ဇာတ်ညွှန်းများ • FDMN
قناة بسيطة
لا توجد بيانات
المشتركون
-524 ساعات
-47 أيام
+730 أيام
أرشيف المشاركات
The Swan (2023) ⭐TMDB: 67% User Score 🎬 #Drama 🗓 2023 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 18 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Swan (2023) IMDb Rating – 6.8/10 ဇာတ်လမ်းအညွှန်း Netflix ကနေ ထပ်မံထွက်ရှိလာတဲ့ Roald Dahl ရဲ့ နောက်ထပ် Short story လေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama ဖြစ်ပြီး ပီတာဝက်ထ်ဆန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို ရက်စက်ပြီး လက်နက်ကိုင်ထားတဲ့ ကောင်လေးနှစ်ယောက်က ပြန်ပေးဆွဲသွားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပီတာက ထက်မြက်ပြီးတော့ ငှက်လေးတွေကို စူးစမ်းလေ့လာရတာ ဝါသနာပါတဲ့ကောင်လေးတစ်ယောက်ပါ။ အနိုင်ကျင့်သူနှစ်ဦးက လှပတဲ့ ငန်းလေးတစ်ကောင်ကို ပစ်သတ်လိုက်တဲ့အခါမှာတော့ အနိုင်ကျင့်သမျှကို ငြိမ်ခံနေတဲ့ ပီတာရဲ့ သည်းခံစွမ်းအားတွေ ကုန်ဆုံးလာပါတော့တယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။...
A Model Murder (2024) ⭐IMDB: 4.2/10 (144 Votes) 🎬 #Mystery #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Klassy Kara ဆိုတဲ့ နာမည်နဲ့ Modelfans ဆိုတဲ့ websiteမှာ ပုံတွေတင်ပြီး နာမည်ကြီးလာတဲ့ Kara Woods ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။ သူ့မှာ ဖော်လိုဝါတွေလည်း များသလို model rankingကလည်း top ten ထဲမှာ ရှိပါတယ်။ တစ်ရက် သူ့သူငယ်ချင်း ဖြစ်တဲ့ သူ့လိုပဲ Modelfansက မော်ဒယ်မလေး Maxine Madisonက အသတ်ခံလိုက်ရပါတယ်။ Maxine အသတ်ခံရပြီး Kara ရဲ့ Rankingကလည်း Top Five ထဲ ရောက်သွားတာပါပဲ။ Karaက websiteကနေ ပုံတင်ပြီး ငွေရှာနေပေမယ့် သူတကယ် လုပ်ချင်တာက မင်းသမီးအလုပ်ပါ။ လူရွေးပွဲတွေ ခဏခဏသွားပေမယ့်လည်း သူ့ကို modelfans siteကဖြစ်လို့ အဖော်အချွတ် မော်ဒယ်တစ်ယောက်လို့ပဲ အထင်သေးခံရပါတယ်။ ဒါပေမယ့် Kara က ဇွဲမလျှော့ပါဘူး။ တစ်ရက် ဖန်တွေ ပို့ပေးလာတဲ့ မေးလ်တွေကို ဖွင့်ကြည့်ရင်းနဲ့ ပရိသတ်တစ်ယောက်က သူ့ကို ပို့ထားတဲ့ မေးလ်ကို တွေ့သွားပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားပေမယ့်လည်း အဆုံးက စာကြောင်းမှာ “မင်းမရှိရင် ငါဖြစ်မလာဘူး” ဆိုပြီး ရေးထားတာကြောင့် ထူးဆန်းတဲ့သူဆိုပြီး ဘလော့လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီပိရိသတ်က အကောင့် တစ်ခုပြီး တစ်ခု ဖွင့်ပြီး သူ့ကို နှောင့်ယှက်နေတာပါ။ Kara တစ်ယောက် stalkerကို ဘယ်လို ရင်ဆိုင်မလဲ Maxineကရော ဘာလို့ အသတ်ခံရတာလဲ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။...
Rooming with Danger (2023) ⭐IMDB: 4.9/10 (219 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rooming With Danger (2023) IMB Rating (4.9/10) Bianca တယောက်ကငယ်ငယ်ထဲသူ့ရဲ့တဦးထဲသောညီမလေးသက်ေသသွားတာကြောင့်စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတာပါ၊သူ့ညီမအတွက်ဆိုလူပါသတ်တဲ့အထိစိတ်ဒဏ်ရာပြင်းထန်နေခဲ့တာပါ၊ တဖက်မှာတော့ Angelina တယောက်ကသူ့ကောင်လေး Marco ရဲ့မဆင်မခြင်ဒေါသထွက်တတ်တဲ့အကျင့်ကိုသည်းမခံနိုင်တော့တာကြောင့် အိမ်ပေါ်ကဆင်းလာခဲ့ပြီး Bianca အိမ်မှာအခန်းငှားဖို့ဖြစ်လာခဲ့ပါတော့တယ်၊Angelina တယောက်မသိတာက Bianca ကသူငှားခဲ့တဲ့အခန်းရဲ့အရင်ပိုင်ရှင်ကိုသတ်လိုက်တယ်ဆိုတာပါပဲ၊နောက်ထပ်ပြဿနာတွေကတော့ Bianca တယောက် Angelina ကိုသေသွားတဲ့သူ့ညီမနဲ့အထင်မှားရာကနေစတော့တာပါပဲ၊ Bianca တယောက် Angelina ကိုချစ်စိတ်ကြောင့် Angelina ကိုနှောက်ယှက်တဲ့သူေတွကိုကော ချစ်တဲ့သူတွေကိုကော အန္တရာယ်ပြုဖို့ကြိုးစားပါတော့တယ်၊Bianca ကကောဘယ်လောက်ထိဆိုးဆိုးရွားရွားဆက်ပြုမူမှာလဲ၊ဇာတ်လမ်းအစက Marco ဆိုတဲ့သူကကောဘယ်လိုတွေပက်သက်လာမယ်၊Angelina တယောက်နောက်ဆုံးမှာဒီဖြစ်ရပ်ဆိုးတွေကလွတ်မြောက်သွားနိုင်ပါ့မလား၊ဒီလိုအကြောင်းအရာတွေကို ဒီဇာတ်ကားမှာရင်တထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာပါ။...
