ။ ဒါပေမဲ့ စည်းမျဥ်းတွေအားလုံးကို ဘေလ်တို့မိသားစုကချိုးဖောက်မိတဲ့အခါ...

Diary of a Wimpy Kid Christmas: Cabin Fever (2023) ⭐IMDB: 5.8/10 (517 Votes) 🎬 #Adventure #Animation #Comedy #Family 🗓 2023 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 3 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီး ပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့ လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။ Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှား မထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက် အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင် တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိ သွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှ မသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။ Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။...

It's a Wonderful Knife (2023) ⭐IMDB: 5.3/10 (3 k Votes) 🎬 #Comedy #Horror #Thriller #Mystery 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး ​တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုည​​ပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ”ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ် ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ...

Candy Cane Lane (2023) ⭐IMDB: 5.6/10 (10 k Votes) 🎬 #Comedy #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ – ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ကျင်းပဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ပဲ ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သူတွေထဲက အနိုင်ရရှိသူကတော့ ဒေါ်လာ ၁သိန်း ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ ခရစ်လည်း ဒေါ်လာ ၁သိန်း ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။ ဒါပေမယ့် အနိုင်ရရှိဖို့လုပ်ရာကနေ မကောင်းတဲ့ နတ်သူငယ် တစ်ယောက်နဲ့ အပေးယူ လုပ်မိပါတော့တယ်။ ထိုအပေးယူကို မလုပ်နိုင်ခဲ့ရင် ခရစ်တစ်ယောက် ကျိန်စာမိပြီး Legoအရုပ်လေးတွေလို အရုပ်အဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားရတော့မှာပါ။ ခရစ်တစ်ယောက် အရုပ်အဖြစ် အပြောင်းမခံရအောင် နတ်သူငယ် ပက်ပါ ​ခိုင်းသလို လက်စွပ်တွေကို ရှာရပါတော့တယ်။ ခရစ်တစ်ယောက် အပေးယူအတိုင်း လက်စွပ်တွေကို ရှာနိုင်သွားမလား …. ဒါမှမဟုတ် Legoအရုပ်အဖြစ်ပဲ ပြောင်းသွားမလား ….. ခရစ္စမတ်ရဲ့ အမှန်တကယ် အနှစ်သာရကိုရော ရှာဖွေတွေ့ရှိသွားမလားဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ရှု့လို့ကောင်းပြီး ခရစ္စမတ်ကာလနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် မိသားစုနဲ့ပဲအဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ချစ်ရသူလေးနဲ့ပဲအဖြစ်ဖြစ် ကြည့်ရှု့ဖို့ သင့်တော်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...

All Souls (2023) ⭐IMDB: 5.1/10 (259 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Billboard ရဲ့ Top 10 စာရင်းထဲထိပါအောင် အကြိမ်ကြိမ်နာမည်ကြီးခဲ့တဲ့ The Fate Of The Furious ဇာတ်ကားရဲ့ Sound Track ဖြစ်တဲ့ “Good Life” ဆိုတဲ့သီချင်းကို သီဆိုခဲ့တဲ့ The Bay Boyz အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ American Rapper တစ်ယောက်ဖြစ်တဲ့ တေးရေး၊ တေးဆို၊ သရုပ်ဆောင် G-Eazy က မူးယစ်ရာဇာနေရာကနေ သရုပ်ဆောင်ထားပြီး မင်းသားကြီး Leonardo DiCaprio ရဲ့ Once Upon a Time in Hollywood ဇာတ်ကားထဲမှာ ဆေဒီ နေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးငယ်လေး Mikey Madison တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်ကားလေး တစ်ကားပါ သမီးလေးတစ်ယောက်နဲ့ ဘဝကို မူးယစ်ဆေးဝါးရောင်းပြီး ခက်ခက်ခဲခဲရုန်ကန်နေတဲ့ ရေးဗား ဆိုတဲ့ကောင်မလေးတစ်ယောက် တနေ့မှာ ရဲတွေလက်ထဲရောက်သွားတယ် ရဲတွေက သူ့ကိုလိုချင်တာမဟုတ်ဘဲနဲ့ သူ့အရင်ရည်းစားဟောင်း မူးယစ်ရာဇာဖြစ်တဲ့ ဆိုင်လက်စ် ကိုဖမ်းချင်တော့ သူ့ကို အသွင်ယူပြီးလှုပ်ရှားခိုင်းတော့တာပေါ့ ရဲတွေရဲ့ အကြပ်ကိုင်စေခိုင်းမှုတွေနဲ့ ဆိုင်လက်စ် ရဲ့အဖွဲ့အကြားမှာသူ့သမီးလေးကို ဆက်ပြီးတော့ စောင့်လျှောက်ခွင့်ရရေးအတွက် မိခင်တစ်ယောက်ရဲ့ ကိုယ့်သမီးကိုချစ်တဲ့ဇောနဲ့ ရှယ်ပလန်နဲ့ ဘယ်လိုတွေပွဲကြမ်းဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...