The Hand That Robs the Cradle (2023) ⭐IMDB: 5.2/10 (249 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Hand That Robs the Cradle (2023) IMDb – 5.2/10 ဒန်နီဆိုတဲ့ လသားကလေးလေး ပြန်ပေးဆွဲခံရပြီး မီးသတ်ဌာနမှာ မိဘဖြစ်သူတွေ ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ပြန်တွေ့ပြီး ၇နှစ်ကြာတဲ့ထိ မိဘဖြစ်သူတွေအတွက် စိတ်ဒဏ်ရာတစ်ခုလိုဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ ကလေးကို မျက်စိအောက်က အပျောက်မခံကြ။ တစ်ရက်မှာတော့ အဘွားဖြစ်သူထောက်ခံမှုနဲ့ ကလေးထိန်း ဒလွန်ဒရာကို ငှားခဲ့လိုက်ပါတယ်။ ဒလွန်ဒရာက အရာရာကိုတက်တက်ကြွကြွနဲ့ စိတ်ပါလက်ပါလုပ်တတ်တဲ့အတွက် ဒန်နီလေးရဲ့ မိဘဖြစ်သူတွေ ပျော်ရွှင်ကျေနပ်နေကြပါတယ်။ တစ်နေ့တော့ ဒန်နီနဲ့ ဒလွန်ဒရာပန်းခြံထဲမှာဆော့နေကြရင်း စိတ်မှန်ပုံမရတဲ့ အမျိုးသမီးတစ်ယောက်က ဒန်နီ့ကို ပြန်ပေးဆွဲခံလိုက်ရတဲ့သူ့သားဆိုပြီး အနားကပ်လာခဲ့ပါတယ်။ ဒါနဲ့ ဒလွန်ဒရာလည်း ဒန်နီလေးကိုခေါ်ပြီး အိမ်ပြန်ပြေးခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ခုနစ်နှစ်က ပြန်ပေးဆွဲခံရပြီးခံရတဲ့ကလေးက တကယ်တမ်း ဘယ်သူ့ကလေးလည်းဆိုတာ ဒလွန်ဒရာရဲ့စိတ်ထဲမှာ သံသယဝင်လာတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Getaway (2013) ⭐IMDB: 4.4/10 (25 k Votes) 🎬 #Action #Crime #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #Bulgaria #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ်...
20,000 Species of Bees (2023) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Spain ⏰ 2 နာရီ 8 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကားနာမည်ကို ဒီတိုင်းကြည့်ရင် ပျားမျိုးစိတ်တွေအကြောင်းများ ရိုက်ထားတာလားလို့ ဇဝေဇဝါဖြစ်သွားနိုင်ပေမဲ့ တကယ်တမ်း ဒီဇာတ်ကားလေးကတော့ IMDB 7/10 ရရှိထားတဲ့ မိဘနဲ့ သားသမီးအကြား နားလည် လက်ခံပေးမှုတွေကို အဓိက ဖော်ကျူးထားတဲ့ စပိန် Drama ကားလေးပါ။ ဘာလင်ရုပ်ရှင်ပွဲတော်နဲ့ တခြားရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုပေါင်း ၃၄ ဆုအပြင် nomination ၅၃ ခု ဝင်ခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်လေး Sofía Otero ဟာလည်း ၈နှစ် အရွယ်လေး အိုင်တောရဲ့ ခံစားချက်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တာမို့ အကောင်းဆုံး အဓိကဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။ လူတွေက ကိုယ့်ရဲ့တည်ရှိမှုကို ဘယ်အသက်အရွယ်မှာ စတင် သတိထားမိလာပါသလဲ။ ကိုယ်က အဖြူရောင်ကြိုက်တာလား၊ အမည်းရောင်ကြိုက်တာလား။ ဆံပင်အတိုကြိုက်တာလား၊ အရှည်ကြိုက်တာလား။ စတဲ့ ရွေးချယ်နိုင်မှုတွေ မဟုတ်ဘဲ ကိုယ့်ရဲ့တည်ရှိမှု အစစ်အမှန်ကို သတိထားလာမိတဲ့အရွယ်က ပျမ်းမျှ ဘယ်အရွယ်လောက်များလဲ။ ဒီဇာတ်ကားထဲက အိုင်တောဆိုတဲ့ အဓိကဇာတ်ကောင်လေးကတော့ သူက ရွယ်တူတခြားကလေးတွေလို မဟုတ်ဘူးဆိုတာကို ၈ နှစ်အရွယ်မှာ သတိထားမိခဲ့ပါတယ်။ အိုင်တောရဲ့အမေဖြစ်သူ အန်နီကတော့ စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ အလုပ်တွေရှုပ်နေခဲ့ပြီး အဖေဖြစ်သူကတော့ အိုင်တောထက် သူ့အစ်ကို အယ်နဲကိုကို အချစ်ပိုသူပါ။ တစ်ရက်မှာတော့ အိုင်တောတို့မိသားစုက တခြားမြို့က ပျားမွေးမြူရေးလုပ်တဲ့ သူတို့အမျိုးတွေဆီ နွေရာသီ အလည်သွားကြရင်းနဲ့မှ အိုင်တောလေးက သူ့ဘဝရဲ့ တည်ရှိမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အရွယ်နဲ့မမျှအောင် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရတဲ့ အိုင်တောလေးခမျာ ရွယ်တူကလေးတွေလိုလည်း မပျော်နိုင်ဘဲ တမှိုင်မှိုင် တတွေတွေပဲ ဖြစ်နေပါတော့တယ်။ ကိုယ်မွေးထားတဲ့ သားသမီးမို့ သူ့ရဲ့တည်ရှိမှုလေးအတိုင်း လက်ခံပေးနိုင်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အကြည့်တွေကို ကြောက်ရွံ့မိသူ အန်နီက အိုင်တောကို အသိအမှတ်ပြုပေးနိုင်မှာလား၊ အိုင်တောရဲ့အဖေကရော သူ့ရဲ့မတူထူးခြားမှုကို နားလည် လက်ခံပေးနိုင်ပါ့မလား ဆိုတာကိုတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
Klip Anker Baai (2023) ⭐TMDB: 0% User Score 🎬 #Drama #Romance 🗓 2023 🎞 tv movie 🌎 #SouthAfrica ⏰ 1 နာရီ 33 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Klip Anker Baai (2023) ဇာတ်လမ်းအညွှန်း အဲလက်စ်ဒွန်နေးက သူမရဲ့ ဖခင်နဲ့ အဆင်မပြေဖြစ်ပြီး မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးမှာ အသက်မွေးဝမ်းကျောင်းပြုအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့ ဖခင် ပင်လယ်ထဲထွက်ရင်း သေဆုံးသွားတဲ့ အကြောင်း သူမရဲ့ အစ်ကိုနဲ့ အဒေါ်တို့က လှမ်းအကြောင်းကြားလိုက်တဲ့အခါ သူမဖခင်ရဲ့ နာရေးကိစ္စအတွက် မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ နာရေးအခမ်းအနားကိုရောက်လိုက်မှ သူမဖခင်ရဲ့ သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သူမဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကဘာလဲဆိုတာကို သူမဖော်ထုတ်နိုင်မှာလား။ သူမရဲ့မွေးရပ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ မြေတွေကို ကုမ္ပဏီအကြီးကြီးတစ်ခုက ဖိအားပေးလိုက်လံဝယ်ယူနေတဲ့အခါ သူမဘယ်လိုဖြေရှင်းပေးမလဲ။ သူမဖခင်သေဆုံးမှုကရော ထိုကုမ္ပဏီကလူတွေရဲ့ လက်ချက်များဖြစ်နေမလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။...
Sweeter Than Chocolate (2023) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာကြီးကိုတည်ဆောက်ထားတဲ့အရာဟာ မေတ္တာတရားပါလို့ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးကို အလှဆင်နေတဲ့အရာဟာ အချစ်ပါပဲ။ ဒီတော့အချစ်ကိုယုံကြည်တဲ့လောကသားတွေပီပီ အချစ်စစ်ဆိုတာကို right personဆိုတဲ့ညာလူကြီးကို တမ်းတကြသည်ပေါ့လေ။ ဒါပေမဲ့ အချစ်စစ်ဟာ မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ချစ်သူတစ်ရာတွေ့တောင် အချစ်စစ်တစ်ခုတွေ့ဖို့ရာ အင်မတန်ခက်ခဲပါသတဲ့။ How Sweet It is ဆိုတဲ့ ချောကလက်ဆိုင်လေးကတော့ အချစ်စစ်ဆိုတာ ရှာရခက်ပါတယ်ဆိုတဲ့ သဘာဝတရားကြီးကို ဆန့်ကျင်နေပါသတဲ့။ အဘိုးလက်ထက်ကတည်းက စတင်ခဲ့တဲ့ Sweetချောကလက်ဆိုင်က အထူးစပယ်ရှယ် Cupid chocolate ကိုစားလိုက်ရင် ကိုယ့်ရဲ့right person ကိုယ့်ရဲ့true loveကို ရှာတွေ့နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီရှိနေလို့ပါပဲ။ ဒါကိုမယုံချင်တဲ့ စုံစမ်းစစ်ဆေးရေးသတင်းထောက်လေး ဒင်းချေ့စ်တစ်ယောက် မက်လုံးတစ်ခုကြောင့် ချောကလက်ဆိုင်ကနေ သတင်းယူဖို့ဖြစ်လာတဲ့အခါ… ချောကလက်ဒဏ္ဍာရီကို အဆိုးမြင်နေတဲ့ဒင်းချေ့စ်နဲ့ မြားနတ်မောင် ချောကလက်ဖန်တီးရှင်မလေး လူစီဆွိတို့ How Sweet It is ဆိုတဲ့ဆိုင်လေးအကြောင်း သတင်းယူဖို့အတူအလုပ်လုပ်ရင်းနဲ့ cupid chocolate ကြောင့် ဆုံဆည်းခဲ့ရသူတွေကို အတူအင်တာဗျူးကြပါတော့တယ်။ အရာရာကို သိပ္ပံချိန်ခွင်နဲ့တိုင်းတတ်တဲ့ ဒင်းချေ့စ်၊ မှော်ဆန်ဆန် မြားနတ်မောင်ကရူးပစ်ချောကလက်နဲ့ ဒီချောကလက်ဖန်တီးတဲ့ မှော်ပညာရှင်မလေး လူစီဆွိတို့ကြား ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အတူတူရှုစားကြပါဦး။...
Worlds Apart (2015) ⭐IMDB: 7.4/10 (9 k Votes) 🎬 #Drama #Romance 🗓 2015 🎞 movie 🌎 #Greece ⏰ 1 နာရီ 56 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Drama, RomanceIMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကိုခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့်တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာတခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီးအများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်းမဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲကအများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက်ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့်မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်…နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. …သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်..မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီးရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းကရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။...