Saltburn (2023) ⭐IMDB: 7.5/10 (12 k Votes) 🎬 #Comedy #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saltburn (2023) ~ IMDb – 7.5/10, RT – 72%, Meta – 60% ~ ပွဲဦးထွက်အနေနဲ့ Promising Young Woman (2020) ကို ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ရိုက်ပြီး ပွဲဦးထွက်ကားနဲ့တင် Academy Award for Best Original Screenplay ဆုရသွားတဲ့ Emerald Fennell ထပ်ရိုက်လိုက်တဲ့ ရုပ်ရှင်ပေါ့။ ပွဲဦးထွက်ကားမှာလည်း ဇာတ်ညွှန်းရေးပြီး အော်စကာရထားသလို ဒီဒုတိယကားမှာလည်း သူ့ဘာသာဇာတ်ညွှန်းရေးပြီး ရိုက်ထားပြန်တာပါပဲ။ သုံးထားတဲ့ သရုပ်ဆောင်တွေကလည်း အော်စကာဆန်ခါတင် ဝင်ခဲ့တဲ့သူတွေအများသားပါ။ The Banshees of Inisherin နဲ့ မနှစ်က ဆန်ခါတင်ဝင်ခဲ့တဲ့ Barry Keoghan, ဖန်နဲလ်ရိုက်ခဲ့တဲ့ Promising Young Woman နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့တဲ့ Carey Mulligan, Gone Girl နဲ့ ဆန်ခါတင်ဝင်ဖူးတဲ့ Rosamund Pike, Best Supporting Actor ဆန်ခါတင်ဝင်ဖူးတဲ့ Richard E. Grant စတဲ့ အော်စကာတန်းဝင်ဖူးတဲ့ သရုပ်ဆောင်တွေချည်း။ တစ်ယောက်မှတော့ မရကြသေးဘူးပေါ့။ ဒီကားနဲ့လည်း Rosamund Pike နဲ့ Barry Keoghan တို့ ဆန်ခါတင်ဝင်ကောင်းဝင်လောက်တယ်။ နောက် The Kissing Booth နဲ့ လူသိများတဲ့ Jacob Elordi လည်း အဆစ်ပါထားတယ်။ ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်တစ်ကောင်ကိုပဲ ဦးတည်ထားတဲ့ဇာတ်ဖြစ်သလို အဲဒီဇာတ်ကောင်ကလည်း Barry Keoghan ဖြစ်နေတော့ စစချင်းကြည့်ရင် သူရိုက်နေကျပုံစံကနေ ကွဲထွက်သွားပြီလို့ထင်ရတယ်။ အောက်စ်ဖို့က ရိုးရိုအေးအေး စာကြမ်းပိုးကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လိုလိုပဲ။ အပေါင်းအသင်းမဲ့နေတဲ့ စာကြမ်းပိုးလေးက ကျောင်းက မင်းသားလေးနဲ့ တွေ့ရာက ဇာတ်လမ်းစတယ်ပေါ့။ သနားစရာကောင်းတဲ့ သူ့ဘဝအကြောင်းသိသွားတော့ မင်းသားလေးက သူ့အိမ်မှာ နွေပိတ်ရက်လိုက်နေဖို့ခေါ်တယ်။ မင်းသားလေးအိမ်ကလည်း တကယ့်နန်းတော်ကြီးပဲ။ ဒီလိုနဲ့ စာကြမ်းပိုးကျောင်းသားလေးဟာ အထက်တန်းလွှာလူတွေရဲ့ မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ရမယ့် နွေရာသီတစ်ခု ဆိုက်ရောက်လာခဲ့တယ်။ တချို့ကတော့ ဘယ်ရီက ဒီဇာတ်ကောင်အတွက် အသက်ကြီးလွန်းနေသလို Rosamund ကို အမေဇာတ်နေရာ ပို့ထားတာက သူ့အလှကို စော်ကားရာရောက်တယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ရဲ့အချိုးအကွေ့ကို ဘယ်ရီလို သရုပ်ဆောင်မျိုးကပဲ သရုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူ့ထက်အငယ်တန်းမှာလည်း ဒီလိုမျိုးမမြင်မိတော့ မှားတော့မမှားဘူး ထင်တာပဲ။ ဒါပေမဲ့ ပြောကြတာလည်း မှားတော့မှားမနေဘူး။ Barry Keoghan ရဲ့ အပြည့်အဝကွဲထွက်လာတဲ့သရုပ်ဆောင်ပုံကိုတော့ မြင်ရဦးမှာမဟုတ်ပေမဲ့ ကွဲထွက်စပြုလာတဲ့ ပုံစံကိုတော့ မြင်ရလိမ့်မယ်။ ဒီနှစ်ထဲ ထွက်ထားတဲ့ ထွက်တော့မယ့် ကားကောင်းတွေ တော်တော်များပါတယ်။ ဒီထဲမှာမှ Saltburn ဟာ ၁ကနေ ၂၀အထိစာရင်းလုပ်ရင် တစ်နေရာရာမှာ ပါနေလောက်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်။ ဇာတ်လမ်းကတော့ တခြားအော်စကာဆန်ခါတင်ဝင်နိုင်တဲ့ ကားအများစုလိုမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်အိမ်သွက်သွက်နဲ့ပဲ သွားထားတယ်။ ဘာဖြစ်ဖြစ် ဒီနှစ်ရဲ့ မဖြစ်မနေကြည့်ရမယ့်စာရင်းထဲတော့ ဝင်နေတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

The Accused (1988) ⭐TMDB: 70.0% User Score 🎬 #Crime #Drama 🗓 1988 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Accused (1988) ~ IMDb – 7.1/10, RT – 93%, Meta – 65% ~ “လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်” ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ လူတွေမှာပါ အပြစ်ရှိတယ်လို့ ယူဆတဲ့အတွက် ပုဒ်မ ၃၇၃ ကိုင်ပြီး တရားစွဲဖို့ကြိုးပမ်းကြတယ်။ ရုပ်ရှင်ကိုကြည့်ရင်တော့ တရားရင်ဆိုင်ကြတာပဲ ဆိုပေမဲ့ ဒီတရားခွင်ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေအပေါ် လူတွေရဲ့အမြင်ကို ပွင့်စေခဲ့တယ်။ မုဒိမ်းမှုအတွက် ဆာရာအနေနဲ့ အရက်သောက်ထားတယ်၊ အတိုင်ရှို့ထားတယ်၊ ဝတ်ဆင်ပုံရိုင်းတယ်။ အဲဒီအချက်တွေကိုကိုင်ပြီး တရားခံတွေဘက်က မိန်းကလေးဟာ မုဒိမ်းကျင့်ခံရဖို့ ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း ဖိပြောပြီး မုဒိမ်းတရားခံတွေကို ရမ်းကားမှုနဲ့ပဲ ထောင်သက်တို ချမှတ်စေခဲ့တာပေါ့။ Victim Blaming လုပ်လိုက်တာပါပဲ။ သိပ်ကိုမတရားမှန်းသိသာနေတာကြောင့် ရှေ့နေမာဖီအနေနဲ့ ဘေးက ရပ်ကြည့်အားပေးခဲ့တဲ့လူတွေကိုပါ တရားစွဲဖို့ဖြစ်လာခဲ့တယ်။ ဒီတရားခွင်က အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလို ရာဇဝတ်အားပေးမှုမှာသာ နစ်နာသူဘက်ကနိုင်ရင် မုဒိမ်းမှုအစား ရမ်းကားမှုနဲ့ ထောင်ကျနေတဲ့ တရားခံ ၃ ယောက်ကပါ ထောင်ဒဏ်အပြည့်ကျခံရမယ်။ ဘေးကအားပေးတဲ့လူတွေလည်း ထိုက်သင့်တဲ့ထောင်ဒဏ်ကျခံရမယ်ပေါ့။ ဇာတ်လမ်းအရ ဖြစ်ရပ်မှန်ကို မှီငြမ်းထားတာဖြစ်တာကြောင့် Plot Twist တွေ ပါတယ်ဆိုရုံလောက်ပဲပါပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က ပရိသတ်တွေကို ဟာခနဲ ဟင်ခနဲ ဖြစ်စေချင်တာမဟုတ်ဘဲ တရားဥပဒေကို ပိုနားလည်ကြဖို့နဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုတွေကဖြစ်လာတဲ့ နစ်နာသူဘက်က ခံစားချက်တွေကို နားလည်စေဖို့ ရည်ရွယ်ပါတယ်။ တရားဥပဒေရေးရာ ရုပ်ရှင်ဆိုပေမဲ့ ဥပဒေရေးရာ စကားရပ်တွေ ပြွတ်သိပ်သုံးထားတာမဟုတ်ဘဲ ဇာတ်လမ်းကို နောက်ဆုံးတရားခွင်အထိ စိတ်ဝင်စားစရာကောင်းအောင်ဆွဲခေါ်သွားနိုင်ပါတယ်။ အဖော်အချွတ်ပြကွက်တချို့နဲ့ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...