Little Manhattan (2005) ⭐TMDB: 72% User Score 🎬 #Comedy #Romance #Family 🗓 2005 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဦး မြေးဦးရတဲ့ထိ မမေ့ဘူးဆိုတဲ့ စကားလေး ဘရားသားတို့ ကြားဖူးမှာပါ။ အများစုကတော့ ကြားဖူးရုံတင်မကဘူး၊ ကြည်နူးမှုတွေ နာကျင်မှုတွေ ရောပြွန်းပြီးတော့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ သိခဲ့ကြမှာပါ။ အခုချိန်ထိလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ လွမ်းဆွတ်တသနေမယ့် အချစ်မျိုးပေါ့။ ကဲ စကားမရှည်တော့ဘူး။ ဇာတ်လမ်းအကျဉ်းဆယ်နှစ်သားလေး ဂေ့ဘ်ဟာ မိဘတွေ ကွာရှင်းတော့မယ့်အခြေအနေကြောင့် စိတ်ညစ်ရတာကလွဲလို့ ပုံမှန် ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ပါးပါး အပူအပင်ကင်းကင်း ဖြတ်သန်းနေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ ဂေ့ဘ်ဟာ မိဘတွေကို ကရာတေးအတန်းကို ပူဆာတဲ့အချိန်မှာ သူ့မိဘတွေက ဂေ့ဘ်စိတ်ချမ်းသာဖို့ အတန်းအပ်ပေးလိုက်ရာကနေ ကရာတေးအတန်းကို သွားတက်တဲ့အခါမှာ သူလေးငါးနှစ်သားအရွယ် ကလေးဘဝက ကစားဖော် ကစားဖက် ကောင်မလေးဖြစ်တဲ့ ရိုစ့်မယ်ရီနဲ့ ပြန်ဆုံတွေ့ရပါတော့တယ်။ အစကတော့ သူ့ထက် တစ်နှစ်ကြီးတဲ့ ရိုစ့်မယ်ရီအပေါ်ထားရှိတဲ့ ခံစားချက်က ပုံမှန်အတိုင်းဆိုပေမယ့် သူတို့နှစ်ယောက် ကရာတေးလေ့ကျင့်ဖော် လေ့ကျင့်ဖက်ဖြစ်လာပြီး ခဏခဏ တွေ့ဖြစ်တဲ့အခါမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေက စတင်ပေါက်ဖွား အမြစ်တွယ်လာပါတော့တယ်။ ဒါပေမဲ့ ရိုစ့်မယ်ရီရဲ့ မိဘတွေက ရိုစ့်မယ်ရီရဲ့ ဘဝအတွက် အစစအရာရာ လမ်းကြောင်းချမှတ်ထားပြီးဖြစ်ပြီး နွေရာသီစခန်းသွားရမယ် ပြီးရင် ဘော်ဒါနေရတော့မယ်ဆိုတဲ့အချိန်မှာ သူတို့နှစ်ယောက်ကြားမှာ ဖြစ်တည်လာတဲ့ ခံစားချက်ကို အချင်းချင်းသိအောင် ဖွင့်ပြောနိုင်ပါ့မလား၊ သူတို့ နီးစပ်သွားကြမှာလား ဝေးကွားသွားကြမှာလားဆိုပြီး မသေချာ မရေရာ ငယ်ရွယ်လှတဲ့ ဆယ်ကျော်သက်အချစ်လေးကို ပြန်လည်ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။...
Warm Bodies (2013) ⭐IMDB: 6.8/10 (244 k Votes) 🎬 #Drama #Horror #Mystery #Comedy #Romance 🗓 2013 🎞 movie 🌎 #Canada #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb (6.9) / Rotten Tomatoes (81%) Vampire တစ်ကောင်ကိုချစ်နိုင်ပေမယ့် Zombieဆိုရင်ရော ချစ်နိုင်ပါ့မလား?အခုက စိတ်လှုပ်ရှားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် အလှည့်ပါ။ လူ့ဦးနှောက်တွေစားတဲ့ Zombieတစ်ကောင်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ Zombieတစ်ကောင်ဖြစ်တဲ့ Rဟာ သူရဲ့တစ်နေ့တာကို စွန့်ပစ်ခံမြို့က လေဆိပ်ပျက်ထဲမှာ ဟိုဟိုဒီဒီလျှောက်သွားရင် ကုန်ဆုံးလေ့ရှိပါတယ်။သူ့မှာ Mဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ အဓိပ္ပါယ်မဲ့နေတဲ့ သူ့ဘဝထဲကို ဝင်လာတဲ့သူက JulieJulieနဲ့သူ့သူငယ်ချင်းတစ်စု Rတို့နေတဲ့ မြို့ပျက်ထဲမှာရှိတဲ့ ဆေးဝါးတွေကို ယူဖို့ အထက်ကအမိန့်ပေးခံရတယ်။Julieတို့လည်း အဆောက်အအုံဟောင်းတစ်ခုက ဆေးဝါးတွေကို သယ်နေတုန်း Rတို့ Zombieအုပ်စုနဲ့တိုးတဲ့အခါ……. Zombieဖြစ်နေတဲ့ Rဟာ Julieရဲ့ချစ်သူကို သတ်ပစ်ပြီး သူ့ရဲ့ ဦးနှောက်ကို စားလိုက်တယ်။ဒီနေရာမှာ လှည့်ကွက်တစ်ခုက သေသူရဲ့ ဦးနှောက်ကိုစားလိုက်တဲ့အခါ သေသူရဲ့မှတ်ဉာဏ်တွေကို zombieက ခံစားနိုင်တယ်ဆိုတာ။ Julieချစ်သူ့ရဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် Rဟာ Julieအပေါ် ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလိုက်ရတယ်။ဒီလိုနဲ့ zombieတွေ လက်ထဲ ဒုက္ခရောက်နေတဲ့ Julieကို Rတစ်ယောက် ကယ်ဖို့ဖြစ်လာတယ်။သူနေထိုင်တဲ့ လေယာဉ်ပျက်ထဲကို Julieကို ခေါ်သွားတဲ့အခါ…..Rကို အရမ်းကြောက်နေတဲ့ Julie zombieတွေလက်ထဲ အသက်ရှင်နိုင်ပါ့မလား?Rကရော zombieတစ်ကောင်းအဖြစ်ပဲ ဆက်ရှိနေမှာလား?Julieကရော zombieတစ်ကောင်ကို ချစ်မိပါ့မလား?ဒါတွေကို သိချင်ရင်တော့ Warm bodiesဆိုတဲ့ ရုပ်ရှင်ကိုသာ ကြည့်လိုက်တော့နော်။ “Cold Body Warm Heart” “Who says romance is dead?” (ရုပ်ရှင်အညွှန်းကို ForHerMyanmar မှကူးယူဖော်ပြပါသည်။)...