Bad Santa (2003) ⭐TMDB: 65.0% User Score 🎬 #Comedy #Crime #Drama 🗓 2003 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy Bob Thornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး rating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီး ဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ် အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းက မဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေး အဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကို လိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီက အဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ် ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားက ပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲ အဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲ ဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲ ခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲ နောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Comedy, Crime &Drama အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်ကြီးကို ဇာတ်လမ်းအစအလယ် အဆုံးကောင်းကောင်းဆွဲခေါ်သွားနိုင်မဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ကြည့်ရှုသင့်တယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်...

Bad Santa 2 (2016) ⭐IMDB: 5.6/10 (28 k Votes) 🎬 #Comedy #Crime #Drama #Mystery 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santa 2003 ရဲ့အဆက်ဖြစ်တဲ့ Bad Santa 20016ဆိုတဲ့ ဒုတိယမြောက် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုတော့ဒါရိုက်တာ Mark Waters က ရိုက်ကူးပုံဖော်ထားပြီး မင်းသားWilly Bob Thornton,Tony Cox နှင့် မင်းသမီး Kathy Batesတို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားမှာလည်း ဝီလီ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Willy Bob Thornton က ဇာတ်ကားနာမည်အတိုင်း အရင်လိုဆိုးပေနေတဲ့ ဆန်တာကလော့စ်ဖြစ်နေသေးတုန်းပဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းက ထောင်ကထွက်လာတဲ့ သူငယ်ချင်းဖြစ်သူ မားကတ်နဲ့ ဝီလီတို့ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ကြိုးစားကြပုံကို ကြည်နူးပျော်ရွှင်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ဝီလီတို့သူငယ်ချင်းနှစ်ယောက် မီးခံသေတ္တာကိုဖောက်ထွင်းဖို့အတွက် ချီကာဂိုမြို့ကိုရောက်တဲ့အခါမှာတော့ ဝီလီ မျှော်လင့်မထားတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်ရမည့် ပါတနာတစ်ယောက်ပါလာပါတယ် အဲ့တာကတော့ ဝီလီကိုငယ်ငယ်လေးကတည်းက ပစ်သွားတဲ့ ဝီလီရဲ့ အမေ ဆန်နီဆုတ်ပဲ ဖြစ်ပါတယ် နှစ်ပေါင်းများစွာဝေးကွာ သွားပြီးနောက် သားမိနှစ်ယောက်ပြန်လည်ဆုံတွေ့တဲ့ အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဝီလီအမေကရော ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝီလီကိုပစ်သွားရတာလဲ သူတို့တွေအောင်မြင်အောင်ကော လုပ်ဆောင်နိုင်ကြပါ့မလား ဒီဇာတ်ကားမှာ ဝီလီရဲ့စိတ်ကိုနူးညံ့ပျော့ပြောင်းသွားစေတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ရှိပါသေးတယ် အဲတာကတော့ ဝီလီကိုငယ်ငယ်လေးကတည်းက အခုချိန်ထိကပ်တွယ်နေတဲ့ သားမန်းဆိုတဲ့ကောင်လေးဖြစ်ပါတယ် ငယ်ငယ်ကတည်းကမိဘမေတ္တာငတ်မွတ်ခဲ့တဲ့ သားမန်းဆိုတဲ့ကောင်လေးကရော ဘာလို့ဝီလီက ဆန်တာကလော့စ်အစစ်မဟုတ်မှန်း သိတာတောင် တကောက်ကောက်လိုက်နေရသေးတာလဲ သားမန်းတစ်ယောက်ဝီလီတို့ တစ်တွေ နေထိုင်တဲ့ချီကာဂိုမြို့အထိလိုက်လာခဲ့ရာမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ သူကရော ဝီလီရဲ့စိတ်ကိုဘယ်လိုမျိုးနူးညံ့ပျော့ပြောင်းသွားစေမလဲ ဆိုတာ ဒီဇာတ်ကားလေးထဲမှာ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားဟာ Comedy,Crime&Dramaအမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်သူတွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်...