My Demon (2023) ⭐TMDB: 85% User Score 🎬 #Drama #Comedy #SciFi #Fantasy 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 7 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Demon (2023) [Complete}My Demon (2023)***************** အပိုင်း (၁ မှ ၁၆) စ/ဆုံး Do Do Hee (Kim Yoo Jung) က မီရယ်လုပ်ငန်းစုရဲ့အမွေဆက်ခံသူ သူဌေးသမီးလေးပါ။မာနကြီးပြီး အေးစက်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ဘဲ အချစ်ဆိုတဲ့အရာကိုလည်း မလိုအပ်ဘူးလို့ ခံယူထားတဲ့ ထက်မြက်တဲ့လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။Jung Gu Won (Song Kang) ကတော့ ကမ္ဘာကြီးကို နှစ်ပေါင်း ၂၀၀ ကျော်လှည့်လည်သွားလာနေတဲ့ နတ်ဆိုးတစ်ကောင်ပါ။ တစ်နေ့မှာတော့ Gu Won က Do Do Hee နဲ့ပတ်သက်မိရာကနေ မထင်မှတ်ဘဲ သူ့စွမ်းအားတွေကို ရုတ်တရက် ဆုံးရှုံးသွားခဲ့ပါတယ်။သူ့ကိုယ်သူ ပျောက်ကွယ်မသွားဖို့နဲ့ သူ့စွမ်းရည်တွေရရှိသွားတဲ့ Do Do Hee ကို ကာကွယ်နိုင်ဖို့အတွက်နှစ်ယောက်သား ဟန်ဆောင်လက်ထပ်ပြီး အတူတူနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီကားလေးမှာတော့ ဒိတ်ဒိတ်ကြဲ cast တွေ ပါဝင်ထားပြီး သူဌေးသမီးနဲ့နတ်ဆိုးလေးတို့ ဟန်ဆောင်လက်ထပ်ရင်းကနေနတ်ဆိုးရဲ့ ဆုံးရှုံးသွားတဲ့စွမ်းအားတွေကို ပြန်ရယူဖို့ လုပ်ဆောင်ရင်းဖြစ်ပေါ်လာမဲ့သဘာဝလွန် အချစ်ဇာတ်လမ်းဖြစ်ပါတယ်။...
The Girl in the Spider's Web (2018) ⭐IMDB: 6.1/10 (52 k Votes) 🎬 #Action #Adventure #Crime #Drama #Mystery #Thriller 🗓 2018 🎞 movie 🌎 #Germany #UnitedKingdom #Canada #Sweden #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Girl In The Spider’s WebGenre – Action, Adventure, CrimeIMDB – 6.1/10 ၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ လူသူဝေးတဲ့ တောအုပ်ထဲမှာ အိမ်တစ်လုံးရှိပြီးအဖေနဲ့ သမီးနှစ်ယောက်နေကြပါတယ်။စိတ္တဇလို ရက်စက်တတ်တဲ့အဖေရဲ့လက်အောက်မှာကြီးပြင်းရတဲ့ သမီးနှစ်ယောက်အဖို့ကတော့တကယ့်အိပ်မက်ဆိုးနဲ့ နေ့ရက်တွေပါပဲ။ တစ်နေ့မှာတော့ ဖအေဖြစ်သူရဲ့ ညှင်းဆဲမှုကိုမခံနိုင်တော့တဲ့နောက် ဝရန်တာကနေပဲ ခုန်ချထွက်ပြေးသွားခဲ့ပါတယ်။မလိုက်နိုင်တဲ့အစ်မဖြစ်သူကတော့ အဖေ့ဆီမှာပဲ ကျန်နေခဲ့ပါတော့တယ်။ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ အငယ်မလေးလစ်စဘတ်သ်ဟာကြေးစားလူသတ်သမားတဖြစ်လဲ မကောင်းတဲ့လူတွေကို အပြစ်ပေးတဲ့ကြေးစားလူသတ်သမားလုပ်ရင်း ဘဝကိုဖြတ်သန်းနေပါတယ်။တစ်နေ့မှာတော့ သူ့ကို ကမ္ဘာ့နျူကလီးယားလက်နက်တွေကိုထိန်းသိမ်းထားတဲ့ ဆော့ဝဲတစ်ခုကို ပြန်ခိုးပေးဖို့ အလုပ်ဝင်လာပါတယ်။ ဒါပေမဲ့ ဒီအလုပ်ဟာ သူထင်ထားသလောက်မရိုးရှင်းဘဲပင့်ကူအိမ်လိုရှုပ်ထွေးစွာနဲ့ အတိတ်ကဖြစ်ရပ်တွေပါပြန်နွယ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။...
The Outsider (2019) ⭐IMDB: 4.7/10 (2 k Votes) 🎬 #Western 🗓 2019 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Western Vibe အပြည့်ပါတဲ့ဇာတ်ကားတွေထဲကမှ The Outsiderဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မီးရထားလမ်းဖောက်လုပ်ရေးက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ဂျင်းဖန်းဂ်တို့ ဇနီးမောင်နှံဘဝထဲကိုမမျှော်လင့်တဲ့အဖြစ်ဆိုးကြီးတစ်ခု ဝင်ရောက်လာပုံနဲ့ စတင်ထားပါတယ်။ မပြောပလောက်တဲ့ အချင်းဖြစ်ပွားမှုလေးတစ်ခုကြောင့်ဂျင်းဖန်းဂ်ကို ဥပဒေဘက်တော်သားအမည်ခံအာဏာအလွဲသုံးစားသူဂျိမ်းစ်ဝေါ်ကာက မတရားဖမ်းဆီးပြီး ဇနီးဖြစ်သူကို ထိုညမှာပဲမတော်တရားကြံဖို့ ကြိုးစားခဲ့ပါတယ်.။ ဂျင်း အနေနဲ့ ထောင်ထဲကနေ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူဆီလာခဲ့ပေမယ့်လီဖန်းဂ်ရဲ့ အလောင်းကသာ ကြိုဆိုနေခဲ့ပါတယ်။ အဆုံးစွန်အထိ ဖိနှိပ်မှုနဲ့တွန်းအားတွေကြောင့် ဂျင်းဖန်းဂ်လိုသာမန်မီးရထားအလုပ်သမားလေးတစ်ယောက်ဟာလည်းမာရှယ်ဝေါ်ကာ နဲ့သား ဂျိမ်းစ်ဝေါ်ကာတို့အတွက်ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပါပြီ။ သားရဲ့အမှားတစ်ခုကို ဖုံးဖိဖို့ကြံစည်ကာ ဂျင်းရဲ့နောက်ကိုခြေရာခံအမဲလိုက်ဖို့ မာရှယ် စေလွှတ်သမျှလူတွေဟာလည်း“The Hunters become Hunted” ဆိုသလိုပဲလက်တုံ့ပြန်ချင်စိတ်ကသာ ထိန်းချုပ်နေသူ၊ ဆုံးရှုံးစရာမရှိတော့သူဖြစ်တဲ့“The Chinaman” ဂျင်းဖန်းဂ်ရဲ့ သားကောင်သာ ဖြစ်လာခဲ့ပါတယ်။ စကားတွေရှည်ရှည်ဝေးဝေးပြောမနေဘဲ သေနတ်နဲ့သာ ဖြေရှင်းကြတဲ့Guns Blazing Action ဇာတ်ကားလေးတစ်ကားကို CM ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။...
Burning Sun: Exposing the Secret K-pop Chat Groups (2024) ⭐- 🎬 #TVMovie #Documentary 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 BURNING SUN (2024)****************** ကိုရီးယားရဲ့ နာမည်ကျော်ဆယ်လီတွေဆိုတာ လူအများလေးစားရလောက်အောင် သူတို့ကျွမ်းကျင်တဲ့ပညာရပ်မှာ တစ်ဖက်ကမ်းခတ်သလို ပရိတ်သတ်ကိုလေးစားတာ အပြန်အလှန်ရိုသေသမှုပြုတာတွေဟာ လူငယ်တွေအတွက် အားကျအတုယူလောက်စရာပါပဲ…သို့သော် တချို့သော ဆယ်လီတွေဟာ သူတို့ရဲ့အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုတို့ကို အသုံးချပြီး လူတွေကို တိရစ္ဆာန်တစ်ကောင်လိုပြုမူကြလို့ လူထုအကြားစက်ဆုပ်စရာဖြစ်လာကြတဲ့ ရွံစရာအမှုအခင်းတွေလည်းအများကြီးရှိပါတယ်..ဒီအထဲမှာ အထင်ရှားဆုံးကတော့ Jung Joon Young , Seungri နဲ့ Choi Jong Hoon တို့ရဲ့ လုပ်ရပ်တွေပါပဲ.. ဒီလူငယ်တွေဟာ အမျိုးသမီးတွေကိုအုပ်စုလိုက် ရိုက်နှက်တာ မုဒိန်းကျင့်စော်ကားတာ အပြင် လူမဆန်တဲ့လုပ်ရပ်ပေါင်းများစွာလုပ်ခဲ့ကြပါတယ်.. တကယ်တော့ဒီအမှုအခင်းတွေဟာ နှစ်အတော်ကြာမှ လူထုအကြားရောက်ရှိလာတာပါ.. ဒီမတိုင်ခင် လိုက်ခဲ့တဲ့သတင်းထောက်တွေဟာ အသက်အန္တရယ်အထိခြိမ်းခြောက်တာမျိုးခံရသလို စထွက်လာတဲ့ အပုတ်အသိုး သတင်းပေါင်းများစွာကိုလည်း ငွေကြေး ၊အသိုင်းအဝန်းပေါင်းစုံ အသုံးပြုပြီး ပျောက်ပျက်အောင်လုပ်ခဲ့ကြပါတယ်.. အခုအခါမှာတော့ သတင်းထောက်တွေပေါင်းစုပြီး လူထုကို ချပြတဲ့ ဗီဒီယိုကို BBC ကထုတ်ဖော်လာခဲ့ပါပြီ… ဒီဗီဒီယိုကြည့်မိတဲ့အချိန်မှာ အတွေးအပေါင်းများစွာရရှိနိုင်သလို ဥပဒေရဲ့ အရေးယူမှုအပိုင်းတွေကိုလည်း မေးခွန်းထုတ်စရာတွေအများကြီးရှိလာနိုင်မှာပါ...