Spark: L.I.F.E. (2023) ⭐IMDB: 9.3/10 (2 k Votes) 🎬 #Action #Bollywood #Romance #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 42 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Spark L.I.F.E (2023) IMDb -9.4/10 Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ်SPARKလို့ခေါ်တဲ့ အရာကြောင့်။ ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။ အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကိုငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကိုသူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက်ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာလူတချို့ကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားနေတဲ့အချိန်ပေါ့။ လူလည်းသတ် ဆူဆိုက်လည်းလုပ်တဲ့အတွက် ဆူဆိုက်ကေလာတွေလို့တောင်ခေါ်ကြရတယ်။ဒီနောက်ကွယ်ကနေ ကြိုးကိုင်နေသူက ဘယ်သူဖြစ်မလဲ ……… လက်ခါလေးရဲ့ အိပ်မက်ချစ်သူနဲ့ရောဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမှာလဲ …….. လက်ခါရဲ့ အိပ်မက်ထဲကချစ်သူကကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေနဲ့ရော ဆက်စပ်နေမှာလား ……. စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအပြည့်နဲ့ ရိုဆန်ဆန်လေး ကြည့်ရှူရမယ့်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Squad (2023) ⭐IMDB: 2.4/10 (192 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 18 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Squad (2023)============= ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းကမွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့်ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာအင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...

Wolf and Dog (2022) ⭐IMDB: 6.2/10 (291 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Portugal #France ⏰ 1 နာရီ 47 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Wolf and Dog (2022)================IMDb Rating – 6.2/10 ဘာသာရေးကိုင်းရှိုင်းပြီး ဓလေ့ထုံးတမ်းတွေကို အလေးထားတဲ့ အတ္တလန္တိတ်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းနဲ့ အများက သာမန်လို့ လက်ခံယုံကြည်ထားတဲ့ဖြစ်တည်မှုတစ်ခုကနေ ရုန်းထွက်ချင်နေတဲ့ လူငယ်တစ်စု။ အန်နာဟာ ဒီကျွန်းလေးမှာ အိပ်မက်တွေကို စွန့်လွှတ်ပြီး ဘဝကို ရောင့်ရဲတင်းတိမ်နေရတယ်။ တဲလ်မိုဆိုတဲ့ ကောင်လေးကတော့ အလှတွေ ပြင်ပြီး ပန်းပွင့်လေးလို ပွင့်လန်းချင်တဲ့ လူငယ်ကောင်လေးတစ်ယောက်။ ကလိုဝီကတော့ဘဝကို လွတ်လပ်စွာနေထိုင်နေပြီး ဒီကျွန်းကို ခဏတစ်ဖြုတ် လာလည်သူ အန်နာ့သူငယ်ချင်း ကနေဒါသူလေးတစ်ယောက်။ တဲလ်မိုနဲ့ ကလိုဝီတို့ အန်နာနဲ့ မတူတဲ့ အချက်ကတော့ သူတို့ရဲ့ စိတ်ဆန္ဒကိုဦးစားပေးပြီး ကိုယ်ပိုင် ပျော်ရွှင်မှုကို ရွေးချယ်ရဲတဲ့ သတ္တိရှိကြတယ်။ ဒါတွေက တစ်နေ့မှာ အန်နာ့အတွက် ခွန်အားတွေဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ယဉ်ကျေးမှုတွေ ထွန်းကားရာ ကျွန်းတစ်စုက QueerCommunity အတွက် လှပတဲ့ တေးသွားလေးတစ်ပုဒ်ဆို မမှားပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...