Doom (2005) ⭐TMDB: 51% User Score 🎬 #Horror #Action #SciFi #ScienceFiction 🗓 2005 🎞 movie 🌎 #CzechRepublic #Germany #USA #UnitedKingdom #Czechia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေ အတွက် တင်ပေးလိုက်ပါတယ် ဇတ်လမ်း ပုံစံကတော့ မာ့စ် ဂြိုလ် ပေါ်မှ UAC ကော်ပိုရေးရှင်း ရဲ့ သိပ္ပံစမ်းသပ်ခန်းကနေ စတင်လာတာ ဖြစ်ပါတယ်… ဒေါက်တာ ကားမတ်စ် ဦးဆောင်သော လျို့ဝှတ်သုတေသန အဖွဲ့ဟာ အလွန်ဆိုးဝါးတဲ့ Virus တစ်ခုကိုဖန်တီးမိပြီး ထို Virus ထိမိသော လူတိုင်းသည် အသိစိတ်ကင်းမဲ့သော မကောင်းဆိုးဝါးများ ဖြစ်ကြကုန်သည် ထို့ကြောင့် ဒေါက်တာ ကားမတ်စ် အပါအဝင် ဆရာဝန်အဖွဲ့ အားလုံး သေဆုံးခဲ့ရပါတယ်… သို့သော် ဒေါက်တာ ကားမတ်စ် မသေခင် အခိုက်အတန့်တွင် အဆင့်ငါး လုံခြုံရေး ကျိုးပေါက်မှုအဖြစ် သတင်းပေးပို့နိုင်ခဲ့ပါတယ် ထိုသတင်းကို ရရှိခဲ့သူတွေကတော့ မရိန်းတပ်ဖွဲ့ အထူးစစ်ဆင်ရေး မှ ဖြစ်ပါတယ်.. ထို့ကြောင့် ဗိုလ်ကြီး ဆာ့ဂ် နဲ့ အထူးတပ်ဖွဲ့များဟာ ပိတ်မိနေသော UAC ဝန်ထမ်းများကို ကယ်ဆယ်ရန်မာ့စ်ဂြိုလ်ပေါ်မှ လျို့ဝှတ်သုတေသန စခန်း သို့ သွားရောက်ကြပါတယ်… သူတို့ ထင်ထားသလို သာမန် အဆင့်မဟုတ်ပဲ အသက်ဆုံးရှုံးနိုင်ဖို့ လက်တကမ်းသာ လိုသော စစ်ဆင်ရေး ဟုသူတို့ သိရှိခဲ့ချိန်မှာတော့ အင်မတန်နောက်ကျသွားပါတော့တယ်… ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Tariq L Walker ဖြစ်ပါတယ် (သစ်ဆန်းခန့်)...
The Wrath (2018) ⭐IMDB: 5.3/10 (519 Votes) 🎬 #History #Horror #Thriller #Mystery 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 35 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wrath (2018)*******************လိုင်းပေါ်မှာ တစ်ဖန်ပြန်ပြီး ခေတ်စားလာတဲ့ ကိုရီးယား horror ကား The Wailing (2016) ကြည့်မယ်ဆိုရင်အကြောင်းအရာတွေ ဆက်စပ်ပြီး နားလည်နိုင်ဖို့အတွက် သူ့ရဲ့ မူရင်းဇစ်မြစ်ကို ရိုက်ကူးထားတဲ့ The Wrath (2018)ကိုအရင်ကြည့်မှ ဖြစ်ပါမယ်နော် (ဇာတ်လမ်းအညွှန်း) ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ် မျိုးရိုးမြင့်အိမ်တော်တစ်ခုက သားယောက်ျားလေးတွေဟာမင်္ဂလာဦးညမှာ အငြိုးကြီးမကောင်းဆိုးဝါးရဲ့ ခြောက်ခြားမှုတွေနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးနေရတယ် နောက်ဆုံးကျန်တဲ့ သားအငယ်ဆုံးကိုလည်း အလားတူ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးမကြုံဘဲမိသားစုကိုဆက်ခံဖို့ သွေးသားရနိုင်အောင် အိမ်တော်ရဲ့ သခင်မကြီးက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေရှာတယ် အငြိုးကြီးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ဖို့ ဟန်ဆောင်မင်္ဂလာပွဲအတွက်မျိုးရိုးနိမ့်မိဘမဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ ဘာမှမသိဘဲ အိမ်တော်ကြီးထဲကို ရောက်ရှိလာခဲ့တယ် အဲဒီ မကောင်းဆိုးဝါးက အိမ်တော်ထဲကို ဘယ်လိုအကြောင်းတွေကြောင့် ကပ်ငြိနေရတာလဲ အိမ်တော်က လူတွေကရော မကောင်းဆိုးဝါးကို ပြန်အန်တု နှိမ်နင်းသွားနိုင်မလားဆိုတာကိုတော့The wrath movie ထဲမှာ ခံစားလိုက်ကြပါဦး...
Boy Kills World (2023) ⭐IMDB: 6.7/10 (4 k Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #Germany #SouthAfrica #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။ တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။ ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီး ရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ် တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။ မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgård ပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီး Action တွေကလည်း The Raid ကို မှီနေတယ်။ ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ***************** ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်း မြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာ လုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကို ဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက် ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံး ဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာ တောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီး လက်စားချေဖို့ မြို့တက်လာပါတယ်။ ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီး အသားကုန် ချကြတာ အဆုံးအထိပါပဲ။ အက်ရှင် ဟာသ ကောင်းကောင်းကြည့်ချင်ရင် သေချာပေါက်ကြည့်ဖြစ်အောင်သာ ကြည့်ပါ။...
Mank (2020) ⭐IMDB: 6.8/10 (83 k Votes) 🎬 #Biography #Comedy #Drama #History 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 11 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Mank (2020) ============ IMDb Rating – 7.4/10 #Unicode မနှစ်ကတင် Tarantinoက ဟိုးအရင်ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကားထွက်ထားပါတယ်။ ဒီနှစ်တော့David Fincher အလှည့်ပါပဲ။Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့အတော်များများသိကြမှာပါ။FightClub ,Gone Girl, Seven, Zodiacတို့လိုနာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာကသူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကိုJackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့်အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်ကမြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာနောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာထွက်လာခဲ့ပါပြီ။ ဇာတ်အိမ်ရော ဇာတ်လမ်းနာမည်ရောကလူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထားတယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှနှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက်တစ်ကြောင်းကောက်ရေးကြတာတဲ့အကြောင်းတွေ။ဟောလိဝုဒ်လောကကသူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားကအေးပေမယ့်လည်း ဒီအခန်းတွေကတကယ်အားရစရပါပဲ။ အေးစက်တဲ့ရုပ်ရှင်ပေမယ့်ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာကပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက်ဖြစ်မနေမှုအတွက် ဇာတ်ညွှန်းကိုသူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းကထည့်သွင်းထားပေမယ့်ခါးသက်တယ်မထင်ရအောင်သေချာထည့်ထားတာပါပဲ။အမှတ်မထင်ထည့်ထားတဲ့တစ်ချို့ဟာသတွေကလည်းခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲသဘောကျမိစေတာမျိုးတွေပါ။ ရုပ်ရှင်ဓာတ်ပုံပညာကလည်းကျွန်တော်ဆို leaked photoတွေထွက်လာကတည်းကသဘောကျမိတာတွေတောင်ရှိတော့အထွေအထူးပြောစရာမလိုပါဘူး။ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကိုထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ရွှေရောင်အတိတ်နေ့တွေကိုရောဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်းဖန်တီးခဲ့ပုံကိုရော Mankမှာသေချာပုံဖော်ပေးသွားပါတယ်။ ရုပ်ရှင်ထဲက မန့်ခ်ကတော့လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို၂နာရီဆိုတဲ့အချိန်အတွင်းမှာအမိအရရိုက်ပြလို့မရဘဲအဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခုထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ဒါဆိုရင်တော့ Grey OldmanရောDavid နဲ့ Jackရော သူတို့တာ၀န်ကိုကြေခဲ့ကြပါတယ်။Mankဟာ 2021အော်စကာစာရင်း၀င်ရုပ်ရှင်တစ်ကားလည်း ဖြစ်လာဦးမှာပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းကို ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပြီး ၊ WiRa Aung နဲ့ d3mon က တွဲဖက် ဘာသာပြန်ပေးထားပါတယ်။) #Zawgyi မနှစ်ကတင် Tarantinoက ဟိုးအရင်ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကားထွက်ထားပါတယ်။ ဒီနှစ်တော့David Fincher အလှည့်ပါပဲ။Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့အတော်များများသိကြမှာပါ။FightClub ,Gone Girl, Seven, Zodiacတို့လိုနာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာကသူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကိုJackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့်အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်ကမြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာနောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာထွက်လာခဲ့ပါပြီ။ ဇာတ်အိမ်ရော ဇာတ်လမ်းနာမည်ရောကလူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထားတယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှနှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက်တစ်ကြောင်းကောက်ရေးကြတာတဲ့အကြောင်းတွေ။ဟောလိဝုဒ်လောကကသူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားကအေးပေမယ့်လည်း ဒီအခန်းတွေကတကယ်အားရစရပါပဲ။ အေးစက်တဲ့ရုပ်ရှင်ပေမယ့်ရုပ်ရှင်က အချိန်အစဥ်လိုက်မဖြစ်တော့သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာကပေးထားတယ်။ တစ်ခုရှိတာက ဒီအစဥ်လိုက်ဖြစ်မနေမှုအတွက် ဇာတ်ညွှန်းကိုသူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းကထည့်သွင်းထားပေမယ့်ခါးသက်တယ်မထင်ရအောင်သေချာထည့်ထားတာပါပဲ။အမှတ်မထင်ထည့်ထားတဲ့တစ်ချို့ဟာသတွေကလည်းခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲသဘောကျမိစေတာမျိုးတွေပါ။ ရုပ်ရှင်ဓါတ်ပုံပညာကလည်းကျွန်တော်ဆို leaked photoတွေထွက်လာကတည်းကသဘောကျမိတာတွေတောင်ရှိတော့အထွေအထူးပြောစရာ...
Night Drive (2022) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Crime #Drama #Thriller 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Night Drive(2022) အညွှန်း ************************* IMDb…7.0 မှောင်ခိုမှုနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာဂျန်ကူရက်ဆိုသူဟာ NIA မှာ စစ်ဆေးခံခဲ့ရတယ်။ နောက်နေ့မနက်မှာ သူ့ကို လာဖမ်းမယ်ဆိုတဲ့ သတင်းကြားပြီးနောက် ရွှေတွေကို နေရာရွှေ့ဖို့ စီစဉ်ခဲ့တယ်။ ရိုးသားတဲ့ တက္ကစီသမားလေး ဂျော်ဂျီဟာ သူ့ချစ်သူ သတင်းကြေညာသူလေးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ညဘက်မှာ ကားတူတူပတ်မောင်းဖို့ ထွက်ခဲ့တယ်။ အဲ့ညမှာ ဝန်ကြီးရဲ့ ရွှေမှောင်ခိုအမှုနဲ့ ပတ်သက်တဲ့သူကို သူတို့ ကားတိုက်မိသလို ဖြစ်ပြီး ပြဿနာမျိုးစုံတက်ပါတော့တယ်… တစ်ဘက်မှာ အင်အားကြီးမားတဲ့ လူဆိုးဂိုဏ်းနဲ့ ရဲတွေအကြားသူဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့...
